Unicode
ထိုပြောစကားကို ကြားလိုက်ပြီး ရှောင်ချန်း ငိုချင်သွားခဲ့သည်။ လူတစ်ယောက်ရဲ့ မျက်နှာက သူ့စိတ်ထဲ တိုက်ရိုက်ပေါ်လာခဲ့သည်။
အနက်ရှိုင်းဆုံး သူ့နှလုံးသားထဲတွင် အေးစက်သွားခဲ့ပြီး တစ်ချက်ခုန်လှုပ်သွားခဲ့သည်။
သူမျက်နှာသစ်နေစဉ် တွေ့လိုက်ရသည့် ကျောင်းသားတွေ မဖြစ်နိုင်ပေ။
ရှောင်ချန်း ရဲ့စိတ်ထဲတွင် အော်ဟစ်နေရုံနဲ့ ဒါက သူမဖြစ်နိုင်ဘူးလို့ သူ့ဘာသာ ပြောနေခဲ့ပြီး ကျောင်းသား တစ်ယောက်က သူတို့ကြားတွင် စကားထ,ပြောလိုက်သည်။
“ငါ့မှာ အဲ့ကျောင်းသားပုံရှိတယ်၊ ကြည့်ချင်လား?!”
ရှောင်ချန်း ရဲ့မျက်လုံးတွေက လှုပ်ရှားသွားပြီး သူ့နှလုံးခုန်နှုန်းက ချက်ချင်းပင် မြန်လာခဲ့သည်။
ရှောင်ချန်း နဲ့စကားပြောနေသည့် ထိုကျောင်းသားက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “လာ၊ လာ၊ လာ၊ ငါ ကြည့်ချင်တယ်”
ရှောင်ချန်း ကတွန့်ဆုတ်နေပြီးနောက် သူ့ခေါင်းကို ဆန့်လိုက်သည်။ စခရင်ပေါ်မှ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ချိန်တွင် လေ့ကျင့်ခန်း လုပ်ထားမှုကြောင့် နွေးနေသည့် သူ့လက်နဲ့ ခြေထောက်တွေက ချက်ချင်း အေးစက်လာခဲ့သည်။
ဟုတ်တယ်၊ သူပဲ။
ရှောင်ချန်း ရဲ့ရှုပ်ထွေးမှုက လုံးဝကို ဗလာဖြစ်သွားခဲ့သည်။
ဓားတစ်ချောင်းက သူ့ရင်ဘတ်ထဲ စိုက်ဝင်သွားသလိုမျိုး သူ့ခံစားချက် တစ်ခုလုံးက နစ်မြှုတ်သွားခဲ့သည်။
သူက လုံးဝတုန်လှုပ်နေပြီး သူ့အကြားအာရုံတောင် ပျောက်ဆံဒးသွားကာ သူ့နားအတွင်း တဝီဝီအသံကိုသာ ကြားနေရသည်။ သူ့ဘေးက လူက ဘာပြောနေလဲဆိုတာ သူ မကြားတော့ပေ။
သူ့မျက်လုံးထဲက ကြောက်ရွံ့မှုတွေက ဖုံးကွယ်မရပေ။
ဘယ်လိုဖြစ်နိုင်မှာလဲ? ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
နှစ်ရက်ကို တစ်ကြိမ်!
သေခြင်းကနေ သူ နှစ်ကြိမ်တောင် လွတ်သွားခဲ့တယ်!!
ရှောင်ချန်း ရဲ့သွေးတွေက အေးခဲလာသလိုမျိုး ခံစားလိုက်ရသည်။
“သွားရအောင်၊ သွားရအောင်! ရဲလာနေပြီ!”
ရှောင်ချန်း ကဘေးဘက်ကို တွန်းထုတ်ခံလိုက်ရပြီး ခြေလှမ်းအနည်းငယ်တောင် ရွေ့သွားပြီး နံရံနဲ့ တိုက်မိသွားကာ ဒါက ပုံရိပ်ယောင်လား အိမ်မက်လားဆိုတာ ရှုပ်ထွေးနေတုန်းပင်။
ရှောင်ချန်း ကိုတွန်းလိုက်သည့် သူကလဲ ကျောင်းသားပင် ဖြစ်သည်။ သူက မျက်လုံးကို လှိမ့်လိုက်ကာ ကျိန်ဆဲလိုက်သည်။ “သောက်ကောင်မ”
ရှောင်ချန်း ကသူ့ရင်ဘတ်ကို ဖိထားပြီး သူ့စိတ်တစ်ခုလုံးက လုံးဝကို လွတ်ထွက်နေကာ သူ့မျက်လုံးတွေက ငေးငိုင်နေခဲ့သည်။
ဟမ့်။
မင်း သူ့ကို တွန်းရဲတယ်ပေါ့!!
ထောင့်ဘက်အမှောင်တွင် ပုန်းကွယ်နေသည့် အရိပ်က ရှောင်ချန်း ရဲ့ငေးငိုင်နေသည့် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေပြီး မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ခိခိခိခိခိ။
သူ့အား တွန်းလိုက်သည့် ကျောင်းသားက သူ့ခြေထောက်တွေက အကြောင်းပြချက်မရှိပဲ အေးစက်လာတာကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက ရေအေးနဲ့ အပတ်ခံလိုက်ရသလိုမျိုး တုန်ရီသွားခဲ့သည်။
ဘာဖြစ်နေတာလဲ?
ဘာကြောင့် ရုတ်တရပ်ကြီး အေးလာရတာလဲ?
ကျောင်းသားက ထိုအတိုင်း တွေးလိုက်မိပြီး ထိုခဏ သူ့ဦးနှောက်က ထိုအတွေးထဲ နစ်မြှုတ်နေခဲ့သည်။
ရုတ်တရပ် အားကောင်းလှသည့် ကန်ချက်က အနောက်မှနေ၍ သူ့ဒူးဆီကို ရောက်လာခဲ့သည်။
ကျောင်းသားရဲ့ သူငယ်အိမ်က စူးစိုက်သွားခဲ့ပြီး သတိထားကာ တစ်စုံတစ်ခုကို လှမ်းဆွဲဖို့ လုပ်လိုက်ပေမဲ့ ထူးဆန်းစွာဖြင့် သူ့ခန္ဓာကိုယ်က သူ့ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်တွင် ရှိမနေပေ။ သူ့လက်တွေက ကြိုးတုတ်ခံထားရသလိုမျိုး မလှုပ်ရှားနိုင်ပေ။
ပိုကြောက်ဖို့ကောင်းတာက သူရပ်နေသည့်နေရာက လှေကားထောင့်ဘက် လက်ရမ်းနားတွင် ဖြစ်သည်။ သူ့ခြေထောက်တွေက ကွေးသွားသည်နှင့် တစ်ကိုယ်လုံးက လှေကားအောက်သို့ လဲကျသွားပြီး အကြိမ်အနည်းငယ်လောက် လှိမ့်သွားခဲ့သည်။ “ခရပ်” သူ့အရိုးကျိုးသံတွေကို ကြားလိုက်ရပြီး သူ့ခေါင်းမှ “ဘုံး”ဆိုသည့် အသံပါ ထွက်လာခဲ့သည်။
“အား၊ အား၊ အား၊ အား!” ကောင်လေးက နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ သူ့လက်တွေက ခြေထောက်တွေကို ဖက်ထားပြီး သူ့မျက်နှာကလဲ ရှုံ့တွနေခဲ့သည်။
တံခါးနားတွင် မတ်တပ်ရပ်နေသည့် အဆောင်မှူးက ချက်ချင်း ပြေးလာပြီး အော်လိုက်သည်။ “မြန်မြန်၊ မြန်မြန် လူနာတင်ယာဉ်ကို ခေါ်လိုက်”
ကမ္ဘာတစ်ခုလုံးက ဆူညံပွတ်လောရိုက်နေခဲ့သည်။
ရှောင်ချန်း ကအဝေးဘက် ထောင့်တွင် ရပ်နေပြီး သူ့မျက်လုံးတွေက ဗလာဖြစ်ပြီး ဝိဉာဉ်ပျောက်နေသလို ဖြစ်နေခဲ့သည်။
တစ်ကမ္ဘာလုံးက ရူးသွပ်နေသည်။
“မင်းမှာ သူငယ်ချင်းတွေ မရှိဘူးလား?”
“...”
“ရပါတယ်၊ ငါ့မှာလဲမရှိဘူး။ သူငယ်ချင်းတွေ လုပ်ရအောင်၊ ငါတို့နှစ်ယောက်၊ အိုကေ?”
“...”
ရှောင်ချန်း ကသူ့ခေါင်းကို လက်နဲ့ဖိထားရင်း အချိန်အတော်ကြာက တစ်စုံတစ်ခုကို မှတ်မိလာခဲ့ပြီးနောက် သူ့ခေါင်းထဲတွင် တစ်နေရာရာမှ အသံတွေကို ကြားနေရသည်။
ထို့နောက် သူ့နားတွင် ပြောသူရဲ့ အသွင်အပြင်က တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။
ရှောင်ချန်း ကပြတင်းပေါက် အပြင်ဘက်မှ မြင်ကွင်းကို ကြည့်လိုက်ပြီး လေကြောင့် သစ်ရွက်ခြောက်တွေက လွင့်လာတာကို ငေးကြည့်နေခဲ့သည်။
အဲ့လူကို သူထပ်မှတ်မိလာပြန်ပြီ!
တစ်ဘဝလုံး သူငယ်ချင်းတွေ ဖြစ်ချင်တယ်လို့ ပြောခဲ့တဲ့ အဲ့ဒီ့လူ။
အချိန်အတော်ကြာ ရှောင်ချန်း ကသူ့စိတ်ထဲ ပျောက်ဆုံးနေခဲ့ပြီး သူ့အသိစိတ်တွေ ပြန်ဝင်လာချိန်တွင် သူ့လေ့ကျင့်ခန်း စာအုပ်ထဲတွင် နာမည်ပေါင်းများစွာကို ရေးထားခဲ့မိကြောင်း တွေ့လိုက်ရသည်။
နောက်ပြီး အကုန်လုံးက လူတစ်ယောက်တည်းပဲ။
ရှောင်ချန်း သက်ပြင်းချလိုက်သည်။
ထိုနာမည်ကို မြင်လိုက်ပြီး ရှောင်ချန်း ကကမ္ဘာမှ ကွာခြားသွားသလို ခံစားလိုက်ရပြီး ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။
သူက တိတ်တဆိတ်နဲ့ လေ့ကျင့်ခန်း စာအုပ်မှ စာရွက်ကို လှန်လိုက်သည်။
အရိပ်ထဲမှ တစ္ဆေက ရယ်လိုက်ပြီး သူ့အသံထဲတွင် ပျော်ရွှင်နေမှုက ဖုံးကွယ်မထားနိုင်ပေ။
သူ မြင်လိုက်တယ်!
စာရွက်ပေါ်မှာ ရေးထားတဲ့နာမည်။
ဂူလုမင်း။
ပုလ္လင်ကိုရဖို့ တိုင်းပြည်တစ်ခုလုံး ထိန်းချုပ်ထားသလိုမျိုး သူ့မှတ်ဉာဏ်ထဲက အကြောင်းတွေက မမေ့နိုင်ပေ။
“ဟဟဟားဟားဟား။ တိတ်နေတာကိုကြည့်၊ ခုံတစ်ခုလုံး အနီရောင်ဆေးတွေကြီးပဲ၊ နောက်ပြီး သူက တကယ်ကြီးကို အဲ့အပေါ် ထိုင်ချလိုက်တာပဲ၊ ဘာမှခုခံတာတောင် မရှိဘူး!” ၁၅/ ၁၆ နှစ်က အဆိုးဆုံးနဲ့ အသက်အရွယ်အတွက် မာနအကြီးဆုံး အချိန်ဖြစ်သည်။
ကျောင်းသားတွေက ဒီလှောင်ရယ်စရာ မြင်ကွင်းကို ကြည့်နေပြီး အော်ရယ်နေကြသည်။ ဒါက အရမ်းများနေတာကြောင့် သူတို့တွေက တီးတိုးပြောနေကြရင်း လှောင်ပြောင်သည့် စကားတွေကို ပြောနေကြသည်။
အတန်းထဲမှ ကျောင်းသူတွေတောင် ထိုအရာကို မြင်လိုက်ချိန်တွင် ရယ်လိုက်ကြပြီး ဘေးဘက်ဆီသို့ တီးတိုးပြောကြပြီး သူ့ဘက်ကိုတောင် လက်ညှိုးထိုးနေကြသည်။
ကောင်းလေးက သူ့ကျောင်းလွယ်အိတ်အား အံဆွဲထဲထည့်လိုက်ပြီး စာအုပ်ကို ထုတ်လိုက်သည်။ သူက သူ့ပတ်ဝန်းကျင်မှ ဆူညံသံတွေအား နားမကြားသူ တစ်ယောက်လိုမျိုး ဂရုမစိုက်ပဲ နေနေခဲ့သည်။
ထို့နောက် နီရဲနေသည့် ဆေးတွေက သူ့ဘောင်းဘီမှတဆင့် သူ့အရည်ပြားကို ထိလာခဲ့သည်။
“ဟားဟားဟားဟား၊ ရှောင်ချန်း ကရာသီလာနေပြီ!!”
ရုတ်တရပ်ကြီး လူတစ်ယောက်က ထိုစကားအား ကျယ်လောင်စွာ အော်လိုက်သည်။ ချက်ချင်းပင် တစ်တန်လုံးက ထ,ရယ်လိုက်ကြသည်။
ရှောင်ချန်း ကသူ့နှုတ်ခမ်းကို စေ့ထားပြီး ဒီအခြေအနေအား ပြီးဆုံးသွားစေချင်နေခဲ့သည်။
“ဘောင်း!”
တစ်ခုခုနဲ့ ရိုက်လိုက်သလိုမျိုး ကျယ်လောင်သည့် အသံက ထွက်ပေါ်လာခဲ့သည်။
ကျောင်းယူနီဖောင်းဝတ်ထားပြီး ပတ်တီးဖြင့် သူ့မျက်လုံးအား ဖုံးထားသည့် ကောင်လေး တစ်ယောက်က တံခါးဝတွင် ခံစားချက်မဲ့စွာ ရပ်နေခဲ့ပြီး သူ့လက်ထဲတွင် ကျောင်းလွယ်အိတ်အား ကိုင်ထားခဲ့သည်။
သူ့အိတ်ကို ဆွဲလိုက်သည်နှင့် စကားပြောနေခဲ့သည့် ထိုကျောင်းသားရဲ့ ခေါင်းကို ရိုက်မိသွားခဲ့သည်။
သူ့ကိုယ်မှ အေးစက်မှုတွေ၊ ရိုင်းစိုင်းမှုတွေက ထွက်ပေါ်နေပြီး ခံစားချက်တွေက ပြင်းထန်စွာ ပေါက်ကွဲထွက်တော့မလို ဖြစ်နေခဲ့သည်။ မြွေးပွေးလိုမျိုး သူ့အစွယ်ကို ထုတ်ပြနေကာ မင်းကို တစ်ချက်တည်း ကိုက်ဖို့ ပြင်ဆင်နေသလိုမျိုး ဖြစ်နေခဲ့သည်။
အရိုက်ခံလိုက်ရသည့် ကျောင်းသားရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပြီး သူ့ခေါင်းကို ကိုင်လိုက်ကာ မျက်နှာအမူအရာက တင်းမာလာခဲ့သည်။ “သောက်ခွေးကောင်၊ ဒီအဖေက မင်းကို အနိုင်မကျင့်ဘူးလေ၊ မင်းက ဒီအဖေရဲ့ခေါင်းကို လာထိပြီး ရှုပ်ရဲတယ်!!”
ပြောပြီးနောက် အရိုက်ခံရသည့် ကျောင်းသားက ထိုင်ခုံကို ကိုင်လိုက်ပြီး ထိုကျောင်းသားအား ရိုက်ဖို့ပြင်လိုက်သည်။
အတန်းထဲမှ တခြားသူတွေက ငြိမ်ကျသွားကာ ဒီအခြေအနေကြားတွင် ဝင်မပါချင်ကြပေ။
နောက်စက္ကန့်တွင် သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ထ,ရိုက်လိုက်ကြသည်။
ထိုလူထူးဆန်းရဲ့ အရပ်က အရမ်းကြီး မရှည်ပဲ အရပ်ပုသည့် ကောင်လေးမျိုး ဖြစ်သည်။ သူ့လက်မောင်းကတော့ အားနည်းသည့် ကြက်ကလေးလိုမျိုး ဖြစ်နေတယ်လို့တော့ ပြောမရပေ။
ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်ကျောင်းသားက ၁.၈ မီတာလောက်ရှိပြီး အရမ်းကိုရှည်ကာ သူ့ကြွက်သားတွေကလဲ အရမ်းကို တောင့်တင်းသည်။
ရန်ပွဲက စတင်သည်နှင့် လူတိုင်းက ပြဿနာအရှာခံရသည့် ကျောင်းသားက သေချာပေါက် အနိုင်ရမယ်လို့ ထင်ထားကြပြီး လူထူးဆန်းကတော့ သေချာပေါက်ကို အရိုက်ခံရပြီး ကျိုးပဲ့သွားမယ်လို့ တွေးနေခဲ့ကြသည်။
သို့သော် သူတို့ ခန့်မှန်းချက်နဲ့ မြင်ကွင်းက လုံးဝကို ကွာခြားနေတာကြောင့် ပြောစရာစကားမဲ့သွားခဲ့သည်။
လူထူးဆန်းက မှန်ကန်သည့် အနေအထားတွင်ရှိပြီး သူက လျင်မြန်ကာ မြန်ဆန်ပြီး ရက်စက်သည်။ သူက အေးစက်စွာ ရယ်လိုက်ပြီး ကျောင်းသားရဲ့ လက်အား လက်တစ်ဖက်ဖြင့် ထိုးလိုက်ပြီး ကျောင်းသားရဲ့ လည်ပင်းအား တခြားလက်နဲ့ ကိုင်ထားကာ သူ့အား ကြမ်းပြင်ပေါ်သို့ တင်းမာစွာ ဖိချလိုက်သည်။
သူ့ဆံပင်ကို ဆွဲလိုက်ပြီး သူ့ခေါင်းကို ဖိချလိုက်ကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
လူထူးဆန်းက လုံးဝကို ရူးသွပ်နေခဲ့သည်။
တချို့ကျောင်းသားတွေက ဆရာကိုခေါ်ဖို့ အတန်းထဲမှ ပြေးထွက်သွားကြသည်။
ရှောင်ချန်း ကရုတ်တရပ် ထ,ရပ်လိုက်ပြီး သူ့ဘောင်းဘီမှ အနီရောင်ကို ဂရုမစိုက်ပဲ ပြေးသွားကာ လူထူးဆန်းရဲ့ ကော်လာကို ဆွဲလိုက်သည်။ သူက ငိုတော့မလို ဖြစ်နေကာ အတန်းထဲတွင် တစ်ခါမှ အသံမထွက်ခဲ့သည့် သူ့ပါးစပ်က ဖွင့်လာခဲ့သည်။ “ဂူလုမင်း!”
လူထူးဆန်းရဲ့လက်တွေက ရပ်တန့်သွားခဲ့သည်။ သူ့ဆံပင်တွေက ပြင်းထန်သည့် လှုပ်ရှားမှုကြောင့် လှုပ်ရှားသွားကာ သူ့အညိုရောင် မျက်လုံးတွေက ပေါ်လာခဲ့ပြီး သူ့မျက်လုံးထဲမှ မယုံနိုင်လောက်သည့် အမူအရာတွေက ပေါ်လာခဲ့သည်။
ချစ်ခင်တွယ်တာမှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ကူးယဉ်ဆန်မှု။
ဒါက ရှောင်ချန်း ရဲ့အသံကို သူပထမဆုံး ကြားဖူးခြင်းပင်။
သူ့နာမည်ကို ခေါ်လိုက်တယ်။
ထူးဆန်းသည့် စိတ်ကျေနပ်မှုတွေက လူထူးဆန်းရဲ့ နှလုံးသားထဲတွင် မြင့်တက်လာခဲ့ပြီး သူ့နှလုံးသားက နူးညံ့သည့် တစ်စုံတစ်ခုကြောင့် ပြည့်နှက်သွားခဲ့သည်။
ကျောင်းသားကတော့ မျက်နှာတွေ စုတ်ပြတ်သက်ပြီး နှာခေါင်းရိုး ကျိုးသည်အထိ အရိုက်ခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံးက တုန်ရီနေပြီး သူ့သူငယ်အိမ်က စူးစိုက်နေကာ သူ့ဦးနှောက်က ဗလာဖြစ်နေပြီး သူ့တစ်ကိုယ်လုံးက ငေးငိုင်နေခဲ့သည်။
လူထူးဆန်းရဲ့ လက်သီးက ထပ်ကျလာခဲ့ရင် သူသေတဲ့အထိ အရိုက်ခံရမှာပဲ!!
ကျောင်းသားရဲ့အမြင်မှ လူထူးဆန်းရဲ့ အညိုရောင် မျက်လုံးတွေက အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပနေပြီး သူ့မျက်လုံးတွေမှ လူသတ်ရိပ်တွေက လုံးဝဖုံးကွယ်မထားနိုင်ပေ။ အဆိပ်ပြင်းသည့် မြွေဆီမှ အဖမ်းခံလိုက်ရသလိုမျိုး ကြောက်လန့်နေမှုတွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကျောင်းသားရဲ့ ခန္ဓာကိုယ်က ပိုပြီးတော့တောင် တုန်လာခဲ့သည်။
သူ တကယ့်ကို သူ့ကို သတ်ချင်နေတာပဲ!!!
“လုမင်း၊ သွားရအောင်!!” ရှောင်ချန်း ရဲ့မျက်လုံးတွေကလဲ နီရဲလာခဲ့ပြီး သူက လူထူးဆန်းရဲ့ လက်မောင်းကို သူ့လက်တွေနဲ့ ဆွဲလိုက်သည်။
သူတို့ပတ်ဝန်းကျင်မှ လူတိုင်းက သူတို့နှစ်ယောက်အား အသေအချာ စိုက်ကြည့်နေခဲ့သည်။ သူတို့မျက်လုံးထဲတွင် မနှစ်မြို့ခြင်းတွေက ဖုံးကွယ်မထားနိုင်ပေ။ ဒီလိုအကြည့်က ရွံစရာတီကောင်အား ကြည့်နေတာနဲ့ တူနေသည်။
ဒါထက် ထိုအကြည့်တွေထဲတွင် ကြောက်လန့်မှုက ပိုများနေသည်။
ဒီလူတွေက ကြီးမားသည့် ရန်ပွဲကို မြင်လိုက်ရချိန်တွင် ကျောင်းသားက သွေးထွက်သည်အထိ အရိုက်ခံလိုက်ရသည်။
သူ့စိတ်ကို ပျောက်ဆုံးသွားခဲ့သည့် လူထူးဆန်းက တဖြည်းဖြည်း ပြန်တည်ငြိမ်လာခဲ့ပြီး အရိုက်ခံနေရသည့် ကျောင်းသားကို လွှတ်ပေးလိုက်ပြီး ရှောင်ချန်း ရဲ့လက်ကို ကိုင်လိုက်ပြီးနောက် သူ့ခြေလှမ်းတွေက စာသင်ခန်း အပြင်ဘက်ဆီသို့ လှမ်းထွက်သွားခဲ့သည်။
စင်္ကြံဘက်တွင် ထိုရန်ပွဲအား ကြည့်နေကြသည့် လူအုပ်ကြီးက ရှိနေခဲ့သည်။
သူတို့ လျှောက်ထွက်လာချိန်တွင် လူတိုင်းက သတိလက်လွတ် ခြေလှမ်းဆုတ်လိုက်ပြီး သူတို့အား လမ်းဖွင့်ပေးလိုက်သည်။
သူတို့က ဒီလူနှစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းသာ ဖြစ်သည်။
လူထူးဆန်းက ရှောင်ချန်း အနောက်မှ လိုက်နေပြီး သူ့ဘောင်းဘီမှ အနီရောင်အပေါ် အာရုံစိုက်နေခဲ့သည်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး စိတ်ပြောင်းလဲသွားကာ သူ့လက်ချောင်းတွေက လက်သီး ထပ်ဆုပ်သွားခဲ့သည်။
သူတို့နှစ်ယောက်လုံး စကားမပြောကြပေ။ လမ်းတစ်လျှောက်လုံး ရှောင်ချန်း ရဲ့စိတ်အခြေအနေက လူသေလိုမျိုး အေးစက်နေသည်။
စူးစမ်းနေကြသည့် မျက်လုံးပေါင်းများစွာက ရှောင်ချန်း ပေါ်တွင် ရှိနေသည်။ တချို့လူတွေက လှောင်ရယ်နေကြပြီး တချို့ကတော့ စကားပြောနေကြသည်။
အသံထွက်လာတိုင်း လူထူးဆန်းရဲ့ မျက်လုံးတွေက ပိုမဲမှောင်လာပြီး သူ့အကြည့်တွေက တစ်ယောက်ချင်းစီတိုင်းကို တင်းမာစွာ ကြည့်နေခဲ့သည်။ သူ့အကြည့်ကို ရလိုက်သည့် လူတိုင်းက ချက်ချင်းကို တိတ်ဆိတ်သွားခဲ့သည်။
နောက်ဆုံးတော့။
ရှောင်ချန်း ကသူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ဘာမှမရှိသည့် စင်္ကြံတွင် ရပ်လိုက်သည်။
နှစ်ယောက်က မျက်နှာချင်းဆို ရပ်နေပြီး လူထူးဆန်းက သူ့အား အကူအညီမဲ့စွာဖြင့် ကြည့်နေခဲ့သည်။
ဒီတစ်ကြိမ်တွင် တင်းမာနေသည့် ရှောင်ချန်း ကဘာကိုမှ မထိန်းချုပ်တော့ပဲ ပုလဲလုံးတွေလိုမျိုး မျက်ရည်တွေ စီးကျလာခဲ့သည်။
သူက အံကြိတ်လိုက်ရင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပေမဲ့ သူ့နီရဲနေသည့် မျက်လုံးတွေက အထိန်းအချုပ်မဲ့နေခဲ့သည်။
လူထူးဆန်းရဲ့ နှလုံးသားက ခုန်လှုပ်သွားပြီး နာကျင်လာခဲ့သည်။
သို့သော် သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုကို ကျေနပ်နေသလိုမျိုး ဖော်မပြနိုင်သည့် စိတ်လှုပ်ရှားမှုက ရှိနေခဲ့သည်။
ငိုနေတယ်၊ ဒါက တကယ့်ကို ကြည့်ကောင်းတာပဲ။
လူထူးဆန်းက မထိန်းချုပ်နိုင်တော့ပဲ သူ့အား ပွေ့ဖက်လိုက်ပေမဲ့ သူ့အရပ်က ရှောင်ချန်း ထက်စင်တီမီတာ အနည်းငယ် ပုနေခဲ့သည်။ သူ့အား ဒီလိုဖက်လိုက်တာက အနည်းငယ် ထူးဆန်းနေသည်။
ရှောင်ချန်း ကသူ့အား ပွေ့ဖက်ခွင့်ပြုထားပြီး သူ့ခေါင်းက တစ်ဖက်လူရဲ့ လည်ပင်းတွင် နစ်မြုတ်နေခဲ့သည်။ မျက်ရည်တွေက လူထူးဆန်းရဲ့ လည်ပင်းမှတဆင့် အဝတ်တွေထိ စီးကျသွားခဲ့သည်။
ဒီလိုနွေးထွေးမှုက လူထူးဆန်းအား ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေသည်။
သို့သော် ရှောင်ချန်း ကအရမ်းဝမ်းနည်းနေတာကို မြင်လိုက်ပြီး သူ့ခံစားချက်က လျော့ကျသွားခဲ့သည်။
မင်းငိုနေရင် ငါ တစ်ယောက်ယောက်ကို သတ်ပစ်ချင်တယ်။
လူထူးဆန်းရဲ့ အညိုရောင် မျက်လုံးတွေက မဲမှောင်လာခဲ့သည်။
ငါ့နှလုံးသား အောက်ခြေမှာ မင်းတစ်ယောက်ပဲရှိတယ်၊ မင်းအပေါ်ကို ငါတောင် လက်ညှိုးလေးနဲ့ မထိရက်ဘူး။ ဘာကြောင့် သူတို့က မင်ကို နာကျင်အောင် လုပ်နိုင်ရတာလဲ?
ရှောင်ချန်း ရဲ့မျက်လုံးတွေက ပွင့်သွားပြီး သူက စားပွဲပေါ်တွင် လှဲနေပြီး အိပ်ပျော်နေတာကို မထင်မှတ်ထားပဲ တွေ့လိုက်ရသည်။
သူ့မျက်နှာက ဖြူဖျော့နေပြီး ဘာအရောင်မှ မရှိပေ။
သူ့လက်တွေ၊ ခြေတွေက ရေခဲလိုမျိုး ဘာအပူချိန်မှမရှိပဲ အေးစက်နေခဲ့သည်။
အရိပ်က အနက်ရောင်ထောင့်တွင် တိတ်ဆိတ်စွာ ဖုံးကွယ်နေပြီး သူ့ချစ်မြတ်နိုးရသည့် ရတနာလေးအား စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ အိမ်မက်ဆိုးက သက်ပြင်းချလိုက်သည်။
ခိခိခိခိ။
အရမ်းကြည့်ကောင်းတာပဲ! ဟိဟိဟိဟိ။
ကိုယ် မင်းကို ကာကွယ်ပေးမယ်! ဟိဟိဟိဟိ။
#မတင်တာကြာပြီနော် 😁#
29.5.2023 (Mon)
_______________
Zawgyi
ထိုေျပာစကားကို ၾကားလိုက္ၿပီး ေရွာင္ခ်န္း ငိုခ်င္သြားခဲ့သည္။ လူတစ္ေယာက္ရဲ႕ မ်က္ႏွာက သူ႔စိတ္ထဲ တိုက္႐ိုက္ေပၚလာခဲ့သည္။
အနက္ရႈိင္းဆုံး သူ႔ႏွလုံးသားထဲတြင္ ေအးစက္သြားခဲ့ၿပီး တစ္ခ်က္ခုန္လႈပ္သြားခဲ့သည္။
သူမ်က္ႏွာသစ္ေနစဥ္ ေတြ႕လိုက္ရသည့္ ေက်ာင္းသားေတြ မျဖစ္ႏိုင္ေပ။
ေရွာင္ခ်န္း ရဲ႕စိတ္ထဲတြင္ ေအာ္ဟစ္ေန႐ုံနဲ႔ ဒါက သူမျဖစ္ႏိုင္ဘူးလို႔ သူ႔ဘာသာ ေျပာေနခဲ့ၿပီး ေက်ာင္းသား တစ္ေယာက္က သူတို႔ၾကားတြင္ စကားထ,ေျပာလိုက္သည္။
“ငါ့မွာ အဲ့ေက်ာင္းသားပုံရွိတယ္၊ ၾကည့္ခ်င္လား?!”
ေရွာင္ခ်န္း ရဲ႕မ်က္လုံးေတြက လႈပ္ရွားသြားၿပီး သူ႔ႏွလုံးခုန္ႏႈန္းက ခ်က္ခ်င္းပင္ ျမန္လာခဲ့သည္။
ေရွာင္ခ်န္း နဲ႔စကားေျပာေနသည့္ ထိုေက်ာင္းသားက ေခါင္းညိတ္ကာ ေျပာလိုက္သည္။ “လာ၊ လာ၊ လာ၊ ငါ ၾကည့္ခ်င္တယ္”
ေရွာင္ခ်န္း ကတြန႔္ဆုတ္ေနၿပီးေနာက္ သူ႔ေခါင္းကို ဆန႔္လိုက္သည္။ စခရင္ေပၚမွ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ခ်ိန္တြင္ ေလ့က်င့္ခန္း လုပ္ထားမႈေၾကာင့္ ေႏြးေနသည့္ သူ႔လက္နဲ႔ ေျခေထာက္ေတြက ခ်က္ခ်င္း ေအးစက္လာခဲ့သည္။
ဟုတ္တယ္၊ သူပဲ။
ေရွာင္ခ်န္း ရဲ႕ရႈပ္ေထြးမႈက လုံးဝကို ဗလာျဖစ္သြားခဲ့သည္။
ဓားတစ္ေခ်ာင္းက သူ႔ရင္ဘတ္ထဲ စိုက္ဝင္သြားသလိုမ်ိဳး သူ႔ခံစားခ်က္ တစ္ခုလုံးက နစ္ျမႇဳတ္သြားခဲ့သည္။
သူက လုံးဝတုန္လႈပ္ေနၿပီး သူ႔အၾကားအာ႐ုံေတာင္ ေပ်ာက္ဆံဒးသြားကာ သူ႔နားအတြင္း တဝီဝီအသံကိုသာ ၾကားေနရသည္။ သူ႔ေဘးက လူက ဘာေျပာေနလဲဆိုတာ သူ မၾကားေတာ့ေပ။
သူ႔မ်က္လုံးထဲက ေၾကာက္႐ြံ႕မႈေတြက ဖုံးကြယ္မရေပ။
ဘယ္လိုျဖစ္ႏိုင္မွာလဲ? ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ?
ႏွစ္ရက္ကို တစ္ႀကိမ္!
ေသျခင္းကေန သူ ႏွစ္ႀကိမ္ေတာင္ လြတ္သြားခဲ့တယ္!!
ေရွာင္ခ်န္း ရဲ႕ေသြးေတြက ေအးခဲလာသလိုမ်ိဳး ခံစားလိုက္ရသည္။
“သြားရေအာင္၊ သြားရေအာင္! ရဲလာေနၿပီ!”
ေရွာင္ခ်န္း ကေဘးဘက္ကို တြန္းထုတ္ခံလိုက္ရၿပီး ေျခလွမ္းအနည္းငယ္ေတာင္ ေ႐ြ႕သြားၿပီး နံရံနဲ႔ တိုက္မိသြားကာ ဒါက ပုံရိပ္ေယာင္လား အိမ္မက္လားဆိုတာ ရႈပ္ေထြးေနတုန္းပင္။
ေရွာင္ခ်န္း ကိုတြန္းလိုက္သည့္ သူကလဲ ေက်ာင္းသားပင္ ျဖစ္သည္။ သူက မ်က္လုံးကို လွိမ့္လိုက္ကာ က်ိန္ဆဲလိုက္သည္။ “ေသာက္ေကာင္မ”
ေရွာင္ခ်န္း ကသူ႔ရင္ဘတ္ကို ဖိထားၿပီး သူ႔စိတ္တစ္ခုလုံးက လုံးဝကို လြတ္ထြက္ေနကာ သူ႔မ်က္လုံးေတြက ေငးငိုင္ေနခဲ့သည္။
ဟမ့္။
မင္း သူ႔ကို တြန္းရဲတယ္ေပါ့!!
ေထာင့္ဘက္အေမွာင္တြင္ ပုန္းကြယ္ေနသည့္ အရိပ္က ေရွာင္ခ်န္း ရဲ႕ေငးငိုင္ေနသည့္ အေျခအေနကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနၿပီး ျမင္ကြင္းတစ္ခုလုံးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။
ခိခိခိခိခိ။
သူ႔အား တြန္းလိုက္သည့္ ေက်ာင္းသားက သူ႔ေျခေထာက္ေတြက အေၾကာင္းျပခ်က္မရွိပဲ ေအးစက္လာတာကို ခံစားလိုက္ရသည္။ သူ႔တစ္ကိုယ္လုံးက ေရေအးနဲ႔ အပတ္ခံလိုက္ရသလိုမ်ိဳး တုန္ရီသြားခဲ့သည္။
ဘာျဖစ္ေနတာလဲ?
ဘာေၾကာင့္ ႐ုတ္တရပ္ႀကီး ေအးလာရတာလဲ?
ေက်ာင္းသားက ထိုအတိုင္း ေတြးလိုက္မိၿပီး ထိုခဏ သူ႔ဦးေႏွာက္က ထိုအေတြးထဲ နစ္ျမႇဳတ္ေနခဲ့သည္။
႐ုတ္တရပ္ အားေကာင္းလွသည့္ ကန္ခ်က္က အေနာက္မွေန၍ သူ႔ဒူးဆီကို ေရာက္လာခဲ့သည္။
ေက်ာင္းသားရဲ႕ သူငယ္အိမ္က စူးစိုက္သြားခဲ့ၿပီး သတိထားကာ တစ္စုံတစ္ခုကို လွမ္းဆြဲဖို႔ လုပ္လိုက္ေပမဲ့ ထူးဆန္းစြာျဖင့္ သူ႔ခႏၶာကိုယ္က သူ႔ဦးေႏွာက္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္တြင္ ရွိမေနေပ။ သူ႔လက္ေတြက ႀကိဳးတုတ္ခံထားရသလိုမ်ိဳး မလႈပ္ရွားႏိုင္ေပ။
ပိုေၾကာက္ဖို႔ေကာင္းတာက သူရပ္ေနသည့္ေနရာက ေလွကားေထာင့္ဘက္ လက္ရမ္းနားတြင္ ျဖစ္သည္။ သူ႔ေျခေထာက္ေတြက ေကြးသြားသည္ႏွင့္ တစ္ကိုယ္လုံးက ေလွကားေအာက္သို႔ လဲက်သြားၿပီး အႀကိမ္အနည္းငယ္ေလာက္ လွိမ့္သြားခဲ့သည္။ “ခရပ္” သူ႔အ႐ိုးက်ိဳးသံေတြကို ၾကားလိုက္ရၿပီး သူ႔ေခါင္းမွ “ဘုံး”ဆိုသည့္ အသံပါ ထြက္လာခဲ့သည္။
“အား၊ အား၊ အား၊ အား!” ေကာင္ေလးက နာက်င္မႈေၾကာင့္ ေအာ္ဟစ္လိုက္သည္။ သူ႔လက္ေတြက ေျခေထာက္ေတြကို ဖက္ထားၿပီး သူ႔မ်က္ႏွာကလဲ ရႈံ႕တြေနခဲ့သည္။
တံခါးနားတြင္ မတ္တပ္ရပ္ေနသည့္ အေဆာင္မႉးက ခ်က္ခ်င္း ေျပးလာၿပီး ေအာ္လိုက္သည္။ “ျမန္ျမန္၊ ျမန္ျမန္ လူနာတင္ယာဥ္ကို ေခၚလိုက္”
ကမာၻတစ္ခုလုံးက ဆူညံပြတ္ေလာ႐ိုက္ေနခဲ့သည္။
ေရွာင္ခ်န္း ကအေဝးဘက္ ေထာင့္တြင္ ရပ္ေနၿပီး သူ႔မ်က္လုံးေတြက ဗလာျဖစ္ၿပီး ဝိဉာဥ္ေပ်ာက္ေနသလို ျဖစ္ေနခဲ့သည္။
တစ္ကမာၻလုံးက ႐ူးသြပ္ေနသည္။
“မင္းမွာ သူငယ္ခ်င္းေတြ မရွိဘူးလား?”
“...”
“ရပါတယ္၊ ငါ့မွာလဲမရွိဘူး။ သူငယ္ခ်င္းေတြ လုပ္ရေအာင္၊ ငါတို႔ႏွစ္ေယာက္၊ အိုေက?”
“...”
ေရွာင္ခ်န္း ကသူ႔ေခါင္းကို လက္နဲ႔ဖိထားရင္း အခ်ိန္အေတာ္ၾကာက တစ္စုံတစ္ခုကို မွတ္မိလာခဲ့ၿပီးေနာက္ သူ႔ေခါင္းထဲတြင္ တစ္ေနရာရာမွ အသံေတြကို ၾကားေနရသည္။
ထို႔ေနာက္ သူ႔နားတြင္ ေျပာသူရဲ႕ အသြင္အျပင္က တစ္ခုၿပီးတစ္ခု ေပၚလာခဲ့သည္။
ေရွာင္ခ်န္း ကျပတင္းေပါက္ အျပင္ဘက္မွ ျမင္ကြင္းကို ၾကည့္လိုက္ၿပီး ေလေၾကာင့္ သစ္႐ြက္ေျခာက္ေတြက လြင့္လာတာကို ေငးၾကည့္ေနခဲ့သည္။
အဲ့လူကို သူထပ္မွတ္မိလာျပန္ၿပီ!
တစ္ဘဝလုံး သူငယ္ခ်င္းေတြ ျဖစ္ခ်င္တယ္လို႔ ေျပာခဲ့တဲ့ အဲ့ဒီ့လူ။
အခ်ိန္အေတာ္ၾကာ ေရွာင္ခ်န္း ကသူ႔စိတ္ထဲ ေပ်ာက္ဆုံးေနခဲ့ၿပီး သူ႔အသိစိတ္ေတြ ျပန္ဝင္လာခ်ိန္တြင္ သူ႔ေလ့က်င့္ခန္း စာအုပ္ထဲတြင္ နာမည္ေပါင္းမ်ားစြာကို ေရးထားခဲ့မိေၾကာင္း ေတြ႕လိုက္ရသည္။
ေနာက္ၿပီး အကုန္လုံးက လူတစ္ေယာက္တည္းပဲ။
ေရွာင္ခ်န္း သက္ျပင္းခ်လိုက္သည္။
ထိုနာမည္ကို ျမင္လိုက္ၿပီး ေရွာင္ခ်န္း ကကမာၻမွ ကြာျခားသြားသလို ခံစားလိုက္ရၿပီး ဗလာျဖစ္သြားသလို ခံစားလိုက္ရသည္။
သူက တိတ္တဆိတ္နဲ႔ ေလ့က်င့္ခန္း စာအုပ္မွ စာ႐ြက္ကို လွန္လိုက္သည္။
အရိပ္ထဲမွ တေစၦက ရယ္လိုက္ၿပီး သူ႔အသံထဲတြင္ ေပ်ာ္႐ႊင္ေနမႈက ဖုံးကြယ္မထားႏိုင္ေပ။
သူ ျမင္လိုက္တယ္!
စာ႐ြက္ေပၚမွာ ေရးထားတဲ့နာမည္။
ဂူလုမင္း။
ပုလႅင္ကိုရဖို႔ တိုင္းျပည္တစ္ခုလုံး ထိန္းခ်ဳပ္ထားသလိုမ်ိဳး သူ႔မွတ္ဉာဏ္ထဲက အေၾကာင္းေတြက မေမ့ႏိုင္ေပ။
“ဟဟဟားဟားဟား။ တိတ္ေနတာကိုၾကည့္၊ ခုံတစ္ခုလုံး အနီေရာင္ေဆးေတြႀကီးပဲ၊ ေနာက္ၿပီး သူက တကယ္ႀကီးကို အဲ့အေပၚ ထိုင္ခ်လိုက္တာပဲ၊ ဘာမွခုခံတာေတာင္ မရွိဘူး!” ၁၅/ ၁၆ ႏွစ္က အဆိုးဆုံးနဲ႔ အသက္အ႐ြယ္အတြက္ မာနအႀကီးဆုံး အခ်ိန္ျဖစ္သည္။
ေက်ာင္းသားေတြက ဒီေလွာင္ရယ္စရာ ျမင္ကြင္းကို ၾကည့္ေနၿပီး ေအာ္ရယ္ေနၾကသည္။ ဒါက အရမ္းမ်ားေနတာေၾကာင့္ သူတို႔ေတြက တီးတိုးေျပာေနၾကရင္း ေလွာင္ေျပာင္သည့္ စကားေတြကို ေျပာေနၾကသည္။
အတန္းထဲမွ ေက်ာင္းသူေတြေတာင္ ထိုအရာကို ျမင္လိုက္ခ်ိန္တြင္ ရယ္လိုက္ၾကၿပီး ေဘးဘက္ဆီသို႔ တီးတိုးေျပာၾကၿပီး သူ႔ဘက္ကိုေတာင္ လက္ညႇိဳးထိုးေနၾကသည္။
ေကာင္းေလးက သူ႔ေက်ာင္းလြယ္အိတ္အား အံဆြဲထဲထည့္လိုက္ၿပီး စာအုပ္ကို ထုတ္လိုက္သည္။ သူက သူ႔ပတ္ဝန္းက်င္မွ ဆူညံသံေတြအား နားမၾကားသူ တစ္ေယာက္လိုမ်ိဳး ဂ႐ုမစိုက္ပဲ ေနေနခဲ့သည္။
ထို႔ေနာက္ နီရဲေနသည့္ ေဆးေတြက သူ႔ေဘာင္းဘီမွတဆင့္ သူ႔အရည္ျပားကို ထိလာခဲ့သည္။
“ဟားဟားဟားဟား၊ ေရွာင္ခ်န္း ကရာသီလာေနၿပီ!!”
႐ုတ္တရပ္ႀကီး လူတစ္ေယာက္က ထိုစကားအား က်ယ္ေလာင္စြာ ေအာ္လိုက္သည္။ ခ်က္ခ်င္းပင္ တစ္တန္လုံးက ထ,ရယ္လိုက္ၾကသည္။
ေရွာင္ခ်န္း ကသူ႔ႏႈတ္ခမ္းကို ေစ့ထားၿပီး ဒီအေျခအေနအား ၿပီးဆုံးသြားေစခ်င္ေနခဲ့သည္။
“ေဘာင္း!”
တစ္ခုခုနဲ႔ ႐ိုက္လိုက္သလိုမ်ိဳး က်ယ္ေလာင္သည့္ အသံက ထြက္ေပၚလာခဲ့သည္။
ေက်ာင္းယူနီေဖာင္းဝတ္ထားၿပီး ပတ္တီးျဖင့္ သူ႔မ်က္လုံးအား ဖုံးထားသည့္ ေကာင္ေလး တစ္ေယာက္က တံခါးဝတြင္ ခံစားခ်က္မဲ့စြာ ရပ္ေနခဲ့ၿပီး သူ႔လက္ထဲတြင္ ေက်ာင္းလြယ္အိတ္အား ကိုင္ထားခဲ့သည္။
သူ႔အိတ္ကို ဆြဲလိုက္သည္ႏွင့္ စကားေျပာေနခဲ့သည့္ ထိုေက်ာင္းသားရဲ႕ ေခါင္းကို ႐ိုက္မိသြားခဲ့သည္။
သူ႔ကိုယ္မွ ေအးစက္မႈေတြ၊ ႐ိုင္းစိုင္းမႈေတြက ထြက္ေပၚေနၿပီး ခံစားခ်က္ေတြက ျပင္းထန္စြာ ေပါက္ကြဲထြက္ေတာ့မလို ျဖစ္ေနခဲ့သည္။ ေႁမြးေပြးလိုမ်ိဳး သူ႔အစြယ္ကို ထုတ္ျပေနကာ မင္းကို တစ္ခ်က္တည္း ကိုက္ဖို႔ ျပင္ဆင္ေနသလိုမ်ိဳး ျဖစ္ေနခဲ့သည္။
အ႐ိုက္ခံလိုက္ရသည့္ ေက်ာင္းသားရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္သြားခဲ့ၿပီး သူ႔ေခါင္းကို ကိုင္လိုက္ကာ မ်က္ႏွာအမူအရာက တင္းမာလာခဲ့သည္။ “ေသာက္ေခြးေကာင္၊ ဒီအေဖက မင္းကို အႏိုင္မက်င့္ဘူးေလ၊ မင္းက ဒီအေဖရဲ႕ေခါင္းကို လာထိၿပီး ရႈပ္ရဲတယ္!!”
ေျပာၿပီးေနာက္ အ႐ိုက္ခံရသည့္ ေက်ာင္းသားက ထိုင္ခုံကို ကိုင္လိုက္ၿပီး ထိုေက်ာင္းသားအား ႐ိုက္ဖို႔ျပင္လိုက္သည္။
အတန္းထဲမွ တျခားသူေတြက ၿငိမ္က်သြားကာ ဒီအေျခအေနၾကားတြင္ ဝင္မပါခ်င္ၾကေပ။
ေနာက္စကၠန႔္တြင္ သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ထ,႐ိုက္လိုက္ၾကသည္။
ထိုလူထူးဆန္းရဲ႕ အရပ္က အရမ္းႀကီး မရွည္ပဲ အရပ္ပုသည့္ ေကာင္ေလးမ်ိဳး ျဖစ္သည္။ သူ႔လက္ေမာင္းကေတာ့ အားနည္းသည့္ ၾကက္ကေလးလိုမ်ိဳး ျဖစ္ေနတယ္လို႔ေတာ့ ေျပာမရေပ။
ဆန႔္က်င္ဘက္အေနျဖင့္ တစ္ဖက္ေက်ာင္းသားက ၁.၈ မီတာေလာက္ရွိၿပီး အရမ္းကိုရွည္ကာ သူ႔ႂကြက္သားေတြကလဲ အရမ္းကို ေတာင့္တင္းသည္။
ရန္ပြဲက စတင္သည္ႏွင့္ လူတိုင္းက ျပႆနာအရွာခံရသည့္ ေက်ာင္းသားက ေသခ်ာေပါက္ အႏိုင္ရမယ္လို႔ ထင္ထားၾကၿပီး လူထူးဆန္းကေတာ့ ေသခ်ာေပါက္ကို အ႐ိုက္ခံရၿပီး က်ိဳးပဲ့သြားမယ္လို႔ ေတြးေနခဲ့ၾကသည္။
သို႔ေသာ္ သူတို႔ ခန႔္မွန္းခ်က္နဲ႔ ျမင္ကြင္းက လုံးဝကို ကြာျခားေနတာေၾကာင့္ ေျပာစရာစကားမဲ့သြားခဲ့သည္။
လူထူးဆန္းက မွန္ကန္သည့္ အေနအထားတြင္ရွိၿပီး သူက လ်င္ျမန္ကာ ျမန္ဆန္ၿပီး ရက္စက္သည္။ သူက ေအးစက္စြာ ရယ္လိုက္ၿပီး ေက်ာင္းသားရဲ႕ လက္အား လက္တစ္ဖက္ျဖင့္ ထိုးလိုက္ၿပီး ေက်ာင္းသားရဲ႕ လည္ပင္းအား တျခားလက္နဲ႔ ကိုင္ထားကာ သူ႔အား ၾကမ္းျပင္ေပၚသို႔ တင္းမာစြာ ဖိခ်လိုက္သည္။
သူ႔ဆံပင္ကို ဆြဲလိုက္ၿပီး သူ႔ေခါင္းကို ဖိခ်လိုက္ကာ ၾကမ္းျပင္ေပၚသို႔ ျပင္းထန္စြာ ႐ိုက္ခ်လိုက္သည္။
လူထူးဆန္းက လုံးဝကို ႐ူးသြပ္ေနခဲ့သည္။
တခ်ိဳ႕ေက်ာင္းသားေတြက ဆရာကိုေခၚဖို႔ အတန္းထဲမွ ေျပးထြက္သြားၾကသည္။
ေရွာင္ခ်န္း က႐ုတ္တရပ္ ထ,ရပ္လိုက္ၿပီး သူ႔ေဘာင္းဘီမွ အနီေရာင္ကို ဂ႐ုမစိုက္ပဲ ေျပးသြားကာ လူထူးဆန္းရဲ႕ ေကာ္လာကို ဆြဲလိုက္သည္။ သူက ငိုေတာ့မလို ျဖစ္ေနကာ အတန္းထဲတြင္ တစ္ခါမွ အသံမထြက္ခဲ့သည့္ သူ႔ပါးစပ္က ဖြင့္လာခဲ့သည္။ “ဂူလုမင္း!”
လူထူးဆန္းရဲ႕လက္ေတြက ရပ္တန႔္သြားခဲ့သည္။ သူ႔ဆံပင္ေတြက ျပင္းထန္သည့္ လႈပ္ရွားမႈေၾကာင့္ လႈပ္ရွားသြားကာ သူ႔အညိဳေရာင္ မ်က္လုံးေတြက ေပၚလာခဲ့ၿပီး သူ႔မ်က္လုံးထဲမွ မယုံႏိုင္ေလာက္သည့္ အမူအရာေတြက ေပၚလာခဲ့သည္။
ခ်စ္ခင္တြယ္တာမႈ၊ စိတ္လႈပ္ရွားမႈ၊ စိတ္ကူးယဥ္ဆန္မႈ။
ဒါက ေရွာင္ခ်န္း ရဲ႕အသံကို သူပထမဆုံး ၾကားဖူးျခင္းပင္။
သူ႔နာမည္ကို ေခၚလိုက္တယ္။
ထူးဆန္းသည့္ စိတ္ေက်နပ္မႈေတြက လူထူးဆန္းရဲ႕ ႏွလုံးသားထဲတြင္ ျမင့္တက္လာခဲ့ၿပီး သူ႔ႏွလုံးသားက ႏူးညံ့သည့္ တစ္စုံတစ္ခုေၾကာင့္ ျပည့္ႏွက္သြားခဲ့သည္။
ေက်ာင္းသားကေတာ့ မ်က္ႏွာေတြ စုတ္ျပတ္သက္ၿပီး ႏွာေခါင္း႐ိုး က်ိဳးသည္အထိ အ႐ိုက္ခံလိုက္ရသည္။ သူ႔တစ္ကိုယ္လုံးက တုန္ရီေနၿပီး သူ႔သူငယ္အိမ္က စူးစိုက္ေနကာ သူ႔ဦးေႏွာက္က ဗလာျဖစ္ေနၿပီး သူ႔တစ္ကိုယ္လုံးက ေငးငိုင္ေနခဲ့သည္။
လူထူးဆန္းရဲ႕ လက္သီးက ထပ္က်လာခဲ့ရင္ သူေသတဲ့အထိ အ႐ိုက္ခံရမွာပဲ!!
ေက်ာင္းသားရဲ႕အျမင္မွ လူထူးဆန္းရဲ႕ အညိဳေရာင္ မ်က္လုံးေတြက ေအးစက္သည့္ အလင္းေရာင္ျဖင့္ ေတာက္ပေနၿပီး သူ႔မ်က္လုံးေတြမွ လူသတ္ရိပ္ေတြက လုံးဝဖုံးကြယ္မထားႏိုင္ေပ။ အဆိပ္ျပင္းသည့္ ေႁမြဆီမွ အဖမ္းခံလိုက္ရသလိုမ်ိဳး ေၾကာက္လန႔္ေနမႈေတြက သူ႔တစ္ကိုယ္လုံးကို ဖုံးလႊမ္းသြားခဲ့သည္။
ေက်ာင္းသားရဲ႕ ခႏၶာကိုယ္က ပိုၿပီးေတာ့ေတာင္ တုန္လာခဲ့သည္။
သူ တကယ့္ကို သူ႔ကို သတ္ခ်င္ေနတာပဲ!!!
“လုမင္း၊ သြားရေအာင္!!” ေရွာင္ခ်န္း ရဲ႕မ်က္လုံးေတြကလဲ နီရဲလာခဲ့ၿပီး သူက လူထူးဆန္းရဲ႕ လက္ေမာင္းကို သူ႔လက္ေတြနဲ႔ ဆြဲလိုက္သည္။
သူတို႔ပတ္ဝန္းက်င္မွ လူတိုင္းက သူတို႔ႏွစ္ေယာက္အား အေသအခ်ာ စိုက္ၾကည့္ေနခဲ့သည္။ သူတို႔မ်က္လုံးထဲတြင္ မႏွစ္ၿမိဳ႕ျခင္းေတြက ဖုံးကြယ္မထားႏိုင္ေပ။ ဒီလိုအၾကည့္က ႐ြံစရာတီေကာင္အား ၾကည့္ေနတာနဲ႔ တူေနသည္။
ဒါထက္ ထိုအၾကည့္ေတြထဲတြင္ ေၾကာက္လန႔္မႈက ပိုမ်ားေနသည္။
ဒီလူေတြက ႀကီးမားသည့္ ရန္ပြဲကို ျမင္လိုက္ရခ်ိန္တြင္ ေက်ာင္းသားက ေသြးထြက္သည္အထိ အ႐ိုက္ခံလိုက္ရသည္။
သူ႔စိတ္ကို ေပ်ာက္ဆုံးသြားခဲ့သည့္ လူထူးဆန္းက တျဖည္းျဖည္း ျပန္တည္ၿငိမ္လာခဲ့ၿပီး အ႐ိုက္ခံေနရသည့္ ေက်ာင္းသားကို လႊတ္ေပးလိုက္ၿပီး ေရွာင္ခ်န္း ရဲ႕လက္ကို ကိုင္လိုက္ၿပီးေနာက္ သူ႔ေျခလွမ္းေတြက စာသင္ခန္း အျပင္ဘက္ဆီသို႔ လွမ္းထြက္သြားခဲ့သည္။
စႀကႍဘက္တြင္ ထိုရန္ပြဲအား ၾကည့္ေနၾကသည့္ လူအုပ္ႀကီးက ရွိေနခဲ့သည္။
သူတို႔ ေလွ်ာက္ထြက္လာခ်ိန္တြင္ လူတိုင္းက သတိလက္လြတ္ ေျခလွမ္းဆုတ္လိုက္ၿပီး သူတို႔အား လမ္းဖြင့္ေပးလိုက္သည္။
သူတို႔က ဒီလူႏွစ္ေယာက္ကို ပထမဆုံးအႀကိမ္ ေတြ႕ဖူးျခင္းသာ ျဖစ္သည္။
လူထူးဆန္းက ေရွာင္ခ်န္း အေနာက္မွ လိုက္ေနၿပီး သူ႔ေဘာင္းဘီမွ အနီေရာင္အေပၚ အာ႐ုံစိုက္ေနခဲ့သည္။ သူ႔မ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီး စိတ္ေျပာင္းလဲသြားကာ သူ႔လက္ေခ်ာင္းေတြက လက္သီး ထပ္ဆုပ္သြားခဲ့သည္။
သူတို႔ႏွစ္ေယာက္လုံး စကားမေျပာၾကေပ။ လမ္းတစ္ေလွ်ာက္လုံး ေရွာင္ခ်န္း ရဲ႕စိတ္အေျခအေနက လူေသလိုမ်ိဳး ေအးစက္ေနသည္။
စူးစမ္းေနၾကသည့္ မ်က္လုံးေပါင္းမ်ားစြာက ေရွာင္ခ်န္း ေပၚတြင္ ရွိေနသည္။ တခ်ိဳ႕လူေတြက ေလွာင္ရယ္ေနၾကၿပီး တခ်ိဳ႕ကေတာ့ စကားေျပာေနၾကသည္။
အသံထြက္လာတိုင္း လူထူးဆန္းရဲ႕ မ်က္လုံးေတြက ပိုမဲေမွာင္လာၿပီး သူ႔အၾကည့္ေတြက တစ္ေယာက္ခ်င္းစီတိုင္းကို တင္းမာစြာ ၾကည့္ေနခဲ့သည္။ သူ႔အၾကည့္ကို ရလိုက္သည့္ လူတိုင္းက ခ်က္ခ်င္းကို တိတ္ဆိတ္သြားခဲ့သည္။
ေနာက္ဆုံးေတာ့။
ေရွာင္ခ်န္း ကသူ႔ေျခလွမ္းေတြကို ရပ္တန႔္လိုက္ၿပီး ဘာမွမရွိသည့္ စႀကႍတြင္ ရပ္လိုက္သည္။
ႏွစ္ေယာက္က မ်က္ႏွာခ်င္းဆို ရပ္ေနၿပီး လူထူးဆန္းက သူ႔အား အကူအညီမဲ့စြာျဖင့္ ၾကည့္ေနခဲ့သည္။
ဒီတစ္ႀကိမ္တြင္ တင္းမာေနသည့္ ေရွာင္ခ်န္း ကဘာကိုမွ မထိန္းခ်ဳပ္ေတာ့ပဲ ပုလဲလုံးေတြလိုမ်ိဳး မ်က္ရည္ေတြ စီးက်လာခဲ့သည္။
သူက အံႀကိတ္လိုက္ရင္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္လိုက္ေပမဲ့ သူ႔နီရဲေနသည့္ မ်က္လုံးေတြက အထိန္းအခ်ဳပ္မဲ့ေနခဲ့သည္။
လူထူးဆန္းရဲ႕ ႏွလုံးသားက ခုန္လႈပ္သြားၿပီး နာက်င္လာခဲ့သည္။
သို႔ေသာ္ သူ႔ႏွလုံးသားထဲတြင္ တစ္စုံတစ္ခုကို ေက်နပ္ေနသလိုမ်ိဳး ေဖာ္မျပႏိုင္သည့္ စိတ္လႈပ္ရွားမႈက ရွိေနခဲ့သည္။
ငိုေနတယ္၊ ဒါက တကယ့္ကို ၾကည့္ေကာင္းတာပဲ။
လူထူးဆန္းက မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ သူ႔အား ေပြ႕ဖက္လိုက္ေပမဲ့ သူ႔အရပ္က ေရွာင္ခ်န္း ထက္စင္တီမီတာ အနည္းငယ္ ပုေနခဲ့သည္။ သူ႔အား ဒီလိုဖက္လိုက္တာက အနည္းငယ္ ထူးဆန္းေနသည္။
ေရွာင္ခ်န္း ကသူ႔အား ေပြ႕ဖက္ခြင့္ျပဳထားၿပီး သူ႔ေခါင္းက တစ္ဖက္လူရဲ႕ လည္ပင္းတြင္ နစ္ျမဳတ္ေနခဲ့သည္။ မ်က္ရည္ေတြက လူထူးဆန္းရဲ႕ လည္ပင္းမွတဆင့္ အဝတ္ေတြထိ စီးက်သြားခဲ့သည္။
ဒီလိုေႏြးေထြးမႈက လူထူးဆန္းအား ပိုၿပီးေတာ့ေတာင္ စိတ္လႈပ္ရွားေစသည္။
သို႔ေသာ္ ေရွာင္ခ်န္း ကအရမ္းဝမ္းနည္းေနတာကို ျမင္လိုက္ၿပီး သူ႔ခံစားခ်က္က ေလ်ာ့က်သြားခဲ့သည္။
မင္းငိုေနရင္ ငါ တစ္ေယာက္ေယာက္ကို သတ္ပစ္ခ်င္တယ္။
လူထူးဆန္းရဲ႕ အညိဳေရာင္ မ်က္လုံးေတြက မဲေမွာင္လာခဲ့သည္။
ငါ့ႏွလုံးသား ေအာက္ေျခမွာ မင္းတစ္ေယာက္ပဲရွိတယ္၊ မင္းအေပၚကို ငါေတာင္ လက္ညႇိဳးေလးနဲ႔ မထိရက္ဘူး။ ဘာေၾကာင့္ သူတို႔က မင္ကို နာက်င္ေအာင္ လုပ္ႏိုင္ရတာလဲ?
ေရွာင္ခ်န္း ရဲ႕မ်က္လုံးေတြက ပြင့္သြားၿပီး သူက စားပြဲေပၚတြင္ လွဲေနၿပီး အိပ္ေပ်ာ္ေနတာကို မထင္မွတ္ထားပဲ ေတြ႕လိုက္ရသည္။
သူ႔မ်က္ႏွာက ျဖဴေဖ်ာ့ေနၿပီး ဘာအေရာင္မွ မရွိေပ။
သူ႔လက္ေတြ၊ ေျခေတြက ေရခဲလိုမ်ိဳး ဘာအပူခ်ိန္မွမရွိပဲ ေအးစက္ေနခဲ့သည္။
အရိပ္က အနက္ေရာင္ေထာင့္တြင္ တိတ္ဆိတ္စြာ ဖုံးကြယ္ေနၿပီး သူ႔ခ်စ္ျမတ္ႏိုးရသည့္ ရတနာေလးအား စိတ္အားထက္သန္စြာျဖင့္ စိုက္ၾကည့္ေနခဲ့သည္။ အိမ္မက္ဆိုးက သက္ျပင္းခ်လိုက္သည္။
ခိခိခိခိ။
အရမ္းၾကည့္ေကာင္းတာပဲ! ဟိဟိဟိဟိ။
ကိုယ္ မင္းကို ကာကြယ္ေပးမယ္! ဟိဟိဟိဟိ။
#မတင္တာၾကာၿပီေနာ္ 😁#
29.5.2023 (Mon)
_______________