Complete Season. 2(Love of...

By 2001_wang

42.2K 1.8K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.11
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46

Love piano🌸Ep.14

824 44 5
By 2001_wang

Zawgyi

နန္းေတာ္ကေန ထြက္ခြာခဲ့တာ ႏွစ္လနည္းပါး ရွိခဲ့ပါၿပီ ယခုခ်ိန္တြင္ေတာ့ နန္းေတာ္ ျပန္သည့္လမ္းတြင္

လက္ေကာက္ဝတ္က အနီေရာင္ ႀကိဳးေလးကို ၾကည့္ကာ ၿပဳံးေနမိေသာ မင္းႀကီးရယ္ပါ...

ျဖဴစင္တဲ့ ၾကင္ယာေတာ္ရဲ႕အၿပဳံး ... ခ်ိဳျမတဲ့ အသံသာသာေလး ... အဲ့ဒီအၾကည့္ ..အဲ့ဒီအၾကည့္ေတြကို မလြန္ဆန္နိုင္ခဲ့ပါ .. ၾကင္ယာေတာ္ရဲ႕ အျပဳအမူ ေသးေသးမႊားမႊား ကိစၥ ေလးေတြေၾကာင့္ကစလို႔ မင္းႀကီးမွာ သေဘာက်ေနမိသည္

ယြဲ႕ရိ မင္းၿပဳံးေနတာ ရပ္လိုက္စမ္း....

ေယာ္က်ားသားတစ္ေယာက္ျဖစ္တဲ့ ၾကင္ယာေတာ္အေယာင္ေဆာင္ တစ္ေယာက္ေၾကာင့္ အႀကိမ္ႀကိမ္ ၿပဳံးရယ္မိေနသည္...  ဒါေၾကာင့္ သူ႕ဟာသူ သတိကပ္ေစရန္ မင္းႀကီး သတိေပးမိသည္

သို႔ေသာ္လဲ ၾကင္ယာေတာ္ရဲ႕ အၿပဳံးေတြ ကို ေတြးေနမိသည္.. ခ်စ္စရာေကာင္းတဲ့ အျပဳအမႈေလးတိုင္းကို လိုက္ေတြးေနမိသည္...

ခ်စ္ရတဲ့ သူတစ္ေယာက္ လိုခ်င္မိတာေတာ့ အမွန္ပင္ သို႔ေသာ္ ေယာ္က်ားေလး တစ္ေယာကာကိုေတာ့ မခ်စ္ခ်င္ပါ...ဒါကအခ်စ္မဟုတ္ဘူးလို႔ပဲ အႀကိမ္ႀကိမ္ ျငင္းဆိုရမည္

ခရီးစင္တစ္ေလွ်ာက္ လက္ေကာက္ဝက္က အနီေရာင္ႀကိဳးေလးကိုပဲ ၾကည့္ကာ ၿပဳံးလိုက္ရယ္လိုက္ ၾကည့္ရတာ ဝမ္းသာေနပုံ ဒါေပမယ့္လဲ ဟုတ္မေနျပန္ဘူး ၾကည့္ရတာ စိတ္ရႈပ္ေနပုံပင္.... လ်ိဳခ်င္တစ္ေယာကာ ယြဲ႕ရိ တကယ္ပဲ ဘာျဖစ္ေနတာလဲဟု ေတြးမိ သည္

သူထင္သည္ကေတာ့ မင္းႀကီးက နန္းေတာ္က ၾကင္ယာေတာ္ကို လြမ္းေနသည္လဲ ျဖစ္နိုင္သည္။

ေဝယာဥ္ တစ္ခုဟာ ၿမိဳ႕သို႔ ဝင္လာသည္... တစ္ေျဖးေျဖး နန္းေတာ္နဲ႕ နီးကပ္လာပါၿပီ မင္းႀကီးဟာ သူထုစစ္ထားတဲ့ သစ္သား႐ုပ္ထုေလးကို ထုပ္ၾကည့္ကာ... ဒီလက္ေဆာင္ေလး ေပးလိုက္လို႔ ေပ်ာ္႐ြင္သြားမယ့္ ၾကင္ယာေတာ္ရဲ႕ အၿပဳံးေတြကို ျမင္ရဖို႔ စိတ္လႈပ္ရွားေနသည္.. နစ္လိုဖြယ္ေကာင္းတဲ့ အၿပဳံးေလးေတြကို ျမင္ခြင့္ရတဲ့ သူ႕ကိုယ္သူပင္ ဂုဏ္ယူမိသည္အထိ ထိုၾကင္ယာေတာ္ရဲ႕ အၿပဳံးေတြကို ျမတ္နိုးမိပါသည္



မင္းႀကီး နန္းေတာ္ကို ျပန္ေရာက္ပါၿပီ တဲ့ မယ္မယ္...

"ဟြန့္ ဒီတစ္ခါ မင္းႀကီး ငါ့ဆီကို တည့္တည့္မက္မက္ေရာက္လာမွာ က်ိန္းေသပဲ.. ျမဴဆြယ္မယ့္ မိန္းမယုတ္လဲ မရွိေတာ့ဘူးဆိုေတာ့

မင္းႀကီးဟာ အၿပဳံး မ်က္ႏွာနဲ႕ ၾကင္ယာေတာ္အေဆာင္အား အေျပးေလးသြားသည္... လက္ထဲတြင္လည္း သစ္သား႐ုပ္ထုေလးတစ္ခုက ရွိေနေလသည္... မင္းႀကီးဟာ အေျပးတစ္ပိုင္း လမ္းေလွ်ာက္ေနတာမို႔ ကုန္းကုန္းမ်ားပင္ ေျပးလိုက္ရသည္

အေနာက္တြင္ က်န္ခဲ့ေသာ လ်ိဳခ်င္မွာေတာ့ ... အခ်စ္ေၾကာင့္ ႐ူးသြပ္ ေနတဲ့ မင္းႀကီးျဖစ္သူကို ၾကည့္ၿပီး ေခါင္းသာ ခါမိသည္... ညီအကိုျဖစ္တဲ့ မင္းႀကီးတစ္ေယာက္ သူခ်စ္တဲ့ လူတစ္ေယာက္ကို ရွာေတြ႕သည္ကာ လ်ိဳခ်င္အတြက္ ဝမ္းသာစရာပဲမို႔ ... ဝမ္းသာအၿပဳံးေလး ၿပဳံးကာ ေခါင္းခါမိသည္။

"ဟင္ ေရွာင္ပိုင္... ေရွာင္ပိုင္ မင္းဘယ္သြားေနတာလဲ ဒီမွာလာၾကည့္ ငါမင္းအတြက္ လက္ေဆာင္ဝယ္လာတယ္

မင္းႀကီးဟာ ၾကင္ယာေတာ္ကို မေတြ႕တာမို႔ အေဆာင္ေတာ္အႏွံ႕လိုက္လံရွာသည္ ပါးစပ္ကလဲ သူထုစစ္ထားတဲ့ အ႐ုပ္ေလးအေၾကာင္းလဲ ေျပာဖို႔မေမ့

အေနာက္ဖက္တြင္ လိုက္ေျပးေနရတဲ့ ကုန္းကုန္းမွာမႈ ေျပာသင့္လား မေျပာသင့္ဘူး ဆိုၿပီးသာ ေတြးမိသည္ကာ အဘိုးအိုကုန္းကုန္းမွာမႈ ငိုခ်င္စိတ္ေတြ ေပါက္ရပါသည္..

"ကုန္းကုန္း...

"ရွိပါတယ္ ကြၽန္ေတာ္မ်ိဳးရွိပါတယ္ မင္းႀကီး

"ၾကင္ယာေတာ္ေရာ

"ဒါ ၾကင္ယာေတာ္....

"အတင့္ရဲလိုက္တာ ေမးေနတာကို အျမန္ေျဖစမ္း

"ဟုတ္ကဲ့ ဟုတ္ကဲ့ ကြၽန္ေတာ္မ်ိဳးေျဖပါ့မယ္ လြန္ခဲ့တဲ့ ႏွစ္လေလာက္က မိဘုရားက ၾကင္ယာေတာ္ကိုအျပစ္ေပးတဲ့အေနနဲ႕ ႀကိမ္ဒဏ္ 200ေပးၿပီး ေျမေအာက္အက်ဥ္းေထာင္မွာ ထည့္ထားခဲ့ပါတယ္...

"ဘာ...လြန္ခဲ့တဲ့ ႏွစ္လဆိုေတာ့....

ေျမေအာက္အက်ဥ္းေထာင္ဆိုတာ အျပစ္ႀကီး က်ဴးလြန္ သူေတြကိုသာ ထည့္သည့္ ေနရာပင္ ထိုေနရာကို ဝင္သြားတဲ့ လူတိုင္း အဆိပ္ရွိအရာေတြကိုက္လို႔ မေသရင္ အေအးဒဏ္ကို မခံနိုင္ပဲ ေသြးမ်ားေအးခဲၿပီး ေသက်သည္

ႏွစ္လနည္းပါ ေျမေအာက္ခန္းမွာ ပိတ္ေလာင္ခံထားရတဲ့ ၾကင္ယာေတာ္ကို စိုးရိမ္မိသည္မွာ မင္းတစ္ပါး၏သိကၡာ ကိုပင္မထိန္းနိုင္ပဲ ထိုေျမေအာက္အက်ဥ္းခန္းဘက္ကို ေျပးသြားသည္

လုန္သယ္ဟာ အာဏာႀကီး လူတစ္ေယာက္မဟုတ္တဲ့အတြက္ မ်ားမ်ားစားစား ၾကင္ယာေတာ္အား မကူညီနိုင္ခဲ့ပါ... သမားေတာ္ႀကီးဆီက ေဆးေတြက အရိုတ္ခံရတဲ့ ဒဏ္ရာေတြ အတြက္သက္သာပါေသာ္လဲ ေျမေအာက္ခန္း၏ အေအးဒဏ္ကိုေတာ့ မခုခံနိုင္ပါ

ဒါေၾကာင့္ သူလုပ္ေပးနိုင္တာက သူ႕ကိုယ္က အေႏြးဓာက္ ၾကင္ယာေတာ္အား ေဝမွ် ေပးသည္သာ... ၾကင္ယာေတာ္အား ငုတ္တုတ္ အေနအထား ထိုင္ေစၿပီး သူက ၾကင္ယာေတာ္အေနာက္တြင္ ထိုင္ကာ သူ၏ အေပၚ ဝတ္႐ုံေတာ္ကို ခြၽတ္ကာ ၾကင္ယာေတာ္အား ၿခဳံေပးသည္ ... ေနာင္မွ သူက ၾကင္ယာေတာ္ ခႏၶာကိုယ္ကို ေပြ႕ဖက္ေပးထားသည္

အကိုေတာ္ျဖစ္တဲ့ မင္းႀကီး၏ တန္ဖိုးထားရတဲ့ ၾကင္ယာေတာ္ကို သူလုပ္နိုင္သမွ် ဂ႐ုစိုက္ရမယ္ ...  ကိုယ္ထိလက္ေရာက္ ၾကင္ယာေတာ္ကို ထိေတြ႕မိတာမို႔ စကၠန့္နဲ႕ အမွ် ေတာင္းပန္စကားဆိုသည္

"ၾကင္ယာေတာ္ ခဏေလာက္ပဲ အားတင္းထားပါ... မင္းႀကီးျပန္လာရင္ အရာအားလုံး အဆင္ေျပသြားမွာပါ

ေျခသံ က်ည္က်ည္ေလာင္ေလာင္ တစ္ခုကို လုန္သယ္ ၾကားလိုက္ရသည္

"ေရွာင္ပိုင္...

"မင္းႀကီး.. ၾကင္ယာေတာ္ ဒီမွာ...

လုန္သယ္၏ ရင္ခြင္ထဲတြင္..မ်က္ႏွာ‌ေလးညိုးႏြန္းကာ အသက္ရွိသည္ဟုပင္မထင္ရတဲ့ ခႏၶာကိုယ္ေလးကို ေတြ႕လိုက္ရပါသည္...

"ေရွာင္ပိုင္...

မင္းႀကီးဟာ ေပ်ာ့ေခြေနတဲ့ ခႏၶာကိုယ္ေလးကို ေပြ႕ခ်ီကာ အျပင္ဘက္အား ေျပးထြက္သြားသည္... အခုမွပင္ လုန္သယ္ စိတ္ေအးရေတာ့သည္ ၾကင္ယာေတာ္ အသက္ရွင္ခြင့္ရၿပီ

မင္းႀကီးဟာ ၾကင္ယာေတာ္ကို ေပြ႕ကာ .... သူ၏ အေဆာင္ေတာ္ကို အေျပးသြားသည္... ၾကင္ယာေတာ္တစ္ပါးကို ေပြ႕ခ်ီကာ သြားတဲ့ မင္းႀကီးေနာက္တြင္ နန္းတြင္း သမားေတာ္ မ်ား... ကုန္းကုန္းမ်ား စစ္သည္မ်ားက ေျပးလိုက္ရသည္

ေပ်ာ့ေခြေနတဲ့ ခႏၶာကိုယ္ေလးကို ကုတင္ေပၚအသာအယာ ခ်ေပးသည္

"ၾကင္ယာေတာ္ကို ၾကည့္ေပး...

"ဟုတ္ကဲ့ ဟုတ္ကဲ့ပါ မင္းႀကီး

"ေနအုံး မင္းက ဘယ္အဆင့္ကသမားေတာ္လဲ

"ကြၽန္ေတာ္မ်ိဳးက အဆင့္ႏွစ္နဲ႕သမားေတာ္ပါ

"ဒီအဆင့္နဲ႕ ၾကင္ယာေတာ္ကို ဘယ္လိုကုနိုင္မွာလဲ သြားး ေတာ္ဝင္ သမားေတာ္ကို အခုခ်က္ခ်င္း သြားေခၚေခ်...

မင္းႀကီးေဒါထြက္ေနသည္မွာ... အေတာ္ကို ေၾကာက္ဖို႔ေကာင္းပါသည္ အနားရွိ လူမ်ားမွာပင္ အသက္ရႉသံမထြက္ရဲသည္အထိပင္...

ယခုအခ်ိန္မွာ ၾကင္ယာေတာ္ ဘာမွ မျဖစ္သြားဖို႔ပဲ ဆုေတာင္း ေနက်ရမည္....

ဒီေန႕ ၾကင္ယာေတာ္ တစ္ခုခု ျဖစ္သြားခဲ့ရင္ မင္းတို႔အားလုံး တစ္ေယာက္မွ အသက္ရွင္လွ်က္မရွိေစရဘူး

မင္းႀကီး၏ ေဒါသေတြေၾကာင့္ အေစခံအစ ကုန္းကုန္းမ်ားမွာ ေခါင္းမေဖာ္ရဲသည္အထိ ေခါင္းနဲ႕ေျမတစ္သားထဲျဖစ္လို႔ေနသည္

ေျမေအာက္ခန္းတြင္ က်န္ရစ္ခဲ့ေသာ လုန္သယ္မွာ ေျမေပၚလည္းက်သြားသည္...ၾကင္ယာေတာ္ကို အေႏြးဓာက္ရေစရန္ သူ၏ ဝတ္႐ုံမ်ားကို ခြၽတ္ရတာမို႔ သူလည္း အေအးဒဏ္ကို မခံနိုင္ေတာ့ပါ

သတိမေမ့ခင္ လုန္သယ္ နာၾကင္ရတဲ့ အၿပဳံးေလး တစ္ခု ၿပဳံးမိိလိုက္သည္... လြန္ခဲ့တဲ့ ရက္အနည္းငယ္က ၾကင္ယာေတာ္၏ပုဝါကိုဖယ္ဖို႔ လိုတာမို႔ မသင့္ေတာ္ေသာ္လဲ ၾကင္ယာေတာ္၏ မ်က္ႏွာက ပုဝါကို ခြၽတ္လိုက္မိသည္

ပုဝါခြၽတ္ခ်လိဳက္ေတာ့ ျမင္လိုက္ရတဲ့ မ်က္ႏွာေလးဟာ သူအႏွစ္အႏွစ္အလအလ ရွာေဖြခဲ့ရတဲ့ မိန္းကေလး မ်က္ႏွာႏွင့္တစ္ပုံထည့္ပါပင္... မျဖစ္နိုင္ဘူးလို႔ အႀကိမ္ႀကိမ္ ေတြးေတာမိပါေသာ္လဲ သူေတြ႕ခဲ့တဲ့ မိန္းကေလးဟာ ၾကင္ယာေတာ္ဆိုတာကို အေသအခ်ာႀကီး ျပသေနပါသည္....

သူရွာေဖြေနရတဲ့ မိန္းကေလးက ၾကင္ယာေတာ္ ျဖစ္ေနသည္ဟု သိရထဲက ဝါးေတာထဲက မိန္းကေလးကို ေနာက္ထပ္ မတပ္မက္ရန္ ဆုံးျဖတ္လိုက္ပါသည္....

ထိုမိန္းကေလးကို ခ်စ္ျမတ္နိုးတာ စစ္မွန္ေသာ္လည္း... ညီအကိုလည္းျဖစ္ သူငယ္ခ်င္း လည္းျဖစ္တဲ့ မင္းႀကီးျဖစ္သူ၏ တန္ဖိုး ထားတဲ့ မိန္းကေလး ကိုေတာ့ သူ စိတ္ဝင္စားမည္မဟုတ္ပါ....

ဘာပဲျဖစ္ျဖစ္ သူခ်စ္ရတဲ့ မိန္းကေလးက သူသိမ့္ခ်စ္ရတဲ့ ညီအကိုနဲ႕ အဆင္ေျပေနသည္ကာ လုန္သယ္အတြက္ အဆင္မေျပစရာမရွိပါ..

သတိေမ့ေမ်ာသြားတဲ့ လုန္သယ္၏ မ်က္ဝန္းအိမ္ထဲကေန မ်က္ရည္ၾကည္ေလးေတြ ထြက္က်လာသည္....

ကိုယ္နဲ႕ မလိုက္ဖက္တဲ့ လူတစ္ေယာက္ကို ခ်စ္မိလိုက္ပါက ဤသို႔ နာၾကင္ရပါသည္



🎶တစ္ေယာက္လက္ တစ္ေယာက္ကိုင္ရင္း လွပေနတဲ့ လမင္းႀကီးကို ၾကည့္ကာ အရွင့္ရဲ႕ ရင္ခုန္သံေတြကို နားေထာင္ခ်င္မိပါတယ္🎶

🎶ရက္ရွည္ၾကာႀကီး နားစင္ေနက် ဗ်ပ္ေစာင္း တီးခပ္သံေလးဟာ အရွင့္ရဲ႕ စကားသံေတြေလာက္ပင္ မသာယာပါ🎶

🎶ဘာေၾကာင့္မ်ား ျပတင္းေပါက္ အျပင္က လမင္းႀကီးကို တစ္ေယာက္ထဲၾကည့္ေနရပါသလဲ🎶

🎶မိုးဖြဲဖြဲေလးေတြ ႐ြာၿပီး ျမဴႏွင္းေလးေတြက တစ္ေယာက္ေယာက္ကို လြမ္းေဆြး ေစတယ္🎶








Unicode

နန်းတော်ကနေ ထွက်ခွာခဲ့တာ နှစ်လနည်းပါး ရှိခဲ့ပါပြီ ယခုချိန်တွင်တော့ နန်းတော် ပြန်သည့်လမ်းတွင်

လက်ကောက်ဝတ်က အနီရောင် ကြိုးလေးကို ကြည့်ကာ ပြုံးနေမိသော မင်းကြီးရယ်ပါ...

ဖြူစင်တဲ့ ကြင်ယာတော်ရဲ့အပြုံး ... ချိုမြတဲ့ အသံသာသာလေး ... အဲ့ဒီအကြည့် ..အဲ့ဒီအကြည့်တွေကို မလွန်ဆန်နိုင်ခဲ့ပါ .. ကြင်ယာတော်ရဲ့ အပြုအမူ သေးသေးမွှားမွှား ကိစ္စ လေးတွေကြောင့်ကစလို့ မင်းကြီးမှာ သဘောကျနေမိသည်

ယွဲ့ရိ မင်းပြုံးနေတာ ရပ်လိုက်စမ်း....

ယော်ကျားသားတစ်ယောက်ဖြစ်တဲ့ ကြင်ယာတော်အယောင်ဆောင် တစ်ယောက်ကြောင့် အကြိမ်ကြိမ် ပြုံးရယ်မိနေသည်...  ဒါကြောင့် သူ့ဟာသူ သတိကပ်စေရန် မင်းကြီး သတိပေးမိသည်

သို့သော်လဲ ကြင်ယာတော်ရဲ့ အပြုံးတွေ ကို တွေးနေမိသည်.. ချစ်စရာကောင်းတဲ့ အပြုအမှုလေးတိုင်းကို လိုက်တွေးနေမိသည်...

ချစ်ရတဲ့ သူတစ်ယောက် လိုချင်မိတာတော့ အမှန်ပင် သို့သော် ယော်ကျားလေး တစ်ယောကာကိုတော့ မချစ်ချင်ပါ...ဒါကအချစ်မဟုတ်ဘူးလို့ပဲ အကြိမ်ကြိမ် ငြင်းဆိုရမည်

ခရီးစင်တစ်လျှောက် လက်ကောက်ဝက်က အနီရောင်ကြိုးလေးကိုပဲ ကြည့်ကာ ပြုံးလိုက်ရယ်လိုက် ကြည့်ရတာ ဝမ်းသာနေပုံ ဒါပေမယ့်လဲ ဟုတ်မနေပြန်ဘူး ကြည့်ရတာ စိတ်ရှုပ်နေပုံပင်.... လျိုချင်တစ်ယောကာ ယွဲ့ရိ တကယ်ပဲ ဘာဖြစ်နေတာလဲဟု တွေးမိ သည်

သူထင်သည်ကတော့ မင်းကြီးက နန်းတော်က ကြင်ယာတော်ကို လွမ်းနေသည်လဲ ဖြစ်နိုင်သည်။

ဝေယာဥ် တစ်ခုဟာ မြို့သို့ ဝင်လာသည်... တစ်ဖြေးဖြေး နန်းတော်နဲ့ နီးကပ်လာပါပြီ မင်းကြီးဟာ သူထုစစ်ထားတဲ့ သစ်သားရုပ်ထုလေးကို ထုပ်ကြည့်ကာ... ဒီလက်ဆောင်လေး ပေးလိုက်လို့ ပျော်ရွင်သွားမယ့် ကြင်ယာတော်ရဲ့ အပြုံးတွေကို မြင်ရဖို့ စိတ်လှုပ်ရှားနေသည်.. နစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးတွေကို မြင်ခွင့်ရတဲ့ သူ့ကိုယ်သူပင် ဂုဏ်ယူမိသည်အထိ ထိုကြင်ယာတော်ရဲ့ အပြုံးတွေကို မြတ်နိုးမိပါသည်



မင်းကြီး နန်းတော်ကို ပြန်ရောက်ပါပြီ တဲ့ မယ်မယ်...

"ဟွန့် ဒီတစ်ခါ မင်းကြီး ငါ့ဆီကို တည့်တည့်မက်မက်ရောက်လာမှာ ကျိန်းသေပဲ.. မြူဆွယ်မယ့် မိန်းမယုတ်လဲ မရှိတော့ဘူးဆိုတော့

မင်းကြီးဟာ အပြုံး မျက်နှာနဲ့ ကြင်ယာတော်အဆောင်အား အပြေးလေးသွားသည်... လက်ထဲတွင်လည်း သစ်သားရုပ်ထုလေးတစ်ခုက ရှိနေလေသည်... မင်းကြီးဟာ အပြေးတစ်ပိုင်း လမ်းလျှောက်နေတာမို့ ကုန်းကုန်းများပင် ပြေးလိုက်ရသည်

အနောက်တွင် ကျန်ခဲ့သော လျိုချင်မှာတော့ ... အချစ်ကြောင့် ရူးသွပ် နေတဲ့ မင်းကြီးဖြစ်သူကို ကြည့်ပြီး ခေါင်းသာ ခါမိသည်... ညီအကိုဖြစ်တဲ့ မင်းကြီးတစ်ယောက် သူချစ်တဲ့ လူတစ်ယောက်ကို ရှာတွေ့သည်ကာ လျိုချင်အတွက် ဝမ်းသာစရာပဲမို့ ... ဝမ်းသာအပြုံးလေး ပြုံးကာ ခေါင်းခါမိသည်။

"ဟင် ရှောင်ပိုင်... ရှောင်ပိုင် မင်းဘယ်သွားနေတာလဲ ဒီမှာလာကြည့် ငါမင်းအတွက် လက်ဆောင်ဝယ်လာတယ်

မင်းကြီးဟာ ကြင်ယာတော်ကို မတွေ့တာမို့ အဆောင်တော်အနှံ့လိုက်လံရှာသည် ပါးစပ်ကလဲ သူထုစစ်ထားတဲ့ အရုပ်လေးအကြောင်းလဲ ပြောဖို့မမေ့

အနောက်ဖက်တွင် လိုက်ပြေးနေရတဲ့ ကုန်းကုန်းမှာမှု ပြောသင့်လား မပြောသင့်ဘူး ဆိုပြီးသာ တွေးမိသည်ကာ အဘိုးအိုကုန်းကုန်းမှာမှု ငိုချင်စိတ်တွေ ပေါက်ရပါသည်..

"ကုန်းကုန်း...

"ရှိပါတယ် ကျွန်တော်မျိုးရှိပါတယ် မင်းကြီး

"ကြင်ယာတော်ရော

"ဒါ ကြင်ယာတော်....

"အတင့်ရဲလိုက်တာ မေးနေတာကို အမြန်ဖြေစမ်း

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်မျိုးဖြေပါ့မယ် လွန်ခဲ့တဲ့ နှစ်လလောက်က မိဘုရားက ကြင်ယာတော်ကိုအပြစ်ပေးတဲ့အနေနဲ့ ကြိမ်ဒဏ် 200ပေးပြီး မြေအောက်အကျဥ်းထောင်မှာ ထည့်ထားခဲ့ပါတယ်...

"ဘာ...လွန်ခဲ့တဲ့ နှစ်လဆိုတော့....

မြေအောက်အကျဥ်းထောင်ဆိုတာ အပြစ်ကြီး ကျူးလွန် သူတွေကိုသာ ထည့်သည့် နေရာပင် ထိုနေရာကို ဝင်သွားတဲ့ လူတိုင်း အဆိပ်ရှိအရာတွေကိုက်လို့ မသေရင် အအေးဒဏ်ကို မခံနိုင်ပဲ သွေးများအေးခဲပြီး သေကျသည်

နှစ်လနည်းပါ မြေအောက်ခန်းမှာ ပိတ်လောင်ခံထားရတဲ့ ကြင်ယာတော်ကို စိုးရိမ်မိသည်မှာ မင်းတစ်ပါး၏သိက္ခာ ကိုပင်မထိန်းနိုင်ပဲ ထိုမြေအောက်အကျဥ်းခန်းဘက်ကို ပြေးသွားသည်

လုန်သယ်ဟာ အာဏာကြီး လူတစ်ယောက်မဟုတ်တဲ့အတွက် များများစားစား ကြင်ယာတော်အား မကူညီနိုင်ခဲ့ပါ... သမားတော်ကြီးဆီက ဆေးတွေက အရိုတ်ခံရတဲ့ ဒဏ်ရာတွေ အတွက်သက်သာပါသော်လဲ မြေအောက်ခန်း၏ အအေးဒဏ်ကိုတော့ မခုခံနိုင်ပါ

ဒါကြောင့် သူလုပ်ပေးနိုင်တာက သူ့ကိုယ်က အနွေးဓာက် ကြင်ယာတော်အား ဝေမျှ ပေးသည်သာ... ကြင်ယာတော်အား ငုတ်တုတ် အနေအထား ထိုင်စေပြီး သူက ကြင်ယာတော်အနောက်တွင် ထိုင်ကာ သူ၏ အပေါ် ဝတ်ရုံတော်ကို ချွတ်ကာ ကြင်ယာတော်အား ခြုံပေးသည် ... နောင်မှ သူက ကြင်ယာတော် ခန္ဓာကိုယ်ကို ပွေ့ဖက်ပေးထားသည်

အကိုတော်ဖြစ်တဲ့ မင်းကြီး၏ တန်ဖိုးထားရတဲ့ ကြင်ယာတော်ကို သူလုပ်နိုင်သမျှ ဂရုစိုက်ရမယ် ...  ကိုယ်ထိလက်ရောက် ကြင်ယာတော်ကို ထိတွေ့မိတာမို့ စက္ကန့်နဲ့ အမျှ တောင်းပန်စကားဆိုသည်

"ကြင်ယာတော် ခဏလောက်ပဲ အားတင်းထားပါ... မင်းကြီးပြန်လာရင် အရာအားလုံး အဆင်ပြေသွားမှာပါ

ခြေသံ ကျည်ကျည်လောင်လောင် တစ်ခုကို လုန်သယ် ကြားလိုက်ရသည်

"ရှောင်ပိုင်...

"မင်းကြီး.. ကြင်ယာတော် ဒီမှာ...

လုန်သယ်၏ ရင်ခွင်ထဲတွင်..မျက်နှာ‌ေလးညိုးနွန်းကာ အသက်ရှိသည်ဟုပင်မထင်ရတဲ့ ခန္ဓာကိုယ်လေးကို တွေ့လိုက်ရပါသည်...

"ရှောင်ပိုင်...

မင်းကြီးဟာ ပျော့ခွေနေတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ အပြင်ဘက်အား ပြေးထွက်သွားသည်... အခုမှပင် လုန်သယ် စိတ်အေးရတော့သည် ကြင်ယာတော် အသက်ရှင်ခွင့်ရပြီ

မင်းကြီးဟာ ကြင်ယာတော်ကို ပွေ့ကာ .... သူ၏ အဆောင်တော်ကို အပြေးသွားသည်... ကြင်ယာတော်တစ်ပါးကို ပွေ့ချီကာ သွားတဲ့ မင်းကြီးနောက်တွင် နန်းတွင်း သမားတော် များ... ကုန်းကုန်းများ စစ်သည်များက ပြေးလိုက်ရသည်

ပျော့ခွေနေတဲ့ ခန္ဓာကိုယ်လေးကို ကုတင်ပေါ်အသာအယာ ချပေးသည်

"ကြင်ယာတော်ကို ကြည့်ပေး...

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ မင်းကြီး

"နေအုံး မင်းက ဘယ်အဆင့်ကသမားတော်လဲ

"ကျွန်တော်မျိုးက အဆင့်နှစ်နဲ့သမားတော်ပါ

"ဒီအဆင့်နဲ့ ကြင်ယာတော်ကို ဘယ်လိုကုနိုင်မှာလဲ သွားး တော်ဝင် သမားတော်ကို အခုချက်ချင်း သွားခေါ်ချေ...

မင်းကြီးဒေါထွက်နေသည်မှာ... အတော်ကို ကြောက်ဖို့ကောင်းပါသည် အနားရှိ လူများမှာပင် အသက်ရှူသံမထွက်ရဲသည်အထိပင်...

ယခုအချိန်မှာ ကြင်ယာတော် ဘာမှ မဖြစ်သွားဖို့ပဲ ဆုတောင်း နေကျရမည်....

ဒီနေ့ ကြင်ယာတော် တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းတို့အားလုံး တစ်ယောက်မှ အသက်ရှင်လျှက်မရှိစေရဘူး

မင်းကြီး၏ ဒေါသတွေကြောင့် အစေခံအစ ကုန်းကုန်းများမှာ ခေါင်းမဖော်ရဲသည်အထိ ခေါင်းနဲ့မြေတစ်သားထဲဖြစ်လို့နေသည်

မြေအောက်ခန်းတွင် ကျန်ရစ်ခဲ့သော လုန်သယ်မှာ မြေပေါ်လည်းကျသွားသည်...ကြင်ယာတော်ကို အနွေးဓာက်ရစေရန် သူ၏ ဝတ်ရုံများကို ချွတ်ရတာမို့ သူလည်း အအေးဒဏ်ကို မခံနိုင်တော့ပါ

သတိမမေ့ခင် လုန်သယ် နာကြင်ရတဲ့ အပြုံးလေး တစ်ခု ပြုံးမိိလိုက်သည်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြင်ယာတော်၏ပုဝါကိုဖယ်ဖို့ လိုတာမို့ မသင့်တော်သော်လဲ ကြင်ယာတော်၏ မျက်နှာက ပုဝါကို ချွတ်လိုက်မိသည်

ပုဝါချွတ်ချလိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာလေးဟာ သူအနှစ်အနှစ်အလအလ ရှာဖွေခဲ့ရတဲ့ မိန်းကလေး မျက်နှာနှင့်တစ်ပုံထည့်ပါပင်... မဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ် တွေးတောမိပါသော်လဲ သူတွေ့ခဲ့တဲ့ မိန်းကလေးဟာ ကြင်ယာတော်ဆိုတာကို အသေအချာကြီး ပြသနေပါသည်....

သူရှာဖွေနေရတဲ့ မိန်းကလေးက ကြင်ယာတော် ဖြစ်နေသည်ဟု သိရထဲက ဝါးတောထဲက မိန်းကလေးကို နောက်ထပ် မတပ်မက်ရန် ဆုံးဖြတ်လိုက်ပါသည်....

ထိုမိန်းကလေးကို ချစ်မြတ်နိုးတာ စစ်မှန်သော်လည်း... ညီအကိုလည်းဖြစ် သူငယ်ချင်း လည်းဖြစ်တဲ့ မင်းကြီးဖြစ်သူ၏ တန်ဖိုး ထားတဲ့ မိန်းကလေး ကိုတော့ သူ စိတ်ဝင်စားမည်မဟုတ်ပါ....

ဘာပဲဖြစ်ဖြစ် သူချစ်ရတဲ့ မိန်းကလေးက သူသိမ့်ချစ်ရတဲ့ ညီအကိုနဲ့ အဆင်ပြေနေသည်ကာ လုန်သယ်အတွက် အဆင်မပြေစရာမရှိပါ..

သတိမေ့မျောသွားတဲ့ လုန်သယ်၏ မျက်ဝန်းအိမ်ထဲကနေ မျက်ရည်ကြည်လေးတွေ ထွက်ကျလာသည်....

ကိုယ်နဲ့ မလိုက်ဖက်တဲ့ လူတစ်ယောက်ကို ချစ်မိလိုက်ပါက ဤသို့ နာကြင်ရပါသည်



🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

Continue Reading

You'll Also Like

397K 25.6K 85
[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်...
8.6K 861 11
အိမ်ကြီးထဲမှာကောင်လေးတစ်ယောက်ငိုနေရှာတယ်.....
61.9K 2.7K 52
အချစ်ကနူးနူးညံ့ညံ့ သ်မ်သိမ်မွေ့မွေ့လေးနဲ့ နှလုံးသား ပလ္လင်ထက်နန်းတက်သည်💙
30.3K 821 11
The bomb set off, and the car was burnt But that didn't burn away what feelings lay beneath their skin Time may heal, but can it forgive? Forget?