Complete Season. 2(Love of...

By 2001_wang

42.2K 1.8K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46

Love piano🌸Ep.24

704 34 10
By 2001_wang

Zawgyi
လုန္သယ္တစ္ေယာက္ ခိုဆီကစာကို ျဖတ္ယူကာ လ်ိဳခ်င္ရွိတဲ့ အေဆာင္ဘက္ကို ထြက္လာေလသည္....

"လ်ိဳခ်င္...

"မိန္းကေလး ...ဘာအေၾကာင္းအရာမ်ားရွိလို႔ လာတာပါလဲ

"ခြပ္"

ထိုအသံနဲ႕အတူ လ်ိဳခ်င္တစ္ေယာက္ အေရွ႕က မိန္းကေလး ေခါင္းေခါက္တာခံလိုက္ရပါသည္... လ်ိဳခ်င္ နားမလည္ဟန္ သူ႕ေရွ႕က မိန္းကေလး ကို ျပန္ၾကည့္မိေတာ့ တစ္ေယာက္ေယာက္နဲ႕ေတာ့ တူေနသည္ဟု ေတြးမိလိုက္သည္ ဒါေၾကာင့္ ထိုမိန္းကေလးကို တစ္ပတ္ ပတ္ၿပီး ေျခအစေခါင္းအဆုံး ၾကည့္ၿပီးေတာ့

တဟားဟား ထရီသည္ ရယ္ရတာအားမရလို႔ ခုံေပၚထိုင္ကာ ဗိုက္ကို ႏွိပ္ၿပီး အားရပါးရကို ရီေနသည္...သူအေစာက မိန္းကေလးလို႔ ေခၚလိုက္တဲ့လူက အမတ္မင္းျဖစ္ေနသည္ေလ ႀကီးက်ယ္တတ္တဲ့ လူကမိန္းကေလးလိုဝတ္စားၿပီး သူ႕ဆီေရာက္လာတာမို႔ အခြင့္ရတုန္း အားရပါးရရီျပစ္လိုက္သည္...

အေရွ႕က လုန္သယ္တစ္ေယာက္ေတာ့ သူ႕ေရွ႕ကလ်ိဳခ်င္သာ မဟုတ္ဘူး ဒီေနရာမွာပဲ အပိုင္းပိုင္း ခုတ္ျပစ္ေလာက္ၿပီသာ...လုန္သယ္မ်က္ႏွာဟာ ပုတ္သိုးေနၿပီး..ျမင္လို႔ရႈ႕လို႔မေကာင္းေတာ့ပါ..ဒါကိုျမင္တဲ့ လ်ိဳခ်င္တစ္ေယာက္ လုန္သယ္ေဒါသကို သိတာမို႔ အရီရပ္ကာ အေစာကပုံပ်က္ပန္းပ်က္ရီေနတာ သူမဟုတ္သည္အတိုင္း ခုံမွာ ထိုင္ေနေလသည္...

"လုန္သယ္ ညႀကီးအခ်ိန္မေတာ္ငါ့ဆီလာတာ အေရးႀကီး ကိစၥရွိလို႔လား...

"အင္းး....

လုန္သယ္ရဲ႕ အင္း ဆိုတဲ့အသံဆုံးေတာ့လ်ိဳခ်င္ မ်က္ႏွာဟာ အေစာကလို မခ်ိဳမခ်ဥ္ ပုံစံမဟုတ္ေတာ့ပဲ တင္းမာသြားသည္..ခ်က္ခ်င္းဆိုသလို အေဆာင္ေတာ္က တံခါးမွန္သမွ်နဲ႕ ျပတင္းေပါက္ ေတြအကုန္ကို အေသပိတ္လိုက္သည္....ထိုေနာက္

"မိဘုရား...ဆီကခိုစာ

လုန္သယ္အေစာက သူယူလာတဲ့ စာကို လ်ိဳခ်င္ဆီကို ေပးလိုက္သည္... လ်ိဳခ်င္က လုန္သယ္ဆီက စာလိပ့္ကိုယူၿပီး မီးအိမ္အနားသြားကာ အထဲက စာကိုဖတ္သည္...

"ၿမိဳ႕ထဲက ဘုရားေက်ာင္း...

"ဘာေရးထားတာလည္း.

"မိဘုရားကလူတစ္ေယာက္ကို ဘုန္းႀကီးေက်ာင္းမွာ ေတြ႕ဖို႔ ခ်ိန္းဆိုထားတာ..
"လုန္သယ္..စာလိပ့္ကို ခိုဆီမွာျပန္ထားၿပီး မိဘုရား စာကို ပို႔ေပးလိုက္...

"လ်ိဳခ်င္...မင္းအနံရလား..

"အင္း..မိစာၦအနံ အနံကအရမ္းျပင္းတယ္ မိစာၦအိုေတြရဲ႕အနံမ်ိဳး

"ဒီအနီးအနားကပဲ

လ်ိဳခ်င္တစ္ေယာက္ သူ႕ရဲ႕ဓ-ားကို ဆြဲယူၿပီး အနံရွိရာဘက္ကို ထြက္လာေလသည္ ထို႔အတူ လုန္သယ္ဟာ စာလိပ့္ကို ခိုထံ ထားခဲ့ၿပီး သူကလ်ိဳခ်င္အေနာက္ကို လိုက္သြားေလသည္...

"လ်ိဳခ်င္...ဒီအနံက

လုန္သယ္စကားေၾကာင့္ လ်ိဳခ်င္အၾကည့္ေတြဟာ စိုးရိမ္မႈအျပည့္ျဖစ္လာၿပီး က်ီးခ်ဴအေဆာင္ဘက္ကို အေျပးသြားသည္...

ယခုေလာေလာဆယ္မွာ က်ီးခ်ဴအေဆာင္မွာ မင္းႀကီးနဲ႕ ေမ့ေမ်ာေနတဲ့ၾကင္ယာေတာ္သာ ရွိသည္...အေစာင့္စစ္သည္မ်ားနဲ႕ ကိုယ္ရံေတာ္ မ်ားဟာ မင္းႀကီးအမိန့္ေၾကာင့္ က်ီးခ်ဴအေဆာင္ကေန ထြက္ခြာသြားက်ေလသည္..

လုံၿခဳံမႈမရွ္တဲ့ ေနရာမွာ မိစာၦအိုကရွိေနၿပီး..အေရးႀကီးဆုံးလူႏွစ္ေယာက္က မိစာၦအိုရဲ႕ အနီးဆုံးေနရာမွာမို႔ လုန္သယ္ေရာလ်ိဳခ်င္ တို႔ အေျပးတစ္ပိုင္း က်ီးခ်ဴအေဆာင္ေတာ္ကို သြားရပါသည္....

က်ီးခ်ဴအေဆာင္တြင္းက မင္းႀကီးသည္လည္း ျပင္းထန္လွတဲ့ မိစာၦအနံကို ႏွာေခါင္းအတြင္းမွာ ရေနရသည္... သို႔ေပ ရင္ခြင္ထဲမွာ အိပ္ေမာက်ေနတဲ့ ေကာင္ေလးကို နိုးသြားမွာ စိုးရိမ္၍ ထိုေနရာက မလႈပ္ပဲ ရင္ခြင္ထဲက ေကာင္ေလး၏ ေက်ာျပင္ေလးကိုသာ ပုတ္ေပးေနၿပီး ..မိစာၦကို မသိခ်င္ေယာင္သာ ေဆာင္ေနသည္... သူမလႈပ္ရွားလည္း လႈပ္ရွားမယ့္လူေတြ ရွိတာမို႔ မင္းႀကီးတစ္ေယာက္ ၾကင္ယာေတာ္ကိုသာ အေရးစိုက္လိုက္သည္..

လ်ိဳခ်င္နဲ႕ လုန္သယ္ က်ီးခ်ဴအေဆာင္ေတာ္ကို ဝင္လာတာနဲ႕ ...ေခါင္းမိုးေပၚမွာ မိစာၦအေငြ႕အသက္အျပည့္နဲ႕ မိစာၦအိုတစ္ေကာင္ကို ျမင္လိုက္ရသည္...

ၾကည့္ရသေလာက္ ထိုမိစာၦ ရဲ႕သက္တန္းဟာ ေထာင္ခ်ီေနပါၿပီ...

"ဘယ္သူလည္း...

လ်ိဳခ်င္ရဲ႕ထိုစကားသံကိုၾကားေတာ့...ထို မိစာၦဟာ ရန္ျပဳသည္မရွိပဲ ထြက္ေျပးသြားေလသည္...ဒါေၾကာင့္လည္း လ်ိဳခ်င္နဲ႕ လုန္သယ္အတြက္ နားမလည္နိုင္ဟန္ ျဖစ္ေနက်သည္..

မိစာၦအိုက သူတို႔ကိုမတိုက္ခိုက္ပဲ ဘာေၾကာင့္ ထြက္ေျပးတာလည္းဟု ေတြးေနခ်ိန္ ဘာအသံမွမၾကားရတဲ့ အေဆာင္ေတာ္ထဲက လူႏွစ္ေယာက္ေၾကာင့္ အေျပးပဲ အေဆာင္ေတာ္တံခါးကို ဖြင့္လိုက္ေလသည္.....

သူတို႔ကေတာ့ ေစသနာအျပည့္ စိုးရိမ္တႀကီးဖ့စ္ေနေပမယ့္ သူတို႔ကို မင္းႀကီးတုန့္ျပန္လိုက္တာကေတာ့ ေဒါသမ်က္လုံးနဲ႕သာ....ေသခ်ာတာေတာ့ ထိုမ်က္လုံးက ငါ့ရင္ခြင္ထဲက ၾကင္ယာေတာ္ လန့္နိုးသြားရင္ မင္းတို႔အသက္ ဖက္နဲ႕သာထုပ္ဆိုတဲ့ ၿခိမ္းေျခာက္ ေနတဲ့ အၾကည့္ေတြသာ...

ခံျပင္းၿပီး ထြက္လာသူကေတာ့ လ်ိဳခ်င္သာေပါ့...သူက စိုးရိမ္လြန္ၿပီး အေဆာင္ေတာ္တံခါးကို ဖြင့္လိုက္ေပမယ့္ မင္းႀကီးကထိုသို႔ တုန့္ျပန္ေတာ့... သူ႕ သူငယ္ခ်င္း မင္းႀကီးကို စိတ္ထဲကေန က်ိန္ဆဲေနသည္...

က်ီးခ်ဴအေဆာင္ေတာ္က ထြက္လာထဲက လူနဲ႕စိတ္မကပ္နိုင္သူကေတာ့ လုန္သယ္သာေပါ့..

မင္းႀကီး ရင္ခြင္ထဲက ၾကင္ယာေတာ္ကို ျမင္လိုက္ထဲက သူ႕စိတ္ထဲ ေတြးစရာေတြ အမ်ားႀကီး ျဖစ္လာသည္..

မင္းႀကီးက ၾကင္ယာေတာ္က ေယာ္က်ားေလးဆိုတာ မသိေသးတာလား
မင္းႀကီးက ၾကင္ယာေတာ္ကိုတကယ္မ်ားခ်စ္မိေနတာလား
ၾကင္ယာေတာ္က ေယာ္က်ားေလးဆိုတာကို မင္းႀကီးသာ သိသြားရင္ ၾကင္ယာေတာ္ ဒုကၡ ေရာက္ေလမလား...

ၾကင္ယာေတာ္က ေယာ္က်ားေလးဆိုတာကို မင္းႀကီး မသိေစရန္ လုန္သယ္ ဖုံးကြယ္ထားဖို႔ စဥ္းစားမိသြားသည္...သူ႕အဆင့္အတန္း ရာထူးနဲ႕ ၾကင္ယာေတာ္ကို  အမ်ားႀကီးမလုပ္ေပးနိုင္ေပမယ့္ တတ္နိုင္တဲ့ဘက္က ကူညီေပးရမည္..


မင္းႀကီးဟာ မိစာၦမ်ား ေသာင္းက်န္းမႈေတြေၾကာင့္ ခရီးတိုတစ္ခုထြက္ရန္ ျပင္ေနသည္... အေဆာင္ေတာ္က ၾကင္ယာေတာ္ကို စိတ္မခ်ေသာ္လည္း.. တိုင္းေရးျပည္ေရးသည္ကလည္း ရွ္ေသးတာမို႔..မနိုးထလာေသးတဲ့ ၾကင္ယာေတာ္ကို လုန္သယ္ အထိန္းေတာ္ယဲ့ တို႔နဲ႕ စိတ္ခ်လက္ခ် ထားခဲ့ၿပီး သူကေတာ့ လ်ိဳခ်င္ နဲ႕အတူ ခရီးတိုတစ္ခုကိုသြားေလသည္...

နန္းေနာ္မွာ မင္းႀကီးမရွိတာဟာ ....အေနာက္ေတာင္က မိဘုရားအတြက္ အေကာင္းဆုံး အခြင့္အေရး ျဖစ္သည္...

(က်ိီးခ်ဴ အေဆာင္)

မ်က္လုံးေလးကို အသာအယာ ဖြင့္ၾကည့္မိသည္...အျပင္ကအလင္းေရာင္ဟာ မ်က္လုံးအိမ္ကို စူးရွ ေစတာမို႔..မ်က္လုံးဖြင့္နိုင္ဖို႔အေတာ္ေလး အားယူေနရသည္...

မ်က္လုံးေလးကို အသာအယာ ဖြင့္ၾကည့္ၿပီး ေဘးပတ္ပတ္လည္ကို ၾကည့္မိေတာ့ မည္သူမွ ရွိမေနပါ... ဒီလိုနဲ႕ ထရန္ျပင္ေတာ့ ခႏၶာကိုယ္က မလႈပ္ခ်င္မကိုင္ခ်င္တဲ့အထိ နာၾကင္ေနသည္... သို႔ေပမယ့္လည္း အိပ္ေနရတာ ေက်ာျပင္ေတြနာတာမို႔ ထရန္ လမ္းေလွ်ာက္ဖို႔ ေတြးသည္..

ကုတင္ေဘးက အရာေတြကို အားျပဳၿပီး ထေတာ့...မ်က္လုံးဟာလည္း ေသေသခ်ာခ်ာ မဖြင့္နိုင္ေသးပါ..လက္ဟာ အရာတစ္ခုကို ဆုပ္ကိုင္လိုက္ၿပီး ထိုအရာကိုအားျပဳၿပီး ထလိုက္ေတာ့ ထိုအရာဟာ မီးအိမ္ျဖစ္ေနတာမို႔ ၾကမ္းျပင္ေပၚ လည္းက်သြားသည္...

"ၾကင္ယာေတာ္...

အေဆာင္ေတာ္ထဲကအသံၾကားတာနဲ႕ အေျပးဝင္လာသူက လုန္သယ္သာ... ၾကမ္းျပင္ေပၚ လည္းက်ေနတဲ့ ၾကင္ယာေတာ္ကို ဆြဲထူေပးလိုက္သည္..

"ၾကင္ယာေတာ္ အဆင္ေျပရဲ႕လား...

"အင္း...ေရ ေရဆာတယ္ ‌ေရနည္းနည္း တိုက္နိုင္မလား

"ဟုတ္ကဲ့ ...ေရ ေရ ရပါၿပီ...

ၾကင္ယာေတာ္ရဲ႕ ပုံစံေၾကာင့္ လုန္သယ္ စိတ္ေတြ ပူပန္မိေနသည္..အသံေတြကမတည္မၿငိမ္ျဖစ္ၿပီး ဘာလုပ္ေပးလို႔ လုပ္ေပးရမွန္းမသိနဲ႕ ေရေလး ယူေပးရတာကို သူ႕မွာ လက္ေတြတုန္ေနသည္...

"အျပင္မွာ လမ္းေလွ်ာက္ခ်င္တယ္..

"ဒါေပမယ့္...

အျပင္မွာ ေလေအးေတြတိုက္ေနသည္ေလ...ၾကင္ယာေတာ္က ေနေကာင္းေသးသည္မဟုတ္တာမို႔ အေဆာင္ေတာ္မွာပဲ ေနရန္ ေျပာမည္အလုပ္.... ၾကင္ယာေတာ္ရဲ႕ မ်က္ဝန္းေတြက သူ႕ကို ၾကည့္လာတာမို႔ လုန္သယ္ေျပာမယ့္စကားေတြက လည္ေခ်ာင္းထဲ ျပန္ေရာက္သြားေလသည္...ထိုမ်က္ဝန္းေတြကို မလြန္ဆန္နိုင္ပါ... ထိုမ်က္ဝန္းေတြရဲ႕ ခိုင္းေစသမွ် လိုက္လုပ္ေပးရန္ စိတ္ေတြက အလိုလို လိုက္ေရာေနသည္...

"ဒါဆို ဝတ္႐ုံေလးေတာ့ ၿခဳံထားပါ..အျပင္မွာေလေအးေတြ တိုက္ေနပါတယ္

ေရွာင္ပိုင္က ေခါင္းညိတ္ျပတာနဲ႕ လုန္သယ္က.. ၾကင္ယာေတာ္ကို အနီေရာင္ ဝတ္႐ုံထူတစ္ခု ၿခဳံေပးလိုက္သည္...

ၾကင္ယာေတာ္ဟာ အမတ္မင္းရဲ႕ လက္ကိုကိုင္ၿပီး အေဆာင္ေတာ္အျပင္ကို ထြက္လာသည္..

အေဆာင္ေတာ္အျပင္ေရာက္တာနဲ႕ စိတ္မ်ား လန္းဆန္းသြားရသည္...ေလေကာင္းေလသန့္ ရၿပီး ...ေနေရာင္ခ်ယ္ မွိန္မွိန္ေလးက ေရွာင္ပိုင္ကို ေပ်ာ္႐ြင္ေစသည္...

"လုန္သယ္....

ၾကင္ယာေတာ္ရဲ႕အေခၚေၾကာင့္ လုန္သယ္အျမန္ပဲ ၾကင္ယာေတာ္ဘက္ကို ၾကည့္မိလိုက္သည္...

"မင္း ငါ့ကိုမမွတ္မိဘူးလား....

ၾကင္ယာေတာ္ရဲ႕အေမးေၾကာင့္ လုန္သယ္တစ္ေယာက္ ဘာေျဖလို႔ေျဖရမွန္းတကယ္မသိေတာ့ပါ...

"ထားလိုက္ပါ မင္းမမွတ္မိရင္လည္းေကာင္းပါတယ္...အဲ့ဒီတုန္းကပုံစံနဲ႕ အခုပုံစံနဲ႕ကအေတာ္ေလး ကြဲျပားတာကို...

"မဟုတ္ဘူး ကြၽန္ေတာ္...

"အို ညီမေတာ္ပါလား..

လုန္သယ္ သူမွတ္မိေၾကာင္း ေျပာရန္အလုပ္ မလွမ္းမကမ္းတာ မိဘုရားရဲ႕စကားေၾကာင့္ ေျပာမယ့္စကားေတြက ရပ္တန့္သြားသည္..

"မိဘုရားကို ဂါဝါရျပဳပါတယ္...

"ညီမေတာ္က မင္းႀကီးမရွိတာနဲ႕ နန္းေတာ္ကေယာ္က်ားတစ္ေယာက္နဲ႕ အခုလိုပဲ ေနမယ္ေပါ့..

မိဘုရားရဲ႕ စကားေၾကာင့္ ၾကင္ယာေတာ္ကိုင္ထားတဲ့ လက္ကို  ေနာက္ဆုပ္လိုက္ေပမယ့္ ၾကင္ယာေတာ္ဟာ သူတင္ထားတဲ့ လုန္သယ္လက္ကို ဆုပ္ကိုင္လိုက္သည္...

ေရွာင္ပိုင္ဟာ သူ႕ေရွ႕က မိဘုရားကို ဦးလည္းမၫႊန့္သလို တုန့္ျပန္စကားလည္းမဆိုပါ...

"ျဖန္း"

"ရိုန္းစိုင္းလိုက္တာ အရင္တစ္ခါက က်ိန္ဒဏ္ကနည္းေနလို႔လား...ငါ့ကိုေတြ႕တာေတာင္ မေလးမစား လုပ္ရဲတယ္...

ျဖဴဥေနတဲ့ ပါးျပင္ေလးက မိဘုရားရဲ႕ လက္ဖဝါးေၾကာင့္ နီရဲသြားသည္..ထိုအရာက အေဝးတစ္ေနရာက အမ်ိဳးသမီး တစ္ေယာက္ ၿပဳံး၍ၾကည့္ေနသည္...


(မေန႕က ေနမေကာင္းလို႔ upဖို႔ေမ့သြားတယ္ အခုမွ Upျဖစ္တယ္🤒)

🎶တစ္ေယာက္လက္ တစ္ေယာက္ကိုင္ရင္း လွပေနတဲ့ လမင္းႀကီးကို ၾကည့္ကာ အရွင့္ရဲ႕ ရင္ခုန္သံေတြကို နားေထာင္ခ်င္မိပါတယ္🎶

🎶ရက္ရွည္ၾကာႀကီး နားစင္ေနက် ဗ်ပ္ေစာင္း တီးခပ္သံေလးဟာ အရွင့္ရဲ႕ စကားသံေတြေလာက္ပင္ မသာယာပါ🎶

🎶ဘာေၾကာင့္မ်ား ျပတင္းေပါက္ အျပင္က လမင္းႀကီးကို တစ္ေယာက္ထဲၾကည့္ေနရပါသလဲ🎶

🎶မိုးဖြဲဖြဲေလးေတြ ႐ြာၿပီး ျမဴႏွင္းေလးေတြက တစ္ေယာက္ေယာက္ကို လြမ္းေဆြး ေစတယ္🎶









Unicode

လုန်သယ်တစ်ယောက် ခိုဆီကစာကို ဖြတ်ယူကာ လျိုချင်ရှိတဲ့ အဆောင်ဘက်ကို ထွက်လာလေသည်....

"လျိုချင်...

"မိန်းကလေး ...ဘာအကြောင်းအရာများရှိလို့ လာတာပါလဲ

"ခွပ်"

ထိုအသံနဲ့အတူ လျိုချင်တစ်ယောက် အရှေ့က မိန်းကလေး ခေါင်းခေါက်တာခံလိုက်ရပါသည်... လျိုချင် နားမလည်ဟန် သူ့ရှေ့က မိန်းကလေး ကို ပြန်ကြည့်မိတော့ တစ်ယောက်ယောက်နဲ့တော့ တူနေသည်ဟု တွေးမိလိုက်သည် ဒါကြောင့် ထိုမိန်းကလေးကို တစ်ပတ် ပတ်ပြီး ခြေအစခေါင်းအဆုံး ကြည့်ပြီးတော့

တဟားဟား ထရီသည် ရယ်ရတာအားမရလို့ ခုံပေါ်ထိုင်ကာ ဗိုက်ကို နှိပ်ပြီး အားရပါးရကို ရီနေသည်...သူအစောက မိန်းကလေးလို့ ခေါ်လိုက်တဲ့လူက အမတ်မင်းဖြစ်နေသည်လေ ကြီးကျယ်တတ်တဲ့ လူကမိန်းကလေးလိုဝတ်စားပြီး သူ့ဆီရောက်လာတာမို့ အခွင့်ရတုန်း အားရပါးရရီပြစ်လိုက်သည်...

အရှေ့က လုန်သယ်တစ်ယောက်တော့ သူ့ရှေ့ကလျိုချင်သာ မဟုတ်ဘူး ဒီနေရာမှာပဲ အပိုင်းပိုင်း ခုတ်ပြစ်လောက်ပြီသာ...လုန်သယ်မျက်နှာဟာ ပုတ်သိုးနေပြီး..မြင်လို့ရှု့လို့မကောင်းတော့ပါ..ဒါကိုမြင်တဲ့ လျိုချင်တစ်ယောက် လုန်သယ်ဒေါသကို သိတာမို့ အရီရပ်ကာ အစောကပုံပျက်ပန်းပျက်ရီနေတာ သူမဟုတ်သည်အတိုင်း ခုံမှာ ထိုင်နေလေသည်...

"လုန်သယ် ညကြီးအချိန်မတော်ငါ့ဆီလာတာ အရေးကြီး ကိစ္စရှိလို့လား...

"အင်းး....

လုန်သယ်ရဲ့ အင်း ဆိုတဲ့အသံဆုံးတော့လျိုချင် မျက်နှာဟာ အစောကလို မချိုမချဉ် ပုံစံမဟုတ်တော့ပဲ တင်းမာသွားသည်..ချက်ချင်းဆိုသလို အဆောင်တော်က တံခါးမှန်သမျှနဲ့ ပြတင်းပေါက် တွေအကုန်ကို အသေပိတ်လိုက်သည်....ထိုနောက်

"မိဘုရား...ဆီကခိုစာ

လုန်သယ်အစောက သူယူလာတဲ့ စာကို လျိုချင်ဆီကို ပေးလိုက်သည်... လျိုချင်က လုန်သယ်ဆီက စာလိပ့်ကိုယူပြီး မီးအိမ်အနားသွားကာ အထဲက စာကိုဖတ်သည်...

"မြို့ထဲက ဘုရားကျောင်း...

"ဘာရေးထားတာလည်း.

"မိဘုရားကလူတစ်ယောက်ကို ဘုန်းကြီးကျောင်းမှာ တွေ့ဖို့ ချိန်းဆိုထားတာ..
"လုန်သယ်..စာလိပ့်ကို ခိုဆီမှာပြန်ထားပြီး မိဘုရား စာကို ပို့ပေးလိုက်...

"လျိုချင်...မင်းအနံရလား..

"အင်း..မိစ္ဆာအနံ အနံကအရမ်းပြင်းတယ် မိစ္ဆာအိုတွေရဲ့အနံမျိုး

"ဒီအနီးအနားကပဲ

လျိုချင်တစ်ယောက် သူ့ရဲ့ဓ-ားကို ဆွဲယူပြီး အနံရှိရာဘက်ကို ထွက်လာလေသည် ထို့အတူ လုန်သယ်ဟာ စာလိပ့်ကို ခိုထံ ထားခဲ့ပြီး သူကလျိုချင်အနောက်ကို လိုက်သွားလေသည်...

"လျိုချင်...ဒီအနံက

လုန်သယ်စကားကြောင့် လျိုချင်အကြည့်တွေဟာ စိုးရိမ်မှုအပြည့်ဖြစ်လာပြီး ကျီးချူအဆောင်ဘက်ကို အပြေးသွားသည်...

ယခုလောလောဆယ်မှာ ကျီးချူအဆောင်မှာ မင်းကြီးနဲ့ မေ့မျောနေတဲ့ကြင်ယာတော်သာ ရှိသည်...အစောင့်စစ်သည်များနဲ့ ကိုယ်ရံတော် များဟာ မင်းကြီးအမိန့်ကြောင့် ကျီးချူအဆောင်ကနေ ထွက်ခွာသွားကျလေသည်..

လုံခြုံမှုမရှ်တဲ့ နေရာမှာ မိစ္ဆာအိုကရှိနေပြီး..အရေးကြီးဆုံးလူနှစ်ယောက်က မိစ္ဆာအိုရဲ့ အနီးဆုံးနေရာမှာမို့ လုန်သယ်ရောလျိုချင် တို့ အပြေးတစ်ပိုင်း ကျီးချူအဆောင်တော်ကို သွားရပါသည်....

ကျီးချူအဆောင်တွင်းက မင်းကြီးသည်လည်း ပြင်းထန်လှတဲ့ မိစ္ဆာအနံကို နှာခေါင်းအတွင်းမှာ ရနေရသည်... သို့ပေ ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ ကောင်လေးကို နိုးသွားမှာ စိုးရိမ်၍ ထိုနေရာက မလှုပ်ပဲ ရင်ခွင်ထဲက ကောင်လေး၏ ကျောပြင်လေးကိုသာ ပုတ်ပေးနေပြီး ..မိစ္ဆာကို မသိချင်ယောင်သာ ဆောင်နေသည်... သူမလှုပ်ရှားလည်း လှုပ်ရှားမယ့်လူတွေ ရှိတာမို့ မင်းကြီးတစ်ယောက် ကြင်ယာတော်ကိုသာ အရေးစိုက်လိုက်သည်..

လျိုချင်နဲ့ လုန်သယ် ကျီးချူအဆောင်တော်ကို ဝင်လာတာနဲ့ ...ခေါင်းမိုးပေါ်မှာ မိစ္ဆာအငွေ့အသက်အပြည့်နဲ့ မိစ္ဆာအိုတစ်ကောင်ကို မြင်လိုက်ရသည်...

ကြည့်ရသလောက် ထိုမိစ္ဆာ ရဲ့သက်တန်းဟာ ထောင်ချီနေပါပြီ...

"ဘယ်သူလည်း...

လျိုချင်ရဲ့ထိုစကားသံကိုကြားတော့...ထို မိစ္ဆာဟာ ရန်ပြုသည်မရှိပဲ ထွက်ပြေးသွားလေသည်...ဒါကြောင့်လည်း လျိုချင်နဲ့ လုန်သယ်အတွက် နားမလည်နိုင်ဟန် ဖြစ်နေကျသည်..

မိစ္ဆာအိုက သူတို့ကိုမတိုက်ခိုက်ပဲ ဘာကြောင့် ထွက်ပြေးတာလည်းဟု တွေးနေချိန် ဘာအသံမှမကြားရတဲ့ အဆောင်တော်ထဲက လူနှစ်ယောက်ကြောင့် အပြေးပဲ အဆောင်တော်တံခါးကို ဖွင့်လိုက်လေသည်.....

သူတို့ကတော့ စေသနာအပြည့် စိုးရိမ်တကြီးဖ့စ်နေပေမယ့် သူတို့ကို မင်းကြီးတုန့်ပြန်လိုက်တာကတော့ ဒေါသမျက်လုံးနဲ့သာ....သေချာတာတော့ ထိုမျက်လုံးက ငါ့ရင်ခွင်ထဲက ကြင်ယာတော် လန့်နိုးသွားရင် မင်းတို့အသက် ဖက်နဲ့သာထုပ်ဆိုတဲ့ ခြိမ်းခြောက် နေတဲ့ အကြည့်တွေသာ...

ခံပြင်းပြီး ထွက်လာသူကတော့ လျိုချင်သာပေါ့...သူက စိုးရိမ်လွန်ပြီး အဆောင်တော်တံခါးကို ဖွင့်လိုက်ပေမယ့် မင်းကြီးကထိုသို့ တုန့်ပြန်တော့... သူ့ သူငယ်ချင်း မင်းကြီးကို စိတ်ထဲကနေ ကျိန်ဆဲနေသည်...

ကျီးချူအဆောင်တော်က ထွက်လာထဲက လူနဲ့စိတ်မကပ်နိုင်သူကတော့ လုန်သယ်သာပေါ့..

မင်းကြီး ရင်ခွင်ထဲက ကြင်ယာတော်ကို မြင်လိုက်ထဲက သူ့စိတ်ထဲ တွေးစရာတွေ အများကြီး ဖြစ်လာသည်..

မင်းကြီးက ကြင်ယာတော်က ယော်ကျားလေးဆိုတာ မသိသေးတာလား
မင်းကြီးက ကြင်ယာတော်ကိုတကယ်များချစ်မိနေတာလား
ကြင်ယာတော်က ယော်ကျားလေးဆိုတာကို မင်းကြီးသာ သိသွားရင် ကြင်ယာတော် ဒုက္ခ ရောက်လေမလား...

ကြင်ယာတော်က ယော်ကျားလေးဆိုတာကို မင်းကြီး မသိစေရန် လုန်သယ် ဖုံးကွယ်ထားဖို့ စဥ်းစားမိသွားသည်...သူ့အဆင့်အတန်း ရာထူးနဲ့ ကြင်ယာတော်ကို  အများကြီးမလုပ်ပေးနိုင်ပေမယ့် တတ်နိုင်တဲ့ဘက်က ကူညီပေးရမည်..


မင်းကြီးဟာ မိစ္ဆာများ သောင်းကျန်းမှုတွေကြောင့် ခရီးတိုတစ်ခုထွက်ရန် ပြင်နေသည်... အဆောင်တော်က ကြင်ယာတော်ကို စိတ်မချသော်လည်း.. တိုင်းရေးပြည်ရေးသည်ကလည်း ရှ်သေးတာမို့..မနိုးထလာသေးတဲ့ ကြင်ယာတော်ကို လုန်သယ် အထိန်းတော်ယဲ့ တို့နဲ့ စိတ်ချလက်ချ ထားခဲ့ပြီး သူကတော့ လျိုချင် နဲ့အတူ ခရီးတိုတစ်ခုကိုသွားလေသည်...

နန်းနော်မှာ မင်းကြီးမရှိတာဟာ ....အနောက်တောင်က မိဘုရားအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်...

(ကျိီးချူ အဆောင်)

မျက်လုံးလေးကို အသာအယာ ဖွင့်ကြည့်မိသည်...အပြင်ကအလင်းရောင်ဟာ မျက်လုံးအိမ်ကို စူးရှ စေတာမို့..မျက်လုံးဖွင့်နိုင်ဖို့အတော်လေး အားယူနေရသည်...

မျက်လုံးလေးကို အသာအယာ ဖွင့်ကြည့်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ မည်သူမှ ရှိမနေပါ... ဒီလိုနဲ့ ထရန်ပြင်တော့ ခန္ဓာကိုယ်က မလှုပ်ချင်မကိုင်ချင်တဲ့အထိ နာကြင်နေသည်... သို့ပေမယ့်လည်း အိပ်နေရတာ ကျောပြင်တွေနာတာမို့ ထရန် လမ်းလျှောက်ဖို့ တွေးသည်..

ကုတင်ဘေးက အရာတွေကို အားပြုပြီး ထတော့...မျက်လုံးဟာလည်း သေသေချာချာ မဖွင့်နိုင်သေးပါ..လက်ဟာ အရာတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး ထိုအရာကိုအားပြုပြီး ထလိုက်တော့ ထိုအရာဟာ မီးအိမ်ဖြစ်နေတာမို့ ကြမ်းပြင်ပေါ် လည်းကျသွားသည်...

"ကြင်ယာတော်...

အဆောင်တော်ထဲကအသံကြားတာနဲ့ အပြေးဝင်လာသူက လုန်သယ်သာ... ကြမ်းပြင်ပေါ် လည်းကျနေတဲ့ ကြင်ယာတော်ကို ဆွဲထူပေးလိုက်သည်..

"ကြင်ယာတော် အဆင်ပြေရဲ့လား...

"အင်း...ရေ ရေဆာတယ် ‌ေရနည်းနည်း တိုက်နိုင်မလား

"ဟုတ်ကဲ့ ...ရေ ရေ ရပါပြီ...

ကြင်ယာတော်ရဲ့ ပုံစံကြောင့် လုန်သယ် စိတ်တွေ ပူပန်မိနေသည်..အသံတွေကမတည်မငြိမ်ဖြစ်ပြီး ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိနဲ့ ရေလေး ယူပေးရတာကို သူ့မှာ လက်တွေတုန်နေသည်...

"အပြင်မှာ လမ်းလျှောက်ချင်တယ်..

"ဒါပေမယ့်...

အပြင်မှာ လေအေးတွေတိုက်နေသည်လေ...ကြင်ယာတော်က နေကောင်းသေးသည်မဟုတ်တာမို့ အဆောင်တော်မှာပဲ နေရန် ပြောမည်အလုပ်.... ကြင်ယာတော်ရဲ့ မျက်ဝန်းတွေက သူ့ကို ကြည့်လာတာမို့ လုန်သယ်ပြောမယ့်စကားတွေက လည်ချောင်းထဲ ပြန်ရောက်သွားလေသည်...ထိုမျက်ဝန်းတွေကို မလွန်ဆန်နိုင်ပါ... ထိုမျက်ဝန်းတွေရဲ့ ခိုင်းစေသမျှ လိုက်လုပ်ပေးရန် စိတ်တွေက အလိုလို လိုက်ရောနေသည်...

"ဒါဆို ဝတ်ရုံလေးတော့ ခြုံထားပါ..အပြင်မှာလေအေးတွေ တိုက်နေပါတယ်

ရှောင်ပိုင်က ခေါင်းညိတ်ပြတာနဲ့ လုန်သယ်က.. ကြင်ယာတော်ကို အနီရောင် ဝတ်ရုံထူတစ်ခု ခြုံပေးလိုက်သည်...

ကြင်ယာတော်ဟာ အမတ်မင်းရဲ့ လက်ကိုကိုင်ပြီး အဆောင်တော်အပြင်ကို ထွက်လာသည်..

အဆောင်တော်အပြင်ရောက်တာနဲ့ စိတ်များ လန်းဆန်းသွားရသည်...လေကောင်းလေသန့် ရပြီး ...နေရောင်ချယ် မှိန်မှိန်လေးက ရှောင်ပိုင်ကို ပျော်ရွင်စေသည်...

"လုန်သယ်....

ကြင်ယာတော်ရဲ့အခေါ်ကြောင့် လုန်သယ်အမြန်ပဲ ကြင်ယာတော်ဘက်ကို ကြည့်မိလိုက်သည်...

"မင်း ငါ့ကိုမမှတ်မိဘူးလား....

ကြင်ယာတော်ရဲ့အမေးကြောင့် လုန်သယ်တစ်ယောက် ဘာဖြေလို့ဖြေရမှန်းတကယ်မသိတော့ပါ...

"ထားလိုက်ပါ မင်းမမှတ်မိရင်လည်းကောင်းပါတယ်...အဲ့ဒီတုန်းကပုံစံနဲ့ အခုပုံစံနဲ့ကအတော်လေး ကွဲပြားတာကို...

"မဟုတ်ဘူး ကျွန်တော်...

"အို ညီမတော်ပါလား..

လုန်သယ် သူမှတ်မိကြောင်း ပြောရန်အလုပ် မလှမ်းမကမ်းတာ မိဘုရားရဲ့စကားကြောင့် ပြောမယ့်စကားတွေက ရပ်တန့်သွားသည်..

"မိဘုရားကို ဂါဝါရပြုပါတယ်...

"ညီမတော်က မင်းကြီးမရှိတာနဲ့ နန်းတော်ကယော်ကျားတစ်ယောက်နဲ့ အခုလိုပဲ နေမယ်ပေါ့..

မိဘုရားရဲ့ စကားကြောင့် ကြင်ယာတော်ကိုင်ထားတဲ့ လက်ကို  နောက်ဆုပ်လိုက်ပေမယ့် ကြင်ယာတော်ဟာ သူတင်ထားတဲ့ လုန်သယ်လက်ကို ဆုပ်ကိုင်လိုက်သည်...

ရှောင်ပိုင်ဟာ သူ့ရှေ့က မိဘုရားကို ဦးလည်းမညွှန့်သလို တုန့်ပြန်စကားလည်းမဆိုပါ...

"ဖြန်း"

"ရိုန်းစိုင်းလိုက်တာ အရင်တစ်ခါက ကျိန်ဒဏ်ကနည်းနေလို့လား...ငါ့ကိုတွေ့တာတောင် မလေးမစား လုပ်ရဲတယ်...

ဖြူဥနေတဲ့ ပါးပြင်လေးက မိဘုရားရဲ့ လက်ဖဝါးကြောင့် နီရဲသွားသည်..ထိုအရာက အဝေးတစ်နေရာက အမျိုးသမီး တစ်ယောက် ပြုံး၍ကြည့်နေသည်...


(မနေ့က နေမကောင်းလို့ upဖို့မေ့သွားတယ် အခုမှ Upဖြစ်တယ်🤒)

🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

Continue Reading

You'll Also Like

Skip A Beat By ..

Fanfiction

22.7K 306 12
Ever feel like your heart just skipped a beat. Y/n did and so did Luke Ross. Y/n is very close with the Rosses but closer with Luke. Join Y/n, Luke...
397K 25.6K 85
[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်...
370K 13.1K 42
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !
79.5K 6.1K 16
𝗦𝗵𝗲 𝗜𝘀 𝗧𝗼𝗼 𝗗𝗲𝗹𝗶𝗰𝗮𝘁𝗲 𝗙𝗼𝗿 His 𝗗𝗲𝘀𝗶𝗿𝗲 "Fuck, whenever you're in my arms, I feel like I might crush you. You're so delicate," he...