Zawgyi
ရိပေါ်တို့ သတင်းရထားတဲ့....မြို့ကို ရောက်လာကျသည်.. ထိုမြို့က အမျိုးသားတွေဟာ ခဏခဏ ပျောက်ဆုံးနေကျသည်ဟု သိရသည်...
ယခုရက်တွေကမဖြစ်တော့ပေမယ့် အရင်ရက်တွေက နေ့တိုင်းလိုလို အမျိုးသားတွေ ပျောက်ဆုံးနေကျသည် ပျောက်ဆုံးသွားတဲ့ အမျိုးသားတွေဟာ သေသလားရှင်သလား မသိရပေ...
ဒါကြောင့် ရိပေါ်တို့ဟာ မိစ္ဆာအနံကိုသာ အာရုံခံပြီး မိစ္ဆာရှိမယ့် နေရာကို သွားကျသည်... တောနက်ကြီး တစ်ခုရဲ့ အလည် မှာတော့ နက်ရှိုင်းတဲ့ ကျောက်ဂူကြီးကို တွေ့လိုက်ရသည်.. တောတွင်းထဲမှာ အလင်းရောင်တစ်စက်မှပင် မရှိပါ.. မိစ္ဆာတစ်ဝက်လူတစ်ဝက်တွေဟာ လူတွေနတ်တွေနဲ့ ရောနှောနေနိုင်ကျပြီး မနက်ဘက်တွေမှာလည်း သွားလာနိုင်ကျသည်... မိစ္ဆာတွေကတော့ အလင်းရောင် ထိတွေ့လို့မရပဲ တစ်သက်လုံး အမှောင်ထဲမှာသာ နေထိုင်ကျသည်...ဒါကြောင့် အခု သောင်းကျန်း နေတဲ့ မိစ္ဆာဟာ မိစ္ဆာသက်သက်ဖြစ်သည်..ဒါကြောင့်လည်း အလင်းတစ်စက်မှမရှိတဲ့ တောထဲမှာ လာနေသည်လေ...
မီးဒုတ်တွေနဲ့ ထိုဂူကြီးထဲကို ဝင်သွားလေသည်...ဂူအတွင်းတစ်လျှောက် ထူးဆန်းတာမျိုးတစ်ခုမှပင်မတွေ့ရချေ ...ဒါကြောင့် လ်ျုချင်တစ်ယောက် သူတို့ နေရာများမှားနေသလားဟု တွေးလိုက်မိသည်..
လျိုချင်ပဲ တွေးလို့မဆုံးသေးပဲ... လူသံတစ်ချို့ ကြားလိုက်ရသည်...အသံရှိရာ သွားကြည့်မိတော့..ငယ်ရွယ်တဲ့ အမျိုးသား များစွာကို တွေ့လိုက်ရသည်...ခိုင်မာတဲ့ သံတိုင်တွေကြားမှာ အပိတ်လောင်ခံထားရတာကလွဲလို့ သူတို့ကိုယ်ပေါ်မှာ ဘာအနာအဆာမှပင် မရှိချေ...
မင်းကြီးနဲ့ လျိုချင်တို့ဟာ သံတိုင်နောက်က လူတွေကို ထုတ်ပေးရန်အပြင် လူတစ်ယောက် သူတို့ နောက်ကပေါ်လာသည်...
"သူတို့ကို ကယ်ချင်ရင် အလည်းအလဲ လုပ်ရမယ်...
မျက်နှာဖုံး တစ်ဝက်ကိုအုပ်ထားတဲ့ လူတစ်ယောက်ဟာ မင်းကြီးနဲ့လျိုချင်အနောက်တွင် ရောက်နေသည်...အနောက်ကအသံကြောင့် ရိပေါ်လှည့်ကြည့်လိုက်သည်..နောက်ထိုလူရဲ့ ပုံစံဟာ ဆိုးဝါးသည်မဟုတ်တာမို့ စကားကောင်းကောင်း ပြောလို့ရနိုင်သည်ဟု ထင်လိုက်သည်...
आप पढ़ रहे हैं
Complete Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)
बेतरतीबYizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝမ်ရိပေါ်) ဝမ်မေရွယ် လုန်သယ် လျိုချင် ရှောင်း ဟန်မင် ဖုန်းယိုး ရှောင်းရွဲ့ရှား ကျောက်လင်"လီ