Love piano🌸Ep.23

706 34 8
                                    

Zawgyi

အနောက်ဆောင်ဘက်တွင် အစေခံများ သမားတော်များ ခြေရှုပ်သည်အထိ ပြေးလွှားနေရသည် အကြောင်းအရင်းကတော့ ... ကြင်ယာတော် သတိလစ်မေ့မျောသွားလို့သာဖြစ်သည်

လျိုချင် မနက်မိုးလင်းတော့ အကျဉ်းခန်းတွေဘက်ကို သွားကြည့်မိရာ...အေးစက်တဲ့ကြမ်းပြင်ပေါ်မှာ လည်းကျနေတဲ့ ရှောင်ပိုင်ကို မြင်လိုက်ရသည်....

ဝတ်ရုံများဟာ သွေးများစွန်းနေပြီ အရိုတ်ခံထားရတဲ့ ဒဏ်နဲ့ အေးစက်တဲ့ အခန်းထဲမှာ မစားမသောက် နေနေရတာမို့ ခန္ဓာကိုယ်က မခံနိုင်တော့ပဲ အားအင်ကုန်ခမ်းသွားရန်...

ကြင်ယာတော်၏ သတင်းကိုကြားတာနဲ့...ညီလာခံခန်းမကနေ ပြေးလွှား ထွက်သွားတဲ့သူကတော့ မင်းကြီးသာဖြစ်သည်...ခန်းမထဲရှိ ဝန်ကြီးများ အရာရှိများ မှူးမတ်များမှာမှု မင်းကြီးရဲ့ အပြုအမှုကြောင့် ပါးစပ်အဟောင်းသား ကျန်ခဲ့ကျရသည်....

မင်းကြီးဟာ အကျဉ်းခန်းဘက်ကို အပြေး..သွားကာ လည်းကျနေတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ.... အဆောင်တော်ကိုသွားသည်

မင်းကြီးရဲ့ မျက်နှာပေးခံရပြီး မင်းကြီး အချစ်တော်လို့တောင်ထင်ရတဲ့ ကြင်ယာတော် ကို ကုသပေးရမယ့် သမားတော်များမှာ ဒူးများတုန်ပြီး ချွေးဇောများ ပြန်ရပါသည်...တစ်ခုခုများ အမှားအယွင်း ရှိလာရင် ခေါင်းပြတ်မှာက သူတို့ သည်လေ....

"မင်းကြီး...ကြင်ယာတော်က အသက်အန္တာရယ်တော့မစိုးရိမ်ရပါဘူး...ဒါပေမယ့်...

"ဆက်ပြော ! ! !

မင်းကြီးရဲ့ အမိန့်သံပါတဲ့ အသံကြောင့် သမားတော်ဟာ ကြမ်းပြင်ပေါ် ဒူးထောက်ပြီး မင်းကြီးအား လျှောက်တင်လေသည်...

"ပြစ်ဒဏ်ကြောင့်လည်း ခန္ဓာကိုယ်က အားနည်းနေပါတယ်...အစားအသောက်မစားတာလည်း တစ်လကျော်လောက်ရှိနေပြီမို့ အားအင်လည်း နည်းပါနေပါတယ် ပြီးတော့..နှလုံးသွေးကြောတွေထဲမှာ ကြောက်လန့်သွားပါတယ်..ဒါကြောင့် ကြင်ယာတော် ရက်ပိုင်းလောက် မေ့မျောနေနိုင်ပါတယ်...ဒီရက်တွေမှာ ကောင်းကောင်းပြုစုပေးရင်တော့ ကြင်ယာတော်က အကောင်းတိုင်း ပြန်ကျန်းမာလာမှာပါ...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now