လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)

1K 127 1
By Kaiyou1111

Unicode

လေအေးတွေက ရှောင်ချန်း ရဲ့ခြေထောက်တွေအား အေးသွားစေသည်။

လခြမ်းကွေးက ကောင်းကင်ထက်တွင် တည်ရှိနေပြီး ဘာကြယ်မှရှိမနေပဲ စွန့်ပစ်ခံရပုံပေါ်နေသည်။

လမ်းကြားက အရမ်းကို ရှည်လျားပြီး ဘာလမ်းမီးရောင်မှ ရှိမနေပေ။ ဒီလိုအေးစက်သည့် ညအချိန်တွင် ပိုကြောက်စရာကောင်းနေတာက လမ်းအဆုံးကို မမြင်ရသလို လေက ဘယ်ကနေ တိုက်ခတ်နေမှန်း မသိတာကြောင့် ကြက်သီးမွှေးညှင်းများ ထ,စေသည်။

ရှောင်ချန်း ကသိပ်မဝေးလှသည့်နေရာမှ ခွေးဟောင်သံကိုတောင် ကြားလိုက်ရသည်။

ဒါက စိတ်ထင်တာလားဆိုတာ သူမသေချာပေမဲ့ တစ်စုံတစ်ခုက သူ့နောက်တွင် လိုက်နေသလိုမျိုး အမြဲတမ်း ခံစားနေရသည်။

ရှောင်ချန်း ကအကြိမ်ကြိမ် ရပ်ရပ်လိုက်ကာ အနောက်ဘက်ကို လှည့်ကြည့်ပြီး သူ့လက်ထဲမှ မီးဖွင့်ထားသည့် ဖုန်းအား တင်းကြပ်စွာ ကိုင်ထားရင်း တံတွေးမြိုချလိုက်ကာ ချွေးအေးတွေက သူ့နားထင်မှတဆင့် စီးကျလာခဲ့သည်။

ငါ အတွေးလွန်နေတာပဲ ဖြစ်ရမယ်။

သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

“ခရပ်” အသံတစ်ခု။

ရှောင်ချန်း ရဲ့ခန္ဓာကိုယ်က တုန်ရီသွားခဲ့ပြီး ထိတ်လန့်သွားခဲ့သည်။ သူ့ဖုန်းကို ကိုင်ထားပြီး အသံလာရာဘက်သို့ မီးရောင်ကို လှည့်လိုက်ကာ သန်မာဟန်ဆောင်ရင်း အော်လိုက်သည်။ “ဘယ်သူလဲ? အဲ့မှာဘယ်သူလဲ?”

ဘယ်သူမှ ပြန်မဖြေပေ။

ရှောင်ချန်း ကသူ့စိတ်ထဲမှ ဒီမဲမှောင်နေသည့် လမ်းက အရမ်းတိုတောင်းတာကြောင့် မထိတ်လန့်သင့်ကြောင်း ကျိန်ဆဲလိုက်သည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့အေးချမ်းမှုအား အရှိန်မြှင့်လိုက်ကာ ပြန်လှည့်မကြည့်မိစေဖို့ ကျိန်ဆိုလိုက်ရင်း အရှေ့ကို ဆက်လျှောက်လိုက်သည်။

သို့သော်လည်း သူခြေနှစ်လှမ်း လှမ်းပြီးသည်နှင့် သူ့နောက်မှ သူ့ခြေသံနဲ့ ထပ်တူကျလုနီးပါး ခြေသံတစ်ခုက ထွက်လာတာကို သူကြားလိုက်ရသည်။

အနောက်မှ ထွက်လာသည့် အသံက ထူးဆန်းနေသလို သတ္ထုနဲ့ နံရံနဲ့ပွတ်တိုက်သည့် အသံကလဲ တစ်မျိုးမျိုးကြောင့် ရင်းနှီးနေသည်။ သူသည်းထိပ်ရင်ဖို ဇာတ်လမ်းတွေ အကြည့်များသွားတာကြောင့်လားဆိုတာ သေချာမသိပေမဲ့ ဒီအသံက ဓားနဲ့ နံရံကို ပွတ်တိုက်နေသည့် အသံလို့ သူခံစားမိသည်။

ရှောင်ချန်း ကအသံကို ကြားလိုက်ပြီးနောက် သတိရှိစွာဖြင့် ရပ်တန့်လိုက်သည်။ သူရပ်လိုက်ချိန်မှာ အထူးဆန်းဆုံးက ထိုခြေသံတွေပါ ရပ်တန့်သွားတာပင်။

ရှောင်ချန်း ကချက်ချင်းပင် တောင့်တင်းသွားပြီး အလျင်အမြန် အဝေးကို လျှောက်သွားကာ သူ့နောက်မှ ခြေသံတွေကလဲ မြန်ဆန်လာခဲ့သည်။

ရှောင်ချန်း ရဲ့ခြေလှမ်းတွေက မြန်ဆန်လာပြီး သူ့နောက်မှ ခြေသံကလဲ သူနဲ့တူညီလှစွာ ထွက်ပေါ်နေပြီး သူ့လမ်းလျှောက်နှုန်းအတိုင်း ညီမျှနေကာ သူ့ခြေလှမ်းတိုင်း အရှိန်ပါ တူညီနေသည်။

ချွေးအေးတွေက သူ့နဖူးမှ စီးကျလာပြီး သူ့ဦးနှောက်က တွေးတောနိုင်ခြင်းမရှိတော့ပဲ တံတွေးကို မြိုချလိုက်ပြီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဝင်နေသလိုမျိုး အရူးလို ပြေးလိုက်သည်။ သူ့နောက်မှ အန္တရာယ်ရှိသည့် အသံက သူမြန်မြန်မပြေးရင် အစားခံရလိမ့်မယ်လို့ ထင်မိစေသည်။

ထိုအချိန် ကြောက်ဖို့အကောင်းဆုံးက မထင်မှတ်ပဲ ရှောင်ချန်း ဖုန်းကမြည်လာခဲ့သည်။ ဆန်းကြယ်လှသည့် ခံစားချက်နဲ့အတူ ဘာမှမရှိသည့် လမ်းကြားတွင် ဖုန်းသံက ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ရှောင်ချန်း ကပိုပြီးတော့တောင် ဆဲဆိုချင်သွားခဲ့သည်။ ထိုစိတ်အနှောက်အယှက်ဖြစ်စရာ လူကို သူမမြင်နိုင်သေးခင် ဖုန်းအသံကို ပိတ်ချလိုက်ကာ အရှေ့သို့ အလျင်အမြန် ပြေးသွားလိုက်သည်။

သူ့နောက်မှ လူကလဲ ပြေးလိုက်လာခဲ့သည်။

ရှောင်ချန်း ကခြေလှမ်းတိုင်းက သူ့နားကို ရောက်လာမှန်း ကြားနေရသည်။

Fuck!

Fuck!

ရှောင်ချန်း ကအရူးတစ်ယောက်လိုမျိုး သေရတော့မှာကြောင့် သူ့ဘိုးဘေးတွေကို မြင်ရတော့မယ်လို့ တွေးလိုက်မိသည်။ တစ်မိနစ်အတွင်း မနက်ဖြန်ရဲ့ နာမည်ကြီး ခေါင်းစည်းပိုင်းမှာ ပါနေတော့မယ်လို့တောင် တွေးလိုက်မိသည်။

“ကောလိပ်ကျောင်းသားလေးက ကျောင်းမှအပြန်လမ်းတွင် အသတ်ခံရပြီး သူ့ခန္ဓာကိုယ်ကတော့ လမ်းကြားတွင် အပစ်ခံရထားရခြင်း”

လမ်းကြားက သိပ်မရှည်ဘူးလို့ တွေးလိုက်ကာ ရှောင်ချန်း ကအလျင်အမြန်ပင် ပြန်လှည့်ဖို့ တွေးတောင်မတွေးပဲ ထွက်ပေါက်ဆီ ပြေးသွားလိုက်သည်။

လမ်းကြားမှ ထွက်လိုက်သည်နှင့် သူ့နောက်မှ ခြေလှမ်းတွေကလဲ ရပ်တန့်သွားကာ တစ်စုံတစ်ခု ကျိုးပဲ့သံက ထွက်ပေါ်လာခဲ့သည်။

ရှောင်ချန်း ကအများကြီး မတွေးရဲပဲ ဒီကြောက်စရာ နေရာကြီးအား ထားရစ်ခဲ့ဖို့သာ သူ့စိတ်ထဲတွင် တွေးနေခဲ့သည်။

ထို့နောက် ဒီလမ်းကြားမှ သူလျှောက်လာပြီး လူအုပ်ထဲသို့ ပြေးဝင်သွားချိန်တွင် သူ့ပထမဆုံး အတွေးကတော့ သူအလျင်လိုနေရုံဖြင့် ညလယ်ကြီးမှာ ဒီလိုကြောက်ဖို့ကောင်းတဲ့ လမ်းကြားကနေ တစ်ယောက်ထဲ ဘယ်တော့မှ မပြန်ဖို့သာ ကျိန်ဆိုလိုက်သည်။

ရှောင်ချန်း ကအသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်ပြီး ပတ်ဝန်းကျင်တွင် ဘာအန္တရာယ်မှ မရှိတော့တာ သေချာသွားပြီးနောက် သူ့ဖုန်းကိုမြှောက်လိုက်ပြီး ဖုန်းကောလ်အား စစ်ဆေးလိုက်သည်။

သေလိုက်၊ ဘယ်အရူးကောင်က သူ့ကို ခေါ်တာလဲ?

စခရင်မှ နာမည်ကို ကြည့်လိုက်ပြီး ရှောင်ချန်း ကမျက်လုံးကို လှည့်လိုက်သည်။

သေချာပေါက်ကို သူ့အခန်းဖော် အရူးကောင်ပင်။

မှောင်မဲနေသည့် ပတ်ဝန်းကျင်က အဆုံးမဲ့ဖြစ်နေပြီး မမြင်နိုင်သည့် လမ်းကြောင်းတွင် အန္တရာယ်တွေက အမြဲတမ်းရှိသည်။

လူသွေးသောက်သည့် ကြောက်စရာ တစ်စုံတစ်ခု ရှိနေသလိုမျိုး ခံစားလိုက်ရပြီးနောက် လေထုကတော့ ပြင်းထန်လှသည့် သွေးနံ့တွေနဲ့ ပြည့်နှက်လာခဲ့သည်။

အနက်ရောင်အရိပ်က သူ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး ဓားကိုင်ထားသည့် သန်မာတောင့်တင်းလှသည့် ယောင်္ကျားတစ်ယောက်က ဘမ်းခနဲမြည်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

အနက်ရောင်အရိပ်က မြေပြင်ပေါ်မှ ထိုယောင်္ကျားအား လုံးဝဂရုစိုက်ခြင်းမရှိပဲ ထွက်ပေါက်ဆီကိုသာ စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

သူဘာတွေးနေမှန်း ဘယ်သူမှ မသိနိုင်ပေမဲ့ သူ လှောင်ပြုံးပြုံးလိုက်တာကိုတော့ ခံစားမိစေသည်။

“ဟေး၊ ဒီမနက်မှာ ငါတို့ကျောင်းနဲ့ သိပ်မဝေးတဲ့ လီဂွမ်လမ်းမှ အလောင်းတစ်လောင်း တွေ့ခဲ့လို့ကြားခဲ့သေးလား?”

“ဟမ်? မကြားပါဘူး! ညဘက် ကျောင်းကပြန်ရင် ကျောင်းသားတွေက အဲ့လမ်းကနေ မပြန်ကြဘူးမလား? အဲ့ဒါက ငါတို့ကျောင်းက ကျောင်းသားလား!?”

“မဟုတ်ဘူး၊ မဟုတ်ဘူး! ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?! သက်လတ်ပိုင်း ယောင်္ကျားတစ်ယောက်ပဲ!”

“ဟမ်! ဘုရားရေ! ကြောက်စရာကြီး!”

ရှောင်ချန်း ကသူ့နားကိုစွင့်လိုက်ပြီး သူ့ဘေးမှ လူအုပ်ရဲ့ စကားအား နားစိုက်‌ထောင်နေခဲ့သည်။ သူက လီဂွမ်လမ်းလို့ ကြားလိုက်ချိန်တွင် သူ့မျက်နှာက ချက်ချင်းကို ဖြူဖျော့သွားပြီး သူ့မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့သည်။

သူ့အခန်းဖော် ကျန်းဟွေ့ ကစတိုးဆိုင်မှ ရေဗူးတချို့ကို ဝယ်ပြီး ပြန်လာကာ ရှောင်ချန်း ရဲ့စားပွဲပေါ်တွင် တင်လိုက်တာကြောင့် ရှောင်ချန်း ကလန့်သွားပြီး စားပွဲမှ ချက်ချင်း ထ,ရပ်လိုက်ကာ စားပွဲနဲ့ထိုင်ခုံမှ ကျယ်လောင်သော မြည်သံက ထွက်ပေါ်လာခဲ့သည်။ လူတိုင်းက အူကြောင်ကြောင် အမူအရာဖြင့် ကြည့်လာကြသည်။

ကျန်းဟွေ့ ကပိုလန့်သွားခဲ့သည်။ ရှောင်ချန်း ကဒီလိုမျိုး တုန့်ပြန်လာမယ်လို့ သူထင်မထားခဲ့ပေ။ သူက ရုတ်ချည်း ထ,ရပ်လိုက်ပြီး သူ့ခေါင်းကိုတောင် ဆောင့်မိတော့မလို ဖြစ်သွားတာကြောင့် ခြေလှမ်းဆုတ်လိုက်ရင်း ဖင်ထိုင်လျက် လဲကျသွားခဲ့သည်။ တော်သေးတာက သူကြမ်းပြင်ပေါ်သို့ ကျမသွားခြင်းပင်။

“...”

“...”

ရှောင်ချန်း ကအသိစိတ် ပြန်ဝင်သွားကာ ရှက်ရွံ့စွာဖြင့် သူ့ခုံတွင် ပြန်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်မှ လူတွေကလဲ ပြန်လှည့်သွားပြီး သူတို့လုပ်စရာကိစ္စများကို ပြန်လုပ်နေကြသည်။

သို့သော် ထိုအကြောင်းကြောင့် ရှောင်ချန်း ရဲ့မျက်နှာက အဆင်မပြေတုန်းပင်။

ကျန်းဟွေ့ ကသူ့စိတ်ထဲတွင် တစ်ခုခု ဖြစ်နေကြောင်းကို တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တာကြောင့် သူ့လက်မောင်းအား သူ့တံတောင်ဖြင့် တို့လိုက်ပြီး သူ့ခေါင်းကို အနားပိုတိုးကပ်သွားကာ “ဘာဖြစ်လို့လဲ? အစ်ကိုကြီး၊ ဘယ်လိုလုပ်ပြီး မင်းပုံစံက အရမ်းဆိုးရွားနေရတာလဲ? သရဲတွေ့လိုက်လို့လား? ဟဟဟား”

ကျန်းဟွေ့ ကတခြားဘာကိုမှ မရည်ရွယ်ပဲ ‌ရှောင်ချန်း ကိုစ,ဖို့သာ လုပ်လိုက်တာကြောင့် သူက ပိုပြီးတော့ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။ မထင်မှတ်ပဲ သူ့အသံထွက်လာသည်နှင့် ရှောင်ချန်း ရဲ့အမူအရာက ပိုဆိုးရွားသွားပြီး ကျန်းဟွေ့ ကတစ်ခုခု မှားနေမှန်း နားလည်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဘာဖြစ်လို့လဲ?”

ရှောင်ချန်း ကမဖြေနိုင်ခင် သူ့ဘေးတွင် အတင်းပြောနေကြသည့် မိန်းကလေး အုပ်စုက အရမ်းကို တိုက်ဆိုင်လွန်းသည့် အကြောင်းကို ဆက်ပြောလိုက်သည်။

“အဲ့ဒါက ဓားတစ်ချောင်းလို့ ငါကြားခဲ့တာ။ အဲ့ နေရာမှာ ကျကျန်နေတယ်လို့ပြောတယ်?”

“မဟုတ်ပါဘူး၊ ငါကြားတာတော့ သူ့သွေးတွေက တစ်စက်မှ မကျန်တော့တဲ့အထိ အစုပ်ခံလိုက်ရတာတဲ့!”

“ဟမ်! ဘာပဲဖြစ်ဖြစ်! ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျရင် အဲ့လီ‌ဂွေ့လမ်းကို ဘယ်သူ့မှ သွားရဲမှာ မဟုတ်တော့ဘူး”

ကျန်းဟွေ့ ကစကားဝိုင်းကို နားထောင်နေရင်း သူက ဖြစ်ပျက်နေတာကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ သူက ချက်ချင်းပင် မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်ကို ဖွင့်လိုက်ကာ ရှောင်ချန်း ရဲ့လက်မောင်းအား လက်နှစ်ဖက်လုံးနဲ့ ဖမ်းဆွဲလိုက်ပြီး ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ “မင်း မနေ့တုန်းက လီဂွေ့လမ်းကနေ ဖြတ်ပြန်လာတယ်လို့ ငါ့ကို ပြောခဲ့တာမလား? နောက်ပြီး ညတုန်းက လန့်နေတဲ့ ကြောင်လေးလို ဖြစ်နေလို့ ငါမင်းကိုတောင် ရယ်လိုက်သေးတယ်လေ!”

ရှောင်ချန်း ကမတည်ငြိမ်စွာဖြင့် ပြုံးလိုက်ပေမဲ့ သူ့ရယ်ပုံက ငိုတာထက်တောင် ပိုရုပ်ဆိုးနေပြီး ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်၊ မှန်တယ်”

ကျန်းဟွေ့ ကချက်ချင်းကို တိတ်ဆိတ်သွားခဲ့ပြီး ဘာစကားမှ ဆက်မပြောရဲတော့ပေ။

ခုနက ရှောင်ချန်း အရမ်းလန့်သွားတာ အံ့ဩစရာမဟုတ်တော့ပေ။ အဲ့နေရာမှာ သူသာဆိုရင် သေလောက်အောင် ကြောက်သွားမှာ။

ကံကောင်းတာက ဘာမှမဖြစ်ခဲ့တာပဲ။

ကျန်းဟွေ့ က ရှောင်ချန်း ရဲ့ကျောအား သူ့လက်တွေနဲ့ ပုတ်ပေးလိုက်ပြီး နှစ်သိမ့်လိုက်သည်။ “အဆင်ပြေပါတယ်၊ ဒါတွေက ပြီးသွားပြီပဲ၊ အရမ်းတွေးမနေပါနဲ့”

ထိုစကားအား ပြောပြီးသည်နှင့် ကျန်းဟွေ့ ကကြက်သီးထ,သွားတာကြောင့် တုန်ရီသွားပြီး ရှောင်ချန်း ကိုယ်ပေါ်မှ သူ့လက်တွေက ပြုတ်ကျသွားကာ သူ့လည်ပင်းအနောက်ဘက်ကို ပြန်ထိလိုက်သည်။

ကြက်သီးထ,တာက သူ့ခေါင်းအနောက်တွင် လူတစ်ယောက်က ဓားတစ်ချောင်းကိုင်ကာ ထောက်ထားသလိုမျိုးပင်။

ထူးဆန်းစွာဖြင့် သူ့လက်ကို ဖယ်လိုက်သည်နှင့် ကြက်သီးထ,နေတာက ချက်ချင်းကို ပျောက်သွားခဲ့သည်။

သို့သော် ကျန်းဟွေ့ ကဒီကိစ္စအား စိတ်ထဲမထားခဲ့ပေ။

“ဟေး၊ ညီအစ်ကို၊ သရဲခေါ်တဲ့ ကစားနည်းကို ကစားချင်လား?”

“ဟမ်”

“ဒါကို မကြားဖူးဘူးလား? မင်းရဲ့သံသယတွေကို အဖြေပေးဖို့ သရဲတွေကို အကူအညီတောင်းပြီး မေးရုံပဲလေ”

“ဟားဟား၊ ဒီကမ္ဘာမှာ ဘယ်လိုလုပ်ပြီး သရဲရှိမှာလဲ? ဘာပဲဖြစ်ဖြစ် ငါပါဖို့ကို အရမ်းပျင်းလွန်းတယ်”

“ငါကောပဲ! ငါကောပဲ!”

ထိုအချိန်တွင် အခန်း ၄၀၄ မှကောင်လေးတွေ အားလုံးက ဂိမ်းကစားနေကြပြီး သူ့အတွေးတွေထဲ လမ်းပျောက်နေသည့် ရှောင်ချန်း နဲ့သူ့ဘေးတွင် ရှိနေသည့် ကျန်းဟွေ့ တို့ကတော့ မပါဝင်ကြပေ။

ရှောင်ချန်း ကသက်ပြင်းချလိုက်ပြီး လူအုပ်ကြီးကို လှမ်းကြည့်လိုက်ကာ ထ,ရပ်လိုက်ကာ လေးလံနေသည့် စိတ်တွေနဲ့အတူ သူ့အိပ်ရာပေါ်သို့ တက်လိုက်သည်။ သူ့အိပ်ရာက အပေါ်ဘက်တွင်ဖြစ်ပြီး ကန့်လန့်ကာပါ ရှိသည်။ ကန့်လန့်ကာကို ဆွဲလိုက်ပြီးနောက် သူက အိပ်ရာပေါ် လှဲချလိုက်ပြီး ထိုအကြောင်းအား ဆက်တွေးလိုက်သည်။ အိပ်ရာပေါ်တွင် သူတစ်ယောက်ထဲသာ ကန့်လန့်ကာ ကာပြီး လှဲနေသူဖြစ်ပြီး ကျောင်းစတက်တုန်းက ထိုလူတွေက သူ့အား မိန်းမဆန်တယ်ဆိုပြီး လှောင်ရယ်ခဲ့ကြသည်။

ကျန်းဟွေ့ ကအိပ်ရာပေါ် ရောက်နေပြီးဖြစ်သည့် ရှောင်ချန်း ကိုကြည့်လိုက်ပြီး အရမ်းပျင်းနေတာကြောင့် သရဲခေါ်ကစားနည်းဆီ ဝင်ပေါင်းလိုက်သည်။ သူက ကစားဖို့ မရည်ရွယ်ခဲ့ပေမဲ့ သူတို့ လုပ်ထားသည့် အစီစဉ်တွေကို မြင်ချင်ရုံသာ တွေးခဲ့တာဖြစ်သည်။

ကောင်လေးတွေက မီးတွေကို ပိတ်လိုက်ပြီး စက်ဝိုင်းအတွင်းတွင် ဖယောင်းတိုင်ကို နေရာချလိုက်သည်။ သူတို့က ဖယောင်းတိုင်အား အလယ်တွင်ထားပြီး ထိုင်နေခဲ့ကြသည်။ ဘောပင်တစ်ချောင်းနဲ့ စာအုပ်တစ်အုပ်က ကြမ်းပြင်ပေါ်တွင် ရှိနေသည်။

ကျိုးခိယု ကသရဲခေါ်ကစားနည်းကို ကစားဖို့ စတင်အကြံပေးသူဖြစ်ပြီး အဆောင်အခန်းထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။ သူက ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို အသိအမှတ်ပြုတာကြောင့် ဒီအချိန်တွင်လဲ လက်ခံပေးခဲ့သည်။

သူက သရဲခေါ်နည်းလမ်းတွေကို စစ်ဆေးခဲ့ပုံပေါ်ကာ အရမ်းကို ကျွမ်းကျင်နေပြီး အလျင်အမြန်ပင် ပြောလိုက်သည်။ “ဟုတ်တယ်၊ မှန်တယ်၊ မှန်တယ်၊ တစ်ချိန်တည်း ဒီဘောပင်ကို ကိုင်ထားရအောင်၊ နေရာချလိုက်၊ ငါ မင်းတို့ကို မန္တာန်တစ်ခု ပြောလိုက်မယ်၊ မင်းတို့က အနောက်ကနေ လိုက်ပြောကြ၊ ကြားလား?”

လူတိုင်းက သူတို့နားလည်ကြောင်း ပြောလိုက်ပြီး ကျိုးခိယု ကစိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “မန္တာန်က ဘမ်ရှင်းဆဘ၊ ဘမ်ရှင်းဆဘ၊ ကျွနိုပ်က သင့်ရဲ့အရင်ဘဝကပဲ၊ သင်က ကျွနိုပ်ရဲ့အတိတ်ဘဝ။ ဒီခေါ်သံကို သင်သာ ကြားခဲ့ရင် စာရွက်ပေါ်မှာ စက်ဝိုင်းကို ဆွဲလိုက်ပါ!”

လေထုက နည်းနည်းလေး ကြောက်ဖို့ကောင်းနေပေမဲ့ လူတိုင်းရဲ့မျက်နှာက ဖယောင်းတိုင် မီးရောင်ကြောင့် သူတို့မျက်နှာ တစ်ဝက်က အမှောင်ထုအုပ်သွားလိုက် လင်းသွားလိုက်နဲ့ ဖြစ်နေခဲ့သည်။ ဒါက ကြောက်ဖို့ကောင်းတာကြောင့် အဆောင်အခန်းထဲမှ ကြောက်တက်သည့် ဝမ်ဂျဟောင် ကဒီကစားနည်းကို ရပ်လိုက်စေချင်ခဲ့သည်။

ရုတ်တရပ် အရမ်းကို တင်းမာနေသည့် လုထုကြားတွင် သူက စကားထ,ပြောလိုက်ပြီး ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။ “အင်း၊ ငါ ဆက်မကစားချင်တော့ဘူး၊ ငါထွက်လို့ရလား?”

ကျိုးခိယု ကချက်ချင်းပင် အော်လိုက်သည်။ “မင်းက အရူးပဲ၊ အစထဲက ဘာလို့ပါသေးလဲ? ငါတို့ စပြီးတော့မှတော့ ပြန်ထွက်လို့ မရတော့ဘူး၊ မင်းက ယောင်္ကျားကော ဟုတ်ရဲ့လား?”

ဘယ်သူကမှ စကားထပ်မပြောရဲတော့ပဲ သူတို့က ဆက်မကစားချင်တော့ရင်တောင် စကားထ,မပြောရဲတော့ပေ။

“ဟူး”

လူတိုင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူတို့နှလုံးခုန်သံက မြန်ဆန်လာပြီး ပတ်ဝန်းကျင်က ကြောက်ဖို့ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။

အိပ်ရာပေါ်တွင် လှဲနေသည့် ရှောင်ချန်း ကအိပ်မပျော်တာကြောင့် လှိမ့်လိုက်သည်။

သူ့ဦးနှောက် တစ်ခုလုံးက နေ့အချိန်က မိန်းကလေးတွေ ပြောခဲ့ကြသည့် စကားတွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ ထိုအကြောင်းကိုပဲ သူတွေးနေမိကာ ပိုပြီးတော့ စိတ်ရှုပ်ထွေးလာခဲ့သည်။

ဒါက ဆောင်းဦးပိုင်း ဖြစ်တာကြောင့်လား မသိပေမဲ့ သူ့ခြေရင်းမှ နည်းနည်းအေးလာတာကို ခံစားမိလိုက်သည်။

သူ့ခြေထောက်မှ အေးစက်မှုကို ခံစားလိုက်ရပြီးနောက် သူ့ခြေသလုံးဆီ ရောက်လာပြီးနောက် တဖြည်းဖြည်းနဲ့ အပေါ်ကို တက်လာခဲ့သည်။

ရှောင်ချန်း ကသူ့ခန္ဓာကိုယ်အား အေးစက်သည့် တစ်စုံတစ်ခုဆီမှ ထိတွေ့ခံနေရသလိုမျိုး ဖြစ်သွားပြီး တုန်တက်သွားခဲ့သည်။

သူက ထ,ထိုင်လိုက်ပြီး အလျင်အမြန်ပင် သူ့ခန္ဓာကိုယ်အား စောင်နဲ့အုပ်လိုက်ပြီးနောက် ပြန်လှဲချလိုက်ပေမဲ့ သူ့လှုပ်ရှားမှုတွေက အရမ်းကို ပေါ့ပါးနေပြီး အိပ်ရာအောက်တွင် သရဲခေါ်ကစားနည်းကို ကစားနေကြသည့် လူအုပ်ကြောင့် အနှောက်အယှက်ဖြစ်ပုံ မပေါ်ပေ။

သူက ဘေးဘက်ကို အနည်းငယ် မှီလိုက်ပြီး နံရံကို မျက်နှာချင်းဆိုင်ကာ အာရုံစူးစိုက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်မှ လမ်းမီးတိုင်မှ အလင်းရောင်က တောက်ပနေပြီး ရှောင်ချန်း ရဲ့အိပ်ရာဆီ တိုးဝင်နေကာ နံရံတွင် ရောင်ပြန်ဟပ်နေခဲ့သည်။ နံရံပေါ်တွင် ရှောင်ချန်း ရဲ့အရိပ်က ပုံထင်နေခဲ့သည်။

ရှောင်ချန်း ကမျက်တောင်မခတ်ပဲ သူ့အရိပ်ကို စိုက်ကြည့်နေပြီး အချိန်ခနကြာပြီးနောက် ပင်ပန်းမှုတွေက သူ့ခေါင်းဆီ တိုးဝင်လာပြီးနောက် သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။

သူအိပ်ပျော်သွားခဲ့သည်။

သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီးနောက် နံရံပေါ်ရှိ ရှောင်ချန်း ရဲ့အရိပ်က သတိပေးခြင်းမရှိပဲ လှုပ်ရှားသွားကာ ထ,ထိုင်လိုက်သည်။

ထိုအရိပ်က ထပ်ကြည့်လိုက်ပြီး လှည့်လိုက်ကာ ရှောင်ချန်း ရဲ့အရိပ်ကတော့ ဘာမှပုံမှန် မဟုတ်သည့် အရာမဖြစ်ခဲ့သလိုမျိုး နံရံပေါ်တွင် တိတ်ဆိတ်စွာဖြင့်သာ တည်ရှိနေသည်။

သို့သော် နံရံပေါ်ရှိ အရိပ်တွေက နှစ်ခုခွဲထွက်သွားခဲ့သည်။

ခွဲထွက်သွားသည့် အရိပ်က သိသိသာသာကို ရှောင်ချန်း ရဲ့အရိပ်ထက် ပိုကြီးမားပြီး ပိုသန်မာပုံရကာ မျက်နှာအသွင်အပြင်တောင် ကွာခြားနေပုံပေါ်နေသည်။

အရိပ်က သူ့ခေါင်းကို လှည့်လိုက်ပြီး ပြုံးလိုက်သလိုမျိုး သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး သူ့ခေါင်းကို ထပ်စောင်းလိုက်ပြီးနောက် ရှောင်ချန်း လှဲနေသည့် နေရာကို ကြည့်လိုက်သည်။

နှုတ်ခမ်းထောင့်လိုင်းတွေက ပိုပြီးကွေးသွားခဲ့သည်။

ဟီးဟီး၊ အနံ့လေးက အရမ်းကောင်းတာပဲ။

ထိုအရိပ်က အချိန်ဘယ်လောက်ကြာအောင် ထိုင်နေခဲ့ပြီး သူ့အား ကြည့်နေခဲ့လဲဆိုတာကို ဘယ်သူမှ မသိကြပေ။ နောက်ဆုံးတော့ ထိုအရိပ်က တိတ်ဆိတ်စွာနဲ့ ထပ်လှဲချလိုက်ပြီး ဖြည်းညှင်းစွာဖြင့်...

ရှောင်ချန်း ရဲ့အရိပ်ထဲ တိုးဝင်သွားခဲ့သည်။

တစ်ချိန်တည်းတွင် ကောင်လေးတွေက စိတ်လှုပ်ရှားနေကြသည်။

သူတို့အားလုံးက ကြမ်းပြင်ပေါ်ရှိ စာရွက်ပါးလေးအား စိုက်ကြည့်နေကြပြီး လူလေးယောက်က သူတို့လက်ထဲတွင် ဘောပင်တွေကို ကိုင်ထားခဲ့ကြသည်။

တချို့အကြောင်းကြောင်းကြောင့် အခန်းထဲတွင် လေတိုက်နေတာ ရှိမနေပေမဲ့ ဖယောင်းတိုင်မီးကတော့ ဘေးတစ်ဖက် တစ်ချက်စီသို့ လှုပ်ရှားနေခဲ့သည်။

တောက်ပသည့် ဖယောင်းတိုင် မီးအောက်တွင် လူလေးယောက်ရဲ့ ပုံရိပ်တွေက စာရွက်ရဲ့ မျက်နှာပြင်ပေါ်တွင် ပေါ်နေပြီး သူတို့အားလုံးက ပြီးပြည့်စုံစွာဖြင့် မျက်နှာချင်းဆိုင် ဖြစ်နေခဲ့သည်။

နောက်ဆုံးတော့ ကောင်လေးတွေရဲ့ မျက်လုံးအောက်မှ

ဘောပင်က!

ရွေ့သွားခဲ့တယ်!!

1.4.2023 (Sat)
^^^^^^^^^^^

Zawgyi

ေလေအးေတြက ေရွာင္ခ်န္း ရဲ႕ေျခေထာက္ေတြအား ေအးသြားေစသည္။

လျခမ္းေကြးက ေကာင္းကင္ထက္တြင္ တည္ရွိေနၿပီး ဘာၾကယ္မွရွိမေနပဲ စြန႔္ပစ္ခံရပုံေပၚေနသည္။

လမ္းၾကားက အရမ္းကို ရွည္လ်ားၿပီး ဘာလမ္းမီးေရာင္မွ ရွိမေနေပ။ ဒီလိုေအးစက္သည့္ ညအခ်ိန္တြင္ ပိုေၾကာက္စရာေကာင္းေနတာက လမ္းအဆုံးကို မျမင္ရသလို ေလက ဘယ္ကေန တိုက္ခတ္ေနမွန္း မသိတာေၾကာင့္ ၾကက္သီးေမႊးညႇင္းမ်ား ထ,ေစသည္။

ေရွာင္ခ်န္း ကသိပ္မေဝးလွသည့္ေနရာမွ ေခြးေဟာင္သံကိုေတာင္ ၾကားလိုက္ရသည္။

ဒါက စိတ္ထင္တာလားဆိုတာ သူမေသခ်ာေပမဲ့ တစ္စုံတစ္ခုက သူ႔ေနာက္တြင္ လိုက္ေနသလိုမ်ိဳး အၿမဲတမ္း ခံစားေနရသည္။

ေရွာင္ခ်န္း ကအႀကိမ္ႀကိမ္ ရပ္ရပ္လိုက္ကာ အေနာက္ဘက္ကို လွည့္ၾကည့္ၿပီး သူ႔လက္ထဲမွ မီးဖြင့္ထားသည့္ ဖုန္းအား တင္းၾကပ္စြာ ကိုင္ထားရင္း တံေတြးၿမိဳခ်လိုက္ကာ ေခြၽးေအးေတြက သူ႔နားထင္မွတဆင့္ စီးက်လာခဲ့သည္။

ငါ အေတြးလြန္ေနတာပဲ ျဖစ္ရမယ္။

သူ႔ကိုယ္သူ ႏွစ္သိမ့္လိုက္သည္။

“ခရပ္” အသံတစ္ခု။

ေရွာင္ခ်န္း ရဲ႕ခႏၶာကိုယ္က တုန္ရီသြားခဲ့ၿပီး ထိတ္လန႔္သြားခဲ့သည္။ သူ႔ဖုန္းကို ကိုင္ထားၿပီး အသံလာရာဘက္သို႔ မီးေရာင္ကို လွည့္လိုက္ကာ သန္မာဟန္ေဆာင္ရင္း ေအာ္လိုက္သည္။ “ဘယ္သူလဲ? အဲ့မွာဘယ္သူလဲ?”

ဘယ္သူမွ ျပန္မေျဖေပ။

ေရွာင္ခ်န္း ကသူ႔စိတ္ထဲမွ ဒီမဲေမွာင္ေနသည့္ လမ္းက အရမ္းတိုေတာင္းတာေၾကာင့္ မထိတ္လန႔္သင့္ေၾကာင္း က်ိန္ဆဲလိုက္သည္။

အသက္ျပင္းျပင္း ရႉသြင္းလိုက္ၿပီး သူ႔ေအးခ်မ္းမႈအား အရွိန္ျမႇင့္လိုက္ကာ ျပန္လွည့္မၾကည့္မိေစဖို႔ က်ိန္ဆိုလိုက္ရင္း အေရွ႕ကို ဆက္ေလွ်ာက္လိုက္သည္။

သို႔ေသာ္လည္း သူေျခႏွစ္လွမ္း လွမ္းၿပီးသည္ႏွင့္ သူ႔ေနာက္မွ သူ႔ေျခသံနဲ႔ ထပ္တူက်လုနီးပါး ေျခသံတစ္ခုက ထြက္လာတာကို သူၾကားလိုက္ရသည္။

အေနာက္မွ ထြက္လာသည့္ အသံက ထူးဆန္းေနသလို သတၳဳနဲ႔ နံရံနဲ႔ပြတ္တိုက္သည့္ အသံကလဲ တစ္မ်ိဳးမ်ိဳးေၾကာင့္ ရင္းႏွီးေနသည္။ သူသည္းထိပ္ရင္ဖို ဇာတ္လမ္းေတြ အၾကည့္မ်ားသြားတာေၾကာင့္လားဆိုတာ ေသခ်ာမသိေပမဲ့ ဒီအသံက ဓားနဲ႔ နံရံကို ပြတ္တိုက္ေနသည့္ အသံလို႔ သူခံစားမိသည္။

ေရွာင္ခ်န္း ကအသံကို ၾကားလိုက္ၿပီးေနာက္ သတိရွိစြာျဖင့္ ရပ္တန႔္လိုက္သည္။ သူရပ္လိုက္ခ်ိန္မွာ အထူးဆန္းဆုံးက ထိုေျခသံေတြပါ ရပ္တန႔္သြားတာပင္။

ေရွာင္ခ်န္း ကခ်က္ခ်င္းပင္ ေတာင့္တင္းသြားၿပီး အလ်င္အျမန္ အေဝးကို ေလွ်ာက္သြားကာ သူ႔ေနာက္မွ ေျခသံေတြကလဲ ျမန္ဆန္လာခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ေျခလွမ္းေတြက ျမန္ဆန္လာၿပီး သူ႔ေနာက္မွ ေျခသံကလဲ သူနဲ႔တူညီလွစြာ ထြက္ေပၚေနၿပီး သူ႔လမ္းေလွ်ာက္ႏႈန္းအတိုင္း ညီမွ်ေနကာ သူ႔ေျခလွမ္းတိုင္း အရွိန္ပါ တူညီေနသည္။

ေခြၽးေအးေတြက သူ႔နဖူးမွ စီးက်လာၿပီး သူ႔ဦးေႏွာက္က ေတြးေတာႏိုင္ျခင္းမရွိေတာ့ပဲ တံေတြးကို ၿမိဳခ်လိုက္ၿပီး မီတာ ၁၀၀ အေျပးၿပိဳင္ပြဲ ဝင္ေနသလိုမ်ိဳး အ႐ူးလို ေျပးလိုက္သည္။ သူ႔ေနာက္မွ အႏၲရာယ္ရွိသည့္ အသံက သူျမန္ျမန္မေျပးရင္ အစားခံရလိမ့္မယ္လို႔ ထင္မိေစသည္။

ထိုအခ်ိန္ ေၾကာက္ဖို႔အေကာင္းဆုံးက မထင္မွတ္ပဲ ေရွာင္ခ်န္း ဖုန္းကျမည္လာခဲ့သည္။ ဆန္းၾကယ္လွသည့္ ခံစားခ်က္နဲ႔အတူ ဘာမွမရွိသည့္ လမ္းၾကားတြင္ ဖုန္းသံက ႐ုတ္ခ်ည္းထြက္ေပၚလာခဲ့သည္။

ေရွာင္ခ်န္း ကပိုၿပီးေတာ့ေတာင္ ဆဲဆိုခ်င္သြားခဲ့သည္။ ထိုစိတ္အေႏွာက္အယွက္ျဖစ္စရာ လူကို သူမျမင္ႏိုင္ေသးခင္ ဖုန္းအသံကို ပိတ္ခ်လိုက္ကာ အေရွ႕သို႔ အလ်င္အျမန္ ေျပးသြားလိုက္သည္။

သူ႔ေနာက္မွ လူကလဲ ေျပးလိုက္လာခဲ့သည္။

ေရွာင္ခ်န္း ကေျခလွမ္းတိုင္းက သူ႔နားကို ေရာက္လာမွန္း ၾကားေနရသည္။

Fuck!

Fuck!

ေရွာင္ခ်န္း ကအ႐ူးတစ္ေယာက္လိုမ်ိဳး ေသရေတာ့မွာေၾကာင့္ သူ႔ဘိုးေဘးေတြကို ျမင္ရေတာ့မယ္လို႔ ေတြးလိုက္မိသည္။ တစ္မိနစ္အတြင္း မနက္ျဖန္ရဲ႕ နာမည္ႀကီး ေခါင္းစည္းပိုင္းမွာ ပါေနေတာ့မယ္လို႔ေတာင္ ေတြးလိုက္မိသည္။

“ေကာလိပ္ေက်ာင္းသားေလးက ေက်ာင္းမွအျပန္လမ္းတြင္ အသတ္ခံရၿပီး သူ႔ခႏၶာကိုယ္ကေတာ့ လမ္းၾကားတြင္ အပစ္ခံရထားရျခင္း”

လမ္းၾကားက သိပ္မရွည္ဘူးလို႔ ေတြးလိုက္ကာ ေရွာင္ခ်န္း ကအလ်င္အျမန္ပင္ ျပန္လွည့္ဖို႔ ေတြးေတာင္မေတြးပဲ ထြက္ေပါက္ဆီ ေျပးသြားလိုက္သည္။

လမ္းၾကားမွ ထြက္လိုက္သည္ႏွင့္ သူ႔ေနာက္မွ ေျခလွမ္းေတြကလဲ ရပ္တန႔္သြားကာ တစ္စုံတစ္ခု က်ိဳးပဲ့သံက ထြက္ေပၚလာခဲ့သည္။

ေရွာင္ခ်န္း ကအမ်ားႀကီး မေတြးရဲပဲ ဒီေၾကာက္စရာ ေနရာႀကီးအား ထားရစ္ခဲ့ဖို႔သာ သူ႔စိတ္ထဲတြင္ ေတြးေနခဲ့သည္။

ထို႔ေနာက္ ဒီလမ္းၾကားမွ သူေလွ်ာက္လာၿပီး လူအုပ္ထဲသို႔ ေျပးဝင္သြားခ်ိန္တြင္ သူ႔ပထမဆုံး အေတြးကေတာ့ သူအလ်င္လိုေန႐ုံျဖင့္ ညလယ္ႀကီးမွာ ဒီလိုေၾကာက္ဖို႔ေကာင္းတဲ့ လမ္းၾကားကေန တစ္ေယာက္ထဲ ဘယ္ေတာ့မွ မျပန္ဖို႔သာ က်ိန္ဆိုလိုက္သည္။

ေရွာင္ခ်န္း ကအသက္ကို ျဖည္းညႇင္းစြာ ရႉသြင္းလိုက္ၿပီး ပတ္ဝန္းက်င္တြင္ ဘာအႏၲရာယ္မွ မရွိေတာ့တာ ေသခ်ာသြားၿပီးေနာက္ သူ႔ဖုန္းကိုေျမႇာက္လိုက္ၿပီး ဖုန္းေကာလ္အား စစ္ေဆးလိုက္သည္။

ေသလိုက္၊ ဘယ္အ႐ူးေကာင္က သူ႔ကို ေခၚတာလဲ?

စခရင္မွ နာမည္ကို ၾကည့္လိုက္ၿပီး ေရွာင္ခ်န္း ကမ်က္လုံးကို လွည့္လိုက္သည္။

ေသခ်ာေပါက္ကို သူ႔အခန္းေဖာ္ အ႐ူးေကာင္ပင္။

ေမွာင္မဲေနသည့္ ပတ္ဝန္းက်င္က အဆုံးမဲ့ျဖစ္ေနၿပီး မျမင္ႏိုင္သည့္ လမ္းေၾကာင္းတြင္ အႏၲရာယ္ေတြက အၿမဲတမ္းရွိသည္။

လူေသြးေသာက္သည့္ ေၾကာက္စရာ တစ္စုံတစ္ခု ရွိေနသလိုမ်ိဳး ခံစားလိုက္ရၿပီးေနာက္ ေလထုကေတာ့ ျပင္းထန္လွသည့္ ေသြးနံ႔ေတြနဲ႔ ျပည့္ႏွက္လာခဲ့သည္။

အနက္ေရာင္အရိပ္က သူ႔လက္ေတြကို ဆန႔္ထုတ္လိုက္ၿပီး ဓားကိုင္ထားသည့္ သန္မာေတာင့္တင္းလွသည့္ ေယာက်ၤားတစ္ေယာက္က ဘမ္းခနဲျမည္ကာ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားခဲ့သည္။

အနက္ေရာင္အရိပ္က ေျမျပင္ေပၚမွ ထိုေယာက်ၤားအား လုံးဝဂ႐ုစိုက္ျခင္းမရွိပဲ ထြက္ေပါက္ဆီကိုသာ စူးစူးစိုက္စိုက္ ၾကည့္ေနခဲ့သည္။

သူဘာေတြးေနမွန္း ဘယ္သူမွ မသိႏိုင္ေပမဲ့ သူ ေလွာင္ၿပဳံးၿပဳံးလိုက္တာကိုေတာ့ ခံစားမိေစသည္။

“ေဟး၊ ဒီမနက္မွာ ငါတို႔ေက်ာင္းနဲ႔ သိပ္မေဝးတဲ့ လီဂြမ္လမ္းမွ အေလာင္းတစ္ေလာင္း ေတြ႕ခဲ့လို႔ၾကားခဲ့ေသးလား?”

“ဟမ္? မၾကားပါဘူး! ညဘက္ ေက်ာင္းကျပန္ရင္ ေက်ာင္းသားေတြက အဲ့လမ္းကေန မျပန္ၾကဘူးမလား? အဲ့ဒါက ငါတို႔ေက်ာင္းက ေက်ာင္းသားလား!?”

“မဟုတ္ဘူး၊ မဟုတ္ဘူး! ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ?! သက္လတ္ပိုင္း ေယာက်ၤားတစ္ေယာက္ပဲ!”

“ဟမ္! ဘုရားေရ! ေၾကာက္စရာႀကီး!”

ေရွာင္ခ်န္း ကသူ႔နားကိုစြင့္လိုက္ၿပီး သူ႔ေဘးမွ လူအုပ္ရဲ႕ စကားအား နားစိုက္‌ေထာင္ေနခဲ့သည္။ သူက လီဂြမ္လမ္းလို႔ ၾကားလိုက္ခ်ိန္တြင္ သူ႔မ်က္ႏွာက ခ်က္ခ်င္းကို ျဖဴေဖ်ာ့သြားၿပီး သူ႔မ်က္လုံးေတြက အနည္းငယ္ ျပဴးက်ယ္သြားခဲ့သည္။

သူ႔အခန္းေဖာ္ က်န္းေဟြ႕ ကစတိုးဆိုင္မွ ေရဗူးတခ်ိဳ႕ကို ဝယ္ၿပီး ျပန္လာကာ ေရွာင္ခ်န္း ရဲ႕စားပြဲေပၚတြင္ တင္လိုက္တာေၾကာင့္ ေရွာင္ခ်န္း ကလန႔္သြားၿပီး စားပြဲမွ ခ်က္ခ်င္း ထ,ရပ္လိုက္ကာ စားပြဲနဲ႔ထိုင္ခုံမွ က်ယ္ေလာင္ေသာ ျမည္သံက ထြက္ေပၚလာခဲ့သည္။ လူတိုင္းက အူေၾကာင္ေၾကာင္ အမူအရာျဖင့္ ၾကည့္လာၾကသည္။

က်န္းေဟြ႕ ကပိုလန႔္သြားခဲ့သည္။ ေရွာင္ခ်န္း ကဒီလိုမ်ိဳး တုန႔္ျပန္လာမယ္လို႔ သူထင္မထားခဲ့ေပ။ သူက ႐ုတ္ခ်ည္း ထ,ရပ္လိုက္ၿပီး သူ႔ေခါင္းကိုေတာင္ ေဆာင့္မိေတာ့မလို ျဖစ္သြားတာေၾကာင့္ ေျခလွမ္းဆုတ္လိုက္ရင္း ဖင္ထိုင္လ်က္ လဲက်သြားခဲ့သည္။ ေတာ္ေသးတာက သူၾကမ္းျပင္ေပၚသို႔ က်မသြားျခင္းပင္။

“...”

“...”

ေရွာင္ခ်န္း ကအသိစိတ္ ျပန္ဝင္သြားကာ ရွက္႐ြံ႕စြာျဖင့္ သူ႔ခုံတြင္ ျပန္ထိုင္လိုက္ၿပီး ပတ္ဝန္းက်င္မွ လူေတြကလဲ ျပန္လွည့္သြားၿပီး သူတို႔လုပ္စရာကိစၥမ်ားကို ျပန္လုပ္ေနၾကသည္။

သို႔ေသာ္ ထိုအေၾကာင္းေၾကာင့္ ေရွာင္ခ်န္း ရဲ႕မ်က္ႏွာက အဆင္မေျပတုန္းပင္။

က်န္းေဟြ႕ ကသူ႔စိတ္ထဲတြင္ တစ္ခုခု ျဖစ္ေနေၾကာင္းကို တစ္ခ်က္ၾကည့္႐ုံနဲ႔ သိလိုက္တာေၾကာင့္ သူ႔လက္ေမာင္းအား သူ႔တံေတာင္ျဖင့္ တို႔လိုက္ၿပီး သူ႔ေခါင္းကို အနားပိုတိုးကပ္သြားကာ “ဘာျဖစ္လို႔လဲ? အစ္ကိုႀကီး၊ ဘယ္လိုလုပ္ၿပီး မင္းပုံစံက အရမ္းဆိုး႐ြားေနရတာလဲ? သရဲေတြ႕လိုက္လို႔လား? ဟဟဟား”

က်န္းေဟြ႕ ကတျခားဘာကိုမွ မရည္႐ြယ္ပဲ ‌ေရွာင္ခ်န္း ကိုစ,ဖို႔သာ လုပ္လိုက္တာေၾကာင့္ သူက ပိုၿပီးေတာ့ သက္ေတာင့္သက္သာ ျဖစ္သြားခဲ့သည္။ မထင္မွတ္ပဲ သူ႔အသံထြက္လာသည္ႏွင့္ ေရွာင္ခ်န္း ရဲ႕အမူအရာက ပိုဆိုး႐ြားသြားၿပီး က်န္းေဟြ႕ ကတစ္ခုခု မွားေနမွန္း နားလည္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဘာျဖစ္လို႔လဲ?”

ေရွာင္ခ်န္း ကမေျဖႏိုင္ခင္ သူ႔ေဘးတြင္ အတင္းေျပာေနၾကသည့္ မိန္းကေလး အုပ္စုက အရမ္းကို တိုက္ဆိုင္လြန္းသည့္ အေၾကာင္းကို ဆက္ေျပာလိုက္သည္။

“အဲ့ဒါက ဓားတစ္ေခ်ာင္းလို႔ ငါၾကားခဲ့တာ။ အဲ့ ေနရာမွာ က်က်န္ေနတယ္လို႔ေျပာတယ္?”

“မဟုတ္ပါဘူး၊ ငါၾကားတာေတာ့ သူ႔ေသြးေတြက တစ္စက္မွ မက်န္ေတာ့တဲ့အထိ အစုပ္ခံလိုက္ရတာတဲ့!”

“ဟမ္! ဘာပဲျဖစ္ျဖစ္! ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္က်ရင္ အဲ့လီ‌ေဂြ႕လမ္းကို ဘယ္သူ႔မွ သြားရဲမွာ မဟုတ္ေတာ့ဘူး”

က်န္းေဟြ႕ ကစကားဝိုင္းကို နားေထာင္ေနရင္း သူက ျဖစ္ပ်က္ေနတာကို တျဖည္းျဖည္း နားလည္လာခဲ့သည္။ သူက ခ်က္ခ်င္းပင္ မ်က္လုံးျပဴးက်ယ္သြားၿပီး ပါးစပ္ကို ဖြင့္လိုက္ကာ ေရွာင္ခ်န္း ရဲ႕လက္ေမာင္းအား လက္ႏွစ္ဖက္လုံးနဲ႔ ဖမ္းဆြဲလိုက္ၿပီး ထိတ္လန႔္စြာျဖင့္ ေျပာလိုက္သည္။ “မင္း မေန႔တုန္းက လီေဂြ႕လမ္းကေန ျဖတ္ျပန္လာတယ္လို႔ ငါ့ကို ေျပာခဲ့တာမလား? ေနာက္ၿပီး ညတုန္းက လန႔္ေနတဲ့ ေၾကာင္ေလးလို ျဖစ္ေနလို႔ ငါမင္းကိုေတာင္ ရယ္လိုက္ေသးတယ္ေလ!”

ေရွာင္ခ်န္း ကမတည္ၿငိမ္စြာျဖင့္ ၿပဳံးလိုက္ေပမဲ့ သူ႔ရယ္ပုံက ငိုတာထက္ေတာင္ ပို႐ုပ္ဆိုးေနၿပီး ျပန္ေျဖလိုက္သည္။ “ဟုတ္တယ္၊ မွန္တယ္”

က်န္းေဟြ႕ ကခ်က္ခ်င္းကို တိတ္ဆိတ္သြားခဲ့ၿပီး ဘာစကားမွ ဆက္မေျပာရဲေတာ့ေပ။

ခုနက ေရွာင္ခ်န္း အရမ္းလန႔္သြားတာ အံ့ဩစရာမဟုတ္ေတာ့ေပ။ အဲ့ေနရာမွာ သူသာဆိုရင္ ေသေလာက္ေအာင္ ေၾကာက္သြားမွာ။

ကံေကာင္းတာက ဘာမွမျဖစ္ခဲ့တာပဲ။

က်န္းေဟြ႕ က ေရွာင္ခ်န္း ရဲ႕ေက်ာအား သူ႔လက္ေတြနဲ႔ ပုတ္ေပးလိုက္ၿပီး ႏွစ္သိမ့္လိုက္သည္။ “အဆင္ေျပပါတယ္၊ ဒါေတြက ၿပီးသြားၿပီပဲ၊ အရမ္းေတြးမေနပါနဲ႔”

ထိုစကားအား ေျပာၿပီးသည္ႏွင့္ က်န္းေဟြ႕ ကၾကက္သီးထ,သြားတာေၾကာင့္ တုန္ရီသြားၿပီး ေရွာင္ခ်န္း ကိုယ္ေပၚမွ သူ႔လက္ေတြက ျပဳတ္က်သြားကာ သူ႔လည္ပင္းအေနာက္ဘက္ကို ျပန္ထိလိုက္သည္။

ၾကက္သီးထ,တာက သူ႔ေခါင္းအေနာက္တြင္ လူတစ္ေယာက္က ဓားတစ္ေခ်ာင္းကိုင္ကာ ေထာက္ထားသလိုမ်ိဳးပင္။

ထူးဆန္းစြာျဖင့္ သူ႔လက္ကို ဖယ္လိုက္သည္ႏွင့္ ၾကက္သီးထ,ေနတာက ခ်က္ခ်င္းကို ေပ်ာက္သြားခဲ့သည္။

သို႔ေသာ္ က်န္းေဟြ႕ ကဒီကိစၥအား စိတ္ထဲမထားခဲ့ေပ။

“ေဟး၊ ညီအစ္ကို၊ သရဲေခၚတဲ့ ကစားနည္းကို ကစားခ်င္လား?”

“ဟမ္”

“ဒါကို မၾကားဖူးဘူးလား? မင္းရဲ႕သံသယေတြကို အေျဖေပးဖို႔ သရဲေတြကို အကူအညီေတာင္းၿပီး ေမး႐ုံပဲေလ”

“ဟားဟား၊ ဒီကမာၻမွာ ဘယ္လိုလုပ္ၿပီး သရဲရွိမွာလဲ? ဘာပဲျဖစ္ျဖစ္ ငါပါဖို႔ကို အရမ္းပ်င္းလြန္းတယ္”

“ငါေကာပဲ! ငါေကာပဲ!”

ထိုအခ်ိန္တြင္ အခန္း ၄၀၄ မွေကာင္ေလးေတြ အားလုံးက ဂိမ္းကစားေနၾကၿပီး သူ႔အေတြးေတြထဲ လမ္းေပ်ာက္ေနသည့္ ေရွာင္ခ်န္း နဲ႔သူ႔ေဘးတြင္ ရွိေနသည့္ က်န္းေဟြ႕ တို႔ကေတာ့ မပါဝင္ၾကေပ။

ေရွာင္ခ်န္း ကသက္ျပင္းခ်လိုက္ၿပီး လူအုပ္ႀကီးကို လွမ္းၾကည့္လိုက္ကာ ထ,ရပ္လိုက္ကာ ေလးလံေနသည့္ စိတ္ေတြနဲ႔အတူ သူ႔အိပ္ရာေပၚသို႔ တက္လိုက္သည္။ သူ႔အိပ္ရာက အေပၚဘက္တြင္ျဖစ္ၿပီး ကန႔္လန႔္ကာပါ ရွိသည္။ ကန႔္လန႔္ကာကို ဆြဲလိုက္ၿပီးေနာက္ သူက အိပ္ရာေပၚ လွဲခ်လိုက္ၿပီး ထိုအေၾကာင္းအား ဆက္ေတြးလိုက္သည္။ အိပ္ရာေပၚတြင္ သူတစ္ေယာက္ထဲသာ ကန႔္လန႔္ကာ ကာၿပီး လွဲေနသူျဖစ္ၿပီး ေက်ာင္းစတက္တုန္းက ထိုလူေတြက သူ႔အား မိန္းမဆန္တယ္ဆိုၿပီး ေလွာင္ရယ္ခဲ့ၾကသည္။

က်န္းေဟြ႕ ကအိပ္ရာေပၚ ေရာက္ေနၿပီးျဖစ္သည့္ ေရွာင္ခ်န္း ကိုၾကည့္လိုက္ၿပီး အရမ္းပ်င္းေနတာေၾကာင့္ သရဲေခၚကစားနည္းဆီ ဝင္ေပါင္းလိုက္သည္။ သူက ကစားဖို႔ မရည္႐ြယ္ခဲ့ေပမဲ့ သူတို႔ လုပ္ထားသည့္ အစီစဥ္ေတြကို ျမင္ခ်င္႐ုံသာ ေတြးခဲ့တာျဖစ္သည္။

ေကာင္ေလးေတြက မီးေတြကို ပိတ္လိုက္ၿပီး စက္ဝိုင္းအတြင္းတြင္ ဖေယာင္းတိုင္ကို ေနရာခ်လိုက္သည္။ သူတို႔က ဖေယာင္းတိုင္အား အလယ္တြင္ထားၿပီး ထိုင္ေနခဲ့ၾကသည္။ ေဘာပင္တစ္ေခ်ာင္းနဲ႔ စာအုပ္တစ္အုပ္က ၾကမ္းျပင္ေပၚတြင္ ရွိေနသည္။

က်ိဳးခိယု ကသရဲေခၚကစားနည္းကို ကစားဖို႔ စတင္အႀကံေပးသူျဖစ္ၿပီး အေဆာင္အခန္းထဲတြင္ အသက္အႀကီးဆုံး ျဖစ္သည္။ သူက ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြ အားလုံးကို အသိအမွတ္ျပဳတာေၾကာင့္ ဒီအခ်ိန္တြင္လဲ လက္ခံေပးခဲ့သည္။

သူက သရဲေခၚနည္းလမ္းေတြကို စစ္ေဆးခဲ့ပုံေပၚကာ အရမ္းကို ကြၽမ္းက်င္ေနၿပီး အလ်င္အျမန္ပင္ ေျပာလိုက္သည္။ “ဟုတ္တယ္၊ မွန္တယ္၊ မွန္တယ္၊ တစ္ခ်ိန္တည္း ဒီေဘာပင္ကို ကိုင္ထားရေအာင္၊ ေနရာခ်လိုက္၊ ငါ မင္းတို႔ကို မႏၲာန္တစ္ခု ေျပာလိုက္မယ္၊ မင္းတို႔က အေနာက္ကေန လိုက္ေျပာၾက၊ ၾကားလား?”

လူတိုင္းက သူတို႔နားလည္ေၾကာင္း ေျပာလိုက္ၿပီး က်ိဳးခိယု ကစိတ္ေက်နပ္စြာျဖင့္ ေခါင္းညိတ္လိုက္ၿပီး ေျပာလိုက္သည္။ “မႏၲာန္က ဘမ္ရွင္းဆဘ၊ ဘမ္ရွင္းဆဘ၊ ကြၽႏိုပ္က သင့္ရဲ႕အရင္ဘဝကပဲ၊ သင္က ကြၽႏိုပ္ရဲ႕အတိတ္ဘဝ။ ဒီေခၚသံကို သင္သာ ၾကားခဲ့ရင္ စာ႐ြက္ေပၚမွာ စက္ဝိုင္းကို ဆြဲလိုက္ပါ!”

ေလထုက နည္းနည္းေလး ေၾကာက္ဖို႔ေကာင္းေနေပမဲ့ လူတိုင္းရဲ႕မ်က္ႏွာက ဖေယာင္းတိုင္ မီးေရာင္ေၾကာင့္ သူတို႔မ်က္ႏွာ တစ္ဝက္က အေမွာင္ထုအုပ္သြားလိုက္ လင္းသြားလိုက္နဲ႔ ျဖစ္ေနခဲ့သည္။ ဒါက ေၾကာက္ဖို႔ေကာင္းတာေၾကာင့္ အေဆာင္အခန္းထဲမွ ေၾကာက္တက္သည့္ ဝမ္ဂ်ေဟာင္ ကဒီကစားနည္းကို ရပ္လိုက္ေစခ်င္ခဲ့သည္။

႐ုတ္တရပ္ အရမ္းကို တင္းမာေနသည့္ လုထုၾကားတြင္ သူက စကားထ,ေျပာလိုက္ၿပီး ရွက္႐ြံ႕စြာနဲ႔ ေျပာလိုက္သည္။ “အင္း၊ ငါ ဆက္မကစားခ်င္ေတာ့ဘူး၊ ငါထြက္လို႔ရလား?”

က်ိဳးခိယု ကခ်က္ခ်င္းပင္ ေအာ္လိုက္သည္။ “မင္းက အ႐ူးပဲ၊ အစထဲက ဘာလို႔ပါေသးလဲ? ငါတို႔ စၿပီးေတာ့မွေတာ့ ျပန္ထြက္လို႔ မရေတာ့ဘူး၊ မင္းက ေယာက်ၤားေကာ ဟုတ္ရဲ႕လား?”

ဘယ္သူကမွ စကားထပ္မေျပာရဲေတာ့ပဲ သူတို႔က ဆက္မကစားခ်င္ေတာ့ရင္ေတာင္ စကားထ,မေျပာရဲေတာ့ေပ။

“ဟူး”

လူတိုင္းက အသက္ျပင္းျပင္း ရႉသြင္းလိုက္သည္။

သူတို႔ႏွလုံးခုန္သံက ျမန္ဆန္လာၿပီး ပတ္ဝန္းက်င္က ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ တိတ္ဆိတ္ေနသည္။

အိပ္ရာေပၚတြင္ လွဲေနသည့္ ေရွာင္ခ်န္း ကအိပ္မေပ်ာ္တာေၾကာင့္ လွိမ့္လိုက္သည္။

သူ႔ဦးေႏွာက္ တစ္ခုလုံးက ေန႔အခ်ိန္က မိန္းကေလးေတြ ေျပာခဲ့ၾကသည့္ စကားေတြနဲ႔သာ ျပည့္ႏွက္ေနခဲ့သည္။ ထိုအေၾကာင္းကိုပဲ သူေတြးေနမိကာ ပိုၿပီးေတာ့ စိတ္ရႈပ္ေထြးလာခဲ့သည္။

ဒါက ေဆာင္းဦးပိုင္း ျဖစ္တာေၾကာင့္လား မသိေပမဲ့ သူ႔ေျခရင္းမွ နည္းနည္းေအးလာတာကို ခံစားမိလိုက္သည္။

သူ႔ေျခေထာက္မွ ေအးစက္မႈကို ခံစားလိုက္ရၿပီးေနာက္ သူ႔ေျခသလုံးဆီ ေရာက္လာၿပီးေနာက္ တျဖည္းျဖည္းနဲ႔ အေပၚကို တက္လာခဲ့သည္။

ေရွာင္ခ်န္း ကသူ႔ခႏၶာကိုယ္အား ေအးစက္သည့္ တစ္စုံတစ္ခုဆီမွ ထိေတြ႕ခံေနရသလိုမ်ိဳး ျဖစ္သြားၿပီး တုန္တက္သြားခဲ့သည္။

သူက ထ,ထိုင္လိုက္ၿပီး အလ်င္အျမန္ပင္ သူ႔ခႏၶာကိုယ္အား ေစာင္နဲ႔အုပ္လိုက္ၿပီးေနာက္ ျပန္လွဲခ်လိုက္ေပမဲ့ သူ႔လႈပ္ရွားမႈေတြက အရမ္းကို ေပါ့ပါးေနၿပီး အိပ္ရာေအာက္တြင္ သရဲေခၚကစားနည္းကို ကစားေနၾကသည့္ လူအုပ္ေၾကာင့္ အေႏွာက္အယွက္ျဖစ္ပုံ မေပၚေပ။

သူက ေဘးဘက္ကို အနည္းငယ္ မွီလိုက္ၿပီး နံရံကို မ်က္ႏွာခ်င္းဆိုင္ကာ အာ႐ုံစူးစိုက္စြာျဖင့္ စိုက္ၾကည့္လိုက္သည္။

ျပတင္းေပါက္ အျပင္ဘက္မွ လမ္းမီးတိုင္မွ အလင္းေရာင္က ေတာက္ပေနၿပီး ေရွာင္ခ်န္း ရဲ႕အိပ္ရာဆီ တိုးဝင္ေနကာ နံရံတြင္ ေရာင္ျပန္ဟပ္ေနခဲ့သည္။ နံရံေပၚတြင္ ေရွာင္ခ်န္း ရဲ႕အရိပ္က ပုံထင္ေနခဲ့သည္။

ေရွာင္ခ်န္း ကမ်က္ေတာင္မခတ္ပဲ သူ႔အရိပ္ကို စိုက္ၾကည့္ေနၿပီး အခ်ိန္ခနၾကာၿပီးေနာက္ ပင္ပန္းမႈေတြက သူ႔ေခါင္းဆီ တိုးဝင္လာၿပီးေနာက္ သူ႔မ်က္လုံးေတြကို မွိတ္လိုက္သည္။

သူအိပ္ေပ်ာ္သြားခဲ့သည္။

သူ႔မ်က္လုံးေတြကို မွိတ္လိုက္ၿပီးေနာက္ နံရံေပၚရွိ ေရွာင္ခ်န္း ရဲ႕အရိပ္က သတိေပးျခင္းမရွိပဲ လႈပ္ရွားသြားကာ ထ,ထိုင္လိုက္သည္။

ထိုအရိပ္က ထပ္ၾကည့္လိုက္ၿပီး လွည့္လိုက္ကာ ေရွာင္ခ်န္း ရဲ႕အရိပ္ကေတာ့ ဘာမွပုံမွန္ မဟုတ္သည့္ အရာမျဖစ္ခဲ့သလိုမ်ိဳး နံရံေပၚတြင္ တိတ္ဆိတ္စြာျဖင့္သာ တည္ရွိေနသည္။

သို႔ေသာ္ နံရံေပၚရွိ အရိပ္ေတြက ႏွစ္ခုခြဲထြက္သြားခဲ့သည္။

ခြဲထြက္သြားသည့္ အရိပ္က သိသိသာသာကို ေရွာင္ခ်န္း ရဲ႕အရိပ္ထက္ ပိုႀကီးမားၿပီး ပိုသန္မာပုံရကာ မ်က္ႏွာအသြင္အျပင္ေတာင္ ကြာျခားေနပုံေပၚေနသည္။

အရိပ္က သူ႔ေခါင္းကို လွည့္လိုက္ၿပီး ၿပဳံးလိုက္သလိုမ်ိဳး သူ႔ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားၿပီး သူ႔ေခါင္းကို ထပ္ေစာင္းလိုက္ၿပီးေနာက္ ေရွာင္ခ်န္း လွဲေနသည့္ ေနရာကို ၾကည့္လိုက္သည္။

ႏႈတ္ခမ္းေထာင့္လိုင္းေတြက ပိုၿပီးေကြးသြားခဲ့သည္။

ဟီးဟီး၊ အနံ႔ေလးက အရမ္းေကာင္းတာပဲ။

ထိုအရိပ္က အခ်ိန္ဘယ္ေလာက္ၾကာေအာင္ ထိုင္ေနခဲ့ၿပီး သူ႔အား ၾကည့္ေနခဲ့လဲဆိုတာကို ဘယ္သူမွ မသိၾကေပ။ ေနာက္ဆုံးေတာ့ ထိုအရိပ္က တိတ္ဆိတ္စြာနဲ႔ ထပ္လွဲခ်လိုက္ၿပီး ျဖည္းညႇင္းစြာျဖင့္...

ေရွာင္ခ်န္း ရဲ႕အရိပ္ထဲ တိုးဝင္သြားခဲ့သည္။

တစ္ခ်ိန္တည္းတြင္ ေကာင္ေလးေတြက စိတ္လႈပ္ရွားေနၾကသည္။

သူတို႔အားလုံးက ၾကမ္းျပင္ေပၚရွိ စာ႐ြက္ပါးေလးအား စိုက္ၾကည့္ေနၾကၿပီး လူေလးေယာက္က သူတို႔လက္ထဲတြင္ ေဘာပင္ေတြကို ကိုင္ထားခဲ့ၾကသည္။

တခ်ိဳ႕အေၾကာင္းေၾကာင္းေၾကာင့္ အခန္းထဲတြင္ ေလတိုက္ေနတာ ရွိမေနေပမဲ့ ဖေယာင္းတိုင္မီးကေတာ့ ေဘးတစ္ဖက္ တစ္ခ်က္စီသို႔ လႈပ္ရွားေနခဲ့သည္။

ေတာက္ပသည့္ ဖေယာင္းတိုင္ မီးေအာက္တြင္ လူေလးေယာက္ရဲ႕ ပုံရိပ္ေတြက စာ႐ြက္ရဲ႕ မ်က္ႏွာျပင္ေပၚတြင္ ေပၚေနၿပီး သူတို႔အားလုံးက ၿပီးျပည့္စုံစြာျဖင့္ မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေနခဲ့သည္။

ေနာက္ဆုံးေတာ့ ေကာင္ေလးေတြရဲ႕ မ်က္လုံးေအာက္မွ

ေဘာပင္က!

ေ႐ြ႕သြားခဲ့တယ္!!

1.4.2023 (Sat)
^^^^^^^^^^^

Continue Reading

You'll Also Like

158K 12.1K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
42.6K 4.9K 36
//// 𝑬𝑽𝑬𝑵 𝑰𝑭 𝑰 𝑫𝑰𝑬 𝑰𝑻'𝑺 𝑶𝑵𝑳𝒀 𝒀𝑶𝑼 //// 𝚃𝚑𝚒𝚜 𝚒𝚜 𝚏𝚛𝚘𝚖 𝚖𝚢 𝚘𝚠𝚗 𝚒𝚖𝚊𝚐𝚒𝚗𝚊𝚝𝚒𝚘𝚗. 𝚃𝚑𝚒𝚜 𝚒𝚜 𝚓𝚞𝚜𝚝 𝚊 𝚏𝚊𝚗...
266K 35K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
67.4K 4.3K 46
ေဆာင္ၾကာၿမိဳင္ကမိန္းကေလးနဲ႔ ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ အခ်စ္ဇာတ္လမ္း... ဒီလိုနဲ႔ဝမ္းနည္းစရာခေရပန္းပံုျပင္တစ္ပုဒ္ျဖစ္လာခဲ့တယ္ ဆောင်ကြာမြိုင်ကမိန်းကလေးနဲ...