Zawgyi
မင်းကြီးနဲ့ ကြင်ယာတော်ဟာ .. ပန်းဥယျာဉ် ထဲတွင် လှပတဲ့ နှင်းဆီ ပန်းလေးတွေကို နှစ်ယောက်အတူ စိုက်ထားကျသည်... နှင်းဆီလေးတွေဟာ အချိန်ကာလတစ်ခုကြာတော့ လှပစွာပွင့်လန်းလာကျသည်...
အချိန်တစ်ခုထိ ကြာမြှင့်လာတာနဲ့ ... ချယ်ရီပင်လေးတွေလည်း အရွယ်ရောက်လာပါသည်.. ကြင်ယာတော်သိမ့်ကြိုက်သည့် သစ်တော်ပင်ဟာလည်း ကြီးပြင်းလာပြီး အသီးသီးရန်အပွင့်လေးတွေပင် ပွင့်နေပါသည်..
"မင်းကြီး
"ဟင်
"တကယ်လို့ မင်းကြီးပြောပြဖူးတဲ့ တဲအိမ်လေးမှာ နေဖြစ်ခဲ့ကျရင် ... အဲ့ဒီတဲအိမ်လေးမှာလည်း အခုလို ပန်းပင်လေးတွေစိုက်ကျမယ်နော်..
"အင်း မင်းသဘော...
ရှောင်ပိုင်ဟာ မင်းကြီးအတူ စိုက်ပျိုးခဲ့တဲ့ နှင်းဆီပင်လေးများကို ကြည့်ကာ လှပစွာ ပြုံးနေပါသည်.. ထိုလှပစွာ ပြုံးနေတဲ့ ကောင်လေးကိုတော့ မင်းကြီးက ပြုံး၍ကြည့်နေမိပါသည်.
"မင်းကြီး ..ဘာလို့ရှောင်ပိုင်ကို စိုက်ကြည့်နေတာလည်း
"မင်းအရမ်းချစ်စရာကောင်းနေလို့ ကြည့်တာ
"အဲ့လိုကြီး စိုက်ကြည့်မနေပါနဲ့
"ဘာလို့လည်း ..မင်းကတကယ်ချစ်စရာကောင်းနေတာကို
"ဟို အော် မြို့ထဲမှာ ဆုတောင်းပန်းပွဲတော်ရှိတယ်လို့ကြားတယ်
ရှောင်ပိုင်ဟာ မင်းကြီး၏စကားတွေကြောင့် ရှက်သွေးဖြာကာ ပါးလေးတွေပင် နီလာသည်..မင်းကြီးကိုစကားလမ်းကြောင်းလွဲပြီး ပွဲတော်အကြောင်း မေးလိုက်သည်...
"အင်း ရှိတယ်..
"ဆုတောင်းပန်းပွဲတော်ကို မင်းကြီးသွားဖူးလား
"ကိုယ်လား တစ်ခါမှမသွားဖြစ်ဘူး.. ပွဲတော်ကိုလာရောက်ကျတဲ့လူတွေက စုံတွဲတွေကြီးပဲ
"ဟင် ဘာလို့လဲ
"ပုံပြင်တွေ ဒဏ္ဍာရီတွေထဲက မိစ္ဆာဘုရင်နဲ့သန့်စင်နှလုံးသားပိုင်ရှင် တို့ကို လွမ်းစွတ်တဲ့အနေနဲ့ ဆုတောင်းပွဲတော်လုပ်ကျတာ...
YOU ARE READING
Complete Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)
RandomYizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝမ်ရိပေါ်) ဝမ်မေရွယ် လုန်သယ် လျိုချင် ရှောင်း ဟန်မင် ဖုန်းယိုး ရှောင်းရွဲ့ရှား ကျောက်လင်"လီ