အခန်း ၁၂၉ သံသယ
ဘာသာပြန်.Soul
စုပင်း ကျောက်ကမျဥ်းကောင်ကိုယူပြီး အရှေ့ကိုပြန်ထွက်လာချိန် သူ့သားရဲ ၏ ပုံပန်းသဏ္ဍာန် ပြောင်းလဲခြင်း မရှိလာ၍ တစ်ရက်တာမျှ လေ့ကျင့်ရုံဖြင့် မည်မျှ ပြောင်းလဲနိုင်သနည်းဟု နင်းကျန် စိတ်ထဲ အပြစ်တင်မိလိုက်သည်။
"ဒီဆိုင်ရဲ့ လေ့ကျင့်ရေးအချိန်က မတိုလွန်းဘူးလား" နင်းကျန့် စုပင်း၏ နောက်ခံနှင့် ခွန်အားကြောင့် ပေါ်တင် မစွပ်စွဲသော်လည်း ယခင် လေးစားမှုများ လျော့ပါးသွားသော လေသံဖြငိ့ မေးလိုက်၏ ။
ထို့အပြင် စုပင်းမှာ သူ၏ ဆရာဟူသော ဂုဏ်ပုဒ်ကို အသုံးချပြီး လုပ်စားနေသည်ဟုလည်း ယုံကြည်လာ၏ ။
နင်းကျန့် စပြောလျှင် အခြားသူများလည်း ခေါင်းညှိမ့် ထောက်ခံကာ တစ်စုံတစ်ယောက်မှ မကျေနပ်ကြောင်း အသံတိုးတိုးနှင့် ပြောနေ၏။
စုပင်းမှာ ယခင်လည်း ထိုသို့ စွပ်စွဲခံရဖူး၍ တမင်ပြဿနာ ရှာခြင်းမဟုတ်ပဲ တစ်ဖက်လူက လေ့ကျင့်ရေး၏အကျိုးကျေးဇူးများကို စိတ်မချ၍ဖြစ်ကြောင်း နားလည်၍ မျက်ခုံးပင့်ကြည့်လိုက်၏ ။
စုပင်း အချိန်ဖြုန်းမနေပဲ နင်းကျန့် ခြေထောက်နားတွင် ဝပ်နေသော ကျောက်ကမျဥ်းကောင်အား တတ်မြောက်လာသော အစွမ်းကို သုံးခိုင်းလိုက်လျှင် အကျင့်ဖြစ်နေသည့်အတိုင်း စုပင်း အသံကြားသည်နှင့် အစွမ်းအား သုံးလိုက်၏ ။
ဝှီးခနဲ အသံနှင့် ဓားပျံပုံစံနှင့် သစ်ရွက်ကဲ့သို့ ပါးလွှာသော အရာနှစ်ခု ကျောက်ကမျဥ်းကောင် နောက်မှ ထွက်လာပြီး ဆိုင်နံရံနှင့် အခြားအရာများအား ခုတ်ဖြတ်လိုက်၏ ။
ထို ကျောက်သစ်ရွက်ဓားပျံ သုံးလိုက်လျှင် ရှိနေသူများ သားရဲ ထိန်းချုပ်မှု လွတ်သွားပြီ အထင်နှင့် လန့်နေစဥ် နင်းကျန့်မှာလည်း မယုံကြည်နိုင်သော အကြည့်နှင့် ကြည့်နေ၏ ။
နင်းကျန့်မှာ သူ့ ကျောက်ကမျဥ်းကောင် အကြောင်း သိနေကာ ယခင် ကျောက်မျဥ်းကောင်များ၏ ပါရမီမြင့်သော သားရဲများ သုံးနိုင်ပြီး အစွမ်းထက်ဆုံး ကျောက်သစ်ရွက်ဓားပျံအား မသုံးနိုင်ကြောင်း သိနေ၏ ။
သူ့ ကျောက်ကမျဥ်းကောင်မှာ အလွန် အပျင်းကြီး၍ မည်မျှပင် လေ့ကျင့်ပေးစေကာမူ ကျောက်သစ်ရွက်ဓားပျံအား မတတ်မြောက်ပဲ ယခုမှ တတ်မြောက်လာ၍ နင်းကျန့် အံ့ဩမကုန်နိုင် ဖြစ်နေလေ၏ ။
"သားရဲက လေ့ကျင့်ပြီးပြီ ။ ဘာမှ လုပ်စရာမရှိရင် ဘေးကပ်ပေးပါ" စုပင်း ပြောသံမှာ နင်းကျန့်အား လက်ရှိဘဝသို့ ပြန်ခေါ်လာကာ တစ်ရက်နှင့် အခြားနေရာတွင် တစ်နှစ်ခန့် သင်ရမည့် လေ့ကျင့်ရေးအား နားလည်ကာ အံ့ဩသွား၏ ။
"ဟေး ညီအကို ၊ ဘေးကပ်ပေးပါ ။ ဒီမှာက အမြဲတမ်း လေ့ကျင့်ရေးအတွက် တစ်ရက်ပဲ ။ နောက်ထပ် နဲနဲ ထပ်လာရင် သိသွားလိမ့်မယ်" ကျန်းပေါင်းစင်းမှာ ပုံမှန်အတိုင်း ငါးနာရီ လာခဲ့သော်လည်း နင်းကျန့် ရောက်နေ၍ ရှေ့ဆုံးနေရာ မရလိုက်ခြင်းကြောင့် အနည်းငယ် မကျေမနပ် ဖြစ်ကာ လောနေ၏ ။
"ဟုတ်တယ် ။ဒီဆိုင်မှာ လေ့ကျင့်တာမြန်တဲ့အပြင် အကျိုးကျေးဇူး အရမ်းရှိတယ် ။ အခုတော့ အမြန်လေး ဖယ်ပေးပါ ညီအကို ။ နောက်မှာ လူတွေအများကြီး ကျန်သေးတယ်" တတိယနေရာမှ လုပင်းဖေး အချိန်ကြာနေခြင်းအား မကျေနပ်၍ ပြောလာလျှင် အခြား သံသယ ရှိသူများ စိတ်ချသွား၏ ။
နင်းကျန့်လည်း လုပင်းဖေးအား သိနေကာ သတိပြန်ဝင်လာပြီး ရှက်သွား၍ "တောင်းပန်ပါတယ် မစ္စတာစု ။ အထင်မှားသွားလို့" စုပင်းအား စော်ကားသည် ထင်မည်စိုး၍ ပြောပြီး မျက်နှာကို လက်နှင့် အုပ်ကာ ခေါင်းငုံ့ပြီး ပြောလာ၏ ။
စုပင်းမှာ ထိုသို့ သံသယနှင့် မေးခွန်းများ ကြားနေကျ ဖြစ်ခြင်းကြောင့် ဘာမျှ ထူးထူးခြားခြား မခံစားရပေ။
"ရပါတယ် ။ ငွေလောက်ရင် ထပ်လာပေါ့" စုပင်း အေးအေးဆေးဆေး ပြောလိုက်မှ နင်းကျန့် ကိုယ်အား ညွှတ်ကာ ပြုံးရင်း ကျေးဇူးတင်ကြောင်း ပြောပြီးသည်နှင့် ကျောက်ကမျဥ်းကောင်အား ခေါ်ကာ အပြေးတစ်ပိုင်းနှင့် ဆိုင်မှ ထွက်သွားလိုက်၏ ။
"မီးခွေးလာပြီး ယူတာတာပါ ဆရာ" နင်းကျန့် သွားလိုက်သည်နှင့် စုပင်းမှာ စကားမများသူ ဖြစ်ခြင်းအား သိနေခြင်းကြောင့် ကျန်းပေါင်းစင်း ရှေ့တိုးပြီး လိုရင်းသာ ပြောလိုက်၏ ။
စုပင်း ကျန်းပေါင်းစင်း အကြိမ်ကြိမ် လာနေ၍ နာမည်နှင့် သားရဲအား မှတ်မိနေပြီး ကျန်းပေါင်းစင်းနောက်မှ လူအချို့အား ရှေ့လာကာ နာမည်နှင့် သားရဲအား ပြောခိုင်းပြီး တစ်ခါထဲ ယူခဲ့ရန် ပြင်လိုက်၏ ။
ကျန်းပေါင်းစင်းနှင့် လုပင်းဖေးအပြင် အခြားနှစ်ယောက်မှာ ပထမအကြိမ် လာခဲ့သူများ ဖြစ်ပြီး ထိုနှစ်ယောက်ကြောင့် မဟုတ်လျှင် နင်းကျန့်နှင့် ထူးမခြားနားပဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမည်ပင် ဖြစ်၏။
စုပင်း သူတိူ့၏ သားရဲများအား သွားယူပေးကာ ဖျက်စီးခြင်း အင်အားနည်းလျှင် ဆိုင်တွင်းတွင်သာ စမ်းပြပြီး ပြန့်နှံ့ခြင်းနှင့် နေရာအကျယ် ထိရောက်သော အစွမ်းများအား နာမည်သာ ပြောလိုက်ပြီး လေ့ကျင့်ကွင်းတွင် သွားရောက် စမ်းခိုင်းလိုက်၏ ။
ကျန်းပေါင်းစင်းနှင့် လုပင်းဖေးမှာ စုပင်း၏ လေ့ကျင့်ရေးအား ယုံကြည်နေ၍ သံသယ ကင်းစင်ကာ အခြားကျောင်းသားတစ်ယောက်မှာ သားရဲအစွမ်းအား ဆိုင်တွင်သာ စမ်းသပ်ပြီး စုပင်းအား ကျေးဇူး အလွန် တင်နေ၏ ။
အခြားတစ်ယောက်မှာ လေ့ကျင့်ကွင်းထဲ စမ်းသပ်ရမည် ဖြစ်၍ အခြားသုံးယောက်၏ သားရဲ အစွမ်းများအား ကြည့်ကာ သံသယ လျော့ပါးသွား၏ ။
စုပင်း သားရဲပြန်လာယူသူအချို့အား ရှင်းထုတ်ပြီးချိန် စုလင်းယွဲ့ သူမ လျှပ်စစ်စက်ဘီးအား ထားခဲ့ပြီး တိုင်သို့ လျှောက်လာ၏ ။
ဆိုင်အား ခပ်လှမ်းလှမ်းမှ ခနတာ စုလင်းယွဲ့ ကြည့်နေခဲ့ပြီး ကျောင်းတွင် နာမည်ကြီး၍ အာရုံစိုက်ခံရခြင်းကြောင့် နေသား ကျနေသော်လည်း ဆိုင်ထဲတွင် စုပင်းနှင့်အတူ ကျောင်းသားများရှေ့တွင် စီးပွားရေး လုပ်ရမည်အား အနည်းငယ် တွန့်ဆုတ်နေပြီး ဆိုင်ဘေးတွင် ခေတ္တ ရပ်နေခဲ့၏ ။
သားရဲ ပြန်လာယူသူများအား ကြည့်လျှင် ယခင်နေ့မှ မြင်ခဲ့ရသော မျက်နှာများအား တွေ့ရ၍ လေ့ကျင့်ရေးမှာ တစ်ရက်သာ ဖြစ်ကြောင်း စုလင်းယွဲ့ အံ့ဩစွာ တွေ့လိုက်ရလေ၏ ။
လူငယ်တစ်ယောက် စုပင်းအနား ကပ်ပြီး သူ့နာမည်နှင့် သားရဲအား ပြောလျှင် စုပင်း သွားယူလိုက်ကာ ကိုယ်ထည်ကြီးမားသော တောင်ပံသားရဲနှင့် ပြန်ထွက်လာလျှင် ကျောင်းသားများ မျက်နှာ ပျက်ကုန်ကြ၏ ။
ထိုအခိုက် တောင်ပံသားရဲမှာ စုပင်း ကျောပေးထားသော်လည်း တိုက်ခိုက်ခြင်း မရှိပဲ လိမ္မာသော ကလေးကဲ့သို့ လိုက်ခဲ့ကြောင်း တွေရ၍ စုလင်းယွဲ့ အံ့ဩသွား၏ ။
တောင်ပံသားရဲ ယဥ်ကျေးနေသည့် ပုံစံအား ကြည့်ကာ လူငယ်လည်း အံ့ဩသွားသော်လည်း စုပင်းမှ အနိုင်ယူခဲ့ခြင်း ဖြစ်မည်ဟု နားလည်ကာ သားရဲအား ကြည့်လိုက်လျှင် ပိုမို သန်မာလာခြင်း မရှိပဲ ခွန်အား ယုတ်လျော့သွားသည်ပင် ထင်လာ၏ ။
စုပင်းမှာ သန်မာ၍ အဆက်အသွယ် ကောင်းခြင်းကြောင့် သူ့သားရဲအား အနာတရ ဖြစ်အောင်လုပ်ပြီး လိမ်လည်သည်ဟု ထင်ကာ မေးရန် ပြင်စဥ် စုပင်း ဘာမှ မပြောပဲ ဘေးကပ်လိုက်၏ ။
စုပင်း ခွင့်ပြုလိုက်လျှင် မူလ စိတ်ဓာတ်ကျနေသော တောင်ပံသားရဲ ပျော်ရွှင်စွာ သူ့သခင်ထံ ပျံသွားပြီး လေအရှိန်ကြောင့် စောင့်နေသူများ ဆံပင်နှင့် ဦးထုပ်များ ဖရိုဖရဲ ဖြစ်ကုန်၏ ။
ထိုလူငယ် မသိလိုက်ခင် တောင်ပံသားရဲမှာ သူ့ရှေ့ ရောက်နေပြီး "အစွမ်း အသစ်တွေ မတတ်ခဲ့ဘူး ။ အဆင့်တစ်ဆင့်ပဲ တက်လာတယ်" စုပင်း ပြောသံကြားလျှင် ခနတာ ကြောင်သွားပြီး တောင်ပံသားရဲအား ကြည့်လိုက်ရာ လက်သည်းမှာ ပြန်ကောင်းသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေ၏ ။
ထိုအချင်းအရာအား ကြည့်ပြီး လူငယ် နောက်တစ်ခါ မယုံနိုင် ဖြစ်သွား၏ ။
လူငယ်မှာ စုပင်း ပြောသည့်အတိုင်း သူ့သားရဲ အဆင့်တက်သွားခြင်းအား မသေချာသော်လည်း သားရဲ ခွန်အားတိုးလာသည်မှာ သိသာနေ၍ လေ့ကျင့်ကွင်းတွင် အဆင့် တက်မတက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏ ။
ထိုအခါမှ အခြား ကျောင်းသားများစကားအား သတိရကာ ဖီးနစ်တောင်ထွတ် ကျောင်းမှ ကျောင်းသားများ လာနေခြင်းအား သိလိုက်ရပြီး သူတို့ ကျောင်းနားတွင် ရှိလျှင် သင်တန်းကျောင်းများ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်နိုင်မည်ဟု တွေးမိလိုက်၏ ။
"ကျေးဇူးပါ ဆရာ" တန့်လန် ပြောပြီး ဆိုင်ထဲ တစ်ချက် ကြည့်ကြည့်ရာ ဘာမျှ မတွေ့ရ၍ သူ့သားရဲ၏ အဆင့်အား ကြည့်ကြည့်ပြီး စုပင်း ပြောသည်မှာ အမှန်ဖြစ်လျှင် ဖီးနစ်တောင်ထွတ် ကျောင်းမှာ ထိုဆိုင်မှ အကျိုးခံစားခွင့်အား လက်ဝါးကြီး အုပ်မထားသင့်ဟူသော ဆုံးဖြတ်ချက်နှင့် ထွက်သွားလိုက်တော့သည် ။
အခန္း ၁၂၉ သံသယ
ဘာသာျပန္.Soul
စုပင္း ေက်ာက္ကမ်ဥ္းေကာင္ကိုယူၿပီး အေ႐ွ႕ကိုျပန္ထြက္လာခ်ိန္ သူ႕သားရဲ ၏ ပုံပန္းသ႑ာန္ ေျပာင္းလဲျခင္း မ႐ွိလာ၍ တစ္ရက္တာမွ် ေလ့က်င့္႐ုံျဖင့္ မည္မွ် ေျပာင္းလဲႏိုင္သနည္းဟု နင္းက်န္ စိတ္ထဲ အျပစ္တင္မိလိုက္သည္။
"ဒီဆိုင္ရဲ႕ ေလ့က်င့္ေရးအခ်ိန္က မတိုလြန္းဘူးလား" နင္းက်န္႔ စုပင္း၏ ေနာက္ခံႏွင့္ ခြန္အားေၾကာင့္ ေပၚတင္ မစြပ္စြဲေသာ္လည္း ယခင္ ေလးစားမႈမ်ား ေလ်ာ့ပါးသြားေသာ ေလသံျဖငိ့ ေမးလိုက္၏ ။
ထို႔အျပင္ စုပင္းမွာ သူ၏ ဆရာဟူေသာ ဂုဏ္ပုဒ္ကို အသုံးခ်ၿပီး လုပ္စားေနသည္ဟုလည္း ယုံၾကည္လာ၏ ။
နင္းက်န္႔ စေျပာလွ်င္ အျခားသူမ်ားလည္း ေခါင္းညႇိမ့္ ေထာက္ခံကာ တစ္စုံတစ္ေယာက္မွ မေက်နပ္ေၾကာင္း အသံတိုးတိုးႏွင့္ ေျပာေန၏။
စုပင္းမွာ ယခင္လည္း ထိုသို႔ စြပ္စြဲခံရဖူး၍ တမင္ျပႆနာ ႐ွာျခင္းမဟုတ္ပဲ တစ္ဖက္လူက ေလ့က်င့္ေရး၏အက်ိဳးေက်းဇူးမ်ားကို စိတ္မခ်၍ျဖစ္ေၾကာင္း နားလည္၍ မ်က္ခုံးပင့္ၾကည့္လိုက္၏ ။
စုပင္း အခ်ိန္ျဖဳန္းမေနပဲ နင္းက်န္႔ ေျခေထာက္နားတြင္ ဝပ္ေနေသာ ေက်ာက္ကမ်ဥ္းေကာင္အား တတ္ေျမာက္လာေသာ အစြမ္းကို သုံးခိုင္းလိုက္လွ်င္ အက်င့္ျဖစ္ေနသည့္အတိုင္း စုပင္း အသံၾကားသည္ႏွင့္ အစြမ္းအား သုံးလိုက္၏ ။
ဝွီးခနဲ အသံႏွင့္ ဓားပ်ံပုံစံႏွင့္ သစ္႐ြက္ကဲ့သို႔ ပါးလႊာေသာ အရာႏွစ္ခု ေက်ာက္ကမ်ဥ္းေကာင္ ေနာက္မွ ထြက္လာၿပီး ဆိုင္နံရံႏွင့္ အျခားအရာမ်ားအား ခုတ္ျဖတ္လိုက္၏ ။
ထို ေက်ာက္သစ္႐ြက္ဓားပ်ံ သုံးလိုက္လွ်င္ ႐ွိေနသူမ်ား သားရဲ ထိန္းခ်ဳပ္မႈ လြတ္သြားၿပီ အထင္ႏွင့္ လန္႔ေနစဥ္ နင္းက်န္႔မွာလည္း မယုံၾကည္ႏိုင္ေသာ အၾကည့္ႏွင့္ ၾကည့္ေန၏ ။
နင္းက်န္႔မွာ သူ႕ ေက်ာက္ကမ်ဥ္းေကာင္ အေၾကာင္း သိေနကာ ယခင္ ေက်ာက္မ်ဥ္းေကာင္မ်ား၏ ပါရမီျမင့္ေသာ သားရဲမ်ား သုံးႏိုင္ၿပီး အစြမ္းထက္ဆုံး ေက်ာက္သစ္႐ြက္ဓားပ်ံအား မသုံးႏိုင္ေၾကာင္း သိေန၏ ။
သူ႕ ေက်ာက္ကမ်ဥ္းေကာင္မွာ အလြန္ အပ်င္းႀကီး၍ မည္မွ်ပင္ ေလ့က်င့္ေပးေစကာမူ ေက်ာက္သစ္႐ြက္ဓားပ်ံအား မတတ္ေျမာက္ပဲ ယခုမွ တတ္ေျမာက္လာ၍ နင္းက်န္႔ အံ့ဩမကုန္ႏိုင္ ျဖစ္ေနေလ၏ ။
"သားရဲက ေလ့က်င့္ၿပီးၿပီ ။ ဘာမွ လုပ္စရာမ႐ွိရင္ ေဘးကပ္ေပးပါ" စုပင္း ေျပာသံမွာ နင္းက်န္႔အား လက္႐ွိဘဝသို႔ ျပန္ေခၚလာကာ တစ္ရက္ႏွင့္ အျခားေနရာတြင္ တစ္ႏွစ္ခန္႔ သင္ရမည့္ ေလ့က်င့္ေရးအား နားလည္ကာ အံ့ဩသြား၏ ။
"ေဟး ညီအကို ၊ ေဘးကပ္ေပးပါ ။ ဒီမွာက အၿမဲတမ္း ေလ့က်င့္ေရးအတြက္ တစ္ရက္ပဲ ။ ေနာက္ထပ္ နဲနဲ ထပ္လာရင္ သိသြားလိမ့္မယ္" က်န္းေပါင္းစင္းမွာ ပုံမွန္အတိုင္း ငါးနာရီ လာခဲ့ေသာ္လည္း နင္းက်န္႔ ေရာက္ေန၍ ေ႐ွ႕ဆုံးေနရာ မရလိုက္ျခင္းေၾကာင့္ အနည္းငယ္ မေက်မနပ္ ျဖစ္ကာ ေလာေန၏ ။
"ဟုတ္တယ္ ။ဒီဆိုင္မွာ ေလ့က်င့္တာျမန္တဲ့အျပင္ အက်ိဳးေက်းဇူး အရမ္း႐ွိတယ္ ။ အခုေတာ့ အျမန္ေလး ဖယ္ေပးပါ ညီအကို ။ ေနာက္မွာ လူေတြအမ်ားႀကီး က်န္ေသးတယ္" တတိယေနရာမွ လုပင္းေဖး အခ်ိန္ၾကာေနျခင္းအား မေက်နပ္၍ ေျပာလာလွ်င္ အျခား သံသယ ႐ွိသူမ်ား စိတ္ခ်သြား၏ ။
နင္းက်န္႔လည္း လုပင္းေဖးအား သိေနကာ သတိျပန္ဝင္လာၿပီး ႐ွက္သြား၍ "ေတာင္းပန္ပါတယ္ မစၥတာစု ။ အထင္မွားသြားလို႔" စုပင္းအား ေစာ္ကားသည္ ထင္မည္စိုး၍ ေျပာၿပီး မ်က္ႏွာကို လက္ႏွင့္ အုပ္ကာ ေခါင္းငုံ႔ၿပီး ေျပာလာ၏ ။
စုပင္းမွာ ထိုသို႔ သံသယႏွင့္ ေမးခြန္းမ်ား ၾကားေနက် ျဖစ္ျခင္းေၾကာင့္ ဘာမွ် ထူးထူးျခားျခား မခံစားရေပ။
"ရပါတယ္ ။ ေငြေလာက္ရင္ ထပ္လာေပါ့" စုပင္း ေအးေအးေဆးေဆး ေျပာလိုက္မွ နင္းက်န္႔ ကိုယ္အား ၫႊတ္ကာ ျပဳံးရင္း ေက်းဇူးတင္ေၾကာင္း ေျပာၿပီးသည္ႏွင့္ ေက်ာက္ကမ်ဥ္းေကာင္အား ေခၚကာ အေျပးတစ္ပိုင္းႏွင့္ ဆိုင္မွ ထြက္သြားလိုက္၏ ။
"မီးေခြးလာၿပီး ယူတာတာပါ ဆရာ" နင္းက်န္႔ သြားလိုက္သည္ႏွင့္ စုပင္းမွာ စကားမမ်ားသူ ျဖစ္ျခင္းအား သိေနျခင္းေၾကာင့္ က်န္းေပါင္းစင္း ေ႐ွ႕တိုးၿပီး လိုရင္းသာ ေျပာလိုက္၏ ။
စုပင္း က်န္းေပါင္းစင္း အႀကိမ္ႀကိမ္ လာေန၍ နာမည္ႏွင့္ သားရဲအား မွတ္မိေနၿပီး က်န္းေပါင္းစင္းေနာက္မွ လူအခ်ိဳ႕အား ေ႐ွ႕လာကာ နာမည္ႏွင့္ သားရဲအား ေျပာခိုင္းၿပီး တစ္ခါထဲ ယူခဲ့ရန္ ျပင္လိုက္၏ ။
က်န္းေပါင္းစင္းႏွင့္ လုပင္းေဖးအျပင္ အျခားႏွစ္ေယာက္မွာ ပထမအႀကိမ္ လာခဲ့သူမ်ား ျဖစ္ၿပီး ထိုႏွစ္ေယာက္ေၾကာင့္ မဟုတ္လွ်င္ နင္းက်န္႔ႏွင့္ ထူးမျခားနားပဲ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနမည္ပင္ ျဖစ္၏။
စုပင္း သူတိူ႕၏ သားရဲမ်ားအား သြားယူေပးကာ ဖ်က္စီးျခင္း အင္အားနည္းလွ်င္ ဆိုင္တြင္းတြင္သာ စမ္းျပၿပီး ျပန္႔ႏွံ႔ျခင္းႏွင့္ ေနရာအက်ယ္ ထိေရာက္ေသာ အစြမ္းမ်ားအား နာမည္သာ ေျပာလိုက္ၿပီး ေလ့က်င့္ကြင္းတြင္ သြားေရာက္ စမ္းခိုင္းလိုက္၏ ။
က်န္းေပါင္းစင္းႏွင့္ လုပင္းေဖးမွာ စုပင္း၏ ေလ့က်င့္ေရးအား ယုံၾကည္ေန၍ သံသယ ကင္းစင္ကာ အျခားေက်ာင္းသားတစ္ေယာက္မွာ သားရဲအစြမ္းအား ဆိုင္တြင္သာ စမ္းသပ္ၿပီး စုပင္းအား ေက်းဇူး အလြန္ တင္ေန၏ ။
အျခားတစ္ေယာက္မွာ ေလ့က်င့္ကြင္းထဲ စမ္းသပ္ရမည္ ျဖစ္၍ အျခားသုံးေယာက္၏ သားရဲ အစြမ္းမ်ားအား ၾကည့္ကာ သံသယ ေလ်ာ့ပါးသြား၏ ။
စုပင္း သားရဲျပန္လာယူသူအခ်ိဳ႕အား ႐ွင္းထုတ္ၿပီးခ်ိန္ စုလင္းယြဲ႕ သူမ လွ်ပ္စစ္စက္ဘီးအား ထားခဲ့ၿပီး တိုင္သို႔ ေလွ်ာက္လာ၏ ။
ဆိုင္အား ခပ္လွမ္းလွမ္းမွ ခနတာ စုလင္းယြဲ႕ ၾကည့္ေနခဲ့ၿပီး ေက်ာင္းတြင္ နာမည္ႀကီး၍ အာ႐ုံစိုက္ခံရျခင္းေၾကာင့္ ေနသား က်ေနေသာ္လည္း ဆိုင္ထဲတြင္ စုပင္းႏွင့္အတူ ေက်ာင္းသားမ်ားေ႐ွ႕တြင္ စီးပြားေရး လုပ္ရမည္အား အနည္းငယ္ တြန္႔ဆုတ္ေနၿပီး ဆိုင္ေဘးတြင္ ေခတၱ ရပ္ေနခဲ့၏ ။
သားရဲ ျပန္လာယူသူမ်ားအား ၾကည့္လွ်င္ ယခင္ေန႔မွ ျမင္ခဲ့ရေသာ မ်က္ႏွာမ်ားအား ေတြ႕ရ၍ ေလ့က်င့္ေရးမွာ တစ္ရက္သာ ျဖစ္ေၾကာင္း စုလင္းယြဲ႕ အံ့ဩစြာ ေတြ႕လိုက္ရေလ၏ ။
လူငယ္တစ္ေယာက္ စုပင္းအနား ကပ္ၿပီး သူ႕နာမည္ႏွင့္ သားရဲအား ေျပာလွ်င္ စုပင္း သြားယူလိုက္ကာ ကိုယ္ထည္ႀကီးမားေသာ ေတာင္ပံသားရဲႏွင့္ ျပန္ထြက္လာလွ်င္ ေက်ာင္းသားမ်ား မ်က္ႏွာ ပ်က္ကုန္ၾက၏ ။
ထိုအခိုက္ ေတာင္ပံသားရဲမွာ စုပင္း ေက်ာေပးထားေသာ္လည္း တိုက္ခိုက္ျခင္း မ႐ွိပဲ လိမၼာေသာ ကေလးကဲ့သို႔ လိုက္ခဲ့ေၾကာင္း ေတြရ၍ စုလင္းယြဲ႕ အံ့ဩသြား၏ ။
ေတာင္ပံသားရဲ ယဥ္ေက်းေနသည့္ ပုံစံအား ၾကည့္ကာ လူငယ္လည္း အံ့ဩသြားေသာ္လည္း စုပင္းမွ အႏိုင္ယူခဲ့ျခင္း ျဖစ္မည္ဟု နားလည္ကာ သားရဲအား ၾကည့္လိုက္လွ်င္ ပိုမို သန္မာလာျခင္း မ႐ွိပဲ ခြန္အား ယုတ္ေလ်ာ့သြားသည္ပင္ ထင္လာ၏ ။
စုပင္းမွာ သန္မာ၍ အဆက္အသြယ္ ေကာင္းျခင္းေၾကာင့္ သူ႕သားရဲအား အနာတရ ျဖစ္ေအာင္လုပ္ၿပီး လိမ္လည္သည္ဟု ထင္ကာ ေမးရန္ ျပင္စဥ္ စုပင္း ဘာမွ မေျပာပဲ ေဘးကပ္လိုက္၏ ။
စုပင္း ခြင့္ျပဳလိုက္လွ်င္ မူလ စိတ္ဓာတ္က်ေနေသာ ေတာင္ပံသားရဲ ေပ်ာ္႐ႊင္စြာ သူ႕သခင္ထံ ပ်ံသြားၿပီး ေလအ႐ွိန္ေၾကာင့္ ေစာင့္ေနသူမ်ား ဆံပင္ႏွင့္ ဦးထုပ္မ်ား ဖ႐ိုဖရဲ ျဖစ္ကုန္၏ ။
ထိုလူငယ္ မသိလိုက္ခင္ ေတာင္ပံသားရဲမွာ သူ႕ေ႐ွ႕ ေရာက္ေနၿပီး "အစြမ္း အသစ္ေတြ မတတ္ခဲ့ဘူး ။ အဆင့္တစ္ဆင့္ပဲ တက္လာတယ္" စုပင္း ေျပာသံၾကားလွ်င္ ခနတာ ေၾကာင္သြားၿပီး ေတာင္ပံသားရဲအား ၾကည့္လိုက္ရာ လက္သည္းမွာ ျပန္ေကာင္းသြားၿပီ ျဖစ္ေၾကာင္း ေတြ႕လိုက္ရေလ၏ ။
ထိုအခ်င္းအရာအား ၾကည့္ၿပီး လူငယ္ ေနာက္တစ္ခါ မယုံႏိုင္ ျဖစ္သြား၏ ။
လူငယ္မွာ စုပင္း ေျပာသည့္အတိုင္း သူ႕သားရဲ အဆင့္တက္သြားျခင္းအား မေသခ်ာေသာ္လည္း သားရဲ ခြန္အားတိုးလာသည္မွာ သိသာေန၍ ေလ့က်င့္ကြင္းတြင္ အဆင့္ တက္မတက္ စမ္းၾကည့္ရန္ ဆုံးျဖတ္လိုက္၏ ။
ထိုအခါမွ အျခား ေက်ာင္းသားမ်ားစကားအား သတိရကာ ဖီးနစ္ေတာင္ထြတ္ ေက်ာင္းမွ ေက်ာင္းသားမ်ား လာေနျခင္းအား သိလိုက္ရၿပီး သူတို႔ ေက်ာင္းနားတြင္ ႐ွိလွ်င္ သင္တန္းေက်ာင္းမ်ား ၿပိဳင္ပြဲတြင္ ခ်န္ပီယံ ျဖစ္ႏိုင္မည္ဟု ေတြးမိလိုက္၏ ။
"ေက်းဇူးပါ ဆရာ" တန္႔လန္ ေျပာၿပီး ဆိုင္ထဲ တစ္ခ်က္ ၾကည့္ၾကည့္ရာ ဘာမွ် မေတြ႕ရ၍ သူ႕သားရဲ၏ အဆင့္အား ၾကည့္ၾကည့္ၿပီး စုပင္း ေျပာသည္မွာ အမွန္ျဖစ္လွ်င္ ဖီးနစ္ေတာင္ထြတ္ ေက်ာင္းမွာ ထိုဆိုင္မွ အက်ိဳးခံစားခြင့္အား လက္ဝါးႀကီး အုပ္မထားသင့္ဟူေသာ ဆုံးျဖတ္ခ်က္ႏွင့္ ထြက္သြားလိုက္ေတာ့သည္ ။