Complete Season. 2(Love of...

By 2001_wang

39.9K 1.7K 227

Yizhan🌸✨ Love piano🌸_မင်းကြီး၏ အချစ် ရဲ့ Season. 2ပါ ရှောင်းရှောင်ပိုင် ဝမ်ယွဲ့ရိ (ရှောင်းကျန်) (ဝ... More

Love piano🌸Ep.1
Love piano🌸Ep.2🔞⚠️
Love piano🌸Ep.3
Love piano🌸Ep.4
Love piano🌸Ep.5
Love piano🌸Ep.6
✨Fiction photo🌸
✨Photo🌸
Love piano🌸Ep.7
Love piano🌸Ep.8
Love piano🌸Ep.9
Love piano🌸Ep.10
Love piano🌸Ep.12
Love piano🌸Ep.13
Love piano🌸Ep.14
Love piano🌸Ep.15
Love piano🌸Ep.16
Love piano🌸Ep.17
Love piano🌸Ep.18
Love piano🌸Ep.19
Love piano🌸Ep.20
Love piano🌸Ep.21
Love piano🌸Ep.22
Love piano🌸Ep.23
Love piano🌸Ep.24
Love piano🌸Ep.25
Love piano🌸Ep.26
Love piano🌸Ep.27
Love piano🌸Ep.28
Love piano🌸Ep.29
Love piano🌸Ep.30
Love Piano🌸Ep.31
Love Piano🌸Ep.32
Love Piano🌸Ep.33
Love Piano🌸Ep.34
Love Piano🌸Ep.35
Love Piano🌸Ep.36
Love Piano🌸Ep.37
Love Piano🌸Ep.38
Love Piano🌸Ep.39
Love Piano🌸Ep.40
Love Piano🌸Ep.41
Love Piano🌸Ep.42
Love Piano🌸Ep.43
Love Piano🌸Ep.44
Love Piano🌸Ep.45
Love Piano🌸Ep.46

Love piano🌸Ep.11

824 41 2
By 2001_wang

Zawgyi






"ဘာများလဲ


"အဲ့ဒါ ဘာဖြစ်လဲ







"တကယ်လား


"ဒါပေမယ့်...

"ဒါပေမယ့် ဘာဖြစ်လဲ...












"နန်းတော် အပြင်ကို











ယက်လုပ် ချီထ်ာတွေရမယ် အဆင့်မြှင့် ချီထည်တွေရမယ်



မက်မွန်းကိတ်တွေရမယ်


ဈေးတန်းလေးထဲ ဝင်လာသည်နဲ့ ဈေးသည်များစွာဟာ သူတို့ ပစ္စည်းများကို အော်ကာ ရောင်းကျသည်... အစားအသောက် များရသလို မုန့်တွေ အဝတ်အစားတွေ အရုပ်တွေ လက်ဝတ်ရတနာ စတဲ့ အရာများစွာ ကို ရှောင်ပိုင် လိုက်ငေးကြည့်နေမိသည်


"ဟင် ဘယ်ဟာလဲ...


"ဒါလေးလား

"အင်း

"သူဌေး ဒါလေးပေးပါ



ကလေးတစ်ယောက်ကို ဈေးလိုက်လည်ပေးနေရသလိုပါပဲ လိုခိငါသမျှကို လက်ညိုးထိုးဝယ်ခိုင်းသည် အနောက်က မင်းကြီးကတော့ ထိုကောင်လေး ယူသွားသမျှ ပစ္စည်းတိုင်း အတွက် ငွေစတွေလိုက်ပေးရသည်...






"ဘာကြီးလဲ


"ဘာလို့ ဝတ်ပေးတာလဲ




"မင်း ပျော်နေတာလား






















Unicode

တိုင်းပြည်မှာ စွမ်းအားကြီးမားတဲ့ ဘုရင်မလိုအပ်ပါ။
မင်းကောင်းမင်းမြတ် တစ်ပါးသာ လိုအပ်ပါသည်။

ပြည်သူပြည်သားများကို သနားငဲ့ညှာတတ်သော မင်းဧကရာဇ် တစ်ပါး ရှိရုံနဲ့ ထိုတိုင်းပြည်ဟာ အေးချမ်း ရပါသည်

တစ်ခြားနယ်မြေများကို သိမ်းပိုင်နိုင်ဖို့အတွက် အပြစ်မဲ့ပြီး အင်အားနည်းပါးလွန်းတဲ့ ပြည်သူပြည်သား တွေကို ခြေနင်းဖက် မှာချနင်းတဲ့ မင်းတစ်ပါး ရှိနေရင် ထိုတိုင်းပြည်ဟာ အေးချမ်း နိုင်မည်မဟုတ်။

"ဒီမှာ ခင်ဗျားကို တစ်ခုလောက်အကူအညီတောင်းချင်လို့

နောက်ထပ်တစ်ဖန် ပြန်လာတဲ့ မင်းကြီးကို ရှောင်ပိုင် စကားဆိုသည်။

"ဘာများလဲ

"ဟိုလေ ပိုင်ပိုင်ဒီမှာနေရတာပြင်းလာလို့ နန်းတော်အပြင်ကို ခဏလောက်ထွက်လည်ချင်တာ အဲ့ဒါ....

"အဲ့ဒါ ဘာဖြစ်လဲ

အကျင့်လေးအတိုင်း လက်ညိုးလေးနှစ်ချောင်းကိုတည့်ပြီး နှုတ်ခမ်းလေး စူထားပြန်သည်..

"ဟဲ ဟို ထွက်လည်ချင်လို့ မင်းကြီးကိုခွင့်တောင်းပေးပါ့လား

"ကိုယ့်ဘာသာ မင်းကြီးကို သွားပြောလေ

"ဟင့် မပြောချင်ပါဘူး... မင်းကြီး ဆိုတဲ့အသံကြားတာနဲ့ကို လည်ပင်းကမခိုင်ချင်ဘူး

နှုတ်ခမ်းလေးစူကာ ခေါင်လောင်းသဖွယ် ဝတ်ရုံလက်မောင်းစလေးကို ဆွဲရမ်းကာ မင်းကြီးက ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း ပြောပြနေသော ထိုကောင်း....ရှောင်ပိုင်မသိသည်က ယခု လက်ကိုင်ထားတဲ့ အကျီစပိုင်ရှင်က သူသိမ့်ကြောက်တဲ့ မင်းကြီး ဆိုတာပါပဲပင်

"ဟုတ်ပြီလေ မင်းအပြင်တော့ ထွက်လို့ရမယ်

"တကယ်လား

ချက်ချင်းဆိုသလို စူပုတ်နေတဲ့ နှုတ်ခမ်းလေးက အပြုံးလေးတွေ ဝေဆာသွားသည်

"ဒါပေမယ့်...

"ဒါပေမယ့် ဘာဖြစ်လဲ...

ဒါပေမယ့် ဆိုတဲ့ သူ့ရှေ့ကလူရဲ့စကားကြောင့် အပြုံးတွေရပ်သွားပါသည်

"ငါနဲ့ပဲ အပြင်ထွက်ခွင့်ရမယ် ငါပါမှ အပြင်ထွက်လို့ရမယ်။

"ကောင်းပြီ သဘောတူတယ်... အခုသွားမယ်လေနော်...

လက်မောင်းကို ဆွဲဖက်ကာ ချွဲကာ စကားဆိုလာတဲ့ ကောင်လေးကြောင့် အကြိမ်ကြိမ် ပြုံးနေမိသည်ကာ မင်းကြီးပါပင်.... ဒီလို ချစ်စရာ ကောင်းသည့် ကောင်လေးမျိုး မမြင်ဖူးသေးပါပင်

ခန္ဓာကိုယ်လေးဟာ သေးသွယ်သလောက် အဆော့လည်းမက်သည်... မြင်သူအဖို့အတွက်တော့ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို ထိန်းနေရသည်နဲ့တူသည်။

အဖြူရောင် ဝတ်ရုံပါးတစ်ထည်ကိုအပေါ်ကနေ ထပ်ဝတ်ထားသည် ... အပြင်ထွက်ရင် ဆောင်းနေကျ အဖြူရောင်ပုဝါပါးလေး အုပ်မိုးထားတဲ့ ခပ်မောက်လေးကို ဆောင်းကာ...ခါးအထိရှည်တဲ့ ဆံနွယ်တွေက ပုဝါပါးလေးတွေအောက်မှာ ကျော့ရှင်းလို့နေပါသည်။

ဖြူဥနေတဲ့ အသားအရေလေးတွေဟာ အထိရက်မကိုင်ရက်လောက်အောင် နူးနူးညံ့ညံ့လေးပါပင်... အပြင်ထွက်ရမည်ကို ပျော်နေတဲ့ အကောင်ပေါက်လေးဟာ အရှေ့ကနေ ပြေးမတပ် လမ်းလျှောက်နေသည်

လမ်းရှိ အစေခံများ ကုန်းကုန်း များက မင်းကြီးအား နှုတ်ဆက်ကျသော်လဲ... မင်းကြီး၏ မနှောက်ယှက်နဲ့ဟု ဆိုသော လက်အမှုအရာကြောင့် တစ်ယောက်မှပင် အသံမထွက်လာပါ...

အရှေ့ကနေ လှုပ်စိလှုပ်စိ နဲ့ ပိုးကောင်လေး လမ်းမြန်မြန်လျှောက်နေဟန် တူတဲ့ ထိုကောင်လေးကို အနောက်ကနေ ကြည့် ရရင်နဲ့ကို အသည်းယားလို့ အကြိမ်ကြိမ်ပြုံးနေမိသည်

စတွေ့တဲ့ အချိန်ကစလို့ ယခုအချိန်ထိ ထိုကောင်လေးကြောင့် ပြုံးမိသည်က အကြိမ်ကြိမ်အခါခါပင် ပါပဲ။

"မင်းကြီး ဘယ်သွားမလို့လဲ...

"နန်းတော် အပြင်ကို

"ဟင်...အော် ကြင်ယာတော်ကိုအဖော်ပြုမလို့လား

အရှေ့က ကြင်ယာတော်ကို မြင်တော့ လုန်သယ်တစ်ယောက် မင်းကြီးအား စနောက်ပြန်သည်။

"အင်း... ကြင်ယာတော်က ဆောင်တော်မှာနေရတာ ငြီးငွေ့ တယ်ဆိုလို့...

"ဟားးဟားးးး လူပျိုသိုးကြီး ချစ်တတ်လာရင်ဘယ်သူမှ လိုက်မမှီတော့ဘူး...

"မင်း.... လုန်သယ် မြေအောက်ခန်းမှာအိပ်ခိင်လို့လား

"ဟားးဟားး မစတော့ပါဘူးကွာ .. ကြောက်ပါတယ်..

အနောက်က စကားပြောသံတွေကြောင့် ရှောင်ပိုင် အနောက်ကို လှည့်ကြည့်မိလိုက်တော့ ကျောခိုင်းသွားတဲ့ လူတစ်ဦးရယ် သူ့စီကို လမ်းလျှောက်လာတဲ့ ထိုလူရယ်... ဘာကိစ္စမှမရှိသည်မို့ လမ်းအတိုင်း သာ ဆက်သွားနေသည်...

မင်းကြီးကိုသာ လျောင်နေပေမယ့် မင်းကြီးအား လျောင်သည့် စကားလုံးများဟာလည်း လုန်သယ်အတွက် ဖြစ်လို့နေသည်

တစ်ကြိမ်တစ်ခါပဲ မြင်ဖူးခဲ့သည့် ထိုမိန်းကလေးကို ရူးရူးမူးမူး ဖြစ်နေသည်မှာ သူပင်လေ နာမည်လဲမသိရ မျိုးရိုးလဲ မသိရပဲ တစ်ကြမ်တစ်ခါလေးပဲ မြင်ဖူးခဲ့တဲ့ မိန်းကလေး တစ်ယောက်ကို နေ့တိုင်း နန်းတော်အနောက်ဘက်က ဝါးတောထဲမှာ စောင့်နေမိသည်

လျိုချင် ပြောသလို ထိုမိန်းကလေး လူမဟုတ်ဘူး ဆိုရင်တောင်...နောက်ထပ်တစ်ကြိမ်တစ်ခါတော့ မြင်ဖူးချင်ပါသေးတယ် နောက်ထပါတစ်ကြိမ် ထပ်မြင်ခွင့်ရအုံးမှာပါ ဆိုတဲ့ ခဲစားချက်တွေကြောင့်...ထိုဝါးတောလေးမှာ နေ့တိုင်း စောင့်နေမိသည်

ယက်လုပ် ချီထာ်တွေရမယ် အဆင့်မြှင့် ချီထည်တွေရမယ်

တုတ်ထိုး ချိုချဉ် လုံးတွေရမယ်

အသားပေါက်စီတွေရမယ် အရွတ်ပေါက်စီရမယ်

မက်မွန်းကိတ်တွေရမယ်

ယုန်အရုပ်လေးတွေရမယ် အစုံရမယ်

စျေးတန်းလေးထဲ ဝင်လာသည်နဲ့ စျေးသည်များစွာဟာ သူတို့ ပစ္စည်းများကို အော်ကာ ရောင်းကျသည်... အစားအသောက် များရသလို မုန့်တွေ အဝတ်အစားတွေ အရုပ်တွေ လက်ဝတ်ရတနာ စတဲ့ အရာများစွာ ကို ရှောင်ပိုင် လိုက်ငေးကြည့်နေမိသည်

"ပိုင်ပိုင် ....အဲ့ဒီရုပ်လေး လိုချင်တယ်

"ဟင် ဘယ်ဟာလဲ...

အဖြူရောင် ယက်လုပ် ယုန်အလုပ်လေးကို ထိုးပြကာ သူ့ဘေးက လူအား ဝယ်ပေးရန် တောင်းဆိုလာသော ရှောင်ပိုင်ရယ်ပါ

"ဒါလေးလား

"အင်း

"သူဌေး ဒါလေးပေးပါ

"သခင်လေးက အမျိုးသမီး အပေါ်အတော်လေး ချစ်ပုံရတယ် ငွေစ ၂၀ပဲ ကျသင့်ပါတယ်

ဆိုင်ရှင်၏ အမျိုးသမီး အပေါ် အတော်လေး ချစ်ပုံရတယ် ဟုသော် စကားကြောင့် ရှက်ကာမျက်နှာကြီး နီနေသာကတော့ မင်းကြီးသာ ...ရှောင်ပိုင်ကတော့ တစ်ခုဝယ်လို့ မပြီးသေးဘူး နောက်တစ်ဆိုင် ရောက်သွားလေသည်

ကလေးတစ်ယောက်ကို စျေးလိုက်လည်ပေးနေရသလိုပါပဲ လိုခိငါသမျှကို လက်ညိုးထိုးဝယ်ခိုင်းသည် အနောက်က မင်းကြီးကတော့ ထိုကောင်လေး ယူသွားသမျှ ပစ္စည်းတိုင်း အတွက် ငွေစတွေလိုက်ပေးရသည်...

ဝယ်ထားတဲ့ မုန့်ထုပ်တွေအကုန်ကလဲ မင်းကြီး၏ လက်ထဲတွင်အပြည့် ပင်

"သခင်လေး ကြိုးနီလက်ကောက်လေးတွေ ဝင်ကြည့်ပါအုံး

"ဒါက ဘာကြိုးလက်ကောက်လဲ ဆိုင်ရှင်

"အချစ်သက်သေ လို့ခေါ်ကျပြီး ဒါလေးကိုလူနှစ်ယောက်အတူတူ ဝတ်ထားရင် အဲ့ဒီလူ နှစ်ယောက်က ဘယ်တော့မှ မဝေးတော့ဘူးတဲ့

"ဟိတ်လူကြီး မြန်မြန်လာ.... လာ ဝတ်ပေးမယ်

"ဘာကြီးလဲ

လက်တွေမှာ အထုပ်တွေ ပြည့်နေတဲ့ မင်းကြီး၏ လက်ထဲင အထုပ်တွေကို ခဏဘေးချကာ မင်းကြီးလက်တစ်ဖက်ကိုယူကာ မင်းကြီး လက်ကောက်ဝတ်မှာ ဆိုင်ရှင် ပြတဲ့ ကြိုးနီလေးတစ်ခုကို ဝတ်ပေးလေသည်

"ဘာလို့ ဝတ်ပေးတာလဲ

"ဆိုင်ရှင်ကပြောတဲ့ ဒါကို လူနှစ်ယောက်အတူတူ ဝတ်ထားရင် အဲ့ဒီလူနှစ်ယောက်က ဘယ်တော့မှ မခွဲခွာရဘူးတဲ့

"မင်းက ကိုယ်နဲ့မခွဲချင်လို့လား

"အင်းပေါ့ ခင်ဗျားနဲ့ မခွဲခွာချင်ဘူး ဒီကြိုးနီလေးတွေ စီးထားရင် ခင်ဗျားက ပိုင်ပိုင်အနားမှာပဲ အမြဲရှိတော့မှာ

"မင်း ပျော်နေတာလား

"အင်း ပျော်တာပေါ့ ...ခင်ဗျားနဲ့ အတူတူအချိန်တွေကုန်ရတာ ပျော်တယ်

သူ့ရှေ့က လူကြီးနဲ့ အတူတူ အခုလိုမျိုး နေရတာ ရှောင်ပိုင် တကယ်ကို ပျော်ရွင်ရပါသည်...အခန်းထဲမှာပဲ နေနေရတာမို့ အတော်ပြင်းရသည်လေ ထိုလူကြီး သူ့အနားမှာရှိရင် စကားပြောဖော်လည်း ရသလို နေရတာလဲ ပျော်ပါသည်.... ဆိုင်ရှင်၏ အချစ်သက်သေ ဆိုတဲ့ စကားကို နားမလည်သော်လဲ ကြိုးနီလေးကိုဝတ်ထားရင် စက်ရောက်မယ့် အရာတွေကို သဘောကျတာမို့ သူ့လက်ကောက်ဝက်လေးတွင် တစ်ခု ဝတ်စင်ထားပြီး သူ့ရှေ့က လူကြီးအတွက် တစ်ခု ဝတ်ပေးလိုက်လေသည်

မင်းကြီးတစ်ယောက်မှာတော့ အလွန်အကျွံ ကို ရှောင်ပိုင်ရဲ့ စကားတွေမှာ မူးယစ် နေပါသည်... သူနဲ့ အတူရှိနေရင် ပျော်ရသည်ဟု ပြောလာတဲ့ ကောင်လေးကြောင့် ပြုံးမိသည် ထို စကားသံလေးကို အကြိမ်ကြိမ် ပြန်တွေး ပြီး အကြိမ်ကြိမ် ပြုံးနေသည်

လမ်းသွားရင်တောင် ဒီစကားသံလေးကိုပဲ အကြိမ်ကြိမ် ပြန်တွေးလိုက် ပြုံးလိုက် လက်ကောက်ဝက်လေး ကြိုးနီလေးကို ကြည့်လိုက်နဲ့ သူ့မှာ ပြုံးလို့ပင် မဆုံးနိုင်တော့ပါ...

သွားချင်ရာသွား ဝယ်ချင်ရာဝယ် လုပ်ချင်ရာလုပ်နေရတဲ့ ကောင်လေးကာမှု ပျော်ရွင်နေသည်မှာ အပြုံးပင်မရပ်တော့ပါ

ရယ်လိုက်ရင် ပါးချိုင့် သေးသေးလေးတွေ ပေါ်ထွက်လာတတ်သည် ချစ်စရာကောင်းလွန်းတဲ့ သွားလေးတွေ ပေါ်ထွက်လာသည်အထိ ရယ်မောလိုက်ရင်တော့ မျက်လုံးလေးတွေ ကျဥ်းသွားသည် ... ထိုရယ်မောနေပုံလေးတွေကို ကြည့်မိတဲ့ သူတိုင်း မှင်သက်မိပါသည်..

နှုတ်ခမ်းအောက်က မှဲ့နက်လေးဟာ ရယ်လိုက်ရင် ပိုထင်းကာလာသည်။

တစ်စုံတစ်ယောက်ဟာ သတိလွတ်သည်အထိ ထိုကောင်လေးကို ကြည့်ကာ ပြုံးနေမိသည်...

🎶တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း လှပနေတဲ့ လမင်းကြီးကို ကြည့်ကာ အရှင့်ရဲ့ ရင်ခုန်သံတွေကို နားထောင်ချင်မိပါတယ်🎶

🎶ရက်ရှည်ကြာကြီး နားစင်နေကျ ဗျပ်စောင်း တီးခပ်သံလေးဟာ အရှင့်ရဲ့ စကားသံတွေလောက်ပင် မသာယာပါ🎶

🎶ဘာကြောင့်များ ပြတင်းပေါက် အပြင်က လမင်းကြီးကို တစ်ယောက်ထဲကြည့်နေရပါသလဲ🎶

🎶မိုးဖွဲဖွဲလေးတွေ ရွာပြီး မြူနှင်းလေးတွေက တစ်ယောက်ယောက်ကို လွမ်းဆွေး စေတယ်🎶

Continue Reading

You'll Also Like

7.9K 293 27
the story of the youngest argent, who clearly isn't hunters and huntresses like the rest of her family, all because of that little crescent moon mark...
178K 12.4K 31
📌📌📌Mature on 🅢🅗🅞🅤 ရော 🅖🅞🅝🅖 ရောက 𝑨𝒔𝒔𝒐𝒉𝒐𝒍𝒆 𝑻𝒚𝒑𝒆ပါ။အပြောအဆိုကြမ်းတာ ရိုင်းစိုင်းတာ 𝑺𝒆𝒙 𝑺𝒆𝒏𝒄𝒆 တွေပါနိုင်ပါတယ်။ကိုယ့်အသိ ကိ...
37.8K 522 15
[Gabriel x Reader] -𝑪𝒉𝒂𝒓𝒂𝒄𝒕𝒆𝒓𝒔- .Alex-13 years old is an anti-social boy who has had PTSD ever since the death of his father. .Zhenzhen- 13...
9.2K 702 26
"𝐈'𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐥𝐞𝐚𝐯𝐞 𝐲𝐨𝐮! 𝐘𝐨𝐮'𝐫𝐞 𝐦𝐲 𝐫𝐞𝐯𝐞𝐧𝐠𝐞! 𝐎𝐧𝐥𝐲 𝐦𝐢𝐧𝐞! 𝐉𝐮𝐬𝐭 𝐬𝐮𝐟𝐟𝐞𝐫 𝐛*𝐭𝐜𝐡" Sinhala ff Mafia AU KTH B...