Unicode
၁၆၈၆။ သံသယအရှိဆုံးလူသေပြီ
______________________
"ဖန်ချန်း။"
နဉ်ရှုက လူသတ်မှုဖြစ်တဲ့နေရာဆီ အလောတကြီးထွက်သွားသည်။ ဖန်ချန်းက အခန်းတံခါးဝမှာသေနေတာဖြစ်သည်။ သူ့ခေါင်းနောက်စေ့က တံခါးရှေ့မှာရှိတဲ့အုတ်လှေကားနဲ့ရိုက်မိထားတာဖြစ်ပြီး သွေးတွေက ကြမ်းပြင်တစ်ခုလုံးရွှဲနေသည်။
ကျေးလက်မှာရှိတဲ့ဒီလိုမြေအိမ်မျိုးတွေအားလုံး တံခါးနားမှလှေကားထစ်တွေထားတတ်ကြသည်။ သူက ကြမ်းပေါ်မှာ လှုပ်ရှားမှုမရှိလဲလျောင်းနေ၏။
အန်ကယ်က လက်အိတ်တွေဝတ်ထားကာ ဖန်ချန်းရဲ့ခေါင်းကိုစစ်ဆေးနေသည်။
"ဘယ်သူ ဖန်ချန်းနဲ့နောက်ဆုံးရှိနေခဲ့တာလဲ?"
အန်ကယ့်အမူအရာက အတော်လေးခက်ထန်နေသည်။
အားလုံး အချင်းချင်းကြည့်လိုက်မိကာ ခေါင်းယမ်းလာကြသည်။ ကောင်လေးတစ်ယောက်က တီးတိုးဆို၏။
"သူ ပစ္စည်းတစ်ခုယူဖို့ အခန်းပြန်ဦးမယ်လို့ပြောသွားတာ။"
"ငါ မင်းတို့ကို တစ်ယောက်တည်းမနေဖို့ပြောမထားဘူးလား? မင်းတို့ခေါင်းတွေက မစင်တွေနဲ့ပဲပြည့်နေတာလား?"
အန်ကယ်က သူ့လက်အိတ်တွေကိုချွတ်ကာ ခါးထောက်သည်။
လူအုပ်ကြီးတုန်နေပေပြီ။
နဉ်ရှုက မျက်မှောင်ကုတ်သည်။ ဖန်ချန်းက သံသယအရှိဆုံးလူပဲ၊ သူက ဒီနေရာကိုလာဖို့အကြံပေးတဲ့သူ၊ စုတ်တံကလည်းသူ့ဟာ၊ အခုတော့ ဖန်ချန်းသေပြီ။
သံသယအရှိဆုံးလူသေပြီ။
အခု လူတိုင်းမှာ တူညီတဲ့လူသတ်သမားဖြစ်နိုင်ချေရှိတယ်။
အဖွဲ့ခေါင်းဆောင်ဖန့်ကျွင်းယန်က နံရံကိုကိုင်ထားသည်။ သူ့နဖူးက ချွေးစေးတွေရွှဲနေပြီး ထိတ်လန့်မှုတို့က သူ့ကိုလွှမ်းမိုးထားပုံရသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်သွားအောင်အတင်းလုပ်လိုက်ပြီးဆို၏။
"နောက်ပိုင်း ဘယ်သူမဆို တစ်နေရာရာသွားချင်ရင်အဖွဲ့ကိုပြောသွားရမယ်။ ငါတို့အားလုံး အတူတူသွားကြမယ်။"
သူ့အသံကတုန်ရီနေသည်။
"သရဲရှိတယ်၊ သရဲရှိတယ်! ငါ ဒီငရဲတွင်းမှာမနေတော့ဘူး!"
မိန်းကလေးတစ်ယောက်က စိတ်မခိုင်တော့ဘဲ လှေကားပေါ်ကနေ ယိုင်ယိုင်တိုင်ဆင်းရင်းအော်တော့သည်။
"လင်းရှ! လျှောက်မပြေးနဲ့!"
ဖန့်ကျွင်းယန်က မိန်းကလေးကိုအော်သည်။
လင်းရှက သူမခေါင်းကိုအုပ်ကာ ဖန့်ကျွင်းယန်ကိုလျစ်လျူရှုကာဆက်ပြေးသွားသည်။
နဉ်ရှုနဲ့တာဝန်ထမ်းဆောင်သူတချို့က သူမနောက် အလျင်စလိုပြေးလိုက်ကြသည်။ သူမတို့ ခြံထဲကထွက်လာပြီးနောက်မှာ လင်းရှတစ်ယောက် တဆတ်ဆတ်တုန်ရင်း နှင်းတောထဲမှာပြေးသွားတာကိုတွေ့လိုက်ရတော့သည်။
"မြန်မြန်၊ မဟုတ်ရင် ငါတို့လမ်းပျောက်လိမ့်မယ်။"
795ကမျက်မှောင်ကုတ်ကာဆိုသည်။
"ဒီတာဝန်မှာ ငါတို့က အရေးမသာဖြစ်နေပြီးသား။"
"လူသုံးယောက်သာ တစ်ယောက်ပြီးတစ်ယောက်သေသွားတယ်၊ လူသတ်သမားဘယ်သူလဲဆိုတာ ငါတို့ အခုထဲသဲလွန်စလေးတစ်ခုတောင်မရသေးဘူး။"
795တစ်ယောက် ထဆဲတော့သည်။
"ချီး၊ ငါတော့ ထပ်ကာထပ်ကာသေဖို့ပြန်မဝင်စားနိုင်ဘူးဟေ့။"
"သူပျောက်သွားပြီ။"
နဉ်ရှုက ကူကယ်ရာမဲ့စွာဆိုသည်၊ လင်းရှရဲ့ပုံရိပ်မရှိတော့ပေ။ အေးစက်စက်လေနဲ့ရစ်ဝဲပါလာတဲ့နှင်းပွင့်တွေသာရှိတော့သည်။ ခြေရာတွေသည်ပင် နှင်းပွင့်တွေဖုံးကွယ်တာခံလိုက်ရချေပြီ။
795က ပခုံးတွန့်ကာ ပြန်လှည့်လျှောက်သည်။
"ပြန်ကြမယ်၊ သူ သေပြီ။"
အဲ့ကောင်မလေးကတော့ ငတ်သေရင်သေ၊ညမဟုတ်လည်း အေးခဲပြီးသေမှာပဲ။
နဉ်ရှုကလည်း ပြန်လှည့်ကာ အဖြူရောင်လွင်ပြင်ကျယ်ကြီးကိုကြည့်လိုက်သည်။
"နင်တို့ အပြန်လမ်းကိုမှတ်မိလား?"
လူအုပ်ကြီး : ...
795က ရှေ့ကနေလျှောက်သွားကာ သူ့လက်ချောင်းလေးတွေက သူ့လက်မှာပတ်ထားပြီးမမြင်ရတဲ့ကြိုးနဲ့ကစားနေသလို ဟိုဟိုသည်သည်လှည့်ပတ်နေ၏။
"ငါ့နောက်လိုက်ခဲ့။"
သူကဆိုသည်။
နဉ်ရှုက မျက်လုံးတွေကိုမှေးကျဉ်းလိုက်ပေမယ့် သူ့လက်ထဲမှာ ဘာမှမတွေ့ရချေ။
ရတနာတစ်ခုခုဖြစ်လောက်တယ်။
လူအုပ်က 795နောက်ကနေလိုက်သွားကြသည်။
နဉ်ရှု သူမဗိုက်ကိုပွတ်လိုက်မိသည်။ မနက်တုန်းက သူမစားခဲ့ရသမျှက မာတောင်နေတဲ့ဂျုံနက်ပေါက်စီတစ်လုံးပဲ၊ အဲ့ဒါက လုံလောက်တာနဲ့နီးကိုမနီးစပ်ဘူး။ သူမ ဗိုက်ဆာနေပြန်ပြီ။
နဉ်ရှုက အဆာပြေဆေးနည်းနည်းထုတ်ကာမေးသည်။
"နင်တို့တွေ နည်းနည်းလောက်လိုချင်လား?"
"ငါ့ကိုနှစ်လုံးပေး၊ ငါ သောက်ရမ်းဗိုက်ဆာနေပြီ။"
795ကလက်ဖြန့်သည်။
"အဲ့ပေါ်မှာ တံတွေးတွေတော့မရှိပါဘူးနော်?"
"နင်က တအားရွံဖို့ကောင်းတာပဲ! ငါ ဒီဆေးတောင်ထပ်စားလို့မရတော့ဘူး!"
မိန်ကျီချင်းက ဆေးတစ်လုံးယူကာ သူမပါးစပ်ထဲပစ်ထည့်လိုက်သည်။
နဉ်ရှုက 795ကိုဆေးနှစ်လုံး၊ ကျန်းကျားစန်နဲ့ တခြားတာဝန်ထမ်းဆောင်သူတစ်ယောက်ကို ဆေးတစ်လုံးစီပေးလိုက်သည်။
"ကျေးဇူး။"
ကျန်းကျားစန်က နဉ်ရှုကိုကျေးဇူးတင်သည်။
"မလိုဘူး။"
ကျန်းကျားစန် လူကောင်းတစ်ယောက်လိုလုပ်နေတာမြင်တဲ့အခါတိုင်း သူမကြက်သီးတွေထလာရော။
အဆာပြေဆေးတွေစားပြီးတဲ့အခါ သူမရဲ့ခန္ဓာကိုယ်က အများကြီးပိုနွေးလာပြီး သူမ ဗိုက်မဆာတော့ပေ။
"လုရှန်းရှန်းမလာဘူးလား?"
နဉ်ရှုက ဘေးဘီကိုကြည့်သည်။
795ကား အထင်သေးမှုအပြည့်ဖြင့်ဖြစ်၏။
"သူက ဒီလိုဒုက္ခများတဲ့ကိစ္စမျိုးလုပ်မှာမဟုတ်ဘူး။ သူက သူ့ခန္ဓာကိုယ်ကို ယောက်ျားတွေကိုသိမ်းသွင်းဖို့သုံးပြီး သူတို့ကို သူ့အစားလုပ်ခိုင်းတာ။"
နဉ်ရှု : ...
ယောက်ျားရင့်မာကြီးဖြစ်ပြီး မိန်းကလေးတစ်ယောက်အပေါ် ဒီလိုအငြိုးမျိုးထားနေပုံအရတော့ သူတို့နှစ်ယောက်ကြား ရန်စကြီးကြီးမားမားရှိတဲ့ပုံပဲ...
"ကမ္ဘာတစ်ခုကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာတောင်မသိတဲ့သူက အထူးတာဝန်ထမ်းဆောင်သူဖြစ်ဖို့ထိုက်တန်လို့လား?"
795က အင်မတန်အထက်စီးဆန်တဲ့လေသံနဲ့ဆိုသည်။
...
Zawgyi
၁၆၈၆။ သံသယအရွိဆုံးလူေသၿပီ
______________________
"ဖန္ခ်န္း။"
နဥ္ရႈက လူသတ္မႈျဖစ္တဲ့ေနရာဆီ အေလာတႀကီးထြက္သြားသည္။ ဖန္ခ်န္းက အခန္းတံခါးဝမွာေသေနတာျဖစ္သည္။ သူ႔ေခါင္းေနာက္ေစ့က တံခါးေရွ႕မွာရွိတဲ့အုတ္ေလွကားနဲ႔႐ိုက္မိထားတာျဖစ္ၿပီး ေသြးေတြက ၾကမ္းျပင္တစ္ခုလုံး႐ႊဲေနသည္။
ေက်းလက္မွာရွိတဲ့ဒီလိုေျမအိမ္မ်ိဳးေတြအားလုံး တံခါးနားမွေလွကားထစ္ေတြထားတတ္ၾကသည္။ သူက ၾကမ္းေပၚမွာ လႈပ္ရွားမႈမရွိလဲေလ်ာင္းေန၏။
အန္ကယ္က လက္အိတ္ေတြဝတ္ထားကာ ဖန္ခ်န္းရဲ႕ေခါင္းကိုစစ္ေဆးေနသည္။
"ဘယ္သူ ဖန္ခ်န္းနဲ႔ေနာက္ဆုံးရွိေနခဲ့တာလဲ?"
အန္ကယ့္အမူအရာက အေတာ္ေလးခက္ထန္ေနသည္။
အားလုံး အခ်င္းခ်င္းၾကည့္လိုက္မိကာ ေခါင္းယမ္းလာၾကသည္။ ေကာင္ေလးတစ္ေယာက္က တီးတိုးဆို၏။
"သူ ပစၥည္းတစ္ခုယူဖို႔ အခန္းျပန္ဦးမယ္လို႔ေျပာသြားတာ။"
"ငါ မင္းတို႔ကို တစ္ေယာက္တည္းမေနဖို႔ေျပာမထားဘူးလား? မင္းတို႔ေခါင္းေတြက မစင္ေတြနဲ႔ပဲျပည့္ေနတာလား?"
အန္ကယ္က သူ႔လက္အိတ္ေတြကိုခြၽတ္ကာ ခါးေထာက္သည္။
လူအုပ္ႀကီးတုန္ေနေပၿပီ။
နဥ္ရႈက မ်က္ေမွာင္ကုတ္သည္။ ဖန္ခ်န္းက သံသယအရွိဆုံးလူပဲ၊ သူက ဒီေနရာကိုလာဖို႔အႀကံေပးတဲ့သူ၊ စုတ္တံကလည္းသူ႔ဟာ၊ အခုေတာ့ ဖန္ခ်န္းေသၿပီ။
သံသယအရွိဆုံးလူေသၿပီ။
အခု လူတိုင္းမွာ တူညီတဲ့လူသတ္သမားျဖစ္ႏိုင္ေခ်ရွိတယ္။
အဖြဲ႕ေခါင္းေဆာင္ဖန႔္ကြၽင္းယန္က နံရံကိုကိုင္ထားသည္။ သူ႔နဖူးက ေခြၽးေစးေတြ႐ႊဲေနၿပီး ထိတ္လန႔္မႈတို႔က သူ႔ကိုလႊမ္းမိုးထားပုံရသည္။ သူက သူ႔ကိုယ္သူ တည္ၿငိမ္သြားေအာင္အတင္းလုပ္လိုက္ၿပီးဆို၏။
"ေနာက္ပိုင္း ဘယ္သူမဆို တစ္ေနရာရာသြားခ်င္ရင္အဖြဲ႕ကိုေျပာသြားရမယ္။ ငါတို႔အားလုံး အတူတူသြားၾကမယ္။"
သူ႔အသံကတုန္ရီေနသည္။
"သရဲရွိတယ္၊ သရဲရွိတယ္! ငါ ဒီငရဲတြင္းမွာမေနေတာ့ဘူး!"
မိန္းကေလးတစ္ေယာက္က စိတ္မခိုင္ေတာ့ဘဲ ေလွကားေပၚကေန ယိုင္ယိုင္တိုင္ဆင္းရင္းေအာ္ေတာ့သည္။
"လင္းရွ! ေလွ်ာက္မေျပးနဲ႔!"
ဖန႔္ကြၽင္းယန္က မိန္းကေလးကိုေအာ္သည္။
လင္းရွက သူမေခါင္းကိုအုပ္ကာ ဖန႔္ကြၽင္းယန္ကိုလ်စ္လ်ဴရႈကာဆက္ေျပးသြားသည္။
နဥ္ရႈနဲ႔တာဝန္ထမ္းေဆာင္သူတခ်ိဳ႕က သူမေနာက္ အလ်င္စလိုေျပးလိုက္ၾကသည္။ သူမတို႔ ၿခံထဲကထြက္လာၿပီးေနာက္မွာ လင္းရွတစ္ေယာက္ တဆတ္ဆတ္တုန္ရင္း ႏွင္းေတာထဲမွာေျပးသြားတာကိုေတြ႕လိုက္ရေတာ့သည္။
"ျမန္ျမန္၊ မဟုတ္ရင္ ငါတို႔လမ္းေပ်ာက္လိမ့္မယ္။"
795ကမ်က္ေမွာင္ကုတ္ကာဆိုသည္။
"ဒီတာဝန္မွာ ငါတို႔က အေရးမသာျဖစ္ေနၿပီးသား။"
"လူသုံးေယာက္သာ တစ္ေယာက္ၿပီးတစ္ေယာက္ေသသြားတယ္၊ လူသတ္သမားဘယ္သူလဲဆိုတာ ငါတို႔ အခုထဲသဲလြန္စေလးတစ္ခုေတာင္မရေသးဘူး။"
795တစ္ေယာက္ ထဆဲေတာ့သည္။
"ခ်ီး၊ ငါေတာ့ ထပ္ကာထပ္ကာေသဖို႔ျပန္မဝင္စားႏိုင္ဘူးေဟ့။"
"သူေပ်ာက္သြားၿပီ။"
နဥ္ရႈက ကူကယ္ရာမဲ့စြာဆိုသည္၊ လင္းရွရဲ႕ပုံရိပ္မရွိေတာ့ေပ။ ေအးစက္စက္ေလနဲ႔ရစ္ဝဲပါလာတဲ့ႏွင္းပြင့္ေတြသာရွိေတာ့သည္။ ေျခရာေတြသည္ပင္ ႏွင္းပြင့္ေတြဖုံးကြယ္တာခံလိုက္ရေခ်ၿပီ။
795က ပခုံးတြန႔္ကာ ျပန္လွည့္ေလွ်ာက္သည္။
"ျပန္ၾကမယ္၊ သူ ေသၿပီ။"
အဲ့ေကာင္မေလးကေတာ့ ငတ္ေသရင္ေသ၊ညမဟုတ္လည္း ေအးခဲၿပီးေသမွာပဲ။
နဥ္ရႈကလည္း ျပန္လွည့္ကာ အျဖဴေရာင္လြင္ျပင္က်ယ္ႀကီးကိုၾကည့္လိုက္သည္။
"နင္တို႔ အျပန္လမ္းကိုမွတ္မိလား?"
လူအုပ္ႀကီး : ...
795က ေရွ႕ကေနေလွ်ာက္သြားကာ သူ႔လက္ေခ်ာင္းေလးေတြက သူ႔လက္မွာပတ္ထားၿပီးမျမင္ရတဲ့ႀကိဳးနဲ႔ကစားေနသလို ဟိုဟိုသည္သည္လွည့္ပတ္ေန၏။
"ငါ့ေနာက္လိုက္ခဲ့။"
သူကဆိုသည္။
နဥ္ရႈက မ်က္လုံးေတြကိုေမွးက်ဥ္းလိုက္ေပမယ့္ သူ႔လက္ထဲမွာ ဘာမွမေတြ႕ရေခ်။
ရတနာတစ္ခုခုျဖစ္ေလာက္တယ္။
လူအုပ္က 795ေနာက္ကေနလိုက္သြားၾကသည္။
နဥ္ရႈ သူမဗိုက္ကိုပြတ္လိုက္မိသည္။ မနက္တုန္းက သူမစားခဲ့ရသမွ်က မာေတာင္ေနတဲ့ဂ်ဳံနက္ေပါက္စီတစ္လုံးပဲ၊ အဲ့ဒါက လုံေလာက္တာနဲ႔နီးကိုမနီးစပ္ဘူး။ သူမ ဗိုက္ဆာေနျပန္ၿပီ။
နဥ္ရႈက အဆာေျပေဆးနည္းနည္းထုတ္ကာေမးသည္။
"နင္တို႔ေတြ နည္းနည္းေလာက္လိုခ်င္လား?"
"ငါ့ကိုႏွစ္လုံးေပး၊ ငါ ေသာက္ရမ္းဗိုက္ဆာေနၿပီ။"
795ကလက္ျဖန႔္သည္။
"အဲ့ေပၚမွာ တံေတြးေတြေတာ့မရွိပါဘူးေနာ္?"
"နင္က တအား႐ြံဖို႔ေကာင္းတာပဲ! ငါ ဒီေဆးေတာင္ထပ္စားလို႔မရေတာ့ဘူး!"
မိန္က်ီခ်င္းက ေဆးတစ္လုံးယူကာ သူမပါးစပ္ထဲပစ္ထည့္လိုက္သည္။
နဥ္ရႈက 795ကိုေဆးႏွစ္လုံး၊ က်န္းက်ားစန္နဲ႔ တျခားတာဝန္ထမ္းေဆာင္သူတစ္ေယာက္ကို ေဆးတစ္လုံးစီေပးလိုက္သည္။
"ေက်းဇူး။"
က်န္းက်ားစန္က နဥ္ရႈကိုေက်းဇူးတင္သည္။
"မလိုဘူး။"
က်န္းက်ားစန္ လူေကာင္းတစ္ေယာက္လိုလုပ္ေနတာျမင္တဲ့အခါတိုင္း သူမၾကက္သီးေတြထလာေရာ။
အဆာေျပေဆးေတြစားၿပီးတဲ့အခါ သူမရဲ႕ခႏၶာကိုယ္က အမ်ားႀကီးပိုေႏြးလာၿပီး သူမ ဗိုက္မဆာေတာ့ေပ။
"လုရွန္းရွန္းမလာဘူးလား?"
နဥ္ရႈက ေဘးဘီကိုၾကည့္သည္။
795ကား အထင္ေသးမႈအျပည့္ျဖင့္ျဖစ္၏။
"သူက ဒီလိုဒုကၡမ်ားတဲ့ကိစၥမ်ိဳးလုပ္မွာမဟုတ္ဘူး။ သူက သူ႔ခႏၶာကိုယ္ကို ေယာက္်ားေတြကိုသိမ္းသြင္းဖို႔သုံးၿပီး သူတို႔ကို သူ႔အစားလုပ္ခိုင္းတာ။"
နဥ္ရႈ : ...
ေယာက္်ားရင့္မာႀကီးျဖစ္ၿပီး မိန္းကေလးတစ္ေယာက္အေပၚ ဒီလိုအၿငိဳးမ်ိဳးထားေနပုံအရေတာ့ သူတို႔ႏွစ္ေယာက္ၾကား ရန္စႀကီးႀကီးမားမားရွိတဲ့ပုံပဲ...
"ကမာၻတစ္ခုကို ဘယ္လိုတည္ေဆာက္ရမယ္ဆိုတာေတာင္မသိတဲ့သူက အထူးတာဝန္ထမ္းေဆာင္သူျဖစ္ဖို႔ထိုက္တန္လို႔လား?"
795က အင္မတန္အထက္စီးဆန္တဲ့ေလသံနဲ႔ဆိုသည္။
...