Love piano🌸Ep.18

679 32 2
                                    

Zawgyi

စစ်မြေပြင်လို့ ထင်ရတဲ့ နေရာတစ်ခုမှာ သွေးများနဲ့ လည်းကျနေတဲ့ လူတစ်ယောက်ရယ် မိစ္ဆာအငွေ့အသက်တွေနဲ့ လူသ-တ်နေတဲ့ လူတစ်ယောက်ရယ်

ကြည့်ရသည်က ကောင်းကင်ဘုံထင်ပါ့...အမဲရောင်တိမ်မဲတွေ ရှိနေပြီး အပြာရောသာ ကောင်းကင်ကြီး မှောင်မိုက် နေပြီး သွေးမိုးတွေက သည်းကြီးမည်းကြီး ရွာကျနေသည်

မျက်လုံးများဟာ မီးတောက်တွေလို တောက်လောင်နေပြီး ကြောက်စရာကောင်းတဲ့ အကြည့်တွေဟာ သ-တ်မယ်ဖြတ်မယ် ဖြစ်နေသည်

ထိုနောက် နောက်ထပ်တစ်နေရာကို မြင်လိုက်ရပြန်သည်...ဒီနေရာဟာ ဘယ်သူမှရှိမနေပဲ အကုန်လုံးက မှောင်မည်းကာနေသည်... ထူးဆန်းတာမို့ သူဘယ်ရောက်နေလည်း လိုက်ကြည့်နေမိတော့ သူ့ရှေ့ကို အဖြူရောင် ဝတ်ရုံနဲ့ လူတစ်ယောက်ကရောက်လာပြီး ကျောခိုင်းထားသည်

ဘယ်သူလည်းဟု မေးမိတော့.. ငါကမင်းပဲ ဟုဆိုသော အဖြေတစ်ခုရလိုက်သည်.. အဓိပ္ပာယ် ကို နားမလည်တာမို့ ထိုလူအနား တဖြေးဖြေး ကပ်သွားကာ မင်းပြောသည့် အဓိပ္ပာယ် က ဘာလည်းဟု မေးတော့...

"မင်းသူ့ကို မှတ်မိမှရမယ်".... ဆိုသည် စကားကိုပြောပြီး သူ့ကိုလည်း အဝေးတစ်နေရာကို တွန်းထုတ်တာ ခံလိုက်ရသည်။

"အားးးးး.......

"ရှောင်ပိုင် ... ဘာဖြစ်တာလည်း

ညက အဆောင်တော်မပြန်ဖြစ်တဲ့ မင်းကြီးဟာ ရှောင်ပိုင်ရဲ့ ကုတင်ဘေးမှာ အိပ်ပျော်နေသည်..ရှောင်ပိုင်ရဲ့ အော်သံကြားတော့ အိပ်ယာက လန့်နိုးသွားရသည်

"မင်း အိမ်မက်ဆိုးတွေ မက်ပြန်ပြီလား

"အင်း.....

"ရော့ ရေသောက်လိုက်အုံး...

ရှောင်ပိုင် ဒီလိုအိမ်မက်တွေ မက်ခဲ့သည်ကာ အချိန်အတော်ကြာပါပြီ... ယခုတလောတွင်တော့ နေ့တိုင်း လိုလို ထိုအိမ်မက်ကို မက်သည်

သူမက်တိုင်းလည်း စစ်ပွဲဖြစ်နေဟန်တူတဲ့ ကောင်းကင်ဘုံလို တိမ်မည်းတွေ ပြည့်နေတဲ့ နေရာတစ်ခုကိုပင်

လူတစ်ယောက်ကို သ-တ်နေတဲ့လူရယ် ငိုကြွေနေတာတွေရယ် တိုက်ခိုက်နေကျတာတွေရယ်...မျက်နှာတွေကို မမြင်ရပဲ ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးတွေကို ညတိုင်းလိုလို မက်နေခဲ့သည်

  Complete  Season. 2(Love of the night moon🌸)(Love piano🌸_မင်းကြီး၏ အချစ်)Where stories live. Discover now