Zawgyi
ေဇ၏အိမ္ရိွ အခန္းတစ္ခုထဲတြင္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနေသာ လူေလးေယာက္ရိွေနခဲ့သည္။ခံစားခ်က္ကေတာ့ သိပ္မေကာင္းလွ..။တစ္အိမ္လံုး ေၾကာက္ဖို႔ေကာင္းလွေသာ အေငြ့အသက္ႀကီးက လႊမ္းၿခံဳလို႔ေနသည္။
"ခြန္းတတည္ေနရာသိၿပီလား မသိရင္ငါသြားရွာရအံုးမယ္။ဒီမွာေနတာ သက္သက္အခ်ိန္ကုန္တာဘဲ အဖက္တင္တယ္"
"ေဇ မင္းစိတ္ေလ်ာ့ဦး"
သြားရွာေနရာမွ အတင္းျပန္ေခၚထားရေသာ ေဇဟာ ဒီမွာမေနဘဲ အတင္းလြတ္ထြက္ခ်င္ေန၍ မနည္းထိန္းထားရသည္။သူလည္းဘဲ ခင္ျမကိုစိတ္မခ်ဘဲ ဒီကိုလာရသျဖင့္ ဖင္တႂကြၾကြ..။
ဦးဘုန္းမင္းညိုဟာ သူ႔အေနာက္ရိွ မ်က္မွန္တပ္ထားေသာ အတြင္းေရးမႈးဟုထင္ရသၫ့္ လူကိုေခၚကာ အေရ႔ွရိွစားပြဲတြင္ ထိုင္ေစသည္။ထိုလူသည္လည္း အလိုက္သိစြာ ေခါင္းတစ္ခ်က္ၿငိမ့္လ်က္ စားပြဲတြင္ထိုင္ကာ ဘယ္ကပါလာမွန္းမသိေသာ laptop တစ္လံုးကို ဆြဲထုတ္လိုက္သည္။
ထိုလူ၏လက္ေတြဟာ keyboard ေပၚတြင္ အလ်င္အျမန္လႈပ္ရွားေနၿပီး screen ဟာလည္း တစ္မ်ိဳးၿပီးတစ္မ်ိဳးေျပာင္းလဲေနေတာ့သည္။
ေဇႏွင့္မိုးေဇာ္မွာေတာ့ အူေၾကာင္ေၾကာင္ေလးျဖင့္...။
"အဲ့တာ..ဘာလုပ္ေနတာလဲ"
မသိပါေသာ္လည္း လ်ာရွည္လြန္းေသာ မိုးေဇာ္မွာ မခံႏိုင္သၫ့္အဆံုး ေမးခ်လိုက္မိ၏။မိုးေဇာ္၏အေမးကို ဦးဘုန္းမင္းညိုက ျပန္ေျဖသည္။
"ငါ့အနားမွာထားတဲ့လူေတြထဲ အရည္အခ်င္းမရိွတဲ့သူ တစ္ေယာက္မွ မရိွဘူး။အဲ့လိုဘဲ အတြင္းေရးမႈးဆိုရင္ သူမ်ားေတြထက္ ပိုေတာ္သင့္တယ္"
"ဘာလုပ္တာလဲေမးတာ...
သူေဌးကဘာလို႔ လာႂကြားေနတာတုန္း"
သူ႔အေမးေၾကာင့္ အနည္းငယ္တန႔္သြားေသာ ဦးဘုန္းမင္းညိုပါပင္..။
"အဟမ္း အဟမ္း ငါေျပာခ်င္တာက ငါ့အတြင္းေရးမႈးက ထိပ္တန္း Hacker တစ္ေယာက္။အခ်က္အလက္ရွာတာကြၽမ္းတယ္။အခုခြန္းတကို ဖမ္းသြားတဲ့သူေတြရဲ့တည္ေနရာကို ရွာေနတာ"
ေဘးနားမွ ေဇဟာ သိလိုစိတ္ျဖင့္ ျပန္လည္ေမးခြန္းထုတ္သည္။
"ဖမ္းသြားတဲ့သူေတြ?ဘာကိုလဲ..။
အခုကိစၥကခင္သူဇာတစ္ေယာက္ဘဲေလ"
ဦးဘုန္းမင္းညိုက မေျဖခ်င္ေတာ့သလို ပ်င္းပ်င္းရိရိျဖင့္ ေရ႔ွရိွထိုလူကိုလက္တို႔လိုက္ေတာ့ အလိုက္သိေသာ ထိုအတြင္းေရးမႈးမွာ laptop စီမွ မ်က္ႏွာမခြာဘဲ ျပန္ေျဖသည္။
"ခင္သူဇာတစ္ေယာက္ထဲနဲ႔ ဒီကိစၥကိုမလုပ္ႏိုင္ဘူး။ကြၽန္ေတာ္အရင္က ခြန္းတကိုေရာ ခြန္းတနဲ႔ပတ္သက္သမ်ွ လူေတြကိုပါ စံုစမ္းဖူးတယ္။အဲ့ထဲမွာ ခင္သူဇာဆိုတဲ့ မိန္းကေလးလည္း အပါအဝင္ဘဲ။သူ႔ရဲ့ phone call ေတြထဲမွာလည္း နံပါတ္တစ္ခုကို အမ်ားဆံုးဆက္ထားတယ္။အဲ့တာက ခြန္းတရဲ့ အရင္ကအေႂကြးရွင္ေတြဘဲ..။ဒီကေဇနဲ႔လည္း အရင္ကရန္ပြဲျဖစ္ဖူးၿပီး သူတို႔အကိုႀကီးေသသြားေတာ့ မေက်နပ္ၾကေသးတာလို႔ထင္တယ္။သူတို႔နဲ႔ဒီကိစၥနဲ႔ ပက္သက္ေနတာ ေသခ်ာတယ္"
ရွင္းျပခ်က္ တသီတစ္တန္းႀကီးတြင္ ေဇၾကားလိုက္ရတာကေတာ့ တစ္ခုထဲသာ..။
"ေဟ့ေဟ်ာင္!လီးျဖစ္လို႔ ခြန္းတအေၾကာင္း စံုစမ္းတာလား"
"ေတာင္းပန္ပါတယ္။Bossခိုင္းလို႔ လုပ္ရတာပါ"
ထိုအခါ သူခိုးလူမိသလို ဦးဘုန္းမင္းညိုက ေဇ့ကို စပ္ၿဖဲျဖဲရယ္ျပ၏။
ဘုန္းမင္းညိုႏွင့္ေဇ အၾကၫ့္ခ်င္းစစ္တိုက္ေနတာကို မခံစားႏိုင္ေတာ့တဲ့ မိုးေဇာ္ဟာ အတြင္းေရးမႈးကို စကားလွမ္းဆက္သည္။
"အဲ့တာဆိုအခုရွာေတြ့ၿပီလား"
"ရွာမေတြ့ေသးဘူး။အေႂကြးရွင္ေတြရဲ့ အေကာင့္ေတြ ၊ အိုင္ဒီေတြ အကုန္ပတ္ရွာေနတာပါ။ပံုတစ္ပံုေတာ့ေတြ့တယ္။အခုေလာေလာဆယ္မွ တင္ထားပံုဘဲ။ကြၽန္ေတာ္အဲ့ပံုထဲကေနရာကို ေျခရာခံၾကၫ့္ေတာ့ ဒီၿမိဳ႔အတြင္းမွာကို ေနရာတူ ၁ေထာင္ေလာက္ရိွေနတယ္။အခု....."
ေျပာေနစဉ္မွာပင္ မ်က္လံုးမ်ား အေရာင္လတ္သြားေသာ ထိုလူေၾကာင့္ မိုးေဇာ္ screen ကိုၾကၫ့္လိုက္ေသာ location ျပေသာ အနီစက္ေလးဟာ တစ္ေနရာသို႔သာ စိုက္ေရာက္ေနေတာ့သည္။
"ရွာေတြ့ၿပီ!"
ထိုစကားသံေၾကာင့္ အေနာက္ရိွ ရန္ျဖစ္ေနေသာ ႏွစ္ဦးသားမွာ သူတို႔ဘက္သို႔ အလ်င္အျမန္ေခါင္းလွၫ့္လာေတာ့သည္။
"ဘယ္မွာလဲ"
"အဲ့တာ ဂိုေထာင္ပ်က္-"
ဒုန္း!
တည္ေနရာကို သိလိုက္ရသည္ႏွင့္ ခ်က္ခ်င္းကိုထြက္သြားေသာ ေဇဟာ မိုးေဇာ္၏ကားကိုလည္း ယူသြားသည္ကို ျပတင္းေပါက္မွတစ္ဆင့္ ျမင္လိုက္ရ၏။
"တည္ေနရာသိၿပီ။မိုးေဇာ္ မင္းခင္ျမကို ေစာင့္ရအံုးမွာမလား။သြားေတာ့...။ငါရဲေခၚ ၊ လူစုၿပီး ေဇ့ေနာက္လိုက္သြားလိုက္မယ္"
"ဟုတ္ကဲ့ သူေဌး"
___________________________________________
___________________________________________
{ခြန္းတ}
ေဝဝါးေနေသာ အသိစိတ္မ်ား ျပန္လည္ၾကည္လင္လာကာ အနည္းငယ္ေတာ့ သတိကပ္လာခဲ့သည္။
သူသတိရရခ်င္း ခံစားမိသည္က ေအးစက္မႈ...။
အလြန္ကိုေအးၿပီး တိတ္ဆိတ္လြန္းသည္။မ်က္လံုးဖြင့္လို႔ မရေလာက္ေအာင္ကို အဝတ္စျဖင့္ ခ်ည္ေနွာင္ျခင္းကိုလည္း ခံထားရသၫ့္အတြက္ သူျမင္ေနရသည္က အေမွာင္ထုသာ။
အကူအညီေဝာင္းရန္ ပါးစပ္ဟလိုက္ပါေသာ္လည္း ထြက္က်လာသည္က တိစၧာန္တစ္ေကာင္၏ ဝူဝူးဝါးဝါး အသံမ်ိဳးသာ...။ေနာက္ဆံုးရုန္းရန္ျပင္ေသာ္လည္း သူသိလိုက္သည္က ခႏၶာကိုယ္ဟာလည္း ခ်ည္ေနွာင္ခံထားရျပန္သည္။
တင္းၾကပ္လြန္းေသာ ႀကိဳးမ်ားၾကားမွ ရုန္းထြက္ေနတဲ့ ခြန္းတ ေျခေတြလက္ေတြဟာ မခံသာ၍ ေသြးပင္ထြက္ေနေလရဲ့..။
ထိုစဉ္ ၾကားလိုက္ရေသာ တစ္ေဒါက္ေဒါက္ျမည္ေနသည့္ ေျခသံတစ္ခု။ထိုအသံဟာ သူ႔စီသို႔သာ ဦးတည္ေန၏။
"အို...ႏိုးလာၿပီလား"
ခ်ိဳသာေသာအသံေလးႏွင့္အတူ မ်က္လံုးႏွင့္ ပါးစပ္တြင္ စီးေနွာင္ထားေသာ အဝတ္စကို ျဖည္ခ်ေပးျခင္းခံလိုက္ရ၏။သူမ်က္လံုးမ်ားဖြင့္ခ်ိန္ ျမင္လိုက္ရသည္က မလင္းေသာ္လည္း မေမွာင္လြန္းေသာ ဝါက်င့္က်င့္မီးေရာင္ႏွင့္အတူ သူ႔အေရ႔ွရိွ ခင္သူဇာကိုပင္။
ထို႔အတူ ထိုးကိုက္လာေသာ ေခါင္း..။
"အား!"
"ဟယ္ေတာ္...ခုထိ ေခါင္းကိုက္မေပ်ာက္ေသးဘူးဆိုေတာ့ ေဆးခပ္ထားတာ အရမ္းမ်ားျပင္းသြားလား"
"ကြၽန္ေတာ္..ဘယ္ေရာက္ေနတာလဲ"
"ဘာလို႔အရမ္းေလာေနတာလဲ။ဘယ္ေရာက္ေနတာလဲ မင္းသိရင္ေတာင္ ျပန္သြားႏိုင္ေတာ့မွာ မဟုတ္ဘူးေလ"
"ခင္သူဇာ!!ခင္ဗ်ားနဲ႔ေမာင္နဲ႔က ဘာမွမသက္ဆိုင္ေတာ့ဘူး။ဘာလို႔ဒီလိုေတြလုပ္ေနတာလဲ"
ခင္သူဇာမ်က္ႏွာထက္ရိွ ၿပီတီတီအၿပံဳးမ်က္ႏွာဟာ ေပ်ာက္ကြယ္လို႔ အမုန္းတရားအျပၫ့္ျဖင့္ ခက္ထန္လြန္းေသာ မ်က္ႏွာမွာ အစားထိုးဝင္ေရာက္လာခဲ့သည္။
"ေမာင္လို႔ေတာင္ ေခၚေနၿပီေပါ့။မင္းမွာေခၚခြင့္မရိွဘူး။ကို႔ကိုငါအရင္ေတြ့ခဲ့တာ ခ်စ္ခဲ့တာ..။မင္းကေနာက္မွလာတဲ့ ေနာက္လူဘဲ"
"ေခၚခြင့္မရိွတဲ့သူက ခင္ဗ်ားဘဲ
ရာရာစစ ဘယ္သူ႔လူကို လာျပစ္မွားေနတာလဲ
အရင္က ခင္ဗ်ားပိုင္ရင္ ပိုင္ခဲ့ဖူးလိမ့္မယ္
အခုေမာင္က ကြၽန္ေတာ္ပိုင္တဲ့သူပဲ
ခင္ဗ်ားမပိုင္တဲ့သူကို အေဝးကေနဘဲ
ၾကၫ့္ေနစမ္းပါ။ကြၽန္ေတာ့္လူကို ျပန္မလိုခ်င္နဲ႔
ကြၽန္ေတာ္ကေပးမွာမဟုတ္လို႔!"
"ဘယ္သူကလည္း ေပးခိုင္းေနလို႔လဲ။ခင္သူဇာဆိုတဲ့ ငါကလိုခ်င္တာကို ကိုယ္တိုင္ယူတဲ့ သူဘဲ။ကိုနဲ႔အလိုက္ဖက္ဆံုး သူကလည္း ငါဘဲ။မင္းလိုရြံရွာစရာ ေယာက္်ားတစ္ေယာက္မဟုတ္ဘူး"
"အဟက္"
ထိုစကားကို ေလွာင္ေျပာင္သလို ရယ္သံတစ္ခ်က္ျပဳလိုက္သျဖင့္ ခင္သူဇာေဒါသေတြမွာ အဆမတန္ျမင့္မားလာၿပီး မ်က္ႏွာမွာလည္း ခရမ္းခ်ဉ္သီးတစ္လံုးလို နီရဲလာေတာ့သည္။
"နင္..နင္ ဘာရယ္တာလဲ!"
"အဲ့ရြံစရာေယာက္်ားတစ္ေယာက္ကဘဲ ခင္ဗ်ားကို ေက်ာ္တက္သြားခဲ့တာဘဲေလ"
ျဖန္း!
အလံုပိတ္ထားေသာ အခန္းထဲဝယ္ ပါးရိုက္သံဟာ က်ယ္ေလာင္လို႔ေနခဲ့သည္။
ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား စီးက်လာေတာ့ သူသိလိုက္သည္က ႏႈတ္ခမ္းေပါက္သြားတာဘဲ ျဖစ္ရမည္။သို႔ေသာ္ ေသြးသုတ္ဖို႔ လက္ေတြမွာ ခ်ည္ေနွာင္ခံထားရေတာ့ စကားႏွင့္သာ ေဒါသဆြရန္က်န္ေတာ့၏။
"ဘာလဲ..အနာေပၚတုတ္က်သြားတာလား"
"မင္း!"
တည္ၿငိမ္ဟန္ေဆာင္ေနေသာ ခင္သူဇာမွာ ေဒါသထြက္လြန္း၍မ်ားလား အသားေတြေတာင္ တုန္ေနေတာ့သည္။
"မင္းၾကၫ့္ရတာ ေရာက္ေနတဲ့ အေျခအေနကို နားမလည္ေသးဘူးထင္တယ္"
"အဟက္!ကြၽန္ေတာ္ကတံုးအတယ္ဆိုေပမယ့္ ဒီအေျခအေနကိုေတာ့ သိပါတယ္။ျပန္ေပးဆြဲလာတာခံရတာေလ"
"အို~သိသားဘဲေနာ္။ဒါဆို ဘာလို႔ အဲ့ေလာက္မ်ား တည္ၿငိမ္ေနရတာလဲ"
"ခင္ဗ်ားကမိန္းကေလး...ကြၽန္ေတာ့္ကိုဘာလုပ္ႏိုင္မွာမို႔လို႔လဲ။အသားနာရင္ေတာင္ ခဏတာဘဲ။ေမာင္ကိုလည္းအပိုင္ရထားတဲ့ ကြၽန္ေတာ့္အတြက္ အရာရာခင္ဗ်ားထက္သာတယ္"
"ခစ္ခစ္ခစ္"
ခိုးရယ္ေနေသာ ခင္သူဇာအသံဟာ တစ္ခ်က္လႊတ္ထြက္သြားေတာ့ ခြန္းတေခါင္းေပၚတြင္ '?' ေလးဟာ ေယာင္လည္လည္။သူမဘာလို႔ ရယ္ေနသည္လည္း သူနားမလည္ေပ။တကယ္ႀကီး ရူးသြားတာမ်ားလား။
"ခစ္ခစ္ sorry ေနာ္။အရမ္းကိုရယ္ရတဲ့ ဟာသေျပာေနေတာ့ မထိန္းႏိုင္ေတာ့လို႔ပါ"
"ဘာ?"
သူ႔ေမးခြန္းကို ေလွာင္ၿပံဳးမ်ားအျပၫ့္ျဖင့္ ငုတ္ၾကၫ့္လာတဲ့အခါ ျမင္လိုက္ရသၫ့္အရာမွာ ခင္သူဇာ၏နီရဲေနေသာ မ်က္စံမ်ားႏွင့္အတူ ေျခာက္ျခားဖြယ္ရာ အၿပံဳးတစ္ပြင့္...။
ထို႔အတူ သူမလက္ႏွစ္ဖက္ကို ဆန႔္က်င္ဘက္ေတြသို႔ ထိုးျပလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေမွာင္မိႈက္ေနေသာ ေနရာမ်ားမွ ထြက္ေပၚလာေသာ လူတစ္စု။ခြန္းတမ်က္ႏွာရိွ ယံုၾကည္ခ်က္အျပၫ့္ျဖင့္ မ်က္ဝန္းေတြဟာ ေၾကာက္ရြံ႔ေနေသာ အေငြ့အသက္မ်ားအျဖစ္သို႔ အလ်င္အျမန္ကူးေျပာင္းသြားေတာ့သည္။
အေႂကြးရွင္ေတြ....။
ခြန္းတဘယ္ေလာက္ဘဲ ခင္သူဇာကို မေၾကာက္ခဲ့ေသာ္လည္း အေႂကြးရွင္ေတြကေတာ့ သူ၏သဘာဝရန္သူလိုပင္...ျမင္တာနဲ႔ပင္ ခစားရ၏။ဘာလို႔လည္းေမးရင္ စိတ္ဒဏ္ရာေတြေၾကာင့္ျဖစ္သည္မွာ အမွန္အကန္ပင္။
"အခုေရာ ဘယ္လိုလဲ?
ခဏကယံုၾကည္မႈေတျြပၫ့္ေနတဲ့
ပံုစံကေရာ ဘယ္ေပ်ာက္သြားတာတုန္း
ေဟာ...မ်က္ရည္ေတြေတာင္ ထြက္လို႔ပါလား.."
မသိလိုက္ခင္မွာပင္ ထြက္က်လာေသာ မ်က္ရည္စေတြဟာ ဝန္မခံခ်င္ပါေသာ္လည္း သူ၏သတၲိနည္းမႈကို ျပသေန၏။
"ေအာ္...မငိုပါနဲ႔
တို႔ကစလိုက္တာပါေနာ္..
အဲ့ေလာက္ေၾကာက္စရာမလိုပါဘူး
တိတ္ေတာ့...တိတ္ေတာ့"
အေျပာႏွင့္မညီစြာ သူမမ်က္ႏွာတြင္ေတာ့ ေလွာင္ရီမႈေတြ အမ်ားအျပား....။
ထို႔ေနာက္ ထိုလူေလးေယာက္ကို ေဘးနားထားကာ ခြန္းတအေရ႔ွတြင္ ထိုလူမ်ားႏွင့္ တစ္စံုတစ္ရာကို တိုင္ပင္ေနၾကေတာ့သည္။ၾကားေနရတဲ့ ခြန္းတအတြက္ေတာ့ ထိုအရာဟာ လူသတ္မၫ့္ကိစၥမဟုတ္ခဲ့ပါက နားဝင္ခ်ိဳသာခ်င္ ခ်ိဳသာလိမ့္မည္။
ေဆြးေနြးေနစဉ္မွာပင္ တဟီးဟီးရယ္ကာ မေစာင့္ႏိုင္ေတာ့သလို တစ္ေဆြ့ေဆြ့ခုန္လ်က္ သူ႔ကိုပါေျပာျပလာေတာ့သည္။
"မင္းသိလား..။လိုင္းေပၚမွာျပန႔္ေနတဲ့ မင္းသတင္းေတြကို ငါလုပ္ခဲ့တာ။မင္းဘဝႀကီးတစ္ခုလံုးကို လူေတြရဲ့ ထိုးႏွက္ခ်က္ေတြနဲ႔ စုတ္ျပတ္သက္သြားေစခ်င္ခဲ့တာ။ဒါေပမယ့္ ငါထင္သလိုေတာ့ ျဖစ္မလာခဲ့ဘူး။အဲ့တာေၾကာင့္လည္း ဒီအေျခအေနထိေရာက္လာရတာဘဲ။မင္းသာကိုယ့္ကိုကိုယ္သတ္ေသလိုက္ရင္ ၿပီးေနၿပီ။အဲ့တာဆို ကိုနဲ႔ငါလည္း သက္ဆံုးတိုင္ ေပါင္းဖက္လို႔ရသြားမယ္။အဲ့အတြက္ မင္းကငါတို႔အနာဂတ္မွာ ပိတ္ေနတဲ့ ေက်ာက္ခဲတစ္လံုးဘဲ"
"ကြၽန္ေတာ္သာ...ေသသြားခဲ့ရင္ ေမာင္နဲ႔နီးစပ္ခြင့္ရမယ္လို႔ ထင္ေနတာလား...ဟားဟား...အဲ့တာဆိုရင္ေတာ့ ခင္ဗ်ားသိပ္မွားသြားၿပီ။ကြၽန္ေတာ္သာဒီေလာကႀကီးထဲက ေပ်ာက္ကြယ္သြားခဲ့ရင္ ေမာင့္ကိုနီးစပ္ခြင့္ေတာင္မရဘဲ ေမာင့္ရဲ့အမုန္းတရားေတြကို ခင္ဗ်ားလက္ခံရလိမ့္မယ္ ခင္သူဇာ..."
ထိုစကားကို ခင္သူဇာမွာ ဘာမွမတံု႔ျပန္ေပ။တိတ္ဆိတ္ေနခဲ့ၿပီး တစ္စံုတစ္ခုကို အခ်ိန္ယူေနဟန္။ထို႔ေနာက္ အလွပဆံုးအၿပံဳးေလးတစ္ပြင့္ျဖင့္ ရက္စက္ေသာစကားကိုဆို၏။
"စိတ္မပူပါနဲ႔။မင္းမေသေစရဘူး...
မင္းကိုေသတာထက္ပိုၿပီးဆိုးရြားတဲ့
နာက်င္မႈေတြကို ငါေပးမွာမလို႔ဘဲ"
၄စကားေၾကာင့္ အေနာက္မွ လူေလးေယာက္ဟာ သူ႔စီသို႔ေလ်ွာက္လာၾကၿပီး ဖမ္းခ်ဳပ္ကာ ထိုင္ခံုတစ္ခံုစီသို႔ ေခၚသြားၾကေတာ့သည္။
"လႊတ္စမ္း!"
သူတို႔အေနာက္ရိွ ေျဖးၫွင္းစြာ လိုက္လာေနေသာ ခင္သူဇာဟာ လက္ထဲတြင္ ပလာရာတစ္လက္ကို ကိုင္ေဆာင္လို႔ ထားခဲ့သည္။
ထိုင္ခံုေပၚတြင္ ရုန္းကန္ေနေသာ ခြန္းတကို လက္ထိပ္ခတ္ကာ ႀကိဳးျဖင့္ခ်ည္ေနွာင္ထားလိုက္သျဖင့္ လႈပ္မရေတာ့ေပ။ထို႔အျပင္ လူစုထဲမွ တစ္ေယာက္က ေဆးထိုးအပ္ျဖင့္ ခြန္းတလည္ပင္းကို ထိုးစိုက္ခ်လိုက္ေတာ့ ခႏၶာကိုယ္အေၾကာေတြထဲ တစ္စံုတစ္ခုတိုးဝင္လာတာကို ခံစားလိုက္ရၿပီး ပုရြက္ဆိတ္ေထာင္ေပါင္းမ်ားစြာ ေျပးလႊားေနသလို ခံစားခ်က္ႀကီးကိုလည္း ခံစားလိုက္ရ၏။
"ဒါအာရံုေၾကာျမင့္တင္ေဆးေလ။ဒီေဆးကိုသာ ထိုးထားရင္ နင့္အာရံုငါးပါးကအရင္ကထက္ ၂ဆပိုျမင့္လာလိမ့္မယ္။အဲ့ေတာ့ အခု နင့္ကိုငါေပးမယ့္ နာက်င္မႈဒဏ္ကို ၂ဆခံရေတာ့မွာေပါ့..ခစ္ခစ္"
ခင္သူဇာ၏ေျပာစကားမ်ားကို ခြန္းတမၾကား။လက္ရိျွဖစ္ေနသၫ့္ နာက်င္မႈဒဏ္ကို တြန္းလွန္ေနရ၏။
ထိုစဉ္သူ႔လက္ေခ်ာင္းထိပ္သို႔ ေအးစက္ေသာ တစ္စံုတစ္ခု ခ်ည္းကပ္လာသည္ကို ခံစားလိုက္ရသျဖင့္ အားယူကာ ၾကၫ့္မိေတာ့ အေသြးအသားထဲအထိ လန႔္ျဖန႔္သြားမႈကို ခံစားလိုက္ရသည္။
ခင္သူဇာသည္ အၿပံဳးေလးတစ္ပြင့္ကို ဆင္ျမန္းလ်က္ သူမလက္ထဲရိွ ပလာရာျဖင့္ ခြန္းတလက္သည္းေတြကို ခြာထုတ္ရန္ ျပင္ေနခဲ့သည္။
"မလုပ္-အား!!"
ေတာင္းပန္ဖို႔ပင္ အခြင့္အေရးမေပးခဲ့။ညာဘက္ လက္မ၏ လက္သည္းဟာ ေသြးအလိမ္းလိမ္းျဖင့္ ထိုပလာရာတြင္ ၫွပ္ပါသြားခဲ့ၿပီ။အာရံုေၾကာျမင့္တင္ေဆးေၾကာင့္လည္း ဒီနာက်င္မႈႀကီးကို သူ႔မွာ၂ဆပင္ ခံစားေနရၿပီး သတိလစ္ခ်င္သလိုလိုေတာင္ ျဖစ္ေနခဲ့သည္။သူ႔အေျခအေနကို ျမင္ေနရေသာ ခင္သူဇာ၏ မ်က္ႏွာထက္ရိွ အၿပံဳးဟာလည္း ပို၍ပင္က်ယ္ျပန႔္လာသေယာင္။
"သတိလစ္ဖို႔ေတာ့မႀကံနဲ႔။ရိွသမ်ွနည္းမ်ိဳးစံုနဲ႔ ငါကႏိုးမွာ"
သူမစကားအတိုင္းပင္ လက္သည္းခြံေတြ ႏုတ္ခံေနရျခင္း၏ နာက်င္မႈ၂ဆကို မခံႏိုင္ေသာ ခြန္းတအတြက္ သတိလစ္ျခင္းသာ လြတ္ေျမာက္ရာ ျဖစ္ေနခဲ့ၿပီး သတိလစ္သြားလ်ွင္လည္း ေဘးနားရိွလူစုမွ ပါးပိတ္ရိုက္ျခင္း ၊ ေရျဖင့္ေလာင္းျခင္း ၊ လ်ွပ္စစ္ေရွာ့ရိုက္ျခင္း စသျဖင့္ အမ်ိဳးမ်ိဳးႏိွပ္ဆက္ေနၾကသည္။
လက္သည္းမ်ားကို ႏုတ္ရသည္ကို အားရေတာ့ တစ္ဖန္လက္လွမ္းသြားသည္က ေျခေထာက္စီသို႔။
"ေတာ္..ေတာ္ပါေတာ့..။
ကြၽန္ေတာ့္ကို..သတ္...သတ္လိုက္ပါ"
"အာ..ဘယ္လိုေတာင္ အားရစရာ ျမင္ကြင္းေလးလဲ။ဒါေပမယ့္ ေတာင္းပန္တယ္ေနာ္။မင္းေသလို႔ မျဖစ္ေသးဘူး။ဒီလူေတြကို မင္းအေသြးအသားေတြနဲ႔ ဧၫ့္ခံေပးမယ္လို႔ ကတိေပးထားတယ္"
မနည္းသတိကပ္ေနရသၫ့္ၾကားမွ ထိုစကားေၾကာင့္ ခြန္းတနာက်င္မႈေတြကိုပင္ သတိမထားမိစြာ အတင္းရုန္းကန္ေတာ့သည္။
"ဟယ္ေတာ္ ဘယ္လိုျဖစ္ေနရတာလဲ
မင္းအရင္ကလည္း ဒီလူေတြစီမွာ ဖင္ခံဖူးတယ္မလား။ခုမွ လာရုန္းကန္မေနနဲ႔"
"မ...မျဖစ္ဘူး..."
သူ၏ရုန္းကန္ေနမႈေၾကာင့္ လူတစ္ေယာက္၏ အားအျပၫ့္ျဖင့္ ထိုးႏွက္မႈကို ခံလိုက္ရၿပီး ထိုထိုးခ်က္ေၾကာင့္ အသက္ရႈလို႔ပင္ မရေတာ့ေပ။
"မင္းဘာလို႔ထိုးလိုက္တာလဲ"
"ဘာျဖစ္လဲ..မ်က္ႏွာမထိရင္ ၿပီးတာဘဲမလား။ခင္သူဇာ မင္းလည္းျမန္ျမန္လုပ္ ငါတို႔မေစာင့္ႏိုင္ေတာ့ဘူး။သူဒီတိုင္းေနေနတာေတာင္ ငါတို႔ကို ဆြဲေဆာင္ေနသလို ခံစားေနရတယ္"
"ဟင္း..အဲ့တာဆို ဒီေျခသည္းေလး ခြာၿပီးရင္ေပးမယ္"
အုန္း!
ထိုစဉ္ ဂိုေထာင္တံခါး ပြင့္ထြက္သြားမႈေၾကာင့္ သူတို႔၅ဦးလံုး ရဲမွတ္ၿပီး လန႔္ျဖန႔္သြားကာ အျမန္လွၫ့္ၾကၫ့္လိုက္ေတာ့ ဂိုေထာင္ေရ႔ွတြင္ ရပ္ေနသူတစ္ဦး။သူ၏အေနာက္ရိွ အေမွာင္ထုထက္ပင္ပိုေသာ ခံစားခ်က္တစ္မ်ိဳးကို ေပးစြမ္းေနၿပီး လြင့္ျပယ္ေနတဲ့ အနက္ေရာင္ဆံႏြယ္ေတြဟာ မ်က္စိမလြဲႏိုင္စရာ ပန္းခ်ီကားတစ္ခ်ပ္အလား။စူးရွလွေသာ ဖီးနစ္လိုမ်က္ဝန္းေတြဟာ ေသြးအလိမ္းလိမ္းျဖင့္ ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေသာ ခြန္းတကိုျမင္ေတာ့ ခ်က္ခ်င္းထေတာက္ေတာ့မၫ့္ မီးေတာက္ႀကီးလိုပင္ ေတာက္ေလာင္ေနေတာ့သည္။
ထို႔အတူ ခြန္းတ၏တိုးၫွင္းလွေသာ အသံေလးထက္မွ ထြက္ေပၚလာေသာ အမည္နာမေလးတစ္ခု။
"ေမာင္.."
___________________________________________
___________________________________________
Unicode
ဇေ၏အိမ်ရှိ အခန်းတစ်ခုထဲတွင် မျက်နှာချင်းဆိုင် ထိုင်နေသော လူလေးယောက်ရှိနေခဲ့သည်။ခံစားချက်ကတော့ သိပ်မကောင်းလှ..။တစ်အိမ်လုံး ကြောက်ဖို့ကောင်းလှသော အငွေ့အသက်ကြီးက လွှမ်းခြုံလို့နေသည်။
"ခွန်းတတည်နေရာသိပြီလား မသိရင်ငါသွားရှာရအုံးမယ်။ဒီမှာနေတာ သက်သက်အချိန်ကုန်တာဘဲ အဖက်တင်တယ်"
"ဇေ မင်းစိတ်လျော့ဦး"
သွားရှာနေရာမှ အတင်းပြန်ခေါ်ထားရသော ဇေဟာ ဒီမှာမနေဘဲ အတင်းလွတ်ထွက်ချင်နေ၍ မနည်းထိန်းထားရသည်။သူလည်းဘဲ ခင်မြကိုစိတ်မချဘဲ ဒီကိုလာရသဖြင့် ဖင်တကြွကြွ..။
ဦးဘုန်းမင်းညိုဟာ သူ့အနောက်ရှိ မျက်မှန်တပ်ထားသော အတွင်းရေးမှုးဟုထင်ရသည့် လူကိုခေါ်ကာ အရှေ့ရှိစားပွဲတွင် ထိုင်စေသည်။ထိုလူသည်လည်း အလိုက်သိစွာ ခေါင်းတစ်ချက်ငြိမ့်လျက် စားပွဲတွင်ထိုင်ကာ ဘယ်ကပါလာမှန်းမသိသော laptop တစ်လုံးကို ဆွဲထုတ်လိုက်သည်။
ထိုလူ၏လက်တွေဟာ keyboard ပေါ်တွင် အလျင်အမြန်လှုပ်ရှားနေပြီး screen ဟာလည်း တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေတော့သည်။
ဇေနှင့်မိုးဇော်မှာတော့ အူကြောင်ကြောင်လေးဖြင့်...။
"အဲ့တာ..ဘာလုပ်နေတာလဲ"
မသိပါသော်လည်း လျာရှည်လွန်းသော မိုးဇော်မှာ မခံနိုင်သည့်အဆုံး မေးချလိုက်မိ၏။မိုးဇော်၏အမေးကို ဦးဘုန်းမင်းညိုက ပြန်ဖြေသည်။
"ငါ့အနားမှာထားတဲ့လူတွေထဲ အရည်အချင်းမရှိတဲ့သူ တစ်ယောက်မှ မရှိဘူး။အဲ့လိုဘဲ အတွင်းရေးမှုးဆိုရင် သူများတွေထက် ပိုတော်သင့်တယ်"
"ဘာလုပ်တာလဲမေးတာ...
သူဌေးကဘာလို့ လာကြွားနေတာတုန်း"
သူ့အမေးကြောင့် အနည်းငယ်တန့်သွားသော ဦးဘုန်းမင်းညိုပါပင်..။
"အဟမ်း အဟမ်း ငါပြောချင်တာက ငါ့အတွင်းရေးမှုးက ထိပ်တန်း Hacker တစ်ယောက်။အချက်အလက်ရှာတာကျွမ်းတယ်။အခုခွန်းတကို ဖမ်းသွားတဲ့သူတွေရဲ့တည်နေရာကို ရှာနေတာ"
ဘေးနားမှ ဇေဟာ သိလိုစိတ်ဖြင့် ပြန်လည်မေးခွန်းထုတ်သည်။
"ဖမ်းသွားတဲ့သူတွေ?ဘာကိုလဲ..။
အခုကိစ္စကခင်သူဇာတစ်ယောက်ဘဲလေ"
ဦးဘုန်းမင်းညိုက မဖြေချင်တော့သလို ပျင်းပျင်းရိရိဖြင့် ရှေ့ရှိထိုလူကိုလက်တို့လိုက်တော့ အလိုက်သိသော ထိုအတွင်းရေးမှုးမှာ laptop စီမှ မျက်နှာမခွာဘဲ ပြန်ဖြေသည်။
"ခင်သူဇာတစ်ယောက်ထဲနဲ့ ဒီကိစ္စကိုမလုပ်နိုင်ဘူး။ကျွန်တော်အရင်က ခွန်းတကိုရော ခွန်းတနဲ့ပတ်သက်သမျှ လူတွေကိုပါ စုံစမ်းဖူးတယ်။အဲ့ထဲမှာ ခင်သူဇာဆိုတဲ့ မိန်းကလေးလည်း အပါအဝင်ဘဲ။သူ့ရဲ့ phone call တွေထဲမှာလည်း နံပါတ်တစ်ခုကို အများဆုံးဆက်ထားတယ်။အဲ့တာက ခွန်းတရဲ့ အရင်ကအကြွေးရှင်တွေဘဲ..။ဒီကဇေနဲ့လည်း အရင်ကရန်ပွဲဖြစ်ဖူးပြီး သူတို့အကိုကြီးသေသွားတော့ မကျေနပ်ကြသေးတာလို့ထင်တယ်။သူတို့နဲ့ဒီကိစ္စနဲ့ ပက်သက်နေတာ သေချာတယ်"
ရှင်းပြချက် တသီတစ်တန်းကြီးတွင် ဇေကြားလိုက်ရတာကတော့ တစ်ခုထဲသာ..။
"ဟေ့ဟျောင်!လီးဖြစ်လို့ ခွန်းတအကြောင်း စုံစမ်းတာလား"
"တောင်းပန်ပါတယ်။Bossခိုင်းလို့ လုပ်ရတာပါ"
ထိုအခါ သူခိုးလူမိသလို ဦးဘုန်းမင်းညိုက ဇေ့ကို စပ်ဖြဲဖြဲရယ်ပြ၏။
ဘုန်းမင်းညိုနှင့်ဇေ အကြည့်ချင်းစစ်တိုက်နေတာကို မခံစားနိုင်တော့တဲ့ မိုးဇော်ဟာ အတွင်းရေးမှုးကို စကားလှမ်းဆက်သည်။
"အဲ့တာဆိုအခုရှာတွေ့ပြီလား"
"ရှာမတွေ့သေးဘူး။အကြွေးရှင်တွေရဲ့ အကောင့်တွေ ၊ အိုင်ဒီတွေ အကုန်ပတ်ရှာနေတာပါ။ပုံတစ်ပုံတော့တွေ့တယ်။အခုလောလောဆယ်မှ တင်ထားပုံဘဲ။ကျွန်တော်အဲ့ပုံထဲကနေရာကို ခြေရာခံကြည့်တော့ ဒီမြို့အတွင်းမှာကို နေရာတူ ၁ထောင်လောက်ရှိနေတယ်။အခု....."
ပြောနေစဉ်မှာပင် မျက်လုံးများ အရောင်လတ်သွားသော ထိုလူကြောင့် မိုးဇော် screen ကိုကြည့်လိုက်သော location ပြသော အနီစက်လေးဟာ တစ်နေရာသို့သာ စိုက်ရောက်နေတော့သည်။
"ရှာတွေ့ပြီ!"
ထိုစကားသံကြောင့် အနောက်ရှိ ရန်ဖြစ်နေသော နှစ်ဦးသားမှာ သူတို့ဘက်သို့ အလျင်အမြန်ခေါင်းလှည့်လာတော့သည်။
"ဘယ်မှာလဲ"
"အဲ့တာ ဂိုထောင်ပျက်-"
ဒုန်း!
တည်နေရာကို သိလိုက်ရသည်နှင့် ချက်ချင်းကိုထွက်သွားသော ဇေဟာ မိုးဇော်၏ကားကိုလည်း ယူသွားသည်ကို ပြတင်းပေါက်မှတစ်ဆင့် မြင်လိုက်ရ၏။
"တည်နေရာသိပြီ။မိုးဇော် မင်းခင်မြကို စောင့်ရအုံးမှာမလား။သွားတော့...။ငါရဲခေါ် ၊ လူစုပြီး ဇေ့နောက်လိုက်သွားလိုက်မယ်"
"ဟုတ်ကဲ့ သူဌေး"
___________________________________________
___________________________________________
{ခွန်းတ}
ဝေဝါးနေသော အသိစိတ်များ ပြန်လည်ကြည်လင်လာကာ အနည်းငယ်တော့ သတိကပ်လာခဲ့သည်။
သူသတိရရချင်း ခံစားမိသည်က အေးစက်မှု...။
အလွန်ကိုအေးပြီး တိတ်ဆိတ်လွန်းသည်။မျက်လုံးဖွင့်လို့ မရလောက်အောင်ကို အဝတ်စဖြင့် ချည်နှောင်ခြင်းကိုလည်း ခံထားရသည့်အတွက် သူမြင်နေရသည်က အမှောင်ထုသာ။
အကူအညီဝောာင်းရန် ပါးစပ်ဟလိုက်ပါသော်လည်း ထွက်ကျလာသည်က တိစ္ဆာန်တစ်ကောင်၏ ဝူဝူးဝါးဝါး အသံမျိုးသာ...။နောက်ဆုံးရုန်းရန်ပြင်သော်လည်း သူသိလိုက်သည်က ခန္ဓာကိုယ်ဟာလည်း ချည်နှောင်ခံထားရပြန်သည်။
တင်းကြပ်လွန်းသော ကြိုးများကြားမှ ရုန်းထွက်နေတဲ့ ခွန်းတ ခြေတွေလက်တွေဟာ မခံသာ၍ သွေးပင်ထွက်နေလေရဲ့..။
ထိုစဉ် ကြားလိုက်ရသော တစ်ဒေါက်ဒေါက်မြည်နေသည့် ခြေသံတစ်ခု။ထိုအသံဟာ သူ့စီသို့သာ ဦးတည်နေ၏။
"အို...နိုးလာပြီလား"
ချိုသာသောအသံလေးနှင့်အတူ မျက်လုံးနှင့် ပါးစပ်တွင် စီးနှောင်ထားသော အဝတ်စကို ဖြည်ချပေးခြင်းခံလိုက်ရ၏။သူမျက်လုံးများဖွင့်ချိန် မြင်လိုက်ရသည်က မလင်းသော်လည်း မမှောင်လွန်းသော ဝါကျင့်ကျင့်မီးရောင်နှင့်အတူ သူ့အရှေ့ရှိ ခင်သူဇာကိုပင်။
ထို့အတူ ထိုးကိုက်လာသော ခေါင်း..။
"အား!"
"ဟယ်တော်...ခုထိ ခေါင်းကိုက်မပျောက်သေးဘူးဆိုတော့ ဆေးခပ်ထားတာ အရမ်းများပြင်းသွားလား"
"ကျွန်တော်..ဘယ်ရောက်နေတာလဲ"
"ဘာလို့အရမ်းလောနေတာလဲ။ဘယ်ရောက်နေတာလဲ မင်းသိရင်တောင် ပြန်သွားနိုင်တော့မှာ မဟုတ်ဘူးလေ"
"ခင်သူဇာ!!ခင်ဗျားနဲ့မောင်နဲ့က ဘာမှမသက်ဆိုင်တော့ဘူး။ဘာလို့ဒီလိုတွေလုပ်နေတာလဲ"
ခင်သူဇာမျက်နှာထက်ရှိ ပြီတီတီအပြုံးမျက်နှာဟာ ပျောက်ကွယ်လို့ အမုန်းတရားအပြည့်ဖြင့် ခက်ထန်လွန်းသော မျက်နှာမှာ အစားထိုးဝင်ရောက်လာခဲ့သည်။
"မောင်လို့တောင် ခေါ်နေပြီပေါ့။မင်းမှာခေါ်ခွင့်မရှိဘူး။ကို့ကိုငါအရင်တွေ့ခဲ့တာ ချစ်ခဲ့တာ..။မင်းကနောက်မှလာတဲ့ နောက်လူဘဲ"
"ခေါ်ခွင့်မရှိတဲ့သူက ခင်ဗျားဘဲ
ရာရာစစ ဘယ်သူ့လူကို လာပြစ်မှားနေတာလဲ
အရင်က ခင်ဗျားပိုင်ရင် ပိုင်ခဲ့ဖူးလိမ့်မယ်
အခုမောင်က ကျွန်တော်ပိုင်တဲ့သူပဲ
ခင်ဗျားမပိုင်တဲ့သူကို အဝေးကနေဘဲ
ကြည့်နေစမ်းပါ။ကျွန်တော့်လူကို ပြန်မလိုချင်နဲ့
ကျွန်တော်ကပေးမှာမဟုတ်လို့!"
"ဘယ်သူကလည်း ပေးခိုင်းနေလို့လဲ။ခင်သူဇာဆိုတဲ့ ငါကလိုချင်တာကို ကိုယ်တိုင်ယူတဲ့ သူဘဲ။ကိုနဲ့အလိုက်ဖက်ဆုံး သူကလည်း ငါဘဲ။မင်းလိုရွံရှာစရာ ယောက်ျားတစ်ယောက်မဟုတ်ဘူး"
"အဟက်"
ထိုစကားကို လှောင်ပြောင်သလို ရယ်သံတစ်ချက်ပြုလိုက်သဖြင့် ခင်သူဇာဒေါသတွေမှာ အဆမတန်မြင့်မားလာပြီး မျက်နှာမှာလည်း ခရမ်းချဉ်သီးတစ်လုံးလို နီရဲလာတော့သည်။
"နင်..နင် ဘာရယ်တာလဲ!"
"အဲ့ရွံစရာယောက်ျားတစ်ယောက်ကဘဲ ခင်ဗျားကို ကျော်တက်သွားခဲ့တာဘဲလေ"
ဖြန်း!
အလုံပိတ်ထားသော အခန်းထဲဝယ် ပါးရိုက်သံဟာ ကျယ်လောင်လို့နေခဲ့သည်။
နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့ သူသိလိုက်သည်က နှုတ်ခမ်းပေါက်သွားတာဘဲ ဖြစ်ရမည်။သို့သော် သွေးသုတ်ဖို့ လက်တွေမှာ ချည်နှောင်ခံထားရတော့ စကားနှင့်သာ ဒေါသဆွရန်ကျန်တော့၏။
"ဘာလဲ..အနာပေါ်တုတ်ကျသွားတာလား"
"မင်း!"
တည်ငြိမ်ဟန်ဆောင်နေသော ခင်သူဇာမှာ ဒေါသထွက်လွန်း၍များလား အသားတွေတောင် တုန်နေတော့သည်။
"မင်းကြည့်ရတာ ရောက်နေတဲ့ အခြေအနေကို နားမလည်သေးဘူးထင်တယ်"
"အဟက်!ကျွန်တော်ကတုံးအတယ်ဆိုပေမယ့် ဒီအခြေအနေကိုတော့ သိပါတယ်။ပြန်ပေးဆွဲလာတာခံရတာလေ"
"အို~သိသားဘဲနော်။ဒါဆို ဘာလို့ အဲ့လောက်များ တည်ငြိမ်နေရတာလဲ"
"ခင်ဗျားကမိန်းကလေး...ကျွန်တော့်ကိုဘာလုပ်နိုင်မှာမို့လို့လဲ။အသားနာရင်တောင် ခဏတာဘဲ။မောင်ကိုလည်းအပိုင်ရထားတဲ့ ကျွန်တော့်အတွက် အရာရာခင်ဗျားထက်သာတယ်"
"ခစ်ခစ်ခစ်"
ခိုးရယ်နေသော ခင်သူဇာအသံဟာ တစ်ချက်လွှတ်ထွက်သွားတော့ ခွန်းတခေါင်းပေါ်တွင် '?' လေးဟာ ယောင်လည်လည်။သူမဘာလို့ ရယ်နေသည်လည်း သူနားမလည်ပေ။တကယ်ကြီး ရူးသွားတာများလား။
"ခစ်ခစ် sorry နော်။အရမ်းကိုရယ်ရတဲ့ ဟာသပြောနေတော့ မထိန်းနိုင်တော့လို့ပါ"
"ဘာ?"
သူ့မေးခွန်းကို လှောင်ပြုံးများအပြည့်ဖြင့် ငုတ်ကြည့်လာတဲ့အခါ မြင်လိုက်ရသည့်အရာမှာ ခင်သူဇာ၏နီရဲနေသော မျက်စံများနှင့်အတူ ခြောက်ခြားဖွယ်ရာ အပြုံးတစ်ပွင့်...။
ထို့အတူ သူမလက်နှစ်ဖက်ကို ဆန့်ကျင်ဘက်တွေသို့ ထိုးပြလိုက်သည်နှင့်တစ်ပြိုင်နက် မှောင်မှိုက်နေသော နေရာများမှ ထွက်ပေါ်လာသော လူတစ်စု။ခွန်းတမျက်နှာရှိ ယုံကြည်ချက်အပြည့်ဖြင့် မျက်ဝန်းတွေဟာ ကြောက်ရွံ့နေသော အငွေ့အသက်များအဖြစ်သို့ အလျင်အမြန်ကူးပြောင်းသွားတော့သည်။
အကြွေးရှင်တွေ....။
ခွန်းတဘယ်လောက်ဘဲ ခင်သူဇာကို မကြောက်ခဲ့သော်လည်း အကြွေးရှင်တွေကတော့ သူ၏သဘာဝရန်သူလိုပင်...မြင်တာနဲ့ပင် ခစားရ၏။ဘာလို့လည်းမေးရင် စိတ်ဒဏ်ရာတွေကြောင့်ဖြစ်သည်မှာ အမှန်အကန်ပင်။
"အခုရော ဘယ်လိုလဲ?
ခဏကယုံကြည်မှုတွေပြည့်နေတဲ့
ပုံစံကရော ဘယ်ပျောက်သွားတာတုန်း
ဟော...မျက်ရည်တွေတောင် ထွက်လို့ပါလား.."
မသိလိုက်ခင်မှာပင် ထွက်ကျလာသော မျက်ရည်စတွေဟာ ဝန်မခံချင်ပါသော်လည်း သူ၏သတ္တိနည်းမှုကို ပြသနေ၏။
"အော်...မငိုပါနဲ့
တို့ကစလိုက်တာပါနော်..
အဲ့လောက်ကြောက်စရာမလိုပါဘူး
တိတ်တော့...တိတ်တော့"
အပြောနှင့်မညီစွာ သူမမျက်နှာတွင်တော့ လှောင်ရီမှုတွေ အများအပြား....။
ထို့နောက် ထိုလူလေးယောက်ကို ဘေးနားထားကာ ခွန်းတအရှေ့တွင် ထိုလူများနှင့် တစ်စုံတစ်ရာကို တိုင်ပင်နေကြတော့သည်။ကြားနေရတဲ့ ခွန်းတအတွက်တော့ ထိုအရာဟာ လူသတ်မည့်ကိစ္စမဟုတ်ခဲ့ပါက နားဝင်ချိုသာချင် ချိုသာလိမ့်မည်။
ဆွေးနွေးနေစဉ်မှာပင် တဟီးဟီးရယ်ကာ မစောင့်နိုင်တော့သလို တစ်ဆွေ့ဆွေ့ခုန်လျက် သူ့ကိုပါပြောပြလာတော့သည်။
"မင်းသိလား..။လိုင်းပေါ်မှာပြန့်နေတဲ့ မင်းသတင်းတွေကို ငါလုပ်ခဲ့တာ။မင်းဘဝကြီးတစ်ခုလုံးကို လူတွေရဲ့ ထိုးနှက်ချက်တွေနဲ့ စုတ်ပြတ်သက်သွားစေချင်ခဲ့တာ။ဒါပေမယ့် ငါထင်သလိုတော့ ဖြစ်မလာခဲ့ဘူး။အဲ့တာကြောင့်လည်း ဒီအခြေအနေထိရောက်လာရတာဘဲ။မင်းသာကိုယ့်ကိုကိုယ်သတ်သေလိုက်ရင် ပြီးနေပြီ။အဲ့တာဆို ကိုနဲ့ငါလည်း သက်ဆုံးတိုင် ပေါင်းဖက်လို့ရသွားမယ်။အဲ့အတွက် မင်းကငါတို့အနာဂတ်မှာ ပိတ်နေတဲ့ ကျောက်ခဲတစ်လုံးဘဲ"
"ကျွန်တော်သာ...သေသွားခဲ့ရင် မောင်နဲ့နီးစပ်ခွင့်ရမယ်လို့ ထင်နေတာလား...ဟားဟား...အဲ့တာဆိုရင်တော့ ခင်ဗျားသိပ်မှားသွားပြီ။ကျွန်တော်သာဒီလောကကြီးထဲက ပျောက်ကွယ်သွားခဲ့ရင် မောင့်ကိုနီးစပ်ခွင့်တောင်မရဘဲ မောင့်ရဲ့အမုန်းတရားတွေကို ခင်ဗျားလက်ခံရလိမ့်မယ် ခင်သူဇာ..."
ထိုစကားကို ခင်သူဇာမှာ ဘာမှမတုံ့ပြန်ပေ။တိတ်ဆိတ်နေခဲ့ပြီး တစ်စုံတစ်ခုကို အချိန်ယူနေဟန်။ထို့နောက် အလှပဆုံးအပြုံးလေးတစ်ပွင့်ဖြင့် ရက်စက်သောစကားကိုဆို၏။
"စိတ်မပူပါနဲ့။မင်းမသေစေရဘူး...
မင်းကိုသေတာထက်ပိုပြီးဆိုးရွားတဲ့
နာကျင်မှုတွေကို ငါပေးမှာမလို့ဘဲ"
၎င်းစကားကြောင့် အနောက်မှ လူလေးယောက်ဟာ သူ့စီသို့လျှောက်လာကြပြီး ဖမ်းချုပ်ကာ ထိုင်ခုံတစ်ခုံစီသို့ ခေါ်သွားကြတော့သည်။
"လွှတ်စမ်း!"
သူတို့အနောက်ရှိ ဖြေးညှင်းစွာ လိုက်လာနေသော ခင်သူဇာဟာ လက်ထဲတွင် ပလာရာတစ်လက်ကို ကိုင်ဆောင်လို့ ထားခဲ့သည်။
ထိုင်ခုံပေါ်တွင် ရုန်းကန်နေသော ခွန်းတကို လက်ထိပ်ခတ်ကာ ကြိုးဖြင့်ချည်နှောင်ထားလိုက်သဖြင့် လှုပ်မရတော့ပေ။ထို့အပြင် လူစုထဲမှ တစ်ယောက်က ဆေးထိုးအပ်ဖြင့် ခွန်းတလည်ပင်းကို ထိုးစိုက်ချလိုက်တော့ ခန္ဓာကိုယ်အကြောတွေထဲ တစ်စုံတစ်ခုတိုးဝင်လာတာကို ခံစားလိုက်ရပြီး ပုရွက်ဆိတ်ထောင်ပေါင်းများစွာ ပြေးလွှားနေသလို ခံစားချက်ကြီးကိုလည်း ခံစားလိုက်ရ၏။
"ဒါအာရုံကြောမြင့်တင်ဆေးလေ။ဒီဆေးကိုသာ ထိုးထားရင် နင့်အာရုံငါးပါးကအရင်ကထက် ၂ဆပိုမြင့်လာလိမ့်မယ်။အဲ့တော့ အခု နင့်ကိုငါပေးမယ့် နာကျင်မှုဒဏ်ကို ၂ဆခံရတော့မှာပေါ့..ခစ်ခစ်"
ခင်သူဇာ၏ပြောစကားများကို ခွန်းတမကြား။လက်ရှိဖြစ်နေသည့် နာကျင်မှုဒဏ်ကို တွန်းလှန်နေရ၏။
ထိုစဉ်သူ့လက်ချောင်းထိပ်သို့ အေးစက်သော တစ်စုံတစ်ခု ချည်းကပ်လာသည်ကို ခံစားလိုက်ရသဖြင့် အားယူကာ ကြည့်မိတော့ အသွေးအသားထဲအထိ လန့်ဖြန့်သွားမှုကို ခံစားလိုက်ရသည်။
ခင်သူဇာသည် အပြုံးလေးတစ်ပွင့်ကို ဆင်မြန်းလျက် သူမလက်ထဲရှိ ပလာရာဖြင့် ခွန်းတလက်သည်းတွေကို ခွာထုတ်ရန် ပြင်နေခဲ့သည်။
"မလုပ်-အား!!"
တောင်းပန်ဖို့ပင် အခွင့်အရေးမပေးခဲ့။ညာဘက် လက်မ၏ လက်သည်းဟာ သွေးအလိမ်းလိမ်းဖြင့် ထိုပလာရာတွင် ညှပ်ပါသွားခဲ့ပြီ။အာရုံကြောမြင့်တင်ဆေးကြောင့်လည်း ဒီနာကျင်မှုကြီးကို သူ့မှာ၂ဆပင် ခံစားနေရပြီး သတိလစ်ချင်သလိုလိုတောင် ဖြစ်နေခဲ့သည်။သူ့အခြေအနေကို မြင်နေရသော ခင်သူဇာ၏ မျက်နှာထက်ရှိ အပြုံးဟာလည်း ပို၍ပင်ကျယ်ပြန့်လာသယောင်။
"သတိလစ်ဖို့တော့မကြံနဲ့။ရှိသမျှနည်းမျိုးစုံနဲ့ ငါကနိုးမှာ"
သူမစကားအတိုင်းပင် လက်သည်းခွံတွေ နုတ်ခံနေရခြင်း၏ နာကျင်မှု၂ဆကို မခံနိုင်သော ခွန်းတအတွက် သတိလစ်ခြင်းသာ လွတ်မြောက်ရာ ဖြစ်နေခဲ့ပြီး သတိလစ်သွားလျှင်လည်း ဘေးနားရှိလူစုမှ ပါးပိတ်ရိုက်ခြင်း ၊ ရေဖြင့်လောင်းခြင်း ၊ လျှပ်စစ်ရှော့ရိုက်ခြင်း စသဖြင့် အမျိုးမျိုးနှိပ်ဆက်နေကြသည်။
လက်သည်းများကို နုတ်ရသည်ကို အားရတော့ တစ်ဖန်လက်လှမ်းသွားသည်က ခြေထောက်စီသို့။
"တော်..တော်ပါတော့..။
ကျွန်တော့်ကို..သတ်...သတ်လိုက်ပါ"
"အာ..ဘယ်လိုတောင် အားရစရာ မြင်ကွင်းလေးလဲ။ဒါပေမယ့် တောင်းပန်တယ်နော်။မင်းသေလို့ မဖြစ်သေးဘူး။ဒီလူတွေကို မင်းအသွေးအသားတွေနဲ့ ဧည့်ခံပေးမယ်လို့ ကတိပေးထားတယ်"
မနည်းသတိကပ်နေရသည့်ကြားမှ ထိုစကားကြောင့် ခွန်းတနာကျင်မှုတွေကိုပင် သတိမထားမိစွာ အတင်းရုန်းကန်တော့သည်။
"ဟယ်တော် ဘယ်လိုဖြစ်နေရတာလဲ
မင်းအရင်ကလည်း ဒီလူတွေစီမှာ ဖင်ခံဖူးတယ်မလား။ခုမှ လာရုန်းကန်မနေနဲ့"
"မ...မဖြစ်ဘူး..."
သူ၏ရုန်းကန်နေမှုကြောင့် လူတစ်ယောက်၏ အားအပြည့်ဖြင့် ထိုးနှက်မှုကို ခံလိုက်ရပြီး ထိုထိုးချက်ကြောင့် အသက်ရှုလို့ပင် မရတော့ပေ။
"မင်းဘာလို့ထိုးလိုက်တာလဲ"
"ဘာဖြစ်လဲ..မျက်နှာမထိရင် ပြီးတာဘဲမလား။ခင်သူဇာ မင်းလည်းမြန်မြန်လုပ် ငါတို့မစောင့်နိုင်တော့ဘူး။သူဒီတိုင်းနေနေတာတောင် ငါတို့ကို ဆွဲဆောင်နေသလို ခံစားနေရတယ်"
"ဟင်း..အဲ့တာဆို ဒီခြေသည်းလေး ခွာပြီးရင်ပေးမယ်"
အုန်း!
ထိုစဉ် ဂိုထောင်တံခါး ပွင့်ထွက်သွားမှုကြောင့် သူတို့၅ဦးလုံး ရဲမှတ်ပြီး လန့်ဖြန့်သွားကာ အမြန်လှည့်ကြည့်လိုက်တော့ ဂိုထောင်ရှေ့တွင် ရပ်နေသူတစ်ဦး။သူ၏အနောက်ရှိ အမှောင်ထုထက်ပင်ပိုသော ခံစားချက်တစ်မျိုးကို ပေးစွမ်းနေပြီး လွင့်ပြယ်နေတဲ့ အနက်ရောင်ဆံနွယ်တွေဟာ မျက်စိမလွဲနိုင်စရာ ပန်းချီကားတစ်ချပ်အလား။စူးရှလှသော ဖီးနစ်လိုမျက်ဝန်းတွေဟာ သွေးအလိမ်းလိမ်းဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခွန်းတကိုမြင်တော့ ချက်ချင်းထတောက်တော့မည့် မီးတောက်ကြီးလိုပင် တောက်လောင်နေတော့သည်။
ထို့အတူ ခွန်းတ၏တိုးညှင်းလှသော အသံလေးထက်မှ ထွက်ပေါ်လာသော အမည်နာမလေးတစ်ခု။
"မောင်.."
___________________________________________
___________________________________________