Zawgyi
"လုန်သယ် ....
"အင်း....
"အင်း..
မင်းကြီးဟာ နားထင်ကို လက်နဲ့ ဖိထားရာက မလှုပ် အထိန်းတော်၏ စကားကို "အင်း" တစ်လုံးနဲ့သာ တုန့်ပြန်သည်..
"ဘုတ် အ့ အင့်
"ရှောင်ပိုင်...
"ဟင်:
ရှောင်းကျန့်ဟာ သူ့ရှေ့ကလူကို မင်းကြီးမှန်းမသိပါ အစောကလူတိုင်းက မင်းကြီးကို ဂါဝါရပြုပေမယ့် သူကခန်းမထဲကအရာတွေကိုသာ ကြည့်နေသည်လေ နောက်ဆုံးနေရာမှာမို့ အမြှင့်က မင်းကြီး မျက်နှာကိုလည်း သူမတွေ့ရပါ...
"ဟဲ ဟဲ စတာ စတာ ...
Love Of The Night Moon🌸
Unicode
နှစ်နှစ်ဆယ်ရာစုနှစ်တစ်ခု ကုန်လွန်ပြီးသော်..
မှောင်မဲနေသည့်အခန်းကျဥ်းလေးထဲတွင် ... သံကြိုးများနဲ့ ချီနှောင်ခံထားရတဲ့ လူငယ်လေးတစ်ချို့ ...
ထိုလူငယ်လေးများ ဖမ်းချုပ်ထားသည့် လူဝကြီးဟာ ကုန်းကုန်း တစ်ယောက်ထံကနေ ငွေစများ ယူပြီး ထွက်သွားလေသည်...
"ရှောင်းကျန့် ရှောင်းကျန့်... ထတော့
"လုန်သယ် ....
ရှောင်းကျန့် မျက်လုံးများကို အားယူဖွင့်ကြည့်တော့ မနေ့ကလို မှောင်မဲနေသည့်အခန်းမဟုတ်တော့ ကျယ်ဝန်းသည့် အခန်းကျယ်ကြီးတစ်ခုဖြစ်နေသည်...
သူတို့ကိုယ်ပေါ်မှာလည်း မနေ့ကလို စုတ်ပြတ်နေတဲ့ အဝတ်အစားများမဟုတ်ပဲ နန်းတွင်း အစေခံများ ဝတ်ကျသည့် ဝတ်ရုံတွေနဲ့သာ...
ရှောင်းကျန့်ဟာ ငယ်ငယ်လေးထဲက မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ ကလေးတစ်ယောက်ပင် သို့ပေ ကူးကူး ဖြစ်သူ လုန်သယ်၏ မိခင်ဟာ သူ့ကို ကျွေးမွေး စောက်ရှောက်ခဲ့သည်...
သူတို့ဟာ မြို့ငယ်လေး တစ်ခုမှာ နေထိုင်ကျပြီး တောင်ယာအလုပ်များနဲ့သာ အသက်မွေးဝမ်းကျောင်း ရပါသည်...
ယခုဟာ လူကြီးတစ်စုရဲ့ ဖမ်းစီးခြင်းခံရပြီး ဒီကို ရောက်လာသည်သာ..ဘယ်နေရာဆိုတာလည်း မသိပါ...
ခန်းမကြီးထဲမှာ သူတို့နဲ့ ရွယ်တူလောက်ရှိမယ့် ယော်ကျားလေး မိန်းကလေး အများကြီး ရှိနေသည်...
ဘာမှန်း မသိရတဲ့ အချိန်မှာပဲ ... ဝါးဒုတ်တစ်ချောင်းကို ကိုင်ကာ ဝင်လာသော မိန်းမကြီးတစ်ယောက်....
မင်းကြီး ခန်းမတွင် နားထင်ကို လက်နဲ့ထောက်ပြီး ဘယ်အရာကိုမှ စိတ်အလိုမကျဟန်.. မျက်လုံးများကို မှိတ်ထားကာ မျက်ခုံး တွေကို တွန့်ထားသည်...
နှစ်တွေကြာခဲ့ပြီ နေရာအနှံ့ သူရှာဖွေခဲ့ပေမယ့် ..သူရှာနေတဲ့ လူကို မင်းကြီး ရှာမတွေ့ခဲ့ပါ.. သူတော်စင်က သူ့ကိုများ လိမ်ခဲ့တာလားဟုပင် တွေးတောမိပါသည်...
"မင်းကြီး... အထိန်းတော်ကြီး တွေ့ခွင့်တောင်းနေပါတယ်
"အင်း....
မျက်လုံး မှိတ်ထားခြင်းကို မဖွင့်ပဲ ကုန်းကုန်း၏ စကားကို "အင်း" တစ်လုံးသာ တုန့်ပြန်လေသည်...
အထိန်းတော်ကြီးဟာ မင်းကြီးဆီကအမိန့်ရသည်နဲ့ ကောင်လေး ငါးယောက်နဲ့ ကောင်မလေး လေးယောက်အား ခေါ်ကာ ခန်းမထဲ ဝင်လာလေသည်...
"မင်းကြီးအား ဂါဝါရပြုပါတယ်...
အထိန်းတော်ကြီးနဲ့ ကျန် ကလေးများကသာ မင်းကြီးအား ဂါဝါရပြုပေမယ့် နောက်ဆုံးမှာ ရပ်နေတဲ့ ရှောင်းကျန့်ကတော့ တစ်ခါမှမမြင်ဘူးတဲ့ ခန်းမကြီးထဲက အရာတွေကို မျက်တောင်မခက်တန်း လိုက်လံ ကြည့်နေလေသည်...
"မင်းကြီး ...ဒီကလေးတွေက မင်းကြီးအတွက် အစေခံလေးတွေပါ အများကြီးထဲကမှ ကျွန်တော်မျိုးမက အကောင်းဆုံး ကလေးတွေကို ရွေးချယ်လာပါတယ်..
"အင်း..
မင်းကြီးဟာ နားထင်ကို လက််နဲ့ ဖိထားရာက မလှုပ် အထိန်းတော်၏ စကားကို "အင်း" တစ်လုံးနဲ့သာ တုန့်ပြန်သည်..
"ဘုတ် အ့ အင့်
ထိုအသံဟာ တစ်ဆက်ထဲ ထွက်ပေါ်လာသည်သာ ဖြစ်သည်...
ရှောင်းကျန့်ဟာ သူမမြင်ဖူးတဲ့အရာတွေကို လည်ပြန်ကြည့်နေတာမို့ ဖင်ထိုင်ရက် လည်းကျသွားသည်...
မင်းကြီးရှေ့မှာ မစင်မကျင် လုပ်ရဲတဲ့ အစေခံကြောင့် ကုန်းကုန်းများမှာမှု ထိပ်ထိပ်လန့်လန့်ပါပင်...
အားလုံးဟာ ခေါင်းမဖော်တန်း.. ခါးကိုညွှန့် ဦးကို ငုံထားကျသော်လည်း ကောင်လေး တစ်ယောက်ကတော့ နာသွားတဲ့ တင်ပါးလေးကို ပွက်ကာ နာသွားဟန် ရှိတဲ့ သူ့လက်လေးက်ုသာ တဖူးဖူးမှုတ်ရင်း ...ခန်းမကြီးထဲ သူတစ်ယောက်ထဲ ရှိနေသည့်အလားပါပင်...
စိတ်အလိုမကျစရာ အသံကြောင့် မှိတ်ထားတဲ့ မျက်ဝန်း တွေကို ဖွင့်ကြည့်လိုက်တော့ ဒူးထောက်ကာ ကြမ်းပြင်နဲ့ဦးခေါင်း တစ်သားတည်း ကျနေသည့်အလား ကြောက်ရွံ့ နေကျတဲ့ လူတစ်ချို့..ထိုအထဲကမှ ထူးဆန်း တာလေးကို မြင်လိုက်ရသည် ထိုအရာကတော့ မင်းကြီးဖြစ်တဲ့ သူ့ကိုပင် အလေးမထားနိုင်ပဲ နာသွားဟန်ရှိတဲ့ သူ့လက်သူသာ ဂရုစိုက်နေတဲ့ ကောင်လေးတစ်ယောက်..
ထိုမြင်ကွင်းကို မြင်တော့ မင်းကြီးဟာ တစ်ချိန်က... သတို့သမီး အယောင်ဆောင်လေးတစ်ယောက်အကြောင်းကို သတိရသွားလေသည်...ထိုနေ့က မြင်ကွင်းလေးကလည်း ယခုလိုပါပင်...
"ဟိတ်ကောင်လေး ခေါင်းမော့လိုက်..
မင်းကြီးဟာ ပလ္လင်ပေါ်ကနေ ထပြီး ခန်းမအလည်က ကောင်ကလေးထံကို လျှောက်လှမ်းသွားသည်...နာနေတဲ့ တင်ပါးလေးနဲ့ လက်လေးကိုသာ ဂရုစိုက် နေတဲ့ ရှောင်းကျန့်ဟာ မင်းကြီး သူ့ဆီလာနေသည်ကို နည်းနည်းမှပင်မသိပါ..
သြရှရှ အသံကြားတာမို့ အသံလာရာ အပေါ်ဘက်ကို ကြည့်လိုက်တော့ မည်သူမှန်းမသိတဲ့ လူတစ်ယောက်က သူ့ကို စိုက်ကြည့်လညသည်...
ရှောင်းကျန့်လဲ နားမလည်စွာပဲ သူ့ကို စိုက်ကြည့်နေတဲ့ လူကြီးကို သွားလေးတွေပေါ်သည်အထိ ရယ်ပြလိုက်ပြီး နီရဲသွားကာ နာနေတဲ့ လက်လေးကိုသာ ပြန်ဂရုစိုက်သည်...
"ရှောင်ပိုင်...
"ကျွန်တော့်နာမည်က ရှောင်းကျန့်ဗျ ရှောင်းကျန့်...
"ဟင်:
ရှောင်းကျန့်ဟာ သူ့ရှေ့ကလူကို မင်းကြီးမှန်းမသိပါ အစောကလူတိုင်းက မင်းကြီးကို ဂါဝါရပြုပေမယ့် သူကခန်းမထဲကအရာတွေကိုသာ ကြည့်နေသည်လေ ေနာက်ဆုံးနေရာမှာမို့ အမြှင့်က မင်းကြီး မျက်နှာကိုလည်း သူမတွေ့ရပါ...
ဒါကြောင့် သူ့ကို နာမည်မှားခေါ်လာမို့ သူ့နာမည်ဟာ ရှောင်းကျန့်ဖြစ်ကြောင့် ရင်ဘက်လေးကို လက်သီးလေးနဲ့ ထုကာ နှုတ်ခမ်းလေး စူကာစူကာနဲ့ စကားဆိုသည်..
ရှောင်းကျန့်ဟာ ရွာငယ်လေးကကြီးပြင်းလာသူမို့ နန်းတွင်း စကားအသုံးအနှုန်းများကိုလည်းမသိသလို မင်းကြီးကို ဘယ်လိုစကားပြောရသလဲ ဆိုတာလဲမသိပါ...ရိုင်းစိုင်း စွာစကားပြောလာတဲ့ ကောင်လေးကောင့် ကိုယ်ရံတော် များဟာ.. ထိုကောင်လေးအသက်ကို နှုတ် ဖို့အသင့်ဖြစ်နေသည် မင်းကြီးအချိန်မှီ လက်ကာပြနိုင်လို့သာ ပင် ထိုကောင်လေး ကံကောင်းခဲ့သည်...
နောက်ဆုံးတော့ သူရှာနေခဲ့ရတဲ့ လူသားလေးကို တွေ့ခဲ့ရသည်...သူနေရာအနှံ့လိုက်လံရှာဖွေချိန်မှာမတွေ့ပဲ သူရှာနေတဲ့ လူသားလေးက သူ့ဆီကို တည့်တည့်မက်မက်ကြီး ရောက်လာခဲ့သည်...
အရမ်း လွမ်းရတဲ့ လူသားလေးကို ပြန်တွေ့ရတာမို့ ပွေ့ဖက်လိုက်ချင်ပေမယ့် သူတော်စင်စကားကို ကြားယောင်မိတာမို့ ဖက်ဖို့ လက်ကမ်းမိတဲ့ မင်းကြီးလက်တွေဟာ ကျောဘက်သို့ ရုပ်သိမ်းသွားသည်....
ဒီလိုနဲ့ပဲ မင်းကြီးဟာ ထိုကောင်လေးကို သူ့အနားမှာ အနီးကပ်ခစားရတဲ့အစေခံအဖြစ် ရာထူးပေးအပ်လိုက်သည်...
နေ့ရက်တိုင်း ထိတွေ့ မြင်တွေ့လာတာမို့ ရှောင်းကျန့်နဲ့ မင်းကြီးဟာ ရင်းနှီးလာကျသည်...
"ရှောင်းကျန့် ရှောင်းကျန့်...
"အင် ဟမ် အာ မင်းကြီးကလည်း...
"ငါမင်းကို စာဖတ်ခိုင်းထားတာကို အိပ်နေတယ်ပေါ့..
"အိပ်ချင်တာကို မင်းကြီးရာ...ဘယ်သူကမင်းကြီးလို စာတွေအမြဲဖတ်နိုင်မှာလဲ
(သူ့လိုလူတိုင်းကအချိန်ပြည့်အခန်းအောင်းပြီး စာဖတ်နိုင်မယ်ထင်နေလညးမသိဘူး)
"သူတိုးတိုးပြောလည်း ငါကြားတယ်...
"ဟဲ ဟဲ စတာ စတာ ...
ရှောင်းကျန့်ဟာ သွားလေးကို ဖြီးပြီး သူ့ရှေ့က စာလိမ့်ကို ဗြောင်းပြန်ကောက်ကိုက်ကာ အရှက်ပြေ စာဖတ်ယောင်ဆောင်လိုက်သည်...
"ချစ်တယ်ဆိုရင် စောင့်နိုင်ရမည်"
"ချစ်မိသွားကျတဲ့အခါ အပြုအမူ သေးသေးလေးတွေကအစ ချစ်စရာဟု မြင်မိတတ်ကျတယ်"
Love Of The Night Moon🌸
Love-piano _မင်းကြီး၏ အချစ်🌸
Season. 2🌸 လေးဟာဖြင့် ဇာက်သိမ်းခဲ့ပါပြီရှင့်🌸🌸🌸💚💛❤️
အားပေးမှုတွေ အရမ်းကို ကျေးဇူးတင်ပါတယ်💚💛❤️
အရေးအသားများ မကောင်းသောလည်း ကြိုက်ပေးကျတဲ့အတွက် ဝမ်းသာမိပါတယ်💚💛❤️
စာဖတ်ပေးကျသူ တစ်ဦးတစ်ယောက်ခြင်း စီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်💚💛❤️
စာအရေးအသားများကိုလည်း တစ်ဆင့် တစ်ဆင့်နဲ့ တိုးတက်လာအောင်ကြိုးစားပါ့မယ်💚💛❤️
နောက်ထပ် Ficလေးတွေမှာ ထပ်မှန် ဆုံချင်ပါသေးတယ်
🎶တစ်ယောက်လက် တစ်ယောက်ကိုင်ချင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶
🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶
🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶
🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶