Complete Season. 2(Love of...

By 2001_wang

40.1K 1.7K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46

Love piano🌸Ep.22

675 37 8
By 2001_wang

Zawgyi










(ညီလာခံ ခန်းမ)







"မင်းကြီး...မင်းကြီး...

"ဟမ် ဟမ် အော် အဟမ်း





"ကဲ ညီလာခံသိမ်းမယ်"



(အနောက်ဆောင်တွင်)








တစ်ဖက်တွင်













"ဘယ် ဘယ်သူလည်း
















Unicode

မက်မွန်းပန်းပင်ကြီးအောက်မှာ ထိုင်နေတဲ့လူတစ်ယောက် ကြည့်ရတာ ငိုနေသည့်ပုံပင် နောက်ကျောပြင်ကိုပဲ မြင်နေရပင်မယ့်..... ရှိုက်ကာငိုနေပုံ

မက်မွန်းပန်းတွေဟာ ငိုရှိုက်နေတဲ့ ထိုလူကို အဖော်ပြုနေသယောင် မြေပေါ်ကို တစ်လွှာ လွှာကြွေကျလာသည်.... ဆောင်းအငွေ့ အသက်လေးတွေက အဖြူရောင် နှင်းပွင့်လေးတွေကို ထိုလူထံ ခေါ်ဆောင်လာသည်...

မိုးပေါက်လေးတွေက ငိုကြွေနေတဲ့ ထိုလူနဲ့အတူ ငိုကြွေးပြန်သည်...ရှောင်ပိုင် ထိုလူ မည်သူလည်းဟု မျက်နှာကို ကြည့်ရန် အနားကို သွားချိန်....စက်ဝိုင်းတစ်ခုက သူ့ကို နောက်တစ်နေရာ ခေါ်သွားပြန်သည်

ဒီဘက်က လူတစ်ယောက်ကလည်း ငိုနေပုံပဲ သို့ပေ ငိုပုံငိုနည်းတော့မတူချေ ယခုလူက နက်နက်ရှိုင်းရှိုင်း ငိုကြွေးနေဟန် မျက်ဝန်းတွေထဲက နာကြင်တဲ့ မျက်ရည်ကြည်တွေ ထွက်ကျလာသည်...သို့ပေ ထိုလူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါ...

ရုပ်တရက် ထိုလူက သူ့ကို ဓ-ားနဲ့ ထိုးသွင်းလိုက်သည်...

"အားးးး" ဆိုတဲ့အော်သံနဲ့အတူ ရှောင်ပိုင် အိမ်မက်ကလန့်နိုးသွားသည်... ချွေးဇောများ ပြန်နေပြီး ...အိမ်မက်ထဲမှာ အထိုးခံလိုက်ရတဲ့ ဝမ်းဗိုက်ကို လက်ဖဝါးလေးနဲ့ ဖိထားသည်

မောပန်းကာ အသက်ရှူမဝသည်မို့ အသက်ကို ပုံမှန်ဖြစ်သည်အထိရှူသွင်းသည်...ပြီးတော့မှ သူအထိုးခံလိုက်ရတဲ့ ဝမ်းဗိုက်နေရာကို ကြည့်လိုက်သည်

အိမ်မက် သက်သက်ပဲမို့ ဒဏ်ရာကတော့ ရှိမနေပါ သို့သော် ဓ-ားနဲ့အထိုးခံလိုက်ရတဲ့ ခံစားချက် ကြောက်ရွံ့ မှုက ရှိနေသည်...

ဒီလို အိမ်မက်ဆိုးတွေ ဘယ်အချိန်ထိ မက်နေရမှာလည်းဟု ရှောင်ပိုင်တစ်ယောက် မည်သူမှမရှိတဲ့ နေရာကိုကြည့်ကာ မေးမိသည်...အိမ်မက်ထဲမှာ တွေ့ခဲ့တဲ့ လူတွေကရော ဘယ်သူတွေလည်း ဘာကြောင့် သူတို့ မျက်နှာတွေကို မမြင်ရတာလည်း..သူ့ကို ဘာဖြစ်စေချင်နေကျတာလည်း

(ညီလာခံ ခန်းမ)

မင်းကြီးဟာ ယခုနောက်ပိုင်း စိတ်နဲ့ကိုယ်မကပ်သလိုပါပဲ  ညီလာခံခန်းမ မှာလည်း စိတ်မပါသလို ဖြစ်နေပြီး...တိုင်းရေးပြည်ရေး တိုင်ပင်ရာမှာလည်း စိတ်နဲ့ကိုယ်မကပ်သလိုပင် ဖြစ်နေသည်

မင်းကြီးရဲ့ အပြုအမှုကြောင့်.. အမတ်မင်းများ ဝန်မင်းများ အရာရှိများဟာ တစ်ယောက်တစ်ပေါက် မင်းကြီးအကြောင်း ပြောနေကျပြီး ခေါင်းခါကာ မင်းကြီးကို စိတ်ပျက်နေကျဟန်ပါ...

"မင်းကြီး....အနောက်ဘက်က လူတွေမှာ စားနပ်ရိက္ခာ နည်းပါးလာမှုတွေဖြစ်ပွားနေပါတယ်...ရေလုံလောက်မှုမရှိတာမို့...စံပါးစိုက်ပျိုးရာနဲ့ အသီးအနှံ ဖြစ်ထွန်းရန် ခက်ခဲနေကျပါတယ်

"မင်းကြီး....မြို့ထဲမှာ ဒုက္ခသည်ကျူးကျော်သူတွေ များပြားလာပါတယ်....ထိုကျူးကျော်သူတွေက ကလေးငယ်နဲ့ ရောဂါသည် သက်ကြီးရွယ်အိုများ ဖြစ်ပါတယ်

"မင်းကြီး.... မြို့ထဲမှာ မိစ္ဆာများ သောင်းကျန်း နေသေးပါတယ်.. မြို့တော်အပြင်က ဝူချမ်းမြို့တော့မှာ လူများ ပျောက်ဆုံးနေပါတယ်

အမတ်မင်းတို့အရာရှိတို့ဟာ အကြောင်းအရာများကို အသီသီ လျှောက်တင်နေပါသော်လည်း ငူမိုင်နေတဲ့ မင်းကြီးမှာမှု သူတစ်ယောက်ထဲ ပလ္လင်ပေါ်ထိုင်နေသည့်အလား မည်သူကိုမှလည်း တုန့်ပြန်စကားမဆိုပါ...

"မင်းကြီး...မင်းကြီး...

"ဟမ် ဟမ် အော် အဟမ်း

မုကုန်းကုန်းရဲ့ အခေါ်တော်ကြောင့် အတွေးများကို ခဏရပ်လိုက်နိုင်သည်

"ရေရှားပါးနေတာက...မိုးခေါင်မှုနဲ့ သက်ဆိုငါနိုင်တဲ့ ဒါကြောင့် မိုးမင်းကြီးကို ကန်တော့ပွဲများနဲ့ စီစဥ်ရင်တော့ မိုးခေါင်မှုကို ရပ်တန့်နိုင်လိမ့်မယ်....စားနပ်ရိက္ခာ အတွက် လိုအပ်သလောက် မောင်မင်းတို့ ပို့ဆောင်ပေးလိုက်ပါ

"ကျူးကျော် သူများအတွက်ကတော့...အင်းး နေစရာစားစရာများပေးပြီး ပြည်ပကလာတဲ့ ဒုက္ခသည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံကျပါ...

"မိစ္ဆာတွေ သောင်းကျန်း တဲ့ ကိစ္စက ငါကိုယ်တော် ကိုယ်တိုင်သွားရောက် စုံစမ်းမှာမို့ မောင်မင်းတို့ စိတ်မပူပါနဲ့

"ကဲ ညီလာခံသိမ်းမယ်"

ညီလာခံ သိမ်းသည်နဲ့ .... အမတ်မင်းတို့ အရာရှိမင်း တို့ဟာ အသီသီ ထွက်သွားကျသည်...ထွက်မသွားသေးတဲ့ လူများကတော့ အမတ်မင်းနှစ်ယောက်သာ ဖြစ်သည်

အခွင့်ကြုံခိုက့် မင်းကြီးအား စကားဆိုရန် ပြင်သော်လည်း မျက်ရိုးများကို ဖိကာ ပင်ပန်းနေဟန်ရှိတာမို့ ...ပါးစပ်ဟလိုက်တဲ့ လျိုချင်တစ်ယောက် သူပြောမယ့်စကားတွေကို လည်ချောင်းထဲ ပြန်မျိုချလိုက်သည်...

(အနောက်ဆောင်တွင်)

"မယ်မယ်....မယ်မယ်ဝယ်သွားတဲ့အဆိပ်တွေကိုလူတစ်ယောက်ကအကုန်ဝယ်သွားတယ်တဲ့...မနက်က အမတ်မင်းတို့ လိုက်ရှာနေတာ တွေ့လိုက်တယ်

"ဧကန္တ ငါ့အပြင် ကြင်ယာတော်ကို သဘောမကျတဲ့လူ ရှိနေသေးတာလား

"ဘာပဲဖြစ်ဖြစ် ... အဲ့ဒီအဆိပ်ကိုမတွေ့ရင်. မယ်မယ်ဘာမှစိတ်ပူစရာမလိုပါဘူး

"အင်း.... ဟင်း နောက်ပေါက်တဲ့ကြင်ယာတော်က ငါတို့ကို ကြောချင်တာကို...အခုဆို အခန်းထဲမှာ ပျော်စရာကောင်းတဲ့ အရာလေးတွေနဲ့ ကစား နေလောက်ပြီ...ဟားးဟားးး

မိဘုရားရဲ့ ရယ်သံဟာ ကြောက်ဖို့ကောင်းပြီး ကြက်သိမ်းထစရာပါပင်...

လုန်သယ်တစ်ယောက် အပျိုတော်အဝတ်အစားတွေကို ဝတ်ကာ အနောက်ဆောင်ကို ဝင်လာလေသည်... ဗလတောင့်တောင့် ယော်ကျားသားတစ်ယောက်က အပျိုတော်လို ဝတ်စားထားတော့ မြင်နေရသူ စစ်သူကြီးအဖို့ အတော်လေးတော့ ရယ်စရာကောင်းလှသည်.... လမ်းလျှောက်လျှင် ကွတကွတနဲ့ ပေါင်ကြားထဲ တစ်ခုခု ခံနေသလိုပင်...

ခန္ဓာကိုယ်က မိန်းကလေး အဝတ်အစားများနဲ့ မလိုက်ဖက်တာမှန်ပေမယ့် မိန်းကလေး လို ပြင်စင်လိုက်တဲ့ မျက်နှာလေးကတော့ အတော်လေး ချစ်စရာကောင်းသားဟု စစ်သူကြီးတစ်ယောက် လုန်သယ်ကို လျောင်ရယ်ရင်း တွေးမိလိုက်သည်

တစ်ဖက်တွင်

ရှောင်ပိုင် အရင်ညတွေကလိုပဲ ...လမင်းကြီးကိုပဲ ထိုင်ကြည့်နေမိသည်..သို့သော် ဒီညကအရင်ညတွေနဲ့မတူတော့

အဆိပ်ရှိဟန်တူတဲ့ မြွေအမြှောက်အများဟာ သူ့အခန်းထဲကို ဝင်လာကျသည်... ဒီလိုအရာတွေကို ကြောက်တတ်တဲ့ ရှောင်ပိုင်ဟာ..အပြင်က အစောင့်များကို အော်ခေါ်သည် သို့သော် မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့

မြွေများဟာ တစ်ကောင်ပေါ် တစ်ကောင်ထပ်သည်အထိ များပြားလွန်းလှသည်...နေစရာမရှိတော့တဲ့ ရှောင်ပိုင်ဟာ စားပွင်ခုံလေးတစ်ခုအပေါ် တက်ထိုင်နေသည်....

မြွေများဟာ အမိုးတွေအပေါ်မှာလည်း ရဗိနေသလို..တံခါးနဲ့ သံတိုင် စတဲ့ နေရာတွေမှာလည်း လျှောက်သွားနေကျသည်

အကြောက်လွန်နေတဲ့ ရှောင်ပိုင်ဟာ အသားတွေတုနာနေသည်အထိ ဖြစ်နေသည်...ကြောက်လွန်းလို့ အသံတိတ်ငိုနေမိသည်..ဒီလို အရာတွေကြုံလာတိုင်း အကိုတော်နဲ့ ဖခင်ဖြစ်သူကိုသာ ပြန်မြင်ယောင်မိသည်

အိမ်တော်မှာဆိုလျှင်... အချစ်ခံခဲ့ရတဲ့ ကလေးတစ်ယောက်ပင်လေ ယခုလို အကြောက်တရားတွေကိုမသိခဲ့သလ်ု ယခုလို ခံစားချက်မျိုးကိုလည်း မခံစားခဲ့ရပါ...ခါးသီးတဲ့ အရာမျိုးမကြုံဖူးတဲ့ ရှောင်ပိုင်အတွက် ဒီညဟာသူ့အတွက် အဆိုးဝါးဆုံး ဒုတိယညတစ်ည ဖြစ်လိမ့်မည်

အမည်းရောင်အငွေ့အသက်နဲ့ အရိပ်ရောင်အမည်းရောင်အငွေ့တွေဟာ...အနောက်ဆောင်မှာ ပြေးလွှားကာ တစ်ခုခုကို လိုက်ရှာနေဟန် တစ်ချိန်အတော်အကြာအထိ သူရှာနေတဲ့ အရာကို မတွေ့ဟန်ပါပင်

အနောက်ဆောင် ပတ်ပတ်လည် ကို ပြေးလွှားကာ ရှာနေသည်...နောက်ဆုံးမှ အနောက်ဆောင်က ထွက်ကာ... တစ်ခြာ အဆောင်တော် တစ်ခုဆီတိုင်းကို လိုက်လံရှာဖွေသည်

သို့သော် သူရှာနေတဲ့ အရာကိုမတွေ့ခဲ့ပါ...နောက်ဆုံးမှာတော့ အပျိုတော်နှစ်ယောက်ရဲ့ စကားကြောင်း အကျဥ်းခန်းဘက်ကို ပြေးဝင်သွားသည်

အကျဥ်းခန်း အစောင့်များကို ...အိပ်ငွေ့ချပြီး ဝင်သွားချိန် ...ထိုအငွေ့အသက်နဲ့ အရိပ်မည်းကြီးဟာ လူတစ်ယောက်အသွင် ပြောင်းသွားသည်...အနက်ရောင် ဝတ်ရုံကို ခြုံထားပြီး အနက်ရောင် ခေါင်းစွတ်ကို  ခေါင်းအား ခြုံအုပ်ထားသည်... တစ်ဝက်ရှိတဲ့ မျက်နှာဖုံးကိုလည်း ဝတ်ထားသည်

မြွေများအလည်မှာ ကြောက်ရွံ့ စွာ ရှိနေတဲ့ ကောင်လေးကို မြင်လိုက်ရတော့....သူနဲ့ လုံးဝ ကွဲပြားတယ်ဟု...သောစကားကို ပြောမိလိုက်သည်...ထိုလူက ထိုသို့ပြောပြီး ..သူ့လက်ထဲက အနက်ယောင် အငွေ့အသက်နဲ့ မီးလုံးတစ်ခုကို မြွေများထံ ပြစ်လိုက်တော့ အဆိပ်များနဲ့ မြွေတွေက ချက်ချင်းဆိုသလို ပြာမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားသည်

မြွေတွေကိုကြောက်လွန်းလို့... သူ့ကိုလာမကိုက်ကျစေရန် သူ့ဒူးလေး သူပိုက်ထားချိန်..သူ့မျက်စိရှေ့တွင် မြွေတွေပြုအဖြစ်ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်..ဒါကြောင့် ဘာဖြစ်တာလည်းဟု ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ သံတိုင်တွေ ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်သည်

"ဘယ် ဘယ်သူလည်း

အနည်းငယ်မှောင်နေတာမို့ မည်သူမည်ဝါ ဆိုတာ မသိနိုင် ထိုကြောင့်... ဖိနပ်မပါတဲ့ ခြေထောက်ဖြူဖြူဥဥလေးကို ဝတ်ရုံစထဲက ထုတ်ကာ ခုံအောက်ကို ဆင်းကာ...သံတိုင်အရှေ့ကို သွားသည်

ဟိုရောက်တော့ ထိုလူက ...သူ့ကို ပြုံးပြသည်...မျက်ဝန်း တွေကိုကြည့်ချင်းအားဖြင့်..အနှစ်နှစ်အလလ မတွေ့ရတဲ့ လူတစ်ယောက်ကို ပြန်တွေ့သွားလို့ ပျော်ရွင်ကာ ဝမ်းသာနေပုံပင်

"ခင် ခင်ဗျားက...ဘယ် ဘယ်သူလည်း ကျွန်တော့်ကို ကယ်ပေးတာလား

ရှောင်ပိုင်က ထိုသို့မေးပြီး ..သံတိုင်အပြင်ဘက်က လူအနား ခြေတစ်လှမ်းတိုးသွားတော့ ထိုလူက...မျက်စိရှေ့မှာပင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်...

🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

စာအမှားများပါရင်ခွင့်လွတ်ပါ✨🌸

Continue Reading

You'll Also Like

267K 40.3K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
331K 26.3K 37
𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ 𝙼_𝙿𝚁𝙴𝙶 ⚠︎ တစ်ချိန်မှာ ခွဲခွာရမယ့် ဆက်ဆံရေးတစ်ခုကို ရူးရူးမိုက်မိုက်နဲ့ စတင်ချင်စိတ် မရှိဘူးလို့ ငါ မင်းကိုပြော...
179K 12.4K 31
📌📌📌Mature on 🅢🅗🅞🅤 ရော 🅖🅞🅝🅖 ရောက 𝑨𝒔𝒔𝒐𝒉𝒐𝒍𝒆 𝑻𝒚𝒑𝒆ပါ။အပြောအဆိုကြမ်းတာ ရိုင်းစိုင်းတာ 𝑺𝒆𝒙 𝑺𝒆𝒏𝒄𝒆 တွေပါနိုင်ပါတယ်။ကိုယ့်အသိ ကိ...
8.2K 293 27
the story of the youngest argent, who clearly isn't hunters and huntresses like the rest of her family, all because of that little crescent moon mark...