Love piano🌸Ep.1

4.2K 88 5
                                    

(Zawgyi🌸✨)
လွန်ခဲ့သော နှစ်ပေါင်း 80000ခန့်က ကောင်းကင်ဘုံနဲ့ငရဲပြည်တို့ဟာ အသေအကြေတိုက်ပွဲဝင်ခ့ကျပြီး မိစ္ဆာဘုရင်ဟာ လောကလေးခုကို ပျက်စီးပျက်သုန်းကိန်း စိုက်အောင် သောင်းကျန်း လေသည်

ထိုအချိန် မိစ္ဆာဘုရင်၏ ချစ်ရသူဟာ သူ၏ သန့်စင်သော နှလုံးသားကို မိစ္ဆာဘုရင်အား ပေးဆပ်ကာ သူ၏ ဝိညာဉ် ကိုတော့ ဖုကျန်းရေအောင် ဂူကြီး တစ်ခုတွင် ချိတ်ပိတ်ခံထားရသည်

မိစ္ဆာဘုရင် ချစ်ရသူကို အဆုံးရှုံးခံလိုက်ရပြီး သူ့ကိုသူ အဆုံးစီရင် ကာ ဝမ်းနည်းခြင်းကို ဖြေဖျောက်ခဲ့သည် .... အဲ့ဒီအချိန်အခါက မိစ္ဆာဘုရင်နဲ့ သူ၏ချစ်သူတို့ အတူ အသက်ကြွေလွင့်ခြင်းဟာ လောကလေးခုမှာ ပျံ့နှံ့ သွားခဲ့လေသည် ယခုသည်တိုင် မြို့ထဲ ပုံပြင် ပြောသမားတွေကြား ကလေးသူငယ်များကြား ရေဗန်းစားနေ‌ရွေ့ရှိသော် ဒဏ္ဍာရီပုံပြင် တစ်ပုဒ်ဖြစ်လေသည်

(နဂါးမင်းကြီး တစ်ပါး အုပ်ချုပ်သော် ဟန် မင်းဆက်)

နဂါးမင်းကြီးကို နှစ်100တစ်ခါ အပျိုတော်များ ဆက်သရသည် တစ်အိမ်တော်တစ်ယောက် မပျက်ကွက်ရပဲ နှစ်100ပြည့်တိုင်း ဆက်သရလေသည် ထိုဆက်သခံရတဲ့ အပျိုတော်များဟာ ဘယ်သောအခါကမှ အိမ်တော်ကို ပြန်မလာနိုင်တော့ပါ

နဂါးမင်းကြီး နန်းတော်ကို ဝင်ရောက်ဆက်သခံရတဲ့ အပျိုတော်များ လုပ်ရမယ့် အရာကတော့ မင်းကြီး မျက်စိကျအောင် လုပ်ရခြင်းသာ ဖြစ်သည် မင်းကြီး သဘောကျလျှင် ဘုရင်မတစ်ပါးလို ဆက်ဆံခံရပြီး မင်းကြီး သဘောမကျသူ မင်းကြီး မသိတဲ့ အပျိုတော်များကတော့ နန်းတွင်းက ခွေးတစ်ကောင်လောက်တောင် အာဏာမရှိပါ

ယခုလဲ နှစ်100 ပြည့်ပြီမို့ ဟန်ပြည်တော်အတွင်းက အိမ်တော်ကိုယ်စီဟာ သူတို့၏ သမီးတော်များကို မင်းကြီးအား ဆက်သရန် အသီသီ ပြင်စင်လို့နေကျသည်

အိမ်တော်များအနက် ခေါင်းမီးတောက်နေရတဲ့ အိမ်တော်သည်ကတော့ ရှောင်းအိမ်တော်သာ ဖြစ်သည် ..... ပထမ နှစ်100ပြည့်တုန်းက တစ်ဦးတည်းသော် သမီးဖြစ်တဲ့ ရှောင်းရွဲ့ရှားကို မင်းကြီးအား ဆက်သခဲ့သော်လဲ ဒီတစ်ခါ နှစ်တစ်ရာပြည့်မှာတော့ ဆက်သစရာ သမီးမိနားကလေး မရှိတော့ပါ.... သမီး မရှိရင်တောင် အနည်းဆုံး တစ်အိမ်တော်မှာ နှစ်ခါ ဆက်သပေးရသည်မို့ သမီးတစ်ယောက်ပဲ ထွန်းကားခဲ့သည့် ရှောင်းသခင်ကြီး ကြံရာမရ ဖြစ်နေခဲ့သည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Unde poveștirile trăiesc. Descoperă acum