Love piano🌸Ep.17

724 34 2
                                    

Zawgyi

အချစ်က ထင်သလောက်လဲ အရေးမကြီးပါဘူး.. အချစ်က ရာထူးအာဏာတွေလဲမရှိဘူး ဂုဏ်တွေတန်ဖိုးရတနာတွေလဲ မရှိဘူး... အရာရာနဲ့ ရွေးချယ်ခိုင်းလာရင် အချစ်ကို ဖက်ရှားမိပါလိမ့်မယ်

တစ်ချို့ကပြောကျတယ် အချစ်က တိုက်ခိုက်ခြင်းတစ်မျိုးပဲတဲ့... ချစ်မိလာကျတဲ့အခါ ကိုယ်ချစ်တဲ့လူအတွက် အရာရာကို စိုးရိမ်ပူပန်ရပြီး... မနက်အိပ်ယာထ အစ ထမင်းစားချိန် ညအိပ်ချိန်အထိ .. ပူပန်နေရတယ် ပူလောင်ရပါသတဲ့

တစ်ချို့ကတော့ အချစ်ကြောင့် ပျော်ရွင်ရတယ်.. ချစ်ရသူနဲ့ အတူတူသာရှိနေရင် ဘယ်လို အခက်အခဲမဆို ရင်ဆိုင် ကျော်ဖြတ်နိုင်ကျတယ်

"ရှောင်ပိုင်...

"ဟင်...

"ငါ နန်းတော်အပြင်သွားမလို့...

"ငါလိုက်ခဲ့မယ်...ယဲ့မမရေ ပိုင်ပိုင် ရိပေါ်နဲ့ အပြင်သွားတယ်နော်....

အဆောင်တော်ရှေ့လမ်းလျှောက်နေချိန်... ရိပေါ်လာတာမို့ လမ်းလျှောက်နေတာကိုရပ်ပြီး ရိပေါ်အနားသွားလိုက်လေသည် ..ရိပေါ်က နန်းတော်အပြင်ထွက်စရာရှိသည်ဟု ပြောတာမို့... သူပါလိုက်ရန် အဆောင်တော်ထဲတွင် ဝတ်ရုံများ အစင်တကျလုပ်နေတဲ့ အထိန်းတော်ယဲ့ကို အော်ကာ ပြောသည်..

"ခဏ....

"မင်းအပြင်သွားတိုင်း ပုဝါအုပ်ထားလေ့ရှိတယ် ဘာကြောင့်လဲ

"ဟင်အင်...ငါလည်းမသိဘူး ငါဟိုအရင်ငယ်ငယ်ထဲက အိမ်တော်အပြင်ထွက်စရာရှိရင် ပုဝါအမြဲအုပ်ပြီးမှထွက်လို့ မှာထားတာ

"ဟုတ်ပါပြီ...ကဲသွားကျမယ်..တော်ကြာမှောင်သွားလိမ့်မယ်



"မယ်မယ်..ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား

"ဟင့် ငါ့ကိုကြောလို့ဘယ်ရပါ့မလဲ... ငါကိုယ်တိုင် အပြစ်ပေးလို့မရလည်း မင်းကြီးကိုယ်တိုင် အပြစ်ပေးအောင် လုပ်ရတာပေါ့



"ရိပေါ် ငါတို့ ဒါဝယ်ရအောင်..

"အဲ့ဒါ ဘာလည်း.

"တုတ်ထိုး အချဉ်လုံးလေ.. ငါ ငါ စားဖူးချင်လို့

စားချင်တာရှိရင် ရိပေါ် ဝတ်ရုံစလက်မောင်းကို လှုပ်ရမ်းကာ ဝယ်ခိုင်းတဲ့ အပြုအမူ လေးကအကျင့်တစ်ခုလိုပင် ဖြစ်နေပါသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now