Zawgyi
ႏွင္းပြင့္ဖက္ေတြၾကားမွာ ငိုေႂကြးေနတဲ့ အခ်ိန္ကာလကေန စလို႔ က်င့္ႀကံခဲ့ရတဲ့ ပညာရပ္မ်ား သင္ယူခဲ့တဲ့ပညာရပ္မ်ားစလို႔ ရန္သူကို ခ်စ္မိတဲ့အခ်ိန္ကာလေတြ ခ်စ္ရသူကို မ်က္စ္ေရွ႕မွာတင္ ဆုံးရႈံးလိုက္ရတာေတြအကုန္ကို မ်က္စ္ေရွ႕မွာ ျမင္ေနရသည္....
ႏွင္းပြင့္ေလးေတြၾကားမွာ ေသြးမ်ားနဲ႕ လည္းက်ေနတဲ့ မိဘႏွစ္ပါး ခႏၶာကိုယ္ကို ဖက္ကာ ငိုေႂကြးေနသူက သူကိုယ္တိုင္ဆိုတာကို ေရွာင္ပိုင္ နားလည္သြားသည္...ေဆာင္းေလေအးမ်ား တိုက္ခတ္ ေနတဲ့ ၾကားမွာ ႏွင္းပြင့္ဖက္ေတြဟာ ငိုေႂကြးေနတဲ့ သူ႕အေပၚကို ေႂကြက်လာသည္....
ေမြးစားဖခင္၏ သင္ျပမႈနဲ႕ ပညာမ်ားစြာကို အ႐ြယ္နဲ႕မလိုက္ဖက္ပဲ သင္ယူခဲ့ရသည္...ငယ္ငယ္ေလးထဲက အမုန္းတရားေတြနဲ႕ ရွင္သန္ခဲ့ၿပီး တစ္ေန႕မွာ ေကာင္းကင္ဘုံနဲ႕ နတ္မင္းမ်ားကို သုတ္သင္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ ေတြသာ ရွိသည္...
အမွတ္မထင္ပဲ ရန္သူကို ခ်စ္မိသြားခဲ့သည္...အမုန္းကိုအခ်စ္က ဝါးၿမိဳနိုင္ခဲ့ေပမယ့္ မိစာၦဘုရင္၏ အမုန္းကိုေတာ့ ေရွာင္းက်န့္ရဲ႕ အခ်စ္က မဝါးၿမိဳနိုင္ခဲ့ပါ....
ရန္သူျဖစ္တဲ့အျပင္ သူခ်စ္မိတဲ့သူကေယာ္က်ားတစ္ေယာက္ ျဖစ္ေနေလသည္... ခ်စ္ရသူဟာ သူ႕ေရွ႕မွာပဲ ေလထဲမွာ ေပ်ာက္ကြယ္သြားၿပီး သူ႕အနားကထြက္သြားကာ သူ႕ကိုထားရစ္ခဲ့သည္....
နာၾကင္မႈဒဏ္ကို ႏွလုံးသားနဲ႕ရင္းကာ ခံစားရတာမို႔...အိမ္ေပ်ာ္ေနတဲ့ ေရွာင္ပိုင္ မ်က္ဝန္းေတြကေန ၾကည္လဲ့လဲ့ မ်က္ရည္ေလးေတြက စီးက်လိဳ႕လာသည္.... ႏူးညံ့တဲ့ လက္ေလးေတြဟာ အိပ္ယာခင္းကို က်စ္ေနေအာင္ ဆုပ္ကိုင္ထားေလသည္...ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာေလးမွာပဲ ေခြၽးေစးေလးေတြပင္ ျပန္လို႔ပါပဲ..
"အား.... ငါ ငါအိမ္မက္ မက္ေနတာလား ဒါ ဒါေပမယ့္
ေရွာင္ပိုင္ အိမ္မက္ကေန လန့္နိုးလာသည္...သူအေစာကသိခဲ့ရတာေတြက အိမ္မက္ သက္သက္ ဆိုေပမယ့္လဲ တကယ္ျဖစ္ခဲ့သလိုပါပဲ အိမ္မက္ကနိုးသြားေပမယ့္ ခ်စ္ရသူကို ဆုံးရႈံးလိုက္ရတဲ့ ခံစားခ်က္ေၾကာင့္ ရင္ဘက္တည့္တည့္က ဆူးေနေအာင္ ေအာင့္သက္ေနသည္...အိမ္မက္ထဲက လူကသူဆိုရင္ အိမ္မက္ထဲက လူရဲ႕ခ်စ္ရသူကဘယ္သူလဲ....
"သခင္ေလး နိုးေနၿပီလား..
"ယဲ့မမ ..မင္းႀကီးေနေကာင္းၿပီလား...
"မင္းႀကီးကသက္သာေနပါၿပီတဲ့
"ေနေကာင္းတာေတာင္ငါ့ဆီမလာဘူး..
"ယဲ့မမ..ပိုင္ပိုင္ နန္းေတာ္အျပင္ထြင္ခ်င္တယ္
"မရဘူးေနာ္ သခင္ေလး...
"လုပ္ပါ ယဲ့မမရဲ႕....လုန္သယ္နဲ႕သြားမွာပါေနာ္ ဟုတ္တယ္မလား အကိုလုန္သယ္
ပြဲေတာ္ေန႕က ကိစၥအတြက္ ၾကင္ယာေတာ္ဆီလာခဲ့တဲ့ လုန္သယ္ဟာ ေရာက္ေရာက္ခ်င္းပဲ ၾကင္ယာေတာ္စကားေၾကာင့္ ဘာမသိညာမသိ ေခါင္းညိတ္ မိလိုက္သည္...
"စိတ္ခ်ပါ ယဲ့မမရဲ႕...ပိုင္ပိုင္ကဒီအတိုင္းနန္းေတာ္မွာေနရတာျပင္းလာလို႔အျပင္ထြက္ၿပီး ေလွ်ာက္ၾကည့္ခ်င္ယုံပါပဲ...
"ဒါဆို အမတ္မင္း....ပင္ပန္းေစမိၿပီ
"ရ ရပါတယ္....
ေရွာင္းအိမ္ေတာ္က ဆက္သလိုက္တဲ့ ၾကင္ယာေတာ္ကေတာ့တကယ္ကို နာမည္ႀကီးပါပဲ... နန္းေတာ္က မင္းႀကီးေဘးက အႀကံေပးအမတ္ လိုတစ္မ်ိဳး မင္းႀကီးညီေတာ္ျဖစ္သူ ကိုလည္း ကိုယ္ရံေတာ္လို သုံးလိုက္ အေစာင့္အျဖစ္ သုံးလိုက္နဲ႕...အေတာ္ကို အတင့္ရဲလွပါတယ္..
ဟန္တိုင္းျပည္က စစ္သူႀကီးလည္း က်ီးခ်ဴအေဆာင္က ၾကင္ယာေတာ္ရဲ႕ ေနာက္လိုက္ အထုပ္သည္...အေစခံဘဝေရာက္ခဲ့ဖူးသည္ ... က်ီးခ်ဴအေဆာင္က ၾကင္ယာေတာ္ကေတာ့ မည္သူမွမလုပ္ရဲတဲ့ အရာေတြကို လုပ္ရဲေသာ တစ္ေယာက္တည္းရွိတဲ့ ၾကင္ယာေတာ္တစ္ပါးသာျဖစ္သည္....
လုန္သယ္နဲ႕ ေရွာင္ပိုင္တို႔ နန္းေတာ္အျပင္ကို ထြက္သြားက်သည္.. မင္းႀကီးအမိန့္ျပားက ၾကင္ယာေတာ္မွာလဲ ရွိတာမို႔ နန္းေတာ္အေစာင့္ေတြဆီက လြယ္လြယ္ပဲ ထြက္လာခဲ့သည္...
ၾကင္ယာေတာ္က ပုံမွန္အတိုင္းပါပဲ အျပင္ထြက္တဲ့အခါတိုင္း မ်က္ႏွာတစ္ဝက္ကို အုပ္ထားေလ့ရွိသည္...
"လုန္သယ္ ဒါကဘာလဲ
"သခင္ေလး အထဲကိုႂကြပါ
"ဒီသခင္ေလးက ငါ့ဟ
"ငါ့လူ မလုနဲ႕
လုန္သယ္စကားပင္မေျပာရေသး မိန္းမပ်ိဳေလးေတြက ေခ်ာေမာၿပီး ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးကို အထဲကို ေခၚသြားက်ေလသည္...က်န္ခဲ့တဲ့ လုန္သယ္မွာေတာ့ ငါေတာ့ သြားၿပီဆိုၿပီး အေဆာင္ေတာ္ထဲ အေျပးလိုက္ရသည္..
ဟုတ္ပါတယ္ ေရွာင္ပိုင္ဟာ ေဆာင္ၾကာၿမိဳင္ထဲကို ဝင္သြားသည္သာျဖစ္သည္...
တစ္ခါမွမေရာက္ဖူး မျမင္ဖူးတဲ့ ေရွာင္ပိုင္ကေတာ့ျမင္ျမင္သမွ် အဆန္းဟုသာပင္...အေဆာင္ေတာ္အတြင္းက အျပင္အစင္နဲ႕ လူမ်ားကို ေငးေမာရင္း မိန္းမလွေလးေတြ ေခ့္ရာအေနာက္ကို ေၾကာင္ေတာင္ေတာင္ေလး ပါသြားေလသည္...
မိန္းမပ်ိဳေလးမ်ားဟာ လာေရာက္က်တဲ့ လူႀကီးမင္းမ်ား သခင္ေလးမ်ား အႀကိဳက္ေတြ႕ေစရန္ ဝတ္႐ုံမ်ားကို မလုံတလုံ ဝတ္စင္ထားက်ၿပီး...ပုခုံးသားမ်ား ေက်ာျပင္မ်ားဟာ ေပၚလြင္ေနသည္..ဝတ္႐ုံစေတြက ေပါင္အလည္ထိ ခြဲထားရၿပီး ျဖဴေဖြးေနတဲ့ ထိုေပါင္သားေတြကို မထိကိုင္ခ်င္တဲ့ ေယာ္က်ားဆိုတာ ရွိမယ္မထင္ပါ... ရင္ဘက္သားေတြကို ပိုပိုလိုလို တင္းၾကပ္ေနေအာင္စီးထားက်ၿပီး တင္းၾကပ္ေနတဲ့ ရင္ဘက္သားေတြဟာ အေပၚကို မို႔တက္ေနသည္...
ထိုလို မိန္းမပ်ိဳ လွလွေလးမ်ားကို မေပြ႕ဖက္ခ်င္တဲ့ ေယာ္က်ား မလိုခ်င္က်တဲ့ေယာ္က်ားဆိုတာ မရွိဘူးဟု ေျပာရရင္ေတာ့ မွားေနပါတယ္...ထိုေယာ္က်ားမ်ားၾကား လုန္သယ္ေတာ့ပါမေနပါ.. ေရွာင္ပိုင္ အေနာက္ကို လိုက္သြားတဲ့ လမ္းတစ္ေလွ်ာက္ မိန္းမပ်ိဳမ်ားဟာ လုန္သယ္ကို ဖက္လိုက္ ပြတ္သ-တ္လိုက္နဲ႕ မိန္းမဆိုရင္ မတူသလိုမတန္သလို ဆက္ဆံတတ္တဲ့ လုန္သယ္တစ္ေယာက္ ေနရာမွာတင္ ေသြးတက္ခ်င္ေနသည္...
ကိုယ္ေတာ္ေလး ေရွာင္ပိုင္ကေတာ့ လုန္သယ္မိန္းမပ်ိဳးမ်ားၾကားကထြက္ေျပးၿပီး သူ႕ဆီအေရာက္ သူကေတာ့ မိန္းမပ်ိဳေလးမ်ားၾကားမွာ ေပ်ာ္ေမြ႕ေနဟန္ပါပဲ.... အသီးေကြၽးသူကေကြၽး ေသရည္တိုက္သူကတိုက္ ႏွိပ္ေပးသူကႏွိပ္ေပးနဲ႕ ...သူ႕အထင္ နိဗၺာန္ေရာက္သြားတာထင္ပါ့...
သို႔ေပ ေသရည္တစ္ခါမွပင္မထိဖူးတဲ့ ေရွာင္ပိုင္တစ္ေယာက္....ႏွစ္ခြက္ ေသာက္ၿပီးခ်ိန္မွာေတာ့ မိန္းမပ်ိဳေလး ရင္ခြင္ထဲ လည္းက်သြားေတာ့သည္...ဒါကိုအခြင့္အေကာင္းယူကာ ထိုမိန္းမပ်ိဳေလးမ်ားက ေရွာင္ပိုင္ ဝတ္႐ုံစေတြကို ခြၽတ္ေတာ့သည္...
ကံေကာင္းသည္က လုန္သယ္အခ်ိန္မွီ တားနိုင္ခဲ့သည္....
မူးေနတဲ့သူကေတာ့ ဝူးဝူးဝါးဝါး ေအာ္ဟစ္ေနသည္...ဒီပုံစံအတိုင္းသာ နန္းေတာ္ျပန္သြားရင္ ၾကင္ယာေတာ္အတြက္ မသင့္ေတာ္တာမို႔ .. နီးရာရွိ ဧည့္သည္ေဆာင္တစ္ခု ငွားရန္သာ လုပ္ရေတာ့မည္...
လုန္သယ္ဟာ မူးကာစကားမ်ား ဆိုေနတဲ့ ၾကင္ယာေတာ္ကို ေပြ႕ခ်ီကာ ထိုအေဆာင္ေတာ္က ထြက္သြားေလသည္...
ဧည့္သည္ေဆာင္ ငွားရေတာ့...လုန္သယ္ဟာ အေဆာင္ထဲကို မူးေနတဲ့ၾကင္ယာေတာ္ကို ေခၚသြားၿပီး ကုတင္ေပၚကို တင္ေပးလိုက္သည္...
ပါးေလးေတြ နီရဲကာ..အိပ္ေပ်ာ္ေနတဲ့ ၾကင္ယာေတာ္ကို လုန္သယ္တစ္ေယာက္ အခ်ိန္တစ္ခုထိ စိုက္ၾကည့္ေနမိသည္...
မျပစ္မွားသင့္သူ သူနဲ႕မသင့္ေတာ္သူ ဆိုတာ သိေနပါရဲ႕နဲ႕ ...လွပလြန္းတဲ့ ကုတင္ေပၚက ေကာင္ေလးကို မ်က္ေတာင္ခက္ဖို႔ ေမ့သည္အထိ စိုက္ၾကည့္ေနမိသည္...
လူတစ္ေယာက္က တစ္ျခားသူတစ္ေယာက္ကို ခ်စ္မိသြားရင္ ဖုံးကြယ္မရတာမို႔...တစ္ခဏေလာက္ထိေတာ့ ေသေသခ်ာခ်ာေလး ၾကည့္ခြင့္ရွိတယ္မလား....
လုန္သယ္ဟာ အိပ္ေပ်ာ္ေနတဲ့ ၾကင္ယာေတာ္အနားမွာ ထိုင္ၿပီး မ်က္ဝန္းေတြကို ကြယ္ထားတဲ့ ဆံႏြယ္ေလးကို အသာအယာ ဖယ္ၾကည့္သည္...
မူးၿပီး အိပ္ေနတာေတာင္...အၿပဳံးခ်ိဳေလးတစ္ခု ၿပဳံးလိုက္တာမို႔ ၾကည့္ေနမိတဲ့ လုန္သယ္မွာ မၿပဳံးပဲမေနနိုင္ပါ...
ျဖဴဥေနတဲ့ ပါးေလးဟာ နီျမန္းေနၿပီး ႏႈတ္ခမ္းပါးေလးေတြက တိုးတိုး နဲ႕ စကားမ်ား ေျပာေနသည္ ဘာေတြမ်ား ေျပာေနသလဲ လုန္သယ္မေတြးနိုင္ပဲ... လႈပ္ရွားေနတဲ့ ႏႈတ္ခမ္းေလးကိုသာ ၾကည့္ေနမိသည္...
လုန္သယ္ဟာ ႏူးညံ့တဲ့ ေရွာင္ပိုင္ရဲ႕ လက္ဖဝါးေလးကို ဆုပ္ကိုင္လိုက္သည္....
"မင္းနဲ႕ငါ ေစာေစာေတြ႕ခဲ့က်ရင္ မင္းကငါ့အတြက္ျဖစ္လာနိုင္တယ္မလား...
လုန္သယ္ဟာႏႈတ္ကထိုသို႔ေျပာၿပီး ...နာၾကင္တဲ့အၿပဳံးေလးတစ္ခုနဲ႕သာ ေရွာင္ပိုင္ကို ၾကည့္ေနသည္...
"ကိုယ္ေတာင္းပန္ပါတယ္..ကိုယ့္ကို မင္းခြင့္လြတ္မယ္မလား.
လုန္သယ္ဟာ ထို႔သို႔စိတ္ထဲကေရ႐ြတ္လိုက္ၿပီး...ႏႈတ္ခမ္းပါးေလးထံကို တစ္ေျဖးေျဖး တိုးကပ္သြားသည္...အျပစ္ကင္းစင္တဲ့ မ်က္ဝန္းေလးကို အနီးကပ္ ျမင္ေနရၿပီး လွပတဲ့ႏႈတ္ခမ္းပါးေလးကို တစ္ခ်က္ၾကည့္ကာ မ်က္လုံးမ်ားကို စုံမွိတ္လိုက္ေလသည္...
"ခြပ္"
ဆြဲထူတာ ခံလိုက္ရၿပီး တစ္စက္ထဲ မ်က္ႏွာကို ခပ္ျပင္းျပင္း အထိုးခံလိုက္ရၿပီး ၾကမ္းျပင္အေပၚကို လည္းက်သြားသည္... ၾကမ္းျပင္ေပၚလည္းက်သြားမွ ေမာ့ၾကည့္လိုက္ေတာ့ မ်က္ေတာင္နီမ်ားနဲ႕ ၾကည့္လာသူက ရိေပၚသာ...
ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ၾကင္ယာေတာ္ကို ေပြ႕ခ်ီသြားေသာ မင္းႀကီး...အိပ္ေပ်ာ္ေနတဲ့ ခႏၶာကိုယ္ေလးကို မင္းႀကီးဟာ သူ၏ အေပ့္ဝတ္႐ုံနဲ႕ ၿခဳံေပးကာ.. အေနာက္ကိုတစ္ခ်က္လွည့္မၾကည့္ပဲ..ရင္ခြင္ထဲက ေကာင္ေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေဝယာဥ္ရွိရာဆီကို ေျခလွမ္းက်ဲ မ်ားနဲ႕ သြားေလသည္...
မင္းႀကီး မ်က္ႏွာအေနအထားဟာ အေတာ္ကို တင္းမာေနၿပီး အနားရွိတဲ့ လ်ိဳခ်င္မွာပင္ အသံမထြက္ရဲပဲ လည္းက်ေနတဲ့ လုန္သယ္ကို ထူေပးရင္းသာ အေနာက္မွာ က်န္ရစ္ခဲ့သည္
🎶တစ္ေယာက္လက္ တစ္ေယာက္ကိုင္ရင္း လွပေနတဲ့ လမင္းႀကီးကို ၾကည့္ကာ အရွင့္ရဲ႕ ရင္ခုန္သံေတြကို နားေထာင္ခ်င္မိပါတယ္🎶
🎶ရက္ရွည္ၾကာႀကီး နားစင္ေနက် ဗ်ပ္ေစာင္း တီးခပ္သံေလးဟာ အရွင့္ရဲ႕ စကားသံေတြေလာက္ပင္ မသာယာပါ🎶
🎶ဘာေၾကာင့္မ်ား ျပတင္းေပါက္ အျပင္က လမင္းႀကီးကို တစ္ေယာက္ထဲၾကည့္ေနရပါသလဲ🎶
🎶မိုးဖြဲဖြဲေလးေတြ ႐ြာၿပီး ျမဴႏွင္းေလးေတြက တစ္ေယာက္ေယာက္ကို လြမ္းေဆြး ေစတယ္🎶
Unicode
နှင်းပွင့်ဖက်တွေကြားမှာ ငိုကြွေးနေတဲ့ အချိန်ကာလကနေ စလို့ ကျင့်ကြံခဲ့ရတဲ့ ပညာရပ်များ သင်ယူခဲ့တဲ့ပညာရပ်များစလို့ ရန်သူကို ချစ်မိတဲ့အချိန်ကာလတွေ ချစ်ရသူကို မျက်စ်ရှေ့မှာတင် ဆုံးရှုံးလိုက်ရတာတွေအကုန်ကို မျက်စ်ရှေ့မှာ မြင်နေရသည်....
နှင်းပွင့်လေးတွေကြားမှာ သွေးများနဲ့ လည်းကျနေတဲ့ မိဘနှစ်ပါး ခန္ဓာကိုယ်ကို ဖက်ကာ ငိုကြွေးနေသူက သူကိုယ်တိုင်ဆိုတာကို ရှောင်ပိုင် နားလည်သွားသည်...ဆောင်းလေအေးများ တိုက်ခတ် နေတဲ့ ကြားမှာ နှင်းပွင့်ဖက်တွေဟာ ငိုကြွေးနေတဲ့ သူ့အပေါ်ကို ကြွေကျလာသည်....
မွေးစားဖခင်၏ သင်ပြမှုနဲ့ ပညာများစွာကို အရွယ်နဲ့မလိုက်ဖက်ပဲ သင်ယူခဲ့ရသည်...ငယ်ငယ်လေးထဲက အမုန်းတရားတွေနဲ့ ရှင်သန်ခဲ့ပြီး တစ်နေ့မှာ ကောင်းကင်ဘုံနဲ့ နတ်မင်းများကို သုတ်သင်မယ်ဆိုတဲ့ ရည်ရွယ်ချက် တွေသာ ရှိသည်...
အမှတ်မထင်ပဲ ရန်သူကို ချစ်မိသွားခဲ့သည်...အမုန်းကိုအချစ်က ဝါးမြိုနိုင်ခဲ့ပေမယ့် မိစ္ဆာဘုရင်၏ အမုန်းကိုတော့ ရှောင်းကျန့်ရဲ့ အချစ်က မဝါးမြိုနိုင်ခဲ့ပါ....
ရန်သူဖြစ်တဲ့အပြင် သူချစ်မိတဲ့သူကယော်ကျားတစ်ယောက် ဖြစ်နေလေသည်... ချစ်ရသူဟာ သူ့ရှေ့မှာပဲ လေထဲမှာ ပျောက်ကွယ်သွားပြီး သူ့အနားကထွက်သွားကာ သူ့ကိုထားရစ်ခဲ့သည်....
နာကြင်မှုဒဏ်ကို နှလုံးသားနဲ့ရင်းကာ ခံစားရတာမို့...အိမ်ပျော်နေတဲ့ ရှောင်ပိုင် မျက်ဝန်းတွေကနေ ကြည်လဲ့လဲ့ မျက်ရည်လေးတွေက စီးကျလို့လာသည်.... နူးညံ့တဲ့ လက်လေးတွေဟာ အိပ်ယာခင်းကို ကျစ်နေအောင် ဆုပ်ကိုင်ထားလေသည်...ဖြူဖျော့နေတဲ့ မျက်နှာလေးမှာပဲ ချွေးစေးလေးတွေပင် ပြန်လို့ပါပဲ..
"အား.... ငါ ငါအိမ်မက် မက်နေတာလား ဒါ ဒါပေမယ့်
ရှောင်ပိုင် အိမ်မက်ကနေ လန့်နိုးလာသည်...သူအစောကသိခဲ့ရတာတွေက အိမ်မက် သက်သက် ဆိုပေမယ့်လဲ တကယ်ဖြစ်ခဲ့သလိုပါပဲ အိမ်မက်ကနိုးသွားပေမယ့် ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကြောင့် ရင်ဘက်တည့်တည့်က ဆူးနေအောင် အောင့်သက်နေသည်...အိမ်မက်ထဲက လူကသူဆိုရင် အိမ်မက်ထဲက လူရဲ့ချစ်ရသူကဘယ်သူလဲ....
"သခင်လေး နိုးနေပြီလား..
"ယဲ့မမ ..မင်းကြီးနေကောင်းပြီလား...
"မင်းကြီးကသက်သာနေပါပြီတဲ့
"နေကောင်းတာတောင်ငါ့ဆီမလာဘူး..
"ယဲ့မမ..ပိုင်ပိုင် နန်းတော်အပြင်ထွင်ချင်တယ်
"မရဘူးနော် သခင်လေး...
"လုပ်ပါ ယဲ့မမရဲ့....လုန်သယ်နဲ့သွားမှာပါနော် ဟုတ်တယ်မလား အကိုလုန်သယ်
ပွဲတော်နေ့က ကိစ္စအတွက် ကြင်ယာတော်ဆီလာခဲ့တဲ့ လုန်သယ်ဟာ ရောက်ရောက်ချင်းပဲ ကြင်ယာတော်စကားကြောင့် ဘာမသိညာမသိ ခေါင်းညိတ် မိလိုက်သည်...
"စိတ်ချပါ ယဲ့မမရဲ့...ပိုင်ပိုင်ကဒီအတိုင်းနန်းတော်မှာနေရတာပြင်းလာလို့အပြင်ထွက်ပြီး လျှောက်ကြည့်ချင်ယုံပါပဲ...
"ဒါဆို အမတ်မင်း....ပင်ပန်းစေမိပြီ
"ရ ရပါတယ်....
ရှောင်းအိမ်တော်က ဆက်သလိုက်တဲ့ ကြင်ယာတော်ကတော့တကယ်ကို နာမည်ကြီးပါပဲ... နန်းတော်က မင်းကြီးဘေးက အကြံပေးအမတ် လိုတစ်မျိုး မင်းကြီးညီတော်ဖြစ်သူ ကိုလည်း ကိုယ်ရံတော်လို သုံးလိုက် အစောင့်အဖြစ် သုံးလိုက်နဲ့...အတော်ကို အတင့်ရဲလှပါတယ်..
ဟန်တိုင်းပြည်က စစ်သူကြီးလည်း ကျီးချူအဆောင်က ကြင်ယာတော်ရဲ့ နောက်လိုက် အထုပ်သည်...အစေခံဘဝရောက်ခဲ့ဖူးသည် ... ကျီးချူအဆောင်က ကြင်ယာတော်ကတော့ မည်သူမှမလုပ်ရဲတဲ့ အရာတွေကို လုပ်ရဲသော တစ်ယောက်တည်းရှိတဲ့ ကြင်ယာတော်တစ်ပါးသာဖြစ်သည်....
လုန်သယ်နဲ့ ရှောင်ပိုင်တို့ နန်းတော်အပြင်ကို ထွက်သွားကျသည်.. မင်းကြီးအမိန့်ပြားက ကြင်ယာတော်မှာလဲ ရှိတာမို့ နန်းတော်အစောင့်တွေဆီက လွယ်လွယ်ပဲ ထွက်လာခဲ့သည်...
ကြင်ယာတော်က ပုံမှန်အတိုင်းပါပဲ အပြင်ထွက်တဲ့အခါတိုင်း မျက်နှာတစ်ဝက်ကို အုပ်ထားလေ့ရှိသည်...
"လုန်သယ် ဒါကဘာလဲ
"သခင်လေး အထဲကိုကြွပါ
"ဒီသခင်လေးက ငါ့ဟ
"ငါ့လူ မလုနဲ့
လုန်သယ်စကားပင်မပြောရသေး မိန်းမပျိုလေးတွေက ချောမောပြီး ချစ်စရာကောင်းတဲ့ ကောင်လေးကို အထဲကို ခေါ်သွားကျလေသည်...ကျန်ခဲ့တဲ့ လုန်သယ်မှာတော့ ငါတော့ သွားပြီဆိုပြီး အဆောင်တော်ထဲ အပြေးလိုက်ရသည်..
ဟုတ်ပါတယ် ရှောင်ပိုင်ဟာ ဆောင်ကြာမြိုင်ထဲကို ဝင်သွားသည်သာဖြစ်သည်...
တစ်ခါမှမရောက်ဖူး မမြင်ဖူးတဲ့ ရှောင်ပိုင်ကတော့မြင်မြင်သမျှ အဆန်းဟုသာပင်...အဆောင်တော်အတွင်းက အပြင်အစင်နဲ့ လူများကို ငေးမောရင်း မိန်းမလှလေးတွေ ခေ့်ရာအနောက်ကို ကြောင်တောင်တောင်လေး ပါသွားလေသည်...
မိန်းမပျိုလေးများဟာ လာရောက်ကျတဲ့ လူကြီးမင်းများ သခင်လေးများ အကြိုက်တွေ့စေရန် ဝတ်ရုံများကို မလုံတလုံ ဝတ်စင်ထားကျပြီး...ပုခုံးသားများ ကျောပြင်များဟာ ပေါ်လွင်နေသည်..ဝတ်ရုံစတွေက ပေါင်အလည်ထိ ခွဲထားရပြီး ဖြူဖွေးနေတဲ့ ထိုပေါင်သားတွေကို မထိကိုင်ချင်တဲ့ ယော်ကျားဆိုတာ ရှိမယ်မထင်ပါ... ရင်ဘက်သားတွေကို ပိုပိုလိုလို တင်းကြပ်နေအောင်စီးထားကျပြီး တင်းကြပ်နေတဲ့ ရင်ဘက်သားတွေဟာ အပေါ်ကို မို့တက်နေသည်...
ထိုလို မိန်းမပျို လှလှလေးများကို မပွေ့ဖက်ချင်တဲ့ ယော်ကျား မလိုချင်ကျတဲ့ယော်ကျားဆိုတာ မရှိဘူးဟု ပြောရရင်တော့ မှားနေပါတယ်...ထိုယော်ကျားများကြား လုန်သယ်တော့ပါမနေပါ.. ရှောင်ပိုင် အနောက်ကို လိုက်သွားတဲ့ လမ်းတစ်လျှောက် မိန်းမပျိုများဟာ လုန်သယ်ကို ဖက်လိုက် ပွတ်သ-တ်လိုက်နဲ့ မိန်းမဆိုရင် မတူသလိုမတန်သလို ဆက်ဆံတတ်တဲ့ လုန်သယ်တစ်ယောက် နေရာမှာတင် သွေးတက်ချင်နေသည်...
ကိုယ်တော်လေး ရှောင်ပိုင်ကတော့ လုန်သယ်မိန်းမပျိုးများကြားကထွက်ပြေးပြီး သူ့ဆီအရောက် သူကတော့ မိန်းမပျိုလေးများကြားမှာ ပျော်မွေ့နေဟန်ပါပဲ.... အသီးကျွေးသူကကျွေး သေရည်တိုက်သူကတိုက် နှိပ်ပေးသူကနှိပ်ပေးနဲ့ ...သူ့အထင် နိဗ္ဗာန်ရောက်သွားတာထင်ပါ့...
သို့ပေ သေရည်တစ်ခါမှပင်မထိဖူးတဲ့ ရှောင်ပိုင်တစ်ယောက်....နှစ်ခွက် သောက်ပြီးချိန်မှာတော့ မိန်းမပျိုလေး ရင်ခွင်ထဲ လည်းကျသွားတော့သည်...ဒါကိုအခွင့်အကောင်းယူကာ ထိုမိန်းမပျိုလေးများက ရှောင်ပိုင် ဝတ်ရုံစတွေကို ချွတ်တော့သည်...
ကံကောင်းသည်က လုန်သယ်အချိန်မှီ တားနိုင်ခဲ့သည်....
မူးနေတဲ့သူကတော့ ဝူးဝူးဝါးဝါး အော်ဟစ်နေသည်...ဒီပုံစံအတိုင်းသာ နန်းတော်ပြန်သွားရင် ကြင်ယာတော်အတွက် မသင့်တော်တာမို့ .. နီးရာရှိ ဧည့်သည်ဆောင်တစ်ခု ငှားရန်သာ လုပ်ရတော့မည်...
လုန်သယ်ဟာ မူးကာစကားများ ဆိုနေတဲ့ ကြင်ယာတော်ကို ပွေ့ချီကာ ထိုအဆောင်တော်က ထွက်သွားလေသည်...
ဧည့်သည်ဆောင် ငှားရတော့...လုန်သယ်ဟာ အဆောင်ထဲကို မူးနေတဲ့ကြင်ယာတော်ကို ခေါ်သွားပြီး ကုတင်ပေါ်ကို တင်ပေးလိုက်သည်...
ပါးလေးတွေ နီရဲကာ..အိပ်ပျော်နေတဲ့ ကြင်ယာတော်ကို လုန်သယ်တစ်ယောက် အချိန်တစ်ခုထိ စိုက်ကြည့်နေမိသည်...
မပြစ်မှားသင့်သူ သူနဲ့မသင့်တော်သူ ဆိုတာ သိနေပါရဲ့နဲ့ ...လှပလွန်းတဲ့ ကုတင်ပေါ်က ကောင်လေးကို မျက်တောင်ခက်ဖို့ မေ့သည်အထိ စိုက်ကြည့်နေမိသည်...
လူတစ်ယောက်က တစ်ခြားသူတစ်ယောက်ကို ချစ်မိသွားရင် ဖုံးကွယ်မရတာမို့...တစ်ခဏလောက်ထိတော့ သေသေချာချာလေး ကြည့်ခွင့်ရှိတယ်မလား....
လုန်သယ်ဟာ အိပ်ပျော်နေတဲ့ ကြင်ယာတော်အနားမှာ ထိုင်ပြီး မျက်ဝန်းတွေကို ကွယ်ထားတဲ့ ဆံနွယ်လေးကို အသာအယာ ဖယ်ကြည့်သည်...
မူးပြီး အိပ်နေတာတောင်...အပြုံးချိုလေးတစ်ခု ပြုံးလိုက်တာမို့ ကြည့်နေမိတဲ့ လုန်သယ်မှာ မပြုံးပဲမနေနိုင်ပါ...
ဖြူဥနေတဲ့ ပါးလေးဟာ နီမြန်းနေပြီး နှုတ်ခမ်းပါးလေးတွေက တိုးတိုး နဲ့ စကားများ ပြောနေသည် ဘာတွေများ ပြောနေသလဲ လုန်သယ်မတွေးနိုင်ပဲ... လှုပ်ရှားနေတဲ့ နှုတ်ခမ်းလေးကိုသာ ကြည့်နေမိသည်...
လုန်သယ်ဟာ နူးညံ့တဲ့ ရှောင်ပိုင်ရဲ့ လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်သည်....
"မင်းနဲ့ငါ စောစောတွေ့ခဲ့ကျရင် မင်းကငါ့အတွက်ဖြစ်လာနိုင်တယ်မလား...
လုန်သယ်ဟာနှုတ်ကထိုသို့ပြောပြီး ...နာကြင်တဲ့အပြုံးလေးတစ်ခုနဲ့သာ ရှောင်ပိုင်ကို ကြည့်နေသည်...
"ကိုယ်တောင်းပန်ပါတယ်..ကိုယ့်ကို မင်းခွင့်လွတ်မယ်မလား.
လုန်သယ်ဟာ ထို့သို့စိတ်ထဲကရေရွတ်လိုက်ပြီး...နှုတ်ခမ်းပါးလေးထံကို တစ်ဖြေးဖြေး တိုးကပ်သွားသည်...အပြစ်ကင်းစင်တဲ့ မျက်ဝန်းလေးကို အနီးကပ် မြင်နေရပြီး လှပတဲ့နှုတ်ခမ်းပါးလေးကို တစ်ချက်ကြည့်ကာ မျက်လုံးများကို စုံမှိတ်လိုက်လေသည်...
"ခွပ်"
ဆွဲထူတာ ခံလိုက်ရပြီး တစ်စက်ထဲ မျက်နှာကို ခပ်ပြင်းပြင်း အထိုးခံလိုက်ရပြီး ကြမ်းပြင်အပေါ်ကို လည်းကျသွားသည်... ကြမ်းပြင်ပေါ်လည်းကျသွားမှ မော့ကြည့်လိုက်တော့ မျက်တောင်နီများနဲ့ ကြည့်လာသူက ရိပေါ်သာ...
ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကြင်ယာတော်ကို ပွေ့ချီသွားသော မင်းကြီး...အိပ်ပျော်နေတဲ့ ခန္ဓာကိုယ်လေးကို မင်းကြီးဟာ သူ၏ အပေ့်ဝတ်ရုံနဲ့ ခြုံပေးကာ.. အနောက်ကိုတစ်ချက်လှည့်မကြည့်ပဲ..ရင်ခွင်ထဲက ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဝေယာဥ်ရှိရာဆီကို ခြေလှမ်းကျဲ များနဲ့ သွားလေသည်...
မင်းကြီး မျက်နှာအနေအထားဟာ အတော်ကို တင်းမာနေပြီး အနားရှိတဲ့ လျိုချင်မှာပင် အသံမထွက်ရဲပဲ လည်းကျနေတဲ့ လုန်သယ်ကို ထူပေးရင်းသာ အနောက်မှာ ကျန်ရစ်ခဲ့သည်
🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶
🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶
🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶
🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶