Complete Season. 2(Love of...
By 2001_wang
42.2K 1.8K 227
Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More
Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46
Love piano🌸Ep.17
761 35 2
By 2001_wang
Zawgyi
"ရှောင်ပိုင်...
"ဟင်...
"ခဏ....
"အဲ့ဒါ ဘာလည်း.
"အားးးး
ဟိတ်ဟိတ် ငါ ဗန်းလေး
ဘေးဖယ်ကျ အမြန်ဖယ်ကျ
လူများ များပြားလွန်းတဲ့ ဈေးတန်းထဲကို မြင်းတစ်ကောင်ဟာ အသိမဲ့သွား ပြေးလာသည်.. ထိုမြင်းပေါ်တွင် အမျိုးသားတစ်ယောက်ရှိနေသည်.... ဈေးထဲက ဈေးဆိုင်များကိုလည်း ထိုမြင်းက ပျက်စီးကာ ပြေးလွှား နေသည်
"ရှောင်ပိုင် အမြန်လာ....
ရိပေါ်ရဲ့ ထိုအသံကြားတော့ ရှောင်ပိုင် သတိကပ်ကာ... လူသံတွေဘက်ကို ကြည့်မိတော့ မြင်းတစ်ကောင်က သူ့တည့်တည့်ကို ပြေးလာနေသည်...ရှောင်ပိုင် ဘာလုပ်ရမှန်းမသိတော့အောင် ကြောက်လန့်ပြီး ထိုနေရာမှာတင် ကျောက်ရုပ်သဖွယ်ရပ်နေကာ ပြေးလာနေတဲ့မြင်းကြီးကို ကြောင်ကာ ကြည့်နေသည်
"ဘုတ် အ့ အင့်
"မင်း အဆင်ပြေလား..
"အာ ဟမ် အင်း...
ကောင်းတယ်
အရမ်းကောင်း
အရမ်းတော်တာပဲ
လူစွမ်းကောင်းကြီး
"ဟင်အင်
ပွေ့အချီခံထားရတာမို့ အခုချိန်ပြုတ်ကျသွားရင် ခြေထောက်တင်မက ကျောတွေပါ နာမည်ကို သိတာမို့..ရှောင်ပိုင်တစ်ယောက် ရိပေါ် လည်ပင်းကို သိုင်းဖက်လိုက်သည်...ဈေးထဲကအဒေါ်ကြီးများက သူ့ကို လိုက်ကြည့်နေတာမို့ ရိပေါ် ရင်ခွင်ထဲကိုပဲ မျက်နှာ အပ်ထားလိုက်သည်
"အင့်....
နောက်အသိကပ်မှ...
Unicode
အချစ်က ထင်သလောက်လဲ အရေးမကြီးပါဘူး.. အချစ်က ရာထူးအာဏာတွေလဲမရှိဘူး ဂုဏ်တွေတန်ဖိုးရတနာတွေလဲ မရှိဘူး... အရာရာနဲ့ ရွေးချယ်ခိုင်းလာရင် အချစ်ကို ဖက်ရှားမိပါလိမ့်မယ်
တစ်ချို့ကပြောကျတယ် အချစ်က တိုက်ခိုက်ခြင်းတစ်မျိုးပဲတဲ့... ချစ်မိလာကျတဲ့အခါ ကိုယ်ချစ်တဲ့လူအတွက် အရာရာကို စိုးရိမ်ပူပန်ရပြီး... မနက်အိပ်ယာထ အစ ထမင်းစားချိန် ညအိပ်ချိန်အထိ .. ပူပန်နေရတယ် ပူလောင်ရပါသတဲ့
တစ်ချို့ကတော့ အချစ်ကြောင့် ပျော်ရွင်ရတယ်.. ချစ်ရသူနဲ့ အတူတူသာရှိနေရင် ဘယ်လို အခက်အခဲမဆို ရင်ဆိုင် ကျော်ဖြတ်နိုင်ကျတယ်
"ရှောင်ပိုင်...
"ဟင်...
"ငါ နန်းတော်အပြင်သွားမလို့...
"ငါလိုက်ခဲ့မယ်...ယဲ့မမရေ ပိုင်ပိုင် ရိပေါ်နဲ့ အပြင်သွားတယ်နော်....
အဆောင်တော်ရှေ့လမ်းလျှောက်နေချိန်... ရိပေါ်လာတာမို့ လမ်းလျှောက်နေတာကိုရပ်ပြီး ရိပေါ်အနားသွားလိုက်လေသည် ..ရိပေါ်က နန်းတော်အပြင်ထွက်စရာရှိသည်ဟု ပြောတာမို့... သူပါလိုက်ရန် အဆောင်တော်ထဲတွင် ဝတ်ရုံများ အစင်တကျလုပ်နေတဲ့ အထိန်းတော်ယဲ့ကို အော်ကာ ပြောသည်..
"ခဏ....
"မင်းအပြင်သွားတိုင်း ပုဝါအုပ်ထားလေ့ရှိတယ် ဘာကြောင့်လဲ
"ဟင်အင်...ငါလည်းမသိဘူး ငါဟိုအရင်ငယ်ငယ်ထဲက အိမ်တော်အပြင်ထွက်စရာရှိရင် ပုဝါအမြဲအုပ်ပြီးမှထွက်လို့ မှာထားတာ
"ဟုတ်ပါပြီ...ကဲသွားကျမယ်..တော်ကြာမှောင်သွားလိမ့်မယ်
"မယ်မယ်..ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား
"ဟင့် ငါ့ကိုကြောလို့ဘယ်ရပါ့မလဲ... ငါကိုယ်တိုင် အပြစ်ပေးလို့မရလည်း မင်းကြီးကိုယ်တိုင် အပြစ်ပေးအောင် လုပ်ရတာပေါ့
"ရိပေါ် ငါတို့ ဒါဝယ်ရအောင်..
"အဲ့ဒါ ဘာလည်း.
"တုတ်ထိုး အချဥ်လုံးလေ.. ငါ ငါ စားဖူးချင်လို့
စားချင်တာရှိရင် ရိပေါ် ဝတ်ရုံစလက်မောင်းကို လှုပ်ရမ်းကာ ဝယ်ခိုင်းတဲ့ အပြုအမူ လေးကအကျင့်တစ်ခုလိုပင် ဖြစ်နေပါသည်
ချိုချဉ် လုံးလေးရသွားတော့ ပုဝါအောက်က ပါးစပ်လေးက လှုပ်စိလှုပ်စိနဲ့ တပြု့တပြု့ ဝါးနေလေသည်
လက်တစ်ဖက်က ရိပေါ်ရဲ့ လက်မောင်းကို ဖက်ထားကာ ကျန်တစ်ဖက်ကာ ချိုချဉ် လုံးလေးတွေကို ကိုင်ထားသည်...စားချင်တာများ စားနေရရင် ဘေးပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်တော့ပါ...
နီးကပ်စွာ နေနေရတဲ့ ရိပေါ်မှာမှု စတင်ကာ ချွေးစီးများပြန်လာသည်...ရှောင်ပိုင်နဲ့ အချိန်ကာလရှည်ကြီးတစ်ခုအထိ အတူစားအတူသွားနဲ့ အရမ်းခင်မင်ခဲ့ပါသော်လည်း... ရှောင်ပိုင်နဲ့ နီးနီးကပ်ကပ်နေမိရင် နှလုံးခုန်များ မြန်ဆန်လာပြီး .. ထိုညက အဖြစ်အပျက်ကိုသာ ထပ်ခါတလည်းလည်း တွေးမိသည်
အတွေးများ နယ်ကျွံ နေတဲ့ရိပေါ်မှာ သူ့ဟာသူ တွေးပြီး မျက်နှာကြီးနီပြီး ရှက်နေသည်... ဘေးက ရှောင်ပိုင်တော့ ရိပေါ် အခြေအနေကို မရိပ်မိပါ သူ့ဟာသူ စားသောက်နေရတာနဲ့ကို အပတ်မလည်ပါ
ကယ်ကျပါအုံး ကယ်ကျပါအုံး
"အားးးး
မြင်းကို ဘယ်လိုမောင်းနေတာလည်း
ဟိတ်ဟိတ် ငါ ဗန်းလေး
ငါ့ဆိုင်လေး ကုန်ပါပြီ
ကယ်ကျပါအုံး မြင်း မြင်းကို ထိန်းမရတော့ဘူး
ဘေးဖယ်ကျ အမြန်ဖယ်ကျ
လူများ များပြားလွန်းတဲ့ စျေးတန်းထဲကို မြင်းတစ်ကောင်ဟာ အသိမဲ့သွား ပြေးလာသည်.. ထိုမြင်းပေါ်တွင် အမျိုးသားတစ်ယောက်ရှိနေသည်.... စျေးထဲက စျေးဆိုင်များကိုလည်း ထိုမြင်းက ပျက်စီးကာ ပြေးလွှား နေသည်
ရိပေါ် သူ့ဘေးက ရှောင်ပိုင်ကိုကြည့်တော့ သူ့ဘေးမှာ မည်သူမျှမရှိတော့...အခုက ထိန်းမရတဲ့မြင်းတစ်ကောင် ပြေးလာနေတာမို့ ရှောင်ပိုင်ကို အသည်းအသံရှာတော့သည်
တွေ့လိုက်ပါပြီ.. မုန့်ဆိုင်ရှေ့တစ်ခုမှာ... ဘေးကအသံတွေကို လစ်လျူရှု့ပြီး မုန့်စားနေသည်သာ....
"ရှောင်ပိုင် အမြန်လာ....
ရိပေါ်ရဲ့ ထိုအသံကြားတော့ ရှောင်ပိုင် သတိကပ်ကာ... လူသံတွေဘက်ကို ကြည့်မိတော့ မြင်းတစ်ကောင်က သူ့တည့်တည့်ကို ပြေးလာနေသည်...ရှောင်ပိုင် ဘာလုပ်ရမှန်းမသိတော့အောင် ကြောက်လန့်ပြီး ထိုနေရာမှာတင် ကေျာက်ရုပ်သဖွယ်ရပ်နေကာ ပြေးလာနေတဲ့မြင်းကြီးကို ကြောင်ကာ ကြည့်နေသည်
"ဘုတ် အ့ အင့်
"မင်း အဆင်ပြေလား..
"အာ ဟမ် အင်း...
ပြေးလာတဲ့ မြင်းဟာ ရှောင်ပိုင်အား ဝင်တိုးတော့မည်က ရှောင်ပိုင်နဲ့ထိုမြင်းရဲ့ အကွာအဝေက ဘယ်လောက်မှပင်မရှိတော့... ထိုအချိန် ရိပေါ် အချိန်မှီ ပြေးလိုက်နိုင်သည်..မဟုတ်ရင် ရှောင်ပိုင် အတွက်မတွေးရဲစရာပင်
ရိပေါ်ဟာ ... ရှောင်ပိုင်ကို ထားခဲ့ပြီး ပြေးသွားတဲ့ မြင်းနောက်ကို ပြေးလိုက်ကာ... ပြေးက ဆိုင်များကို အမှီပြုပြီး ခုန်ကာ မြင်းပေါ်က လူကို မြေကြီးပေါ် ကန်ချလိုက်သည်
မြင်းပေါ်မှာ လူမရှိတော့သည်နဲ့... ရိပေါ်က ထိုမြင်းပေါ်ကို ပြေးလွှား ကာ ခုန်တက်လိုက်ပြီး မြင်းကို ငြိမ်သက်သွားအောင် ထိန်းလိုက်နိုင်သည်
ကောင်းတယ်
အရမ်းကောင်း
အရမ်းတော်တာပဲ
လူစွမ်းကောင်းကြီး
ပြယ်သူပြည်သားတွေရဲ့ ဓလေ့အတိုင်း နည်းနည်းလေးများ ကောင်းတာလုပ်ရင် သူတို့ ရဲ့ ဘုရားရှင်တစ်ပါးလို ချီးကျူး တတ်ကျသည်
"ရှောင်ပိုင် မင်းအဆင်ပြေရဲ့လား
"အင်း.. ဒါပေမယ့် ငါ့ခြေထောက်
ရိပေါ်က မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ ရှောင်ပိုင်ပြတဲ့ ခြေထောက်တစ်ဖက်ကို သူ့ပေါင်ပေါ် တင်ကာ... ကြည့်ပေးသည်
မြင်းရန်ကကာကွယ်ရန် တစ်ဖက်ကို လည်းချလိုက်ရတာမို့ ခြေထောက် ခေါက်သွားဟန်ပါ..ဖြူဥနေတဲ့ ခြေချင်းဝတ် လေးက အညိုရောင် လေးခပ်ဖျော့ဖျော့သန်းနေကာ ထိုခြေချင်းဝတ်တစ်ဝိုက် နီရဲနေသည်
"လာ ငါမင်းကို ကုန်းပိုးမယ်
"ဟင်အင်
"ဘာလို့လဲ ဒီကနေ နန်းတော်အထိလမ်းလျှောက်နိုင်လို့လား
"ရတယ် ကုန်းမပိုးနဲ့ ရှက်စရာကြီး
ရှောင်ပိုင်ဟာ ထိုသို့ပြောပြီး မက်တပ်ကောက်ရပ်သည် သို့သော် ခြေချင်းဝတ် ကခေါက်ထားတာမို့ ခြေထောက်တစ်ဖက်က မရပ်နိုင်ပါ
"ဟင် ရိပေါ် ငါ့ကို အောက်ချပေး ကြားလား ချပေး လူအများကြီး ဝိုင်းကြည့်နေတယ်
"ငြိမ်ငြိမ်နေ မဟုတ်ရင် ပြုတ်ကျသွားမယ်
ပွေ့အချိီခံထားရတာမို့ အခုချိန်ပြုတ်ကျသွားရင် ခြေထောက်တင်မက ကျောတွေပါ နာမည်ကို သိတာမို့..ရှောင်ပိုင်တစ်ယောက် ရိပေါ် လည်ပင်းကို သိုင်းဖက်လိုက်သည်...စျေးထဲကအဒေါ်ကြီးများက သူ့ကို လိုက်ကြည့်နေတာမို့ ရိပေါ် ရင်ခွင်ထဲကိုပဲ မျက်နှာ အပ်ထားလိုက်သည်
"မယ်မယ် လိုချင်တဲ့ ဆေးရပါပြီ
"ကောင်းပြီ... ကြင်ယာတော် မင်းဒီတစ်ခါတော့ ငါ့လက်ကမလွတ်တော့ဘူး.. မင်းကြီးအပြစ်ပေးတာကို ပျော်ပျော်ကြီး ခံလိုက်အုံးပေါ့
ရိပေါ် တစ်ယောက် လမ်းတစ်လျှောက် ပွေ့ချီလာပြီး ကျီးချူအဆောင်ရောက်တော့ ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့ အိပ်ပျော်လို့နေသည်... အဆောင်တော်အဝမှာစောင့်နေတဲ့ အထိန်းတော်ကို မျက်လုံးအမှုအရာနဲ့ပဲ အနားယူရန်ပြောလိုက်သည်
ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့ အတော်လေး အိပ်မောကျနေပုံ... အိပ်မောကျနေတဲ့ ကောင်လေးကို ကုတင်ပေါ်အသာအယာချပေးလိုက်သည်... နောက်တော့ မျက်နှာတစ်ဝက်ကို အုပ်ထားတဲ့ ပုဝါလေးကို ဖယ်လိုက်တော့ မြင်လိုက်ရတာက ရိပေါ်ကို အသံထွက် ရယ်မိသည်အထိ ဖြစ်သွားလေသည်
ကြည်ရသည်က မုန့်တွေ ဘယ်လောက်များများ စားထားလည်းဆိုတာ ပြောစရာမလိုအောင် ပါးစပ် နားတွေကဖော်ပြနေပါသည် ပါးစပ်ရဲ့ ဘေးပတ်ပတ်လည်မှာ မုန့်အဖက်တွေ နဲ့ ပေပွာ့လို့နေသည်
ချစ်စရာကောင်းပြီး ဟန်ဆောင်ခြင်းကင်းတဲ့ ဒီမျက်နှာလေးကို တစ်ခါမြင်တိုင်း အခါခါ ပြုံးမိနေပါသည်...
ရိပေါ်ဟာ ဘေးက ရေသလုံထဲက ပုဝါနုလေးတစ်ထည်ကို ရေညှစ်ကာ မုန့်တွေကို ပေပွာ့နေအောင် စားထားတဲ့ ပါးစပ်လေးကို သုတ်ပေးလေသည်
"ဟဲဟဲ စားကောင်းတယ် ... ဒီဟာလည်းစားမယ် အင်းးး ငါ့ဟာမလုနဲ့
အိမ်မက်ထဲအထိပါ အစားပုတ်နေတာမို့ ရိပေါ် ရယ်မိသည်ကလွဲလို့ ဘာမှ မလုပ်နိုင်... တကယ်ပင် ချစ်စရာကောင်းလှသည်.. အိမ်မက်ထဲအထိ သူ့မုန့်တွေကို အူတိုနေတတ်သေးသည်
"အင့်....
"ဖမ်းမိပြီ ဟဲဟဲ ဖမ်းမိပြီ ဖမ်းမိပြီ......
အိမ်မက်ယောင်က ဘာတွေဖမ်းလည်းမသိပေမယ့် လက်တွေ့မှာတော့ ရိပေါ် ခန္ဓာကိုယ်ကို ဖက်ထားသည်သာ... တစ်ဖြေးဖြေး ငြိမ်ကျသွားတော့ ဖက်ထားတဲ့ လက်တွေက အိပ်ယာပေါ်ပြန်ကျသွားသည်... ဒါပေမယ့် ရှောင်ပိုင် မျက်နှာကို အနီးကပ်မြင်နေရတဲ့ ရိပေါ်မှာမှု မျက်တောင်မခက်နိုင်လောက်တဲ့အထိ ရှောင်ပိုင်ရဲ့ မျက်ဝန်းလေးကို ကြည့်နေမိသည်
ပြောစရာမလိုအောင် ပြီးပြည့်စုံလွန်းတဲ့ မျက်နှာလေး...ရိပေါ် မျက်လုံးဟာ နှုတ်ခမ်းပါးလေးထံကို ရောက်သွားလေသည်... ထိုနှုတ်ခမ်းပါးလေးထံကနေ အကြည့်မခွာနိုင်အောင် ရိပေါ်တစ်ယောက် ကြည့်နေမိသည်
နှုတ်ခမ်းတစ်စုံက နှုတ်ခမ်းပါးလေးထံ နီးကပ်လာပြီး နစ်လိုဖွယ်ကောင်းလှတဲ့ နှုတ်ခမ်းပါးလေးကို ရိပေါ် ဖိကပ်ကာ နမ်းမိလိုက်သည်..
နောက်အသိကပ်မှ...
"ယွဲ့ရိ သူက ယော်ကျားလေးတစ်ယောက်နော် စိတ်ထိန်းစမ်း..
🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶
🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶
🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶
🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶
Continue Reading
You'll Also Like
49.9K 1K 23
Isang groupo Ng kalalakihan na tagapag mana Ng ari-arian Ng mga magulang nito at groupo Ng kababaihan na anak Ng mayayamang political at may Isang da...
40.2K 1.5K 4
370K 13.1K 42
فيصل بحده وعصبيه نطق: ان ماخذيتك وربيتك ماكون ولد محمد الوجد ببرود وعناد : ان مارفضتك ماكون بنت تركي !
303K 21.6K 52
🍁🍁ခင်ဗျားက Black Hole ပဲ။ ကျနော် အဲဒီ့မှာထားမိသမျှ ဘာတစ်ခုမှ ပြန်ယူလို့ မရတော့ဘူး။ #Wangyibo💚 🍁🍁............?? #XiaoZh...