Unicode
“ရှင် သူ့ကို ကြိုက်တယ်” ချန်းလုလု ကအပြစ်ကင်းသည့် မျက်လုံးတွေကို ပြူးထားရင်း အဖြူရောင် အင်္ကျီလေးကို ဝတ်ထားကာ ကြမ်းပြင်တွင် ဒူးထောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားသည့် လူနှစ်ယောက်ကို ကြည့်နေခဲ့သည်။
လီချောင်းရီ ကသူ့နောက်တွင် မာရန်ယု ကိုထားထားရင်း သူ့မျက်လုံးတွေက သေချာသတိထားနေကာ မိန်းမငယ်လေးရဲ့ စကားလုံးတွေကို ကြားလိုက်ချိန်တွင် သူ့နှုတ်ခမ်းက စေ့သွားခဲ့ပြီး သူ့နောက်မှ အလင်းရောင်ကွယ်ကာ ရပ်နေပြီး တုန်ရီနေသည့် ကောင်လေးကို ကြည့်လိုက်ကာ သူ့နှလုံးသားက နာကျင်လာခဲ့သည်။
မာရန်ယု ကသူ့ခေါင်းကို မော့လိုက်ချိန် လီချောင်းရီ ရဲ့အကြည့်နဲ့ စုံသွားခဲ့သည်။
“အင်း” လီချောင်းရီ ကခေါင်းညိတ်လိုက်သည်။
အခုတော့ သရဲမက တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်ရုံသာမက သူ့နောက်တွင်ပုန်းနေသည့် မာရန်ယု တောင်မှ ထိတ်လန့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
သူက လီချောင်းရီ ရဲ့ကျောဘက်ရှိ အင်္ကျီဖြင့် သူ့မျက်နှာကို ကွယ်ထားကာ လီချောင်းရီ ရဲ့ခန္ဓာကိုယ် အနွေးဓာတ်ကို ခံစားမိနေခဲ့သည်။
သူ့ခေါင်းကို အနည်းငယ် မော့လိုက်ပြီး လီချောင်းရီ ရဲ့သူ့အား တင်းတင်းကြပ်ကြပ် ကာကွယ်နေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။
အရိုးသားဆုံး ပြောရရင် ထိုအချိန်တွင် သူ့နှလုံးသားက မလှုပ်ရှားသွားဘူးဆိုရင် ဟန်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်။
သရဲမက ခေါင်းခါလိုက်ကာ လေထုကလဲ ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေခဲ့သည်။
လီချောင်းရီ ကအံကြိတ်လိုက်ကာ ပူနေချိန် သံကိုထုရိုက်သလိုမျိုး စကားကို ဆက်ပြောလိုက်သည်။ “ငါ တစ်ကိုယ်ကောင်းဆန်မှန်း သိတယ်၊ သူအမှားလုပ်ခဲ့တာသိရဲ့နဲ့ တစ်ကိုယ်ကောင်းဆန်မိလို့ သူက မင်းကို ခွင့်လွှတ်ဖို့ တောင်းပန်နေခဲ့တယ်။ ဒါပေမဲ့ ငါကတော့ မင်း သူ့ကို လွှတ်ပေးဖို့ တောင်းဆိုချင်တယ်”
သရဲမက ဘာမှမပြောပဲ လီချောင်းရီ ကိုစိုက်ကြည့်နေပြီးနောက် မာရန်ယု ကိုကြည့်လိုက်သည်။
နောက်ဆုံးတော့။
မိန်းမငယ်လေးက ဒီနေ့အတွက် ရပ်တန့်ဖို့ စီစဉ်လိုက်သလိုမျိုး ခြေလှမ်းကို နောက်ဆုတ်လိုက်သည်။
မမျှော်လင့်စွာပင် တစ်ချိန်လုံး ရှက်ကာ တိတ်ဆိတ်နေသည့် မာရန်ယု ကသူ့သတ္တိကို ဆွဲထုတ်ကာ လီချောင်းရီ အနောက်မှ ခေါင်းကိုဆန့်လိုက်ပြီး ပင့်သက်ရှိုက်လိုက်ပြီး နီရဲနေသော မျက်လုံးတွေ၊ အက်ရှနေသည့် အသံဖြင့် ပြောလိုက်သည်။ “ချန်းလုလု၊ ငါတောင်းပန်ပါတယ်”
“မင်း ကိုယ့်ကိုကိုယ် သတ်သေပြီးတော့ ငါ့ခံဝန်ချက်ကို ပြန်ရုတ်သိမ်းခဲ့တယ်” မာရန်ယု ရဲ့မျက်လုံးတွေက ချိုင့်ဝင်နေပြီး သူ့ဦးနှောက်က ပြန်တွေးနေခဲ့သည်။
လီချောင်းရီ ကထိုစကားတွေကို ကြားလိုက်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
မာရန်ယု ကဆက်ပြောလိုက်သည်။ “ဒါပေမဲ့ အဲ့အချိန်တုန်းက ငါက အမှုန်အမွှားလိုပဲ၊ ငါ့ခံဝန်ချက်ကို အကြိမ်ကြိမ် ရုတ်သိမ်းခဲ့တယ်။ တရားရုံး ဖွင့်တဲ့အချိန်ရောက်တော့ ငါ့ဆန္ဒတွေနဲ့ ငါ့စကားတွေက တရားမဝင်တော့ဘူး ဖြစ်သွားတယ်”
ထိုအချိန်တွင် မာရန်ယု ကအပြုံးလေးပြုံးနိုင်ဖို့ ကြိုးစားလိုက်သည်။
သရဲမက ရပ်နေဆဲဖြစ်ကာ သူ့အား တိတ်ဆိတ်စွာ ကြည့်နေပေမဲ့ ထိုအချိန်တွင် ပြောနေသည့် တစ်ဖက်လူရဲ့ စကားတွေကနေ အမြင်တွင် ခံစားမိနေသလို အေးချမ်းနေတာမျိုး မဟုတ်မှန်း တုန်နေသည့် သူမပုခုံးကနေတဆင့် သိနိုင်သည်။
သူဘာတွေးနေမှန်း မသိနိုင်ပဲ မာရန်ယု ရဲ့မျက်နှာတစ်ခုလုံးက နာကျင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။ “ငါ လီဂျန်းဂျွန် ကိုရှာခဲ့တယ်။ မင်းအတွက် တရားမျှတမှုရဖို့ ကြိုးစားဖို့ပဲ။ ဒါကြောင့်ပဲ ဒီနှစ်အနည်းငယ်အတွင်း ငါ့စိတ်အခြေအနေက ပျက်ယွင်းလာခဲ့တယ်။ ငါစာဆက်လေ့လာနိုင်ဖို့အတွက် နှစ်အနည်းငယ်လောက် ကျောင်းနားခဲ့ရတယ်။ နောက်တော့ အကြိမ်ကြိမ် ကြိုးစားပြီးတော့ သူက သူ့နာမည်ကိုပြောင်းပြီး စာဆက်သင်နိုင်ဖို့ ကျောင်းပြောင်းသွားတာကို သိလိုက်ရတယ်။ ဒါကြောင့်ပဲ ငါဒီကို ရောက်လာခဲ့ရတာ။ ငါက...”
ထိုအချိန်တွင် မာရန်ယု ကသီးသွားခဲ့သည်။
“ငါ ဘယ်တုန်းကမှ မင်းကို မမေ့ခဲ့ဘူး၊ ငါ့ကိုယ်ငါလဲ ခွင့်မလွှတ်နိုင်ခဲ့ဘူး”
“ငါတောင်းပန်ပါတယ်၊ ငါတကယ် တောင်းပန်ပါတယ်”
တစ်ခန်းလုံးတွင် မာရန်ယု ရဲ့ရှိုက်သံနဲ့ ငိုသံတွေသာ ပျံ့နှံ့နေသည်။
ထိုအချိန်တုန်းက သူက အမှန်အမှားကို မသိနားမလည်သေးသည့် ကလေးလေးသာ ဖြစ်နေတုန်းပင်။ သူက ငယ်ရွယ်ပြီး နားမလည်ပေ။ တခြားသူပြောသမျှကို သူယုံကြည်ခဲ့သည်။ ချန်းလုလု ကသူမဘာသာ အဆောက်အဦးခေါင်မိုးမှ ခုန်ချကာ မသတ်သေရင် သူ့အပြုအမူတွေက မှားနေတယ်လို့ သူထင်ခဲ့မှာမဟုတ်ဘူး!
ချန်းလုလု ကသူ့ကို ခွင့်မလွှတ်ခဲ့ဘူး။
တူညီစွာပင် သူလဲ သူ့ကိုယ်သူ ခွင့်မလွှတ်ခဲ့ပေ။
နှစ်ပေါင်းများစွာ သူက ကိုယ့်ဘာသာ အပြစ်တင်ခြင်းတွေ၊ အားနာစိတ် ချိုင့်ဝှမ်းထဲတွင် ပိတ်မိနေခဲ့ပြီး ရုန်းမထွက်နိုင်ခဲ့ပေ။
အချိန်အတော်ကြာ သူတို့သုံးယောက် စကားမပြောကြပေ။
နောက်ဆုံးတော့။
သရဲမက ဘာမှမပြောပဲ ခြေတစ်လှမ်းဆုတ်လိုက်ကာ သူတို့နှစ်ယောက်ရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
လုံးဝကို တိတ်ဆိတ်နေခဲ့သည်။
သူမက မာရန်ယု ကိုချန်ထားရစ်ခဲ့သည်။
သရဲမ ထွက်သွားပြီးနောက် လီချောင်းရီ က မာရန်ယု အားသူ့လက်မောင်းထဲ ထည့်လိုက်ကာ သူ့လက်မောင်းထဲမှ ငိုနေသည့် အသံကို နားထောင်ရင်း တိတ်ဆိတ်စွာဖြင့် တစ်ဖက်လူရဲ့ ကျောအား ပွတ်ပေးနေခဲ့သည်။
“မငိုပါနဲ့၊ ငါရှိတယ်”
သရဲမ ထွက်သွားပြီးနောက် မာရန်ယု ရဲ့တင်းမာနေသည့် အာရုံကြောတွေက ပြေလျော့လာခဲ့သည်။ သူ့စိတ်အခြေအနေက ကျိုးပဲ့လွယ်နေပြီးသား ဖြစ်သည်။ သူက လီချောင်းရီ ရဲ့ပုခုံးတွင် မှီလိုက်ပြီး ကျယ်လောင်စွာ ငိုလိုက်ကာ သူ့ပါးစပ်မှလဲ ‘ငါ တောင်းပန်ပါတယ်’ဆိုသည့် စကားကို ဆက်တိုက် ပြောနေခဲ့သည်။
ဒီကမ္ဘာတွင် တစ်သက်တာ၊ တစ်ဘဝစာလောက် ကြာသွားရင်တောင် ပြန်လည်မပြင်ဆင်နိုင်သည့် အမှားတွေဆိုတာ ရှိနိုင်သည်။
တစ်ဖက်လူက မင်းကို ခွင့်လွှတ်နိုင်ရင် ဘာအကြောင်းပြချက်ပဲဖြင့်ဖြင့် ဒါက ကမ္ဘာပေါ်က ကောင်းချီးသာဖြစ်သည်။
-
အမှောင်ထုထဲတွင် ဂျင်းဟေးကျီ ကသူ့မျက်လုံးကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပြီး သူ့ညာလက်ကတော့ အိပ်ပျော်နေသည့် သူ့ကလေးလေးအား ဖက်ထားရင်း တစ်ဖက်လူရဲ့ အိပ်နေသည့် မျက်နှာအား စိုက်ကြည့်နေခဲ့သည်။
ရုတ်တရပ် သူ့မျက်လုံးတွေက စူးရှသွားကာ ကျဉ်းမြောင်းသွားခဲ့သည်။
အခုလေးတင် ချန်းလုလု ရဲ့နားကြည်းချက်တွေက ပျောက်ကွယ်သွားတာကို သူခံစားမိလိုက်သည်။
ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို သူမြင်ခဲ့တုန်းက ချန်းလုလု ကသူမ နာကြည်းချက်ကို လက်လွှတ်နိုင်ရင် ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းက အဆုံးသတ်တော့မှာဖြစ်သည်။
ဒီဇာတ်ကြောင်း ပြီးဆုံးသွားပြီး ဒီကမ္ဘာမှ စွမ်းအင်တွေက စုစည်းသွားလိမ့်မည်။
တစ်ခါ စုစည်းတာက...
ထိုလူရဲ့ အညိုရောင် မျက်လုံးတွေက လှုပ်ရှားသွားခဲ့သည်။
ဆိုလိုတာက ရှောင်ချန်း ရဲ့မှတ်ဉာဏ်တွေက ပြန်ကောင်းလာလိမ့်မယ်!
ထိုလူက သူ့ချစ်သူရဲ့ မှတ်ဉာဏ်တွေက ပြန်ရလာတော့မဲ့ အကြောင်းကို တွေးလိုက်ပြီး သူ့နှလုံးခုန်နှုန်းကလဲ မြန်ဆန်လာကာ သူ့နှလုံးသားက ခုန်လှုပ်နေတာကြောင့် ပြောစရာစကားတောင် မရှိတော့ပေ။
သူ ရှုရှန်း ဖြစ်တုန်းက သူ့ကျောင်းသားဘဝ အဆုံးမသတ်ခင်အထိ အမှန်တရားကို သူမမြင်နိုင်ခဲ့ပေ။ သူက ကမ္ဘာတွင် လှည့်ပတ်လှုပ်ရှားရင် နှစ်ရာပေါင်းများစွာ ပြာယာခတ်နေခဲ့ပေမဲ့ ဘာမှကျန်မနေခဲ့ပေ။
ကမ္ဘာကြီးက အဆုံးသတ်ကို မရောက်ခင်အထိ သူနားမလည်ခဲ့ပဲ ထိုကမ္ဘာကတော့ အချက်အလက်တွေ စုစည်းထားသည့် အုပ်စုသာဖြစ်ပြီး သူ့ချစ်သူကလဲ ဒီအချက်အလက်တွေကြားက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး တခြားကမ္ဘာအသစ်ဆီသို့ အပို့ခံလိုက်ရပြီးဖြစ်ကြောင်း နားလည်သွားခဲ့ရသည်။
ဒုတိယကမ္ဘာတွင် သူ့ကံကြမ္မာက သေခြင်းနတ်ဘုရားအဖြစ် ပြောင်းလဲသွားပေမဲ့ သူ့မှတ်ဉာဏ်က ပျောက်ဆုံးသွားခဲ့ပေမဲ့ အမှန်တရားလို့ခေါ်တဲ့အရာကို ရှာဖွေတွေ့ရှိချိန်တွင် ဟန်ဆောင်ခြင်းဆိုသည့် ကောင်းချီးဖြင့် လွတ်မြောက်ခြင်း နည်းလမ်းကို သိခဲ့ရသည်။
ထိုကမ္ဘာတွင် သူ့ချစ်သူရဲ့ဘဝ အဆုံးသတ်တဲ့အထိ စောင့်ခဲ့ပြီးနောက် ချက်ချင်းပင် သူ့ခြေလှမ်းတွေအား တတိယကမ္ဘာဆီ လှမ်းခဲ့ပြီးတော့ ပြန်လည်ဝင်စားခြင်း ဖြစ်စဉ်ကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။
ကမ္ဘာတိုင်းတွင် ရှောင်ချန်း ကသူတို့အတူ ကြုံတွေခဲ့ရသည့် လှပသည့် မှတ်ဉာဏ်တွေကို ပျောက်ဆုံးနေသည့် ပုံသေချထားသည့် အရုပ်လူသားလို ဖြစ်နေခဲ့ပြီး သူကသာလျှင် သူ့ရှည်လျားလှသည့် ဘဝလမ်းကြောင်းမှ အနိမ့်အမြင့်တွေကို ပြန်မှတ်မှိနေတာက သနားစရာပင်။
သို့သော် ကောင်းတဲ့အရာတစ်ခုက ဒီလိုတွေဖြစ်နေပေမဲ့ သူတို့ ဘယ်နေရာ သွားပါစေ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုတွေ ဖြစ်နေပါစေ သူတို့ကတော့ အချိန်ဆိုင်းငံ့ခြင်း အလျဉ်းမရှိပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားကြပြီး တစ်ဦးကို တစ်ဦး ဆက်ချစ်နေမှာပင်ဖြစ်သည်။
နောက်ပြီး ဒီကမ္ဘာကြီးမှာ မင်းချစ်တဲ့သူက မင်းကို ပြန်ချစ်နေတာထက် ပိုပျော်စရာကောင်းတာ မရှိတော့ပေ။
ဂျင်းဟေးကျီ က ရှောင်ချန်း ကိုပိုတင်းကြပ်စွာ ဖက်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အနံ့လေးတွေကို မွှေးကျူနေခဲ့သည်။
နက်ရှိုင်းလှသည့် ရေကန်လို အညိုရောင် မျက်လုံးတွေက ပြောင်းလဲမှုကို ရှာတွေ့ဖို့က အရမ်းကို ခက်ခဲလှသည်။
တစ်ချို့မှတ်ဉာဏ်တွေက သူ့စိတ်ထဲ တိုးဝင်လာစဉ် သူကတော့ မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ နှစ်မြုတ်နေခဲ့သည်။
အမှောင်ထဲတွင် အိမ်ကြီးက ပုန်းကွယ်နေခဲ့သည်။ အိမ်အပြင်ဘက် နံရံတွေကလဲ တိုက်ကပ်နွယ်ပင်တွေနဲ့ ဖုံးကွယ်နေပြီး အိမ်တံခါးတွေတောင်မှ ပြင်းထန်စွာ ဖုံးကွယ်နေခဲ့သည်။ ဘယ်သူမှ ပြန်မပြင်ကြပေ။ သစ်ရွက်တွေနဲ့ သစ်ကိုင်းတွေတောင် အဝါရောင်ဖြစ်နေခဲ့သည်။ ဒါက သရဲအိမ်လိုမျိုး မှောင်မဲနေကာ ဘာအသွင်အပြင်မှ ရှိမနေပေ။
အိမ်ထဲတွင် ဘာအလင်းမှ ရှိမနေပဲ မီးသီးတွေက ပျက်စီးနေကာ နံရံတွင်လဲ ပင့်ကူမျှင်တွေက ရှိနေပြီး အတွင်းပိုင်းကလဲ အရမ်းကို စိုထိုင်းနေပြီး လူသေအလောင်းလို မကျေနပ်ဖွယ် အနံ့အသက်ကိုတောင် ရနေပြီး မနှစ်မြို့ဖွယ် ဖြစ်နေသည်။
“စီနီယာ၊ စီနီယာ...” ဒါက ယောင်္ကျား တစ်ယောက်ရဲ့ အသံဖြစ်သည်။
အသံကတော့ အက်ရှမှုတွေနဲ့အတူ လေထုထဲတွင် ပဲ့တင်ထပ်နေပြီး နတ်ဆိုးတစ်ကောင်မှ တိုးလျစွာ ညည်းညူနေသံနဲ့ တူနေသည်။
သို့သော် သူက အရမ်းကို စိတ်အားထက်သန်စွာ အော်နေတာဖြစ်ပြီး သူ့ကိုယ်ပိုင် နတ်ဘုရားအား ခေါ်နေသလိုမျိုး ဆွဲဆောင်မှုရှိနေခဲ့သည်။
အိပ်ခန်းတံခါးက တင်းကြပ်စွာ ပိတ်နေခဲ့ပြီး အဖြူရောင် အရိုးအဖြစ် ပြောင်းလဲနေသည့် အလောင်းက အိပ်ရာပေါ်တွင် လှဲလျောင်းနေခဲ့သည်။ အလောင်းရဲ့ ကြွက်သားတွေနဲ့ အတွင်းကလီစာတွေက အချိန်ရဲ့ဆေးကြောမှုကြောင့် အမှုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အဖြူရောင် အရိုးတွေတောင်မှ ထိလိုက်တာနဲ့ ကွဲကြေသွားလောက်သည်။
မင်းသာ အနီးကပ်ကြည့်ရင် အမှောင်ထုထဲတွင် အရိုးမှ အပိုင်းအစတွေနဲ့ အိပ်ရာပေါ်က မဲမှောင်နေသည့် တစ်ခုခုကို သေချာပေါက် တွေ့နိုင်သည်။
ဒါက ပထမတစ်ချက် ကြည့်ရုံနဲ့ အရိပ်တစ်ခုလို့ ထင်မြင်နိုင်ပေမဲ့ သေချာ အနီးကပ်ကြည့်ရင်တော့ အနက်ရောင် အရိပ်မှ သုံးမြှောင့်ပုံစံရှုထောင့်ကို မြင်ရလိမ့်မည်။
အနက်ရောင်အရိပ်က အဖြူရောင်အရိုးအား မြွေတစ်ကောင်လို တင်းကြပ်စွာ ရစ်ပတ်ထားပြီး အဖြူရောင် အရိုးတွေကတော့ အရိပ်ကြားတွင် နှစ်မြုတ်နေကာ ပါးစပ်မှလဲ ဆက်တိုက်ကို အသံထွက်နေသယောင် မြင်နေရပုံက ရူးသွပ်စရာပင်။
“စီနီယာ၊ ဘယ်မှာလဲ...”
“ကျွန်တော် မင်းကို ရှာမတွေ့ဘူး...”
“စီနီယာ ကျွန်တော့်ကို ပစ်သွားတာလား?”
“ကျွန်တော် စီနီယာကို အရမ်းသတိရတယ်...”
အနက်ရောင် ဝတ်ရုံနဲ့ ယောင်္ကျားတစ်ယောက်က ဝိဉာဉ်ကျောက်တိုင်ရှေ့တွင် ရပ်နေခဲ့ပြီး အနက်ရောင် ဝတ်ရုံက သူ့မျက်နှာ တစ်ဝက်ကို ဖုံးကွယ်နေပြီး သူ့မျက်လုံးနဲ့ နှာခေါင်းက ကွယ်နေပြီး ပါးလွှာသည့် နှုတ်ခမ်းပါးနဲ့ အောက်ပိုင်းမေးရိုးကိုသာ မြင်တွေ့ရတာက သူ့အမူအရာကို ခန့်မှန်းဖို့က အရမ်းခက်ခဲစေသည်။
သူ့ရှေ့မှ ကျောက်တိုင်ပေါ်တွင် များပြားလှသည့် အနီရောင်နှင်းဆီပန်းတွေက ရှိနေပြီး အဖြူအမဲဓာတ်ပုံကလဲ သူ့ဘေးတွင် ရှိနေခဲ့သည်။ ဓာတ်ပုံထဲမှလူက အရမ်းကိုငယ်ရွယ်သည့် လူငယ်လေးဖြစ်သည်။ ဖီးနစ်လို မျက်ဝန်းတွေနဲ့ ပြုံးနေတာက အရမ်းကို သက်တောင့်သက်သာ ပုံစံဖြစ်နေသည်။
ထိုလူက ဓာတ်ပုံအား တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူ့ပါးစပ်ထောင့်က တိတ်ဆိတ်စွာဖြင့် မြင့်တက်သွားကာ သူဘာတွေးနေမှန်း ဘယ်သူမှ မသိနိုင်ပေ။
နောက်ဆုံးတော့ သူ့အိတ်ကပ်ထဲမှ ဆင်တူသည့် လည်ဆွဲကို ထုတ်ယူလိုက်သည်။
ပိုပြီးအံ့ဩဖို့ကောင်းတာက ထိုလည်ဆွဲက ချက်ချင်းပင် လူလက်မောင်းအရွယ် လက်ချောင်းပုံစံအထိ ပြောင်းလဲသွားခဲ့သည်။
ထိုယောင်္ကျားရဲ့ တခြားလက်က အဖြူအမဲဓာတ်ပုံကို ညင်သာစွာ ပွတ်သပ်နေပြီး သူ့လှုပ်ရှားမှုတိုင်းက အရမ်းကို နူးညံ့နေကာ အထူးသဖြင့် ကောင်လေးရဲ့မျက်လုံး နေရာကို ပွတ်သပ်လိုက်ချိန်တွင် တော်တော်လေး နူးညံ့နေပြီး အကြိမ်ကြိမ် ပွတ်သပ်နေခဲ့သည်။ သူ့လှုပ်ရှားမှုတိုင်းက သူ့ချစ်သူကို ထိတွေ့နေသလိုမျိုး နူးညံ့နေခဲ့သည်။
“ဘေဘီ၊ မစိုးရိမ်ပါနဲ့၊ ကို မကြာခင် ဘေဘီ့နား ရောက်လာတော့မှာပါ...”
ထိုလူရဲ့အသံက အရမ်းကိုတည်ငြိမ်နေပြီး ပြတ်သားနေကာ ထိုအသံက လူတွေအား လန့်သွားစေနိုင်လောက်သည်။
နောက်စက္ကန့်တွင် ထိုလူက သူ့တံစဉ်ကို မြှောက်လိုက်ပြီး အေးစက်သည့် အလင်းရောင်က အဖြူအမဲဓာတ်ပုံပေါ် ဖြာကျသွားပြီး ကြက်သီးထ,စရာကောင်းနေသည်။
နောက်ဆုံးတော့ ထိုလူက တံစဉ်ကို မြှောက်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ သူ့နှလုံးသားကို ထိုးစိုက်လိုက်သည်...
သူ့နှလုံးသားမှ သွေးတွေက စီးကျလာပြီး သူ့အနက်ရောင်ဝတ်ရုံက စိုရွှဲသွားကာ နှင်းဆီအနံ့သင်းနေသည့် လေထုထဲတွင် ညီစို့စို့အနံ့က ပြည့်နှက်လာခဲ့သည်။
သူ့အရေးကြီးသည့် ဗဟိုချက်ကို ဆုံးရှုံးလိုက်ရပြီး သူက ကျောက်တိုင်ပေါ် တိုက်ရိုက်လဲကျသွားကာ အပေါ်ဘက်မှ နှင်းဆီအား ရှုရှိုက်လိုက်ရင်း သူ့နှုတ်ခမ်းက ကွေးတက်သွားပေမဲ့ သူ့အမူအရာကတော့ ငိုတာထက်တောင် ပိုရုပ်ဆိုးနေခဲ့သည်။
“ကိုယ့်ကို စောင့်နေပါ၊ ကို ကလေးဆီ လာပြီ...”
“ကလေး...”
ရှုရှန်း၊ သေမင်း၊ တန်ဂျွန်၊ စုရန်၊ ယုမော့၊ ဂျင်းဟေးကျီ...
ရှောင်ချန်း ရဲ့မျက်တောင်တွေက တုန်ခါသွားပြီး ခေါင်းကိုက်လာခဲ့သည်။ သူခွဲထုတ်ချင်ပေမဲ့ ပေါက်ကွဲသလို ဖြစ်သွားပြီးနောက် သူ့ဦးနှောက်က ရုတ်တရပ် တစ်ခုခု တိုးဝင်လာသလို ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် များပြားလှသည့် အညိုရောင် မျက်ဝန်းအစုံက လှည့်ပတ်နေတာကို မြင်လိုက်ပြီး ပြင်းထန်လှသည့် ခံစားချက်တွေက သူ့အား မထိန်းချုပ်နိုင်လောက်အောင် ဖြစ်စေသည်။
ဒါက များပြားလှသည့် သားရဲတွေက သူ့ပတ်လည်တွင် လှည့်ပတ်နေပြီး သူ့အား အသက်ရှင်လျက် ချွတ်ထုတ်ချင်လိုမျိုး သူ့အား အပိုင်းပိုင်း ခွဲထုတ်ချင်သလိုမျိုး သူ့ဝမ်းဗိုက်ကြွက်သားတွေဆီ အရိုးတွေ အထိုးခံလိုက်ရသလိုမျိုး ခံစားနေခဲ့ရသည်။
နောက်ပြီး သူက နစ်မြုတ်နေသလိုဖြစ်နေပြီး သူ့ပါးစပ်နဲ့ နှာခေါင်းတွေကနေ အသက်မရှူနိုင်တော့ပဲ အသက်လုံးလုံး မရှူနိုင်တော့ပေ။
ဒါမမှန်သေးဘူး။
အဲ့မှာ တခြားတစ်ယောက်ရှိတယ်၊ သူတစ်ယောက်ယောက်ကို မေ့နေခဲ့ပုံပဲ။
ရှောင်ချန်း ကနာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးအား တင်းကြပ်စွာ ပိတ်ထားခဲ့သည်။
သူ့အတွက် အရမ်းအရေးကြီးသည့် လူတစ်ယောက်ပဲ။
မကြာခင်တွင် ထိုလူက သူ့ကလေး တစ်ခုခုဖြစ်နေတာကို သိသွားခဲ့သည်။ ဒါက များပြားလှသည့် မှတ်ဉာဏ်တွေကို ပြန်ရရှိတာ သိနေတာကြောင့် သူချက်ချင်းပင် ထိုလူအား ကလေးလေး တစ်ယောက်ကို ပွေ့ဖက်ထားသလိုမျိုး ဖက်လိုက်ကာ သူ့အား စတင်ချော့မြူလိုက်ပြီး တစ်ဖက်လူရဲ့ကျောအား ပွတ်ပေးလိုက်သည်။
အလင်းဖျော့အောက်တွင် အညိုရောင် မျက်လုံးတွေက တောက်ပနေပြီး ကလေးနဖူးမှ ချွေးအေးတွေကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
ဒါဆို သူ ဘယ်သူ့ကို မေ့နေခဲ့တာလဲ?
ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်ပြီး သူ့နှလုံးခုန်သံက မြန်လာခဲ့သည်။
သူ့အသိစိတ်ကနေ ဒီအဖြေက အရမ်းကိုအရေးကြီးကြောင်း ပြောနေခဲ့သည်။
နောက်စက္ကန့်ပိုင်းတွင် သူ့နားထိပ်တွေကနေ တစ်စုံတစ်ယောက်က သူ့နှုတ်ခမ်းအား သူ့(ရှောင်ချန်း)နားနားတွင် ကပ်ကာ ပြောလိုက်သလိုမျိုး ကြားလိုက်ရပြီး သူ့လည်ပင်းမှလဲ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူ့အား အနည်းငယ် ယားယံသွားစေသည်။
“ငါက နက်ရှိုင်းလွန်းတဲ့ မြောင်းထဲက အဆိပ်မြွေပဲ။ ငါက အလင်းကို မမြင်နိုင်ဘူး။ ငါက ပစ်ပယ်ခံရပြီး မနှစ်မြို့ခံရဖို့ ထိုက်တန်တယ်”
“ဒါပေမဲ့ တချို့အကြောင်းအရာတွေကြောင့် ငါက နှင်းဆီတွေထက် ပိုထူးချွန်ပြောင်မြောက်တဲ့ မင်းကို ချစ်မိသွားခဲ့တယ်”
“ဒါပေမဲ့ နောက်ပိုင်းမှာ တကယ်တော့ မင်းက အစွန့်ပစ်ခံ နှင်းဆီလေးဆိုတာကို ငါနားလည်ခဲ့ရတယ်”
“ဒါကြောင့်ပဲ မင်းကို ငါနဲ့အတူ ချောက်ကမ်းပါးထဲကို ဆွဲချပြီး နစ်မြုတ်ပစ်လိုက်ချင်တယ်”
“အဆုံးမှာတော့”
“အမှောင်ထုထဲကနေ ငါ့ကို ကယ်တင်ခဲ့တာက မင်းပဲ”
ဒါက ဘယ်သူလဲ?
ဒီစကားတွေကို ဘယ်သူက ပြောနေတာလဲ?
အသံက ရင်းနှီးနေတယ်။
ထိုအချိန်တွင် ရှောင်ချန်း ကတစ်ခုခုကို တွေးနေရင်း သူ့ဦးနှောက်က ရှင်းလင်းလာကာ တစ်ခုခုက သူ့စိတ်ထဲ တိုက်ရိုက် တိုးဝင်လာခဲ့သည်။
ဂျင်းဟေးကျီ ကပြတင်းပေါက် အပြင်ဘက်မှ လျှပ်စီးနဲ့ မိုးခြိမ်းနေသည့် မြင်ကွင်းကို ကြည့်လိုက်သည်။
ကျယ်လောင်သည့် အသံက ပျံ့နှံ့လာခဲ့သည်။
နောက်ဆုံးတော့ ရှောင်ချန်း ကသူ့မျက်လုံးကို ဖွင့်လိုက်သည်။
သူက မော့ကြည့်လိုက်ပြီး အညိုရောင် မျက်ဝန်းအစုံနဲ့ တွေ့သွားခဲ့သည်။
ထိုလူက သူ့လက်ကို ဆုပ်လိုက်ပြီး သူ့လက်ချောင်းတွေနဲ့ ယှက်လိုက်ကာ ပြုံးလိုက်သည်။ “ဘေဘီ၊ ကို နဲ့အတူ ဒီကမ္ဘာကနေ ထွက်သွားဖို့ အဆင်သင့်ဖြစ်ပြီလား?”
#Finished, Next Arc > အန္တရယ်ကြားမှထွက်ပြေးခြင်း
19.3.2023 (Sun)
^^^^^^^^^^^^
Zawgyi
“ရွင္ သူ႔ကို ႀကိဳက္တယ္” ခ်န္းလုလု ကအျပစ္ကင္းသည့္ မ်က္လုံးေတြကို ျပဴးထားရင္း အျဖဴေရာင္ အက်ႌေလးကို ဝတ္ထားကာ ၾကမ္းျပင္တြင္ ဒူးေထာက္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ဖက္ထားသည့္ လူႏွစ္ေယာက္ကို ၾကည့္ေနခဲ့သည္။
လီေခ်ာင္းရီ ကသူ႔ေနာက္တြင္ မာရန္ယု ကိုထားထားရင္း သူ႔မ်က္လုံးေတြက ေသခ်ာသတိထားေနကာ မိန္းမငယ္ေလးရဲ႕ စကားလုံးေတြကို ၾကားလိုက္ခ်ိန္တြင္ သူ႔ႏႈတ္ခမ္းက ေစ့သြားခဲ့ၿပီး သူ႔ေနာက္မွ အလင္းေရာင္ကြယ္ကာ ရပ္ေနၿပီး တုန္ရီေနသည့္ ေကာင္ေလးကို ၾကည့္လိုက္ကာ သူ႔ႏွလုံးသားက နာက်င္လာခဲ့သည္။
မာရန္ယု ကသူ႔ေခါင္းကို ေမာ့လိုက္ခ်ိန္ လီေခ်ာင္းရီ ရဲ႕အၾကည့္နဲ႔ စုံသြားခဲ့သည္။
“အင္း” လီေခ်ာင္းရီ ကေခါင္းညိတ္လိုက္သည္။
အခုေတာ့ သရဲမက ေတြးေတြးဆဆနဲ႔ ေခါင္းညိတ္လိုက္႐ုံသာမက သူ႔ေနာက္တြင္ပုန္းေနသည့္ မာရန္ယု ေတာင္မွ ထိတ္လန႔္စြာျဖင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားခဲ့သည္။
သူက လီေခ်ာင္းရီ ရဲ႕ေက်ာဘက္ရွိ အက်ႌျဖင့္ သူ႔မ်က္ႏွာကို ကြယ္ထားကာ လီေခ်ာင္းရီ ရဲ႕ခႏၶာကိုယ္ အေႏြးဓာတ္ကို ခံစားမိေနခဲ့သည္။
သူ႔ေခါင္းကို အနည္းငယ္ ေမာ့လိုက္ၿပီး လီေခ်ာင္းရီ ရဲ႕သူ႔အား တင္းတင္းၾကပ္ၾကပ္ ကာကြယ္ေနသည့္ ပုံရိပ္ကို ျမင္လိုက္ရသည္။
အ႐ိုးသားဆုံး ေျပာရရင္ ထိုအခ်ိန္တြင္ သူ႔ႏွလုံးသားက မလႈပ္ရွားသြားဘူးဆိုရင္ ဟန္ေဆာင္ေနျခင္းသာ ျဖစ္လိမ့္မည္။
သရဲမက ေခါင္းခါလိုက္ကာ ေလထုကလဲ ထူးဆန္းစြာျဖင့္ တိတ္ဆိတ္ေနခဲ့သည္။
လီေခ်ာင္းရီ ကအံႀကိတ္လိုက္ကာ ပူေနခ်ိန္ သံကိုထု႐ိုက္သလိုမ်ိဳး စကားကို ဆက္ေျပာလိုက္သည္။ “ငါ တစ္ကိုယ္ေကာင္းဆန္မွန္း သိတယ္၊ သူအမွားလုပ္ခဲ့တာသိရဲ႕နဲ႔ တစ္ကိုယ္ေကာင္းဆန္မိလို႔ သူက မင္းကို ခြင့္လႊတ္ဖို႔ ေတာင္းပန္ေနခဲ့တယ္။ ဒါေပမဲ့ ငါကေတာ့ မင္း သူ႔ကို လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္တယ္”
သရဲမက ဘာမွမေျပာပဲ လီေခ်ာင္းရီ ကိုစိုက္ၾကည့္ေနၿပီးေနာက္ မာရန္ယု ကိုၾကည့္လိုက္သည္။
ေနာက္ဆုံးေတာ့။
မိန္းမငယ္ေလးက ဒီေန႔အတြက္ ရပ္တန႔္ဖို႔ စီစဥ္လိုက္သလိုမ်ိဳး ေျခလွမ္းကို ေနာက္ဆုတ္လိုက္သည္။
မေမွ်ာ္လင့္စြာပင္ တစ္ခ်ိန္လုံး ရွက္ကာ တိတ္ဆိတ္ေနသည့္ မာရန္ယု ကသူ႔သတၱိကို ဆြဲထုတ္ကာ လီေခ်ာင္းရီ အေနာက္မွ ေခါင္းကိုဆန႔္လိုက္ၿပီး ပင့္သက္ရႈိက္လိုက္ၿပီး နီရဲေနေသာ မ်က္လုံးေတြ၊ အက္ရွေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ “ခ်န္းလုလု၊ ငါေတာင္းပန္ပါတယ္”
“မင္း ကိုယ့္ကိုကိုယ္ သတ္ေသၿပီးေတာ့ ငါ့ခံဝန္ခ်က္ကို ျပန္႐ုတ္သိမ္းခဲ့တယ္” မာရန္ယု ရဲ႕မ်က္လုံးေတြက ခ်ိဳင့္ဝင္ေနၿပီး သူ႔ဦးေႏွာက္က ျပန္ေတြးေနခဲ့သည္။
လီေခ်ာင္းရီ ကထိုစကားေတြကို ၾကားလိုက္ခ်ိန္တြင္ အနည္းငယ္ အံ့အားသင့္သြားခဲ့သည္။
မာရန္ယု ကဆက္ေျပာလိုက္သည္။ “ဒါေပမဲ့ အဲ့အခ်ိန္တုန္းက ငါက အမႈန္အမႊားလိုပဲ၊ ငါ့ခံဝန္ခ်က္ကို အႀကိမ္ႀကိမ္ ႐ုတ္သိမ္းခဲ့တယ္။ တရား႐ုံး ဖြင့္တဲ့အခ်ိန္ေရာက္ေတာ့ ငါ့ဆႏၵေတြနဲ႔ ငါ့စကားေတြက တရားမဝင္ေတာ့ဘူး ျဖစ္သြားတယ္”
ထိုအခ်ိန္တြင္ မာရန္ယု ကအၿပဳံးေလးၿပဳံးႏိုင္ဖို႔ ႀကိဳးစားလိုက္သည္။
သရဲမက ရပ္ေနဆဲျဖစ္ကာ သူ႔အား တိတ္ဆိတ္စြာ ၾကည့္ေနေပမဲ့ ထိုအခ်ိန္တြင္ ေျပာေနသည့္ တစ္ဖက္လူရဲ႕ စကားေတြကေန အျမင္တြင္ ခံစားမိေနသလို ေအးခ်မ္းေနတာမ်ိဳး မဟုတ္မွန္း တုန္ေနသည့္ သူမပုခုံးကေနတဆင့္ သိႏိုင္သည္။
သူဘာေတြးေနမွန္း မသိႏိုင္ပဲ မာရန္ယု ရဲ႕မ်က္ႏွာတစ္ခုလုံးက နာက်င္မႈေတြနဲ႔ ျပည့္ႏွက္သြားခဲ့သည္။ “ငါ လီဂ်န္းဂြၽန္ ကိုရွာခဲ့တယ္။ မင္းအတြက္ တရားမွ်တမႈရဖို႔ ႀကိဳးစားဖို႔ပဲ။ ဒါေၾကာင့္ပဲ ဒီႏွစ္အနည္းငယ္အတြင္း ငါ့စိတ္အေျခအေနက ပ်က္ယြင္းလာခဲ့တယ္။ ငါစာဆက္ေလ့လာႏိုင္ဖို႔အတြက္ ႏွစ္အနည္းငယ္ေလာက္ ေက်ာင္းနားခဲ့ရတယ္။ ေနာက္ေတာ့ အႀကိမ္ႀကိမ္ ႀကိဳးစားၿပီးေတာ့ သူက သူ႔နာမည္ကိုေျပာင္းၿပီး စာဆက္သင္ႏိုင္ဖို႔ ေက်ာင္းေျပာင္းသြားတာကို သိလိုက္ရတယ္။ ဒါေၾကာင့္ပဲ ငါဒီကို ေရာက္လာခဲ့ရတာ။ ငါက...”
ထိုအခ်ိန္တြင္ မာရန္ယု ကသီးသြားခဲ့သည္။
“ငါ ဘယ္တုန္းကမွ မင္းကို မေမ့ခဲ့ဘူး၊ ငါ့ကိုယ္ငါလဲ ခြင့္မလႊတ္ႏိုင္ခဲ့ဘူး”
“ငါေတာင္းပန္ပါတယ္၊ ငါတကယ္ ေတာင္းပန္ပါတယ္”
တစ္ခန္းလုံးတြင္ မာရန္ယု ရဲ႕ရႈိက္သံနဲ႔ ငိုသံေတြသာ ပ်ံ႕ႏွံ႔ေနသည္။
ထိုအခ်ိန္တုန္းက သူက အမွန္အမွားကို မသိနားမလည္ေသးသည့္ ကေလးေလးသာ ျဖစ္ေနတုန္းပင္။ သူက ငယ္႐ြယ္ၿပီး နားမလည္ေပ။ တျခားသူေျပာသမွ်ကို သူယုံၾကည္ခဲ့သည္။ ခ်န္းလုလု ကသူမဘာသာ အေဆာက္အဦးေခါင္မိုးမွ ခုန္ခ်ကာ မသတ္ေသရင္ သူ႔အျပဳအမူေတြက မွားေနတယ္လို႔ သူထင္ခဲ့မွာမဟုတ္ဘူး!
ခ်န္းလုလု ကသူ႔ကို ခြင့္မလႊတ္ခဲ့ဘူး။
တူညီစြာပင္ သူလဲ သူ႔ကိုယ္သူ ခြင့္မလႊတ္ခဲ့ေပ။
ႏွစ္ေပါင္းမ်ားစြာ သူက ကိုယ့္ဘာသာ အျပစ္တင္ျခင္းေတြ၊ အားနာစိတ္ ခ်ိဳင့္ဝွမ္းထဲတြင္ ပိတ္မိေနခဲ့ၿပီး ႐ုန္းမထြက္ႏိုင္ခဲ့ေပ။
အခ်ိန္အေတာ္ၾကာ သူတို႔သုံးေယာက္ စကားမေျပာၾကေပ။
ေနာက္ဆုံးေတာ့။
သရဲမက ဘာမွမေျပာပဲ ေျခတစ္လွမ္းဆုတ္လိုက္ကာ သူတို႔ႏွစ္ေယာက္ေရွ႕တြင္ ေပ်ာက္ကြယ္သြားခဲ့သည္။
လုံးဝကို တိတ္ဆိတ္ေနခဲ့သည္။
သူမက မာရန္ယု ကိုခ်န္ထားရစ္ခဲ့သည္။
သရဲမ ထြက္သြားၿပီးေနာက္ လီေခ်ာင္းရီ က မာရန္ယု အားသူ႔လက္ေမာင္းထဲ ထည့္လိုက္ကာ သူ႔လက္ေမာင္းထဲမွ ငိုေနသည့္ အသံကို နားေထာင္ရင္း တိတ္ဆိတ္စြာျဖင့္ တစ္ဖက္လူရဲ႕ ေက်ာအား ပြတ္ေပးေနခဲ့သည္။
“မငိုပါနဲ႔၊ ငါရွိတယ္”
သရဲမ ထြက္သြားၿပီးေနာက္ မာရန္ယု ရဲ႕တင္းမာေနသည့္ အာ႐ုံေၾကာေတြက ေျပေလ်ာ့လာခဲ့သည္။ သူ႔စိတ္အေျခအေနက က်ိဳးပဲ့လြယ္ေနၿပီးသား ျဖစ္သည္။ သူက လီေခ်ာင္းရီ ရဲ႕ပုခုံးတြင္ မွီလိုက္ၿပီး က်ယ္ေလာင္စြာ ငိုလိုက္ကာ သူ႔ပါးစပ္မွလဲ ‘ငါ ေတာင္းပန္ပါတယ္’ဆိုသည့္ စကားကို ဆက္တိုက္ ေျပာေနခဲ့သည္။
ဒီကမာၻတြင္ တစ္သက္တာ၊ တစ္ဘဝစာေလာက္ ၾကာသြားရင္ေတာင္ ျပန္လည္မျပင္ဆင္ႏိုင္သည့္ အမွားေတြဆိုတာ ရွိႏိုင္သည္။
တစ္ဖက္လူက မင္းကို ခြင့္လႊတ္ႏိုင္ရင္ ဘာအေၾကာင္းျပခ်က္ပဲျဖင့္ျဖင့္ ဒါက ကမာၻေပၚက ေကာင္းခ်ီးသာျဖစ္သည္။
-
အေမွာင္ထုထဲတြင္ ဂ်င္းေဟးက်ီ ကသူ႔မ်က္လုံးကို တိတ္ဆိတ္စြာ ဖြင့္လိုက္ၿပီး သူ႔ညာလက္ကေတာ့ အိပ္ေပ်ာ္ေနသည့္ သူ႔ကေလးေလးအား ဖက္ထားရင္း တစ္ဖက္လူရဲ႕ အိပ္ေနသည့္ မ်က္ႏွာအား စိုက္ၾကည့္ေနခဲ့သည္။
႐ုတ္တရပ္ သူ႔မ်က္လုံးေတြက စူးရွသြားကာ က်ဥ္းေျမာင္းသြားခဲ့သည္။
အခုေလးတင္ ခ်န္းလုလု ရဲ႕နားၾကည္းခ်က္ေတြက ေပ်ာက္ကြယ္သြားတာကို သူခံစားမိလိုက္သည္။
ေကာင္းကင္ဘုံရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို သူျမင္ခဲ့တုန္းက ခ်န္းလုလု ကသူမ နာၾကည္းခ်က္ကို လက္လႊတ္ႏိုင္ရင္ ဒီကမာၻရဲ႕ ဇာတ္ေၾကာင္းက အဆုံးသတ္ေတာ့မွာျဖစ္သည္။
ဒီဇာတ္ေၾကာင္း ၿပီးဆုံးသြားၿပီး ဒီကမာၻမွ စြမ္းအင္ေတြက စုစည္းသြားလိမ့္မည္။
တစ္ခါ စုစည္းတာက...
ထိုလူရဲ႕ အညိဳေရာင္ မ်က္လုံးေတြက လႈပ္ရွားသြားခဲ့သည္။
ဆိုလိုတာက ေရွာင္ခ်န္း ရဲ႕မွတ္ဉာဏ္ေတြက ျပန္ေကာင္းလာလိမ့္မယ္!
ထိုလူက သူ႔ခ်စ္သူရဲ႕ မွတ္ဉာဏ္ေတြက ျပန္ရလာေတာ့မဲ့ အေၾကာင္းကို ေတြးလိုက္ၿပီး သူ႔ႏွလုံးခုန္ႏႈန္းကလဲ ျမန္ဆန္လာကာ သူ႔ႏွလုံးသားက ခုန္လႈပ္ေနတာေၾကာင့္ ေျပာစရာစကားေတာင္ မရွိေတာ့ေပ။
သူ ရႈရွန္း ျဖစ္တုန္းက သူ႔ေက်ာင္းသားဘဝ အဆုံးမသတ္ခင္အထိ အမွန္တရားကို သူမျမင္ႏိုင္ခဲ့ေပ။ သူက ကမာၻတြင္ လွည့္ပတ္လႈပ္ရွားရင္ ႏွစ္ရာေပါင္းမ်ားစြာ ျပာယာခတ္ေနခဲ့ေပမဲ့ ဘာမွက်န္မေနခဲ့ေပ။
ကမာၻႀကီးက အဆုံးသတ္ကို မေရာက္ခင္အထိ သူနားမလည္ခဲ့ပဲ ထိုကမာၻကေတာ့ အခ်က္အလက္ေတြ စုစည္းထားသည့္ အုပ္စုသာျဖစ္ၿပီး သူ႔ခ်စ္သူကလဲ ဒီအခ်က္အလက္ေတြၾကားက အစိတ္အပိုင္းတစ္ခုသာ ျဖစ္ၿပီး တျခားကမာၻအသစ္ဆီသို႔ အပို႔ခံလိုက္ရၿပီးျဖစ္ေၾကာင္း နားလည္သြားခဲ့ရသည္။
ဒုတိယကမာၻတြင္ သူ႔ကံၾကမၼာက ေသျခင္းနတ္ဘုရားအျဖစ္ ေျပာင္းလဲသြားေပမဲ့ သူ႔မွတ္ဉာဏ္က ေပ်ာက္ဆုံးသြားခဲ့ေပမဲ့ အမွန္တရားလို႔ေခၚတဲ့အရာကို ရွာေဖြေတြ႕ရွိခ်ိန္တြင္ ဟန္ေဆာင္ျခင္းဆိုသည့္ ေကာင္းခ်ီးျဖင့္ လြတ္ေျမာက္ျခင္း နည္းလမ္းကို သိခဲ့ရသည္။
ထိုကမာၻတြင္ သူ႔ခ်စ္သူရဲ႕ဘဝ အဆုံးသတ္တဲ့အထိ ေစာင့္ခဲ့ၿပီးေနာက္ ခ်က္ခ်င္းပင္ သူ႔ေျခလွမ္းေတြအား တတိယကမာၻဆီ လွမ္းခဲ့ၿပီးေတာ့ ျပန္လည္ဝင္စားျခင္း ျဖစ္စဥ္ကို အႀကိမ္ႀကိမ္ လုပ္ေဆာင္ခဲ့သည္။
ကမာၻတိုင္းတြင္ ေရွာင္ခ်န္း ကသူတို႔အတူ ႀကဳံေတြခဲ့ရသည့္ လွပသည့္ မွတ္ဉာဏ္ေတြကို ေပ်ာက္ဆုံးေနသည့္ ပုံေသခ်ထားသည့္ အ႐ုပ္လူသားလို ျဖစ္ေနခဲ့ၿပီး သူကသာလွ်င္ သူ႔ရွည္လ်ားလွသည့္ ဘဝလမ္းေၾကာင္းမွ အနိမ့္အျမင့္ေတြကို ျပန္မွတ္မွိေနတာက သနားစရာပင္။
သို႔ေသာ္ ေကာင္းတဲ့အရာတစ္ခုက ဒီလိုေတြျဖစ္ေနေပမဲ့ သူတို႔ ဘယ္ေနရာ သြားပါေစ သူတို႔ေတြ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္လိုေတြ ျဖစ္ေနပါေစ သူတို႔ကေတာ့ အခ်ိန္ဆိုင္းငံ့ျခင္း အလ်ဥ္းမရွိပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္မိသြားၾကၿပီး တစ္ဦးကို တစ္ဦး ဆက္ခ်စ္ေနမွာပင္ျဖစ္သည္။
ေနာက္ၿပီး ဒီကမာၻႀကီးမွာ မင္းခ်စ္တဲ့သူက မင္းကို ျပန္ခ်စ္ေနတာထက္ ပိုေပ်ာ္စရာေကာင္းတာ မရွိေတာ့ေပ။
ဂ်င္းေဟးက်ီ က ေရွာင္ခ်န္း ကိုပိုတင္းၾကပ္စြာ ဖက္လိုက္ၿပီး သူ႔ခႏၶာကိုယ္ေပၚမွ အနံ႔ေလးေတြကို ေမႊးက်ဴေနခဲ့သည္။
နက္ရႈိင္းလွသည့္ ေရကန္လို အညိဳေရာင္ မ်က္လုံးေတြက ေျပာင္းလဲမႈကို ရွာေတြ႕ဖို႔က အရမ္းကို ခက္ခဲလွသည္။
တစ္ခ်ိဳ႕မွတ္ဉာဏ္ေတြက သူ႔စိတ္ထဲ တိုးဝင္လာစဥ္ သူကေတာ့ မွတ္ဉာဏ္ထဲတြင္ နက္ရႈိင္းစြာ ႏွစ္ျမဳတ္ေနခဲ့သည္။
အေမွာင္ထဲတြင္ အိမ္ႀကီးက ပုန္းကြယ္ေနခဲ့သည္။ အိမ္အျပင္ဘက္ နံရံေတြကလဲ တိုက္ကပ္ႏြယ္ပင္ေတြနဲ႔ ဖုံးကြယ္ေနၿပီး အိမ္တံခါးေတြေတာင္မွ ျပင္းထန္စြာ ဖုံးကြယ္ေနခဲ့သည္။ ဘယ္သူမွ ျပန္မျပင္ၾကေပ။ သစ္႐ြက္ေတြနဲ႔ သစ္ကိုင္းေတြေတာင္ အဝါေရာင္ျဖစ္ေနခဲ့သည္။ ဒါက သရဲအိမ္လိုမ်ိဳး ေမွာင္မဲေနကာ ဘာအသြင္အျပင္မွ ရွိမေနေပ။
အိမ္ထဲတြင္ ဘာအလင္းမွ ရွိမေနပဲ မီးသီးေတြက ပ်က္စီးေနကာ နံရံတြင္လဲ ပင့္ကူမွ်င္ေတြက ရွိေနၿပီး အတြင္းပိုင္းကလဲ အရမ္းကို စိုထိုင္းေနၿပီး လူေသအေလာင္းလို မေက်နပ္ဖြယ္ အနံ႔အသက္ကိုေတာင္ ရေနၿပီး မႏွစ္ၿမိဳ႕ဖြယ္ ျဖစ္ေနသည္။
“စီနီယာ၊ စီနီယာ...” ဒါက ေယာက်ၤား တစ္ေယာက္ရဲ႕ အသံျဖစ္သည္။
အသံကေတာ့ အက္ရွမႈေတြနဲ႔အတူ ေလထုထဲတြင္ ပဲ့တင္ထပ္ေနၿပီး နတ္ဆိုးတစ္ေကာင္မွ တိုးလ်စြာ ညည္းညဴေနသံနဲ႔ တူေနသည္။
သို႔ေသာ္ သူက အရမ္းကို စိတ္အားထက္သန္စြာ ေအာ္ေနတာျဖစ္ၿပီး သူ႔ကိုယ္ပိုင္ နတ္ဘုရားအား ေခၚေနသလိုမ်ိဳး ဆြဲေဆာင္မႈရွိေနခဲ့သည္။
အိပ္ခန္းတံခါးက တင္းၾကပ္စြာ ပိတ္ေနခဲ့ၿပီး အျဖဴေရာင္ အ႐ိုးအျဖစ္ ေျပာင္းလဲေနသည့္ အေလာင္းက အိပ္ရာေပၚတြင္ လွဲေလ်ာင္းေနခဲ့သည္။ အေလာင္းရဲ႕ ႂကြက္သားေတြနဲ႔ အတြင္းကလီစာေတြက အခ်ိန္ရဲ႕ေဆးေၾကာမႈေၾကာင့္ အမႈန္အျဖစ္ ေျပာင္းလဲသြားခဲ့သည္။ အျဖဴေရာင္ အ႐ိုးေတြေတာင္မွ ထိလိုက္တာနဲ႔ ကြဲေၾကသြားေလာက္သည္။
မင္းသာ အနီးကပ္ၾကည့္ရင္ အေမွာင္ထုထဲတြင္ အ႐ိုးမွ အပိုင္းအစေတြနဲ႔ အိပ္ရာေပၚက မဲေမွာင္ေနသည့္ တစ္ခုခုကို ေသခ်ာေပါက္ ေတြ႕ႏိုင္သည္။
ဒါက ပထမတစ္ခ်က္ ၾကည့္႐ုံနဲ႔ အရိပ္တစ္ခုလို႔ ထင္ျမင္ႏိုင္ေပမဲ့ ေသခ်ာ အနီးကပ္ၾကည့္ရင္ေတာ့ အနက္ေရာင္ အရိပ္မွ သုံးေျမႇာင့္ပုံစံရႈေထာင့္ကို ျမင္ရလိမ့္မည္။
အနက္ေရာင္အရိပ္က အျဖဴေရာင္အ႐ိုးအား ေႁမြတစ္ေကာင္လို တင္းၾကပ္စြာ ရစ္ပတ္ထားၿပီး အျဖဴေရာင္ အ႐ိုးေတြကေတာ့ အရိပ္ၾကားတြင္ ႏွစ္ျမဳတ္ေနကာ ပါးစပ္မွလဲ ဆက္တိုက္ကို အသံထြက္ေနသေယာင္ ျမင္ေနရပုံက ႐ူးသြပ္စရာပင္။
“စီနီယာ၊ ဘယ္မွာလဲ...”
“ကြၽန္ေတာ္ မင္းကို ရွာမေတြ႕ဘူး...”
“စီနီယာ ကြၽန္ေတာ့္ကို ပစ္သြားတာလား?”
“ကြၽန္ေတာ္ စီနီယာကို အရမ္းသတိရတယ္...”
အနက္ေရာင္ ဝတ္႐ုံနဲ႔ ေယာက်ၤားတစ္ေယာက္က ဝိဉာဥ္ေက်ာက္တိုင္ေရွ႕တြင္ ရပ္ေနခဲ့ၿပီး အနက္ေရာင္ ဝတ္႐ုံက သူ႔မ်က္ႏွာ တစ္ဝက္ကို ဖုံးကြယ္ေနၿပီး သူ႔မ်က္လုံးနဲ႔ ႏွာေခါင္းက ကြယ္ေနၿပီး ပါးလႊာသည့္ ႏႈတ္ခမ္းပါးနဲ႔ ေအာက္ပိုင္းေမး႐ိုးကိုသာ ျမင္ေတြ႕ရတာက သူ႔အမူအရာကို ခန႔္မွန္းဖို႔က အရမ္းခက္ခဲေစသည္။
သူ႔ေရွ႕မွ ေက်ာက္တိုင္ေပၚတြင္ မ်ားျပားလွသည့္ အနီေရာင္ႏွင္းဆီပန္းေတြက ရွိေနၿပီး အျဖဴအမဲဓာတ္ပုံကလဲ သူ႔ေဘးတြင္ ရွိေနခဲ့သည္။ ဓာတ္ပုံထဲမွလူက အရမ္းကိုငယ္႐ြယ္သည့္ လူငယ္ေလးျဖစ္သည္။ ဖီးနစ္လို မ်က္ဝန္းေတြနဲ႔ ၿပဳံးေနတာက အရမ္းကို သက္ေတာင့္သက္သာ ပုံစံျဖစ္ေနသည္။
ထိုလူက ဓာတ္ပုံအား တိတ္ဆိတ္စြာ ၾကည့္ေနခဲ့ၿပီး သူ႔ပါးစပ္ေထာင့္က တိတ္ဆိတ္စြာျဖင့္ ျမင့္တက္သြားကာ သူဘာေတြးေနမွန္း ဘယ္သူမွ မသိႏိုင္ေပ။
ေနာက္ဆုံးေတာ့ သူ႔အိတ္ကပ္ထဲမွ ဆင္တူသည့္ လည္ဆြဲကို ထုတ္ယူလိုက္သည္။
ပိုၿပီးအံ့ဩဖို႔ေကာင္းတာက ထိုလည္ဆြဲက ခ်က္ခ်င္းပင္ လူလက္ေမာင္းအ႐ြယ္ လက္ေခ်ာင္းပုံစံအထိ ေျပာင္းလဲသြားခဲ့သည္။
ထိုေယာက်ၤားရဲ႕ တျခားလက္က အျဖဴအမဲဓာတ္ပုံကို ညင္သာစြာ ပြတ္သပ္ေနၿပီး သူ႔လႈပ္ရွားမႈတိုင္းက အရမ္းကို ႏူးညံ့ေနကာ အထူးသျဖင့္ ေကာင္ေလးရဲ႕မ်က္လုံး ေနရာကို ပြတ္သပ္လိုက္ခ်ိန္တြင္ ေတာ္ေတာ္ေလး ႏူးညံ့ေနၿပီး အႀကိမ္ႀကိမ္ ပြတ္သပ္ေနခဲ့သည္။ သူ႔လႈပ္ရွားမႈတိုင္းက သူ႔ခ်စ္သူကို ထိေတြ႕ေနသလိုမ်ိဳး ႏူးညံ့ေနခဲ့သည္။
“ေဘဘီ၊ မစိုးရိမ္ပါနဲ႔၊ ကို မၾကာခင္ ေဘဘီ့နား ေရာက္လာေတာ့မွာပါ...”
ထိုလူရဲ႕အသံက အရမ္းကိုတည္ၿငိမ္ေနၿပီး ျပတ္သားေနကာ ထိုအသံက လူေတြအား လန႔္သြားေစႏိုင္ေလာက္သည္။
ေနာက္စကၠန႔္တြင္ ထိုလူက သူ႔တံစဥ္ကို ေျမႇာက္လိုက္ၿပီး ေအးစက္သည့္ အလင္းေရာင္က အျဖဴအမဲဓာတ္ပုံေပၚ ျဖာက်သြားၿပီး ၾကက္သီးထ,စရာေကာင္းေနသည္။
ေနာက္ဆုံးေတာ့ ထိုလူက တံစဥ္ကို ေျမႇာက္လိုက္ၿပီး တြန႔္ဆုတ္ျခင္းမရွိပဲ သူ႔ႏွလုံးသားကို ထိုးစိုက္လိုက္သည္...
သူ႔ႏွလုံးသားမွ ေသြးေတြက စီးက်လာၿပီး သူ႔အနက္ေရာင္ဝတ္႐ုံက စို႐ႊဲသြားကာ ႏွင္းဆီအနံ႔သင္းေနသည့္ ေလထုထဲတြင္ ညီစို႔စို႔အနံ႔က ျပည့္ႏွက္လာခဲ့သည္။
သူ႔အေရးႀကီးသည့္ ဗဟိုခ်က္ကို ဆုံးရႈံးလိုက္ရၿပီး သူက ေက်ာက္တိုင္ေပၚ တိုက္႐ိုက္လဲက်သြားကာ အေပၚဘက္မွ ႏွင္းဆီအား ရႈရႈိက္လိုက္ရင္း သူ႔ႏႈတ္ခမ္းက ေကြးတက္သြားေပမဲ့ သူ႔အမူအရာကေတာ့ ငိုတာထက္ေတာင္ ပို႐ုပ္ဆိုးေနခဲ့သည္။
“ကိုယ့္ကို ေစာင့္ေနပါ၊ ကို ကေလးဆီ လာၿပီ...”
“ကေလး...”
ရႈရွန္း၊ ေသမင္း၊ တန္ဂြၽန္၊ စုရန္၊ ယုေမာ့၊ ဂ်င္းေဟးက်ီ...
ေရွာင္ခ်န္း ရဲ႕မ်က္ေတာင္ေတြက တုန္ခါသြားၿပီး ေခါင္းကိုက္လာခဲ့သည္။ သူခြဲထုတ္ခ်င္ေပမဲ့ ေပါက္ကြဲသလို ျဖစ္သြားၿပီးေနာက္ သူ႔ဦးေႏွာက္က ႐ုတ္တရပ္ တစ္ခုခု တိုးဝင္လာသလို ခံစားလိုက္ရသည္။
သူ႔စိတ္ထဲတြင္ မ်ားျပားလွသည့္ အညိဳေရာင္ မ်က္ဝန္းအစုံက လွည့္ပတ္ေနတာကို ျမင္လိုက္ၿပီး ျပင္းထန္လွသည့္ ခံစားခ်က္ေတြက သူ႔အား မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္ ျဖစ္ေစသည္။
ဒါက မ်ားျပားလွသည့္ သားရဲေတြက သူ႔ပတ္လည္တြင္ လွည့္ပတ္ေနၿပီး သူ႔အား အသက္ရွင္လ်က္ ခြၽတ္ထုတ္ခ်င္လိုမ်ိဳး သူ႔အား အပိုင္းပိုင္း ခြဲထုတ္ခ်င္သလိုမ်ိဳး သူ႔ဝမ္းဗိုက္ႂကြက္သားေတြဆီ အ႐ိုးေတြ အထိုးခံလိုက္ရသလိုမ်ိဳး ခံစားေနခဲ့ရသည္။
ေနာက္ၿပီး သူက နစ္ျမဳတ္ေနသလိုျဖစ္ေနၿပီး သူ႔ပါးစပ္နဲ႔ ႏွာေခါင္းေတြကေန အသက္မရႉႏိုင္ေတာ့ပဲ အသက္လုံးလုံး မရႉႏိုင္ေတာ့ေပ။
ဒါမမွန္ေသးဘူး။
အဲ့မွာ တျခားတစ္ေယာက္ရွိတယ္၊ သူတစ္ေယာက္ေယာက္ကို ေမ့ေနခဲ့ပုံပဲ။
ေရွာင္ခ်န္း ကနာက်င္မႈေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔မ်က္လုံးအား တင္းၾကပ္စြာ ပိတ္ထားခဲ့သည္။
သူ႔အတြက္ အရမ္းအေရးႀကီးသည့္ လူတစ္ေယာက္ပဲ။
မၾကာခင္တြင္ ထိုလူက သူ႔ကေလး တစ္ခုခုျဖစ္ေနတာကို သိသြားခဲ့သည္။ ဒါက မ်ားျပားလွသည့္ မွတ္ဉာဏ္ေတြကို ျပန္ရရွိတာ သိေနတာေၾကာင့္ သူခ်က္ခ်င္းပင္ ထိုလူအား ကေလးေလး တစ္ေယာက္ကို ေပြ႕ဖက္ထားသလိုမ်ိဳး ဖက္လိုက္ကာ သူ႔အား စတင္ေခ်ာ့ျမဴလိုက္ၿပီး တစ္ဖက္လူရဲ႕ေက်ာအား ပြတ္ေပးလိုက္သည္။
အလင္းေဖ်ာ့ေအာက္တြင္ အညိဳေရာင္ မ်က္လုံးေတြက ေတာက္ပေနၿပီး ကေလးနဖူးမွ ေခြၽးေအးေတြကို အက်ႌလက္ျဖင့္ သုတ္လိုက္သည္။
ဒါဆို သူ ဘယ္သူ႔ကို ေမ့ေနခဲ့တာလဲ?
ေရွာင္ခ်န္း ကမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔ႏွလုံးခုန္သံက ျမန္လာခဲ့သည္။
သူ႔အသိစိတ္ကေန ဒီအေျဖက အရမ္းကိုအေရးႀကီးေၾကာင္း ေျပာေနခဲ့သည္။
ေနာက္စကၠန႔္ပိုင္းတြင္ သူ႔နားထိပ္ေတြကေန တစ္စုံတစ္ေယာက္က သူ႔ႏႈတ္ခမ္းအား သူ႔(ေရွာင္ခ်န္း)နားနားတြင္ ကပ္ကာ ေျပာလိုက္သလိုမ်ိဳး ၾကားလိုက္ရၿပီး သူ႔လည္ပင္းမွလဲ ေႏြးေထြးမႈကို ခံစားလိုက္ရၿပီး သူ႔အား အနည္းငယ္ ယားယံသြားေစသည္။
“ငါက နက္ရႈိင္းလြန္းတဲ့ ေျမာင္းထဲက အဆိပ္ေႁမြပဲ။ ငါက အလင္းကို မျမင္ႏိုင္ဘူး။ ငါက ပစ္ပယ္ခံရၿပီး မႏွစ္ၿမိဳ႕ခံရဖို႔ ထိုက္တန္တယ္”
“ဒါေပမဲ့ တခ်ိဳ႕အေၾကာင္းအရာေတြေၾကာင့္ ငါက ႏွင္းဆီေတြထက္ ပိုထူးခြၽန္ေျပာင္ေျမာက္တဲ့ မင္းကို ခ်စ္မိသြားခဲ့တယ္”
“ဒါေပမဲ့ ေနာက္ပိုင္းမွာ တကယ္ေတာ့ မင္းက အစြန႔္ပစ္ခံ ႏွင္းဆီေလးဆိုတာကို ငါနားလည္ခဲ့ရတယ္”
“ဒါေၾကာင့္ပဲ မင္းကို ငါနဲ႔အတူ ေခ်ာက္ကမ္းပါးထဲကို ဆြဲခ်ၿပီး နစ္ျမဳတ္ပစ္လိုက္ခ်င္တယ္”
“အဆုံးမွာေတာ့”
“အေမွာင္ထုထဲကေန ငါ့ကို ကယ္တင္ခဲ့တာက မင္းပဲ”
ဒါက ဘယ္သူလဲ?
ဒီစကားေတြကို ဘယ္သူက ေျပာေနတာလဲ?
အသံက ရင္းႏွီးေနတယ္။
ထိုအခ်ိန္တြင္ ေရွာင္ခ်န္း ကတစ္ခုခုကို ေတြးေနရင္း သူ႔ဦးေႏွာက္က ရွင္းလင္းလာကာ တစ္ခုခုက သူ႔စိတ္ထဲ တိုက္႐ိုက္ တိုးဝင္လာခဲ့သည္။
ဂ်င္းေဟးက်ီ ကျပတင္းေပါက္ အျပင္ဘက္မွ လွ်ပ္စီးနဲ႔ မိုးၿခိမ္းေနသည့္ ျမင္ကြင္းကို ၾကည့္လိုက္သည္။
က်ယ္ေလာင္သည့္ အသံက ပ်ံ႕ႏွံ႔လာခဲ့သည္။
ေနာက္ဆုံးေတာ့ ေရွာင္ခ်န္း ကသူ႔မ်က္လုံးကို ဖြင့္လိုက္သည္။
သူက ေမာ့ၾကည့္လိုက္ၿပီး အညိဳေရာင္ မ်က္ဝန္းအစုံနဲ႔ ေတြ႕သြားခဲ့သည္။
ထိုလူက သူ႔လက္ကို ဆုပ္လိုက္ၿပီး သူ႔လက္ေခ်ာင္းေတြနဲ႔ ယွက္လိုက္ကာ ၿပဳံးလိုက္သည္။ “ေဘဘီ၊ ကို နဲ႔အတူ ဒီကမာၻကေန ထြက္သြားဖို႔ အဆင္သင့္ျဖစ္ၿပီလား?”
#Finished, Next Arc > အႏၱရယ္ၾကားမွထြက္ေျပးျခင္း
19.3.2023 (Sun)
^^^^^^^^^^^^