Love piano🌸Ep.13

768 38 6
                                    

Zawgyi

ယော်ကျားတစ်ယောက်ကို နစ်နစ်ကာကာ ချစ်မိခဲ့ပြီး ထိုယော်ကျားနဲ့ ပတ်သ-တ်လာရင် မည်သူ့စကားကိုမှ နားမဝင်တော့တဲ့ အမျိုးသမီးတစ်ယောက်

မိန်းမတစ်ယောက်ရဲ့ သိက္ခာဆိုတာတွေကို လစ်လျူရှု့ပြီး ထိုယော်ကျားရှေ့မှာ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာတွေကိုတောင်မေ့ပြီး ဆွဲဆောင်ဖူးပါသည်

ပြန်ရလာတဲ့ ရလဒ်ဟာ ထိုယော်ကျားရဲ့ လစ်လျူရှု့မှုတွေသာဖြစ်သည်... သူဟာ အဆင့်မြှင့် အိမ်တော်ကဖြစ်ပြီး တော်ဝင်မျိုးနွယ်စုက မွေးဖွားလာခဲ့တဲ့ မိန်းကလေး တစ်ယောက်ပါ သူမ ကို လိုချင်တတ်မက်ကျတဲ့ ယော်ကျားတွေ တစ်ပုံကြီး ရှိပါသည်.... သို့သော် သူ့ကိုလစ်လျူရှု့တဲ့ ယော်ကျားတစ်ယောက်ကို အပြီးအပိုင် ချစ်နေမိသည်သာ

သူမဟာ ပြိုင်ဘက်ကင်းတဲ့ အလှမိဘုရားဆိုပြီး ကျော်ကြားခဲ့သည်မှာပင် နန်းတော်တစ်ခုလုံး သိပါသည်..... အဆင့်နှိမ်ကြင်ယာတော် တစ်ယောက်နဲ့ သူချစ်ရတဲ့ ထိုယော်ကျားကို ပြိုင်လုရမယ် ဆိုတာဟာ အလွန်ကို ဟာသဆန်လွန်းသည်....

ညက ကိစ္စတွေကြောင့် ရှောင်ပိုင်  ကောင်းကောင်း အိပ်မပျော်ခဲ့ပါ..... ဒါကြောင့် မနက် အိပ်ယာနိုးထလာတော့ စိတ်တွေက ကောင်းကောင်း မကြည်လင်ပါ

"မိဘုရား ဒါမျိုးမလုပ်သင့်ပါဘူး ....

"ဖယ်စမ်း...

"မင်းကြီးသာသိရင် မိဘုရား ဒုက္ခရောက်လိမ့်မယ်

"အို ... မိဘုရား တစ်ယောက်အနေနဲ့ ကြင်ယာတော်တစ်ယောက်အဆောင်တော်ကို ဝင်တာဘာများ အပြစ်ရှိသလဲ

မျက်လုံးဖွင့်ဖွင့်ခြင်း ဆူညံ့နေတဲ့ အသံတွေကြောင့် .... ကုတင်ဘေးက ပုဝါစလေးကို မျက်နှာမှာ အုပ်ပြီး အဆောင်တော်တံခါးကို ဆွဲဖွင့်လိုက်သည်

"ဘာတွေ ဖြစ်နေကျတာလဲ

ရှောင်ပိုင်အဆောင်တော်တံခါးကို ဖွင့်ကာ  ထိုသို့မေးသည် အိပ်ရေးမှာမဝသေးတာမို့ အိပ်ချင်မူးတူးနဲ့ပါပင် ဆံပင်တွေကလဲ ပုံမှန်ထက်အနည်းငယ်ရှုပ်နေသည် ....ဝတ်ရုံတော်မှာ အနည်းငယ် စောင်းနေသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now