Complete Season. 2(Love of...

De 2001_wang

40.1K 1.7K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... Mais

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.45
Love Piano🌸Ep.46

Love Piano🌸Ep.44

627 29 0
De 2001_wang

Zawgyi

တိမ္မည္းမ်ား အုပ္စိုးထားတဲ့ ေကာင္းကင္ဘုံတြင္ နတ္သူငယ္ေလးမ်ားနဲ႕ သာမန္နတ္ေလးမ်ားဟာ ေျပးလႊား၍ သူတို႔၏ အသက္ အႏၲာရယ္ကို ကာကြယ္ေနက်သည္....

ဘယ္လိုမွ ေရွာင္လႊဲလို႔မရသည့္အရာႀကီးကေတာ့ က်ေရာက္လို႔လာပါၿပီ...

မိစာၦဘုရင္ဟာ မွတ္ညာဏ္ႏွစ္ခုရွိပါေသာ္လည္း... ယခင္မွတ္ညာဏ္ကသာ အုပ္စိုးသြားခဲ့ၿပီး နတ္မင္းမ်ားကို သ-တ္ရန္သာ သိေတာသည္...

နတ္ဘုံတြင္ နတ္မင္းမ်ားဟာ မိစာၦဘုရင္ကို မည္သူမွပင္မယွဥ္နိုင္က်ပါ...

ယခင္က ခ်စ္စရာေကာင္းၿပီး ျဖဴစင္ၿပီး အျပစ္အနာအဆာ ကင္းမဲ့တဲ့ေကာင္ေလးဟာ ယခုအခါမွာေတာ့ ေၾကာက္စရာေကာင္းတဲ့ အေငြ႕အသက္ ေတြျပည့္နက္ေနၿပီး သူ၏ မ်က္ဝန္းေတြဟာ နီရဲကာ ေသြးမ်ားဆာေလာင္ေနသည့္ သားရဲတိရစာၦန္ လိုပါပင္...

ေကာင္းကင္ယံတြင္ မီးလုံးႀကီးမ်ားဟာ ေနရာတိုင္း ပ်ံဝဲ ေနၿပီး ေကာင္းကင္ဘုံတြင္လဲ ရစရာမရွိေအာင္ကို ပ်က္စီးလို႔ေနသည္...

နတ္မင္းေတြမွာမႈ မိစာၦဘုရင္ကို မနိုင္တာမို႔ ...ယခုခ်ိန္မွာေတာ့ ေကာင္းကင္ဘုံနဲ႕ နတ္မင္းမ်ား ပ်က္သုန္း ရကိန္း အတည္တက် စိုက္ေနပါသည္..

အမည္းေရာင္ အခိုးအေငြ႕ ေတြျပည့္နက္ေနတဲ့ ခႏၶာကိုယ္တစ္ခုဟာ ေကာင္းကင္ဘုံမွာ ထင္တိုင္းက်ဲၿပီး... စိတ္ရွိလက္ရွိ ပ်က္စီးလို႔ေနသည္

မိစာၦဘုရင္၏ အဓိက ရန္သူဟာ ေကာင္းကင္ဘုံျဖစ္တာမို႔ သူတစ္ဖန္ နိုးထလာရင္လည္း ပထမဦးဆုံး လုပ္မွာက ေကာင္းကင္ယံကို ပ်က္စီးမွာသာ ျဖစ္သည္....

ဝမ္းေခ်ာင္ဟာ မိစာၦဘုရင္၏ အားကိုးနဲ႕ သူ၏ မယ္ေတာ္ကို ကယ္ခဲ့နိုင္သည္...

ေျမျပင္ကေန ေမာ့ၾကည့္ေနမိက်တဲ့ မင္းႀကီးတို႔မွာမႈ သူတို႔ယခုဘာလုပ္သင့္လည္း ဘာလုပ္နိုင္လည္းဟုသာ ေတြးေနမိက်သည္ ... နတ္မင္းမ်ားမွာမႈ မတားနိုင္တဲ့ မိစာၦဘုရင္ကို သူတို႔ ဘယ္လို တားစီးနိုင္မလဲ...

မင္းႀကီးေတာ့ ဤသို႔မေတြ႕ပါ..မိစာၦဘုရင္ျဖစ္ျဖစ္ သူ၏ ၾကင္ယာေတာ္ျဖစ္ျဖစ္ ယခု လူဟာ သူခ်စ္ရတဲ့ သူမို႔ သူမရ ရေအာင္တားစီးရမည္... သူခ်စ္ရတဲ့လူကို မိုးနတ္မင္းႀကီး ျပစ္ဒဏ္ေပးမွာကို မလိုလားအပ္ပါ...

ေကာင္းကင္ယံက မိစာၦဘုရင္ကေတာ့ ျမင္သမွ် နတ္မင္းမ်ားကို သ-တ္ျဖတ္လို႔ေနသည္....

"ကူးကူး (ေဒၚငယ္)

"ကူးကူး သားကို ကယ္ပါ ကူးကူးး

မိစာၦ ဘုရင္၏ လက္တစ္လွမ္းအလိုတြင္ နတ္သူငယ္ေပါက္စေလး ရွိေနသည္ ဒဏ္ရာရထားတဲ့ နတ္သူငယ္ေလးဟာ အားကိုးမဲ့စြာ ငိုယိုလို႔ေနသည္ ႏႈတ္မွာလည္း သူ၏ ေဒၚငယ္ျဖစ္သူအား ေအာ္ေခၚေနသည္...

အသက္လုကာ ေျပးေနက်တာမို႔ ထိုနတ္သူငယ္ေလးကို မည္သူမွ သတိမထားမိက်ေခ်...

နတ္သူငယ္ေလးဟာ ေၾကာက္႐ြံ႕ စြာ မိစာၦဘုရင္ကို ၾကည့္ေနၿပီး ႏႈတ္မွာလဲ သူ၏ ေဒၚငယ္ကို ေအာ္ေခၚကာ လက္ေလးႏွစ္ဖက္ကို အားျပဳ၍ မိစာၦ ဘုရင္နဲ႕ေဝးရာအေနာက္ဖက္ကို ဆုတ္ဆုတ္သြားသည္...

"မင္း ဘာလို႔ေအာ္ေနတာလည္း...ၾကည့္လိုက္ မင္းေအာ္ငိုေနတာ သူတို႔သတိထားမိလား .. ဘာေတြပဲျဖစ္လာျဖစ္လာ ကိုယ့္အားကိုပဲ အားကိုးရတယ္ ဒါမွ မင္းအသက္ရွင္နိုင္မွာ..

မိစာၦဘုရင္ဟာ အျပာေရာင္ မ်က္လုံးအိမ္ေလးရွိတဲ့ နတ္သူငယ္ေလးအနားကိုသြားကာ ထိုသို႔စကားဆိုသည္....ထို နတ္သူငယ္ေလးအား စကားေျပာေနခ်ိန္ မိစာၦဘုရင္၏ နီရဲေနတဲ့ မ်က္လုံးအိမ္ဟာ သာမန္ အေရာင္သို႔ ေျပာင္းသြားသည္..

ဒါကို အေဝးတစ္ေနရာ ျမင္လိုက္ရတဲ့ မင္းႀကီးဟာ ေမွ်ာ္လင့္ခ်က္ ေသးေသးေလး ရွိသြားသည္...မိစာၦဘုရင္ဟာ လုံးဝႀကီး မိစာၦျဖစ္သြားသည္မဟုတ္ပဲ ၾကင္နာတတ္သည့္ ႏွလုံးသား ရွိေနေသးသည္ကို သိလိုက္ရသည္...

"မင္း ဒီမွာပဲ ထိုင္ငိုေနေတာ့မွာလား...ေယာ္က်ားဆိုတာဘယ္အရာကိုမွမေၾကာက္႐ြံ႕ရဘူး

မိစာၦဘုရင္ရဲ႕ ခပ္ၿပဳံးၿပဳံး မ်က္ႏွာနဲ႕ ေျပာလာတဲ့ စကားေၾကာင့္ ငိုေနတဲ့ နတ္သူငယ္ေလးဟာ မက္တပ္ထရပ္သည္...ၿပီးေတာ့ မိစာၦဘုရင္ကို စိုက္ၾကည့္ကာ စကားဆိုသည္

"မင္းက လူဆိုးမဟုတ္ဘူးလား...မင္းက လူဆိုးမဟုတ္ဘူး

နတ္သူငယ္ေလးဟာ ထိုသို႔ စကားဆိုသည္ သူ၏ မ်က္ဝန္းေလးထဲမွာလည္း ေၾကာက္႐ြံ႕ ျခင္းေတြမရွိေတာ့ပဲ ထူးဆန္းသလို ျဖစ္ေနသည္...

"သူေတာ္စင္... သူ႕မွာၾကင္နာတတ္တဲ့ ႏွလုံးသားရွိေသးတယ္ ကြၽန္ေတာ္ဘယ္လိုတားျမစ္နိုင္မလဲ

"ယခင္ မိစာၦဘုရင္က ဘယ္လိုေသဆုံးခဲ့တာလည္း သိလား..

"ခ်စ္ရသူကို ဆုံးရႈံးရလို႔ သူ႕ကိုသူ အဆုံးစီရင္ခဲ့တာမလား

"အင္း ဒါပဲေလ...မိစာၦေတြမွာ ႏွလုံးသားရွိက်တယ္

"ေျပာခ်င္တာက..

ဝမ္းနင္စကားေၾကာင့္ မင္းႀကီးဟာ နည္းနည္းေလးမွ တုန္လႈပ္ ျခင္းမရွိပဲ အေဝးတစ္ေနရာက ေသြးသံတရဲရဲနဲ႕ ခ်စ္ရသူကို လွမ္းၾကည့္ လိုက္သည္..

ၿပီးေတာ့ ခ်စ္ရသူ အနားကို တစ္ေျဖးေျဖး သြားခဲ့သည္...

"ေရွာင္ပိုင္....

အသံသာသာေလး တစ္ခု နားထဲ ၾကားလိုက္တာမို႔ အေနာက္ကို လွည့္ၾကည့္မိေတာ့ သူသိမ့္ရင္းႏွီးတဲ့ လူတစ္ေယာက္သာ ျဖစ္သည္..

ထိုလူကို ျမင္ရရင္ပင္ "ႏႈတ္ကေန အရွင္ ဆိုတဲ့ နာမ္စားေလးကို ႐ြတ္ဆိုမိလိုက္သည္...

တစ္ေျဖးေျဖး နီးကပ္လာတဲ့ လူေၾကာင့္ လက္ထဲက အနက္ေရာင္အေငြ႕အသက္အျပည့္နဲ႕ ဓ-ားမွာပင္ လြတ္က်သြားသည္...

"အရွင္ ငါမင္းကို အရမ္းလြမ္းေနခဲ့တာ မဟုတ္ဘူး အရမ္းအရမ္းလြမ္းေနခဲ့တာ..

ယခုဟာ ေရွာင္ပိုင္လား မိစာၦဘုရင္လားဆိုတာကို မသဲကြဲလွပါ...

"မင္း မွတ္မိေသးလား..ေတာင္ေပၚ က သစ္ပင္ဝါးပင္ေလးေတြျပည့္နက္ေနတဲ့ တဲအိမ္ေလးအေၾကာင္း..

မင္းႀကီးဟာ သူ႕ကိုဖက္လာတဲ့ ခႏၶာကိုယ္ေလးကို ျပန္လည္ဖက္ကာ သူနဲ႕ ေရွာင္ပိုင္ရဲ႕ အမွတ္တရေလးကို ေျပာလာသည္..

မင္းႀကီး ထိုသို႔ေျပာလိုက္ေတာ့... မိစာၦဘုရင္အသြင္နဲ႕ ခႏၶာကိုယ္ဟာ ခ်က္ခ်င္း ဆိုသလို ေရွာင္ပိုင္ရဲ႕ မႈလခႏၶာကိုယ္အသြင္ ျပန္ေျပာင္းသြားသည္...

"မွတ္မိတယ္ မင္းငါ့ကို တကယ္ပဲအဲ့ဒီေနရာေလးကို ေခၚသြားမွာလား...

"အင္း ငါဂတိေပးခဲ့တာပဲမင္းကိုေသခ်ာေပါက္ေခၚသြားေပးမွာ... ဒါေပမယ့္...

"အာ့ အင့္

ထိုအသံဟာ သူ႕ေရွ႕က ေကာင္ေလးထံကျဖစ္သည္.. မိစာၦလက္နက္ ျဖစ္တဲ့ ဓ-ားတစ္လက္ဟာ ေရွာင္ပိုင္၏ ဗိုက္ကို ထိုးေဖာက္ကာ ဝင္လာသည္..

ဓ-ားနဲ႕အထိုးခံလိုက္ရတာမို႔ ...ေရွာင္ပိုင္ဟာ ခႏၶာကိုယ္ေလး ေပ်ာ့ေခြသြားၿပီး ေကာင္းကင္ယံကေန ျပဳတ္က်သြားသည္...

ဒါကိုမင္းႀကီးက အေနာက္က လိုက္ကာ ေလေပၚဝဲေနတဲ့ ခႏၶာကိုယ္ေလးကို ေပြ႕ခ်ီလိုက္ကာ ေျမျပင္ေပၚကို အသာအယာ ဆင္းလာသည္..

တစ္ဆက္ထဲ သူတို႔ေနာက္ကို ဝမ္းေခ်ာင္ပါ လိုက္လာသည္...

အားအင္ႀကီးမားၿပီး နတ္မင္းမ်ားစြာကို လက္တစ္ဖက္ထဲနဲ႕ အမႈန့္ေခ်နိဳင္တဲ့ မိစာၦဘုရင္၏ စြမ္းအားေတြကို ဝမ္းေခ်ာင္အားက်မိသြားသည္...လိုအင္ဆႏၵေတြ ေလာဘတက္လာကာ... မိစာၦဘုရင္၏ ႏွလုံးသားကို သူသာ ယူနိုင္ရင္ သူလည္း မိစာၦဘုရင္ျဖစ္လာနိုင္သည္ဟု ေတြးမိခဲ့သည္...

"ေရွာင္ပိုင္ မင္း ဘာမွမျဖစ္ဘူး စိတ္ခ် မင္းဘာမွမျဖစ္ေစရဘူး...

မင္းႀကီးဟာ ႏႈတ္မွ ထိုသို႔ ေျပာေနသည္ ..လက္ေတြကလည္း ေရွာင္ပိုင္၏ ဒဏ္ရာကို ဖိထားၿပီး တစ္ဖက္က ခႏၶာကိုယ္ေလးကို ေပြ႕ခ်ီထားသည္...

မိစာၦလက္နက္ပဲ ဝမ္းဗိုက္ကိုမို႔ ျပသနာမတက္ေပမယ့္ ႏွလုံးသားကို ထိခိုက္မိလိုက္ရင္... သူအခုခ်က္ခ်င္းပဲ ျပာမႈန့္ျဖစ္သြားနိုင္တယ္

"ဒါ ဒါ က ...

"ဝမ္းေခ်ာင္ မင္း ဘာေၾကာင့္ ဒီလိုလုပ္ရတာလည္း သူက မင္းရဲ႕ အရွင္သခင္ မဟုတ္ဘူးလား...

"အဟားးး အရွင္သခင္ ဟုတ္လား...ငါ့မယ္ေတာ္ကို ကယ္ထုတ္နိုင္ဖို႔ သူ႕ရဲ႕ စြမ္းအားကို ခဏတာအသုံးခ်ခဲ့ယုံပဲ ဒါထက္မပိုဘူး..အခု မိစာၦစြမ္းအား ေတြကိုလည္း ငါပဲ ဆက္ထိန္းသိမ္းရေတာ့မယ္...

"အားးးးးး မင္းႀကီး ... ၾကင္ယာေတာ္..

ထိုအသံဟာ တစ္ဆက္ထဲ ျဖစ္ေပၚလာသည္သာ ျဖစ္သည္..

ဝမ္းေခ်ာင္ဟာ လက္ထဲက မိစာၦလက္နက္နဲ႕ မင္းႀကီးဘက္ကို အေျပးဝင္လာေလသည္..ဒါကို ရင္ခြင္ထဲက ေရွာင္ပိုင္ဟာ ျမင္လိုက္ရသည္မို႔ မင္းႀကီးကို တစ္ဖက္သို႔ တြန္းကာ သူက ဝမ္းေခ်ာင္ဓ-ားဦးဘက္ကို ေက်ာခံလိုက္သည္..

မ်က္လုံးမ်ားကို စုံမွိတ္ခ်လိဳက္ၿပီး...အရာအားလုံးဟာ ခဏတာတိတ္ဆိတ္သြားခဲ့ၿပီး မ်က္ဝန္းထဲက မ်က္ရည္ၾကည္မ်ားနဲ႕ အေဝးက မင္းႀကီးကို ၾကည့္ကာ ၿပဳံးလိုက္သည္...

သို႔ေသာ္ အခ်ိန္ခဏၾကာသည္အထိ ဘာတုန့္ျပန္မႈမွ မရခဲ့သည္မို႔... မ်က္လုံးမ်ားကို အသာ ဖြင့္ၾကည့္မိလိုက္ေတာ့...

"လုန္သယ္ ဒါ လုန္သယ္...

ႏွလုံးသား တည့္တည့္မွာ မိစာၦလက္နက္က စိုက္ထားလွ်က္နဲ႕ လုန္သယ္ကို ေရွာင္ပိုင္ေတြ႕လိုက္ရသည္...

ဓ-ားဦးဝင္လာသည့္ဘက္ဟာ ၾကင္ယာေတာ္မို႔ ခ်စ္ရသူကို ဘာမွမလုပ္ေပးနိုင္ခဲ့ေပမယ့္ ေနာက္ဆုံးအေနနဲ႕ အသက္နဲ႕ လည္းၿပီး ကာကြယ္ေပးခဲ့နိုင္သည္....

သူ႕အသက္ေပးခဲ့ရသည္ဆိုေပမယ့္ ခ်စ္ရသူကိုကာကြယ္နိုင္ခဲ့သည္မို႔ လုန္သယ္ေနာင္တမရေလပါ...ဘယ္ေသာအခါမွ ေနာင္တရေလမည္လည္း မဟုတ္ရပါ..

"ေရွာင္ပိုင္..

"လုန္သယ္..ဘာေၾကာင့္႐ူးမိုက္ရတာလည္း မင္းခႏၶာကိုယ္က ဒီလက္နက္ကို ေတာက့္မခံနိုင္ဘူးဆိုတာ မငိဘူးလား..

ေနာက္ဆက္တြဲျဖစ္လာမွာကိုသိတဲ့ ေရွာင္ပိုင္ဟာ လုန္သယ္၏ ခႏၶာကိုယ္ကို ဖက္ကာ ငိုေနေတာ့သည္... အႀကိမ္ႀကိမ္ သူ႕အတြက္ နာၾကင္ခဲ့ရတဲ့ လုန္သယ္ ယခုအခါမွာလဲ ထပ္ၿပီးေတာ့...

"ေရွာင္ပိုင္...ငါဘာမွမျဖစ္ဘူး ၿပီးေတာ့ငါနည္းနည္းေလးမွလဲမနာၾကင္ရဘူး မငိုနဲ႕ေနာ္ ၿပဳံးၿပဳံးေလးေန မင္း ၿပဳံးေနရင္ တကယ္ ခ်စ္စရာေကာင္းတာ...

မိစာၦလက္နက္ဟာ ႏွလုံးသားမွာ စိုက္ေနသည္မို႔ လုန္သယ္၏ ခႏၶာကိုယ္ဟာ တစ္ေျဖးေျဖး ေမွးမွိန္လာခဲ့သည္...

မနာၾကင္ပါပဲ မ်က္ဝန္းထဲ မ်က္ရည္ၾကည္ေလးေတြက ျပည့္နက္လို႔ေနသည္ ေနာက္ဆုံးအခ်ိန္မွာေတာင္ ခ်စ္ရသူကို ၿပဳံးျပလွ်က္ပါပင္...

လုန္သယ္၏ ခႏၶာကိုယ္ဟာ...ေရွာင္ပိုင္၏ ရင္ခြင္ထဲကေန ေပ်ာက္ကြယ္သြားခဲ့ၿပီး ပန္းပြင့္ကဲ့သို႔ အပြင့္အဖက္ေလးေတြ ျဖစ္ကာ ေလေပၚမွာ ပ်ံဝဲ လို႔သြားသည္...

ဒါကိုအေဝးတစ္ေနရာကၾကည့္ေနရတဲ့ ဟန္မင္မွာမႈ မလႈပ္မရွပ္ ရပ္ေနသည္....

ခ်စ္ရသူကို ေနာက္ဆုံးအခ်ိန္မွာေတာင္ ခ်စ္ေနသည့္အေၾကာင္း ဖြင့္မေျပာခဲ့ပဲ ထြက္သြားခဲ့ရတဲ့ လုန္သယ္အတြက္ ရင္နာရမလား...

ခ်စ္ရသူကို ေရွ႕မွာတင္ဆုံးရႈံးလိုက္ရၿပီး ခ်စ္ေနသည္ကို ဖြင့္ေျပာခြင့္မရလိုက္တဲ့ သူကပဲ ေနာင္တရ ရမလား ....

ဟန္မင္ အသံတိတ္ငိုေႂကြးေနသည္ ေနရာကေန တစ္လွမ္းမွပင္ မခြာပဲ ေလေပၚမွာ ပ်ံဝဲ ေနတဲ့ လုန္သယ္၏ အေငြ႕အသက္ ေလးေတြကို ၾကည့္ကာ...

သူနဲ႕လုန္သယ္၏ အမွတ္တရျဖစ္တဲ့ ေခါင္းမိုးေပၚက ညတာေလးကို လြမ္းေဆြး မိသြားခဲ့သည္...

ႏႈတ္ကသာ ခ်စ္ေပးမည္ ေျပာခဲ့ေပမယ့္လဲ လက္ေတြ႕မွာေတာ့ သူလုန္သယ္အတြက္ ခ်စ္လဲခ်စ္မေပးခဲ့သလို ဂ႐ုစိုက္မႈဆိုတာမ်ိဳးလဲမေပးခဲ့ပါ... ခ်စ္ရသူကို မကာကြယ္နိုင္ခဲ့ပါ..

လူသန္းေပါင္းမ်ားစြာရွိတဲ့ တိုင္းျပည္ႀကီးကို ဓ-ားတစ္လက္ထဲနဲ႕ ကာကြယ္နိုင္ခဲ့ေပမယ့္....တစ္ဦးတစ္ေယာက္တည္းသာ ရွိတဲ့ ခ်စ္ရသူကို သူမကာကြယ္နိုင္ခဲ့ပါ..

ခင္တြယ္ရသည့္ အကို ျဖစ္သူ လုန္သယ္ကို ဒီလိုျဖစ္ေအာင္လုပ္တဲ့ ဝမ္းေခ်ာင္ဘက္ကို ေရွာင္ပိုင္ တစ္ခ်က္ၾကည့္လိုက္သည္...

သူ၏မ်က္ဝန္းေတြဟာ အေစာကလိုမဟုတ္ေတာ့ပဲ အနီေရာင္ျဖစ္ေနကာ... ေကာင္းကင္ယံထက္မွာလည္း ဘယ္ကမွန္းမသိတဲ့ မီးငွက္ဟာ ပ်ံဝဲလို႔ေနသည္...

"မင္းက သိမ့္ကို စိတ္ပ်က္စရာေကာင္းတာပဲ

ေရွာင္ပိုင္ဟာ သူ၏ အစြမ္းနဲ႕အတူ ဝမ္းေခ်ာင္ကို သူ႕အနားကို ဆြဲေခၚလိုက္ၿပီး လည္မ်ိဳကို ညွစ္ထားလိုက္သည္....

"ဒီ မိစာၦႏွလုံးသားက မင္းတို႔အတြက္အရမ္းပဲ အေရးႀကီးေနက်တာလား...ဒီ မိစာၦႏွလုံးသားေၾကာင့္ လူေတြ ဘယ္ေလာက္ေတာင္ အသက္ေပးခဲ့က်ရလည္း..

မိစာၦဘုရင္၏ ေဒါသစကားေတြေၾကာင့္ အနားရွိ အရာမ်ားဟာ ေလေပၚ ပ်ံဝဲေနၿပီး လည္မ်ိဳအညွစ္ခံထားရသည့္ ဝမ္းေခ်ာင္မွာလည္း ပါးစပ္က ေသြးမ်ား အန္ထြက္လာကာ...ခ်က္ခ်င္းပဲ အသက္ထြက္ခဲ့ရသည္...

ရွည္လ်ား တဲ့ ဆံႏြယ္မ်ားဟာ ေျပက်လာၿပီး ေလမ်ားဟာ ထိုဆံႏြယ္မ်ားကို ေဝွ႕တိုက္ေနၿပီး ေကာင္းကင္မွာ ပ်ံဝဲ ေနတဲ့ မီးငွက္ဟာလည္း ႐ူးသြပ္ေနသလို ပ်ံဝဲ ေနသည္....

"ႏွစ္ေပါင္းမ်ားစြာ လူေတြနဲ႕ အသက္ေပါင္းမ်ားစြာကို ဒုကၡေပးခဲ့တဲ့ မိစာၦႏွလုံးသား...

ေရွာင္ပိုင္ဟာ ႏႈတ္မွ ထိုသို႔ေျပာၿပီး ရွည္လ်ားေနတဲ့ သူ၏ လက္သည္းမ်ားနဲ႕ ႏွလုံးတည့္တည့္ကို ထိုးေဖာက္ဝင္ကာ အတြင္းရွိ မိစာၦႏွလုံးသားအား ဆြဲယူလိုက္သည္...

ႏွလုံးသားအထုတ္ခံလိုက္ရတာမို႔ ေရွာင္ပိုင္ဟာ ႏႈတ္မွေသြးမ်ားအန္ထြက္လာသည္..

ဘက္လက္က ႏွလုံးသားကို ကိုင္ထားၿပီး ညာလက္က သူ၏ အတြင္းအားမ်ားကို ကိုင္ထားသည္....

"ေရွာင္ပိုင္ မင္းဘာလုပ္မလို႔လည္း မလုပ္ပါနဲ႕ ...ရပ္လိုက္...

ေရွာင္ပိုင္ ဘာလုပ္မလဲ ဆိုတာ သိတဲ့မင္းႀကီးဟာ ေရွာင္ပိုင္အနားသို႔သြားကာတားျမစ္သည္...

"ေရွာင္ပိုင္ မင္းႀကီးနဲ႕အတူ ေတာင္ေပၚအိမ္ေလးကို သြားျဖစ္ေတာ့မထင္ဘူး... မင္းႀကီးနဲ႕လည္း သစ္ပင္ ေလးေတြအတူ မစိုက္နိုင္ေလာက္ေတာ့ဘူး..ေရွာင္ပိုင္ ဂတိဖ်က္လိုက္မိလို႔ ေတာင္းပန္ပါတယ္

"မဟုတ္ဘူး ဒီလိုမလုပ္နဲ႕...ဒီလိုလုပ္စရာမလိုဘူး..

"ဟင့္အင္... ေရွာင္ပိုင္သာ မရွိရင္ ေလာကႀကီးလည္း ေအးခ်မ္းသြားလိမ့္မယ္ ၿပီးေတာ့ မိစာၦဘုရင္ဆိုတာလည္း ရွိလာမွာမဟုတ္ေတာ့ဘူး ...

"ေရွာင္ပိုင္...

"ေရွာင္ပိုင္ ေနာင္တမရပါဘူး မင္းႀကီး....ေရွာင္ပိုင္ အမ်ားႀကီးေပ်ာ္႐ြင္ခဲ့ၿပီးၿပီပဲ

ေရွာင္ပိုင္ဟာ မ်က္ဝန္းထဲမွာ မ်က္ရည္ၾကည္ေလးမ်ားစြာနဲ႕ သူ႕ေရွ႕က မင္းႀကီးကို ၾကည့္ေနသည္...

"မင္းႀကီး ဒီႀကိဳးေလးကို မွတ္မိေသးလား...ဒီႀကိဳးေလးက မင္းႀကီးနဲ႕ေရွာင္ပိုင္ကို မေဝးကြာေစဘူး..ဒီႀကိဳးနီေလးက ေရွာင္ပိုင္ပဲ မင္းႀကီး ေရွာင္ပိုင္ကို သတိရလာခဲ့ရင္ ဒီႀကိဳးနီေလးနဲ႕ စကားေျပာေနာ္....

"ေရွာင္ပိုင္ ! ! !

ေရွာင္ပိုင္ဟာ လက္ေကာက္ဝက္ေလးက အနီေရာင္ႀကိဳးေလးကို မင္းႀကီးလက္ထဲ ထည့္ေပးလိုက္ၿပီး မင္းႀကီးကိုလည္း အေဝးတစ္ေနရာတြန္းပို႔လိုက္သည္...သူကေတာ့ ေလေပ့္ပ်ံဝဲကာ...

လက္ထဲက အရာႏွစ္ခုကို က်စ္ေနေအာင္ ကိုင္ထားသည္....

"မိစာၦႏွလုံးသားကို ပ်က္စီးဖို႔ ငါဤခႏၶာကိုယ္နဲ႕ ေပးဆပ္ပါတယ္.... ယခုခ်ိန္မွစလို႔ ဘယ္ေသာအခါမွ မိစာၦဘုရင္ဆိုတာ ေပၚေပါက္မလာေစရန္ ယေန႕မွာ ငါဤ ခႏၶာကိုယ္ကို စေတးကာ မိစာၦႏွလုံးသားအား ပ်က္စီးကာ ျပမႈန့္အျဖစ္ ေပ်ာက္ကြယ္သြားရန္ ျပဳလုပ္မယ္...

ထိုသို႔ေအာ္ဟစ္ကာ လက္ထဲက စြမ္းအားကို သူ႕ရင္ဘက္တည့္တည့္ကို ျပစ္သြင္းလိုက္ၿပီး တစ္ဖက္က ႏွလုံးသားကို လက္ထဲမွာ က်စ္ေနေအာင္ ဆုပ္ကိုင္ထားသည္....

အခ်ိန္ခဏအတြင္းမွာပဲ ေရွာင္ပိုင္၏ ခႏၶာကိုယ္ကအမည္းေရာင္အေငြ႕အသက္မ်ား ျပည့္နက္လာၿပီး ထိုအမည္းေရာင္အေငြ႕အသက္ေတြဟာ ေရွာင္ပိုင္ခႏၶာကိုယ္ကို ဓ-ားတစ္ေခ်ာင္းသဖြယ္ ထိုးႏွက္ ေနက်ၿပီး တစ္ခ်ိန္တည္း ေရွာင္ပိုင္၏ ေအာ္သံအဆုံး မိစာၦႏွလုံးသားဟာ အစိတ္စိတ္အႁမႊာႁမႊာ ေက်ကြဲကုန္ကာ ျပဳမႈန့္အျဖစ္သို႔ ေျပာင္းသြားေလသည္...

ေရွာင္ပိုင္၏ အသက္မဲ့သည့္ခႏၶာကိုယ္ဟာလည္း ေျမျပင္ေပၚ ျပဳတ္က်လာသည္...

ထိုခႏၶာကိုယ္ေလး ေျမျပင္ေပၚ မက်လာမွီ မင္းႀကီးဟာ..ေလေပၚမွာပဲ ေပြ႕ခ်ီလိုက္ၿပီး ရင္ခြင္ထဲ ထည့္ကာ ေပြ႕ဖက္ထားလိုက္သည္...




🎶တစ္ေယာက္လက္ တစ္ေယာက္ကိုင္ခ်င္း လွပေနတဲ့ လမင္းႀကီးကို ၾကည့္ကာ အရွင့္ရဲ႕ ရင္ခုန္သံေတြကို နားေထာင္ခ်င္မိပါတယ္🎶

🎶ရက္ရွည္ၾကာႀကီး နားစင္ေနက် ဗ်ပ္ေစာင္း တီးခပ္သံေလးဟာ အရွင့္ရဲ႕ စကားသံေတြေလာက္ပင္ မသာယာပါ🎶

🎶ဘာေၾကာင့္မ်ား ျပတင္းေပါက္ အျပင္က လမင္းႀကီးကို တစ္ေယာက္ထဲၾကည့္ေနရပါသလဲ🎶

🎶မိုးဖြဲဖြဲေလးေတြ ႐ြာၿပီး ျမဴႏွင္းေလးေတြက တစ္ေယာက္ေယာက္ကို လြမ္းေဆြး ေစတယ္🎶







Unicode

တိမ်မည်းများ အုပ်စိုးထားတဲ့ ကောင်းကင်ဘုံတွင် နတ်သူငယ်လေးများနဲ့ သာမန်နတ်လေးများဟာ ပြေးလွှား၍ သူတို့၏ အသက် အန္တာရယ်ကို ကာကွယ်နေကျသည်....

ဘယ်လိုမှ ရှောင်လွှဲလို့မရသည့်အရာကြီးကတော့ ကျရောက်လို့လာပါပြီ...

မိစ္ဆာဘုရင်ဟာ မှတ်ညာဏ်နှစ်ခုရှိပါသော်လည်း... ယခင်မှတ်ညာဏ်ကသာ အုပ်စိုးသွားခဲ့ပြီး နတ်မင်းများကို သ-တ်ရန်သာ သိတောသည်...

နတ်ဘုံတွင် နတ်မင်းများဟာ မိစ္ဆာဘုရင်ကို မည်သူမှပင်မယှဥ်နိုင်ကျပါ...

ယခင်က ချစ်စရာကောင်းပြီး ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းမဲ့တဲ့ကောင်လေးဟာ ယခုအခါမှာတော့ ကြောက်စရာကောင်းတဲ့ အငွေ့အသက် တွေပြည့်နက်နေပြီး သူ၏ မျက်ဝန်းတွေဟာ နီရဲကာ သွေးများဆာလောင်နေသည့် သားရဲတိရစ္ဆာန် လိုပါပင်...

ကောင်းကင်ယံတွင် မီးလုံးကြီးများဟာ နေရာတိုင်း ပျံဝဲ နေပြီး ကောင်းကင်ဘုံတွင်လဲ ရစရာမရှိအောင်ကို ပျက်စီးလို့နေသည်...

နတ်မင်းတွေမှာမှု မိစ္ဆာဘုရင်ကို မနိုင်တာမို့ ...ယခုချိန်မှာတော့ ကောင်းကင်ဘုံနဲ့ နတ်မင်းများ ပျက်သုန်း ရကိန်း အတည်တကျ စိုက်နေပါသည်..

အမည်းရောင် အခိုးအငွေ့ တွေပြည့်နက်နေတဲ့ ခန္ဓာကိုယ်တစ်ခုဟာ ကောင်းကင်ဘုံမှာ ထင်တိုင်းကျဲပြီး... စိတ်ရှိလက်ရှိ ပျက်စီးလို့နေသည်

မိစ္ဆာဘုရင်၏ အဓိက ရန်သူဟာ ကောင်းကင်ဘုံဖြစ်တာမို့ သူတစ်ဖန် နိုးထလာရင်လည်း ပထမဦးဆုံး လုပ်မှာက ကောင်းကင်ယံကို ပျက်စီးမှာသာ ဖြစ်သည်....

ဝမ်းချောင်ဟာ မိစ္ဆာဘုရင်၏ အားကိုးနဲ့ သူ၏ မယ်တော်ကို ကယ်ခဲ့နိုင်သည်...

မြေပြင်ကနေ မော့ကြည့်နေမိကျတဲ့ မင်းကြီးတို့မှာမှု သူတို့ယခုဘာလုပ်သင့်လည်း ဘာလုပ်နိုင်လည်းဟုသာ တွေးနေမိကျသည် ... နတ်မင်းများမှာမှု မတားနိုင်တဲ့ မိစ္ဆာဘုရင်ကို သူတို့ ဘယ်လို တားစီးနိုင်မလဲ...

မင်းကြီးတော့ ဤသို့မတွေ့ပါ..မိစ္ဆာဘုရင်ဖြစ်ဖြစ် သူ၏ ကြင်ယာတော်ဖြစ်ဖြစ် ယခု လူဟာ သူချစ်ရတဲ့ သူမို့ သူမရ ရအောင်တားစီးရမည်... သူချစ်ရတဲ့လူကို မိုးနတ်မင်းကြီး ပြစ်ဒဏ်ပေးမှာကို မလိုလားအပ်ပါ...

ကောင်းကင်ယံက မိစ္ဆာဘုရင်ကတော့ မြင်သမျှ နတ်မင်းများကို သ-တ်ဖြတ်လို့နေသည်....

"ကူးကူး (ဒေါ်ငယ်)

"ကူးကူး သားကို ကယ်ပါ ကူးကူးး

မိစ္ဆာ ဘုရင်၏ လက်တစ်လှမ်းအလိုတွင် နတ်သူငယ်ပေါက်စလေး ရှိနေသည် ဒဏ်ရာရထားတဲ့ နတ်သူငယ်လေးဟာ အားကိုးမဲ့စွာ ငိုယိုလို့နေသည် နှုတ်မှာလည်း သူ၏ ဒေါ်ငယ်ဖြစ်သူအား အော်ခေါ်နေသည်...

အသက်လုကာ ပြေးနေကျတာမို့ ထိုနတ်သူငယ်လေးကို မည်သူမှ သတိမထားမိကျချေ...

နတ်သူငယ်လေးဟာ ကြောက်ရွံ့ စွာ မိစ္ဆာဘုရင်ကို ကြည့်နေပြီး နှုတ်မှာလဲ သူ၏ ဒေါ်ငယ်ကို အော်ခေါ်ကာ လက်လေးနှစ်ဖက်ကို အားပြု၍ မိစ္ဆာ ဘုရင်နဲ့ဝေးရာအနောက်ဖက်ကို ဆုတ်ဆုတ်သွားသည်...

"မင်း ဘာလို့အော်နေတာလည်း...ကြည့်လိုက် မင်းအော်ငိုနေတာ သူတို့သတိထားမိလား .. ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ့်အားကိုပဲ အားကိုးရတယ် ဒါမှ မင်းအသက်ရှင်နိုင်မှာ..

မိစ္ဆာဘုရင်ဟာ အပြာရောင် မျက်လုံးအိမ်လေးရှိတဲ့ နတ်သူငယ်လေးအနားကိုသွားကာ ထိုသို့စကားဆိုသည်....ထို နတ်သူငယ်လေးအား စကားပြောနေချိန် မိစ္ဆာဘုရင်၏ နီရဲနေတဲ့ မျက်လုံးအိမ်ဟာ သာမန် အရောင်သို့ ပြောင်းသွားသည်..

ဒါကို အဝေးတစ်နေရာ မြင်လိုက်ရတဲ့ မင်းကြီးဟာ မျှော်လင့်ချက် သေးသေးလေး ရှိသွားသည်...မိစ္ဆာဘုရင်ဟာ လုံးဝကြီး မိစ္ဆာဖြစ်သွားသည်မဟုတ်ပဲ ကြင်နာတတ်သည့် နှလုံးသား ရှိနေသေးသည်ကို သိလိုက်ရသည်...

"မင်း ဒီမှာပဲ ထိုင်ငိုနေတော့မှာလား...ယော်ကျားဆိုတာဘယ်အရာကိုမှမကြောက်ရွံ့ရဘူး

မိစ္ဆာဘုရင်ရဲ့ ခပ်ပြုံးပြုံး မျက်နှာနဲ့ ပြောလာတဲ့ စကားကြောင့် ငိုနေတဲ့ နတ်သူငယ်လေးဟာ မက်တပ်ထရပ်သည်...ပြီးတော့ မိစ္ဆာဘုရင်ကို စိုက်ကြည့်ကာ စကားဆိုသည်

"မင်းက လူဆိုးမဟုတ်ဘူးလား...မင်းက လူဆိုးမဟုတ်ဘူး

နတ်သူငယ်လေးဟာ ထိုသို့ စကားဆိုသည် သူ၏ မျက်ဝန်းလေးထဲမှာလည်း ကြောက်ရွံ့ ခြင်းတွေမရှိတော့ပဲ ထူးဆန်းသလို ဖြစ်နေသည်...

"သူတော်စင်... သူ့မှာကြင်နာတတ်တဲ့ နှလုံးသားရှိသေးတယ် ကျွန်တော်ဘယ်လိုတားမြစ်နိုင်မလဲ

"ယခင် မိစ္ဆာဘုရင်က ဘယ်လိုသေဆုံးခဲ့တာလည်း သိလား..

"ချစ်ရသူကို ဆုံးရှုံးရလို့ သူ့ကိုသူ အဆုံးစီရင်ခဲ့တာမလား

"အင်း ဒါပဲလေ...မိစ္ဆာတွေမှာ နှလုံးသားရှိကျတယ်

"ပြောချင်တာက..

ဝမ်းနင်စကားကြောင့် မင်းကြီးဟာ နည်းနည်းလေးမှ တုန်လှုပ် ခြင်းမရှိပဲ အဝေးတစ်နေရာက သွေးသံတရဲရဲနဲ့ ချစ်ရသူကို လှမ်းကြည့် လိုက်သည်..

ပြီးတော့ ချစ်ရသူ အနားကို တစ်ဖြေးဖြေး သွားခဲ့သည်...

"ရှောင်ပိုင်....

အသံသာသာလေး တစ်ခု နားထဲ ကြားလိုက်တာမို့ အနောက်ကို လှည့်ကြည့်မိတော့ သူသိမ့်ရင်းနှီးတဲ့ လူတစ်ယောက်သာ ဖြစ်သည်..

ထိုလူကို မြင်ရရင်ပင် "နှုတ်ကနေ အရှင် ဆိုတဲ့ နာမ်စားလေးကို ရွတ်ဆိုမိလိုက်သည်...

တစ်ဖြေးဖြေး နီးကပ်လာတဲ့ လူကြောင့် လက်ထဲက အနက်ရောင်အငွေ့အသက်အပြည့်နဲ့ ဓ-ားမှာပင် လွတ်ကျသွားသည်...

"အရှင် ငါမင်းကို အရမ်းလွမ်းနေခဲ့တာ မဟုတ်ဘူး အရမ်းအရမ်းလွမ်းနေခဲ့တာ..

ယခုဟာ ရှောင်ပိုင်လား မိစ္ဆာဘုရင်လားဆိုတာကို မသဲကွဲလှပါ...

"မင်း မှတ်မိသေးလား..တောင်ပေါ် က သစ်ပင်ဝါးပင်လေးတွေပြည့်နက်နေတဲ့ တဲအိမ်လေးအကြောင်း..

မင်းကြီးဟာ သူ့ကိုဖက်လာတဲ့ ခန္ဓာကိုယ်လေးကို ပြန်လည်ဖက်ကာ သူနဲ့ ရှောင်ပိုင်ရဲ့ အမှတ်တရလေးကို ပြောလာသည်..

မင်းကြီး ထိုသို့ပြောလိုက်တော့... မိစ္ဆာဘုရင်အသွင်နဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်း ဆိုသလို ရှောင်ပိုင်ရဲ့ မှုလခန္ဓာကိုယ်အသွင် ပြန်ပြောင်းသွားသည်...

"မှတ်မိတယ် မင်းငါ့ကို တကယ်ပဲအဲ့ဒီနေရာလေးကို ခေါ်သွားမှာလား...

"အင်း ငါဂတိပေးခဲ့တာပဲမင်းကိုသေချာပေါက်ခေါ်သွားပေးမှာ... ဒါပေမယ့်...

"အာ့ အင့်

ထိုအသံဟာ သူ့ရှေ့က ကောင်လေးထံကဖြစ်သည်.. မိစ္ဆာလက်နက် ဖြစ်တဲ့ ဓ-ားတစ်လက်ဟာ ရှောင်ပိုင်၏ ဗိုက်ကို ထိုးဖောက်ကာ ဝင်လာသည်..

ဓ-ားနဲ့အထိုးခံလိုက်ရတာမို့ ...ရှောင်ပိုင်ဟာ ခန္ဓာကိုယ်လေး ပျော့ခွေသွားပြီး ကောင်းကင်ယံကနေ ပြုတ်ကျသွားသည်...

ဒါကိုမင်းကြီးက အနောက်က လိုက်ကာ လေပေါ်ဝဲနေတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်ကာ မြေပြင်ပေါ်ကို အသာအယာ ဆင်းလာသည်..

တစ်ဆက်ထဲ သူတို့နောက်ကို ဝမ်းချောင်ပါ လိုက်လာသည်...

အားအင်ကြီးမားပြီး နတ်မင်းများစွာကို လက်တစ်ဖက်ထဲနဲ့ အမှုန့်ချေနိုင်တဲ့ မိစ္ဆာဘုရင်၏ စွမ်းအားတွေကို ဝမ်းချောင်အားကျမိသွားသည်...လိုအင်ဆန္ဒတွေ လောဘတက်လာကာ... မိစ္ဆာဘုရင်၏ နှလုံးသားကို သူသာ ယူနိုင်ရင် သူလည်း မိစ္ဆာဘုရင်ဖြစ်လာနိုင်သည်ဟု တွေးမိခဲ့သည်...

"ရှောင်ပိုင် မင်း ဘာမှမဖြစ်ဘူး စိတ်ချ မင်းဘာမှမဖြစ်စေရဘူး...

မင်းကြီးဟာ နှုတ်မှ ထိုသို့ ပြောနေသည် ..လက်တွေကလည်း ရှောင်ပိုင်၏ ဒဏ်ရာကို ဖိထားပြီး တစ်ဖက်က ခန္ဓာကိုယ်လေးကို ပွေ့ချီထားသည်...

မိစ္ဆာလက်နက်ပဲ ဝမ်းဗိုက်ကိုမို့ ပြသနာမတက်ပေမယ့် နှလုံးသားကို ထိခိုက်မိလိုက်ရင်... သူအခုချက်ချင်းပဲ ပြာမှုန့်ဖြစ်သွားနိုင်တယ်

"ဒါ ဒါ က ...

"ဝမ်းချောင် မင်း ဘာကြောင့် ဒီလိုလုပ်ရတာလည်း သူက မင်းရဲ့ အရှင်သခင် မဟုတ်ဘူးလား...

"အဟားးး အရှင်သခင် ဟုတ်လား...ငါ့မယ်တော်ကို ကယ်ထုတ်နိုင်ဖို့ သူ့ရဲ့ စွမ်းအားကို ခဏတာအသုံးချခဲ့ယုံပဲ ဒါထက်မပိုဘူး..အခု မိစ္ဆာစွမ်းအား တွေကိုလည်း ငါပဲ ဆက်ထိန်းသိမ်းရတော့မယ်...

"အားးးးးး မင်းကြီး ... ကြင်ယာတော်..

ထိုအသံဟာ တစ်ဆက်ထဲ ဖြစ်ပေါ်လာသည်သာ ဖြစ်သည်..

ဝမ်းချောင်ဟာ လက်ထဲက မိစ္ဆာလက်နက်နဲ့ မင်းကြီးဘက်ကို အပြေးဝင်လာလေသည်..ဒါကို ရင်ခွင်ထဲက ရှောင်ပိုင်ဟာ မြင်လိုက်ရသည်မို့ မင်းကြီးကို တစ်ဖက်သို့ တွန်းကာ သူက ဝမ်းချောင်ဓ-ားဦးဘက်ကို ကျောခံလိုက်သည်..

မျက်လုံးများကို စုံမှိတ်ချလိုက်ပြီး...အရာအားလုံးဟာ ခဏတာတိတ်ဆိတ်သွားခဲ့ပြီး မျက်ဝန်းထဲက မျက်ရည်ကြည်များနဲ့ အဝေးက မင်းကြီးကို ကြည့်ကာ ပြုံးလိုက်သည်...

သို့သော် အချိန်ခဏကြာသည်အထိ ဘာတုန့်ပြန်မှုမှ မရခဲ့သည်မို့... မျက်လုံးများကို အသာ ဖွင့်ကြည့်မိလိုက်တော့...

"လုန်သယ် ဒါ လုန်သယ်...

နှလုံးသား တည့်တည့်မှာ မိစ္ဆာလက်နက်က စိုက်ထားလျှက်နဲ့ လုန်သယ်ကို ရှောင်ပိုင်တွေ့လိုက်ရသည်...

ဓ-ားဦးဝင်လာသည့်ဘက်ဟာ ကြင်ယာတော်မို့ ချစ်ရသူကို ဘာမှမလုပ်ပေးနိုင်ခဲ့ပေမယ့် နောက်ဆုံးအနေနဲ့ အသက်နဲ့ လည်းပြီး ကာကွယ်ပေးခဲ့နိုင်သည်....

သူ့အသက်ပေးခဲ့ရသည်ဆိုပေမယ့် ချစ်ရသူကိုကာကွယ်နိုင်ခဲ့သည်မို့ လုန်သယ်နောင်တမရလေပါ...ဘယ်သောအခါမှ နောင်တရလေမည်လည်း မဟုတ်ရပါ..

"ရှောင်ပိုင်..

"လုန်သယ်..ဘာကြောင့်ရူးမိုက်ရတာလည်း မင်းခန္ဓာကိုယ်က ဒီလက်နက်ကို တောက့်မခံနိုင်ဘူးဆိုတာ မငိဘူးလား..

နောက်ဆက်တွဲဖြစ်လာမှာကိုသိတဲ့ ရှောင်ပိုင်ဟာ လုန်သယ်၏ ခန္ဓာကိုယ်ကို ဖက်ကာ ငိုနေတော့သည်... အကြိမ်ကြိမ် သူ့အတွက် နာကြင်ခဲ့ရတဲ့ လုန်သယ် ယခုအခါမှာလဲ ထပ်ပြီးတော့...

"ရှောင်ပိုင်...ငါဘာမှမဖြစ်ဘူး ပြီးတော့ငါနည်းနည်းလေးမှလဲမနာကြင်ရဘူး မငိုနဲ့နော် ပြုံးပြုံးလေးနေ မင်း ပြုံးနေရင် တကယ် ချစ်စရာကောင်းတာ...

မိစ္ဆာလက်နက်ဟာ နှလုံးသားမှာ စိုက်နေသည်မို့ လုန်သယ်၏ ခန္ဓာကိုယ်ဟာ တစ်ဖြေးဖြေး မှေးမှိန်လာခဲ့သည်...

မနာကြင်ပါပဲ မျက်ဝန်းထဲ မျက်ရည်ကြည်လေးတွေက ပြည့်နက်လို့နေသည် နောက်ဆုံးအချိန်မှာတောင် ချစ်ရသူကို ပြုံးပြလျှက်ပါပင်...

လုန်သယ်၏ ခန္ဓာကိုယ်ဟာ...ရှောင်ပိုင်၏ ရင်ခွင်ထဲကနေ ပျောက်ကွယ်သွားခဲ့ပြီး ပန်းပွင့်ကဲ့သို့ အပွင့်အဖက်လေးတွေ ဖြစ်ကာ လေပေါ်မှာ ပျံဝဲ လို့သွားသည်...

ဒါကိုအဝေးတစ်နေရာကကြည့်နေရတဲ့ ဟန်မင်မှာမှု မလှုပ်မရှပ် ရပ်နေသည်....

ချစ်ရသူကို နောက်ဆုံးအချိန်မှာတောင် ချစ်နေသည့်အကြောင်း ဖွင့်မပြောခဲ့ပဲ ထွက်သွားခဲ့ရတဲ့ လုန်သယ်အတွက် ရင်နာရမလား...

ချစ်ရသူကို ရှေ့မှာတင်ဆုံးရှုံးလိုက်ရပြီး ချစ်နေသည်ကို ဖွင့်ပြောခွင့်မရလိုက်တဲ့ သူကပဲ နောင်တရ ရမလား ....

ဟန်မင် အသံတိတ်ငိုကြွေးနေသည် နေရာကနေ တစ်လှမ်းမှပင် မခွာပဲ လေပေါ်မှာ ပျံဝဲ နေတဲ့ လုန်သယ်၏ အငွေ့အသက် လေးတွေကို ကြည့်ကာ...

သူနဲ့လုန်သယ်၏ အမှတ်တရဖြစ်တဲ့ ခေါင်းမိုးပေါ်က ညတာလေးကို လွမ်းဆွေး မိသွားခဲ့သည်...

နှုတ်ကသာ ချစ်ပေးမည် ပြောခဲ့ပေမယ့်လဲ လက်တွေ့မှာတော့ သူလုန်သယ်အတွက် ချစ်လဲချစ်မပေးခဲ့သလို ဂရုစိုက်မှုဆိုတာမျိုးလဲမပေးခဲ့ပါ... ချစ်ရသူကို မကာကွယ်နိုင်ခဲ့ပါ..

လူသန်းပေါင်းများစွာရှိတဲ့ တိုင်းပြည်ကြီးကို ဓ-ားတစ်လက်ထဲနဲ့ ကာကွယ်နိုင်ခဲ့ပေမယ့်....တစ်ဦးတစ်ယောက်တည်းသာ ရှိတဲ့ ချစ်ရသူကို သူမကာကွယ်နိုင်ခဲ့ပါ..

ခင်တွယ်ရသည့် အကို ဖြစ်သူ လုန်သယ်ကို ဒီလိုဖြစ်အောင်လုပ်တဲ့ ဝမ်းချောင်ဘက်ကို ရှောင်ပိုင် တစ်ချက်ကြည့်လိုက်သည်...

သူ၏မျက်ဝန်းတွေဟာ အစောကလိုမဟုတ်တော့ပဲ အနီရောင်ဖြစ်နေကာ... ကောင်းကင်ယံထက်မှာလည်း ဘယ်ကမှန်းမသိတဲ့ မီးငှက်ဟာ ပျံဝဲလို့နေသည်...

"မင်းက သိမ့်ကို စိတ်ပျက်စရာကောင်းတာပဲ

ရှောင်ပိုင်ဟာ သူ၏ အစွမ်းနဲ့အတူ ဝမ်းချောင်ကို သူ့အနားကို ဆွဲခေါ်လိုက်ပြီး လည်မျိုကို ညှစ်ထားလိုက်သည်....

"ဒီ မိစ္ဆာနှလုံးသားက မင်းတို့အတွက်အရမ်းပဲ အရေးကြီးနေကျတာလား...ဒီ မိစ္ဆာနှလုံးသားကြောင့် လူတွေ ဘယ်လောက်တောင် အသက်ပေးခဲ့ကျရလည်း..

မိစ္ဆာဘုရင်၏ ဒေါသစကားတွေကြောင့် အနားရှိ အရာများဟာ လေပေါ် ပျံဝဲနေပြီး လည်မျိုအညှစ်ခံထားရသည့် ဝမ်းချောင်မှာလည်း ပါးစပ်က သွေးများ အန်ထွက်လာကာ...ချက်ချင်းပဲ အသက်ထွက်ခဲ့ရသည်...

ရှည်လျား တဲ့ ဆံနွယ်များဟာ ပြေကျလာပြီး လေများဟာ ထိုဆံနွယ်များကို ဝှေ့တိုက်နေပြီး ကောင်းကင်မှာ ပျံဝဲ နေတဲ့ မီးငှက်ဟာလည်း ရူးသွပ်နေသလို ပျံဝဲ နေသည်....

"နှစ်ပေါင်းများစွာ လူတွေနဲ့ အသက်ပေါင်းများစွာကို ဒုက္ခပေးခဲ့တဲ့ မိစ္ဆာနှလုံးသား...

ရှောင်ပိုင်ဟာ နှုတ်မှ ထိုသို့ပြောပြီး ရှည်လျားနေတဲ့ သူ၏ လက်သည်းများနဲ့ နှလုံးတည့်တည့်ကို ထိုးဖောက်ဝင်ကာ အတွင်းရှိ မိစ္ဆာနှလုံးသားအား ဆွဲယူလိုက်သည်...

နှလုံးသားအထုတ်ခံလိုက်ရတာမို့ ရှောင်ပိုင်ဟာ နှုတ်မှသွေးများအန်ထွက်လာသည်..

ဘက်လက်က နှလုံးသားကို ကိုင်ထားပြီး ညာလက်က သူ၏ အတွင်းအားများကို ကိုင်ထားသည်....

"ရှောင်ပိုင် မင်းဘာလုပ်မလို့လည်း မလုပ်ပါနဲ့ ...ရပ်လိုက်...

ရှောင်ပိုင် ဘာလုပ်မလဲ ဆိုတာ သိတဲ့မင်းကြီးဟာ ရှောင်ပိုင်အနားသို့သွားကာတားမြစ်သည်...

"ရှောင်ပိုင် မင်းကြီးနဲ့အတူ တောင်ပေါ်အိမ်လေးကို သွားဖြစ်တော့မထင်ဘူး... မင်းကြီးနဲ့လည်း သစ်ပင် လေးတွေအတူ မစိုက်နိုင်လောက်တော့ဘူး..ရှောင်ပိုင် ဂတိဖျက်လိုက်မိလို့ တောင်းပန်ပါတယ်

"မဟုတ်ဘူး ဒီလိုမလုပ်နဲ့...ဒီလိုလုပ်စရာမလိုဘူး..

"ဟင့်အင်... ရှောင်ပိုင်သာ မရှိရင် လောကကြီးလည်း အေးချမ်းသွားလိမ့်မယ် ပြီးတော့ မိစ္ဆာဘုရင်ဆိုတာလည်း ရှိလာမှာမဟုတ်တော့ဘူး ...

"ရှောင်ပိုင်...

"ရှောင်ပိုင် နောင်တမရပါဘူး မင်းကြီး....ရှောင်ပိုင် အများကြီးပျော်ရွင်ခဲ့ပြီးပြီပဲ

ရှောင်ပိုင်ဟာ မျက်ဝန်းထဲမှာ မျက်ရည်ကြည်လေးများစွာနဲ့ သူ့ရှေ့က မင်းကြီးကို ကြည့်နေသည်...

"မင်းကြီး ဒီကြိုးလေးကို မှတ်မိသေးလား...ဒီကြိုးလေးက မင်းကြီးနဲ့ရှောင်ပိုင်ကို မဝေးကွာစေဘူး..ဒီကြိုးနီလေးက ရှောင်ပိုင်ပဲ မင်းကြီး ရှောင်ပိုင်ကို သတိရလာခဲ့ရင် ဒီကြိုးနီလေးနဲ့ စကားပြောနော်....

"ရှောင်ပိုင် ! ! !

ရှောင်ပိုင်ဟာ လက်ကောက်ဝက်လေးက အနီရောင်ကြိုးလေးကို မင်းကြီးလက်ထဲ ထည့်ပေးလိုက်ပြီး မင်းကြီးကိုလည်း အဝေးတစ်နေရာတွန်းပို့လိုက်သည်...သူကတော့ လေပေ့်ပျံဝဲကာ...

လက်ထဲက အရာနှစ်ခုကို ကျစ်နေအောင် ကိုင်ထားသည်....

"မိစ္ဆာနှလုံးသားကို ပျက်စီးဖို့ ငါဤခန္ဓာကိုယ်နဲ့ ပေးဆပ်ပါတယ်.... ယခုချိန်မှစလို့ ဘယ်သောအခါမှ မိစ္ဆာဘုရင်ဆိုတာ ပေါ်ပေါက်မလာစေရန် ယနေ့မှာ ငါဤ ခန္ဓာကိုယ်ကို စတေးကာ မိစ္ဆာနှလုံးသားအား ပျက်စီးကာ ပြမှုန့်အဖြစ် ပျောက်ကွယ်သွားရန် ပြုလုပ်မယ်...

ထိုသို့အော်ဟစ်ကာ လက်ထဲက စွမ်းအားကို သူ့ရင်ဘက်တည့်တည့်ကို ပြစ်သွင်းလိုက်ပြီး တစ်ဖက်က နှလုံးသားကို လက်ထဲမှာ ကျစ်နေအောင် ဆုပ်ကိုင်ထားသည်....

အချိန်ခဏအတွင်းမှာပဲ ရှောင်ပိုင်၏ ခန္ဓာကိုယ်ကအမည်းရောင်အငွေ့အသက်များ ပြည့်နက်လာပြီး ထိုအမည်းရောင်အငွေ့အသက်တွေဟာ ရှောင်ပိုင်ခန္ဓာကိုယ်ကို ဓ-ားတစ်ချောင်းသဖွယ် ထိုးနှက် နေကျပြီး တစ်ချိန်တည်း ရှောင်ပိုင်၏ အော်သံအဆုံး မိစ္ဆာနှလုံးသားဟာ အစိတ်စိတ်အမြွှာမြွှာ ကျေကွဲကုန်ကာ ပြုမှုန့်အဖြစ်သို့ ပြောင်းသွားလေသည်...

ရှောင်ပိုင်၏ အသက်မဲ့သည့်ခန္ဓာကိုယ်ဟာလည်း မြေပြင်ပေါ် ပြုတ်ကျလာသည်...

ထိုခန္ဓာကိုယ်လေး မြေပြင်ပေါ် မကျလာမှီ မင်းကြီးဟာ..လေပေါ်မှာပဲ ပွေ့ချီလိုက်ပြီး ရင်ခွင်ထဲ ထည့်ကာ ပွေ့ဖက်ထားလိုက်သည်...




🎶တစ်ယောက်လက် တစ်ယောက်ကိုင်ချင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

Continue lendo

Você também vai gostar

16.1K 1.7K 27
"ရားးကင်ခ်ဂယူဘင်း!!" "လူကို ဘယ်လိုခေါ်နေတာလဲ ကိုယ် မင်းထက် ၄နှစ်တောင်ကြီးတာနော် ဟန်ယူဂျင်း!" "ဟက် ခင်ဗျားက 'ကိုကို' လို့အခေါ်ခံရဖို့ မျှော်လင့်နေတ...
21.6K 967 35
BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး
8.1K 293 27
the story of the youngest argent, who clearly isn't hunters and huntresses like the rest of her family, all because of that little crescent moon mark...
8.7K 104 13
You the reader are a child of Hades. Struggling to fit into a world were you think you are the only one. After bumping into the legendary Annabeth Ch...