Unicode
"ဟာ သူဌေး အစောကြီးအလုပ်ဆင်းမလို့လား"
အမြဲတမ်း အခြားသူများထက် နောက်ကျမှအလုပ်ဆင်းတတ်သော ဦးဘုန်းမင်းညိုဟာ ယနေ့ကြမှထူးထူးဆန်းဆန်း အလုပ်စောဆင်းသဖြင့် အံဩစွာမေးလာတဲ့မိုးဇော် အမှားတော့မဟုတ်ပေ။
ခါတိုင်းဆို ဒီလိုစုစုစပ်စပ်အမေးတွေကို ဦးဘုန်းမင်းညိုမကြိုက်သော်လည်း ယနေ့မှာတစ်စုံတစ်ဦးကြောင့် စိတ်ကလေးအေးချမ်းနေသည်မို့ ပြုံးရွှင်စွာပင်ပြန်ဖြေသည်။
"အေး အိမ်မှာတွေ့ချင်တဲ့သူရှိတယ်လေ"
"အော်"
ခွန်းတကိုရည်ရွန်းမှန်းသိနေတဲ့ မိုးဇော်ဟာမျက်နှာတစ်ချက်ပျက်သွားသော်လည်း အမြန်ပြန်ပြင်လိုက်၏။
"ဟိုဟာ..သူဌေး"
"ပြော"
"ကျွန်တော်လစာကြိုထုတ်လို့ရလား"
"ဘာလို့တုန်း"
"ဇေ့အတွက်ရှေ့နေငှားဖို့ ပိုက်ဆံလိုနေလို့"
"မရဘူး"
ပြုံးရွှင်နေတဲ့မျက်နှာဟာ ဇေ့အကြောင်းကြားသည်နှင့် ချက်ချင်းပြန်တည်ရသည်။
တားမရတဲ့ခြေလှမ်းတွေနဲ့ မိုးဇော်ကိုကျောခိုင်းကာ ထွက်သွားတော့သည်။
"သူဌေး!!လစာလေးကြိုထုတ်ယုံလေးပါဗျာ"
ကားထဲဝင်ကာ ထွက်သွားသော ဦးဘုန်းမင်းညိုကို မိုးဇော်တားမရခဲ့။ဒေါသထွက်ရပါသည်။
အနည်းဆုံးတော့ ကူညီပေးသင့်သည်မလား။
ဘယ်လောက်ဘဲ ခွန်းတကိုအဝေးကကြည့်နေနိုင်ပါသည်ဟု စေတနာရှင်ကြီးလုပ်လုပ် အခုတော့အပြောနှင့်လုပ်ရပ် မကိုက်သည်ဟာ ယုံချင်စရာသိပ်ကောင်းလွန်းပါဘိ။
အရာရာထက် မိုးဇော်သူ့သူငယ်ချင်းဇေ့အတွက်သာ စိတ်ပူရပါသည်။
________________________________________
________________________________________
စံအိမ်ရှေ့ကားရပ်တော့ ဦးကျော်စွေကလာဖွင့်ပေးသည်။ခြံတံခါးဖွင့်ပေးနေတဲ့ ဦးကျော်စွေလက်တွေဟာ တုံယင်လို့ မျက်နှာလည်းမကောင်းပေ။
"ဦးလေး မျက်နှာလဲမကောင်းပါလား
ဘာဖြစ်တာလဲ"
အတင်းပြုံးထားရသော မျက်နှာဖြင့် ပြန်ဖြေသည်။
"ဘာ..ဘာမှမဖြစ်ပါဘူးကွယ့်"
ဦးဘုန်းမင်းညိုသိလိုက်ပါပြီ။ထက်စန္ဒာတစ်ခုခု လုပ်ထားသည်ဆိုတာကို။သို့သော် ဒီလိုကိစ္စတွေဟာ ဖြစ်နေကျဖြစ်ပြီး ခွန်းတကိုသာမထိရင် ဘာမှမဖြစ်သည်မို့ ပုံမှန်လိုသာဝင်လာခဲ့လိုက်သည်။
ခြံထဲရောက်သည်နှင့်အရင်ရှာမိသည်ဟာခွန်းတ။
သိပ်တောင်မရှာလိုက်ရ တွေ့ပါပြီ။ဒန်းလေးပေါ်တွင်ထိုင်ကာ ဦးဘုန်းမင်းညိုကို ကျောပေး၍ စာကလေးငှက်တစ်ကောက်ကို လက်ကလေးအုပ်ကာ တိုးတိုးတိတ်တိတ် စကားတွေပြောနေလေသည်။ထိုကလေးဆန်သော အပြုအမူကြောင့် ခံစားလိုက်ရတဲ့ခံစားချက်ဟာ နွေးထွေးလွန်းလို့ အပူရှပ်မှာတောင် ကြောက်ရသည်။အနားသွားကာ နီညိုရောင်ဆံနွယ်လေးတွေကို ဆုပ်ကိုင်ကာနမ်းကြည့်တော့ မကြိုက်သလိုတွန်းဖယ်လာခဲ့သည်။
လှည့်ကြည့်လာတဲ့ မျက်နှာလေးအထက် အကျည်းတန်သော အညိုအမဲစွဲရာတွေနှင့်လက်သည်းရာတွေ ထင်နေခဲ့သည်။
ရုတ်တရက်ရင်ထဲမှ စောင့်တက်လာတဲ့
ဓားထိုးခံရသလို နာကျင်မှုကြောင့် ဘာစကားမှတောင် မပြောနိုင်ခဲ့။ထိုလူသားကတော့ ဘာမှမဟုတ်သလိုပင် နဂိုအတိုင်း အူလည်လည်မျက်ဝန်းလေးဖြင့် သူ့ကိုကြည့်တုန်း။
ဒေါသထွက်လွန်းလို့ နားထင်ကြောတွေပင်ထနေသည်ကို ထိန်းကာ ခွန်းတလန့်မသွားစေရန်
အတတ်နိုင်ဆုံး လေသံအေးအေးဖြင့် မေးသည်။
"ခွန်းမျက်နှာပေါ်ကဟာတွေကို
ဘယ်သူလုပ်တာလဲ"
"မပြောချင်ဘူး"
တစ်ဖက်သို့ အေးစက်စက်ဖြင့် မျက်နှာလှည့်သွားသော ခွန်းတ။ဟုတ်တယ်လေ ဒီကိစ္စကိုသူဘယ်လိုပြောပြရပါ့။ရပ်ကွက်ထဲက ဂျီးတော်ကြီးတွေ ရိုက်လွှတ်လိုက်တာလို့ပြောရင် သူ့ယောက်ျားသိက္ခာကျရအုံးမည် ┐( ˘_˘)┌
ထိုသို့ပြန်ဖြေသော်လည်း ဦးဘုန်းမင်းညိုစိတ်မကွက်။ခွန်းတဟာ ကြင်နာတတ်လွန်း၍ တစ်ဖက်လူဘာမှမဖြစ်စေရန် ကာကွယ်ပေးသည်လို့ဘဲ ဖြည့်တွေးလိုက်၏။သို့ထက် တစ်ဖက်လူဆိုတာ ထက်စန္ဒာမှန်းသိနေသည့် တိုင်အောင်ပေါ့။
ခွန်းတကမပြောချင်တော့ မျက်နှာနုနုထက်မှာ ဒဏ်ရာတွေကို လျစ်လျူရှုကာ ဘေးနားတွင်ဝင်ထိုင်တော့ ဒန်းထောင့်စွန်းလေးကိုဘက်ကို ကပ်သွားသောအပြုအမူလေးဟာ သိပ်မသိသာသော်လည်း ရင်နာရသည်။
"ခုနကငှက်ကလေးကို ဘာတွေပြောနေတာလဲ"
"ဘာမှတော့မဟုတ်ပါဘူး
ကျွန်တော်ဒီမှာလိမ်လိမ်မာမာနေနေပါတယ်လို့
မောင့်စီကိုစကားပါးခိုင်းနေတာ"
နားရည်ဝနေကျ "မောင်"ဆိုသော အမည်ဟာ ချစ်ရသူ၏နှုတ်ဖျားမှထွက်လာပြန်တော့ သကြားလုံးလေးတစ်လုံးလို။သို့သော် ထိုအမည်ကိုရည်ရွန်းသူဟာ သူမဟုတ်မှန်းသိရတော့ ရင်ထဲမှာ နာဂစ်တွေတိုက်ရပြန်သည်။
ကာကွယ်လို့ရရင် ကာကွယ်ပေးချင်ပါရဲ့။
ထိုလူသားစီမှာ မရှိတဲ့အရာလေးတွေ ဖြည့်ပေးဖို့
ကိုယ့်ထဲမှာ ရှိတာလေးတွေ ဖဲ့ပေးချင်သော်လည်း
ထိုလူသားလေးက မလိုအပ်ဟုဆိုကာ တွန်းထုတ်နေသည်ဟာ ခက်၏။
ဇေ့မရှိ၍အားငယ်နေမည့် ခွန်းတကိုအားပေးရန် လက်ကလေးကိုဆုပ်ကိုင်တော့ ချက်ချင်းတွန်းဖယ်ကာ သူ့ကိုကြည့်လိုက်တဲ့အကြည့်ဟာ ရင်ကိုဓားနဲ့မွှန်းသလို။
"ဦး..အနေအထိုင်ဆင်ခြင်ရင်ကောင်းမယ်"
"အဲ့လောက်သတိထားစရာမလိုပါဘူး ခွန်းရယ် ပိုင်ဆိုင်ခြင်းဆိုတာ ကိုယ်နဲ့မသက်ဆိုင်မှန်းသိပါတယ် အားပေးချင်ယုံလေးပါ"
"မလိုဘူး"
လေထုဟာ တစ်ဖန်တိတ်ဆိတ်ရပြန်သည်။
"ခွန်း..နောက်တစ်ခါ ဒီလိုအနာတရာတွေမဖြစ်စေနဲ့ ခွန်းကိုအနိုင်ကျင့်ရင် ကိုယ့်ကိုလာတိုင် ကြားလား"
"ဘာလို့ လာတိုင်ရမှာလဲ"
"ကိုယ်မကြိုက်လို့"
"....."
"ပြီးတော့ ခွန်းမျက်နှာပေါ်က အနာတွေသေချာပျောက်အောင်လုပ် ခွန်းကိုဇေ့စီခေါ်သွားပေးမယ်
မျက်နှာပေါ်ကအနာတွေနဲ့ဆိုရင် ကိုယ်ကမင်းကိုအနိုင်ကျင့်လို့ဖြစ်တယ်ဆိုပြီး ဇေစိတ်ပူနေမယ်"
ဇေ့အကြောင်းကြားမှ မျက်လုံးလေးများလင်းလက်လာကာ သူ့ကိုချစ်စဖွယ်အပြုံးလေးဖြင့် ခေါင်းတတွင်တွင်ငြိမ့်ပြသည်။ဇေ့ကြောင့်ဖြစ်ပေါ်လာရတဲ့ အပြုအမူလေးတွေကပင် ဦးဘုန်းမင်းညိုမှာအချစ်ပိုရသည်။
အမာရွတ်ပင်မကျန်အောင် အဒေါ်အေးအေးစီဆေးသွားလိမ်းမည်ဟု ဆိုကာလုံးတုံးလုံးတုံးဖြင့်ပြေးသွားလေတော့သည်။မြင်ကွင်းထဲမှ ခွန်းတပျောက်သွားသည်နှင့် ဦးဘုန်းမင်းညို၏မျက်နှာထက်မှ နှစ်လိုဖွယ်အပြုံးတစ်ပွင့်ဟာ တည်တံ့သွားခဲ့ပြီး မျက်လုံးများမှေးသည်ထိပြုံးရယ်နေခဲ့ခြင်းဟာလည်း စူးရှရှမျက်လုံးတစ်စုံအဖြစ်ပြောင်းလဲရသည်။အိမ်ထဲသို့ဝင်သွားတဲ့ ခြေလှမ်းတွေနောက် အေးစက်စက်အငွေ့အသက်တွေဟာလည်း ပါနေခဲ့သည်။
"ဟီးဟီး မေမေ သမီးကိုအဲ့တာလေးယူပေး"
"ဒီမှာရော့ သမီးကဘာဟင်းချက်နေတာတုန်း"
"ကြက်သားဟင်း"
"ဟုတ်လား ကောင်းမယ့်ပုံဘဲ
တစ်ပွဲဘယ်လောက်လဲဗျို့"
"၅၀၀-"
သမီးလေးနဲ့အိမ်ထဲမှာကစားနေစဉ် အနောက်မှဆံပင်စောင့်ဆွဲခြင်းခံလိုက်ရတာကြောင့် ဒေါသထောင်းခနဲထွက်သွားသော်လည်း မြင်လိုက်ရတဲ့နီးကပ်လွန်းတဲ့ မောင့်မျက်နှာကြောင့်နာကျင်တာပင် ဘယ်ပျောက်မှန်းမသိ ရင်ခုန်သံတွေသာအစားဝင်လာခဲ့သည်။သူမလဲရူးလွန်းပါ၏..။
"သမီး အခန်းထဲသွားနေ"
"ဖေဖေ ဘာလို့.."
"အခန်းထဲသွားနေလို့ပြောနေတယ်
ထားသဇင်!!ငါနှစ်ခါမပြောချင်ဘူး"
"ဟင့်..ဟ-ဟုတ်"
တုံတုံယင်ယင်နှင့် အခန်းထဲပြေးထွက်သွားတာသေချာမှ ဦးဘုန်းမင်းညိုဟာ ထက်စန္ဒာကိုကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။ခါးမှခါးပတ်ကိုထုတ်ကာ ထက်စန္ဒာပါးကိုခါးပတ်ဖြင့် အသာအယာပုတ်၍ မေးသည်။
"ခွန်းတမျက်နှာပေါ်ကဒဏ်ရာတွေ
မင်းလုပ်တာမလား ထက်စန္ဒာ"
"မ..မဟုတ်ဘူး ကျွန်မမလုပ်ဘူး"
"ဖြန်း"
ခါးပတ်ဖြင့် ပါးပေါ်ရိုက်သော်လည်း အရှောင်ကောင်း၍လက်မောင်းကိုသာ ရှပ်ထိသွားသော်လည်း အသေနာ၏။
"ငါ့ကိုလာမလိမ်နဲ့ ထက်စန္ဒာ
မင်းစောက်ချိုးတွေငါသိတယ်
မနေ့ကတည်းက ခွန်းတကိုကြည့်တဲ့အကြည့်တွေ
ငါမကြိုက်တာ အခုဒီလိုအထိပါလုပ်ထားတယ်ဆိုတော့ မင်းတော်တော်ရိုင်းစိုင်းလှချီလား"
"ကျွန်မရိုင်းစိုင်းနေတာ မဟုတ်ဘူး
နာကျင်နေရတာ အဲ့တာရှင်သိရဲ့လား!!
ဟုတ်တယ် အဲ့ကိစ္စကကျွန်မကိုယ်တိုင်
ငွေပေးပြီး ခိုင်းထားတာ ကိုယ့်အိမ်ပေါ်ကို
ကိုယ့်ယောက်ျားရဲ့ လင်ငယ်ကလာနေနေတာ ကျွန်မကိုကျ အဖက်မလုပ်ဘဲ အဲ့ကောင်နဲ့ပလူးနေတာကို ကျွန်မဘယ်လို ကြည့်ရက်နိုင်မှာလဲ
ရှင့်လုပ်သမျှ ကျွန်မနားလည်သလောက်
ကျွန်မလုပ်သမျှကျ အပြစ်တွေရှာတယ်
ဝမ်းနည်းရတယ်...ကျွန်မအပေါ်ကျမှ
ဘာလို့ဒီလိုတွေ ဖြစ်နေရတာလဲ.."
"မင်းကိုအဲ့လိုမိန်းမမှန်းထင်မထားခဲ့ဘူး
ငါမင်းကိုဂရုမစိုက်တာနဲ့ ခွန်းတအပေါ်
ဒီလောက်ထိမုန်းနေမယ်လို့ထင်မထားခဲ့ဘူး
အရင်ကတော့ မင်းကိုကြည့်မရခဲ့တာ
အခုတော့ ရွံပါရွံသွားပြီ ပြည့်တန်ဆာမ"
တတ်နိုင်သလောက် ရင်ထဲရှိသမျှ ရင်ဖွင့်ချခဲ့သော်လည်း မောင်ပြန်ပြောသည့်စကားတွေထဲ ခွန်းတအကြောင်းမှလွဲ၍ ကျန်တာအကုန် ပယ်ထားခဲ့သည်ဟာ သိသာလွန်းလှသည်။
"ဟုတ်တယ် ကျွန်မကရှင်ရွံလှပါချီရဲ့ဆိုတဲ့
ပြည့်တန်ဆာဘဲ...အမြဲတမ်းလူတိုင်းအပေါ်ကောင်းမနေနိုင်ဘူး အမြဲတမ်းလည်း စိတ်ထားကမြင့်မြတ်မနေနိုင်ဘူး အမြဲတမ်းလည်း လူတိုင်းအပေါ်သဘောထားကြီးမပေးနိုင်ဘူး အထူးသဖြင့် ကျွန်မစီကရှင့်ကိုလုယူသွားခဲ့တဲ့ ခွန်းတဆိုတဲ့ အကောင်ကိုပေါ့
ဟုတ်တယ် ကျွန်မကအောက်တန်းကျတဲ့ ပြည့်တန်ဆာမဘဲ"
"ထက်စန္ဒာ!သမီးလေးရှိနေလို့
ငါဒေါသအရမ်းမထွက်ချင်ဘူး
မင်းအခုခွန်းတကိုသွားတောင်းပန်ရင်
ငါခွင့်လွှတ်ပေးမယ်"
"လုံးဝမတောင်းပန်နိုင်ဘူး
ကျွန်မကသူ့ကိုဘာကိစ္စဂရုစိုက်ရမှာလဲ"
"ဘာလို့ဆို ငါသူ့ကိုဂရုစိုက်တယ်!
မင်းသူ့ကိုနာအောင်လုပ်တာလဲ
ငါ့ကိုနာအောင်လုပ်တာနဲ့အတူတူဘဲ ရှင်းလား!?"
ထက်စန္ဒာနှုတ်ဖျားမှ ဘာစကားမှထွက်မလာခဲ့တော့။ထွက်မလာနိုင်တော့တာဆိုပိုမှန်မည်လား။
လဲပြိုနေရပြီ။သို့သော် မောင့်လုပ်ရပ်တွေဟာ အထိနာလွန်းလို့ တိတ်ဆိတ်သွားရတာကလွဲရင် ကျန်တာအရင်တိုင်းဘဲ အရမ်းချစ်သည်။
________________________________________
အမေ့ကိုရိုက်နှက်နေတဲ့ မြင်ကွင်းကိုအခန်းတံခါးလေးကြားမှသာ တိတ်တဆိတ်မျက်ရည်များကျလျက် ကြည့်နေခဲ့ရသည်။အမေဟာ အဖေရိုက်သမျှကိုအော်သံတောင် မထွက်ဘဲကြိတ်ခံနေသော်လည်း မျက်ဝန်းများမှာတော့ အပြင်ကနာကျင်မှုထက် အတွင်းမှနာကျင်မှုဟာပိုပြင်းနေခဲ့သည်ကို ထားသဇင်မြင်နေရခဲ့သည်။
အမေ့အတွက်ဘာမှမလုပ်နိုင်ဘဲ အဝေးကနေသာ ငိုယိုရင်း ကြည့်နေဖို့သာတတ်နိုင်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi
"ဟာ သူေဌး အေစာႀကီးအလုပ္ဆင္းမလို႔လား"
အၿမဲတမ္း အျခားသူမ်ားထက္ ေနာက္က်မွအလုပ္ဆင္းတတ္ေသာ ဦးဘုန္းမင္းညိုဟာ ယေန့ၾကမွထူးထူးဆန္းဆန္း အလုပ္ေစာဆင္းသျဖင့္ အံဩစြာေမးလာတဲ့မိုးေဇာ္ အမွားေတာ့မဟုတ္ေပ။
ခါတိုင္းဆို ဒီလိုစုစုစပ္စပ္အေမးေတြကို ဦးဘုန္းမင္းညိုမႀကိဳက္ေသာ္လည္း ယေန့မွာတစ္စံုတစ္ဦးေၾကာင့္ စိတ္ကေလးေအးခ်မ္းေနသည္မို႔ ၿပံဳးရႊင္စြာပင္ျပန္ေျဖသည္။
"ေအး အိမ္မွာေတြ့ခ်င္တဲ့သူရိွတယ္ေလ"
"ေအာ္"
ခြန္းတကိုရည္ရြန္းမွန္းသိေနတဲ့ မိုးေဇာ္ဟာမ်က္ႏွာတစ္ခ်က္ပ်က္သြားေသာ္လည္း အျမန္ျပန္ျပင္လိုက္၏။
"ဟိုဟာ..သူေဌး"
"ေျပာ"
"ကြၽန္ေတာ္လစာႀကိဳထုတ္လို႔ရလား"
"ဘာလို႔တုန္း"
"ေဇ့အတြက္ေရ႔ွေနငွားဖို႔ ပိုက္ဆံလိုေနလို႔"
"မရဘူး"
ၿပံဳးရႊင္ေနတဲ့မ်က္ႏွာဟာ ေဇ့အေၾကာင္းၾကားသည္ႏွင့္ ခ်က္ခ်င္းျပန္တည္ရသည္။
တားမရတဲ့ေျခလွမ္းေတြနဲ႔ မိုးေဇာ္ကိုေက်ာခိုင္းကာ ထြက္သြားေတာ့သည္။
"သူေဌး!!လစာေလးႀကိဳထုတ္ယံုေလးပါဗ်ာ"
ကားထဲဝင္ကာ ထြက္သြားေသာ ဦးဘုန္းမင္းညိုကို မိုးေဇာ္တားမရခဲ့။ေဒါသထြက္ရပါသည္။
အနည္းဆံုးေတာ့ ကူညီေပးသင့္သည္မလား။
ဘယ္ေလာက္ဘဲ ခြန္းတကိုအေဝးကၾကၫ့္ေနႏိုင္ပါသည္ဟု ေစတနာရွင္ႀကီးလုပ္လုပ္ အခုေတာ့အေျပာႏွင့္လုပ္ရပ္ မကိုက္သည္ဟာ ယံုခ်င္စရာသိပ္ေကာင္းလြန္းပါဘိ။
အရာရာထက္ မိုးေဇာ္သူ႔သူငယ္ခ်င္းေဇ့အတြက္သာ စိတ္ပူရပါသည္။
________________________________________
________________________________________
စံအိမ္ေရ႔ွကားရပ္ေတာ့ ဦးေက်ာ္ေစြကလာဖြင့္ေပးသည္။ၿခံတံခါးဖြင့္ေပးေနတဲ့ ဦးေက်ာ္ေစြလက္ေတြဟာ တံုယင္လို႔ မ်က္ႏွာလည္းမေကာင္းေပ။
"ဦးေလး မ်က္ႏွာလဲမေကာင္းပါလား
ဘာျဖစ္တာလဲ"
အတင္းၿပံဳးထားရေသာ မ်က္ႏွာျဖင့္ ျပန္ေျဖသည္။
"ဘာ..ဘာမွမျဖစ္ပါဘူးကြယ့္"
ဦးဘုန္းမင္းညိုသိလိုက္ပါၿပီ။ထက္စႏၵာတစ္ခုခု လုပ္ထားသည္ဆိုတာကို။သို႔ေသာ္ ဒီလိုကိစၥေတြဟာ ျဖစ္ေနက်ျဖစ္ၿပီး ခြန္းတကိုသာမထိရင္ ဘာမွမျဖစ္သည္မို႔ ပံုမွန္လိုသာဝင္လာခဲ့လိုက္သည္။
ၿခံထဲေရာက္သည္ႏွင့္အရင္ရွာမိသည္ဟာခြန္းတ။
သိပ္ေတာင္မရွာလိုက္ရ ေတြ့ပါၿပီ။ဒန္းေလးေပၚတြင္ထိုင္ကာ ဦးဘုန္းမင္းညိုကို ေက်ာေပး၍ စာကေလးငွက္တစ္ေကာက္ကို လက္ကေလးအုပ္ကာ တိုးတိုးတိတ္တိတ္ စကားေတြေျပာေနေလသည္။ထိုကေလးဆန္ေသာ အျပဳအမူေၾကာင့္ ခံစားလိုက္ရတဲ့ခံစားခ်က္ဟာ ေနြးေထြးလြန္းလို႔ အပူရွပ္မွာေတာင္ ေၾကာက္ရသည္။အနားသြားကာ နီညိုေရာင္ဆံႏြယ္ေလးေတြကို ဆုပ္ကိုင္ကာနမ္းၾကၫ့္ေတာ့ မႀကိဳက္သလိုတြန္းဖယ္လာခဲ့သည္။
လွၫ့္ၾကၫ့္လာတဲ့ မ်က္ႏွာေလးအထက္ အက်ည္းတန္ေသာ အညိုအမဲစြဲရာေတြႏွင့္လက္သည္းရာေတြ ထင္ေနခဲ့သည္။
ရုတ္တရက္ရင္ထဲမွ ေစာင့္တက္လာတဲ့
ဓားထိုးခံရသလို နာက်င္မႈေၾကာင့္ ဘာစကားမွေတာင္ မေျပာႏိုင္ခဲ့။ထိုလူသားကေတာ့ ဘာမွမဟုတ္သလိုပင္ နဂိုအတိုင္း အူလည္လည္မ်က္ဝန္းေလးျဖင့္ သူ႔ကိုၾကၫ့္တုန္း။
ေဒါသထြက္လြန္းလို႔ နားထင္ေၾကာေတြပင္ထေနသည္ကို ထိန္းကာ ခြန္းတလန႔္မသြားေစရန္
အတတ္ႏိုင္ဆံုး ေလသံေအးေအးျဖင့္ ေမးသည္။
"ခြန္းမ်က္ႏွာေပၚကဟာေတြကို
ဘယ္သူလုပ္တာလဲ"
"မေျပာခ်င္ဘူး"
တစ္ဖက္သို႔ ေအးစက္စက္ျဖင့္ မ်က္ႏွာလွၫ့္သြားေသာ ခြန္းတ။ဟုတ္တယ္ေလ ဒီကိစၥကိုသူဘယ္လိုေျပာျပရပါ့။ရပ္ကြက္ထဲက ဂ်ီးေတာ္ႀကီးေတြ ရိုက္လႊတ္လိုက္တာလို႔ေျပာရင္ သူ႔ေယာက္်ားသိကၡာက်ရအံုးမည္ ┐( ˘_˘)┌
ထိုသို႔ျပန္ေျဖေသာ္လည္း ဦးဘုန္းမင္းညိုစိတ္မကြက္။ခြန္းတဟာ ၾကင္နာတတ္လြန္း၍ တစ္ဖက္လူဘာမွမျဖစ္ေစရန္ ကာကြယ္ေပးသည္လို႔ဘဲ ျဖၫ့္ေတြးလိုက္၏။သို႔ထက္ တစ္ဖက္လူဆိုတာ ထက္စႏၵာမွန္းသိေနသၫ့္ တိုင္ေအာင္ေပါ့။
ခြန္းတကမေျပာခ်င္ေတာ့ မ်က္ႏွာႏုႏုထက္မွာ ဒဏ္ရာေတြကို လ်စ္လ်ူရႈကာ ေဘးနားတြင္ဝင္ထိုင္ေတာ့ ဒန္းေထာင့္စြန္းေလးကိုဘက္ကို ကပ္သြားေသာအျပဳအမူေလးဟာ သိပ္မသိသာေသာ္လည္း ရင္နာရသည္။
"ခုနကငွက္ကေလးကို ဘာေတြေျပာေနတာလဲ"
"ဘာမွေတာ့မဟုတ္ပါဘူး
ကြၽန္ေတာ္ဒီမွာလိမ္လိမ္မာမာေနေနပါတယ္လို႔
ေမာင့္စီကိုစကားပါးခိုင္းေနတာ"
နားရည္ဝေနက် "ေမာင္"ဆိုေသာ အမည္ဟာ ခ်စ္ရသူ၏ႏႈတ္ဖ်ားမွထြက္လာျပန္ေတာ့ သၾကားလံုးေလးတစ္လံုးလို။သို႔ေသာ္ ထိုအမည္ကိုရည္ရြန္းသူဟာ သူမဟုတ္မွန္းသိရေတာ့ ရင္ထဲမွာ နာဂစ္ေတြတိုက္ရျပန္သည္။
ကာကြယ္လို႔ရရင္ ကာကြယ္ေပးခ်င္ပါရဲ့။
ထိုလူသားစီမွာ မရိွတဲ့အရာေလးေတြ ျဖၫ့္ေပးဖို႔
ကိုယ့္ထဲမွာ ရိွတာေလးေတြ ဖဲ့ေပးခ်င္ေသာ္လည္း
ထိုလူသားေလးက မလိုအပ္ဟုဆိုကာ တြန္းထုတ္ေနသည္ဟာ ခက္၏။
ေဇ့မရိွ၍အားငယ္ေနမၫ့္ ခြန္းတကိုအားေပးရန္ လက္ကေလးကိုဆုပ္ကိုင္ေတာ့ ခ်က္ခ်င္းတြန္းဖယ္ကာ သူ႔ကိုၾကၫ့္လိုက္တဲ့အၾကၫ့္ဟာ ရင္ကိုဓားနဲ႔မႊန္းသလို။
"ဦး..အေနအထိုင္ဆင္ျခင္ရင္ေကာင္းမယ္"
"အဲ့ေလာက္သတိထားစရာမလိုပါဘူး ခြန္းရယ္ ပိုင္ဆိုင္ျခင္းဆိုတာ ကိုယ္နဲ႔မသက္ဆိုင္မွန္းသိပါတယ္ အားေပးခ်င္ယံုေလးပါ"
"မလိုဘူး"
ေလထုဟာ တစ္ဖန္တိတ္ဆိတ္ရျပန္သည္။
"ခြန္း..ေနာက္တစ္ခါ ဒီလိုအနာတရာေတြမျဖစ္ေစနဲ႔ ခြန္းကိုအႏိုင္က်င့္ရင္ ကိုယ့္ကိုလာတိုင္ ၾကားလား"
"ဘာလို႔ လာတိုင္ရမွာလဲ"
"ကိုယ္မႀကိဳက္လို႔"
"....."
"ၿပီးေတာ့ ခြန္းမ်က္ႏွာေပၚက အနာေတြေသခ်ာေပ်ာက္ေအာင္လုပ္ ခြန္းကိုေဇ့စီေခၚသြားေပးမယ္
မ်က္ႏွာေပၚကအနာေတြနဲ႔ဆိုရင္ ကိုယ္ကမင္းကိုအႏိုင္က်င့္လို႔ျဖစ္တယ္ဆိုၿပီး ေဇစိတ္ပူေနမယ္"
ေဇ့အေၾကာင္းၾကားမွ မ်က္လံုးေလးမ်ားလင္းလက္လာကာ သူ႔ကိုခ်စ္စဖြယ္အၿပံဳးေလးျဖင့္ ေခါင္းတတြင္တြင္ၿငိမ့္ျပသည္။ေဇ့ေၾကာင့္ျဖစ္ေပၚလာရတဲ့ အျပဳအမူေလးေတြကပင္ ဦးဘုန္းမင္းညိုမွာအခ်စ္ပိုရသည္။
အမာရြတ္ပင္မက်န္ေအာင္ အေဒၚေအးေအးစီေဆးသြားလိမ္းမည္ဟု ဆိုကာလံုးတံုးလံုးတံုးျဖင့္ေျပးသြားေလေတာ့သည္။ျမင္ကြင္းထဲမွ ခြန္းတေပ်ာက္သြားသည္ႏွင့္ ဦးဘုန္းမင္းညို၏မ်က္ႏွာထက္မွ ႏွစ္လိုဖြယ္အၿပံဳးတစ္ပြင့္ဟာ တည္တံ့သြားခဲ့ၿပီး မ်က္လံုးမ်ားေမွးသည္ထိၿပံဳးရယ္ေနခဲ့ျခင္းဟာလည္း စူးရွရွမ်က္လံုးတစ္စံုအျဖစ္ေျပာင္းလဲရသည္။အိမ္ထဲသို႔ဝင္သြားတဲ့ ေျခလွမ္းေတြေနာက္ ေအးစက္စက္အေငြ့အသက္ေတြဟာလည္း ပါေနခဲ့သည္။
"ဟီးဟီး ေမေမ သမီးကိုအဲ့တာေလးယူေပး"
"ဒီမွာေရာ့ သမီးကဘာဟင္းခ်က္ေနတာတုန္း"
"ၾကက္သားဟင္း"
"ဟုတ္လား ေကာင္းမယ့္ပံုဘဲ
တစ္ပြဲဘယ္ေလာက္လဲဗ်ိဳ႕"
"၅၀၀-"
သမီးေလးနဲ႔အိမ္ထဲမွာကစားေနစဉ္ အေနာက္မွဆံပင္ေစာင့္ဆြဲျခင္းခံလိုက္ရတာေၾကာင့္ ေဒါသေထာင္းခနဲထြက္သြားေသာ္လည္း ျမင္လိုက္ရတဲ့နီးကပ္လြန္းတဲ့ ေမာင့္မ်က္ႏွာေၾကာင့္နာက်င္တာပင္ ဘယ္ေပ်ာက္မွန္းမသိ ရင္ခုန္သံေတြသာအစားဝင္လာခဲ့သည္။သူမလဲရူးလြန္းပါ၏..။
"သမီး အခန္းထဲသြားေန"
"ေဖေဖ ဘာလို႔.."
"အခန္းထဲသြားေနလို႔ေျပာေနတယ္
ထားသဇင္!!ငါႏွစ္ခါမေျပာခ်င္ဘူး"
"ဟင့္..ဟ-ဟုတ္"
တံုတံုယင္ယင္ႏွင့္ အခန္းထဲေျပးထြက္သြားတာေသခ်ာမွ ဦးဘုန္းမင္းညိုဟာ ထက္စႏၵာကိုၾကမ္းျပင္ေပၚပစ္ခ်လိုက္သည္။ခါးမွခါးပတ္ကိုထုတ္ကာ ထက္စႏၵာပါးကိုခါးပတ္ျဖင့္ အသာအယာပုတ္၍ ေမးသည္။
"ခြန္းတမ်က္ႏွာေပၚကဒဏ္ရာေတြ
မင္းလုပ္တာမလား ထက္စႏၵာ"
"မ..မဟုတ္ဘူး ကြၽန္မမလုပ္ဘူး"
"ျဖန္း"
ခါးပတ္ျဖင့္ ပါးေပၚရိုက္ေသာ္လည္း အေရွာင္ေကာင္း၍လက္ေမာင္းကိုသာ ရွပ္ထိသြားေသာ္လည္း အေသနာ၏။
"ငါ့ကိုလာမလိမ္နဲ႔ ထက္စႏၵာ
မင္းေစာက္ခ်ိဳးေတြငါသိတယ္
မေန့ကတည္းက ခြန္းတကိုၾကၫ့္တဲ့အၾကၫ့္ေတြ
ငါမႀကိဳက္တာ အခုဒီလိုအထိပါလုပ္ထားတယ္ဆိုေတာ့ မင္းေတာ္ေတာ္ရိုင္းစိုင္းလွခ်ီလား"
"ကြၽန္မရိုင္းစိုင္းေနတာ မဟုတ္ဘူး
နာက်င္ေနရတာ အဲ့တာရွင္သိရဲ့လား!!
ဟုတ္တယ္ အဲ့ကိစၥကကြၽန္မကိုယ္တိုင္
ေငြေပးၿပီး ခိုင္းထားတာ ကိုယ့္အိမ္ေပၚကို
ကိုယ့္ေယာက္်ားရဲ့ လင္ငယ္ကလာေနေနတာ ကြၽန္မကိုက် အဖက္မလုပ္ဘဲ အဲ့ေကာင္နဲ႔ပလူးေနတာကို ကြၽန္မဘယ္လို ၾကၫ့္ရက္ႏိုင္မွာလဲ
ရွင့္လုပ္သမ်ွ ကြၽန္မနားလည္သေလာက္
ကြၽန္မလုပ္သမ်ွက် အျပစ္ေတြရွာတယ္
ဝမ္းနည္းရတယ္...ကြၽန္မအေပၚက်မွ
ဘာလို႔ဒီလိုေတြ ျဖစ္ေနရတာလဲ.."
"မင္းကိုအဲ့လိုမိန္းမမွန္းထင္မထားခဲ့ဘူး
ငါမင္းကိုဂရုမစိုက္တာနဲ႔ ခြန္းတအေပၚ
ဒီေလာက္ထိမုန္းေနမယ္လို႔ထင္မထားခဲ့ဘူး
အရင္ကေတာ့ မင္းကိုၾကၫ့္မရခဲ့တာ
အခုေတာ့ ရြံပါရြံသြားၿပီ ျပၫ့္တန္ဆာမ"
တတ္ႏိုင္သေလာက္ ရင္ထဲရိွသမ်ွ ရင္ဖြင့္ခ်ခဲ့ေသာ္လည္း ေမာင္ျပန္ေျပာသၫ့္စကားေတြထဲ ခြန္းတအေၾကာင္းမွလြဲ၍ က်န္တာအကုန္ ပယ္ထားခဲ့သည္ဟာ သိသာလြန္းလွသည္။
"ဟုတ္တယ္ ကြၽန္မကရွင္ရြံလွပါခ်ီရဲ့ဆိုတဲ့
ျပၫ့္တန္ဆာဘဲ...အၿမဲတမ္းလူတိုင္းအေပၚေကာင္းမေနႏိုင္ဘူး အၿမဲတမ္းလည္း စိတ္ထားကျမင့္ျမတ္မေနႏိုင္ဘူး အၿမဲတမ္းလည္း လူတိုင္းအေပၚသေဘာထားႀကီးမေပးႏိုင္ဘူး အထူးသျဖင့္ ကြၽန္မစီကရွင့္ကိုလုယူသြားခဲ့တဲ့ ခြန္းတဆိုတဲ့ အေကာင္ကိုေပါ့
ဟုတ္တယ္ ကြၽန္မကေအာက္တန္းက်တဲ့ ျပၫ့္တန္ဆာမဘဲ"
"ထက္စႏၵာ!သမီးေလးရိွေနလို႔
ငါေဒါသအရမ္းမထြက္ခ်င္ဘူး
မင္းအခုခြန္းတကိုသြားေတာင္းပန္ရင္
ငါခြင့္လႊတ္ေပးမယ္"
"လံုးဝမေတာင္းပန္ႏိုင္ဘူး
ကြၽန္မကသူ႔ကိုဘာကိစၥဂရုစိုက္ရမွာလဲ"
"ဘာလို႔ဆို ငါသူ႔ကိုဂရုစိုက္တယ္!
မင္းသူ႔ကိုနာေအာင္လုပ္တာလဲ
ငါ့ကိုနာေအာင္လုပ္တာနဲ႔အတူတူဘဲ ရွင္းလား!?"
ထက္စႏၵာႏႈတ္ဖ်ားမွ ဘာစကားမွထြက္မလာခဲ့ေတာ့။ထြက္မလာႏိုင္ေတာ့တာဆိုပိုမွန္မည္လား။
လဲၿပိဳေနရၿပီ။သို႔ေသာ္ ေမာင့္လုပ္ရပ္ေတြဟာ အထိနာလြန္းလို႔ တိတ္ဆိတ္သြားရတာကလြဲရင္ က်န္တာအရင္တိုင္းဘဲ အရမ္းခ်စ္သည္။
________________________________________
အေမ့ကိုရိုက္ႏွက္ေနတဲ့ ျမင္ကြင္းကိုအခန္းတံခါးေလးၾကားမွသာ တိတ္တဆိတ္မ်က္ရည္မ်ားက်လ်က္ ၾကၫ့္ေနခဲ့ရသည္။အေမဟာ အေဖရိုက္သမ်ွကိုေအာ္သံေတာင္ မထြက္ဘဲႀကိတ္ခံေနေသာ္လည္း မ်က္ဝန္းမ်ားမွာေတာ့ အျပင္ကနာက်င္မႈထက္ အတြင္းမွနာက်င္မႈဟာပိုျပင္းေနခဲ့သည္ကို ထားသဇင္ျမင္ေနရခဲ့သည္။
အေမ့အတြက္ဘာမွမလုပ္ႏိုင္ဘဲ အေဝးကေနသာ ငိုယိုရင္း ၾကၫ့္ေနဖို႔သာတတ္ႏိုင္ေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~