Complete Season. 2(Love of...

Por 2001_wang

40.1K 1.7K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... Más

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46

Love piano🌸Ep.21

683 39 7
Por 2001_wang

Zawgyi





အကျဉ်းထောင်ထဲတွင်










"ဒါ ဒါပေမယ့်....






(တစ်ဖက်တွင်)

"စားတော်ကဲ

"ဟုတ်ကဲ့ ပါ အမတ်မင်း...


"ဘာလုပ်မလို့ပါလည်း





"မုကုန်းကုန်း...

"ပြောပါ အမတ်မင်း...



"ကျစ်.... ဒီမင်းကြီးကတော့


"အမတ်မင်း....

"အာ စစ်သူကြီး...



























"အမတ်မင်း...



"မင်း သတင်းရပြီလား...



"အဲ့တော့ ဘာဖြစ်လည်း
















Unicode

"လျိုချင် ဒါကလုပ်ကြံမှုဆိုတာ သိသာလွန်းတယ်...ကြင်ယာတော်ကအပြစ်ကင်းတယ်ဆိုတာကို  မင်းကြီးသိအောင် ငါကိုယ်တိုင် ဖော်ထုတ်မယ်

"အင်း ငါလည်းမင်းနဲ့အတူပဲ လုန်သယ်... ငါလုံးဝမယုံဘူး ကြင်ယာတော်နဲ့ မင်းကြီးရဲ့ ဆက်ဆံရေးက ထင်ထားတာထက်ပိုပြီးကောင်းကျတယ် ဒါကို ကြင်ယာတော်က မင်းကြီးကို ဘာကြောင့် လုပ်ကြံမှာလဲ

"ဒါနဲ့ မင်းကြီးကရော ကြင်ယာတော်ကို တကယ်ပဲ ထင်သွားတာလား

"ငါမသိဘူး အဲ့နေ့ထဲက မင်းကြီးငြိမ်နေတာ..ကြင်ယာတော်ကိုတောင် သွားမကြည့်ဘူး

အကျဥ်းထောင်ထဲတွင်

ကျိန်ဒဏ် ပေးခံထားရတဲ့ တင်ပါးလေးတွေဟာ စုတ်ပြဲ နေသည်က ပြောစရာမလိုပါ... ဆေးလည်မထည့်ရသည်မို့ အနာလေးများက မကျက်နိုင်ပဲ မထိုင်နိုင်သည်အထိ နာကြင်သည် ဒါကြောင့်လည်း ရှောင်ပိုင်မှာ အမြဲပဲ မှောက်လျက် အိပ်နေရသည်

နာကြင်ရတဲ့ ဒဏ်ထက် အမတော်နဲ့ မင်းကြီးရဲ့ အပြုအမှုကြောင့် သူ့စိတ်ထဲတွင် အဖြေရှာမရတဲ့ ပုစ္ဆာ တစ်ခုလို တွေးနေမိသည်

အဲ့ဒီနေ့က မင်းကြီးရဲ့ မျက်ဝန်းတွေဟာ ရှောင်ပိုင်ကို ရှောင်နေသည်ဆိုတာ ပြောစရာပင်မလိုပါ....ရက်တွေ ကြာမြှင့်ပေမယ့် အခုထိ သူ့ကို လာမတွေ့ပါ...

ထိုအချိန် ခြေသံကြားလိုက်ရသည်

မင်းကြီးထင်ကာ ရှောင်ပိုင်ဟာ နာနေတဲ့ကြားက မက်တပ်ရပ်ကာ... သံတိုင်တွေကြား မျက်နှာလေး ဟက်ကာ အပြင်ကို ကြည့်သည်

သို့ပေ ထင်ထားသလို မင်းကြီးဟုတ်မနေပဲ အမတော်သာ ဖြစ်သည်... ဒါပေမယ့် ရှောင်ပိုင် ပျော်မိပါသည်...

"ရှောင်ပိုင်... အမ မင်းကို လာတွေ့တာ

"ပိုင်ပိုင် အမတော်ကို လွမ်းနေခဲ့တာ... ပြီးတော့

"ရှောင်ပိုင် အမမင်းကို တစ်ခုလောက် သတိပေး မယ်..အိမ်တော်မှာအိမ်တော်စည်းကမ်းရှိသလို နန်းတော်မှာလည်းနန်းတော်စည်းကမ်းဆိုတာရှိတယ်...အိမ်တော်မှာလို မင်းကလေးလုပ်နေလို့ မရဘူး ..ပြီးတော့ မင်းကြီးက မင်းကိုမျက်နှာသာပေးတိုင်းလည်း မင်းကြီးကိုပဲ အားမကိုးနဲ့ အိမ်တော်မှာလိုလည်း ကလေးမဆန်နဲ့....ဟိုနေ့က မင်းကြီးအပြုအမှုကို မင်းသတိထားမိတယ်မလား..မင်းကြီး အပြုအမှု တွေကအသိသာကြီး မင်းကို စိတ်ပျက်နေတယ်ဆိုတာ

"ဒါ ဒါပေမယ့်....

"တစ်ချို့ ကိစ္စတွေကို ကိုယ်ကိုတိုင် ကိုယ့်အားကိုယ်ကိုးပြီးပဲ လုပ်.... မင်းကြီးဆိုတာက မင်းလို အလုပ်မရှိတဲ့ လူတစ်ယောက်မဟုတ်ဘူး   နောက်ဆို မင်းကြီးကို အနှောက်အယှက်မပေးနဲ့

အမတော်ရဲ့ စကားတွေက မှန်နေပါသည်... မင်းကြီးကို မင်းကြီးမှန်း မသိခဲ့လို့ လုပ်ခဲ့မိတယ်ဆိုပေမယ့် မင်းကြီးအချိန်တွေကို သူအများကြီး ယူမိသည်လေ... ဒါကြောင့် ရှောင်ပိုင် ဆုံးဖြတ်ချက်ချသည်

"အမ ပြောတာ မင်းနားလည်နိုင်တယ်မလား ရှောင်ပိုင်

"ဟုတ်ကဲ့ ရှောင်ပိုင် နားလည်ပါတယ် အမတော်

ထိုအခါ ရွဲ့ရှားဟာ ထိုအကျဥ်းခန်းရှေ့ကနေ ထွက်သွားသည်...သေချာတာကတော့ သူမ မျက်ဝန်းတွေက ပြုံးရိပ်သန်းနေပါသည်

(တစ်ဖက်တွင်)

"စားတော်ကဲ

"ဟုတ်ကဲ့ ပါ အမတ်မင်း...

"အဲ့ဒီနေ့က မုန့်တွေရှိသေးလား...

"ဘာလုပ်မလို့ပါလည်း

"ရှိရင် ယူပေးနိုင်မလား...

"စစ်ဆေးရေးရုံးတော်ကမဟုတ်ရင်...ဘယ်အရာကိုမှ စစ်ဆေးခွင့်မရှိပါဘူး အမတ်မင်း ကျွန်တော် တို့ကို အခက်တွေ့အောင်မလုပ်ပါနဲ့

နန်းတော်စည်းကမ်းအရ စစ်ဆေးရေးရုံးတော်ကမဟုတ်ရင် သို့မဟုတ် မင်းကြီးအမိန့်ကဒ်မရှိရင် ဘယ်အမှု့ကိုမှ စစ်ဆေးခွင့်မရှိပါ...ဘယ်လောက်မြှင့်တဲ့ ရာထူးရှိနေပါစေ...အသုံးမဝင်ပါ

ဒါကြောင့် လုန်သယ်တစ်ယောက် မင်းကြီး...အမိန့်ရဖို့ မင်းကြီး အဆောင်တော်ကို သွားသည်..

"မုကုန်းကုန်း...

"ပြောပါ အမတ်မင်း...

"မင်းကြီးရှိလား...ကျွန်တော်ရောက်နေတယ်လို့ပြောပေးပါ့လား

"မင်းကြီးက အမိန့်ထုတ်ထားပါတယ်... မယ်တော်ကြီး ရောက်လာရင်တောင် တံခါးမဖွင့်ပါနဲ့ ဘယ်သူနဲ့မှမတွေ့ချင်ပါဘူးတဲ့...

"ကျစ်.... ဒီမင်းကြီးကတော့

လုန်သယ် စိတ်ပျက်ပျက်နဲ့ လျိုချင်ဆီ ပြန်သည်... ဟုတ်တယ် လေ ကြင်ယာတော်အပြစ်ကင်းတယ် ဆိုတာ  သက်သေပြဖို့အတွက် .. ဒီအဆိပ်က ဘယ်ကလာလည်းဆိုတာကို အရင်သိရမှ ဖြစ်မှာလေ

"အမတ်မင်း....

"အာ စစ်သူကြီး...

ယခုဆိုလျှင် စစ်သူကြီးနဲ့အမတ်မင်းနှစ်ယောက် သုံးယောက်ပေါင်းမိသွားပါသည်... ကြင်ယာတော် အပြစ်ကင်းတာကို ယုံကြည်တဲ့ သူတွေက သူတို့သာ ရှိသည်လေ...

"မင်းကြီးဆီက အမိန့်ကို မရမှတော့....

လုန်သယ်ဟာ ထိုသို့ပြောပြီး ကောင်းကင်ယံကို မော့ကြည့်ကာ လူယုတ်မာ အပြုံး ပြုံးသည်...ဘေးနားက စစ်သူကြီးနဲ့ လျိုချင်က လုန်သယ် ဘာကြည့်နေလည်းဟု တွေးကာ လုန်သယ်ကြည့်နေတဲ့ ကောင်းကင်ယံကို သူတို့ပါ လိုက်ကြည့်သည်

"လျိုချင် ဖြစ်ပါ့မလာ...ငါတို့ကအမတ်မင်းတွေနော်..

"ဘာမှမဖြစ်ပါဘူး.... အပြစ်မဲ့တဲ့လူတစ်ယောက်ကို ကယ်ဖို့ပဲကို

"ငါလို လူကြီးလူကောင်း ဖြစ်တဲ့ စစ်သူကြီးတစ်ယောက်က ဒီလို ခိုးကြောင်ခိုးဝှက် လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး

"အခု အကျဥ်းခန်းမှာက စစ်သူကြီးရဲ့ ညီတော်နော်....

"ဟင် ညီမတော် လုပ်ပါ လုန်သယ်ရာ

ဟုတ်ပါတယ် သုံးယောက်သား မီးဖိုချောင်ကို မုန့်ဝင်ခိုးဖို့ လုပ်နေသည်သာ အမတ်မင်းတွေ ဖြစ်ကျပြီ လူကြီးလူကောင်း စစ်သူကြီးတို့ဟာ ဒီလို တစ်ခါမှပင် မကြုံဖူးသေးသသည်မို့ ...လွဲလွဲချော်ချော်တွေသာ...

အရေးထဲ ညီတော်လို့ ခေါ်မိသည်မို့ လုန်သယ်မှာ လျိုချင် ခေါင်းခေါက်တာ ခံလိုက်ရသေးသည်....

သုံးယောက်သား မီးဖိုချောင်လေး ခိုးဝင်တာကို ရန်သူမြေထဲ ခိုးဝင်သည့်အတိုင်း အနက်ရောင် ဝတ်ရုံတွေကို ခြုံပြီး မျက်နှာမှာလည်း ရွံ့တွေ လူးထားသေးသည်

သူတို့ ကိုတစ်ယောက်ယောက်က မြင်လို့ ဘယ်သူတွေလည်း မှတ်မိဖို့မပြောနဲ့ အခု သူတို့ အခြင်းခြင်း ကြည့်မိရင်တောင် သရဲ ဆိုပြီး ထအော်မိနေသည်...

အမှောင်တွေကို ကြောက်တတ်တဲ့ ရှောင်ပိုင် ဒီလို မှောင်မဲနေတဲ့ နေရာတွေကို ရောက်ခဲ့ရတာ သုံးခါရှိပါပြီ....နောက်ထပ် ဘယ်နှစ်ကြိမ်လောက် ထပ်မှန် ရောက် ရှိအုံးမလည်း မတွေးရဲပါ

လမင်းကြီးက ရှောင်းကျန့်ကို အဖော်ပြုပေးနေဟန်... လင်းထိန်နေသည်... ထိုအလင်းရောင်ကြောင့်ပဲ ရှောင်ပိုင် နေသာထိုင်သာ ရှိသည်..

လမင်းကြီးဟာ လင်းထိန်နေပြီး ဘေးပတ်ပတ်လည်မှာတော့ သေးငယ်ပြီး လှပတဲ့ ကြယ်လေးတွေက လှပလို့နေကာ လမင်းကြီးကို ဝန်းရံထားသည်

လှပနေတဲ့ လမင်းကြီးကို မြင်မိတိုင်း...ခေါင်မိုးပေါ်မှာ ရိပေါ်နဲ့အတူ ကြည့်ခဲ့ကျတဲ့ ညတွေကို သတိရပါသည်....

တစ်ဆက်တည်း သတိရမိသွားသည်က... တကယ်ပဲ လူတွေက သူ့ကို လုပ်ကြံချင်နေကျတာလား ဘာကြောင့် သူ့ကို ဂျောက်ချကျတာလည်း ဟု မေးခွန်းထုတ်မိသည်...

မင်းကြီးကို သူက လုပ်ကြံရက်ပါ့မလား... မင်းကြီးမဖြစ်ခင် ရိပေါ်က သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်း ပါပင်လေ... မင်းကြီးက ရိပေါ်ဆိုတာ မသိပေမယ့်လည်း... မင်းကြီးဆိုတဲ့လူကို မမြင်ဖူးသည်မို့  လုပ်ကြံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး

တကယ်ပဲ ရိပေါ်သူ့ကို စိတ်တိုနေခဲ့တာလား...ယခုအချိန်ထိ တစ်ခါမှပင် လာမတွေ့ခဲ့ဘူးလေ ထိုနေ့က အကြည့်တွေ ပြီးတော့..

ရှောင်ပိုင် တွေးနေရင်း.... ခေါင်းတွေပိုရှုပ်လာသည်... ဒီအခန်းထဲက ထွက်လို့ ရခဲ့ရင် မင်းကြီးကို သူဘာမှမလုပ်ခဲ့ကြောင်း သွားရှင်းပြမယ်ဟု တွေးလိုက်သည်..သို့သော် အမတော်ရဲ့ စကားကို ပြန်တွေးမိတော့... သွားတွေ့သင့်လား မတွေ့သင့်ဘူးလား ဆိုကာ... တွေးမိပြန်သည်


"လုန်သယ်တစ်ယောက် ဆေးဆိုင် တစ်ဆိုင်ဝင်တစ်ဆိုက်ထွက်ကာ အဆိပ်တစ်မျိုးကို လိုက်လှန်မေးနေသည်... ထိုအဆိပ်ဟာ ရှားပါးတဲ့ အဆိပ်မဟုတ်သော်လည်း... ယခုမှာမှု ဘယ်ဆိုင်မှာ မှရှာမရခဲ့ပါ..

နောက်ဆုံးမှာတော့ ဆေးဆိုင် တစ်ခုဆီက သတင်းတစ်ခု ရခဲ့သည်... ထိုအဆိပ်ဆေးတွေကို လွန်ခဲ့တဲ့ ရက်ပိုင်းက  လူတစ်ယောက်က အကုန်ဝယ်သွားသည်ဟုသာပင်..ဒါကြောင့် ဘယ်ဆေးဆိုင်မျိုးမှာမှ ရှာမရခဲ့တာပါ

"သူဌေး မင်းအဆင်ပြေရင် ဘယ်သူဝယ်သွားတာလည်း ဆိုတာ ပြောပြနိုင်မလား

"အင်း.... အမျိုးသား တစ်ယောက်ပဲ...မျက်နှာကိုအုပ်ထားတော့ ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး

ဟင်းး....သိမ့်ကို ပိရိပါလား  လိုက်စုံစမ်းမယ်ဆိုတာ ကြိုသိလို့ အဆိပ်ဆေးတွေကို အကုန်ဝယ်သွားတာ...သက်သေရှာမရအောင်လို့ အကုန် အစအနပါ ရှင်းသွားတာပဲ.... ဒါဆို ဘာဆက်လုပ်သင့်လည်း..

"အမတ်မင်း...

"အားး အားး လန့်လိုက်တာဗျာ

အတွေးပင်လယ်ဝေနေတဲ့ လုန်သယ်အနား စစ်သူကြီးကရောက်လာပြီး တစ်ခုခုကို တွေးနေတဲ့ လုန်သယ်ပုခုံးကို ပုတ်ကာ ခေါ်လိုက်သည်..

"မင်း သတင်းရပြီလား...

"ဟင့်အင်... အဲ့ဒီလူက ညာဏ်ကောင်းတဲ့ပုံပဲ
"အဆိပ်ကို ရှာမရတော့ဘူး..အခုဘာဆက်လုပ်ရမလဲ .. စစ်သူကြီး

"လုပ်ကြံတဲ့ လူက မိဘုရားနဲ့ ကြင်ယာတော်တွေထဲကပဲ ဖြစ်နိုင်တယ် ... အဆင့်မြှင့် ရာထူးကြီးတစ်ယောက်က သူတို့ ကိုယ်တိုင် ဒီအလုပ်ကို လုပ်မှာမဟုတ်ဘူး အနည်းဆုံး သူတို့ အနားက အစေခံတွေခိုင်းမှာပဲ....

"အဲ့တော့ ဘာဖြစ်လည်း

"အဲ့တော့ အနောက်ဆောင်ဘက်က အစေခံတွေကို စောင့်ကြည့်နေရင် တစ်ခုခုတော့ ထူးရှားမှာပဲ

"အနောက်ဆောင်ကို ယော်ကျားသားတွေ ဝင်မရဘူးလေ..

"ယော်ကျားသား ဝင်မရရင် မိန်းမတစ်ယောက်လို ဝင်ပေါ့

"ဘယ်သူလည်း မိန်းမက.... ဟိတ်ဟိတ် ဘာကြည့်တာလည်း

စစ်သူကြီးက သူ့ထက်အရပ်အနည်းငယ်ပုကာ သူနဲ့ယှဥ်လိုက်ရင် သေးငယ်တဲ့  လုန်သယ် ကို ခြေအစခေါင်းအဆုံး လိုက်ကြည့်သည်...မေးစေ့ကို လက်နဲ့ပွတ်ပြီး စစ်သူကြီးက လူယုတ်မာ အပြုံးပါ ပြုံးသေးသည်..

🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

Seguir leyendo

También te gustarán

3.4K 276 6
A one shot on this crackpair as it came requested :) part of the From Me To You series:)
331K 26.3K 37
𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ 𝙼_𝙿𝚁𝙴𝙶 ⚠︎ တစ်ချိန်မှာ ခွဲခွာရမယ့် ဆက်ဆံရေးတစ်ခုကို ရူးရူးမိုက်မိုက်နဲ့ စတင်ချင်စိတ် မရှိဘူးလို့ ငါ မင်းကိုပြော...
68.5K 946 20
when playboy Theodore Nott becomes fond of the new meat, Juliette Ravens, and the two share a complicated relationship. Although, Juliette doesn't kn...
137K 263 17
Wlw thoughts Men DNI 🚫 If you don't like these stories just block don't report One more thing you clicked on it girlypop this a SMUT book there's g...