အခန်း ၁၃၃ သင်တန်းကျောင်းများ ယှဥ်ပြိုင်မှု
ဘာသာပြန် Soul
"မသိဘူး ဟုတ်လား"
စစ်ကေနှင့် ကျောင်းသားက စုပင်း စက်ဘီးရှေ့တွင်ရပ်ကာ ရှေ့ဘီးတွင် ခြေထောက်တင်ပြီး အားစိုက်လိုက်၍ စက်ဘီး ဂွေပင်လိမ်သွား၏။
"ယီဟိုက မင်းတို့ကျောင်းရဲ့ ချန်ပီယံပဲကို မသိဘူး ပြောမနေနဲ့ ။ $ရေး မပါတာတွေ" ထိုသူ ပြောပြီး အိပ်ကပ်ထဲမှ လက်အား ထုတ်ကာ စုပင်းထံ လှမ်းလိုက်ချိန် "ပြဿနာ မရှာနဲ့ တိုင်ယန်" တစ်ယောက်မှ အေးစက်စွာနှင့် ပြောလာ၏ ။
"လာမရှုပ်နဲ့ $ကလေး ။ မဟုတ်ရင်..." တိုင်ယန် မျက်မှောင်ကြုံ့ကာ စုပင်းအား ခြိမ်းခြောက်သော အကြည့်နှင့် ကြည့်ကာ ပြောသော်လည်း နောက်ထပ် တွေ့ရန် မလွယ်ကူကြောင်း သူ ကောင်းကောင်း သိနေ၍ ထိုစကားမှာ စကား သက်သက်သာ ဖြစ်၏ ။
စုပင်းမှာ ဘီးအား ကြည့်နေ၍ ပြန်ဖြေရန် မအားပဲ ဖြည်းဖြည်းချင်း မော့ကာ တိုင်ယန်အား ကြည့်လိုက်၏ ။
"ဟမ် ၊ ဘာကိုကြည့်..." တိုင်ယန် စကား ဆုံးအောင်ပင် မပြောလိုက်ရပဲ သူ့ခန္ဓာကိုယ် လေထဲ မြောက်သွားပြီး မမြင်ရသော စွမ်းအင်တစ်ခုနှင့် ကိုင်ပေါက်လိုက်သည့်အလား ပြန်ကျသွား၏။ဖြစ်စဥ်မှာ အလွန် မြန်ဆန်လွန်းခြင်းကြောင့် ကာကွယ်ရန်ပင် အချိန်မရလိုက်ပေ။
မျက်စိတစ်မိတ်အတွင်း တိုင်ယန်အမည်ရှိ လူငယ်မှာ ကြမ်းပေါ်လဲကျနေပြီး သွေးအချို့အန်ကာ အသက်လု ရှူနေရတော့သည်။
ဤသည်မှာ သူ့စက်ဘီးအား ဖျက်စီးခြင်းကြောင့် စုပင်း လက်တုန့်ပြန်ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် စက်ဘီးကို နင်းကာဆက်သွားလိုက်၏ ။
တိုင်ယန်မှာ သူတိူ့ထဲမှ သန်မာသူတစ်ယောက် ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း ထိတွေ့ခြင်း မတွေ့ရ၍ ကျန်သူများ အံ့ဩနေမှုမှ ရုန်းမထွက်နိုင် ဖြစ်နေလေ၏ ။
"ရပ်နေလိုက်စမ်း" ပုပုဝဝနှင့် တစ်ယောက် ပြေးလာပြီး အော်ပြောလျှင် စုပင်း လှည့်ကြည့်လိုက်ရာ ထို ခုနစ်ယောက်မှ သူ့အား ဝိုင်းထားကြောင်း တွေ့လိုက်ရ၏ ။
တိုင်ယန်မှာ သူ့သူငယ်ချင်း ပုခုံးအား အမှီပြုကာ စုပင်းကို မုန်းတီးစွာ ကြည့်နေ၏ ။
"လာပြီး အောက်တန်းကျနေတယ်ပေါ့" တိုင်ယန် စုပင်း လှုပ်ရှားမှုအား မတွေ့ရခြင်းကြောင့် လျှို့ဝှက် တိုက်ခိုက်သည် အထင်နှင့် ပြောချိန် တိုင်ယန် ဘာမျှ မသိလိုက်ရပဲ တိုက်ခိုက်ခံရ၍ အခြားခုနစ်ယောက်လည်း စုပင်းအား သတိနှင့် ကြည့်နေ၏ ။
"တိတ်တော့ တိုင်ယန် ။ လာခဲ့တာက လာမဲ့ ပြိုင်ပွဲအတွက်ပဲ ။ တွေ့သမျှ စိန်ခေါ်ဖို့ မဟုတ်ဘူး ။ သူများ ကျောင်းပေါက်ဝမှာ ချေမှုန်းခံရတာ တခြားလူ ကြားရင် ဟာသ ဖြစ်သွားလိမ့်မယ်" ကြံ့ခိုင်သူ တစ်ယောက်မှ ပြောလာ၏ ။
"ချေမှုန်းမယ် ဟုတ်လား ။ အခုက အောက်တန်းကျသွားတာလေ ။ ငါ့နေရာမှာဆို မင်းကော ဘာလုပ်မှာလဲ" တိုင်ယန် ပြန်အော် ပြောလျှင် "အလစ် တိုက်ခံရတယ်ဆိုတာ မင်းညံ့လို့ပဲ" ထိုသူ တိုင်ယန်အား ပြောရင်း "မင့်နာမည် ပြောခဲ့ ။ စိန်ခေါ်ချင်လို့" စုပင်းအား ကြည့်ပြီး ပြောလာ၏ ။
ထိုတစ်ယောက် ဆုံးဖြတ်ချက် ပေးလိုက်လျှင် အခြားသူများ တိတ်သွားကြပြီး စုပင်းအား သနားသော အကြည့်နှင့် ကြည့်လာ၏ ။
စုပင်း ထိုသူများ ဘာလာလုပ်သလဲ သိသွားသော်လည်း စိတ်မဝင်စား၍ "အချိန်မရှိတော့ဘူး ။ ဘေးဖယ်နေ" ပြောလိုက်ရာ "ငါတို့လူကို ထိခိုက်အောင် လုပ်ပြီးမှ ပြေးလို့ ရမလား" ထိုသူ ပြောလာလျှင် ပြဿနာ မကုန်နိုင်၍ စုပင်း သက်ပြင်းချမိလိုက်၏ ။
ထို့နောက် စုပင်း စက်ဘီးပေါ်မှ ဆင်းပြီး ဘေးတွင် ကပ်လိုက်ကာ အားလုံးကို ကြည့်ပြီး အခြားကျေယင်းမှ ဖြစ်ကြောင်း နားလည်သွား၏ ။
ခွန်အား အကြီးဆုံးမှာ ထို ကြံ့ခိုင်သူ မဟုတ်ပဲ သာမာန်ထက် ကြည့်ကောင်းပြီး အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသူ ဖြစ်ကာ ကြယ်တာရာ စွမ်းအင် အများဆုံး ရှိပြီး တိုင်ယန်အား တားသူလည်း ဖြစ်ကြောင်း စုပင်း တွေ့လိုက်ရလေ၏ ။
"ငါနိုင်ရင် တစ်ယောက်ချင်း လာပြီး အချိန် ဖြုန်းမှာလား ပြောကြည့်လိုက်" စုပင်း ပြောလိုက်ရာ အချို့ ရယ်ပြီး ကြံ့ခိုင်သူ မျက်ခုံး ပင့်လိုက်၏ ။
"ဇရှိတာပဲ ။ တကယ် နိုင်နိုင်တယ်လို့ ထင်..." ထိုသူ စကား မဆုံးခင် "ဟုတ်လား မဟုတ်လားပဲ ပြော" စုပင်း ဖြတ်ပြောလိုက်လျှင် ထိုသူ သွေးကြောများ ထောင်လာသည်အထိ စိတ်တိုသွား၏ ။
"ဒါက ဖီးနစ်တောင်ထွတ် သင်တန်းကျောင်းက ကျောင်းသားတွေရဲ့ ဆက်ဆံရေးလား ။ ဟာသပဲ"
"အားလုံးက ဒီကောင့်လိုပဲလား ။ ချစ်စရာပဲ"
"ဟေး ၊ ဝက်ဝံ...သူ မင့်ကို $ဂရုကို မစိုက်တာ တွေ့လား ။ ငါ့ဘဝမှာ ဒီလိုမျိုး တွေ့ရမယ်လို့ မထင်ခဲ့ဘူး ဟားဟား"
"အကောင်းဆုံး ကြိုးစားပါ ။ သူ့ကို နိုင်ရင် နောက်ထပ် ငါနဲ့ တွေ့မယ်" တစ်ယောက်တစ်ပေါက် ပြောလာကြ၏ ။
စုပင်း ထိုသူများ ပြောသော စကားအား ဂရုမစိုက်ပဲ တိတ်နေသော ဝတ်စုံအဖြူနှင့် တစ်ယောက်အား ကြည့်ပြီး "သူ့ကို နိုင်ရင် သွားလို့ ရမလား" စုပင်း ပြောလာ၍ လျိုဖန်းထျန်း ကြည့်ပြီး အံ့ဩသွား၏ ။
"မထင်ပါဘူး" လျိုဖန်းထျန်း ပြောလိုက်လျှင် "ဒါဆို ရှုပ်တယ် ။ ဟိုကောင်တွေ အားလုံး လာခဲ့လိုက်" စုပင်း ဂရုမစိုက်သော လေသံနှင့် ပြောလိုက်၍ အားလုံး တိတ်သွား၏ ။
စုပင်း ကြံ့ခိုင်သူအား ပြန်ပြောရဲသည်မှာ ဇရှိပြီ ထင်ခဲ့သော်လည်း ထို့ထက် ပိုဆိုးလာမည်ဟု မထင်ထားပဲ အားလုံးမှာ သူတို့ကျောင်းက အဆင့်ရှစ် အတွင်းရှိ ကျောင်းသားများ ဖြစ်၍ အားလုံးအား တစ်ပြိုင်ထဲ စိန်ခေါ်ခြင်းမှာ အလွန် တုံးအသည် ထင်လိုက်၏ ။
စုပင်း ထိုသို့ စိန်ခေါ်ရာ အားလုံး ပေါက်ကွဲသွားကာ တိုင်ယန်မှာ စုပင်း ထိုမျှ ဇရှိမည် မထင်ထားခဲ့ပေ ။
အခန္း ၁၃၃ သင္တန္းေက်ာင္းမ်ား ယွဥ္ၿပိဳင္မႈ
ဘာသာျပန္ Soul
"မသိဘူး ဟုတ္လား"
စစ္ေကႏွင့္ ေက်ာင္းသားက စုပင္း စက္ဘီးေ႐ွ႕တြင္ရပ္ကာ ေ႐ွ႕ဘီးတြင္ ေျခေထာက္တင္ၿပီး အားစိုက္လိုက္၍ စက္ဘီး ေဂြပင္လိမ္သြား၏။
"ယီဟိုက မင္းတို႔ေက်ာင္းရဲ႕ ခ်န္ပီယံပဲကို မသိဘူး ေျပာမေနနဲ႔ ။ $ေရး မပါတာေတြ" ထိုသူ ေျပာၿပီး အိပ္ကပ္ထဲမွ လက္အား ထုတ္ကာ စုပင္းထံ လွမ္းလိုက္ခ်ိန္ "ျပႆနာ မ႐ွာနဲ႔ တိုင္ယန္" တစ္ေယာက္မွ ေအးစက္စြာႏွင့္ ေျပာလာ၏ ။
"လာမ႐ႈပ္နဲ႔ $ကေလး ။ မဟုတ္ရင္..." တိုင္ယန္ မ်က္ေမွာင္ၾကဳံ႕ကာ စုပင္းအား ၿခိမ္းေျခာက္ေသာ အၾကည့္ႏွင့္ ၾကည့္ကာ ေျပာေသာ္လည္း ေနာက္ထပ္ ေတြ႕ရန္ မလြယ္ကူေၾကာင္း သူ ေကာင္းေကာင္း သိေန၍ ထိုစကားမွာ စကား သက္သက္သာ ျဖစ္၏ ။
စုပင္းမွာ ဘီးအား ၾကည့္ေန၍ ျပန္ေျဖရန္ မအားပဲ ျဖည္းျဖည္းခ်င္း ေမာ့ကာ တိုင္ယန္အား ၾကည့္လိုက္၏ ။
"ဟမ္ ၊ ဘာကိုၾကည့္..." တိုင္ယန္ စကား ဆုံးေအာင္ပင္ မေျပာလိုက္ရပဲ သူ႕ခႏၶာကိုယ္ ေလထဲ ေျမာက္သြားၿပီး မျမင္ရေသာ စြမ္းအင္တစ္ခုႏွင့္ ကိုင္ေပါက္လိုက္သည့္အလား ျပန္က်သြား၏။ျဖစ္စဥ္မွာ အလြန္ ျမန္ဆန္လြန္းျခင္းေၾကာင့္ ကာကြယ္ရန္ပင္ အခ်ိန္မရလိုက္ေပ။
မ်က္စိတစ္မိတ္အတြင္း တိုင္ယန္အမည္႐ွိ လူငယ္မွာ ၾကမ္းေပၚလဲက်ေနၿပီး ေသြးအခ်ိဳ႕အန္ကာ အသက္လု ႐ွဴေနရေတာ့သည္။
ဤသည္မွာ သူ႕စက္ဘီးအား ဖ်က္စီးျခင္းေၾကာင့္ စုပင္း လက္တုန္႔ျပန္ျခင္း ျဖစ္သည္။ ထိုသို႔ ျပဳလုပ္ၿပီးသည္ႏွင့္ စက္ဘီးကို နင္းကာဆက္သြားလိုက္၏ ။
တိုင္ယန္မွာ သူတိူ႕ထဲမွ သန္မာသူတစ္ေယာက္ ျဖစ္ၿပီး စကၠန္႔ပိုင္းအတြင္း ထိေတြ႕ျခင္း မေတြ႕ရ၍ က်န္သူမ်ား အံ့ဩေနမႈမွ ႐ုန္းမထြက္ႏိုင္ ျဖစ္ေနေလ၏ ။
"ရပ္ေနလိုက္စမ္း" ပုပုဝဝႏွင့္ တစ္ေယာက္ ေျပးလာၿပီး ေအာ္ေျပာလွ်င္ စုပင္း လွည့္ၾကည့္လိုက္ရာ ထို ခုနစ္ေယာက္မွ သူ႕အား ဝိုင္းထားေၾကာင္း ေတြ႕လိုက္ရ၏ ။
တိုင္ယန္မွာ သူ႕သူငယ္ခ်င္း ပုခုံးအား အမွီျပဳကာ စုပင္းကို မုန္းတီးစြာ ၾကည့္ေန၏ ။
"လာၿပီး ေအာက္တန္းက်ေနတယ္ေပါ့" တိုင္ယန္ စုပင္း လႈပ္႐ွားမႈအား မေတြ႕ရျခင္းေၾကာင့္ လွ်ိဳ႕ဝွက္ တိုက္ခိုက္သည္ အထင္ႏွင့္ ေျပာခ်ိန္ တိုင္ယန္ ဘာမွ် မသိလိုက္ရပဲ တိုက္ခိုက္ခံရ၍ အျခားခုနစ္ေယာက္လည္း စုပင္းအား သတိႏွင့္ ၾကည့္ေန၏ ။
"တိတ္ေတာ့ တိုင္ယန္ ။ လာခဲ့တာက လာမဲ့ ၿပိဳင္ပြဲအတြက္ပဲ ။ ေတြ႕သမွ် စိန္ေခၚဖို႔ မဟုတ္ဘူး ။ သူမ်ား ေက်ာင္းေပါက္ဝမွာ ေခ်မႈန္းခံရတာ တျခားလူ ၾကားရင္ ဟာသ ျဖစ္သြားလိမ့္မယ္" ၾကံ့ခိုင္သူ တစ္ေယာက္မွ ေျပာလာ၏ ။
"ေခ်မႈန္းမယ္ ဟုတ္လား ။ အခုက ေအာက္တန္းက်သြားတာေလ ။ ငါ့ေနရာမွာဆို မင္းေကာ ဘာလုပ္မွာလဲ" တိုင္ယန္ ျပန္ေအာ္ ေျပာလွ်င္ "အလစ္ တိုက္ခံရတယ္ဆိုတာ မင္းညံ့လို႔ပဲ" ထိုသူ တိုင္ယန္အား ေျပာရင္း "မင့္နာမည္ ေျပာခဲ့ ။ စိန္ေခၚခ်င္လို႔" စုပင္းအား ၾကည့္ၿပီး ေျပာလာ၏ ။
ထိုတစ္ေယာက္ ဆုံးျဖတ္ခ်က္ ေပးလိုက္လွ်င္ အျခားသူမ်ား တိတ္သြားၾကၿပီး စုပင္းအား သနားေသာ အၾကည့္ႏွင့္ ၾကည့္လာ၏ ။
စုပင္း ထိုသူမ်ား ဘာလာလုပ္သလဲ သိသြားေသာ္လည္း စိတ္မဝင္စား၍ "အခ်ိန္မ႐ွိေတာ့ဘူး ။ ေဘးဖယ္ေန" ေျပာလိုက္ရာ "ငါတို႔လူကို ထိခိုက္ေအာင္ လုပ္ၿပီးမွ ေျပးလို႔ ရမလား" ထိုသူ ေျပာလာလွ်င္ ျပႆနာ မကုန္ႏိုင္၍ စုပင္း သက္ျပင္းခ်မိလိုက္၏ ။
ထို႔ေနာက္ စုပင္း စက္ဘီးေပၚမွ ဆင္းၿပီး ေဘးတြင္ ကပ္လိုက္ကာ အားလုံးကို ၾကည့္ၿပီး အျခားေက်ယင္းမွ ျဖစ္ေၾကာင္း နားလည္သြား၏ ။
ခြန္အား အႀကီးဆုံးမွာ ထို ၾကံ့ခိုင္သူ မဟုတ္ပဲ သာမာန္ထက္ ၾကည့္ေကာင္းၿပီး အျဖဴေရာင္ ဝတ္စုံ ဝတ္ဆင္ထားသူ ျဖစ္ကာ ၾကယ္တာရာ စြမ္းအင္ အမ်ားဆုံး ႐ွိၿပီး တိုင္ယန္အား တားသူလည္း ျဖစ္ေၾကာင္း စုပင္း ေတြ႕လိုက္ရေလ၏ ။
"ငါႏိုင္ရင္ တစ္ေယာက္ခ်င္း လာၿပီး အခ်ိန္ ျဖဳန္းမွာလား ေျပာၾကည့္လိုက္" စုပင္း ေျပာလိုက္ရာ အခ်ိဳ႕ ရယ္ၿပီး ၾကံ့ခိုင္သူ မ်က္ခုံး ပင့္လိုက္၏ ။
"ဇ႐ွိတာပဲ ။ တကယ္ ႏိုင္ႏိုင္တယ္လို႔ ထင္..." ထိုသူ စကား မဆုံးခင္ "ဟုတ္လား မဟုတ္လားပဲ ေျပာ" စုပင္း ျဖတ္ေျပာလိုက္လွ်င္ ထိုသူ ေသြးေၾကာမ်ား ေထာင္လာသည္အထိ စိတ္တိုသြား၏ ။
"ဒါက ဖီးနစ္ေတာင္ထြတ္ သင္တန္းေက်ာင္းက ေက်ာင္းသားေတြရဲ႕ ဆက္ဆံေရးလား ။ ဟာသပဲ"
"အားလုံးက ဒီေကာင့္လိုပဲလား ။ ခ်စ္စရာပဲ"
"ေဟး ၊ ဝက္ဝံ...သူ မင့္ကို $ဂ႐ုကို မစိုက္တာ ေတြ႕လား ။ ငါ့ဘဝမွာ ဒီလိုမ်ိဳး ေတြ႕ရမယ္လို႔ မထင္ခဲ့ဘူး ဟားဟား"
"အေကာင္းဆုံး ႀကိဳးစားပါ ။ သူ႕ကို ႏိုင္ရင္ ေနာက္ထပ္ ငါနဲ႔ ေတြ႕မယ္" တစ္ေယာက္တစ္ေပါက္ ေျပာလာၾက၏ ။
စုပင္း ထိုသူမ်ား ေျပာေသာ စကားအား ဂ႐ုမစိုက္ပဲ တိတ္ေနေသာ ဝတ္စုံအျဖဴႏွင့္ တစ္ေယာက္အား ၾကည့္ၿပီး "သူ႕ကို ႏိုင္ရင္ သြားလို႔ ရမလား" စုပင္း ေျပာလာ၍ လ်ိဳဖန္းထ်န္း ၾကည့္ၿပီး အံ့ဩသြား၏ ။
"မထင္ပါဘူး" လ်ိဳဖန္းထ်န္း ေျပာလိုက္လွ်င္ "ဒါဆို ႐ႈပ္တယ္ ။ ဟိုေကာင္ေတြ အားလုံး လာခဲ့လိုက္" စုပင္း ဂ႐ုမစိုက္ေသာ ေလသံႏွင့္ ေျပာလိုက္၍ အားလုံး တိတ္သြား၏ ။
စုပင္း ၾကံ့ခိုင္သူအား ျပန္ေျပာရဲသည္မွာ ဇ႐ွိၿပီ ထင္ခဲ့ေသာ္လည္း ထို႔ထက္ ပိုဆိုးလာမည္ဟု မထင္ထားပဲ အားလုံးမွာ သူတို႔ေက်ာင္းက အဆင့္႐ွစ္ အတြင္း႐ွိ ေက်ာင္းသားမ်ား ျဖစ္၍ အားလုံးအား တစ္ၿပိဳင္ထဲ စိန္ေခၚျခင္းမွာ အလြန္ တုံးအသည္ ထင္လိုက္၏ ။
စုပင္း ထိုသို႔ စိန္ေခၚရာ အားလုံး ေပါက္ကြဲသြားကာ တိုင္ယန္မွာ စုပင္း ထိုမွ် ဇ႐ွိမည္ မထင္ထားခဲ့ေပ ။