Complete Season. 2(Love of...
By 2001_wang
40.1K 1.7K 227
Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More
Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46
Love Piano🌸Ep.33
639 32 6
By 2001_wang
Zawgyi
"ကြင်ယာတော်...
"အမိန့်ရှိပါ မင်းကြီး..
"အင့် မင်းကြီး...
"မင်းကြီး...
"ဟင်..
"မထင်ပါဘူး..
"အပိုတွေကပြောပြန်ပြီ ...
"ဘာကြောင့်များလည်း...
"အင်း တကယ်ရှိတယ်.....
အနီးကပ်မြင်နေရတဲ့ ရှောင်ပိုင်၏ လှပပြီး နူးညံ့တဲ့ မျက်နှာလေးကြောင့် မင်းကြီးတစ်ယောက် မှင်သက်မိ‌နေသည်...
Unicode
ခန်းမထဲရှိ လူအားလုံးဟာ မင်းကြီးဒေါသကြောင့် ..အားလုံး တိတ်ဆိတ်နေကျသည်...
"မေရွယ် မင်းသိလား..ကြင်ယာတော်တစ်ပါးကို လုပ်ကြံတာအပြစ်ဘယ်လောက်ကြီးလဲ ဆိုတာ.... အမိန့် ! !
မင်းကြီးဟာ မေရွယ်ကို ဒေါသအသံဖြင့် ပြောကာ... အမိန့်ဟုသော် စကားကို ပြောလိုက်တာနဲ့ ခန်းမထဲက လူအားလုံးဟာ ဒူးထောက်ကာ ခစားရတော့သည်...
"မိဘုရားမေရွယ်ဟာ ကိုယ့်အဆောင်တော်က လူကိုမထိန်းချုပ်နိုင်တာကြောင့် ကြီးလေတဲ့ပြသနာတွေဖြစ်ခဲ့တယ်..ဒါကြောင့် မိဘုရား ရာထူးမှ ဖြုတ်လိုက်ပြီး ယနေ့မှစ ကြင်ယာတော်ရာထူးနဲ့သာနေစေ..
မင်းကြီး၏ အမိန့်သံဆုံးတော့ ခန်းမထဲက လူအားလုံးဟာ တစ်ဖန် အ့သြသွားပြန်သည်...
"မင်းကြီး ဒါကမဖြစ်သင့်ပါဘူး...မိဘုရားက ဝူတိုင်းပြည်က မင်းသမီးတစ်ပါး ..
"ငါကိုယ်တော်ရဲ့အမိန့်ကိုလွန်ဆန်နေကျတာလား..
အမတ်တစ်ဦးဟာ မသင့်လျော်တာမို့ မင်းကြီးအားဖြောင့်ဖျာ့ရန် လုပ်ပါသော်လဲ စကားပင်မဆုံးသေးပဲ မင်းကြီးဆီက စကားကိုကြားလိုက်ရသည်...
မေရွယ်ကတော့ မည်သို့သော စကားကိုပင်မပြောတော့ပဲ နေရာမှာတင် မှိုင်တွေနေကာ အသက်မရှိတော့သလိုပါပဲ..
"ကြင်ယာတော်...
"အမိန့်ရှိပါ မင်းကြီး..
မင်းကြီးဟာ ရာဇပလ္လင်ပေါ်မှာ ပြန်ထိုင်လိုက်ပြီး ခန်းမအလည်က ကြင်ယာတော်အား နူးညံ့စွာ လှမ်းခေါ်သည်...
မင်းကြီး၏အပြုအမှုဟာ သူ့အနားလာရန် ခေါ်နေတာမို့ ရှောင်ပိုင်လည်း နားမလည်ဟန်နဲ့ပင် မင်းကြီးအနားကို သွားလိုက်သည်..
မင်းကြီးဟာ တစ်လှမ်းခြင်း လှမ်းလာနေတဲ့ ကြင်ယာတော်ကို မသိသာသော်အပြုံးလေးနဲ့ ကြည့်နေသည်..မင်းကြီး၏ မျက်ဝန်းတွေကအစောကနဲ့မတူတော့ပဲ နူးညံ့နေသည်..
"အင့် မင်းကြီး...
ရှောင်ပိုင်ဟာ ပလ္လင်အနားရောက်သွားတော့..မင်းကြီးကသူ့ရှေ့က ကိုယ်လုံးလေးကို ‌‌ ခါးကနေ ဖက်ကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်သည်..
မင်းကြီးအပြုအမှုကြောင့် ရှောင်ပိုင်မှာပင် အလန့်တကြားဖြစ်မိသည်...
ပလ္လင်ပေါ်ကမင်းကြီးပေါင်ပေါ်မှာ ထိုင်နေတဲ့ ကြင်ယာတော်ကြောင့် မေရွယ်ဟာ သူမ၏ နှုတ်ခမ်းကို သူမသွားနဲ့ဖိကိုက်နေပြီး သူမဒေါသကို သူမထိန်းနေရသည်...ခန်းမကြီးထဲက လူကြီးမင်းများမှာတော့ မောပင်မကြည့်ရဲ လူကြီးများဖြစ်ကျတာကြောင့် မင်းကြီး၏ အပြုအမှုကိုမကြည့်ဝဲ့ကျပါ..
မင်းကြီးဟာ သေးသွယ်တဲ့ခါးလေးကို သူ့လက်နဲ့ဖက်ထားပြီး...ကြင်ယာတော် ပုခုံးပေါ်အား မေးလေးတင်ကာ နူးညံ့တဲ့အသံနဲ့အတူ ကြင်ယာတော်အား စကားဆိုသည်..
"ဒီလူသုံးယောက်ကို မင်းဘာလုပ်ချင်လည်း
"သူတို့ကိုမသ-တ်ပါဘူးလို့ ဂတိပေးထားတယ်
"ဒါဆို ဘယ်လိုအပြစ်ပေးချင်လည်း..
"ဘာအပြစ်မှမပေးချင်ဘူး...သူတို့မှာအပြစ်မရှိဘူးလေ..
ကြင်ယာတော်၏ စကားကြောင့် မင်းကြီးမျက်ခုံးတွေက တွန့်တက်သွားသည်...
"သူတို့ကဘာကြောင့်အပြစ်မရှိရမှာလဲ..သေသင့်တဲ့အပြစ်တွေရှိတယ်..
"ဒါက အတင်းအကျပ် ခိုင်းစေမှုကြောင့်ပဲလေ
"တော်ပြီ....လာကျစမ်း ဒီအပြစ်သားတွေကို ခေါ်သွားစမ်း.. ဘိုးဘွားမြေးဆင် အစဥ်အဆက် နယ်နှင်ဒဏ်ပေးစေ !!
မင်းကြီးအမိန့်ပြီးတာနဲ့ ထိုအရပ်သား သုံးယောက်ဟာ အော်ဟစ်ရင်း မင်းကြီးဆီမှာ သနားခံနေကျသည်..
ပလ္လင်ပေါ်က မင်းကြီးကတော့ ထိုအရာတွေကို ဂရုမစိုက်ပဲ ပေါင်ပေါ်က ကြင်ယာတော်ကိုသာ ကြည့်နေသည်....
"မင်းတို့အားလုံး ပြန်လို့ရပြီ
မင်းကြီးဟာ ပေါင်ပေါ်က ကြင်ယာတော်ကို အသီးခွံ့ကျွေးနေရင်း ခန်းမဆောင်က လူတွေအားလုံးကို ပြန်စေသည်...
သူကိုပင်တစ်ချက်မကြည့်တော့ပဲ ပေါင်ပေါ်က ကြင်ယာတော်ကိုသာ အရေးပေးနေသည့်ကြောင့် မေရွယ်မှာ ဒေါသများသာ ထွက်နေမိသည်...
လူအားလုံး ထွက်သွားကျတော့ မင်းကြီးနဲ့ ကြင်ယာတော်လဲ ခန်းမဆောင်ကြီးဘက်က ထွက်လာခဲ့ကျပြီး...မက်မွန်းပန်းများ ဝေဆာစွာပွင့်လန်းနေတဲ့ ပန်းဥယျာဉ်ဘက်ကို နှစ်ယောက်သား ထွက်လာခဲ့ကျသည်...
"မင်းကြီး...
"ဟင်..
"မင်းကြီး ..သူတို့ကိုအပြစ်ပေးလိုက်တာ လွန်သွားတယ်မထင်ဘူးလား
"မထင်ပါဘူး..
"ရှောင်ပိုင်ကတော့ မင်းကြီးလွန်တယ်လို့ထင်တယ်...အဲ့လောက်ထိ အပြစ်ပေးစရာမလိုပါဘူး ပြီးတော့  အားဇီကို အဲ့ဒီလောက်ထိ..
ဟော ခက်လှပါတယ်... သူ့ရှေ့က အကောင်ပေါက်လေးက သူ့ကိုအပြစ်တင်နေတာဗျာ.. ကြည့်ရသည်က ဝမ်းနည်းနေဟန်ပါပင်..ဒါပေမယ့် မင်းကြီးကတော့ ပြုံး၍သာ ကြည့်နေမိသည် ...ကြင်ယာတော်ဟာ ဒီလိုအရာတွေကို အတွေ့အကြုံမရှိသည်မို့ အခု သူမြင်လိုက်ရတဲ့အရာတွေဟာ လွန်လှပြီ ထင်သည်လေ...
"ငါကိုယ်တော်ရဲ့ ကြင်ယာတော်ကိုထိပါးလာရင်ငါကိုယ်တော်ကလုံးဝခွင့်မလွတ်ဘူး...
"အပိုတွေကပြောပြန်ပြီ ...
"အမှန်တွေ မင်းကငါ့အပိုင်ဖြစ်တာကြောင့်..မင်းကငါကလွဲပြီး ဘယ်သူမှထိပါးခွင့်မရှိဘူး
"ဟွန့်... ဘယ်ပုံပြင်တွေထဲကစာသားတွေလဲ
ရှောင်ပိုင်လေးဟာ မင်းကြီး၏ချိုမြိန်နေတဲ့စကားတွေကြောင့် ပါးလေးနီကာ ရှက်သွေးဖျာမိသွားသည်...
မင်းကြီးကတော့ သူ့ရှေ့ကကောင်လေး၏ ..အပြုအမှုလေးတွေကြောင့် နှုတ်ခမ်းလေးကော့ညွှန့်သည်အထိ ပြုံးနေမိသည်...
"မင်းကြီးသိလား ရှောင်ပိုင်ကလေ...လူတွေရဲ့အဝေးကြီးမှာရှိတဲ့ နေရာမှာနေချင်တာ..
ပန်းဥယျာဉ် ထဲအတူ လမ်းလျှောက်နေကျသည်...မက်မွန်းပွင့်လေးများဟာ လေပြေလေးနဲ့အတူ လေပေါ်မျာပျံဝဲပြီး မြေပြင်ပေါ်ကို တစ်ဖြေးဖြေး ဆင်းသက်လာသည်...
မင်းကြီးဟာ ကြင်ယာတော်စကားကို ထူးဆန်းသလိုဖြစ်မိသွားသည်...
"ဘာကြောင့်များလည်း...
"လူတွေနဲ့ နေရတာ သိမ့်ကိုမွန်းကြပ်တယ်.. ဖြစ်နိုင်မယ့် တစ်နေ့ကျရင် ရှောင်ပိုင် လူတွေနဲ့ အဝေးကြီးမှာ နေဖြစ်လိမ့်မယ်...
"တစ်နေ့ ကိုယ်တို့အခွင့်သာခဲ့ရင် ..လူတွေနဲ့အဝေးကြီးမှာရှိတဲ့ နေရာကို မင်းကိုခေါ်သွားပေးမယ်...
"မင်းကြီးတကယ်ပြောတာလား..
မင်းကြီးစကားဆုံးတော့ ရှောင်ပိုင်ဟာ ဝမ်းသာအားရပါပဲ...
"အင် အဲ့နေရာလေးကို ဘယ်လိုလေးဖြစ်နိုင်မလဲဟင် မင်းကြီး...
"အဲ့ဒီနေရာလေးက လူတွေနဲ့ဝေးတဲ့ တောင်တန်းပေါ်လေးမှာ တည်ရှိတယ်..ပြီးတော့ တဲအိမ်လေးတစ်လုံးရှိတယ်..အဲ့ဒီနေရာမှာ အဲ့ဒီတဲအိမ်လေးကလွဲပြီး တစ်ခြား ဘာမှမရှိဘူး...
တဲအိမ်လေးက သစ်ပင်ဝါးပင်လေးတွေရဲ့ အလည်မှာရှိလိမ့်မယ်... ကြေးငှက်တွေရဲ့ တီူဆိုသံလေးတွေကြားနေရမယ်..ပြီးတော့ ချယ်ရီပန်းပက်လေးတွေကို တဲအိမ်လေး ရဲ့ ခြံဝန်းနေရာတွေမှာ စိုက်ထားမယ်...
"မင်းကြီး ပြောပြတဲ့နေရာက ကမ္ဘာပေါ်မှာတကယ်ရှိရဲ့လား...
"အင်း တကယ်ရှိတယ်.....
"ရှောင်ပိုင်နဲ့မင်းကြီး ...အဲ့ဒီနေရာလေးမှာ တစ်သက်လုံး နေသွားလို့ရမလား...
ရှောင်ပိုင်ဟာ မင်းကြီးနဲ့ ဘေးချင်းယှဉ်လမ်းလျှောက်နေရာက ရပ်လိုက်ပြီး မင်းကြီး မျက်နှာကို ကြည့်ကာ ထိုသို့မေးလိုက်သည်..
ရှောက်ပိုင်အမေးကြောင့် မင်းကြီးဟာ ငြိမ်သက်သွားသည်...ကြင်ယာတော်ရဲ့ အမေးကို ပြန်ဖြေရန် မင်းကြီးမှာ အသင့်မဖြစ်သေးပါ...
"မင်းကြီး ဖြေစရာမလိုပါဘူး...မျက်ခုံးတွေကို တွန့်မထားနဲ့ အသက်မြန်မြန်အိုတတ်တယ်..
ရှောင်ပိုင်ဟာ စိတ်ဖီးစီးသွားဟန်ရှိတဲ့ မင်းကြီးကို ထိုသို့ပြောလိုက်ပြီး တွန့်ထားတဲ့ မျက်ခုံးလေး နှစ်ခုကို...  ခြေဖျားလေးအသာထောက်ပြီး သူ့လက်မလေး နှစ်ခုနဲ့ အသာဖိနှိပ်ပေးနေသည်..
အနီးကပ်မြင်နေရတဲ့ ရှောင်ပိုင်၏ လှပပြီး နူးညံ့တဲ့ မျက်နှာလေးကြောင့် မင်းကြီးတစ်ယောက် မှင်သက်မိ‌ေနသည်...
မျက်ခုံးလေးကို လက်မလေးနှစ်ဖက်နဲ့နှိပ်ပေးနေရင်း ပြုံးရယ်နေတဲ့ ကြင်ယာတော်၏ ပုံရိပ်လေးဟာ မင်းကြီးအတွက် သေလောက်သည် အဆိပ်သာ ဖြစ်လေသည်...
အနီးကပ်မို့ ကြင်ယာတော်၏ ကိုယ်သင်းရံနံ့လေးဟာ မင်းကြီး၏နှာခေါင်းထဲမှာ ပြေးလွှားနေသည်... နောက် အနီးကပ်မြင်နေရတဲ့ နှုတ်ခမ်းလေး သွားလေးတွေ ပေါ်နေသည်အထိ ပြုံးရယ်နေသည့် ထိုနှုတ်ခမ်းလေးကို မင်းကြီး စိုက်ကြည့်နေမိသည်...
သိမ့်မကြာပါပဲ မင်းကြီးဟာ သေးသွယ်တဲ့ ခါးလေးကို သူ့လက်တစ်ဖက်နဲ့ သိမ်းဖက်လိုက်ပြီး နှုတ်ခမ်းပါးလေးကို ဖိကပ်နမ်းလိုက်မိသည်...
ရှောင်ပိုင်ဟာ ရုပ်တရက်ဆန်တဲ့ မင်းကြီးကြောင့် မျက်လုံးလေးအပြူးသား ဖြစ်နေသည်...မင်းကြီးဟာ မျက်ဝန်းတွေကို မှိတ်ထားပြီး နှုန်ခမ်းပါးလေးကို ဖြေးညှင်းစွာ နမ်းနေသည်..
ထိုခံစားချက်ဟာ သူ့အတွက် ခံစားချက်ကောင်းတာမို့ ရှောင်ပိုင်ဟာ မျက်ဝန်းတွေကို မှိတ်ချလိုက်ပြီး မင်းကြီး အလိုကိုလိုက်ကာ အလိုက်သင့်လေး နေလိုက်သည်...
သာယာလှတဲ့ နေ့ရက်လေးမှာ လူနှစ်ယောက်၏ အနမ်းရပ်ဝန်းလေးထဲကို လေညှင်းလေးတွေ သယ်ဆောင်လာတဲ့ မက်မွန်းပန်းလေးတွေကမပါမဖြစ်သာ ဖြစ်သည်...
🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶
🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶
🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶
🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶
Continue Reading
You'll Also Like
68.4K 946 20
when playboy Theodore Nott becomes fond of the new meat, Juliette Ravens, and the two share a complicated relationship. Although, Juliette doesn't kn...
121K 5.5K 46
267K 40.3K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
21.6K 967 35
BL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး