Unicode
၁၆၈၉။ ကယ်ပါဦး ချစ်အန်ကယ်ရေ!!
_____________________
အရိပ်တစ်ခုပြေးဝင်လာသည်။ နဉ်ရှု မတုန့်ပြန်နိုင်သေးခင်မှာပင် သူမလည်ပင်းကို အပ်ချည်ကြိုးတစ်ချောင်းကရစ်ပတ်လာသည်။ အရိပ်က သူမနောက်ကနေ သူမလည်ပင်းကို အပ်ချည်ကြိုးနဲ့တင်းကြပ်စွာညှစ်တော့သည်။
နဉ်ရှုက အပ်ချည်ကြိုးကို သူမလက်နဲ့ခပ်တင်းတင်းဆွဲကိုင်လိုက်သည်။ အပ်ချည်ကြိုးက အရေပြားကိုဖြတ်ကာ အသားနက်နက်ထဲတိုးဝင်သွားပြီး သူမရဲ့အရိုးတွေထိရောက်သွားသည်။
သောက်ရမ်းနာတယ်။
နာကျင်ရသော်ငြား နဉ်ရှု လက်မလွှတ်ရဲပါချေ။ သူမ လက်လွှတ်လိုက်တာနဲ့ ဒီနာကျင်မှုကိုခံရမှာက သူမလည်ပင်းဖြစ်ပြီး သူမလည်း မိန်ကျီချင်းနည်းတူ အဆုံးသတ်သွားတော့မှာ။ ကြိုးက မိန်ကျီချင်းရဲ့လည်ပင်းတစ်ဝက်လောက်ကိုဖြတ်ပစ်တာ။
ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နီးစပ်လွန်းနေတာမို့ သူမရဲ့နားတွေက သူမနောက်ကရှူထုတ်လိုက်တဲ့လေပူတွေကိုခံစားမိနေသည်။ အရိုးခိုက်အောင်အေးတဲ့လေထုနဲ့ရောနှောနေတဲ့ သစ်မွှေးသားရနံ့ကို သူမရနေသည်။
"အဟွတ်!"
နဉ်ရှု ချောင်းဆိုးလိုက်မိကာ ခက်ခက်ခဲခဲဆိုသည်။
"နင်ပဲကိုး ကျန်းကျားစန်!"
အပ်ချည်ကြိုးကိုကိုင်ထားတဲ့လက်က ခဏမျှတန့်သွားပေမယ့် အလျင်အမြန်ပင် အားပြန်တိုးလာခဲ့သည်။ ကြိုးက အသားထဲ ပိုနစ်အောင်တိုးဝင်သွားသည်။ သွေးတွေက မြေကြီးပေါ်တပေါက်ပေါက်ကျနေ၏။
သေအံ့မူးမူးခံစားချက်က နဉ်ရှုကို ကြက်သီးထလာစေသည်။ သူမ ကြောက်လန့်နေကာကြံရာမရဖြစ်နေတော့၏။
နဉ်ရှုရဲ့မျက်နှာက နီရဲလာပြီး သူမက သူမနောက်ကလူရဲ့ခြေထောက်ကိုတက်နင်းဖို့ ခြေမြှောက်လိုက်ပေမယ့် သူမပဲ ခြေသလုံးကိုအကန်ခံလိုက်ရကာ အတော်လေးနာကျင်သွားရသည်။
ဒီကမ္ဘာကိုရောက်လာတာ တစ်ရက်ပဲရှိသေးတာမို့ နဉ်ရှုမှာ ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်ချိန်မရှိပါချေ။ တစ်ရက်တည်းမှာတင် လူသုံးယောက်သေသွားတာမို့ ခဏလောက်နားပြီးအမောဖြေဖို့အချိန် လုံးဝမရှိပါပေ။
ထို့အတွက် ယခု သူမ အရေးနိမ့်နေချိန်မှာ ပြန်တိုက်ခိုက်ဖို့အခွင့်အရေးပင်မရှိဖြစ်နေရသည်။
အစကနေအဆုံးထိ သူမနောက်ကလူက စကားမပြောပေမယ့် အဲ့လူက ယောက်ျားတစ်ယောက်ဆိုတာ နဉ်ရှု အသေအချာကိုသိနေသည်။ ပထမအချက်က ခွန်အားကြောင့်ဖြစ်ကာ ဒုတိယအချက်ကတော့ လည်ပင်းညှစ်လာသူရဲ့လည်ပင်းညှစ်တဲ့အနေအထားကြောင့်ဖြစ်သည်။ အဲ့လူက သူမထက်ပိုအရပ်မြင့်ပါက အပ်ချည်ကြိုးက အပေါ်ကိုနည်းနည်းစာင်းတက်နေမည်ဖြစ်၏။ ဒါက အနေအထားအကြောင့်ပင်။
"ကျွီ။"
ပြတင်းပေါက်ဖွင့်သံတစ်သံထွက်ပေါ်လာသည်။ နဉ်ရှုက ခေါင်းလှည့်ကာ နီရဲနေတဲ့မျက်လုံးတွေနဲ့ဒုတိယထပ်ကိုကြည့်လိုက်သည်။
အခန်းထဲမှာ အလင်းရောင်မှိန်ပြပြရှိနေပြီး ပြတင်းပေါက်နားမှာ လူရိပ်တစ်ခုရပ်နေသည်။ နဉ်ရှု အပြင်းအထန်ချောင်းဆိုးလာတော့၏။ ကယ်ပါဦးချစ်အန်ကယ်ရေ!!
သူမနောက်ကလူက ချက်ချင်းမပြေးဘဲ အားပိုစိုက်ကာ လည်ပင်းပိုညှစ်တော့သည်။ အပ်ချည်ကြိုးက နဉ်ရှုရဲ့လက်ဖဝါးထဲ ချက်ချင်းပင်ပိုမိုနက်ရှိုင်းစွာနစ်ဝင်လာ၏။
အန်ကယ်က သူ့ခါးမှာချိတ်ထားတဲ့သေနတ်ကိုထုတ်ကာ နဉ်ရှုနောက်မှာရှိနေတဲ့လူကိုပစ်လိုက်သည်။ နဥ်ရှုနောက်ကလူကား ဘုတ်ဟူသည့်အသံနှင့်အတူ မြေပေါ်လဲကျသွားတော့၏။
သူ့ကိုယ်က ခဏမျှတွန့်လိမ်နေပြီးနောက် အသက်ရှူရပ်သွားချေသည်။
နဉ်ရှု နှင်းတောထဲလဲကျသွားသည်။ သူမ အောင်ပွဲမခံနိုင်သေးခင်မှာပင် အသံတစ်သံက သူမဝိဉာဉ်ထဲဝင်ရောက်လာ၏။
"မင်းတို့မှာ ဘာအငြိုးတွေပဲရှိရှိ ဒီတာဝန်မှာအချင်းချင်းတိုက်ခိုက်ကြရင် သုတ်သင်ခံရမယ်။"
"ကျွန်မ..."
နဉ်ရှုခမျာ အန်ကယ်က သူမကို ကတ္တရာစေးလိုနက်မှောင်နေတဲ့သေနတ်နဲ့ပစ်လိုက်တာကိုသာ ကြည့်နေနိုင်ရှာသည်။ ဒါက သူမကိုယ်ကို စွမ်အားတစ်ခုခုက မလှုပ်နိုင်အောင်ထိန်းချုပ်ထားသလိုဖြစ်ကာ သူမမှာ လှုပ်ရှားဖို့အားပင်မရှိတော့ချေ။
စွမ်းအင်တစ်ခုက သူမမျက်ခုံးတွေကြား တိတ်တဆိတ်တိုးဝင်လာ၏။
နဉ်ရှုတစ်ယောက် အင်မတန်အားကောင်းတဲ့စွမ်းအားတစ်မျိုး သူမရဲ့ဝိဉာဉ်ထဲမှာပေါက်ကွဲသွားတာကိုခံစားလိုက်ရပြီး အကာအကွယ်အဆောင်ရဲ့စွမ်းအားက သူမကို ကာကွယ်ပေးလာသည်။
သူမရဲ့ဝိဉာဉ်ဆီကလာတဲ့အင်မတန်ပြင်းထန်လွန်းတဲ့နာကျင်မှုက နဉ်ရှုကို ချွေးအများကြီးထွက်လာစေသည်။ သူမနိုးလာချိန်မှာပင် သူမရဲ့ဝိဉာဉ်ထဲမှာ ကြောက်မက်ဖွယ်ပြင်းထန်လွန်းတဲ့နာကျင်မှုတို့ရှိနေဆဲ။
သူမတစ်ကိုယ်လုံး ချွေးတွေရွှဲနေသည်။ လေတိုက်လာချိန်မှယ နဉ်ရှုတစ်ယောက် အအေးဓာတ်ကြောင့်တုန်သွားတော့သည်။ သူမက မြေပေါ်ကနေထကာ အမျိုးသားရဲ့အလောင်းကိုလှန်ကြည့်လိုက်သည်။
ကျန်းကျားစန်ဟုတ်နေတာပဲ။
ဝက်သားဖတ်? နဉ်ရှုတစ်ယောက် ခံပြင်းကာငိုမိတော့မလိုဖြစ်သွားရသည်။ သူမ အသတ်ခံရပြီး သုတ်သင်ခံရတော့မလို့။ အဆင့်မြှင့်ထားတဲ့အကာအကွယ်အဆောင်ကြောင့်သာမဟုတ်ရင် သူမတော့ ဒီတစ်ခေါက် အကုန်လုံးသေသွားတာကိုစောင့်ပြီး ဇာတ်ကြောင်းကိုပြန်စနေရတော့မှာ။
သုတ်သင်ခံလိုက်ရတဲ့ခံစားချက်က နဉ်ရှုကို အသေကြောက်သွားစေသည် - ဒါက အင်မတန်နာကျင်နေရပြီး အမြစ်ပြတ်သုတ်သင်ခံရတဲ့ခံစားချက်ပဲ။
ကိုယ့်ကိုယ်ကိုသတ်သေတဲ့အဲ့သောက်ခွေးသားကျန်းကျားစန်ကတော့။
နဉ်ရှုက ကျန်းကျားစန်ရဲ့အလောင်းကိုပိတ်ကန်လိုက်ပြီး သူမရဲ့အားနည်းနေတဲ့ကိုယ်နဲ့ ဧည့်ခန်းကို အားတင်းကာပြန်သွားသည်။
ဧည့်ခန်းထဲမှာရှိနေတဲ့ မီးဖိုထဲကမီးကငြိမ်းသွားချေပြီ။ နဉ်ရှုက ခုံတန်းရှည်ပေါ်မှာထိုင်ချလိုက်ကာ စားပွဲပေါ်လက်တင်လိုက်သည်။
သူမရဲ့လက်တွေက သွေးတွေရွှဲနေသည်။ အပ်ချည်ကြိုးတစ်ချောင်းက သူမရဲ့လက်တွေထဲနစ်ဝင်နေပြီး နီရဲနေတဲ့အသားတစ်စက ကြိုးကနေတွဲလောင်းကျနေသည်။ နဉ်ရှုက အပ်ချည်ကြိုးကို ဂရုတစိုက်ဖယ်ရှားလိုက်သည်။
...
P.S : If you like my translations and want to give me pocket money 09897650510 is available for both wave and K-pay.
...
Zawgyi
၁၆၈၉။ ကယ္ပါဦး ခ်စ္အန္ကယ္ေရ!!
_____________________
အရိပ္တစ္ခုေျပးဝင္လာသည္။ နဥ္ရႈ မတုန႔္ျပန္ႏိုင္ေသးခင္မွာပင္ သူမလည္ပင္းကို အပ္ခ်ည္ႀကိဳးတစ္ေခ်ာင္းကရစ္ပတ္လာသည္။ အရိပ္က သူမေနာက္ကေန သူမလည္ပင္းကို အပ္ခ်ည္ႀကိဳးနဲ႔တင္းၾကပ္စြာညႇစ္ေတာ့သည္။
နဥ္ရႈက အပ္ခ်ည္ႀကိဳးကို သူမလက္နဲ႔ခပ္တင္းတင္းဆြဲကိုင္လိုက္သည္။ အပ္ခ်ည္ႀကိဳးက အေရျပားကိုျဖတ္ကာ အသားနက္နက္ထဲတိုးဝင္သြားၿပီး သူမရဲ႕အ႐ိုးေတြထိေရာက္သြားသည္။
ေသာက္ရမ္းနာတယ္။
နာက်င္ရေသာ္ျငား နဥ္ရႈ လက္မလႊတ္ရဲပါေခ်။ သူမ လက္လႊတ္လိုက္တာနဲ႔ ဒီနာက်င္မႈကိုခံရမွာက သူမလည္ပင္းျဖစ္ၿပီး သူမလည္း မိန္က်ီခ်င္းနည္းတူ အဆုံးသတ္သြားေတာ့မွာ။ ႀကိဳးက မိန္က်ီခ်င္းရဲ႕လည္ပင္းတစ္ဝက္ေလာက္ကိုျဖတ္ပစ္တာ။
ခႏၶာကိုယ္ႏွစ္ခုက ပူးကပ္နီးစပ္လြန္းေနတာမို႔ သူမရဲ႕နားေတြက သူမေနာက္ကရွဴထုတ္လိုက္တဲ့ေလပူေတြကိုခံစားမိေနသည္။ အ႐ိုးခိုက္ေအာင္ေအးတဲ့ေလထုနဲ႔ေရာေႏွာေနတဲ့ သစ္ေမႊးသားရနံ႔ကို သူမရေနသည္။
"အဟြတ္!"
နဥ္ရႈ ေခ်ာင္းဆိုးလိုက္မိကာ ခက္ခက္ခဲခဲဆိုသည္။
"နင္ပဲကိုး က်န္းက်ားစန္!"
အပ္ခ်ည္ႀကိဳးကိုကိုင္ထားတဲ့လက္က ခဏမွ်တန႔္သြားေပမယ့္ အလ်င္အျမန္ပင္ အားျပန္တိုးလာခဲ့သည္။ ႀကိဳးက အသားထဲ ပိုနစ္ေအာင္တိုးဝင္သြားသည္။ ေသြးေတြက ေျမႀကီးေပၚတေပါက္ေပါက္က်ေန၏။
ေသအံ့မူးမူးခံစားခ်က္က နဥ္ရႈကို ၾကက္သီးထလာေစသည္။ သူမ ေၾကာက္လန႔္ေနကာႀကံရာမရျဖစ္ေနေတာ့၏။
နဥ္ရႈရဲ႕မ်က္ႏွာက နီရဲလာၿပီး သူမက သူမေနာက္ကလူရဲ႕ေျခေထာက္ကိုတက္နင္းဖို႔ ေျခေျမႇာက္လိုက္ေပမယ့္ သူမပဲ ေျခသလုံးကိုအကန္ခံလိုက္ရကာ အေတာ္ေလးနာက်င္သြားရသည္။
ဒီကမာၻကိုေရာက္လာတာ တစ္ရက္ပဲရွိေသးတာမို႔ နဥ္ရႈမွာ ၿပိဳင္ဘက္ကင္းသိုင္းပညာကိုေလ့က်င့္ခ်ိန္မရွိပါေခ်။ တစ္ရက္တည္းမွာတင္ လူသုံးေယာက္ေသသြားတာမို႔ ခဏေလာက္နားၿပီးအေမာေျဖဖို႔အခ်ိန္ လုံးဝမရွိပါေပ။
ထို႔အတြက္ ယခု သူမ အေရးနိမ့္ေနခ်ိန္မွာ ျပန္တိုက္ခိုက္ဖို႔အခြင့္အေရးပင္မရွိျဖစ္ေနရသည္။
အစကေနအဆုံးထိ သူမေနာက္ကလူက စကားမေျပာေပမယ့္ အဲ့လူက ေယာက္်ားတစ္ေယာက္ဆိုတာ နဥ္ရႈ အေသအခ်ာကိုသိေနသည္။ ပထမအခ်က္က ခြန္အားေၾကာင့္ျဖစ္ကာ ဒုတိယအခ်က္ကေတာ့ လည္ပင္းညႇစ္လာသူရဲ႕လည္ပင္းညႇစ္တဲ့အေနအထားေၾကာင့္ျဖစ္သည္။ အဲ့လူက သူမထက္ပိုအရပ္ျမင့္ပါက အပ္ခ်ည္ႀကိဳးက အေပၚကိုနည္းနည္းစာင္းတက္ေနမည္ျဖစ္၏။ ဒါက အေနအထားအေၾကာင့္ပင္။
"ကြၽီ။"
ျပတင္းေပါက္ဖြင့္သံတစ္သံထြက္ေပၚလာသည္။ နဥ္ရႈက ေခါင္းလွည့္ကာ နီရဲေနတဲ့မ်က္လုံးေတြနဲ႔ဒုတိယထပ္ကိုၾကည့္လိုက္သည္။
အခန္းထဲမွာ အလင္းေရာင္မွိန္ျပျပရွိေနၿပီး ျပတင္းေပါက္နားမွာ လူရိပ္တစ္ခုရပ္ေနသည္။ နဥ္ရႈ အျပင္းအထန္ေခ်ာင္းဆိုးလာေတာ့၏။ ကယ္ပါဦးခ်စ္အန္ကယ္ေရ!!
သူမေနာက္ကလူက ခ်က္ခ်င္းမေျပးဘဲ အားပိုစိုက္ကာ လည္ပင္းပိုညႇစ္ေတာ့သည္။ အပ္ခ်ည္ႀကိဳးက နဥ္ရႈရဲ႕လက္ဖဝါးထဲ ခ်က္ခ်င္းပင္ပိုမိုနက္ရႈိင္းစြာနစ္ဝင္လာ၏။
အန္ကယ္က သူ႔ခါးမွာခ်ိတ္ထားတဲ့ေသနတ္ကိုထုတ္ကာ နဥ္ရႈေနာက္မွာရွိေနတဲ့လူကိုပစ္လိုက္သည္။ နဥ္ရႈေနာက္ကလူကား ဘုတ္ဟူသည့္အသံႏွင့္အတူ ေျမေပၚလဲက်သြားေတာ့၏။
သူ႔ကိုယ္က ခဏမွ်တြန႔္လိမ္ေနၿပီးေနာက္ အသက္ရွဴရပ္သြားေခ်သည္။
နဥ္ရႈ ႏွင္းေတာထဲလဲက်သြားသည္။ သူမ ေအာင္ပြဲမခံႏိုင္ေသးခင္မွာပင္ အသံတစ္သံက သူမဝိဉာဥ္ထဲဝင္ေရာက္လာ၏။
"မင္းတို႔မွာ ဘာအၿငိဳးေတြပဲရွိရွိ ဒီတာဝန္မွာအခ်င္းခ်င္းတိုက္ခိုက္ၾကရင္ သုတ္သင္ခံရမယ္။"
"ကြၽန္မ..."
နဥ္ရႈခမ်ာ အန္ကယ္က သူမကို ကတၱရာေစးလိုနက္ေမွာင္ေနတဲ့ေသနတ္နဲ႔ပစ္လိုက္တာကိုသာ ၾကည့္ေနႏိုင္ရွာသည္။ ဒါက သူမကိုယ္ကို စြမ္အားတစ္ခုခုက မလႈပ္ႏိုင္ေအာင္ထိန္းခ်ဳပ္ထားသလိုျဖစ္ကာ သူမမွာ လႈပ္ရွားဖို႔အားပင္မရွိေတာ့ေခ်။
စြမ္းအင္တစ္ခုက သူမမ်က္ခုံးေတြၾကား တိတ္တဆိတ္တိုးဝင္လာ၏။
နဥ္ရႈတစ္ေယာက္ အင္မတန္အားေကာင္းတဲ့စြမ္းအားတစ္မ်ိဳး သူမရဲ႕ဝိဉာဥ္ထဲမွာေပါက္ကြဲသြားတာကိုခံစားလိုက္ရၿပီး အကာအကြယ္အေဆာင္ရဲ႕စြမ္းအားက သူမကို ကာကြယ္ေပးလာသည္။
သူမရဲ႕ဝိဉာဥ္ဆီကလာတဲ့အင္မတန္ျပင္းထန္လြန္းတဲ့နာက်င္မႈက နဥ္ရႈကို ေခြၽးအမ်ားႀကီးထြက္လာေစသည္။ သူမႏိုးလာခ်ိန္မွာပင္ သူမရဲ႕ဝိဉာဥ္ထဲမွာ ေၾကာက္မက္ဖြယ္ျပင္းထန္လြန္းတဲ့နာက်င္မႈတို႔ရွိေနဆဲ။
သူမတစ္ကိုယ္လုံး ေခြၽးေတြ႐ႊဲေနသည္။ ေလတိုက္လာခ်ိန္မွယ နဥ္ရႈတစ္ေယာက္ အေအးဓာတ္ေၾကာင့္တုန္သြားေတာ့သည္။ သူမက ေျမေပၚကေနထကာ အမ်ိဳးသားရဲ႕အေလာင္းကိုလွန္ၾကည့္လိုက္သည္။
က်န္းက်ားစန္ဟုတ္ေနတာပဲ။
ဝက္သားဖတ္? နဥ္ရႈတစ္ေယာက္ ခံျပင္းကာငိုမိေတာ့မလိုျဖစ္သြားရသည္။ သူမ အသတ္ခံရၿပီး သုတ္သင္ခံရေတာ့မလို႔။ အဆင့္ျမႇင့္ထားတဲ့အကာအကြယ္အေဆာင္ေၾကာင့္သာမဟုတ္ရင္ သူမေတာ့ ဒီတစ္ေခါက္ အကုန္လုံးေသသြားတာကိုေစာင့္ၿပီး ဇာတ္ေၾကာင္းကိုျပန္စေနရေတာ့မွာ။
သုတ္သင္ခံလိုက္ရတဲ့ခံစားခ်က္က နဥ္ရႈကို အေသေၾကာက္သြားေစသည္ - ဒါက အင္မတန္နာက်င္ေနရၿပီး အျမစ္ျပတ္သုတ္သင္ခံရတဲ့ခံစားခ်က္ပဲ။
ကိုယ့္ကိုယ္ကိုသတ္ေသတဲ့အဲ့ေသာက္ေခြးသားက်န္းက်ားစန္ကေတာ့။
နဥ္ရႈက က်န္းက်ားစန္ရဲ႕အေလာင္းကိုပိတ္ကန္လိုက္ၿပီး သူမရဲ႕အားနည္းေနတဲ့ကိုယ္နဲ႔ ဧည့္ခန္းကို အားတင္းကာျပန္သြားသည္။
ဧည့္ခန္းထဲမွာရွိေနတဲ့ မီးဖိုထဲကမီးကၿငိမ္းသြားေခ်ၿပီ။ နဥ္ရႈက ခုံတန္းရွည္ေပၚမွာထိုင္ခ်လိုက္ကာ စားပြဲေပၚလက္တင္လိုက္သည္။
သူမရဲ႕လက္ေတြက ေသြးေတြ႐ႊဲေနသည္။ အပ္ခ်ည္ႀကိဳးတစ္ေခ်ာင္းက သူမရဲ႕လက္ေတြထဲနစ္ဝင္ေနၿပီး နီရဲေနတဲ့အသားတစ္စက ႀကိဳးကေနတြဲေလာင္းက်ေနသည္။ နဥ္ရႈက အပ္ခ်ည္ႀကိဳးကို ဂ႐ုတစိုက္ဖယ္ရွားလိုက္သည္။
...
P.S : If you like my translations and want to give me pocket money 09897650510 is available for both wave and K-pay.
...