Love piano🌸Ep.27

651 26 5
                                    

Zawgyi

ကျန့်အာ....ကိုယ်မင်းကိုသိမ့်ချစ်တယ်

ငါကမင်းလို ယော်ကျားတွေကို သဘောမကျဘူး...

ငါမင်းကိုမုန်းတယ် အရမ်းမုန်းတယ် မင်းကိုဘယ်တုန်းကမှ မချစ်ခဲ့ဖူးဘူး...

ရှောင်ပိုင် ခေါင်းများကိုက်ခဲလာပြီး နားထဲမှာလည်း မရေမတွက်နိုင်လောက်အောင် ပုံရိပ်များ ပြေးလွှားနေသည်... ခေါင်းဟာ ပေါက်ကွဲမတတ်ဖြစ်နေပြီး ရှောင်ပိုင်လဲနာကြင်လွန်းလို့ ဦးခေါင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ကာ အော်ဟစ်နေမိသည်....

ဂူကြီးဟာ ပွင့်ပြီးတော့အထဲမှာ ဘာအရာမှရှိမနေပဲ....ပုလဲပုလင်းလေး တစ်ခုထဲမှာ အနီရောင်ရှိတဲ့ အလင်းရောင်လေး တစ်ခုကိုထည့်ထားသည်ကိုသာ တွေ့ရသည်...

ထိုဂူကြီးအတွင်းမှာ ကျောက်တိုင်တွေနဲ့ ခန်းနားသယောင်ရှိလှတဲ့ လှပတဲ့ အရာအစင်းတွေရှိသည် သို့သော် ပစ္စည်းဟု ထင်ရသည့်အရာများကိုတော့ မတွေ့ရချေ....

ရှောင်ပိုင် ခေါင်းထဲမှာ ပေါ်နေတဲ့ ပုံရိပ်တွေကို မမြင်ရတော့...ခေါင်းများနာကြင်ခြင်းကလဲ ပျောက်ကွယ်သွားသည်..ဒါကြောင့် ဒီဂူကြီးထဲမှာ ဘာများ ရှိလေမလဲ ဆိုကာ...စပ်စုရန် လိုက်ကြည့်နေသည်....

ရှောင်ပိုင် ဂူကြီးထဲကို သိမ့်ပင်လမ်းမလျှောက်ရသေးပဲ...ပုလင်းလေးတစ်ခုကို မြင်လိုက်ရသည်...ထိုအထဲက အလင်းယောင်လေးတစ်ခုဟာ ရှောင်ပိုင်ကို ခေါ်နေသယောင်...

ထိုအလင်းရောင်လေးဟာ ရှောင်ပိုင်ရဲ့ စိတ်ကို ညို့သွင်းလိုက်သည်....ရှောင်ပိုင်ဟာ လှပတဲ့ ပုလင်းလေးအနားကို တစ်ဖြေးဖြေး တိုးကပ်သွားသည် နှုတ်မှာလဲ.."ငါလာပြီ" ဆိုတဲ့စကားကိုပြောနေပြီး ပျော်ရွင်နေတဲ့ အပြုံးတစ်ခုကို ပန်စင်ထားသည်...

ပုလင်းလေးအနားကို ရောက်သွားတော့ ရှောင်ပိုင်ဟာ ထိုပုလင်းလေးကို ကောက်ယူလိုက်သည်...နောက်ပြီးတော့ ပုလင်းလေး၏ ပုလဲအဖုံးလေးကို အသာအယာ ဖွင့်လိုက်သည်..

ပုလင်းလေးက ပွင့်သွားတာနဲ့ ထိုအထဲက အနီရောင်ရဲရဲတောက်နေတဲ့ အရာလေးဟာ ရှောင်ပိုင် နှလုံးသား တည့်တည့်ကို တိုးဝင်သွားသည်...

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)जहाँ कहानियाँ रहती हैं। अभी खोजें