Complete Season. 2(Love of...

By 2001_wang

42.2K 1.8K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46

Love piano🌸Ep.26

680 32 2
By 2001_wang

Zawgyi
















"ဘာလို့လည်း...


"ဟုတ်ကဲ့...





"စကားအပိုတွေမပြောနဲ့..






















"မင်းကြီး....






























Unicode

သွေးသံတရဲရဲနဲ့..လူတစ်ယောက်ဟာ လည်းကျသွားတဲ့ လူတစ်ယောက်ကို ဖက်ကာ ငိုကြွေးနေသည်....မျက်ဝန်းထဲက မျက်ရည်ကြည်တွေထွက်လာရမယ့်အစား နာကြင်မှုရဲ့ သွေးမျက်ရည်တွေသာ ပါးပြင်ပေါ်ကိုစီးကျနေလေသည်....

ကောင်းကင်ဘုံလို့ထင်ရတဲ့ နေရာမှာ စစ်မြေပြင်ကြီးတစ်ခု ဖြစ်ပွားနေဟန်...အဖြူရောင်တိမ်တိုက်တွေက မည်းနက်နေပြီး သွေးမိုးများ ရွာနေကျသည်....

လူတစ်ယောက်ကို ဖက်ကာငိုကြွေးနေတဲ့ထိုလူရဲ့ ငိုသံတွေဟာ ကြားရသူအဖို့ ရင်နာစရာကောင်းလှသည်..... သွေးများနဲ့လည်းကျနေတဲ့ လူကို ဖက်တွယ်ထားပြီး ရင်ကွဲမတက်ငိုကြွေးနေသည် သူမှာ အတော်လေး နာကြင်နေပုံ..

"လူတစ်ယောက်ဟာ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ အခါ နှလုံးသားတွေလည်း ကျေကွဲရပြီး ချစ်ရသူနဲ့အတူ ထိုနှလုံးသားဟာလည်း သေဆုံးသွားတတ်သည်" 

ထိုအသံနဲ့အတူ ရှောင်ပိုင် လန့်နိုးသွားသည်...ဘေးကိုကြည့်တော့ ကုတင်ဘေးမှာ အိပ်ပျော်နေတဲ့ လုန်သယ်ကို တွေ့ရသည်....

မကြာခဏအိပ်မက်နေတဲ့ ထိုအိမ်မက်တွေဟာ ဘာကြောင့် ခဏခဏ သူမက်နေရတာလည်း ရှောင်ပိုင် စဥ်းစားမရချေ...အိမ်မက်ထဲက လူတွေရဲ့ မျက်နှာများကို တော့တစ်ကြိမ်တစ်ခါမှပင်မမြင်ဖူးချေ...

ပြီးတော့ သူအိမ်မက်ထဲမှာ ကြားခဲ့ရတဲ့ အသံတွေ သူမြင်ခဲ့ရတဲ့ ယော်ကျားသားနှစ်ယောက်ရဲ့ ဖြစ်ရက်တွေက ဘာတွေလည်း ...  ရှောင်ပိုင် သူ့ဘာသာ မေးခွန်းတွေ ထုတ်နေမိပြီး စိတ်ရှုပ် သွားသည်...

"ကြင်ယာတော် နိုးပြီလား...

"အင်း.. ပင်ပန်းစေမိပြီ အနားယူလိုက်ပါအုံး..

"ကြင်ယာတော်ကို မကာကွယ်နိုင်လို့ ကျွန်တော်ကသာ တာဝန်မကျေတာပါ...

"မင်းအရမ်းကိုတာဝန်ကျေပါတယ်...လူတစ်ယောက်က ငါ့ကို အန္တာရယ်ပြုချင်ရင်ဘယ်လိုမှတားစီးလို့မရဘူး...

ရှောင်ပိုင်က အပြုံးနုတစ်ခု ဖန်တီးရင်း ထိုသို့ ပြောသည်...

နှစ်တွေကြာလာတာနဲ့အမျှ ကြင်ယာတော်ဟာ သူစတွေ့တုန်းက ပုံစံမျိုးနဲ့ မတူတော့ပါ အရင်ကလို ကလေးဆန်တာမျိုးတွေ သိမ့်မတွေ့ရတော့ပါ...တစ်ခါတစ်လေ လူနှစ်ယောက်လို ဖြစ်နေတတ်သည်..

"ကြင်ယာတော် စိတ်ချပါ...မင်းကြီးပြန်လာရင် မိဘုရားလုပ်ရက်တွေကို ကျွန်တော်ပြန်လျှောက်တင်မှာပါ..

"ဟင့်အင် မလိုဘူး...အခုဖြစ်ခဲ့တာတွေကိုအရင်ကဖြစ်ရက်တွေကိုရော မင်းကြီးကိုမသိစေချင်ဘူး..

"ဘာလို့လည်း...

"ဒီတိုင်း မသိစေချင်တာလို့ပဲ တွေးလိုက်ပါ

"ဟုတ်ကဲ့...

ကြင်ယာတော်ကို အနားယူစေပြီး သူကတော့ အဆောင်တစ်ခုထံကို သွားနေသည်...

မင်းကြီးနဲ့ မိစ္ဆာတို့တိုက်ပွဲဟာ ရက်လချီသည်အထိ ဖြစ်ပွားနေလေသည်...မိစ္ဆာကြီးမှာ အထိအနာအဆာ များများစားစား မရှိပေမယ့် မင်းကြီးမှာတော့ ဒဏ်ရာများ ပြည့်နက်နေသည်...သွေးများ အန်ထွက်နေသည်အထိ မင်းကြီးကတော့ လက်လျော့မယ့်ပုံမပေါ်ချေ...လျိုချင်ဟာ ဝင်ရောက်တိုက်ခိုက်ပေမယ့်လဲ မိစ္ဆာကြီးကို လုံးဝပင် မယှဥ်နိုင်ပါ...

သွေးများစွာနဲ့ ဖြစ်နေတဲ့ မင်းကြီးကို ကြည့်ကာ မိစ္ဆာအိုက ကျေနပ်စွာပြုံးသည်...

"ကောင်စုတ်လေး ...အဲ့ဒီကြင်ယာတော်ကအဲ့လောက်ပဲ မင်းအတွက်အရေးကြီးလား..

"စကားအပိုတွေမပြောနဲ့..

မိစ္ဆာအိုဟာ သွေးသံတရဲရဲနဲ့ မင်းကြီးကို ကြည့်ကာ စကားဆိုသည်...

မထနိုင်သည်အထိ မြေပြင်ပေါ် ဒူးထောက်နေရပါသော်လည်း သူ့ရှေ့က မိစ္ဆာကို အရှုံးပေးပြီး ကြင်ယာတော်ကို စွန့်လွတ်မယ့်ပုံမပေါ်ပါ

"ဒီကြင်ယာတော်က မင်းအတွက်ဒီလောက်ထိအရေးကြီးလိမ့်မယ်မထင်ထားဘူး....ကောင်စုတ်လေး အားအင်တွေပြန်ဖြည့်လိုက်အုံး နောက်တစ်ခါထပ်ဆုံကျမယ်

မိစ္ဆာကြီးဟာ ထိုသို့ပြောပြီး အဝေးကို ထွက်သွားသည်...လေထဲမှာပဲ ပျောက်ကွယ်သွားသည်

မိစ္ဆာကြီး ထွက်သွားမှ... လျိုချင်မှာ သက်ပြင်းချနိုင်တော့သည်
သူ့ရှေ့မှာ လည်းကျသွားတဲ့ မင်းကြီးကို ထူကာ မြင်းပေါ် တင်လိုက်သည်...

ဝေယာဥ်နဲ့ မင်းကြီးကို နန်းတော်ကို ပြန်ခေါ်လာခဲ့သည်....

မြို့ထဲက ပုံပြင် ပြောသံများ

မုတ်ဆိတ် မွှေးအရှည်ကြီး ရှိပြီး ထိုမုတ်ဆိတ်မွှေးတွေဟာလည်း ဖြူဖွေးလို့နေသည် ထိုမုတ်ဆိတ်မွှေးတွေကို လက်တွေနဲ့ သပ်ပြီး စိတ်ဝင်တစားနားထောင်နေကျတဲ့ လူတွေကို ဒဏ္ဍာရီသဖွယ်ရှိတဲ့ အကြောင်းအရာတစ်ခုကို ပြောပြနေလေရဲ့....

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းခန့်က မိစ္ဆာနှလုံးသားနဲ့အတူ ကလေးလေး တစ်ယောက် ဖွားမြင်လာခဲ့တယ်တဲ့ ထိုကလေးလေးက မွေးဖွားလာထဲက အမုန်းတွေနဲ့ ရှင်သန်ခဲ့ပြီး...ကောင်ကင်ဘုံနဲ့နတ်မင်းတွေကို သိမ့်မုန်းတဲ့ မိစ္ဆာဘုရင် ဖြစ်ခဲ့လေတယ်..

ထို မိစ္ဆာဘုရင်ဟာ ရန်သူဖြစ်တဲ့ နတ်မင်းတစ်ပါးနဲ့ ချစ်ကြိုက်ခဲ့ကျတယ်တဲ့....သူချစ်ကြိုက်ခဲ့တဲ့ နတ်မင်းဟာ အမျိုးသမီး မဟုတ်ပဲ အမျိုးသားတစ်ယောက်တဲ့....

ရန်သူဖြစ်တဲ့ အမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တဲ့ မိစ္ဆာဘုရင်ဟာ နောက်ဆုံးချိန်ထိ သူ့ကိုသူ မထိန်းချုပ်နိုင်ခဲ့ဘူးတဲ့....

မိစ္ဆာဘုရင်က လောကကြီး လေးခုကို ပျက်သုန်း ဖျက်စီးတာပေါ့လေ...ဒါကို မကြည့်ရက်တဲ့ နတ်မင်းက ...မိစ္ဆာနှလုံးသားနဲ့အတူ ပျောက်ကွယ်သွားတယ်တဲ့..ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ မိစ္ဆာဘုရင် ရင်ကွဲနာကျပြီး အတွင်းအားတွေကို ဖျက်စီးပြီး သူ့ကိုယ်သူ အဆုံးစီရင် ခဲ့တယ်တဲ့....

မင်းကြီးဟာ အတွင်းအား များစွာကို ဆုံးရှုံးလိုက်ရတာမို့ ... သတိလစ်မေ့မျောနေသည်က ...အတော်ကြာပါပြီ

အနောက်ဆောင်က ရှောင်ပိုင်သည်မှာလည်း မိဘုရားရဲ့ အနိုင်ကျင့်ခြင်းကို အမြဲ လိုလိုကို ခံနေရသည်....

ကျိန်ဒဏ်နဲ့ အရိုတ်မခံရရင်...ဖိနှိမ်ကာ စကားနဲ့ စော်ကားသည်...

"ကြင်ယာတော်... မင်းကြီးကစာဆောင်ပေးခိုင်းလိုက်လို့ပါ

ရှောင်ပိုင်တစ်ယောက်..မက်မွန်းပန်းပင်ကြီးအောက်မှာ ထိုင်နေစဥ် အစေခံမလေးတစ်ယောက်၏ စကားကြောင့် ...ထိုအစေခံမလေး လက်ထဲက စာဆောင်ကို ယူလိုက်သည်..သူနဲ့မင်းကြီးမတွေ့ဖြစ်သည်ကလည်း အတော်လေးကို ကြာမြှင့်နေသည်လေ

စာဆောင်လေးကို ဖွင့်ကြည့်တော့ သူ့ကို မြစ်ကမ်းဘေးတစ်ခုမှာ တွေ့ရန်ချိန်းဆိုထားသည်သာ...ဘာကြောင့် တစ်သီးတစ်သန့်ကြီး ခေါ်တာလည်း မသိပေမယ့် ထူးဆန်းသလိုတော့ ခံစားလိုက်ရသည်...

ရှောင်ပိုင်ဟာ မင်းကြီးချိန်းဆိုတဲ့ နေရာကို သွားရန် ပြင်သည်...

ဟိုရောက်တော့...ရေတံခွန်သဖွယ် မြှင့်မားတဲ့ နေရာကို တွေ့လိုက်ရသည်..ထိုနေရာကနေ အောက်ကို ကြည့်လိုက်ရင် မြှင်မားနေပြီး ကြီးမားတဲ့ ရေပြင်များ ရှိနေသည်..

အနက်ရောင် ဝတ်ရုံကို ဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့တော့ မင်းကြီး ရောက်နေပြီလားဟု တွေးလိုက်သည်....

"မင်းကြီး....

ရှောင်ပိုင်ဟာ သေးငယ်သောအသံနဲ့သာ မင်းကြီး လို့ခေါ်လိုက်သည်..ထိုသို့ခေါ်တော့ ထိုလူဟာ တစ်ဖက်ကို လှည့်လာသည်...

သူ့ဘက်ကို လှည့်လာတဲ့လူဟာ မင်းကြီးမဟုတ်ပဲ မျက်နှာဖုံးတပ်ထားတဲ့ လူတစ်ယောက်သာ ဖြစ်သည်....

ရှောင်ပိုင်ဟာ အရှေ့ကလူကမင်းကြီးမဟုတ်တာမို့ အနောက်ကို ခြေလှမ်းများ ဆုပ်သွားသည်....မင်းကြီး ယောင်ဆောင်ပြီး ဘာကြောင့် သူ့ကို လာတွေ့ရတာလည်း ဟု၍လဲ တွေးနေမိသည်...

"မင်း မင်းဘယ်သူလဲ ဘာကြောင့်မင်းကြီးယောင်ဆောင်ရတာလဲ...

ရှောင်ပိုင် အမေးကို ဂရုမစိုက်ပဲ ထိုလူဟာ ရှောင်ပိုင်အနားကို တိုးကပ်လာကာ...လက်ထဲကနေ အပြာရောင် စွမ်းအားများထွက်လာသည်.... ထိုအရာတွေဟာ ရှောင်ပိုင် ခန္ဓာကိုယ်ကို ဝှေ့ပတ်လိုက်ပြီး လေပေါ်ကို ခေါ်သွားသည်...

ယခုချိန် ငုံ့ကြည့်လျှင် တိုက်ခိုက်နေတဲ့ ရေပြင်ကြီးကိုသာ မြင်ရတော့မည်...ရှောင်ပိုင် ရေဆိုရင် ကြောက်နေပြီမို့ ပြုတ်ကျသွားမှာဆိုးကာ ရုန်းကန်နေသည်...

"လွတ်စမ်း ငါ့ကို လွတ်ပေး လွတ်ပေး လွတ်ပေး

ရှောင်ပိုင်သာ အော်ဟစ်ရုန်းကန်နေပါသော်လည်း ထိုလူက ပြုံးယုံသာ ပြုံးပြပြီး...ဝှေ့ပတ်ထားတဲ့ အရာတွေကိုချက်ချင်း ဖြုတ်ခိုက်ချိန်....

ရှောင်ပိုင်ဟာ ...မြှင့်မားတဲ့ နေရာကနေ အောက်ခြေကို ပြုတ်ကျသွားလေသည်....အော်သံတွေဟာ ကျယ်လောင်နေပြီး တစ်ဖြေးဖြေး တိုးသွားကာ... ရေထဲကို ပြုတ်ကျသွားတဲ့အသံကြားတော့ အမြှင့်ပေါ်ကလူဟာ ပြုံးသာပြုံးပြီး ထိုနေရာကထွက်သွားလေသည်....

ရေမကူးတတ်တဲ့ ရှောင်ပိုင်ဟာ ခဏတာ ရေပြင်ပေါ်မှာ ကူးခပ် နေပြီး သိမ့်မကြာခင်မှာပဲ မောပန်းကာ ရေပြင်အောက်ခြေကို ပြုတ်ကျသွားလေသည်...

နက်ရှိုင်းလှတဲ့ ရေပြင်အောက်ခြေကို တစ်ဖြေးဖြေး ဆင်းသက်လာတဲ့ ရှောင်ပိုင်ဟာ ဘယ်နေရာမှန်းမသိပဲ မှောင်မဲနေတဲ့ ရေအောက်ခြေရဲ့ တစ်နေရာအရောက်မှာတော့ လန့်နိုးသွားသည်...

ထိုနေရာရောက်တော့ သူဟာ မွန်းကြပ်မနေပဲ အသက်ရှူလို့ရနေသည်...ရေအောက်မှာ သူအသက်ရှူလို့ရနေသည်

ဘာကြောင့်ဆိုပြီး တွေးနေတုန်းမှာပဲ...ဂူကြီးလို့ ထင်ရတဲ့ ကျယ်ဝန်းတဲ့ နေရာကြီး တစ်ခုကို မြင်လိုက်ရသည်...ဂူတံခါးပေါက်ကြီးကို သူ့လက်ဖဝါးလေးနဲ့ ထိလိုက်တော့ ... ထိုကျောက်တံခါးကြီးဟာ အလိုလို ပွင့်သွားသည်

(ဒါကဇာက်မသိမ်းသေးပါဘူးနော် လိုသေးတယ် လာမေးကျလို့ပါ ပြီးတော့မှာလားဆိုပြီး" Ep.40ကျော်တာမို့ လိုပါသေးတယ်)


🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

Continue Reading

You'll Also Like

Skip A Beat By ..

Fanfiction

22.7K 306 12
Ever feel like your heart just skipped a beat. Y/n did and so did Luke Ross. Y/n is very close with the Rosses but closer with Luke. Join Y/n, Luke...
116K 6.8K 35
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကိုတခြား mediaများကိုလုံး...
30.3K 821 11
The bomb set off, and the car was burnt But that didn't burn away what feelings lay beneath their skin Time may heal, but can it forgive? Forget?
397K 25.6K 85
[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်...