Zawgyi
နှစ်နှစ်ဆယ်ရာစုနှစ်တစ်ခု ကုန်လွန်ပြီးသော်..
မှောင်မဲနေသည့်အခန်းကျဉ်းလေးထဲတွင် ... သံကြိုးများနဲ့ ချီနှောင်ခံထားရတဲ့ လူငယ်လေးတစ်ချို့ ...
ထိုလူငယ်လေးများ ဖမ်းချုပ်ထားသည့် လူဝကြီးဟာ ကုန်းကုန်း တစ်ယောက်ထံကနေ ငွေစများ ယူပြီး ထွက်သွားလေသည်...
"ရှောင်းကျန့် ရှောင်းကျန့်... ထတော့
"လုန်သယ် ....
ရှောင်းကျန့် မျက်လုံးများကို အားယူဖွင့်ကြည့်တော့ မနေ့ကလို မှောင်မဲနေသည့်အခန်းမဟုတ်တော့ ကျယ်ဝန်းသည့် အခန်းကျယ်ကြီးတစ်ခုဖြစ်နေသည်...
သူတို့ကိုယ်ပေါ်မှာလည်း မနေ့ကလို စုတ်ပြတ်နေတဲ့ အဝတ်အစားများမဟုတ်ပဲ နန်းတွင်း အစေခံများ ဝတ်ကျသည့် ဝတ်ရုံတွေနဲ့သာ...
ရှောင်းကျန့်ဟာ ငယ်ငယ်လေးထဲက မိခင်ကို ဆုံးရှုံးခဲ့ရတဲ့ ကလေးတစ်ယောက်ပင် သို့ပေ ကူးကူး ဖြစ်သူ လုန်သယ်၏ မိခင်ဟာ သူ့ကို ကျွေးမွေး စောက်ရှောက်ခဲ့သည်...
သူတို့ဟာ မြို့ငယ်လေး တစ်ခုမှာ နေထိုင်ကျပြီး တောင်ယာအလုပ်များနဲ့သာ အသက်မွေးဝမ်းကျောင်း ရပါသည်...
ယခုဟာ လူကြီးတစ်စုရဲ့ ဖမ်းစီးခြင်းခံရပြီး ဒီကို ရောက်လာသည်သာ..ဘယ်နေရာဆိုတာလည်း မသိပါ...
ခန်းမကြီးထဲမှာ သူတို့နဲ့ ရွယ်တူလောက်ရှိမယ့် ယော်ကျားလေး မိန်းကလေး အများကြီး ရှိနေသည်...
ဘာမှန်း မသိရတဲ့ အချိန်မှာပဲ ... ဝါးဒုတ်တစ်ချောင်းကို ကိုင်ကာ ဝင်လာသော မိန်းမကြီးတစ်ယောက်....
မင်းကြီး ခန်းမတွင် နားထင်ကို လက်နဲ့ထောက်ပြီး ဘယ်အရာကိုမှ စိတ်အလိုမကျဟန်.. မျက်လုံးများကို မှိတ်ထားကာ မျက်ခုံး တွေကို တွန့်ထားသည်...
နှစ်တွေကြာခဲ့ပြီ နေရာအနှံ့ သူရှာဖွေခဲ့ပေမယ့် ..သူရှာနေတဲ့ လူကို မင်းကြီး ရှာမတွေ့ခဲ့ပါ.. သူတော်စင်က သူ့ကိုများ လိမ်ခဲ့တာလားဟုပင် တွေးတောမိပါသည်...
"မင်းကြီး... အထိန်းတော်ကြီး တွေ့ခွင့်တောင်းနေပါတယ်
"အင်း....
YOU ARE READING
Complete Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)
RandomYizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝမ်ရိပေါ်) ဝမ်မေရွယ် လုန်သယ် လျိုချင် ရှောင်း ဟန်မင် ဖုန်းယိုး ရှောင်းရွဲ့ရှား ကျောက်လင်"လီ