Love Piano🌸Ep.43

586 29 0
                                    

Zawgyi

လောကကြီးမှာ ဖိနှိပ်မှု နာကြင်မှု ဆင်းရဲမှု နာကြည်းမှု များ ရှိလျှင် မိစ္ဆာဘုရင်ဆိုတာ ရှိနေအုံးမှာဖြစ်သည်...

အမုန်းတရားနဲ့ အငြိုးအတေးတွေ ရှိနေသရွေ့ မိစ္ဆာဘုရင်ဆိုတာ ရှိနေအုံးမည်...

ဒါကိုသိသည်ဖြစ်တဲ့ နတ်မင်းများနဲ့ လူအဖြစ် ပြန်လည်မွေးဖွားလာမယ့် မိစ္ဆာနှလုံးသားပိုင်ရှင် အား ...ထိုသို့သော ဖိနှိပ်မှုမရှိရန် နာကြင်မှုမခံစားရစေရန် ဆင်းရဲမှုမကြုံရစေရန် နာကြည်းမှုမဖြစ်ပေါ်စေရန် အမုန်းတရားနဲ့အငြိုးအတေးများ သူ့တစ်သက်မှာ ရှိမနေစေရန် အကွက်ချကာ စီစဉ်ပေးခဲ့ကျသည်....

မိစ္ဆာနှလုံးသား ပိုင်ရှင်ဟာ မွေးဖွားလာထဲက ယခုချိန်ထိ နာကြည်းမှု အမုန်းဆိုတဲ့ အရာနှစ်ခုကို တစ်ခါမှပင်မခံစားရသလို ကြုံလည်း မကြုံတွေ့ခဲ့ရပါ...

(ကျီးချူအဆောင်)

ဝမ်းနင်ဟာ ကုတင်ပေါ်က သူ၏အသက်သခင်ကျေးဇူးရှင်အား အတတ်နိုင်ဆုံး ကုသနေသည်....

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သခင်လေးရှောင်းကျန့်သာ မကယ်တင်ခဲ့ရင် ယခုချိန်ထိ သူရှင်သန်နေနိုင်မည်မဟုတ်ပါ...သူ၏ ဆရာ သူ၏ဆရာနဲ့ သခင်လေးရှောင်းကျန့်သာ ရှိမနေခဲ့ရင် သူဟာ ရှင်သန်နေရတဲ့ တစ်သက်တာလုံး သူများ၏ အရုပ်တစ်ရုပ်သာ ဖြစ်နေလိမ့်မည်...

အဆောင်တော်ထဲတွင် ...ဝမ်းနင်နဲ့ ကြင်ယာတော်နှစ်ယောက်သာ ရှိသည်..

နန်းတော်မြို့ရိုးမှာတော့ မိစ္ဆာခေါင်းဆောင်နဲ့ မင်းကြီးတို့၏ စကားအချေအတင် ဖြစ်ပွားနေသည်...

ရှေ့တန်းတွင် ဆေးလူသားများကိုသာ ထားခဲ့ပြီး သူကတော့ မင်းကြီးရှိရာ သူလိုချင်တဲ့ မိစ္ဆာနှလုံးသားရှိရာကိုသာ လာခဲ့သည်...

သူဟာ မိစ္ဆာတစ်ကောင်ဖြစ်တာမို့ ...သာမာန်စစ်သည်များဟာ သူ့အတွက် ပုရွက်ဆိတ်တွေကိုသ-တ်သလို ဖြစ်နေလိမ့်မည် ..

မိစ္ဆာဆိုပေမယ့်လည်း ရက်စက်တတ်သည်မဟုတ်တာမို့ ..သာမန် စစ်သည်များကိုသ-တ်ရန် မတွေးပါ ဒါကြောင့်လဲ သူနဲ့ ပညာတူသည့် လူထံကိုသာ ကိုယ်တိုင် ရောက်လာခဲ့သည်...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now