Love Piano🌸Ep.31

623 36 6
                                    

Zawgyi

အိပ်ဆောင်ဝင်တဲ့ညမှာ မင်းကြီးက တစ်ခြား မိန်းမတစ်ယောက်ကို အဆောင်တော်ကိုခေါ်သွင်းပြီး သူ့ကို ပြစ်ပယ်ခဲ့သည်ကို တစ်ခြား သူများ သိလျှင် သူ၏ မျက်နှာဟာ ထားစရာနေရာပင်မရှိတော့ပါ....

သူဟာ ထိုမိန်းမနဲ့ ဘယ်နေရာတွေများ မယှဉ်နိုင်တာမျိုး ရှိလို့လား...ထိုမိန်းမဟာ သူ့လောက်လည်း မလှပပါဘူး သူ့လောက်လဲ အဆင့်အတန်းမမြှင့်မားပါပဲ ဘာကြောင့် ထိုလိုမိန်းမထံမှာ သူက ရှုံးနိမ့် ခဲ့ရတာလဲ....

မင်းကြီးနဲ့ အိပ်ဆောင်ဝင်ရတာမို့ အလှဆုံးပြင်စင်ခဲ့သည် အလှပဆုံး အဝတ်အစားကို ဝတ်စင်ခဲ့သည်...မင်းကြီး စိတ်အလိုတော်ကျအောင် သူ့ဘက်က အရာအားလုံး လုပ်ပေးနိုင်ပါသည်... သို့ပေ ဘာမဟုတ်တဲ့ ကြင်ယာတော်တစ်ပါးအတွက်နဲ့ သူ့ကို နှင်လွတ်ခဲ့သည်

ထိုခံစားချက်ဟာ မိဘုရားတစ်ပါးအနေနဲ့ရော မင်းသမီးတစ်ပါးအနေနဲ့ရော သည်းမခံနိုင်ပါ..

ဒီညအတွက်တော့ မေရွယ်ငိုမိပါသည်...ဘယ်တုနားကမှ မျက်ရည်ကျစရာမလိုအပ်အောင် ပြီးပြည့်စုံလွန်းတဲ့ မေရွယ်ဟာ ယခုအခါမှာတော့ ရှိုက်ကာငိုမိနေသည်...

ကြင်ယာတော်တစ်ပါးနဲ့ယှဉ်၍ စွန့်ပြစ်ခံရ၍ ဂုဏ်သိက္ခာကျဆင်းသည်ထက် ယော်ကျားတစ်ယောက်ဆီက စွန့်ပြစ်ခံလိုက်ရတာကို မေရွယ်ပိုရင်နာမိပါသည်....

"ရှင်ဒီနေ့ လုက်ရက်အတွက် ပြန်ပေးဆပ်ရမယ်"




ညအလယ်ရောက်တော့ ရင်ခွင်ထဲက ကြင်ယာတော်ဟာ လှုပ်ရှားလို့လာသည်... ကြင်ယာတော်၏ လှုပ်ရှားမှု ကြောင့်မင်းကြီးလည်း အိပ်နေရာမှ နိုးသွားသည်..

ရင်ခွင်ထဲက ကြင်ယာတော်ကို ကြည့်လိုက်တော့ ချွေးစေးများပြန်ကာ မျက်နှာလေးကလဲ ဖြူဖျော့နေလို့ပင်..မင်းကြီးဟာ သူ၏လက်ကိုသုံးပြီး ကြင်ယာတော်၏ လည်တိုင်ကို လက်ဖမိုးလေးနဲ့ ထိကြည့်လိုက်တော့ ပူကျစ်နေတဲ့ အသားအရေးနဲ့ထိတွေ့မိသွားသည်...

အိပ်ဆောင်ကမင်းကြီး၏ လှုပ်ရှားမှုရှိတာနဲ့ အပြင်က ကုန်းကုန်းဟာ အဆောင်တော်ထဲ ဝင်လာလေသည်...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Unde poveștirile trăiesc. Descoperă acum