လူသတ်ကောင်ဘယ်သူလဲ?(Realm - 26...

By Dancing_Breeze

49.9K 8.3K 412

Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu ... More

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48

Chapter - 17

856 172 2
By Dancing_Breeze

Unicode

၁၆၉၁။ အားကြီးသူကအုပ်စိုးတယ်
_____________________

ဒီတော့မှသာ မိန်ကျီချင်းပြောတဲ့ ပထမျိုးဆက်တာဝန်ထမ်းဆောင်သူတွေက သာမန်တာဝန်ထမ်းဆောင်သူတွေရဲ့ရှင်ခြင်းသေခြင်းကို အလွယ်တကူဆုံးဖြတ်နိုင်တယ်ဆိုတဲ့စကားကို နဉ်ရှု နားလည်သွားခဲ့တာဖြစ်သည်။

သူမသာ စွမ်းအားကြီးနေခဲ့ရင်။ အဲ့လိုသာဆိုလို့ကတော့ စိတ္တဇအန်ကယ်က သူမကို သုတ်သင်ဖို့ကြိုးစားတဲ့အခါ သူမက သူ့ကို အရင်သုတ်သင်ပစ်လိုက်မယ်။

ခွန်အားမရှိရင် ဘာသိက္ခာ၊ ဘာစကားပြောခွင့်မှမရှိဘူး။

စွမ်းအားကြီးတဲ့သူက အုပ်စိုးတယ်ဆိုတာ ကြမ်းတမ်းတဲ့အမှန်တရားပဲ။

တစ်ညလုံးလေ့ကျင့်ပြီးတဲ့အခါ သူမရဲ့တန်ထျန်းထဲမှာ စွမ်းအင်အမျှင်လေးတစ်ခုဖြစ်တည်လာသည်။ သူမရဲ့ခန္ဓာကိုယ်က ပိုနွေးထွေးလာပြီး သူမ အများကြီးနေလို့ကောင်းလာသည်။

အပ်ချည်ကြိုးနဲ့လှီးဖြတ်ထားခြင်းခံရတဲ့သူမရဲ့လက်မှာတော့ အသားစတွေတွဲကျနေဆဲဖြစ်ပြီး အခု သူမရဲ့လက်က အတော်လေးယားလာကာ နီရဲ‌နေသည်။ နဉ်ရှုက အနာရောင်လာပြီးအဖျားဝင်တာကိုကာကွယ်ဖို့အတွက် အရောင်ပျောက်ဆေးတွေထပ်သောက်လိုက်သည်။

အန်ကယ်နဲ့795က အောက်ထပ်ကိုဆင်းလာသည်။ အန်ကယ့်ကိုမြင်တဲ့အခါ နဉ်ရှု ခေါင်းငုံ့လိုက်မိသည်။ သူမရဲ့မျက်လုံးထောင့်တွေကနေ သူ့ရဲ့သွယ်လျတဲ့ခြေသလုံးနဲ့မသိမသာမြောက်တက်နေတဲ့လေကာအင်္ကျီစကိုသာ နဉ်ရှုမြင်နေရသည်။

လှေကားပေါ်ကနေဆင်းလာတဲ့သူ့ခြေလှမ်းတစ်လှမ်းစီတိုင်းက သူမရဲ့နှလုံးသားကို နင်းချလိုက်သည့်နှယ်။ ဒါက အတော်လေးသည်းခံဖို့ခက်ခဲသည်။

သူမ ဒီအမျိုးသားကို ကြောက်ရွံ့သွားပြီဖြစ်၏။

နဉ်ရှုတစ်ယောက် အသက်ပြင်းပြင်းရှူလိုက်ကာ စိတ်နှလုံးကြည်လင်စေတဲ့ဂါထာကိုရွတ်ရင်း သူမရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖိနှိပ်နေရသည်။ သူမ အင်အားကြီးလာတဲ့တစ်နေ့ သူ့ကို သုတ်သင်ပြီးလက်စားချေမယ်။

သူမ ခဏစိတ်ကူးယဉ်လိုက်မိသည်။

"ဘာလား? တစ်ညတည်း နှစ်ယောက်သေသွားတယ်၊ ပြီးတော့ သူတို့က တာဝန်ထမ်းဆောင်သူတွေတောင်ဖြစ်နေလိုက်သေး။"

795က ပခုံးတွန့်သည်။

"ဒီတာဝန်ကတော့၊ ဝိုး!"

နဉ်ရှုတိတ်နေမိသည်။ သူမရဲ့အဆင့်မြှင့်တင်ထားတဲ့အဆောင်ကြောင့်သာမဟုတ်ရင် သေတဲ့လူက သုံးယောက်ဖြစ်နေမှာ။

သေစမ်း၊ အဆင့်မြှင့်တင်ထားတဲ့အဆောင်တစ်ခုရဖို့ ကုသိုလ်မှတ်တွေအများကြီးသုံးထားရတာ။

နဉ်ရှု ဆောက်တည်ရာမရဖြစ်သွားသည်။ သူမ တကယ်ငိုချင်တယ်။

"ခုံကိုသုတ်လိုက်။"

အန်ကယ်က နဉ်ရှုကို လက်ယပ်ခေါ်သည်။

နဉ်ရှုက ပြုံးကာ ကို့ရို့ကားယားပတ်တီးစည်းထားတဲ့သူမလက်ကိုမြှောက်ပြသည်။

"ကျွန်မ ဒဏ်ရာရထားတယ်။"

ယိ့၊ စောစောလေးကတင်ပဲ သူ သူမကိုသုတ်သင်ထားပြီး အခုကျ သူမကို ခိုင်းစားနေပြန်ပြီ။ သူ့မှာ သောက်အရှက်တရားရောရှိရဲ့လား?

ဒါက သူ့ကို အပြစ်ရှိသလိုမခံစားရစေဘူးလား?

795က ခဏမျှစဉ်းစားကာ ခုံကို သူ့ဖင်နဲ့ပွတ်သုတ်လိုက်ပြီး အန်ကယ့်ကိုပြောသည်။

"ကျွန်တော်သုတ်လိုက်ပြီ၊ ခင်ဗျား ထိုင်လို့ရပြီ။"

အန်ကယ်က သူ့ကိုတစ်ချက်ကြည့်သည်။ သူက အဲ့ခုံပေါ်မှာမထိုင်ဘဲ 795ရဲ့ဘေးကခုံမှာဝင်ထိုင်သည်။

"သူတို့ ဘယ်လိုသေသွားတာလဲ?"

795ကမေးသည်။ သူက ဘော့စ်နဲ့တစ်ခန်းတည်းကျတာလေ။ အန္တရာယ်ကင်းလွန်းလို့ သူ တစ်ချိုးတည်းအိပ်ပျော်သွားတာ။

မနေ့ညကဖြစ်ခဲ့တာတွေကို သူ တစ်ခုမှမသိပါချေ။

နဉ်ရှုက အန်ကယ့်ကိုကြည့်ကာဆိုသည်။

"ဒါ လူသတ်မှုပဲ။"

အတိအကျပြောရရင် ကျန်းကျားစန်က သူမကိုသတ်ချင်ခဲ့တာ။ မိန်ကျီချင်းက လောကြီးနေလို့ မတော်တဆအသတ်ခံလိုက်ရတာ။

မိန်ကျီချင်းက အတော်လေးဆန္ဒစောနေတယ်လို့ နဉ်ရှုထင်မိသည်။ သူမက ဒီတာဝန်ကိုအဆုံးသတ်ပြီး အဆင့်မြင့်တာဝန်ထမ်းဆောင်သူဖြစ်ဖို့ ကုသိုလ်မှတ်တွေရနိုင်ဖို့အတွက် လူသတ်သမားကို အသည်းအသန်ဖမ်းချင်နေတာဖြစ်နိုင်တယ်။

လောကြီးနေရင် အမှားလုပ်မိဖို့လွယ်တယ်။

795က မျက်ခုံးပင့်သည်။

"ဒီတော့ 6457က မင်းသတ်တာခံလိုက်ရတာလား?"

နဉ်ရှုကခေါင်းခါသည်။ သူမက အရေးမလုပ်တဲ့အန်ကယ့်ကိုတစ်ချက်ကြည့်ကာဆိုသည်။

"သူက သုတ်သင်ခံလိုက်ရတာဖြစ်မယ်။"

795တစ်ယောက် အန်ကယ့်ကိုမကြည့်ဘဲမနေနိုင်တော့ချေ။ သူက နဉ်ရှုကို အခန်းထဲကနေဆွဲခေါ်သွားကာမေးသည်။

"ဘာတွေဖြစ်နေတာလဲ?"

နဉ်ရှုက 795ကို ဇာတ်စုံခင်းပြလိုက်၏။

795မှာ မနေနိုင်စွာခေါင်းခါမိရတော့သည်။

"သူ သုတ်သင်ခံလိုက်ရတာဖြစ်နိုင်တယ်။ ဒါက ဘယ်လိုတာဝန်မျိုးလဲဆိုတာတောင် သူ မစဉ်းစားဘူးပဲ။"

"ဒီကမ္ဘာက အထူးအဆင့်မြင့်ကမ္ဘာဖြစ်တော့မှာ။ စည်းမျဉ်းတွေပြိုလဲသွားရင် ကပ်ဘေးကြီးဖြစ်လာလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာရှိနေတဲ့သန်းရာချီနေတဲ့သက်ရှိတွေအကုန် ပျက်စီးသွားရမှာ။ ဒီကမ္ဘာရဲ့အပိုင်းအစတွေနဲ့စည်းမျဉ်းအပိုင်းအစတွေက အနီးနားကမ္ဘာတွေကို ထိခိုက်စေလိမ့်မယ်။ ကမ္ဘာတွေက ဆက်စပ်နေတာ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဝိဉာဉ်ကူးပြောင်းတာတွေ ဒီလောက်များနေမှာလဲ?"

"ဒီတာဝန်က အရေးအကြီးဆုံးပဲ။ ငါ အဲ့496အပျက်မကို အရမ်းမုန်းပေမယ့် သူ့ကို ဘာမှမလုပ်ဘူး။ အငြိုးအတေးတွေက တာဝန်ပြီးမှ‌ဖြေရှင်းလို့ရတယ်။"

795ကခေါင်းခါသည်။

"ဒီတာဝန်သာမအောင်မြင်ရင် သေသွားတဲ့တာဝန်ထမ်းဆောင်သူအယောက်တစ်ရာရဲ့ဝိဉာဉ်တွေကတောင် ဒီကမ္ဘာရဲ့ပျက်စီးမှုကို ထိန်းနိုင်မှာမဟုတ်ဘူး။"
...

လေပွေ၏အာလူး။ ။ ဒီအခန်းရယ်၊ နောက်လာမယ့်တစ်ခန်းရယ်က ရှေ့လ၂၉တုန်းက ကေပေးဆီပို့ပေးလိုက်တဲ့မုန့်ဖိုးအတွက်အကြွေးပါ။ ကေပေးက ဒိုးဆီနိုတီမဝင်လို့ ချက်ချင်းမသိလိုက်။ မုန့်ဖိုးအတွက်ကျေးဇူးတင်ပါတယ်။ နာမည်က ကေပေးကမို့သိပေမယ့် ပြောစေချင်လားမပြောစေချင်လားမသိလို့။

မုန့်ဖိုးများပေးချင်ရင်ဖြင့် ၀၉၈၉၇၆၅၀၅၁၀ကို ဝေ့ရောကေပေးနဲ့ရော‌အကောင့်ထဲတိုက်ရိုက်လွှဲပေးနိုင်ပါကြောင်း။ အမြဲရေးနေရတာကြာတော့ပျင်းÓ⁠╭⁠╮⁠Ò
...

Zawgyi

၁၆၉၁။ အားႀကီးသူကအုပ္စိုးတယ္
_____________________

ဒီေတာ့မွသာ မိန္က်ီခ်င္းေျပာတဲ့ ပထမ်ိဳးဆက္တာဝန္ထမ္းေဆာင္သူေတြက သာမန္တာဝန္ထမ္းေဆာင္သူေတြရဲ႕ရွင္ျခင္းေသျခင္းကို အလြယ္တကူဆုံးျဖတ္ႏိုင္တယ္ဆိုတဲ့စကားကို နဥ္ရႈ နားလည္သြားခဲ့တာျဖစ္သည္။

သူမသာ စြမ္းအားႀကီးေနခဲ့ရင္။ အဲ့လိုသာဆိုလို႔ကေတာ့ စိတၱဇအန္ကယ္က သူမကို သုတ္သင္ဖို႔ႀကိဳးစားတဲ့အခါ သူမက သူ႔ကို အရင္သုတ္သင္ပစ္လိုက္မယ္။

ခြန္အားမရွိရင္ ဘာသိကၡာ၊ ဘာစကားေျပာခြင့္မွမရွိဘူး။

စြမ္းအားႀကီးတဲ့သူက အုပ္စိုးတယ္ဆိုတာ ၾကမ္းတမ္းတဲ့အမွန္တရားပဲ။

တစ္ညလုံးေလ့က်င့္ၿပီးတဲ့အခါ သူမရဲ႕တန္ထ်န္းထဲမွာ စြမ္းအင္အမွ်င္ေလးတစ္ခုျဖစ္တည္လာသည္။ သူမရဲ႕ခႏၶာကိုယ္က ပိုေႏြးေထြးလာၿပီး သူမ အမ်ားႀကီးေနလို႔ေကာင္းလာသည္။

အပ္ခ်ည္ႀကိဳးနဲ႔လွီးျဖတ္ထားျခင္းခံရတဲ့သူမရဲ႕လက္မွာေတာ့ အသားစေတြတြဲက်ေနဆဲျဖစ္ၿပီး အခု သူမရဲ႕လက္က အေတာ္ေလးယားလာကာ နီရဲ‌ေနသည္။ နဥ္ရႈက အနာေရာင္လာၿပီးအဖ်ားဝင္တာကိုကာကြယ္ဖို႔အတြက္ အေရာင္ေပ်ာက္ေဆးေတြထပ္ေသာက္လိုက္သည္။

အန္ကယ္နဲ႔795က ေအာက္ထပ္ကိုဆင္းလာသည္။ အန္ကယ့္ကိုျမင္တဲ့အခါ နဥ္ရႈ ေခါင္းငုံ႔လိုက္မိသည္။ သူမရဲ႕မ်က္လုံးေထာင့္ေတြကေန သူ႔ရဲ႕သြယ္လ်တဲ့ေျခသလုံးနဲ႔မသိမသာေျမာက္တက္ေနတဲ့ေလကာအက်ႌစကိုသာ နဥ္ရႈျမင္ေနရသည္။

ေလွကားေပၚကေနဆင္းလာတဲ့သူ႔ေျခလွမ္းတစ္လွမ္းစီတိုင္းက သူမရဲ႕ႏွလုံးသားကို နင္းခ်လိုက္သည့္ႏွယ္။ ဒါက အေတာ္ေလးသည္းခံဖို႔ခက္ခဲသည္။

သူမ ဒီအမ်ိဳးသားကို ေၾကာက္႐ြံ႕သြားၿပီျဖစ္၏။

နဥ္ရႈတစ္ေယာက္ အသက္ျပင္းျပင္းရွဴလိုက္ကာ စိတ္ႏွလုံးၾကည္လင္ေစတဲ့ဂါထာကို႐ြတ္ရင္း သူမရဲ႕မေကာင္းတဲ့စိတ္ခံစားခ်က္ေတြကို ဖိႏွိပ္ေနရသည္။ သူမ အင္အားႀကီးလာတဲ့တစ္ေန႔ သူ႔ကို သုတ္သင္ၿပီးလက္စားေခ်မယ္။

သူမ ခဏစိတ္ကူးယဥ္လိုက္မိသည္။

"ဘာလား? တစ္ညတည္း ႏွစ္ေယာက္ေသသြားတယ္၊ ၿပီးေတာ့ သူတို႔က တာဝန္ထမ္းေဆာင္သူေတြေတာင္ျဖစ္ေနလိုက္ေသး။"

795က ပခုံးတြန႔္သည္။

"ဒီတာဝန္ကေတာ့၊ ဝိုး!"

နဥ္ရႈတိတ္ေနမိသည္။ သူမရဲ႕အဆင့္ျမႇင့္တင္ထားတဲ့အေဆာင္ေၾကာင့္သာမဟုတ္ရင္ ေသတဲ့လူက သုံးေယာက္ျဖစ္ေနမွာ။

ေသစမ္း၊ အဆင့္ျမႇင့္တင္ထားတဲ့အေဆာင္တစ္ခုရဖို႔ ကုသိုလ္မွတ္ေတြအမ်ားႀကီးသုံးထားရတာ။

နဥ္ရႈ ေဆာက္တည္ရာမရျဖစ္သြားသည္။ သူမ တကယ္ငိုခ်င္တယ္။

"ခုံကိုသုတ္လိုက္။"

အန္ကယ္က နဥ္ရႈကို လက္ယပ္ေခၚသည္။

နဥ္ရႈက ၿပဳံးကာ ကို႔႐ို႕ကားယားပတ္တီးစည္းထားတဲ့သူမလက္ကိုေျမႇာက္ျပသည္။

"ကြၽန္မ ဒဏ္ရာရထားတယ္။"

ယိ့၊ ေစာေစာေလးကတင္ပဲ သူ သူမကိုသုတ္သင္ထားၿပီး အခုက် သူမကို ခိုင္းစားေနျပန္ၿပီ။ သူ႔မွာ ေသာက္အရွက္တရားေရာရွိရဲ႕လား?

ဒါက သူ႔ကို အျပစ္ရွိသလိုမခံစားရေစဘူးလား?

795က ခဏမွ်စဥ္းစားကာ ခုံကို သူ႔ဖင္နဲ႔ပြတ္သုတ္လိုက္ၿပီး အန္ကယ့္ကိုေျပာသည္။

"ကြၽန္ေတာ္သုတ္လိုက္ၿပီ၊ ခင္ဗ်ား ထိုင္လို႔ရၿပီ။"

အန္ကယ္က သူ႔ကိုတစ္ခ်က္ၾကည့္သည္။ သူက အဲ့ခုံေပၚမွာမထိုင္ဘဲ 795ရဲ႕ေဘးကခုံမွာဝင္ထိုင္သည္။

"သူတို႔ ဘယ္လိုေသသြားတာလဲ?"

795ကေမးသည္။ သူက ေဘာ့စ္နဲ႔တစ္ခန္းတည္းက်တာေလ။ အႏၲရာယ္ကင္းလြန္းလို႔ သူ တစ္ခ်ိဳးတည္းအိပ္ေပ်ာ္သြားတာ။

မေန႔ညကျဖစ္ခဲ့တာေတြကို သူ တစ္ခုမွမသိပါေခ်။

နဥ္ရႈက အန္ကယ့္ကိုၾကည့္ကာဆိုသည္။

"ဒါ လူသတ္မႈပဲ။"

အတိအက်ေျပာရရင္ က်န္းက်ားစန္က သူမကိုသတ္ခ်င္ခဲ့တာ။ မိန္က်ီခ်င္းက ေလာႀကီးေနလို႔ မေတာ္တဆအသတ္ခံလိုက္ရတာ။

မိန္က်ီခ်င္းက အေတာ္ေလးဆႏၵေစာေနတယ္လို႔ နဥ္ရႈထင္မိသည္။ သူမက ဒီတာဝန္ကိုအဆုံးသတ္ၿပီး အဆင့္ျမင့္တာဝန္ထမ္းေဆာင္သူျဖစ္ဖို႔ ကုသိုလ္မွတ္ေတြရႏိုင္ဖို႔အတြက္ လူသတ္သမားကို အသည္းအသန္ဖမ္းခ်င္ေနတာျဖစ္ႏိုင္တယ္။

ေလာႀကီးေနရင္ အမွားလုပ္မိဖို႔လြယ္တယ္။

795က မ်က္ခုံးပင့္သည္။

"ဒီေတာ့ 6457က မင္းသတ္တာခံလိုက္ရတာလား?"

နဥ္ရႈကေခါင္းခါသည္။ သူမက အေရးမလုပ္တဲ့အန္ကယ့္ကိုတစ္ခ်က္ၾကည့္ကာဆိုသည္။

"သူက သုတ္သင္ခံလိုက္ရတာျဖစ္မယ္။"

795တစ္ေယာက္ အန္ကယ့္ကိုမၾကည့္ဘဲမေနႏိုင္ေတာ့ေခ်။ သူက နဥ္ရႈကို အခန္းထဲကေနဆြဲေခၚသြားကာေမးသည္။

"ဘာေတြျဖစ္ေနတာလဲ?"

နဥ္ရႈက 795ကို ဇာတ္စုံခင္းျပလိုက္၏။

795မွာ မေနႏိုင္စြာေခါင္းခါမိရေတာ့သည္။

"သူ သုတ္သင္ခံလိုက္ရတာျဖစ္ႏိုင္တယ္။ ဒါက ဘယ္လိုတာဝန္မ်ိဳးလဲဆိုတာေတာင္ သူ မစဥ္းစားဘူးပဲ။"

"ဒီကမာၻက အထူးအဆင့္ျမင့္ကမာၻျဖစ္ေတာ့မွာ။ စည္းမ်ဥ္းေတြၿပိဳလဲသြားရင္ ကပ္ေဘးႀကီးျဖစ္လာလိမ့္မယ္။ ဒီကမာၻေပၚမွာရွိေနတဲ့သန္းရာခ်ီေနတဲ့သက္ရွိေတြအကုန္ ပ်က္စီးသြားရမွာ။ ဒီကမာၻရဲ႕အပိုင္းအစေတြနဲ႔စည္းမ်ဥ္းအပိုင္းအစေတြက အနီးနားကမာၻေတြကို ထိခိုက္ေစလိမ့္မယ္။ ကမာၻေတြက ဆက္စပ္ေနတာ။ မဟုတ္ရင္ ဘယ္လိုလုပ္ၿပီး ဝိဉာဥ္ကူးေျပာင္းတာေတြ ဒီေလာက္မ်ားေနမွာလဲ?"

"ဒီတာဝန္က အေရးအႀကီးဆုံးပဲ။ ငါ အဲ့496အပ်က္မကို အရမ္းမုန္းေပမယ့္ သူ႔ကို ဘာမွမလုပ္ဘူး။ အၿငိဳးအေတးေတြက တာဝန္ၿပီးမွ‌ေျဖရွင္းလို႔ရတယ္။"

795ကေခါင္းခါသည္။

"ဒီတာဝန္သာမေအာင္ျမင္ရင္ ေသသြားတဲ့တာဝန္ထမ္းေဆာင္သူအေယာက္တစ္ရာရဲ႕ဝိဉာဥ္ေတြကေတာင္ ဒီကမာၻရဲ႕ပ်က္စီးမႈကို ထိန္းႏိုင္မွာမဟုတ္ဘူး။"
...

ေလေပြ၏အာလူး။ ။ ဒီအခန္းရယ္၊ ေနာက္လာမယ့္တစ္ခန္းရယ္က ေရွ႕လ၂၉တုန္းက ေကေပးဆီပို႔ေပးလိုက္တဲ့မုန႔္ဖိုးအတြက္အေႂကြးပါ။ ေကေပးက ဒိုးဆီႏိုတီမဝင္လို႔ ခ်က္ခ်င္းမသိလိုက္။ မုန႔္ဖိုးအတြက္ေက်းဇူးတင္ပါတယ္။ နာမည္က ေကေပးကမို႔သိေပမယ့္ ေျပာေစခ်င္လားမေျပာေစခ်င္လားမသိလို႔။

မုန႔္ဖိုးမ်ားေပးခ်င္ရင္ျဖင့္ ၀၉၈၉၇၆၅၀၅၁၀ကို ေဝ့ေရာေကေပးနဲ႔ေရာ‌အေကာင့္ထဲတိုက္႐ိုက္လႊဲေပးႏိုင္ပါေၾကာင္း။ အၿမဲေရးေနရတာၾကာေတာ့ပ်င္းÓ⁠╭⁠╮⁠Ò
...

Continue Reading

You'll Also Like

18.6K 419 53
သိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် သိုင္းေလာကစာအုပ္နာမည္နဲ႔ဇာတ္လမ္းမိတ္ဆက္ Xianxia book listလို့ နာမည်ပေးထားပေမယ့် ဖတ်လို့ကောင်းမယ့် သိုင်းစာစဉ်...
42.5K 5K 20
က် ိဳးလုေဖးရွန္​း၏ Master series ဘာသာျပန္​
514K 84.8K 128
The story is not mine. It's just a translation. All credit goes to the original author.
121K 16.5K 58
Arthur: Hen Shi Jiao Qing Title: Quick Transmigration Cannon Fodder's Record of Counterattacks (快穿之炮灰女配逆袭记) Realm 13:Unstoppable Indulgent Spoiling E...