Love piano🌸Ep.5

1K 46 5
                                    


(Zawgyi )
နှစ်ပေါင်း ဘယ်လောက်ထိပဲ ကြာမြှင့်ခဲ့ပါစေ စစ်ပွဲတွေဟာ ဖြစ်နေစဲပင်.... ယခုအခါတွင် နတ်တွေမိစ္ဆာတွေ ရှိနေသေးသော်လဲ သူတို့ ကို မြင်ရဖို့ ခက်ခဲပါသည်... မိစ္ဆာများသည် လူတွေနဲ့အတူ ရောနှောနေကျတာမို့ မိစ္ဆာ ကတော့ဘယ်သူ ငါကတော့ လူဆိုပြီး ခွဲခြား၍ မရတော့သလို ခွဲခြား ခြင်းတွေလဲမရှိတော့ပါ

ဟန်တိုင်းပြည်ဟာ တိုင်းပြည်ကြီး ငါးခုအနက် ပထမအဆင့်မှာ ရှိတဲ့ အကြီးဆုံး တိုင်းပြည်ကြီး ဖြစ်သည် နည်းပညာ တိုးတက် မှုရှိသလို လူနေမှုအဆင့်အတန်းသည်လဲ မြှင့်မားပါသည်

ဟန်တိုင်းပြည် ခုနှစ်မျိုးဆက် နဂါးမင်းကြီး လက်ထက်တွင် ဟန်တိုင်းပြည်ဟာ အရင်ကထက် ပိုမိုလို့ တိုးတက်ခဲ့သည် ဟန်မင်းအဆက်ဆက် မင်းတရားကြီးများဟာ ထက်မြတ်တဲ့ မင်းများ ဖြစ်ခဲ့လေသည်
ပြည်သူများဟာ မင်းအဆက်အဆက်အထိ တိုင်းပြည် နဂါးမင်းကြီးကို သက်ဝင်ရိုသေကျလေသည်

တိုင်းပြည်ကြီး ငါးခုအနက် ဝူတိုင်းပြည် ချူတိုင်းပြည်ယန်တိုင်းပြည် လုံတိုင်းပြည် ဆိုပြီး ရှိကျလေသည် ထိုတိုင်းပြည်ကြီးများဟာ တစ်တိုင်းပြည်နဲ့တစ်တိုင်းပြည်ဟာ မိတ်ဆွေမဟုတ်သလို ရန်သူလဲ မဖြစ်ကျပါ ... တိုင်းပြည်တိုင်းဟာ သူ့ဟာနဲ့သူ သိမ်းပိုက်လို့မရနိုင်တဲ့ ဗျူဟာများရှိသည်... အင်အားနည်းရင် အင်အားများသုက ဝါးမြိုမှာပဲလေ

ဟန်တိုင်းပြည် ကြီး၏ မင်းတရားကြီးကတော့ ဘိုးဘေးမင်းအဆက်အဆက်က ထိန်းသိမ်းခဲ့ရတဲ့ ဖုကျန်း ဂူကြီးကို စောက်ရှောက်ခဲ့ရသည် အဲ့ဒီဂူထဲမှာ နဂါးကြီးတစ်ကောင် ရှိနေတာကလွဲလို့ ကျန်တာ ဘာမှမသိရပါ။

ရက်လနှစ်ချီ စစ်မြေပြင်ပေါင်း ရှစ်ခုကို အောင်နိုင်ပြီး ပြန်လာတဲ့ မင်းကြီး သူ၏ ဘေးတွင်တော့ စစ်သူကြီး ဟန်မင် လက်ထောက်စစ်သူကြီး ဖုန်းချီ တို့ ရှိကျပြီး စစ်သည်များဟာ ဟန်တိုင်းပြည်အလံအား ကိုင်တောင်၍ မြို့တော်ကို ဝင်လာကျသည်

မြှင့်မြတ်တဲ့ မင်းတရားကြီး စစ်နိုင်လာတာမို့ ပြည်သူပြည်သားများဟာ လမ်းမပေါ်ထွက်ကာ... ပန်းများနဲ့ ကြိုဆိုကျသည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now