လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

တစ္ဆေမျက်လုံး(၉)

804 129 4
By Kaiyou1111

Unicode

“ရှင်ဘာလို့ ကျွန်မကို ကူညီပေးချင်ရတာလဲ?” မျက်နှာပေါ်တွင် သွေးအလိမ်းလိမ်းနဲ့ အဖြူရောင်ကို ဝတ်ထားသည့် သရဲမှ သွေးတွေက ပိုများပြားလာခဲ့သည်။ သူမမျက်နှာတွင်သာမက တစ်ကိုယ်လုံးကလဲ ပြတ်ကျလုနီးပါး ဖြစ်နေကာ သူမခန္ဓာကိုယ်တွင် ဓားဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး သူမခန္ဓာကိုယ်မှ သွေးအနံ့က ပိုပြင်းထန်လာခဲ့သည်။

ဒါက လောဘကြီးသည့် တစ္ဆေတွေ လက်စားချေပြီးနောက် ဆက်ဖြစ်လာမည့် အကျိုးဆက်ပဲဖြစ်သည်။ သိပ်မကြာခင်မှာပဲ သူမခန္ဓာကိုယ်က သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကမ္ဘာကြီးကနေ ပျောက်ကွယ်သွားလိမ့်မည်။

သူမက ပထမဆုံး ခြေလှမ်းကို စလှမ်းလိုက်တည်းက ဖြစ်လာမည့် အကျိုးဆက်တွေကို သိထားခဲ့သည်။

ဂျင်းဟေးကျီ ကသူမကိုတောင် မကြည့်ပဲ ရှေ့တည့်တည့်သာ အာရုံစိုက်ထားပြီး ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။ “မင်းလုပ်ချင်တာသာ လုပ်လိုက်”

ဒါက သူမ မေးချင်တာ မမေးဖို့ ရည်ရွယ်နေတာဖြစ်သည်။

သရဲမက မငြင်းဆန်ရဲပဲ သူမရှေ့မှ ဂျင်းဟေးကျီ ဆီမှ အားကောင်းလှသည့် ဖိအားတွေကို ခံစားနေရပြီး နာခံစေသည့် အရှိန်အဝါတွေပါ ရနေခဲ့သည်။

နောက်စက္ကန့်တွင် ထိုလူက သူလာခဲ့သည့်အတိုင်း လေလို ပျောက်ကွယ်သွားပြီး သရဲမကို ချန်ထားရစ်ခဲ့သည်။

လုလု ကထိုနေရာတွင်သာ ရပ်နေခဲ့ပြီး သူမရှေ့မှ တစ်ကိုယ်လုံးပေါ် မှန်ကိုစိုက်ကြည့်နေကာ သူမမျက်ခုံးတွေနဲ့ မျက်လုံးတွေထဲတွင် မနှစ်မြို့မှုတွေက ဖုံးကွယ်မထားနိုင်ပေ။

သူမ တစ်ချိန်က ကျက်သရေရှိသည့် ခန္ဓာကိုယ်နဲ့ လှသည့်မျက်နှာထားကို ပိုင်ဆိုင်ခဲ့ဖူးသည့် မိန်းမငယ်လေး ဖြစ်သည်။

မမျှော်လင့်စွာပင် ထိုအရာပြီးနောက် သူမမျက်နှာက မနှစ်မြို့စရာမှ တဖြည်းဖြည်းနဲ့ မြင်နိုင်သည့်နှုန်းဖြင့် သာမန်အသွင်အပြင် ဖြစ်လာပြီး ကြမ်းပြင်ထိ လျော့ကျလုနီးပါး ဖြစ်နေခဲ့သည့် အရည်ပြားကလဲ သာမန်လူလို ပြန်ဖြစ်လာခဲ့သည်။

သူမက မှန်မှတဆင့် ရင်းနှီးလှသည့် မျက်နှာအား ကြည့်လိုက်ပြီး သူမလက်တွေနဲ့ ထိတွေ့လိုက်သည်။ ဒါက အရမ်းကို ချောမွေ့နေသည်။

သူမက ခေါင်းငုံ့လိုက်ပြီး သူမခန္ဓာကိုယ်၊ လက်မောင်း၊ ပေါင်... ဒဏ်ရာအားလုံးက စတင်ပျောက်လာခဲ့သည်။

လုလု ကမယုံကြည်နိုင်စွာဖြင့် သူမပါးစပ်နဲ့ နှာခေါင်းအား ပိတ်လိုက်သည်။

တစ်ကြိမ် ရွေးချယ်စရာသာ ရှိခဲ့ရင် ထိုကောင်မလေးက သူမမျက်နှာ ပြန်ကောင်းဖို့ကိုသာ ရွေးချယ်ဖို့ ဆန္ဒရှိနေပြီး နာကျင်နေရတဲ့ တခြားသူတွေသာဆိုရင် အရိုးတွေ၊ အရည်ပြားတွေမှ နာကျင်မှုတွေကို ဖိနှိပ်ထားဖို့ ဘယ်သူက ဆန္ဒရှိနေမှာလဲ?

သူမက အမြဲတမ်း လက်စားချေချင်ခဲ့တာကြောင့် အရည်ပြားတွေ ရွံ့တွလာတာကာ အပြစ်ပေးခံရဖို့က ဖြစ်သင့်သည်။

---

“ဟေး” လီချောင်ရီ ကထောင့်မှ တစ်စုံတစ်ယောက်ကို မြင်လိုက်ပြီး မျက်လုံးတွေက တောက်ပသွားခဲ့သည်။ သူက ချက်ချင်းပင် အော်လိုက်ပြီး ပြေးသွားကာ ရှောင်ချန်း ရဲ့လမ်းကို ပိတ်လိုက်သည်။

ရှောင်ချန်း ကရပ်လိုက်ပြီး လီချောင်ရီ အာ အပေါ်အောက် အကြိမ်ကြိမ် မော့ကြည့်လိုက်သည်။ သူ ဘယ်သူဆိုတာကို ရှောင်ချန်း ကချက်ချင်း မှတ်မိသွားပေမဲ့ သူက ဘာစကားမှ မပြောပေ။ သူက လီချောင်ရီ ရဲ့မျက်လုံးကိုသာ တိတ်ဆိတ်စွာကြည့်ရင်း မင်း ဘာလို့ ငါ့ကို လာရှာတာလဲလို့ မေးချင်နေပုံရသည်။

လီချောင်ရီ ကသူ့နှုတ်ခမ်းကို စေ့လိုက်ပြီး သူ့မျက်လုံးအောက်က အနက်ရောင် အဝိုင်းက အရင်ကထက်တောင် ပိုများလာပြီး မျက်လုံးအိတ်ကလဲ နည်းနည်းချိုင့်ဝင်နေသည်။ သူ့တစ်ကိုယ်လုံးက စိတ်ဓာတ်ကျပုံပေါ်နေကာ သူတို့ ပထမဆုံး စတွေ့ခဲ့တုန်းကလို တက်ကြွကာ တောက်ပသည့်လူက သူဆိုတာတောင် မထင်မိစရာကောင်းလှသည်။

“ဒီကမ္ဘာမှာ တကယ်ကြီး သရဲတွေရှိတယ်မလား?” လီချောင်ရီ ကထိုစကားပြောဖို့ တွန့်ဆုတ်နေပြီး ဂရုတစိုက်နဲ့ မေးလိုက်သည်။

လီချောင်ရီ ကထိုနေ့က အတွေ့အကြုံအား အမြဲတမ်း အိမ်မက်မက်တာလို့ ခံစားရပေမဲ့ ထိုနေ့က သူသတင်းစာ ကိုင်လိုက်ရသည်က သေချာပေါက်ကို အမှန်ဖြစ်နေပြီး သူ့ကျောင်းလွယ်အိတ်ထဲတွင်တောင် မိတ္တူက ရှိနေသည်။

ထိုကိစ္စအား အမှန်ဟုတ်မဟုတ် သိချင်တာကြောင့် နေရာအများအပြားကို သူသွားခဲ့ပြီးနောက် ပြန်လည်အသုံးပြုခြင်း ဆိုင်ပိုင်ရှင်ကို တွေ့ခဲ့ရပြီး ထိုအကြောင်းတွေကို လူအများကြီးကို မေးခဲ့ကြပေမဲ့ ရလဒ်ကတော့ ထိုနှစ်တွင် တကယ်ကြီးကို မတော်တဆဖြစ်ခဲ့တာကို သိခဲ့ရသည်။

အစက သူ မယုံကြည်နိုင် ဖြစ်ခဲ့ရပေမဲ့ နောက်ပိုင်းတွင်တော့ မာရန်ယု အားမေးခွန်း မေးချင်ခဲ့ပြီး သူပြောတာကို ကြားလိုက်ပြီးနောက်တွင် မာရန်ယု ကပိုရူးသွပ်လာတာကို မြင်လိုက်ရသည်။ သတင်းစာထဲမှလူက သူ(မာရန်ယု) ဖြစ်တာကို သူဘယ်လိုလုပ်ပြီး နားမလည်ရမှာလဲ?

သို့သော် မတက်မနေရ ပညာရေးစနစ်နဲ့အတူ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ လူ့အဖွဲ့အစည်းရဲ့ အဓိကအကြောင်းအား မာတ်စ်ဝါဒအဖြစ် တိုးမြှင့်လိုက်တာကို လေ့လာခဲ့ရပြီး အပြစ်ကင်းစင်ခြင်း သီအိုရီအား ထောက်ခံခြင်းနဲ့ သိပ္ပံပညာအား စိစစ်ခြင်းတွေကို သင်ယူခဲ့ရသည်။ ဒီလိုမျိုးနဲ့ နှစ်ပေါင်းများစွာ အသက်ရှင်ပြီးနောက် သူ့အတွက် ခက်ခဲသည့် အခြေအနေကို ကြုံတွေ့ခဲ့ရတာကြောင့် ဒီကမ္ဘာတွင် တစ္ဆေတွေက တကယ်တည်ရှိကြောင်း ရုတ်တရက်ကြီး သူနားလည်လာခဲ့သည်။ ဒါက သူ့ယုံကြည်မှုတွေနဲ့ တန်ဖိုးတွေကို မြေပြင်ပေါ်ထားပြီး အကြိမ်ကြိမ် ပွတ်တိုက်ပြီးနောက် အတူတူပြန်ထားလိုက်သလိုမျိုး အရမ်းကိုရိုးရှင်းသည်။

ရှောင်ချန်း ကသူ့ခေါင်းကို စောင်းလိုက်ပြီး သူ့လက်ချောင်းနဲ့ လည်ဆွဲကို ပွတ်သပ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ “မင်းစိတ်ထဲမှာ အဖြေရှိပြီးသား မဟုတ်ဘူးလား?”

ဘာကြောင့် သူက သူ့ကို လာမေးဖို့ လိုနေသေးရတာလဲ?

လီချောင်းရီ ရဲ့အမူအရာက ရုန်းကန်နေရသည့် ပုံစံမျိုးဖြစ်သွားကာ သူ့မျက်နှာ အသွင်အပြင်က ရွံ့တွသွားပြီး ကွဲအက်နေသည့် အသံဖြင့် ပြောလိုက်သည်။ “မာရန်ယု ကသေမှာလား?”

အခုတော့ မာရန်ယု ကလုံးဝနှိပ်စက်ခံရလို့ ရူးနှမ်းနေပုံဖြစ်နေကာ သူက လူတွေကိုတောင် မကြည့်ရဲပဲ ကြောက်လန့်နေသည့် ငှက်လေးလိုမျိုး သူက အရမ်းကို ပြိုလဲကျနေခဲ့သည်။

သူ မာရန်ယု ကိုသွားတွေ့ချိန်တုန်းက တစ်ဖက်လူကြောင့် သူလဲ လှည့်ပြန်လာခဲ့ရသည်။ မာရန်ယု ကဘာကိုမှ မစားတော့ပဲ သူ့ပုံစံက အတော်လေးကို မျက်တွင်းတွေချိုင့်ဝင်နေသည်။

ရှောင်ချန်း ကသူ့အား ထူးဆန်းစွာ စိုက်ကြည့်လိုက်ပြီး နှစ်စက္ကန့်လောက် တိတ်ဆိတ်နေခဲ့ပြီး ပြန်ဖြေလိုက်သည်။ “မသေဘူး”

ဒါက အမှန်တရားဖြစ်သည်။

လီချောင်ရီ ရဲ့မှေးမှိန်နေသည့် မျက်လုံးတွေက ရေသေကန်ကနေ ရုတ်ချည်း အသက်ဝင်လာသလိုမျိုး တောက်ပသွားသည်။ “တကယ်လား?”

လီချောင်ရီ ကဘာအာရုံမှမရှိပဲ စကားအ,နေသည့် လူလိုဖြစ်သွားသည်။ “ဒါဆို သူ... မှားခဲ့တာ.. ဒါဆို ငါ.. မဟုတ်ဘူး”

သူက သူ့အတွေးတွေကို ဘယ်လိုဖော်ပြရမှန်း မသိတာကြောင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ တစ်ခုခုကို ပြန်တွေးလိုက်ပြီး သူ့အား စိုးထိတ်စွာ မေးလိုက်သည်။ “ဒါဆို... ဒါဆို အဲ့သရဲက သူ့ကို ထပ်မနှောက်ယှက်တော့ဘူးပေါ့”

ရှောင်ချန်း က လီချောင်ရီ ရဲ့စိုးထိတ်နေသည့် အမူအရာကိုကြည့်ကာ သူတွေးနေတာကို နားလည်လိုက်ပြီး သူ့နှုတ်ခမ်းက တွန့်သွားခဲ့သည်။ “ဒါတော့ ငါအတည်မပြုပေးနိုင်ဘူး”

အစကတည်းက ချန်းလုလု က မာရန်ယု ကိုသတ်ဖို့ မတွေးခဲ့ပေ။ သူမက သူ့ကိုမုန်းတီးပြီး သူမအတွက် သက်သေမခံပေးခဲ့တာကို မုန်းတီးခဲ့ပေမဲ့ မာရန်ယု ကိုသေလောက်သည်အထိ အပြစ်မပေးသင့်တာကို သူမလဲ သိနေခဲ့သည်။ ထိုအချိန်တွင် မာရန်ယု ကကလေးသာဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှသာ သူက ဝန်ခံပေးနိုင်လိမ့်မည်။

သို့သော် ဒီလိုဖြစ်ခဲ့တာကြောင့် သူမက သူ့ကို မုန်းနေတုန်းဖြစ်သည်။ သူမက နာကျဉ်းမှုကို မဖယ်ထုတ်နိုင်သေးဘူး! သူမရဲ့ တွေးခေါ်နိုင်စွမ်းတွေက သူမနဲ့ မချိတ်ဆက်နိုင်ခဲ့ပေ။

သူမက မာရန်ယု ရဲ့အာရုံကြောတွေကို နှိပ်စက်ခဲ့ပြီး သူ့အား ကြောက်လန့်စေဖို့ ညလယ်တွင် ပေါ်လာတက်ပေမဲ့ သူ့ကို မသတ်ပဲ နှိပ်စက်ရုံသာ လုပ်ခဲ့သည်။

သူမက သားရဲလိုဆရာကို သတ်ခဲ့ပေမဲ့ သူ့ကိုတော့ လက်မလွှတ်ခဲ့ပေ။ သူမက ထိုလူအား တူညီတဲ့နေရာတွင် တူညီသော သေဆုံးခြင်း အတွေ့အကြုံအား ထပ်တလဲလဲ ကြုံတွေ့စေပြီး တစ္ဆေဖြစ်လာအောင် ဖန်တီးခဲ့သည်။

လီချောင်ရီ ရဲ့မျက်နှာက ချက်ချင်းကို ဖြူဖျော့သွားပြီး သူ့အမူအရာက ငိုတာထက်တောင်ဆိုးသည့် အမူအရာဖြစ်သွားပြီး သူ့နှုတ်ခမ်းက တုန်ရီလာခဲ့သည်။ “သူမက သူ့ကို ဘယ်အချိန် လွှတ်ပေးမှာလဲ?”

ရှောင်ချန်း ကစိတ်အားထက်သန်စွာနဲ့ ပြောလိုက်သည်။ “အင်း... မင်း သူမနဲ့ ဆက်သွယ်နိုင်ရင် သူမက မာရန်ယု ကိုလွှတ်ပေးလိမ့်မယ်”

လီချောင်ရီ ကသူ့အား သံသယဖြစ်စွာ ကြည့်လိုက်ပြီး ရှောင်ချန်း ရဲ့လက်ချောင်းတွေက လည်ဆွဲအား ပွတ်သပ်နေတုန်းဖြစ်ကာ ဆက်ပြောလိုက်သည်။ “ဒီနေ့ကစပြီး ညဘက်မှာ မင်းက မာရန်ယု ရဲ့ဘေးမှာနေပေးပြီး သရဲရောက်တဲ့အချိန်မှာ မင်းက သူမနဲ့ ဆက်သွယ်နိုင်လိမ့်မယ်” ရှောင်ချန်း ကခဏရပ်လိုက်သည်။ “သူမ သေချာပေါက် နားထောင်လိမ့်မယ်”

နောက်ပြီး လီချောင်ရီ ကသူမဘဝကို သေချာပေါက် ကာကွယ်ပေးခဲ့သည်။

ဒါက ပြောဖို့တောင်မလိုပေ။

လီချောင်ရီ ကထိုနေရာတွင်သာ ရပ်နေခဲ့ပြီး ထွက်သွားသည့် ရှောင်ချန်း ရဲ့ကျောကို ကြည့်နေကာ သူ့တစ်ကိုယ်လုံးက ငေးငိုင်နေပုံရသည်။

ဂျင်းဟေးကျီ က လီချောင်ရီ အားဂရုမမူစွာ ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားခဲ့သည်။

သူ့မှတ်ဉာဏ်တွေ အကုန်ပြန်ရသွားပြီ။

ကမ္ဘာတိုင်း သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးရလိမ့်မည်။ သူ့အချစ်နဲ့ ရှောင်ချန်း အတွက်ဇွဲကောင်းခဲ့ခြင်းမျိုးသာ ရှိမနေခဲ့ရင် သူအခုထိ ရှင်သန်နေနိုင်မှာ မဟုတ်ပေ။

ကမ္ဘာပေါင်းများစွာမှ အတွေ့အကြုံတွေကို ကြုံတွေ့ရပြီးနောက် ဒီကမ္ဘာကြီးရဲ့ ဥပဒေဿတွေနဲ့ လွတ်မြောက်ခြင်း နည်းလမ်းတွေကို သူရှာတွေ့ခဲ့သည်။

သူနဲ့ ရှောင်ချန်း တို့အတူရှိနေသည့် ဒီကမ္ဘာက တကယ့်ကမ္ဘာအစစ် မဟုတ်တာကို သူနားလည်နေခဲ့ပြီး ဇာတ်ကြောင်းကို ပြင်ဆင်နိုင်ပြီး နောက်ခံတွေကိုတောင် စိစစ်နိုင်သည်။ ထပ်ပြီးတော့ အံ့ဩဖို့ကောင်းတဲ့ တွေ့ရှိချက်ကိုလဲ သူရှာတွေ့ခဲ့သည်။ ဒီထောင်ပေါင်းများစွာသော ကမ္ဘာတွေတွင် ကမ္ဘာတိုင်းကို စည်းမျည်းတွေနဲ့ ချုပ်ထိန်းထားသည်။

ပထမကမ္ဘာမှာ ရှုဂေါင်ဟန်၊ ဒုတိယကမ္ဘာမှာ လျန်ဂျင်း၊ တတိယကမ္ဘာမှာ မာချန်းဂုံ၊ စတုတ္ထကမ္ဘာမှာ ဝမ်ရီဇီ၊ ပဉ္စမကမ္ဘာမှာတော့ ရှုချိုင်တောင်...

နောက်ပြီး ဒီကမ္ဘာမှာတော့

လီချောင်ရီ!

သူတို့အားလုံးက ကမ္ဘာကြီးရဲ့ ချစ်ခြင်းကို အထူးရထားသူတွေပဲ။

သူက တစ္ဆေဘုရင်ဖြစ်ဖို့ ရုန်းကန်ခဲ့ရပြီး ကမ္ဘာကြီးရဲ့ စည်းမျည်းအပြင်ဘက်တွင် အထူးသီးခြား တည်ရှိမှုဖြစ်လာတာကြောင့် ဒီကမ္ဘာမှ ရှေ့ဖြစ်မည့် အကြောင်းအရာတွေကို သူသိခဲ့ရသည်။

နောက်ပြီး ဇာတ်ကြောင်းတစ်ခုလုံးကိုလဲ သူသိခဲ့သည်။

ဂျင်းဟေးကျီ ကထိုအကြောင်းတွေကို အနည်းငယ် တွေးထုတ်လိုက်သည်။

နောက်ပြီး ဒီကမ္ဘာကြီးက အဆုံးသတ် ဇာတ်ကြောင်းကို ရောက်ချိန်မှာ ဒီကမ္ဘာကြီးကို ထိန်းချုပ်တဲ့ ဥပဒေတွေက လျော့ကျသွားပြီး သူနဲ့ ရှောင်ချန်း တို့က ထိုကြားဖြစ်ရပ်မှာ လွတ်မြောက်နိုင်လိမ့်မည်။

အခု သူတို့က လွတ်မြောက်ဖို့ လိုအပ်သည့် စွမ်းအင်တွေကို စုဆောင်းထားခဲ့ပြီး နောက်ဆုံး ခြေတစ်လှမ်းစာသာ ကျန်တော့သည်။

ဇာတ်လမ်းအဆုံးသတ်ကို စောင့်နေခဲ့သည်။

ဒါက အချိန်အတော်ကြာ သူစီစဉ်ထားခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်ကာ ဖြစ်လာရလိမ့်မည်။

ရှောင်ချန်း ကသူ့ချစ်သူရဲ့ ခံစားချက် အတက်အကျကို ခံစားမိလိုက်ပြီး ရုတ်တရက်ကြီး အတွေးတွေကို ရှုပ်ထွေးသွားအောင် လုပ်ချင်ခဲ့သည်။

ရှောင်ချန်း ကထူးခြားလွန်းသည့် အတွေးတွေရှိကာ လူအုပ်ကြားတွင် အမြဲတမ်း ထင်ပေါ်နေလိမ့်မည်။ လမ်းတစ်လျှောက်မှ ဆယ်ကျော်သက် ကောင်မလေးတွေက သူ့အကြောင်းကို အမြဲတမ်း ပြောကြသည်။

ရှောင်ချန်း ကသူ့လည်ပင်းမှ ကော်လာကို ကိုင်လိုက်သလို ဟန်ဆောင်လိုက်ပြီးနောက် ဂရုမစိုက်သည့် အမူအရာဖြင့် ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး သူ့ချစ်သူက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို မြင်ရဖို့ လုပ်လိုက်သည်။

ဂျင်းဟေးကျီ ဘာမှမပြောနိုင်ခင် သူ့အား ကြည့်နေကြသည့် ဘေးဘက်မှ မိန်းကလေးတွေက ပိုစိတ်လှုပ်ရှားလာခဲ့သည်။ သုံးမီတာလောက်မှ တစ်ဖက်လူရဲ့ စိတ်လှုပ်ရှားသည့် အသံကိုတောင် သူကြားလိုက်ရသည်။ “သူက အရမ်းချောတာပဲ၊ ညှပ်ရိုးကတောင် အရမ်းကို ကြည့်ကောင်းလွန်းတယ်။ အခုတော့ သူ့လည်ပင်းမှာ ငါတကယ်ကြီးကို အမှတ်အသားတွေ ချန်ထားပစ်ချင်တယ်”

အလွယ်တကူ သဝန်တိုတက်သည့် သူ့ချစ်သူရဲ့ စိတ်အခြေအနေကြောင့် တစ်ခုခု ဆိုးရွားပြီး အဆုံးသတ်က အတော်လေး မကောင်းတာ ဖြစ်လာတော့မယ်လို့ ရှောင်ချန်း ခံစားမိလိုက်သည်။ ချက်ချင်းပင် ကြယ်သီးပြန်တပ်လိုက်ပြီး သူ့ရင်ဘတ်အား ပြန်ဖုံးလိုက်သည်။

သို့သော် မမျှော်လင့်စွာဖြင့် ကောင်မလေးတွေက ဆက်ပြောလိုက်သည်။ “ဘုရားရေ၊ အဖြူရောင် ရှပ်အင်္ကျီနဲ့ ကောင်လေးက အရမ်းကို ဆက်ဆီကျတာကို နင်မြင်လိုက်လား? သူ့ရင်ဘတ်က အနီရောင်လေးကိုတောင် ငါမြင်လိုက်တယ်!”

“…”

“ဟမ့်”

ကောင်မလေးရဲ့ အသံထွက်လာသည်နှင့် ထိုလူရဲ့ လှောင်ရယ်သံကို ရှောင်ချန်း ကြားလိုက်ရသည်။

သွားပြီ၊ သူအတော်လေး လန့်သွားခဲ့သည်။

ရှောင်ချန်း ကသူ့ကျောဘက်မှ လေအေးကို ခံစားလိုက်ရပြီး သူ့ရှေ့မှ မြင်ကွင်းက မဲမှောင်သွားကာ တစ်ခုခုက ဆိုးရွားတာ ဖြစ်လာတော့မလို ဖြစ်လာခဲ့သည်။

သူ့လူက လူသားပုံစံ အသွင်ပြောင်းလာပြီး ရှောင်ချန်း နောက်တွင် ပေါ်လာပေမဲ့ သူ့အား ရှောင်ချန်း မှလွဲ၍ ဘယ်သူမှ မမြင်နိုင်ပေ။

ရှောင်ချန်း ကလန့်သွားပြီး သူ့ခြေထောက်နဲ့ မြေကြီး လွတ်တော့မလို ခံစားလိုက်ရကာ ထိုလူရဲ့ စူးရှသည့် အကြည့်ကိုရလိုက်ပြီး ထိုလူရဲ့ခြေလှမ်းနောက်မှ အပြစ်ကင်းသည့် မျက်နှာလေးဖြင့် လိုက်လာကာ ထောင့်ဘက်ကို လျှောက်သွားလိုက်သည်။

သူတို့ထောင့်ကို ရောက်သည်နှင့် ထိုလူက ရှောင်ချန်း အားနံရံနဲ့ သူ့လက်မောင်းကြားတွင် ချုပ်ထားလိုက်သည်။

သူက ထိုလူရဲ့ လက်မောင်းအတွင်း ကျုံ့ဝင်သွားကာ အပြစ်ကင်းစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး စင်ကြယ်စွာ ပြုံးပြလိုက်သည်။

ထိုလူက လှောင်ရယ်လိုက်ပြီး သူ့လက်မောင်းတွေအား ရှောင်ချန်း ရဲ့ခါးတွင်ထားလိုက်ပြီး သူ့ပျော့ပျောင်းလွယ်သည့် လက်တွေက သူ့ဘောင်းဘီအတွင်းမှ ရှပ်အင်္ကျီကို ဆွဲထုတ်လိုက်သည်။

လက်နှစ်ဖက်လုံးက အဆင်ပြေစွာ
သူ့ညာခြေထောက်က ရှောင်ချန်း ရဲ့ခြေ‌ထောက်ကြားသို့ ညှာတာမှုမရှိ တိုးဝင်လာခဲ့သည်။

“...”

ရှောင်ချန်း ရဲ့မျက်နှာက ချက်ချင်း ရဲတက်လာခဲ့သည်။

ဒီနေရာက အရမ်းကို အန္တရာယ်များလွန်းသည်။ တစ်ယောက်‌ယောက် ဖြတ်သွားရင် သူ့ကိုသာ မြင်ရမှာဖြစ်ပြီး သူက တစ်ခုခု မကောင်းတာ လုပ်နေတာလို့ သေချာပေါက် တွေးကြလိမ့်မည်။

ထိုလူက သူ့ဒေါသအား ဖော်ပြဖို့အတွက် ရှောင်ချန်း ရဲ့ညှပ်ရိုးအား ကိုက်လိုက်ပြီး အမှတ်အသားတွေ တစ်ခုပြီး တစ်ခု ပေးနေခဲ့သည်။

သူ့ကလေးက အကျယ်ချဲ့ဖို့ အင်အားတွေ ရှိနေသေးတာကို နားလည်လိုက်ပြီး နာနာကိုက်လိုက်သည်။

ရှောင်ချန်း ကအသက်ရှူသွင်းလိုက်သည်။

ထိုလူက သူ့နှလုံးသားကို တုန်ခါလာသည်အထိ ကိုက်နေခဲ့ပြီး ရှောင်ချန်း ရဲ့ခန္ဓာကိုယ်အား ကြည့်နေခဲ့သည်။ ကလေးရဲ့ မျက်နှာတစ်ခုလုံးက နီရဲသွားပြီး မထိန်းချုပ်နိုင်ပဲ အသံထွက်သွားကာ သူ့မြင်ကွင်းတွင် သူ(ဂျင်းဟေးကျီ) တစ်ယောက်တည်းသာ ရှိနေခဲ့သည်။ သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ကလေးရဲ့ နားနားကို တိုးကပ်သွားကာ သူ့နားအတွင်း လေမှုတ်သွင်းလိုက်သည်။ ထင်တဲ့အတိုင်းပင် သူ့နားက အထိမခံနိုင်ဆုံး နေရာဖြစ်ပြီး ချက်ချင်းကို ပန်းရောင်သမ်းလာခဲ့သည်။

ထိုလူက ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းကို ဖွင့်လိုက်သည်။ “ပြန်ပြီး ဒီညကိုစောင့်နေလိုက်”

သူ့စကား ဆုံးသည်နှင့် ရှောင်ချန်း ကနောက်ပိုင်း ဖြစ်လာမည့်အရာအတွက် မကောင်းတာကို ခံစားလိုက်ရသည်။

သူ့ခါးကတော့ အနည်းငယ် နာကျဉ်သွားပြီး ခြေထောက်တွေတောင် ပျော့ခွေလာခဲ့သည်။

???

Shit!

ဆန့်ကျင်ဘက် အနေဖြင့် ထိုလူရဲ့အပြုံးက ပိုတောက်ပလာခဲ့သည်။

သူ့တွင် ဘယ်လောက် မကောင်းတဲ့ အကြံတွေ ထွက်လာလဲဆိုတာကို ဘယ်သူ့မှ မသိကြပေ၊ ဒါက တကယ့်ကို ညစ်ပတ်သည့် တစ်ခုခု ဖြစ်နိုင်သည်။

လီချောင်းရီ ကကျောင်းအဆောင်မှ မာရန်ယု ဆီအမြန် ပြေးသွားလိုက်ပြီး တံခါးဝမှ လူတွေကြောင့် အံ့ဩသွားခဲ့သည်။

လူသတ်သမား အုပ်စုနဲ့ ဂိုဏ်းအဖွဲ့တွေက တံခါးနားဝိုင်းနေပြီး မကောင်းတဲ့အုပ်စုကို ကြည့်နေတာနဲ့ တူနေသည်။ သူတို့က ကျောင်းက ကျောင်းသားတွေ ဟုတ်ပုံမရပေမဲ့ မာရန်ယု ရဲ့အနီရောင် ဆံပင်ပုံစံကို သူတွေးလိုက်မိချိန်တွင် ဒီအုပ်စုခေါင်းဆောင်ရဲ့ အရောင်နဲ့ လုံးဝကိုတူနေသည်။

“မင်းတို့က ဘယ်သူလဲ?” လီချောင်ရီ ကငေးငိုင်နေသည့် အမူအရာဖြင့် လျှောက်သွားလိုက်သည်။

လုရီအန်း ကဖုန်းကိုင်ထားရင်း မာရန်ယု ရဲ့အိပ်ယာပေါ်တွင် ထိုင်နေပြီး တခြားသူတွေက သက်တောင့်သက်သာစွာဖြင့် ဂိမ်းကိုဆော့နေကြစဉ် သူကလဲ ဂိမ်းကိုဆက်ဆော့နေခဲ့သည်။ အခန်းပိုင်ရှင် မာရန်ယု ကတော့ စောင်ပုံထဲတွင် ရှိနေပြီး ထောင့်ဘက်တွင် ကွေးနေကာ သူ့ခေါင်းထွက်ရမှာတောင် ကြောက်လန့်နေပုံရသည်။ လီချောင်ရီ ကတံခါးဝတွင် မတ်တပ်ရပ်နေတာတောင် မာရန်ယု ရဲ့ခန္ဓာကိုယ်က တုန်နေတာကို သူခံစားမိသည်။

လီချောင်ရီ ကသူ့ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်ပြီး သူ့ခေါင်းက ကွဲထွက်တော့မလို ခံစားလိုက်ရပြီး သူ့ဆံပင်တွေလဲ ထောင်တက်သွားကာ သူ့ရင်ဘတ်မှ ဒေါသတွေက အလိပ်လိုက်တက်လာခဲ့သည်။

လုရီအန်း ကသူ့အား မော့ကြည့်လိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်စွာ ပြောလိုက်သည်။ “မကောင်းဆိုးရွားလေး ငါတို့က ဒီကောင့်ကို ကူညီဖို့ရောက်နေတာ။ လူကြီးတွေကိစ္စကို လာမရှုပ်ချင်စမ်းပါနဲ့။ မင်းအတန်းဖော်က သေတဲ့အထိ နှိပ်စက်ခံနေရတာကို မင်းကြည့်ချင်နေတာ ဟုတ်တယ်မလား?” စကားပြောပြီးနောက် သူ့ဖုန်းမှ ဂိမ်းကို ဆက်ဆော့လိုက်သည်။

ထိုတံခါးမှ လျှောက်ဝင်လာသည့် ခြေလှမ်းအလိုက် လီချောင်ရီ ရဲ့မျက်နှာက တဖြည်းဖြည်း ပျက်ယွင်းလာခဲ့သည်။ သူက လုရီအန်း ကိုစိုက်ကြည့်လိုက်ပြီး ဘာမှမပြောပဲ ထောင့်ဘက်မှ မာရန်ယု ဆီလျှောက်သွားလိုက်ပြီး ဒူးထောက်ချလိုက်ကာ မာရန်ယု အားသူ့လက်မောင်းထဲတွင် ဖက်လိုက်သည်။

တစ်ဖက်လူက ပြင်းထန်စွာ တုန်ရီနေပြီးနောက် ကြာပွတ်နဲ့ အရိုက်ခံရသလို အပြင်းအထန် ရုန်းကန်နေခဲ့သည်။

လီချောင်ရီ က မာရန်ယု ရဲ့လက်ကို ညှစ်လိုက်ပြီး သူ့အား တင်းကြပ်စွာ ဖက်လိုက်သည်။ သူ့လက်မောင်းထဲ ထည့်ထားရင်း သူ့ကျောအား ပွတ်ပေးလိုက်ကာ စိတ်တည်ငြိမ်သွားစေဖို့ လုပ်ပေးလိုက်သည်။ “ငါပါ! လီချောင်ရီ ပါ!”

သူ့လက်မောင်းထဲတွင် ရုန်းကန်နေသည့် ထိုလူက ချက်ချင်းကို ရပ်သွားပြီး တစ်ဖက်လူက စိတ်သက်သာရာ ရသွားတာကို လီချောင်ရီ ခံစားမိလိုက်ရသည်။

ချက်ချင်းပင် လီချောင်ရီ ရဲ့နှလုံးသားက တင်းကြပ်သွားပြီး တစ်ဖက်လူရဲ့စောင်ဘက် ထောင့်ကိုဖွင့်လိုက်သည်။

အနီနဲ့ ချိုင့်ဝင်နေသည့် မျက်ဝန်းအစုံက ပေါ်လာပြီး မျက်နှာကလဲ အတော်လေးကို ချောင်ကျနေသည်။ သူက မငိုပေမဲ့ မျက်နှာသေဖြစ်နေတာက လီချောင်ရီ ရဲ့နှလုံးသားအား အပ်နဲ့ထိုးနေသလို ခံစားရစေသည်။

သူလုံးဝကို အံ့ဩသွားခဲ့ပြီး သူ့လက်မောင်းထဲတွင် မာရန်ယု အားတင်းကြပ်စွာသာ ပွေ့ဖက်ထားနိုင်ပြီး သွားကြိတ်လိုက်ကာ ပြောလိုက်သည်။ “မကြောက်ပါနဲ့၊ ဒီနေ့ကစပြီး ညတိုင်း ငါမင်းနဲ့အတူ ရှိပေးမယ်”

မာရန်ယု ရဲ့ကျိုးပဲ့လွယ်သည့် အာရုံကြောတွေက ထိုစကားကြောင့် ‌ပြေလျော့သွားတာကို ဘယ်သူမှ မသိလိုက်ပေ။ အချိန်အတော်ကြာ ပျက်ယွင်းနေသည့် မာရန်ယု ကသူ့ခေါင်းအား လီချောင်ရီ ရဲ့ပုခုံးတွင် နှစ်မြှုတ်လိုက်ပြီး တိတ်ဆိတ်စွာ ရှိုက်နေခဲ့သည်။ မျက်ရည်တွေက လီချောင်ရီ ရဲ့အဝတ်တွေအား ချက်ချင်းပင် စိုရွှဲသွားစေသည်။ နွေးနေသည့် မျက်ရည်တွေက လီချောင်ရီ ရဲ့ခန္ဓာကိုယ်ဆီ ကျဆင်းလာခဲ့သည်။

လုရီအန်း ကသူ့အမြင်တွေအား အသုံးပြုကာ မာရန်ယု ရဲ့လှုပ်ရှားမှုတိုင်းကို စစ်ဆေးနေခဲ့ပြီး သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားကြကာ လှုပ်ရှားမှုတွေက အရမ်းကို ရင်းနှီးနေတာကို မြင်လိုက်ပြီး သူ့နှလုံးသားက အော့အန်ချင်သလို ဖြစ်လာခဲ့သည်။

“အို၊ ငါတို့ရှိနေတာပဲ၊ မှန်းကြည့်။ လိင်တူကြိုက်တဲ့နှစ်ယောက်ပဲ” လုရီအန်း ကထိန်းချုပ်ခြင်း မရှိပဲ လှောင်ပြောင်နေသည့် အသံဖြင့် ပြောလိုက်ကာ ပတ်ဝန်းကျင်တွင် များပြားလှသည့် ရယ်သံတွေက ထွက်လာခဲ့သည်။

လီချောင်ရီ ကသူ့လက်တွေကို ဆုပ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။ သူက လုရီအန်း ကိုစိုက်ကြည့်လိုက်ပေမဲ့ မငြင်းဆန်ပဲ မာရန်ယု အားဆက်ပြီးတော့သာ တင်းတင်းဖက်ထားခဲ့သည်။

အခုတော့ ထိုလူတွေနဲ့ ငြင်းခုန်နေမဲ့အစား သူ့လက်မောင်းထဲက လူရဲ့ခံစားချက်တွေကိုသာ သူပိုဂရုစိုက်တာကြောင့် ဖြစ်သည်။ သူက မာရန်ယု ရဲ့ကျောကို ဆက်ပုတ်ပေးလိုက်ပြီး “မကြောက်နဲ့၊ ငါရှိတယ်!”

ငါရှိတယ်! မင်းကို ကာကွယ်ပေးမယ်!

ငါကျိန်ဆိုတယ်!!

9.3.2023 (Thur)
^^^^^^^^^^

Zawgyi

“ရွင္ဘာလို႔ ကၽြန္မကို ကူညီေပးခ်င္ရတာလဲ?” မ်က္ႏွာေပၚတြင္ ေသြးအလိမ္းလိမ္းနဲ႔ အျဖဴေရာင္ကို ဝတ္ထားသည့္ သရဲမွ ေသြးေတြက ပိုမ်ားျပားလာခဲ့သည္။ သူမမ်က္ႏွာတြင္သာမက တစ္ကိုယ္လုံးကလဲ ျပတ္က်လုနီးပါး ျဖစ္ေနကာ သူမခႏၶာကိုယ္တြင္ ဓားဒဏ္ရာေတြနဲ႔ ဖုံးလႊမ္းေနၿပီး သူမခႏၶာကိုယ္မွ ေသြးအနံ့က ပိုျပင္းထန္လာခဲ့သည္။

ဒါက ေလာဘႀကီးသည့္ တေစၧေတြ လက္စားေခ်ၿပီးေနာက္ ဆက္ျဖစ္လာမည့္ အက်ိဳးဆက္ပဲျဖစ္သည္။ သိပ္မၾကာခင္မွာပဲ သူမခႏၶာကိုယ္က ေသြးအိုင္အျဖစ္သို႔ ေျပာင္းလဲသြားၿပီးေနာက္ ကမၻာႀကီးကေန ေပ်ာက္ကြယ္သြားလိမ့္မည္။

သူမက ပထမဆုံး ေျခလွမ္းကို စလွမ္းလိုက္တည္းက ျဖစ္လာမည့္ အက်ိဳးဆက္ေတြကို သိထားခဲ့သည္။

ဂ်င္းေဟးက်ီ ကသူမကိုေတာင္ မၾကည့္ပဲ ေရွ႕တည့္တည့္သာ အာ႐ုံစိုက္ထားၿပီး ဂ႐ုမစိုက္စြာျဖင့္ ေျပာလိုက္သည္။ “မင္းလုပ္ခ်င္တာသာ လုပ္လိုက္”

ဒါက သူမ ေမးခ်င္တာ မေမးဖို႔ ရည္ရြယ္ေနတာျဖစ္သည္။

သရဲမက မျငင္းဆန္ရဲပဲ သူမေရွ႕မွ ဂ်င္းေဟးက်ီ ဆီမွ အားေကာင္းလွသည့္ ဖိအားေတြကို ခံစားေနရၿပီး နာခံေစသည့္ အရွိန္အဝါေတြပါ ရေနခဲ့သည္။

ေနာက္စကၠန႔္တြင္ ထိုလူက သူလာခဲ့သည့္အတိုင္း ေလလို ေပ်ာက္ကြယ္သြားၿပီး သရဲမကို ခ်န္ထားရစ္ခဲ့သည္။

လုလု ကထိုေနရာတြင္သာ ရပ္ေနခဲ့ၿပီး သူမေရွ႕မွ တစ္ကိုယ္လုံးေပၚ မွန္ကိုစိုက္ၾကည့္ေနကာ သူမမ်က္ခုံးေတြနဲ႔ မ်က္လုံးေတြထဲတြင္ မႏွစ္ၿမိဳ႕မႈေတြက ဖုံးကြယ္မထားနိုင္ေပ။

သူမ တစ္ခ်ိန္က က်က္သေရရွိသည့္ ခႏၶာကိုယ္နဲ႔ လွသည့္မ်က္ႏွာထားကို ပိုင္ဆိုင္ခဲ့ဖူးသည့္ မိန္းမငယ္ေလး ျဖစ္သည္။

မေမၽွာ္လင့္စြာပင္ ထိုအရာၿပီးေနာက္ သူမမ်က္ႏွာက မႏွစ္ၿမိဳ႕စရာမွ တျဖည္းျဖည္းနဲ႔ ျမင္နိုင္သည့္ႏႈန္းျဖင့္ သာမန္အသြင္အျပင္ ျဖစ္လာၿပီး ၾကမ္းျပင္ထိ ေလ်ာ့က်လုနီးပါး ျဖစ္ေနခဲ့သည့္ အရည္ျပားကလဲ သာမန္လူလို ျပန္ျဖစ္လာခဲ့သည္။

သူမက မွန္မွတဆင့္ ရင္းႏွီးလွသည့္ မ်က္ႏွာအား ၾကည့္လိုက္ၿပီး သူမလက္ေတြနဲ႔ ထိေတြ႕လိုက္သည္။ ဒါက အရမ္းကို ေခ်ာေမြ႕ေနသည္။

သူမက ေခါင္းငုံ႔လိုက္ၿပီး သူမခႏၶာကိုယ္၊ လက္ေမာင္း၊ ေပါင္... ဒဏ္ရာအားလုံးက စတင္ေပ်ာက္လာခဲ့သည္။

လုလု ကမယုံၾကည္နိုင္စြာျဖင့္ သူမပါးစပ္နဲ႔ ႏွာေခါင္းအား ပိတ္လိုက္သည္။

တစ္ႀကိမ္ ေရြးခ်ယ္စရာသာ ရွိခဲ့ရင္ ထိုေကာင္မေလးက သူမမ်က္ႏွာ ျပန္ေကာင္းဖို႔ကိုသာ ေရြးခ်ယ္ဖို႔ ဆႏၵရွိေနၿပီး နာက်င္ေနရတဲ့ တျခားသူေတြသာဆိုရင္ အရိုးေတြ၊ အရည္ျပားေတြမွ နာက်င္မႈေတြကို ဖိႏွိပ္ထားဖို႔ ဘယ္သူက ဆႏၵရွိေနမွာလဲ?

သူမက အျမဲတမ္း လက္စားေခ်ခ်င္ခဲ့တာေၾကာင့္ အရည္ျပားေတြ ရြံ့တြလာတာကာ အျပစ္ေပးခံရဖို႔က ျဖစ္သင့္သည္။

---

“ေဟး” လီေခ်ာင္ရီ ကေထာင့္မွ တစ္စုံတစ္ေယာက္ကို ျမင္လိုက္ၿပီး မ်က္လုံးေတြက ေတာက္ပသြားခဲ့သည္။ သူက ခ်က္ခ်င္းပင္ ေအာ္လိုက္ၿပီး ေျပးသြားကာ ေရွာင္ခ်န္း ရဲ့လမ္းကို ပိတ္လိုက္သည္။

ေရွာင္ခ်န္း ကရပ္လိုက္ၿပီး လီေခ်ာင္ရီ အာ အေပၚေအာက္ အႀကိမ္ႀကိမ္ ေမာ့ၾကည့္လိုက္သည္။ သူ ဘယ္သူဆိုတာကို ေရွာင္ခ်န္း ကခ်က္ခ်င္း မွတ္မိသြားေပမဲ့ သူက ဘာစကားမွ မေျပာေပ။ သူက လီေခ်ာင္ရီ ရဲ့မ်က္လုံးကိုသာ တိတ္ဆိတ္စြာၾကည့္ရင္း မင္း ဘာလို႔ ငါ့ကို လာရွာတာလဲလို႔ ေမးခ်င္ေနပုံရသည္။

လီေခ်ာင္ရီ ကသူ႔ႏႈတ္ခမ္းကို ေစ့လိုက္ၿပီး သူ႔မ်က္လုံးေအာက္က အနက္ေရာင္ အဝိုင္းက အရင္ကထက္ေတာင္ ပိုမ်ားလာၿပီး မ်က္လုံးအိတ္ကလဲ နည္းနည္းခ်ိဳင့္ဝင္ေနသည္။ သူ႔တစ္ကိုယ္လုံးက စိတ္ဓာတ္က်ပုံေပၚေနကာ သူတို႔ ပထမဆုံး စေတြ႕ခဲ့တုန္းကလို တက္ႂကြကာ ေတာက္ပသည့္လူက သူဆိုတာေတာင္ မထင္မိစရာေကာင္းလွသည္။

“ဒီကမၻာမွာ တကယ္ႀကီး သရဲေတြရွိတယ္မလား?” လီေခ်ာင္ရီ ကထိုစကားေျပာဖို႔ တြန႔္ဆုတ္ေနၿပီး ဂ႐ုတစိုက္နဲ႔ ေမးလိုက္သည္။

လီေခ်ာင္ရီ ကထိုေန႔က အေတြ႕အၾကဳံအား အျမဲတမ္း အိမ္မက္မက္တာလို႔ ခံစားရေပမဲ့ ထိုေန႔က သူသတင္းစာ ကိုင္လိုက္ရသည္က ေသခ်ာေပါက္ကို အမွန္ျဖစ္ေနၿပီး သူ႔ေက်ာင္းလြယ္အိတ္ထဲတြင္ေတာင္ မိတၱဴက ရွိေနသည္။

ထိုကိစၥအား အမွန္ဟုတ္မဟုတ္ သိခ်င္တာေၾကာင့္ ေနရာအမ်ားအျပားကို သူသြားခဲ့ၿပီးေနာက္ ျပန္လည္အသုံးျပဳျခင္း ဆိုင္ပိုင္ရွင္ကို ေတြ႕ခဲ့ရၿပီး ထိုအေၾကာင္းေတြကို လူအမ်ားႀကီးကို ေမးခဲ့ၾကေပမဲ့ ရလဒ္ကေတာ့ ထိုႏွစ္တြင္ တကယ္ႀကီးကို မေတာ္တဆျဖစ္ခဲ့တာကို သိခဲ့ရသည္။

အစက သူ မယုံၾကည္နိုင္ ျဖစ္ခဲ့ရေပမဲ့ ေနာက္ပိုင္းတြင္ေတာ့ မာရန္ယု အားေမးခြန္း ေမးခ်င္ခဲ့ၿပီး သူေျပာတာကို ၾကားလိုက္ၿပီးေနာက္တြင္ မာရန္ယု ကပို႐ူးသြပ္လာတာကို ျမင္လိုက္ရသည္။ သတင္းစာထဲမွလူက သူ(မာရန္ယု) ျဖစ္တာကို သူဘယ္လိုလုပ္ၿပီး နားမလည္ရမွာလဲ?

သို႔ေသာ္ မတက္မေနရ ပညာေရးစနစ္နဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္တြင္ေတာ့ လူ႔အဖြဲ႕အစည္းရဲ့ အဓိကအေၾကာင္းအား မာတ္စ္ဝါဒအျဖစ္ တိုးျမႇင့္လိုက္တာကို ေလ့လာခဲ့ရၿပီး အျပစ္ကင္းစင္ျခင္း သီအိုရီအား ေထာက္ခံျခင္းနဲ႔ သိပၸံပညာအား စိစစ္ျခင္းေတြကို သင္ယူခဲ့ရသည္။ ဒီလိုမ်ိဳးနဲ႔ ႏွစ္ေပါင္းမ်ားစြာ အသက္ရွင္ၿပီးေနာက္ သူ႔အတြက္ ခက္ခဲသည့္ အေျခအေနကို ၾကဳံေတြ႕ခဲ့ရတာေၾကာင့္ ဒီကမၻာတြင္ တေစၧေတြက တကယ္တည္ရွိေၾကာင္း ႐ုတ္တရက္ႀကီး သူနားလည္လာခဲ့သည္။ ဒါက သူ႔ယုံၾကည္မႈေတြနဲ႔ တန္ဖိုးေတြကို ေျမျပင္ေပၚထားၿပီး အႀကိမ္ႀကိမ္ ပြတ္တိုက္ၿပီးေနာက္ အတူတူျပန္ထားလိုက္သလိုမ်ိဳး အရမ္းကိုရိုးရွင္းသည္။

ေရွာင္ခ်န္း ကသူ႔ေခါင္းကို ေစာင္းလိုက္ၿပီး သူ႔လက္ေခ်ာင္းနဲ႔ လည္ဆြဲကို ပြတ္သပ္လိုက္ၿပီး ေအးေဆးစြာ ေျပာလိုက္သည္။ “မင္းစိတ္ထဲမွာ အေျဖရွိၿပီးသား မဟုတ္ဘူးလား?”

ဘာေၾကာင့္ သူက သူ႔ကို လာေမးဖို႔ လိုေနေသးရတာလဲ?

လီေခ်ာင္းရီ ရဲ့အမူအရာက ႐ုန္းကန္ေနရသည့္ ပုံစံမ်ိဳးျဖစ္သြားကာ သူ႔မ်က္ႏွာ အသြင္အျပင္က ရြံ့တြသြားၿပီး ကြဲအက္ေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ “မာရန္ယု ကေသမွာလား?”

အခုေတာ့ မာရန္ယု ကလုံးဝႏွိပ္စက္ခံရလို႔ ႐ူးႏွမ္းေနပုံျဖစ္ေနကာ သူက လူေတြကိုေတာင္ မၾကည့္ရဲပဲ ေၾကာက္လန႔္ေနသည့္ ငွက္ေလးလိုမ်ိဳး သူက အရမ္းကို ၿပိဳလဲက်ေနခဲ့သည္။

သူ မာရန္ယု ကိုသြားေတြ႕ခ်ိန္တုန္းက တစ္ဖက္လူေၾကာင့္ သူလဲ လွည့္ျပန္လာခဲ့ရသည္။ မာရန္ယု ကဘာကိုမွ မစားေတာ့ပဲ သူ႔ပုံစံက အေတာ္ေလးကို မ်က္တြင္းေတြခ်ိဳင့္ဝင္ေနသည္။

ေရွာင္ခ်န္း ကသူ႔အား ထူးဆန္းစြာ စိုက္ၾကည့္လိုက္ၿပီး ႏွစ္စကၠန႔္ေလာက္ တိတ္ဆိတ္ေနခဲ့ၿပီး ျပန္ေျဖလိုက္သည္။ “မေသဘူး”

ဒါက အမွန္တရားျဖစ္သည္။

လီေခ်ာင္ရီ ရဲ့ေမွးမွိန္ေနသည့္ မ်က္လုံးေတြက ေရေသကန္ကေန ႐ုတ္ခ်ည္း အသက္ဝင္လာသလိုမ်ိဳး ေတာက္ပသြားသည္။ “တကယ္လား?”

လီေခ်ာင္ရီ ကဘာအာ႐ုံမွမရွိပဲ စကားအ,ေနသည့္ လူလိုျဖစ္သြားသည္။ “ဒါဆို သူ... မွားခဲ့တာ.. ဒါဆို ငါ.. မဟုတ္ဘူး”

သူက သူ႔အေတြးေတြကို ဘယ္လိုေဖာ္ျပရမွန္း မသိတာေၾကာင့္ အသက္ျပင္းျပင္းရႉသြင္းလိုက္ကာ တစ္ခုခုကို ျပန္ေတြးလိုက္ၿပီး သူ႔အား စိုးထိတ္စြာ ေမးလိုက္သည္။ “ဒါဆို... ဒါဆို အဲ့သရဲက သူ႔ကို ထပ္မေႏွာက္ယွက္ေတာ့ဘူးေပါ့”

ေရွာင္ခ်န္း က လီေခ်ာင္ရီ ရဲ့စိုးထိတ္ေနသည့္ အမူအရာကိုၾကည့္ကာ သူေတြးေနတာကို နားလည္လိုက္ၿပီး သူ႔ႏႈတ္ခမ္းက တြန႔္သြားခဲ့သည္။ “ဒါေတာ့ ငါအတည္မျပဳေပးနိုင္ဘူး”

အစကတည္းက ခ်န္းလုလု က မာရန္ယု ကိုသတ္ဖို႔ မေတြးခဲ့ေပ။ သူမက သူ႔ကိုမုန္းတီးၿပီး သူမအတြက္ သက္ေသမခံေပးခဲ့တာကို မုန္းတီးခဲ့ေပမဲ့ မာရန္ယု ကိုေသေလာက္သည္အထိ အျပစ္မေပးသင့္တာကို သူမလဲ သိေနခဲ့သည္။ ထိုအခ်ိန္တြင္ မာရန္ယု ကကေလးသာျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာၾကာမွသာ သူက ဝန္ခံေပးနိုင္လိမ့္မည္။

သို႔ေသာ္ ဒီလိုျဖစ္ခဲ့တာေၾကာင့္ သူမက သူ႔ကို မုန္းေနတုန္းျဖစ္သည္။ သူမက နာက်ဥ္းမႈကို မဖယ္ထုတ္နိုင္ေသးဘူး! သူမရဲ့ ေတြးေခၚနိုင္စြမ္းေတြက သူမနဲ႔ မခ်ိတ္ဆက္နိုင္ခဲ့ေပ။

သူမက မာရန္ယု ရဲ့အာ႐ုံေၾကာေတြကို ႏွိပ္စက္ခဲ့ၿပီး သူ႔အား ေၾကာက္လန႔္ေစဖို႔ ညလယ္တြင္ ေပၚလာတက္ေပမဲ့ သူ႔ကို မသတ္ပဲ ႏွိပ္စက္႐ုံသာ လုပ္ခဲ့သည္။

သူမက သားရဲလိုဆရာကို သတ္ခဲ့ေပမဲ့ သူ႔ကိုေတာ့ လက္မလႊတ္ခဲ့ေပ။ သူမက ထိုလူအား တူညီတဲ့ေနရာတြင္ တူညီေသာ ေသဆုံးျခင္း အေတြ႕အၾကဳံအား ထပ္တလဲလဲ ၾကဳံေတြ႕ေစၿပီး တေစၧျဖစ္လာေအာင္ ဖန္တီးခဲ့သည္။

လီေခ်ာင္ရီ ရဲ့မ်က္ႏွာက ခ်က္ခ်င္းကို ျဖဴေဖ်ာ့သြားၿပီး သူ႔အမူအရာက ငိုတာထက္ေတာင္ဆိုးသည့္ အမူအရာျဖစ္သြားၿပီး သူ႔ႏႈတ္ခမ္းက တုန္ရီလာခဲ့သည္။ “သူမက သူ႔ကို ဘယ္အခ်ိန္ လႊတ္ေပးမွာလဲ?”

ေရွာင္ခ်န္း ကစိတ္အားထက္သန္စြာနဲ႔ ေျပာလိုက္သည္။ “အင္း... မင္း သူမနဲ႔ ဆက္သြယ္နိုင္ရင္ သူမက မာရန္ယု ကိုလႊတ္ေပးလိမ့္မယ္”

လီေခ်ာင္ရီ ကသူ႔အား သံသယျဖစ္စြာ ၾကည့္လိုက္ၿပီး ေရွာင္ခ်န္း ရဲ့လက္ေခ်ာင္းေတြက လည္ဆြဲအား ပြတ္သပ္ေနတုန္းျဖစ္ကာ ဆက္ေျပာလိုက္သည္။ “ဒီေန႔ကစၿပီး ညဘက္မွာ မင္းက မာရန္ယု ရဲ့ေဘးမွာေနေပးၿပီး သရဲေရာက္တဲ့အခ်ိန္မွာ မင္းက သူမနဲ႔ ဆက္သြယ္နိုင္လိမ့္မယ္” ေရွာင္ခ်န္း ကခဏရပ္လိုက္သည္။ “သူမ ေသခ်ာေပါက္ နားေထာင္လိမ့္မယ္”

ေနာက္ၿပီး လီေခ်ာင္ရီ ကသူမဘဝကို ေသခ်ာေပါက္ ကာကြယ္ေပးခဲ့သည္။

ဒါက ေျပာဖို႔ေတာင္မလိုေပ။

လီေခ်ာင္ရီ ကထိုေနရာတြင္သာ ရပ္ေနခဲ့ၿပီး ထြက္သြားသည့္ ေရွာင္ခ်န္း ရဲ့ေက်ာကို ၾကည့္ေနကာ သူ႔တစ္ကိုယ္လုံးက ေငးငိုင္ေနပုံရသည္။

ဂ်င္းေဟးက်ီ က လီေခ်ာင္ရီ အားဂ႐ုမမူစြာ ၾကည့္လိုက္ၿပီး သူ႔ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားခဲ့သည္။

သူ႔မွတ္ဉာဏ္ေတြ အကုန္ျပန္ရသြားၿပီ။

ကမၻာတိုင္း သူ႔မွတ္ဉာဏ္ေတြကို ဆုံးရႈံးရလိမ့္မည္။ သူ႔အခ်စ္နဲ႔ ေရွာင္ခ်န္း အတြက္ဇြဲေကာင္းခဲ့ျခင္းမ်ိဳးသာ ရွိမေနခဲ့ရင္ သူအခုထိ ရွင္သန္ေနနိုင္မွာ မဟုတ္ေပ။

ကမၻာေပါင္းမ်ားစြာမွ အေတြ႕အၾကဳံေတြကို ၾကဳံေတြ႕ရၿပီးေနာက္ ဒီကမၻာႀကီးရဲ့ ဥပေဒႆေတြနဲ႔ လြတ္ေျမာက္ျခင္း နည္းလမ္းေတြကို သူရွာေတြ႕ခဲ့သည္။

သူနဲ႔ ေရွာင္ခ်န္း တို႔အတူရွိေနသည့္ ဒီကမၻာက တကယ့္ကမၻာအစစ္ မဟုတ္တာကို သူနားလည္ေနခဲ့ၿပီး ဇာတ္ေၾကာင္းကို ျပင္ဆင္နိုင္ၿပီး ေနာက္ခံေတြကိုေတာင္ စိစစ္နိုင္သည္။ ထပ္ၿပီးေတာ့ အံ့ဩဖို႔ေကာင္းတဲ့ ေတြ႕ရွိခ်က္ကိုလဲ သူရွာေတြ႕ခဲ့သည္။ ဒီေထာင္ေပါင္းမ်ားစြာေသာ ကမၻာေတြတြင္ ကမၻာတိုင္းကို စည္းမ်ည္းေတြနဲ႔ ခ်ဳပ္ထိန္းထားသည္။

ပထမကမၻာမွာ ရႈေဂါင္ဟန္၊ ဒုတိယကမၻာမွာ လ်န္ဂ်င္း၊ တတိယကမၻာမွာ မာခ်န္းဂုံ၊ စတုတၳကမၻာမွာ ဝမ္ရီဇီ၊ ပဥၥမကမၻာမွာေတာ့ ရႈခ်ိဳင္ေတာင္...

ေနာက္ၿပီး ဒီကမၻာမွာေတာ့

လီေခ်ာင္ရီ!

သူတို႔အားလုံးက ကမၻာႀကီးရဲ့ ခ်စ္ျခင္းကို အထူးရထားသူေတြပဲ။

သူက တေစၧဘုရင္ျဖစ္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ကမၻာႀကီးရဲ့ စည္းမ်ည္းအျပင္ဘက္တြင္ အထူးသီးျခား တည္ရွိမႈျဖစ္လာတာေၾကာင့္ ဒီကမၻာမွ ေရွ႕ျဖစ္မည့္ အေၾကာင္းအရာေတြကို သူသိခဲ့ရသည္။

ေနာက္ၿပီး ဇာတ္ေၾကာင္းတစ္ခုလုံးကိုလဲ သူသိခဲ့သည္။

ဂ်င္းေဟးက်ီ ကထိုအေၾကာင္းေတြကို အနည္းငယ္ ေတြးထုတ္လိုက္သည္။

ေနာက္ၿပီး ဒီကမၻာႀကီးက အဆုံးသတ္ ဇာတ္ေၾကာင္းကို ေရာက္ခ်ိန္မွာ ဒီကမၻာႀကီးကို ထိန္းခ်ဳပ္တဲ့ ဥပေဒေတြက ေလ်ာ့က်သြားၿပီး သူနဲ႔ ေရွာင္ခ်န္း တို႔က ထိုၾကားျဖစ္ရပ္မွာ လြတ္ေျမာက္နိုင္လိမ့္မည္။

အခု သူတို႔က လြတ္ေျမာက္ဖို႔ လိုအပ္သည့္ စြမ္းအင္ေတြကို စုေဆာင္းထားခဲ့ၿပီး ေနာက္ဆုံး ေျခတစ္လွမ္းစာသာ က်န္ေတာ့သည္။

ဇာတ္လမ္းအဆုံးသတ္ကို ေစာင့္ေနခဲ့သည္။

ဒါက အခ်ိန္အေတာ္ၾကာ သူစီစဥ္ထားခဲ့သည့္ ဆုံးျဖတ္ခ်က္ျဖစ္ကာ ျဖစ္လာရလိမ့္မည္။

ေရွာင္ခ်န္း ကသူ႔ခ်စ္သူရဲ့ ခံစားခ်က္ အတက္အက်ကို ခံစားမိလိုက္ၿပီး ႐ုတ္တရက္ႀကီး အေတြးေတြကို ရႈပ္ေထြးသြားေအာင္ လုပ္ခ်င္ခဲ့သည္။

ေရွာင္ခ်န္း ကထူးျခားလြန္းသည့္ အေတြးေတြရွိကာ လူအုပ္ၾကားတြင္ အျမဲတမ္း ထင္ေပၚေနလိမ့္မည္။ လမ္းတစ္ေလၽွာက္မွ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြက သူ႔အေၾကာင္းကို အျမဲတမ္း ေျပာၾကသည္။

ေရွာင္ခ်န္း ကသူ႔လည္ပင္းမွ ေကာ္လာကို ကိုင္လိုက္သလို ဟန္ေဆာင္လိုက္ၿပီးေနာက္ ဂ႐ုမစိုက္သည့္ အမူအရာျဖင့္ ၾကယ္သီးႏွစ္လုံးကို ျဖဳတ္လိုက္ၿပီး သူ႔ခ်စ္သူက ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာကို ျမင္ရဖို႔ လုပ္လိုက္သည္။

ဂ်င္းေဟးက်ီ ဘာမွမေျပာနိုင္ခင္ သူ႔အား ၾကည့္ေနၾကသည့္ ေဘးဘက္မွ မိန္းကေလးေတြက ပိုစိတ္လႈပ္ရွားလာခဲ့သည္။ သုံးမီတာေလာက္မွ တစ္ဖက္လူရဲ့ စိတ္လႈပ္ရွားသည့္ အသံကိုေတာင္ သူၾကားလိုက္ရသည္။ “သူက အရမ္းေခ်ာတာပဲ၊ ညႇပ္ရိုးကေတာင္ အရမ္းကို ၾကည့္ေကာင္းလြန္းတယ္။ အခုေတာ့ သူ႔လည္ပင္းမွာ ငါတကယ္ႀကီးကို အမွတ္အသားေတြ ခ်န္ထားပစ္ခ်င္တယ္”

အလြယ္တကူ သဝန္တိုတက္သည့္ သူ႔ခ်စ္သူရဲ့ စိတ္အေျခအေနေၾကာင့္ တစ္ခုခု ဆိုးရြားၿပီး အဆုံးသတ္က အေတာ္ေလး မေကာင္းတာ ျဖစ္လာေတာ့မယ္လို႔ ေရွာင္ခ်န္း ခံစားမိလိုက္သည္။ ခ်က္ခ်င္းပင္ ၾကယ္သီးျပန္တပ္လိုက္ၿပီး သူ႔ရင္ဘတ္အား ျပန္ဖုံးလိုက္သည္။

သို႔ေသာ္ မေမၽွာ္လင့္စြာျဖင့္ ေကာင္မေလးေတြက ဆက္ေျပာလိုက္သည္။ “ဘုရားေရ၊ အျဖဴေရာင္ ရွပ္အကၤ်ီနဲ႔ ေကာင္ေလးက အရမ္းကို ဆက္ဆီက်တာကို နင္ျမင္လိုက္လား? သူ႔ရင္ဘတ္က အနီေရာင္ေလးကိုေတာင္ ငါျမင္လိုက္တယ္!”

“…”

“ဟမ့္”

ေကာင္မေလးရဲ့ အသံထြက္လာသည္ႏွင့္ ထိုလူရဲ့ ေလွာင္ရယ္သံကို ေရွာင္ခ်န္း ၾကားလိုက္ရသည္။

သြားၿပီ၊ သူအေတာ္ေလး လန႔္သြားခဲ့သည္။

ေရွာင္ခ်န္း ကသူ႔ေက်ာဘက္မွ ေလေအးကို ခံစားလိုက္ရၿပီး သူ႔ေရွ႕မွ ျမင္ကြင္းက မဲေမွာင္သြားကာ တစ္ခုခုက ဆိုးရြားတာ ျဖစ္လာေတာ့မလို ျဖစ္လာခဲ့သည္။

သူ႔လူက လူသားပုံစံ အသြင္ေျပာင္းလာၿပီး ေရွာင္ခ်န္း ေနာက္တြင္ ေပၚလာေပမဲ့ သူ႔အား ေရွာင္ခ်န္း မွလြဲ၍ ဘယ္သူမွ မျမင္နိုင္ေပ။

ေရွာင္ခ်န္း ကလန႔္သြားၿပီး သူ႔ေျခေထာက္နဲ႔ ေျမႀကီး လြတ္ေတာ့မလို ခံစားလိုက္ရကာ ထိုလူရဲ့ စူးရွသည့္ အၾကည့္ကိုရလိုက္ၿပီး ထိုလူရဲ့ေျခလွမ္းေနာက္မွ အျပစ္ကင္းသည့္ မ်က္ႏွာေလးျဖင့္ လိုက္လာကာ ေထာင့္ဘက္ကို ေလၽွာက္သြားလိုက္သည္။

သူတို႔ေထာင့္ကို ေရာက္သည္ႏွင့္ ထိုလူက ေရွာင္ခ်န္း အားနံရံနဲ႔ သူ႔လက္ေမာင္းၾကားတြင္ ခ်ဳပ္ထားလိုက္သည္။

သူက ထိုလူရဲ့ လက္ေမာင္းအတြင္း က်ဳံ႕ဝင္သြားကာ အျပစ္ကင္းစြာျဖင့္ မ်က္ေတာင္ခတ္လိုက္ၿပီး စင္ၾကယ္စြာ ျပဳံးျပလိုက္သည္။

ထိုလူက ေလွာင္ရယ္လိုက္ၿပီး သူ႔လက္ေမာင္းေတြအား ေရွာင္ခ်န္း ရဲ့ခါးတြင္ထားလိုက္ၿပီး သူ႔ေပ်ာ့ေပ်ာင္းလြယ္သည့္ လက္ေတြက သူ႔ေဘာင္းဘီအတြင္းမွ ရွပ္အကၤ်ီကို ဆြဲထုတ္လိုက္သည္။

လက္ႏွစ္ဖက္လုံးက အဆင္ေျပစြာ
သူ႔ညာေျခေထာက္က ေရွာင္ခ်န္း ရဲ့ေျခ‌ေထာက္ၾကားသို႔ ညႇာတာမႈမရွိ တိုးဝင္လာခဲ့သည္။

“...”

ေရွာင္ခ်န္း ရဲ့မ်က္ႏွာက ခ်က္ခ်င္း ရဲတက္လာခဲ့သည္။

ဒီေနရာက အရမ္းကို အႏၲရာယ္မ်ားလြန္းသည္။ တစ္ေယာက္‌ေယာက္ ျဖတ္သြားရင္ သူ႔ကိုသာ ျမင္ရမွာျဖစ္ၿပီး သူက တစ္ခုခု မေကာင္းတာ လုပ္ေနတာလို႔ ေသခ်ာေပါက္ ေတြးၾကလိမ့္မည္။

ထိုလူက သူ႔ေဒါသအား ေဖာ္ျပဖို႔အတြက္ ေရွာင္ခ်န္း ရဲ့ညႇပ္ရိုးအား ကိုက္လိုက္ၿပီး အမွတ္အသားေတြ တစ္ခုၿပီး တစ္ခု ေပးေနခဲ့သည္။

သူ႔ကေလးက အက်ယ္ခ်ဲ႕ဖို႔ အင္အားေတြ ရွိေနေသးတာကို နားလည္လိုက္ၿပီး နာနာကိုက္လိုက္သည္။

ေရွာင္ခ်န္း ကအသက္ရႉသြင္းလိုက္သည္။

ထိုလူက သူ႔ႏွလုံးသားကို တုန္ခါလာသည္အထိ ကိုက္ေနခဲ့ၿပီး ေရွာင္ခ်န္း ရဲ့ခႏၶာကိုယ္အား ၾကည့္ေနခဲ့သည္။ ကေလးရဲ့ မ်က္ႏွာတစ္ခုလုံးက နီရဲသြားၿပီး မထိန္းခ်ဳပ္နိုင္ပဲ အသံထြက္သြားကာ သူ႔ျမင္ကြင္းတြင္ သူ(ဂ်င္းေဟးက်ီ) တစ္ေယာက္တည္းသာ ရွိေနခဲ့သည္။ သူ႔မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္ၿပီး ကေလးရဲ့ နားနားကို တိုးကပ္သြားကာ သူ႔နားအတြင္း ေလမႈတ္သြင္းလိုက္သည္။ ထင္တဲ့အတိုင္းပင္ သူ႔နားက အထိမခံနိုင္ဆုံး ေနရာျဖစ္ၿပီး ခ်က္ခ်င္းကို ပန္းေရာင္သမ္းလာခဲ့သည္။

ထိုလူက ျပဳံးလိုက္ၿပီး သူ႔ႏႈတ္ခမ္းကို ဖြင့္လိုက္သည္။ “ျပန္ၿပီး ဒီညကိုေစာင့္ေနလိုက္”

သူ႔စကား ဆုံးသည္ႏွင့္ ေရွာင္ခ်န္း ကေနာက္ပိုင္း ျဖစ္လာမည့္အရာအတြက္ မေကာင္းတာကို ခံစားလိုက္ရသည္။

သူ႔ခါးကေတာ့ အနည္းငယ္ နာက်ဥ္သြားၿပီး ေျခေထာက္ေတြေတာင္ ေပ်ာ့ေခြလာခဲ့သည္။

???

Shit!

ဆန႔္က်င္ဘက္ အေနျဖင့္ ထိုလူရဲ့အျပဳံးက ပိုေတာက္ပလာခဲ့သည္။

သူ႔တြင္ ဘယ္ေလာက္ မေကာင္းတဲ့ အႀကံေတြ ထြက္လာလဲဆိုတာကို ဘယ္သူ႔မွ မသိၾကေပ၊ ဒါက တကယ့္ကို ညစ္ပတ္သည့္ တစ္ခုခု ျဖစ္နိုင္သည္။

လီေခ်ာင္းရီ ကေက်ာင္းအေဆာင္မွ မာရန္ယု ဆီအျမန္ ေျပးသြားလိုက္ၿပီး တံခါးဝမွ လူေတြေၾကာင့္ အံ့ဩသြားခဲ့သည္။

လူသတ္သမား အုပ္စုနဲ႔ ဂိုဏ္းအဖြဲ႕ေတြက တံခါးနားဝိုင္းေနၿပီး မေကာင္းတဲ့အုပ္စုကို ၾကည့္ေနတာနဲ႔ တူေနသည္။ သူတို႔က ေက်ာင္းက ေက်ာင္းသားေတြ ဟုတ္ပုံမရေပမဲ့ မာရန္ယု ရဲ့အနီေရာင္ ဆံပင္ပုံစံကို သူေတြးလိုက္မိခ်ိန္တြင္ ဒီအုပ္စုေခါင္းေဆာင္ရဲ့ အေရာင္နဲ႔ လုံးဝကိုတူေနသည္။

“မင္းတို႔က ဘယ္သူလဲ?” လီေခ်ာင္ရီ ကေငးငိုင္ေနသည့္ အမူအရာျဖင့္ ေလၽွာက္သြားလိုက္သည္။

လုရီအန္း ကဖုန္းကိုင္ထားရင္း မာရန္ယု ရဲ့အိပ္ယာေပၚတြင္ ထိုင္ေနၿပီး တျခားသူေတြက သက္ေတာင့္သက္သာစြာျဖင့္ ဂိမ္းကိုေဆာ့ေနၾကစဥ္ သူကလဲ ဂိမ္းကိုဆက္ေဆာ့ေနခဲ့သည္။ အခန္းပိုင္ရွင္ မာရန္ယု ကေတာ့ ေစာင္ပုံထဲတြင္ ရွိေနၿပီး ေထာင့္ဘက္တြင္ ေကြးေနကာ သူ႔ေခါင္းထြက္ရမွာေတာင္ ေၾကာက္လန႔္ေနပုံရသည္။ လီေခ်ာင္ရီ ကတံခါးဝတြင္ မတ္တပ္ရပ္ေနတာေတာင္ မာရန္ယု ရဲ့ခႏၶာကိုယ္က တုန္ေနတာကို သူခံစားမိသည္။

လီေခ်ာင္ရီ ကသူ႔ေရွ႕မွ ျမင္ကြင္းကို ၾကည့္လိုက္ၿပီး သူ႔ေခါင္းက ကြဲထြက္ေတာ့မလို ခံစားလိုက္ရၿပီး သူ႔ဆံပင္ေတြလဲ ေထာင္တက္သြားကာ သူ႔ရင္ဘတ္မွ ေဒါသေတြက အလိပ္လိုက္တက္လာခဲ့သည္။

လုရီအန္း ကသူ႔အား ေမာ့ၾကည့္လိုက္ၿပီး စိတ္အေႏွာက္အယွက္ျဖစ္စြာ ေျပာလိုက္သည္။ “မေကာင္းဆိုးရြားေလး ငါတို႔က ဒီေကာင့္ကို ကူညီဖို႔ေရာက္ေနတာ။ လူႀကီးေတြကိစၥကို လာမရႈပ္ခ်င္စမ္းပါနဲ႔။ မင္းအတန္းေဖာ္က ေသတဲ့အထိ ႏွိပ္စက္ခံေနရတာကို မင္းၾကည့္ခ်င္ေနတာ ဟုတ္တယ္မလား?” စကားေျပာၿပီးေနာက္ သူ႔ဖုန္းမွ ဂိမ္းကို ဆက္ေဆာ့လိုက္သည္။

ထိုတံခါးမွ ေလၽွာက္ဝင္လာသည့္ ေျခလွမ္းအလိုက္ လီေခ်ာင္ရီ ရဲ့မ်က္ႏွာက တျဖည္းျဖည္း ပ်က္ယြင္းလာခဲ့သည္။ သူက လုရီအန္း ကိုစိုက္ၾကည့္လိုက္ၿပီး ဘာမွမေျပာပဲ ေထာင့္ဘက္မွ မာရန္ယု ဆီေလၽွာက္သြားလိုက္ၿပီး ဒူးေထာက္ခ်လိုက္ကာ မာရန္ယု အားသူ႔လက္ေမာင္းထဲတြင္ ဖက္လိုက္သည္။

တစ္ဖက္လူက ျပင္းထန္စြာ တုန္ရီေနၿပီးေနာက္ ၾကာပြတ္နဲ႔ အရိုက္ခံရသလို အျပင္းအထန္ ႐ုန္းကန္ေနခဲ့သည္။

လီေခ်ာင္ရီ က မာရန္ယု ရဲ့လက္ကို ညႇစ္လိုက္ၿပီး သူ႔အား တင္းၾကပ္စြာ ဖက္လိုက္သည္။ သူ႔လက္ေမာင္းထဲ ထည့္ထားရင္း သူ႔ေက်ာအား ပြတ္ေပးလိုက္ကာ စိတ္တည္ၿငိမ္သြားေစဖို႔ လုပ္ေပးလိုက္သည္။ “ငါပါ! လီေခ်ာင္ရီ ပါ!”

သူ႔လက္ေမာင္းထဲတြင္ ႐ုန္းကန္ေနသည့္ ထိုလူက ခ်က္ခ်င္းကို ရပ္သြားၿပီး တစ္ဖက္လူက စိတ္သက္သာရာ ရသြားတာကို လီေခ်ာင္ရီ ခံစားမိလိုက္ရသည္။

ခ်က္ခ်င္းပင္ လီေခ်ာင္ရီ ရဲ့ႏွလုံးသားက တင္းၾကပ္သြားၿပီး တစ္ဖက္လူရဲ့ေစာင္ဘက္ ေထာင့္ကိုဖြင့္လိုက္သည္။

အနီနဲ႔ ခ်ိဳင့္ဝင္ေနသည့္ မ်က္ဝန္းအစုံက ေပၚလာၿပီး မ်က္ႏွာကလဲ အေတာ္ေလးကို ေခ်ာင္က်ေနသည္။ သူက မငိုေပမဲ့ မ်က္ႏွာေသျဖစ္ေနတာက လီေခ်ာင္ရီ ရဲ့ႏွလုံးသားအား အပ္နဲ႔ထိုးေနသလို ခံစားရေစသည္။

သူလုံးဝကို အံ့ဩသြားခဲ့ၿပီး သူ႔လက္ေမာင္းထဲတြင္ မာရန္ယု အားတင္းၾကပ္စြာသာ ေပြ႕ဖက္ထားနိုင္ၿပီး သြားႀကိတ္လိုက္ကာ ေျပာလိုက္သည္။ “မေၾကာက္ပါနဲ႔၊ ဒီေန႔ကစၿပီး ညတိုင္း ငါမင္းနဲ႔အတူ ရွိေပးမယ္”

မာရန္ယု ရဲ့က်ိဳးပဲ့လြယ္သည့္ အာ႐ုံေၾကာေတြက ထိုစကားေၾကာင့္ ‌ေျပေလ်ာ့သြားတာကို ဘယ္သူမွ မသိလိုက္ေပ။ အခ်ိန္အေတာ္ၾကာ ပ်က္ယြင္းေနသည့္ မာရန္ယု ကသူ႔ေခါင္းအား လီေခ်ာင္ရီ ရဲ့ပုခုံးတြင္ ႏွစ္ျမႇုတ္လိုက္ၿပီး တိတ္ဆိတ္စြာ ရွိုက္ေနခဲ့သည္။ မ်က္ရည္ေတြက လီေခ်ာင္ရီ ရဲ့အဝတ္ေတြအား ခ်က္ခ်င္းပင္ စိုရႊဲသြားေစသည္။ ေႏြးေနသည့္ မ်က္ရည္ေတြက လီေခ်ာင္ရီ ရဲ့ခႏၶာကိုယ္ဆီ က်ဆင္းလာခဲ့သည္။

လုရီအန္း ကသူ႔အျမင္ေတြအား အသုံးျပဳကာ မာရန္ယု ရဲ့လႈပ္ရွားမႈတိုင္းကို စစ္ေဆးေနခဲ့ၿပီး သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ဖက္ထားၾကကာ လႈပ္ရွားမႈေတြက အရမ္းကို ရင္းႏွီးေနတာကို ျမင္လိုက္ၿပီး သူ႔ႏွလုံးသားက ေအာ့အန္ခ်င္သလို ျဖစ္လာခဲ့သည္။

“အို၊ ငါတို႔ရွိေနတာပဲ၊ မွန္းၾကည့္။ လိင္တူႀကိဳက္တဲ့ႏွစ္ေယာက္ပဲ” လုရီအန္း ကထိန္းခ်ဳပ္ျခင္း မရွိပဲ ေလွာင္ေျပာင္ေနသည့္ အသံျဖင့္ ေျပာလိုက္ကာ ပတ္ဝန္းက်င္တြင္ မ်ားျပားလွသည့္ ရယ္သံေတြက ထြက္လာခဲ့သည္။

လီေခ်ာင္ရီ ကသူ႔လက္ေတြကို ဆုပ္လိုက္ၿပီး လက္သီးဆုပ္လိုက္သည္။ သူက လုရီအန္း ကိုစိုက္ၾကည့္လိုက္ေပမဲ့ မျငင္းဆန္ပဲ မာရန္ယု အားဆက္ၿပီးေတာ့သာ တင္းတင္းဖက္ထားခဲ့သည္။

အခုေတာ့ ထိုလူေတြနဲ႔ ျငင္းခုန္ေနမဲ့အစား သူ႔လက္ေမာင္းထဲက လူရဲ့ခံစားခ်က္ေတြကိုသာ သူပိုဂ႐ုစိုက္တာေၾကာင့္ ျဖစ္သည္။ သူက မာရန္ယု ရဲ့ေက်ာကို ဆက္ပုတ္ေပးလိုက္ၿပီး “မေၾကာက္နဲ႔၊ ငါရွိတယ္!”

ငါရွိတယ္! မင္းကို ကာကြယ္ေပးမယ္!

ငါက်ိန္ဆိုတယ္!!

9.3.2023 (Thur)
^^^^^^^^^^^^^

Continue Reading

You'll Also Like

2.3M 169K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...
3K 121 14
ရိုင်းစိုင်းကြမ်းတမ်းသော အသုံးအနှုန်းတွေအများကြီးပါတာမို့ သေချာစဥ်းစားပြီးမှ ဖတ်ပေးပါ⚠
112K 22.9K 60
Completed ✔️✔️ (جۆری چیرۆک :-خەیاڵی .... ترسناک ... سەرکێشی ... ئاکشن ... خۆشەویستی ... جەنگان لە پێناو مانەوە لەژیان ..) Mama I'm In love with a cri...
124K 13.4K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...