ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ...
De KazunoMora
161K 17.6K 36
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီ... Mais
ရှင်းလင်းချက် ရှင်းလင်းချက်
အပိုင်း ၁
အခန်း ၂ ​ရှေးဟောင်း သားရဲပျိုးထောင်ခြင်းနယ်မြေများ
အခန်း ၃ မရေတွက်နိုင်အောင် သေဆုံးခြင်း
အခန်း (၄)အထူးပြု အစွမ်း
အခန်း (၅) သားရဲကို ပြန်လာယူပြီ
အပိုင်း ၆ နှိုးဆွခြင်း/နိုးထခြင်း
အခန်း ၇ ဝန်ဆောင်မှု ၃ မျိုး
အခန်း ၈ သားရဲ ဥဖောက်ခြင်း
အခန်း ၉ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း(၁)
အခန်း ၁၀ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း (၂)
အခန်း ၁၁ ထူးခြားသော လျှပ်စီးကြွက်
အခန်း ၁၂ တော်လွန်းသော ဆရာ
အပိုင်း ၁၃ ပါရမီ နိမ့်သည်
အခန်း ၁၄ သားရဲအစာ လိုက်ရှာခြင်း
အခန်း ၁၅ နှစ်သောင်းတန် အစာ
အခန်း ၁၆ သားရဲ အစာ ရောင်းလိုက်ရခြင်း
အခန်း ၁၇ ကလိမ်ကကျစ်ဆိုင်
အခန်း ၁၈ သားရဲ ဘုရင်များအား မွေးနိုင်ခြင်း
အခန်း ၁၉ လက်ချိုးရန် ကြံစည်ခြင်း
အပိုင်း ၂၀ ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း
အခန်း ၂၁ ပထမဦးဆုံး ပင်မ လုပ်ဆောင်ရန်
အခန်း ၂၂ ရှေးခေတ် သားရဲ ဆက်သွယ်ခြင်း တံဆိပ်
အခန်း ၂၃ သန္ဓေ ပြောင်းလဲခြင်း
အခန်း ၂၄ ဘာလုပ်ပေးလိုက်တာလဲ?
အခန်း ၂၅ လေ့ကျင့်ရေး လုပ်ဆောင်ရန် စတင်ခြင်း
အခန်း ၂၆ ရောင်းရန် မရှိသေးပါ
အခန်း ၂၇ ဝိညဥ်ရေကန် ဒုတိယအဆင့်
အခန်း ၂၈ မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေ
အခန်း ၂၉ သတ်ဖြတ်ခြင်း အာရုံစွမ်းရည် လေ့ကျင့်ခြင်း
အခန်း ၃၀ အရိုး ရွေးခြယ်ခြင်း
အခန်း ၃၁ မသေမျိုး အပျိုစင်
အခန်း ၃၂ အရိုး ဘုရင်
အခန်း ၃၃ ဆဲပြီး ပြေးတော့
အခန်း ၃၄ လေ့လာ သင်ကြားခြင်း
အခန်း ၃၅ အရိုးတောင်ပုံတွေနဲ့ သွေးပင်လယ်တွေကို ကျော်ခဲ့ပြီ
အခန်း ၃၆ ကြယ်တံခွန် ဇယား
အခန်း ၃၇ သာမာန် မဟုတ်တဲ့ ကျင့်စဥ်
အခန်း ၃၈ စုပင်း၏ အချက်အလက်များ မှတ်တမ်း
အခန်း ၃၉ ပညာ ခိုးသင်ခြင်း
အခန်း ၄၀ နေ့စဥ်ဘဝ
အခန်း ၄၁ အရိုးခြောက်ဘုရင် သွေးမျိုးဆက်
အခန်း ၄၂ တွယ်တာနေခြင်း
အခန်း ၄၃ လေ့ကျင့်ရေး အကျိုးသက်ရောက်မှု စပ်းသပ်ချက်
အခန်း ၄၄ မြေနတ်သားရဲ ထွက်ပြေးရန် ကြံစည်နေခြင်း
အခန်း ၄၅ ကြောက်ရွံ့ခြင်း
အခန်း ၄၆ မီးလျှံတန်းအစွမ်း ရရှိခြင်း
အခန်း ၄၇ ပါရမီရှင်၏ ဒုတိယ အကြီးအကျယ် ရှိုးပွဲ
အခန်း ၄၈ တန်းသေ! တန်းသေ!
အခန်း ၄၉ ပတ်လည် လျှပ်စီး အကျဥ်း
အခန်း ၅၀ မသိမ်းပိုက်ထားသော နယ်မြေများတွင် စူးစမ်းခြင်း
အခန်း ၅၁ အာကာသထဲရှိ အက်ကြောင်းများ
အခန်း ၅၂ အဆင့်ကိုးသားရဲ
အခန်း ၅၃ သွေးဆာခြင်း အရိုးခြောက်ကလေး
အခန်း ၅၄ မသိမ်းရသေးသော နယ်မြေ နံပါတ် ၃၈
အခန်း ၅၅ စူးစမ်းသူ အခြေစိုက် စခန်း
အခန်း ၅၆ အင်အားအတွက် စမ်းသပ်ချက်
အခန်း ၅၇ စူးစမ်းသူများ၏ ဂိုဒေါင်
အခန်း ၅၈ ဝင်ပေါက်
အခန်း ၅၉ ကျားအရေခြုံ ကြံ့သူတော်
အခန်း ၆၀ သွေးဝိညဥ် သားရဲ
အခန်း ၆၁ ကြီးမားသော တောင်ထွတ်
အခန်း ၆၂ အကူအညီ တောင်းသံ
အခန်း ၆၃ မသေမျိုး ကျွန်ပြုခြင်း
အခန်း ၆၄ အစွမ်းကုန် တိုက်ခိုက်ကြပြီ
အခန်း ၆၅ အန္တရာယ် ကြီးသော မသေမျိုး ဓားသိုင်း
အခန်း ၆၆ ကျွမ်းကျင်စွာ ကာကွယ်ခြင်း
အခန်း ၆၇ စီး၍ ရသော ရုပ်သေး
အခန်း ၆၈ ငရဲကျောက်
အခန်း ၆၉ ပြန်ချိန်
အခန်း ၇၀ သင်တန်းကျောင်းအတွက် ဖိတ်ကြားခြင်း
အခန်း ၇၁ မစ်ရှင် ပြီးဆုံးခြင်း
အခန်း ၇၂ သူရိယ တံတိုင်း
အခန်း ၇၃ လေ့ကျင့်ခြင်း
အခန်း ၇၄ လျှပ်စီးကြွက် ရူးသွပ်မှု
အခန်း ၇၅ သရုပ်ပြပွဲ
အခန်း ၇၆ ပရိုမိုးရှင်း
အခန်း ၇၇ လက်ကမ်းစာစောင်ဝေရန်အစီအစဥ်
အခန်း ၇၈ ကျော်ကြားမှု
အခန်း ၇၉ အဆင့်ခုနစ်
အခန်း ၈၀ ရက်ချိန်းခ
အခန်း ၈၁ စုလင်းယွဲ့၏ ဖျော်ဖြေမှု
အခန်း ၈၂ အထင်ကြီးဖွယ် ထွက်ပေါ်လာခြင်း
အခန်း ၈၃ ကြောက်နေသော လျှပ်စီးကြွက်
အခန်း ၈၄ ပြတ်သားသော ကျရှုံးမှု
အခန်း ၈၅ ပြင်းထန်သော တိုက်ပွဲ
အခန်း ၈၆ ပြုတ်ကျခြင်း
အခန်း ၈၇ သရဖူ လက်လွှတ်လိုက်ရတဲ့ ဘုရင်
အခန်း ၈၈ အထူး ဝင်ခွင့်(သီးသန့် ခွင့်ပြုချက်)
အခန်း ၈၉ ဖိတ်ခေါ်ခြင်းများ
အခန်း ၉၀ အသိနှင့် တွေ့ခြင်း
အခန်း ၉၁ လက်ခံလိုက်ခြင်း
အခန်း ၉၂ အမှန် ထုတ်ပြောခြင်း
အခန်း ၉၃ မီးနှင့် ကစားခြင်း
အခန်း ၉၄ အရေးပေါ် မစ်ရှင်
အခန်း ၉၅ အသုံးဝင်သော ဂုဏ်ပုဒ်
အခန်း ၉၆ ကောင်းကင်ဝက်
အခန်း ၉၇ ဝိညဥ်ရေကန် နောက်တစ်ဆင့်
အခန်း ၉၈ ငရဲမီးနဂါး
အခန်း ၉၉ ဆိုင်၏ အဆင့်များ
အခန်း ၁၀၀ လျှင်မြန်စွာ လေ့ကျင့်ခြင်း
အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ
အခန်း ၁၀၂ ပြိုင်ပွဲနှင့် ငြင်းခုန်မှု
အခန်း ၁၀၃ မသေမျိုးသားရဲနှင့် ဝယ်သူ
အခန်း ၁၀၄ စိတ်ကူးယဥ်သားရဲ
အခန်း ၁၀၅ နီးနီးလေးနဲ့ဝေး
အခန်း ၁၀၆ ဆိုင်နာမည် ရလာခြင်း
အခန်း ၁၀၇ ဆရာစုပင်း အကြောင်း လာကြားခြင်း
အခန်း ၁၀၈ စာသင်ရန် ပြင်ဆင်ခြင်း
အခန်း ၁၀၉ နားလည်မှု အတိမ်အနက်
အခန်း ၁၁၀ ရိုက်ခတ်မှု/လှုပ်ခတ်မှု
အခန်း ၁၁၁ အံ့ဩဖွယ် သရုပ်ပြခြင်း
အခန်း ၁၁၂ လက်ချာချိန် ပြီးဆုံးခြင်း
အခန်း ၁၁၃ ဆန်းကြယ်သော နယ်မြေ
အခန်း ၁၁၄ အမွေအနှစ် နယ်မြေ
အခန်း ၁၁၅ နဂါးမျှော်စင်
အခန်း ၁၁၆ တိုးတက်လာမှု
အခန်း ၁၁၇ ရှုပ်ရှက်ခတ်နေသောဆိုင်
အခန်း ၁၁၈ ဆိုင်တွင် လူများလာခြင်း
အခန်း ၁၁၉ တောင်ပံသားရဲ
အခန်း ၁၂၀ ထိန်းချုပ်ခြင်း
အခန်း ၁၂၁ အဆင့်မြှင့်ခြင်း မအောင်မြင်ပါ
အခန်း ၁၂၂ လုံကျန်းမှ ရုပ်ချောသူ
အခန်း ၁၂၃ သီးသန့် ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း
အခန်း ၁၂၄ အေးရိစ် သင်တန်းကျောင်း
အခန်း ၁၂၅ စုပင်း၏ နဂါးဟိန်းသံ
အခန်း ၁၂၆ သင်ကြားခြင်း
အခန်း ၁၂၇ ရှုယင်းစူး
အခန်း ၁၂၈ အတူတူ လိုက်ခဲ့မယ်
အခန်း ၁၂၉ သံသယ
အခန်း ၁၃၀ နေရာလွတ်မရှိတော့ပါ
အခန်း ၁၃၁ မစ်ရှင်အတွက် ပြင်ဆင်ခြင်း
အခန်း ၁၃၂ စွမ်းရည်စာအုပ် နောက်တစ်အုပ်
အခန်း ၁၃၃ သင်တန်းကျောင်းများ ယှဥ်ပြိုင်မှု
အခန်း ၁၃၄ ရက်စက်မှု
အခန်း ၁၃၅ အဆင့်မြင့်နဂါးတစ်ကောင်၏ ခွန်အား
အခန်း ၁၃၆ မေးခွန်း
အခန်း ၁၃၇ စုပင်းအတွက် ထောက်ခံသူ
အခန်း ၁၃၈ ဖြေရှင်းချက်
အခန်း ၁၃၉ အကုန်ရှုံးသွားတယ်
အခန်း ၁၄၀ ညီမ
အခန်း ၁၄၁ ဒင်္ဂါး သုံးပြား တန်ဖိုးရှိသည့် တောင်းပန်ခြင်း
အခန်း ၁၄၂ ထိပ်တိုက် ရင်ဆိုင်ခြင်း
အခန်း ၁၄၃ ဘွဲ့တံဆိပ်ရ သားရဲစစ်သည်လား
အခန်း ၁၄၄ ငရဲမီးနဂါး ​ရှေ့ထွက်မယ်
အခန်း ၁၄၅ ကလေးသာ ရှိသေးသည်
အခန်း ၁၄၆ အနိုင်ရခြင်း
အခန်း ၁၄၇ အဓိက သားရဲ
အခန်း ၁၄၈ အရိုးဘုရင်ပုံရိပ်
အခန်း ၁၄၉ ဒဏ္ဍာရီတစ်ခု
အခန်း ၁၅၀ အွန်လိုင်း သင်ကြားရေး
အခန်း ၁၅၁ ခပ်တုံးတုံး မေးခွန်း
အခန်း ၁၅၂ စုပင်း လူလိမ် / လူလိမ် စုပင်း
အခန်း ၁၅၃ နာမည်ကျော်
အခန်း ၁၅၄ ရောက်ရှိလာခြင်း
အခန်း ၁၅၅ ရန်ဘက်
အခန်း ၁၅၆ ခွင့်မပြုခြင်း
အခန်း ၁၅၇ ငြင်းပယ်ခြင်း မရှိ
အခန်း ၁၅၈ လျှို့ဝှက်နယ်မြေ ပွင့်ရန် အချိန် နီးကပ်လာခြင်း
အခန်း ၁၅၉ အဖွဲ့သားများ စုဝေးခြင်း
အခန်း ၁၆၀ ပြီးသွားပြီ
အခန်း ၁၆၁ မသိမ်းရသေးသော နယ်မြေသို့ သွားမည်
အခန်း ၁၆၂ နောက်ဆုံး ပြင်ဆင်ခြင်း
အခန်း ၁၆၃ ထွက်ခွာခြင်း
အခန်း ၁၆၄ နီချန်းခုန်
အပိုင်း ၁၆၅
အခန်း ၁၆၆ ချင်မိသားစု
အခန်း ၁၆၇ အမွေအနှစ် နယ်မြေ
အခန်း ၁၆၈ ရှေ့ဆောင်သူများ အဆင့်
အခန်း ၁၆၉ ထိပ်တိုက်တွေ့ခြင်း
အခန်း ၁၇၀ အတည်ပြုခြင်း
အခန်း ၁၇၁ အဓိက သားရဲ
အခန်း ၁၇၂ နဂါးနက် ခွေး၏ ကစားကွင်း
အခန်း ၁၇၃ ရှားပါး ရတနာ
အခန်း ၁၇၄ နဂါးဟိန်းသံ
အခန်း ၁၇၅ မတားဆီးနိုင်ခြင်း
အခန်း ၁၇၆ လမ်း ခရီး
အပိုင်း ၁၇၇ ဝိညဥ်မီးအိမ်
အပိုင်း ၁၇၈ ပုံအောလို့ စွန့်စားခြင်း
အပိုင်း ၁၇၉ ခွန်အားအပြည့်
အခန်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂ သားရဲဘုရင် ဖြစ်လုနီးပါး
အပိုင်း ၁၈၃ ဖမ်းဆီးခြင်း
အပိုင်း ၁၈၄ မြေပုံ
အပိုင်း ၁၈၅ ထွက်ခွာခြင်း
အခန်း၁၈၆ စစ်ဆေးခြင်း
အခန်း ၁၈၇ တစ်ဘီလီယံ
အခန်း ၁၈၈ စွမ်းအင်နှင့် ထိန်းချုပ်ခြင်း စွမ်းရည်
အခန်း ၁၈၉ ဘွဲ့တံဆိပ်ရ သားရဲစစ်သည် အဆင့်များ
အခန်း ၁၉၁ ချီလင်ခြင်္သေ့
အခန်း ၁၉၂ နဂါးဥများ
အခန်း ၁၉၃ ကမ္ဘာ ကျဥ်းကျဥ်းထဲမှ ရန်သူများ
အခန်း ၁၉၄ နယ်မြေ နံပါတ် ၈၃
အခန်း ၁၉၅ ဝိညာဥ် စွမ်းအင် သစ်သီး
အခန်း ၁၉၆ ဖန်သားတံတိုင်း ကျင့်စဥ်
အခန်း ၁၉၇ ဝင်လုခြင်း
အခန်း ၁၉၈ မင်း...!!! "ဘယ်သူလဲ"
အခန်း ၁၉၉ ကျဆုံးသွားသောဘွဲ့တံဆိပ်ရသားရဲစစ်သည်များ
အခန်း ၁၉၀ သူရိယ တံတိုင်းအတွက် လိုအပ်သော အရာများ
738 68 0
De KazunoMora
ကြယ်တာရာသားရဲများ၏ ကမ္ဘာ
အခန်း ၁၉၀
သူရိယ တံတိုင်းအတွက် လိုအပ်သော အရာများ
ဘာသာပြန်. Soul
နဂါးအရိုး မျှော်စင်၏ ရှေ့တွင် ယခင်ထက် လူနည်းနေသော်လည်း များပြားစွာ ရှိနေသေးသည် ။
"ထန်မိန်းကလေးက ဆဋ္ဌမအဆင့် ရောက်သွားတာ အံ့ဩစရာပဲ ။ နောက်ထပ် နှစ်နဲနဲ ကြာရင် သူ့အတွက် သတ္တမနဲ့ အဋ္ဌမအဆင့်တွေက ငှက်ပျောသီး အခွံနွှာသလို ဖြစ်ပြီပဲ"
"ငါတောင် တတိယအဆင့်မှာ ရပ်လိုက်ရတာ ။ ပါရမီရှင်တွေကတော့ အံ့ဩစရာပဲ"
"သွားယှဥ်နေသေးတယ် ။ နဝမအဆင့်ကို ရောက်ရင် အကျိုး ခံစားခွင့် ရှိတယ်လို့ ကြားတယ် ။ ဒါပေမဲ့ ငါတို့နဲ့တော့ မဆိုင်ပါဘူး ။ မိသားစုအကြီးတွေက ကလေးတွေပဲ တချိန်ချိန် ရောက်သွားမှာ"
ထိုသိူ့ ပြောနေကြသံများ ကြားရလျှင် ဆဋ္ဌမအဆင့် ရောက်ရုံမျှနှင့် အားလုံးကြား နာမည် ကြီးနေပြီ ဖြစ်ခြင်းကြောင့် အံ့ဩသွား၏ ။
"ဘယ်အဆင့်ကို အမြင့်ဆုံးအဖြစ် တစ်ယောက်ယောက် ရောက်ဖူးတာလဲ"
စုပင်းက အနီးရှိ လူတစ်ယောက်အား မေးကြည့်လိုက်သည်။ တစ်ချို့မှ လွဲ၍ လာကြသူ အားလုံးနီးပါး ခွန်အားကြီးသူများပင် ဖြစ်ခြင်းကြောင့် လူငယ်တစ်ယောက်မှ မေးလာသော်လည်း အထင်သေး ရှုံ့ချခြင်း မရှိဘဲ အထက်အောက် အစုန်အဆန် ကြည့်လာ၏။
"ပြောတာကတော့ သတ္တမမြောက် အဆင့်ကို ရောက်ဖူးတဲ့သူ ရှိတယ်တဲ့ ။ ဒါကလဲ အပြောအရပဲ ။ အခုက ထန်ယူရန်နဲ့ ဖန်းထျန်းမင်းတောင် ဆဋ္ဌမအဆင့်ပဲ ရောက်နိုင်တယ်" ထိုသူ ပြောလာမှ နဝမအဆင့် အရိုးသို့ ရောက်ရန် ဝေးသေးကြောင်း သိရ၍ စုပင်း သက်ပြင်းချလိုက်၏ ။
အမှန်တစ်ကယ် စစ်ဆေးမှုများမှာ သတ္တမအဆင့်မှ စလာပြီး သာမာန်ထက်နိမ့်သော ပါရမီနှင့် အထက်မှ လူများသာ ကျော်ဖြတ်နိုင်ကာ အဋ္ဌမအဆင့်အတွက်မူ အနည်းဆုံး သာမာန် ပါရမီ ရှိရမည် ဖြစ်ခြင်းကြောင့် ငရဲမီးနဂါးပင် အဋ္ဌမအဆင့်သာ ရောက်နိုင်၏ ။
နဝမ အဆင့်အတွက် အနိမ့်ဆုံး သာမာန်ထက်မြင့်‌ေသာ ပါရမီ ရှိရန် လိုအပ်၏ ။
နဂါးအရိုး မျှော်စင်သည် နဂါးဘုရင်မှ သူ၏ အမွေအား ဆက်ခံမည့်သူကို ရွေးချယ်ခြင်း ဖြစ်ကာ စတုတ္ထမှ ဆဋ္ဌမအဆင့်အထိ အဆင့်မြင့် သားရဲစစ်သည် ဖြစ်ရန်သာ လိုအပ်၍ ဆဋ္ဌမအဆင့်တွင် အဆင့်ကိုး သားရဲစစ်သည် ခွန်အား ရှိထားရန် လိုအပ်သည် ။
သို့သော် သတ္တအဆင့်မှ စကာ တိုက်ခိုက်ရမည့် အရာများ၏ ခွန်အားသည် လာရောက် ကြိုးစားသူ၏ သားရဲစစ်သည် အဆင့်နှင့် ဆုံးဖြတ်ပြီး သတ္တမအဆင့်တွင် ရောက်လာသူသည် အဆင့်ခုနစ်ဖြစ်လျှင် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး နဂါးဝိညာဥ်နှင့် တွေ့ရမည် ဖြစ်ပြီး အဆင့်ကိုး သားရဲစစ်သည်များအတွက် သားရဲဘုရင် ဝိညဥ်နှင့် တွေ့ရမည် ဖြစ်၏ ။
ယခင် မျိုးဆက်များအတွက် ဆဋ္ဌမအဆင့်အား ကျော်ဖြတ်ရန် လွယ်ကူသော်လည်း အဆင့်ကိုး သားရဲစစ်သည်များပင် သားရဲဘုရင်အား အနိုင်ယူနိုင်ရန် မဖြစ်နိုင်ခြင်းအပြင် နောက်ထပ် အဆင့်များတွင် သားရဲဘုရင်ထက် ခွန်အားကြီးသည့် နဂါးဝိညာဥ်နှင့် တွေ့ရမည် ဖြစ်ခြင်းကြောင့် မျိုးဆက်သစ် လူငယ်များသာ ဝင်ရောက်ကြခြင်း ဖြစ်၏ ။
စုပင်းမှာ အဆင့်ငါးသို့ မရောက်သေးသဖြင့် နဝမအဆင့် ၌ တွေ့မည်မှာ အဆင့်ကိုး နဂါးဝိညာဥ်သာ ဖြစ်သည်။ သားရဲများမှာ သားရဲစစ်သည်၏ ခွန်အားအဖြစ် သတ်မှတ်ခြင်းကြောင့် ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေးတို့၏ အကူအညီနှင့် ဖြေရှင်းနိုင်မည်ဟု စုပင်း တွေးလိုက်၏ ။
သားရဲစစ်သည်နှင့် သားရဲ၏ ပက်သက်မှုမှာ ဆရာနှင့် လက်အောက်ငယ်သား ပက်သက်မှု ဟူသည့် ဆက်သွယ်ခြင်း တံဆိပ်မှ ဥပဒေကြောင့် စုပင်း ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေးတို့အား ခေါ်ထုတ်လျှင်ပင် ပြင် ခွန်အားအဖြစ် မသတ်မှတ်ပေ ။
လက်အောက်ငယ်သားမှာ ဆရာအား လွှမ်းမိုးခွင့် မရှိဘဲ ဆရာမှာလည်း လက်အောက်ငယ်သားအား အပြည့်အဝ ထိန်းချုပ်ခွင့် မရှိခြင်းကြောင့် စုပင်း သားရဲများ၏ အကူအညီ ယူ၍ ရသော်လည်း သားရဲများအတွက်မူ စုပင်း၏ အကူအညီ ယူ၍ မရဘဲ စွမ်းရည်များသာ သုံးပေးခွင့် ရှိ၏ ။
"သူက ဆဋ္ဌမအဆင့် ရောက်တာတောင် အာရုံ စိုက်ခံနေရတညဆိုတော့ ငါသွားလိုက်ရင် အထက်အရာရှိတွေ အာရုံကျလာဦးမယ်"
စုပင်းက နဂါးအရိုး မျှော်စင်ကို ကြည့်၍ စိတ်ထဲမှ တွေးမိလိုက်သည်။စုပင်းက အ​ကြေးခွံ နယ်မြေများကိုသာ ဦးစား အရင်ပေး၍ နောက်မှ ပြန်လာရန် ဆုံးဖြတ်လိုက်ပြီး မျှော်စင်မှ ထွက်သွား၍ နယ်မြေသို့ ပို့ပေးသည့် ဝင်ပေါက်ရှိရာ သွားလိုက်၏ ။
ထိုနေရာတွင် အဖွဲ့များစွာ ရှိနေကာ အချို့ အဖွဲ့များမှ အဖွဲ့သားများ ခေါ်နေကြသော်လည်း ရတနာ တွေ့လာလျှင် ပြင်ပ အကူအညီအား အရင် ရှင်းကာ မူလ အဖွဲ့ဝင်များအတွက်သာ ခွဲဝေကြခြင်းကြောင့် ဝင်ရောက်သူ နည်းပါးလှ၏။
စုပင်းက တစ်ချက်သာ ကြည့်ကာ ရပ်စောင့်နေလျှင် အချို့အဖွဲ့များ စုပင်းအား တစ်ယောက်တည်း တွေ့ရခြင်းကြောင့် သူတို့အဖွဲ့ထဲ ဝင်ရန် ပြောသော်လည်း ငြင်းလိုက်၏ ။
ခဏအကြာ စုပင်းအလှည့် ရောက်လာခြင်းကြောင့် အခကြေး တစ်သန်းပေးပြီး အမွေအနှစ် နယ်မြေ၏ ပုံအား ခေါင်းထဲ ဖော်၍ ရှင်းလင်းပြီး ဖြစ်သည့် အကြေးခွံ နယ်မြေများအား စဥ်းစားကာ အလည်ထဲရှိ နယ်မြေတစ်ခုဖြစ်စေရန် သေချာ ရွေးချယ်လိုက်၏ ။
အမွေအနှစ် နယ်မြေ၏ နဂါးအကြေးခွံ နယ်မြေများမှာ နံပါတ် တပ်ထားခြင်း မရှိခြင်းကြောင့် စုပင်း ကံစမ်းကြည့်သည်သာ ဖြစ်ပြီး အဆိုးဆုံး အခြေအနေမှာ နယ်မြေ အားလုံးသို့ သွားရန် ဖြစ်သော်လည်း အခကြေး သန်းတစ်ရာအား စုပင်း မပေးလိုပေ ။
သူရွေးချယ်ပြီးသည်နှင့် ဝင်ပေါက်မှ ပျောက်သွားကာ လူသူကင်းရှင်းသည့် ကန္တာရ တစ်ခုအား တွေ့ရလျှင် ချက်ချင်း မှတ်မိပြီး ထို ပါဆယ် ၄၈ နယ်မြေတွင် တန်ဖိုးရှိ ရတနာ နှစ်ခု ရှိနေသဖြင့် ရှိနေသေးသည်လား သွားကာ ကြည့်ရန် စုပင်း ဆုံးဖြတ်လိုက်၏ ။
စုပင်း စဥ်းစားပြီးသည်နှင့် ငရဲမီးနဂါး ၊ နဂါးနက်ခွေးနှင့် ခရမ်းရောင်မြွေအား ဆင့်ခေါ်ကာ ခရမ်းရောင်မြွေအပေါ် တက်သွားလျှင် အကြေးခွံအချို့ ထောင်လာ၍ အကာအကွယ် ပေးထား၏ ။
"သွားစို့"
စုပင်း ငရဲမီးနဂါးနှင့် နဂါးနက်ခွေးအား ရှေ့မှ ဦးဆောင်ခိုင်းကာ ရတနာရှိရာသို့ သွားလိုက်၏ ။
နာရီဝက်ခန့်အကြာတွင် သဲများ ကောင်းကင်တစ်ခုလုံး ပြည့်နေပြီး လမ်းတွင် သားရဲ အနည်းငယ် တွေ့ရသော်လည်း ရတနာများ မရှိတော့သည့်အပြင် အဖွဲ့များ၏ ခြေရာလက်ရာများ တွေ့လိုက်ရမှ နယ်မြေမှာ ရှင်းလင်းပြီး ဖြစ်ကြောင်း စုပင်း သိလိုက်ရ၏ ။
စုပင်း တစ်သန်း ဆုံးရှုံးလိုက်ရ၍ ပြောချင်စိတ် မရှိပဲ ရင်ပြင်သို့ ပြန်ကာ သွားလိုက်၏ ။
ယခုတစ်ကြိမ် စုပင်း စူးစမ်းမှု မရှိသေးသည့် နံပါတ် ၅၂ နယ်မြေအား ရွေးချယ်လိုက်၏ ။
နယ်မြေ ၅၇ခု စူးစမ်းပြီး ဖြစ်သော်လည်း နံပါတ်စဥ်အတိုင် မဟုတ်၍ ယခုအချိန်အထိ နယ်မြေနံပါတ် ၁နှင့် ၂သည် စူးစမ်းထားမှု မရှိသေးပေ ။
ရောက်သည်နှင့် စုပင်းသည် သွေးနံ့ ရလိုက်စဖြင့် တိုက်ပွဲ ဖြစ်ထားခဲ့ကြောင်း သိလိုက်ရသည်။ နဂါးနက်ခွေးနှင့် ခရမ်းရောင်မြွေအား ဆင့်ခေါ်ကာ ခရမ်းရောင်မြွေ ခေါင်းပေါ်တက်၍ ချောင်းမြောင်း တိုက်ခိုက်မှုအား ကြိုတင် ကာကွယ်ထားလိုက်သည်။ အလားတူပင် ငရဲမီးနဂါးလည်း ဆင့်ခေါ်လိုက်၍ နဂါးနက်ခွေးနှင့်အတူ ဦးဆောင်ခိုင်းလိုက်၏ ။
ထို သွေးနံ့များ ထွက်နေသည့် အရင်းအမြစ်သို့ ရောက်သွားလျှင် မြေပေါ် ပြန့်ကြဲနေသည့် လူနှင့် သားရဲများ၏ အလောင်းများနှင့် ကျောက်မျိုးနွယ် သားရဲမှ ပြုလုပ်ထားသော သေသပ်သည့် လေးထောင့် အခေါင်းတစ်ခုအား စုပင်း တွေ့လိုက်ရ၏ ။
စုပင်းက ထိုနေရာတွင် ကြာကြာ မနေဘဲ နယ်မြေ၏ မြေပုံအား စဥ်းစားကာ တန်ဖိုးကြီး ရတနာ နေရာတစ်ခုသို့ သွားလိုက်၏ ။
လမ်းတစ်လျှောက် သားရဲအသိုက်များအား ရှောင်ခဲ့ပြီး ရတနာ နေရာသို့ ရောက်လျှင် နဂါးနက်ခွေး အနံ့ခံကြည့်ရာ လူနံ့ မရကြောင်း ပြောလာ၍ စုပင်း စိတ်အေးသွား၏။
စုပင်းသည် ငရဲမီးနဂါးနှင့် နဂါးနက်ခွေးအား ရှေ့မှ သွားခိုင်းကာ အမွေအနှစ် နယ်မြေ၏ အတွေ့အကြုံများကြောင့် ခဏအကြာ ရတနာအား ရရှိလာ၏ ။
ထိုရတနာမှာ စိတ်စွမ်းအင်နှင့် တိုက်ခိုက်မှုအား ကာကွယ်နိုင်သည့် ခေါင်းဆောင်း ဖြစ်ကာ သာမာန်ဆိုလျှင် ဒိုင်းနှင့် ခေါင်း​ဆောင်းများမှာ ရုပ်ပိုင်းဆိုင်ရာ တိူပ်ခိုက်မှုသာ ကာကွယ်နိုင်ခြင်းကြောင့် ရှားပါး ရတနာအဖြစ် သတ်မှတ်နိုင်၏ ။
အမွေအနှစ် နယ်မြေထဲတွင် အရေးပေါ် အခြေအနေ ကြုံခဲ့ခြင်းကြောင့် ထိုခေါင်းဆောင်းအား စုပင်း ဝတ်ဆင်ဖူးခဲ့၍ အကျိုးသက်ရောက်မှုအား သိနေခြင်း ဖြစ်ကာ ပစ္စည်းထားရာ နေရာထဲ ထည့်ထားလိုက်၏ ။
ထိုအခိုက် နယ်မြေထဲမှ မြေအောက် ချော်ရည် ရှိသည့် နေရာတစ်ခု၌ သူရိယတံတိုင်း အတွက် လိုအပ်သည့် အရာတစ်ခု ရှိနေကြောင်း မှတ်မိလာ၍ ချက်ချင်းပင် သူ၏ သားရဲ သုံးကောင်နှင့် စုပင်း ထိုနေရာသို့ သွားလိုက်လေတော့သည် ။
ၾကယ္တာရာသားရဲမ်ား၏ ကမ႓ာ
အခန်း ၁၉၀
ဘာသာပြန်. Soul
ထိုသို့ ပြောနေကြသံများ ကြားရလျှင် ဆဋ္ဌမအဆင့် ရောက်ရုံမျှနှင့် အားလုံးကြား နာမည် ကြီးနေပြီ ဖြစ်ခြင်းကြောင့် အံ့ဩသွား၏ ။
နဝမ အဆင့်အတွက် အနိမ့်ဆုံး သာမာန်ထက်မြင့်‌သော ပါရမီ ရှိရန် လိုအပ်၏ ။
"သွားစို့"
ထိုရတနာမှာ စိတ်စွမ်းအင်နှင့် တိုက်ခိုက်မှုအား ကာကွယ်နိုင်သည့် ခေါင်းဆောင်း ဖြစ်ကာ သာမာန်ဆိုလျှင် ဒိုင်းနှင့် ခေါင်း​ဆောင်းများမှာ ရုပ်ပိုင်းဆိုင်ရာ တိုပ်ခိုက်မှုသာ ကာကွယ်နိုင်ခြင်းကြောင့် ရှားပါး ရတနာအဖြစ် သတ်မှတ်နိုင်၏ ။
Continue lendo
Você também vai gostar
13.6K 410 30
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
125K 14.5K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
481K 69.2K 101
Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူး...
2.7M 74.4K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...