ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ...
De KazunoMora
161K 17.6K 36
စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီ... Mais
ရှင်းလင်းချက် ရှင်းလင်းချက်
အပိုင်း ၁
အခန်း ၂ ​ရှေးဟောင်း သားရဲပျိုးထောင်ခြင်းနယ်မြေများ
အခန်း ၃ မရေတွက်နိုင်အောင် သေဆုံးခြင်း
အခန်း (၄)အထူးပြု အစွမ်း
အခန်း (၅) သားရဲကို ပြန်လာယူပြီ
အပိုင်း ၆ နှိုးဆွခြင်း/နိုးထခြင်း
အခန်း ၇ ဝန်ဆောင်မှု ၃ မျိုး
အခန်း ၈ သားရဲ ဥဖောက်ခြင်း
အခန်း ၉ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း(၁)
အခန်း ၁၀ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း (၂)
အခန်း ၁၁ ထူးခြားသော လျှပ်စီးကြွက်
အခန်း ၁၂ တော်လွန်းသော ဆရာ
အပိုင်း ၁၃ ပါရမီ နိမ့်သည်
အခန်း ၁၄ သားရဲအစာ လိုက်ရှာခြင်း
အခန်း ၁၅ နှစ်သောင်းတန် အစာ
အခန်း ၁၆ သားရဲ အစာ ရောင်းလိုက်ရခြင်း
အခန်း ၁၇ ကလိမ်ကကျစ်ဆိုင်
အခန်း ၁၈ သားရဲ ဘုရင်များအား မွေးနိုင်ခြင်း
အခန်း ၁၉ လက်ချိုးရန် ကြံစည်ခြင်း
အပိုင်း ၂၀ ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း
အခန်း ၂၁ ပထမဦးဆုံး ပင်မ လုပ်ဆောင်ရန်
အခန်း ၂၂ ရှေးခေတ် သားရဲ ဆက်သွယ်ခြင်း တံဆိပ်
အခန်း ၂၃ သန္ဓေ ပြောင်းလဲခြင်း
အခန်း ၂၄ ဘာလုပ်ပေးလိုက်တာလဲ?
အခန်း ၂၅ လေ့ကျင့်ရေး လုပ်ဆောင်ရန် စတင်ခြင်း
အခန်း ၂၆ ရောင်းရန် မရှိသေးပါ
အခန်း ၂၇ ဝိညဥ်ရေကန် ဒုတိယအဆင့်
အခန်း ၂၈ မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေ
အခန်း ၂၉ သတ်ဖြတ်ခြင်း အာရုံစွမ်းရည် လေ့ကျင့်ခြင်း
အခန်း ၃၀ အရိုး ရွေးခြယ်ခြင်း
အခန်း ၃၁ မသေမျိုး အပျိုစင်
အခန်း ၃၂ အရိုး ဘုရင်
အခန်း ၃၃ ဆဲပြီး ပြေးတော့
အခန်း ၃၄ လေ့လာ သင်ကြားခြင်း
အခန်း ၃၅ အရိုးတောင်ပုံတွေနဲ့ သွေးပင်လယ်တွေကို ကျော်ခဲ့ပြီ
အခန်း ၃၆ ကြယ်တံခွန် ဇယား
အခန်း ၃၇ သာမာန် မဟုတ်တဲ့ ကျင့်စဥ်
အခန်း ၃၈ စုပင်း၏ အချက်အလက်များ မှတ်တမ်း
အခန်း ၃၉ ပညာ ခိုးသင်ခြင်း
အခန်း ၄၀ နေ့စဥ်ဘဝ
အခန်း ၄၁ အရိုးခြောက်ဘုရင် သွေးမျိုးဆက်
အခန်း ၄၂ တွယ်တာနေခြင်း
အခန်း ၄၃ လေ့ကျင့်ရေး အကျိုးသက်ရောက်မှု စပ်းသပ်ချက်
အခန်း ၄၄ မြေနတ်သားရဲ ထွက်ပြေးရန် ကြံစည်နေခြင်း
အခန်း ၄၅ ကြောက်ရွံ့ခြင်း
အခန်း ၄၆ မီးလျှံတန်းအစွမ်း ရရှိခြင်း
အခန်း ၄၇ ပါရမီရှင်၏ ဒုတိယ အကြီးအကျယ် ရှိုးပွဲ
အခန်း ၄၈ တန်းသေ! တန်းသေ!
အခန်း ၄၉ ပတ်လည် လျှပ်စီး အကျဥ်း
အခန်း ၅၀ မသိမ်းပိုက်ထားသော နယ်မြေများတွင် စူးစမ်းခြင်း
အခန်း ၅၁ အာကာသထဲရှိ အက်ကြောင်းများ
အခန်း ၅၂ အဆင့်ကိုးသားရဲ
အခန်း ၅၃ သွေးဆာခြင်း အရိုးခြောက်ကလေး
အခန်း ၅၄ မသိမ်းရသေးသော နယ်မြေ နံပါတ် ၃၈
အခန်း ၅၅ စူးစမ်းသူ အခြေစိုက် စခန်း
အခန်း ၅၆ အင်အားအတွက် စမ်းသပ်ချက်
အခန်း ၅၇ စူးစမ်းသူများ၏ ဂိုဒေါင်
အခန်း ၅၈ ဝင်ပေါက်
အခန်း ၅၉ ကျားအရေခြုံ ကြံ့သူတော်
အခန်း ၆၀ သွေးဝိညဥ် သားရဲ
အခန်း ၆၁ ကြီးမားသော တောင်ထွတ်
အခန်း ၆၂ အကူအညီ တောင်းသံ
အခန်း ၆၃ မသေမျိုး ကျွန်ပြုခြင်း
အခန်း ၆၄ အစွမ်းကုန် တိုက်ခိုက်ကြပြီ
အခန်း ၆၅ အန္တရာယ် ကြီးသော မသေမျိုး ဓားသိုင်း
အခန်း ၆၆ ကျွမ်းကျင်စွာ ကာကွယ်ခြင်း
အခန်း ၆၇ စီး၍ ရသော ရုပ်သေး
အခန်း ၆၈ ငရဲကျောက်
အခန်း ၆၉ ပြန်ချိန်
အခန်း ၇၀ သင်တန်းကျောင်းအတွက် ဖိတ်ကြားခြင်း
အခန်း ၇၁ မစ်ရှင် ပြီးဆုံးခြင်း
အခန်း ၇၂ သူရိယ တံတိုင်း
အခန်း ၇၃ လေ့ကျင့်ခြင်း
အခန်း ၇၄ လျှပ်စီးကြွက် ရူးသွပ်မှု
အခန်း ၇၅ သရုပ်ပြပွဲ
အခန်း ၇၆ ပရိုမိုးရှင်း
အခန်း ၇၇ လက်ကမ်းစာစောင်ဝေရန်အစီအစဥ်
အခန်း ၇၈ ကျော်ကြားမှု
အခန်း ၇၉ အဆင့်ခုနစ်
အခန်း ၈၀ ရက်ချိန်းခ
အခန်း ၈၁ စုလင်းယွဲ့၏ ဖျော်ဖြေမှု
အခန်း ၈၂ အထင်ကြီးဖွယ် ထွက်ပေါ်လာခြင်း
အခန်း ၈၃ ကြောက်နေသော လျှပ်စီးကြွက်
အခန်း ၈၄ ပြတ်သားသော ကျရှုံးမှု
အခန်း ၈၅ ပြင်းထန်သော တိုက်ပွဲ
အခန်း ၈၆ ပြုတ်ကျခြင်း
အခန်း ၈၇ သရဖူ လက်လွှတ်လိုက်ရတဲ့ ဘုရင်
အခန်း ၈၈ အထူး ဝင်ခွင့်(သီးသန့် ခွင့်ပြုချက်)
အခန်း ၈၉ ဖိတ်ခေါ်ခြင်းများ
အခန်း ၉၀ အသိနှင့် တွေ့ခြင်း
အခန်း ၉၁ လက်ခံလိုက်ခြင်း
အခန်း ၉၂ အမှန် ထုတ်ပြောခြင်း
အခန်း ၉၃ မီးနှင့် ကစားခြင်း
အခန်း ၉၄ အရေးပေါ် မစ်ရှင်
အခန်း ၉၅ အသုံးဝင်သော ဂုဏ်ပုဒ်
အခန်း ၉၆ ကောင်းကင်ဝက်
အခန်း ၉၇ ဝိညဥ်ရေကန် နောက်တစ်ဆင့်
အခန်း ၉၈ ငရဲမီးနဂါး
အခန်း ၉၉ ဆိုင်၏ အဆင့်များ
အခန်း ၁၀၀ လျှင်မြန်စွာ လေ့ကျင့်ခြင်း
အခန်း ၁၀၂ ပြိုင်ပွဲနှင့် ငြင်းခုန်မှု
အခန်း ၁၀၃ မသေမျိုးသားရဲနှင့် ဝယ်သူ
အခန်း ၁၀၄ စိတ်ကူးယဥ်သားရဲ
အခန်း ၁၀၅ နီးနီးလေးနဲ့ဝေး
အခန်း ၁၀၆ ဆိုင်နာမည် ရလာခြင်း
အခန်း ၁၀၇ ဆရာစုပင်း အကြောင်း လာကြားခြင်း
အခန်း ၁၀၈ စာသင်ရန် ပြင်ဆင်ခြင်း
အခန်း ၁၀၉ နားလည်မှု အတိမ်အနက်
အခန်း ၁၁၀ ရိုက်ခတ်မှု/လှုပ်ခတ်မှု
အခန်း ၁၁၁ အံ့ဩဖွယ် သရုပ်ပြခြင်း
အခန်း ၁၁၂ လက်ချာချိန် ပြီးဆုံးခြင်း
အခန်း ၁၁၃ ဆန်းကြယ်သော နယ်မြေ
အခန်း ၁၁၄ အမွေအနှစ် နယ်မြေ
အခန်း ၁၁၅ နဂါးမျှော်စင်
အခန်း ၁၁၆ တိုးတက်လာမှု
အခန်း ၁၁၇ ရှုပ်ရှက်ခတ်နေသောဆိုင်
အခန်း ၁၁၈ ဆိုင်တွင် လူများလာခြင်း
အခန်း ၁၁၉ တောင်ပံသားရဲ
အခန်း ၁၂၀ ထိန်းချုပ်ခြင်း
အခန်း ၁၂၁ အဆင့်မြှင့်ခြင်း မအောင်မြင်ပါ
အခန်း ၁၂၂ လုံကျန်းမှ ရုပ်ချောသူ
အခန်း ၁၂၃ သီးသန့် ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း
အခန်း ၁၂၄ အေးရိစ် သင်တန်းကျောင်း
အခန်း ၁၂၅ စုပင်း၏ နဂါးဟိန်းသံ
အခန်း ၁၂၆ သင်ကြားခြင်း
အခန်း ၁၂၇ ရှုယင်းစူး
အခန်း ၁၂၈ အတူတူ လိုက်ခဲ့မယ်
အခန်း ၁၂၉ သံသယ
အခန်း ၁၃၀ နေရာလွတ်မရှိတော့ပါ
အခန်း ၁၃၁ မစ်ရှင်အတွက် ပြင်ဆင်ခြင်း
အခန်း ၁၃၂ စွမ်းရည်စာအုပ် နောက်တစ်အုပ်
အခန်း ၁၃၃ သင်တန်းကျောင်းများ ယှဥ်ပြိုင်မှု
အခန်း ၁၃၄ ရက်စက်မှု
အခန်း ၁၃၅ အဆင့်မြင့်နဂါးတစ်ကောင်၏ ခွန်အား
အခန်း ၁၃၆ မေးခွန်း
အခန်း ၁၃၇ စုပင်းအတွက် ထောက်ခံသူ
အခန်း ၁၃၈ ဖြေရှင်းချက်
အခန်း ၁၃၉ အကုန်ရှုံးသွားတယ်
အခန်း ၁၄၀ ညီမ
အခန်း ၁၄၁ ဒင်္ဂါး သုံးပြား တန်ဖိုးရှိသည့် တောင်းပန်ခြင်း
အခန်း ၁၄၂ ထိပ်တိုက် ရင်ဆိုင်ခြင်း
အခန်း ၁၄၃ ဘွဲ့တံဆိပ်ရ သားရဲစစ်သည်လား
အခန်း ၁၄၄ ငရဲမီးနဂါး ​ရှေ့ထွက်မယ်
အခန်း ၁၄၅ ကလေးသာ ရှိသေးသည်
အခန်း ၁၄၆ အနိုင်ရခြင်း
အခန်း ၁၄၇ အဓိက သားရဲ
အခန်း ၁၄၈ အရိုးဘုရင်ပုံရိပ်
အခန်း ၁၄၉ ဒဏ္ဍာရီတစ်ခု
အခန်း ၁၅၀ အွန်လိုင်း သင်ကြားရေး
အခန်း ၁၅၁ ခပ်တုံးတုံး မေးခွန်း
အခန်း ၁၅၂ စုပင်း လူလိမ် / လူလိမ် စုပင်း
အခန်း ၁၅၃ နာမည်ကျော်
အခန်း ၁၅၄ ရောက်ရှိလာခြင်း
အခန်း ၁၅၅ ရန်ဘက်
အခန်း ၁၅၆ ခွင့်မပြုခြင်း
အခန်း ၁၅၇ ငြင်းပယ်ခြင်း မရှိ
အခန်း ၁၅၈ လျှို့ဝှက်နယ်မြေ ပွင့်ရန် အချိန် နီးကပ်လာခြင်း
အခန်း ၁၅၉ အဖွဲ့သားများ စုဝေးခြင်း
အခန်း ၁၆၀ ပြီးသွားပြီ
အခန်း ၁၆၁ မသိမ်းရသေးသော နယ်မြေသို့ သွားမည်
အခန်း ၁၆၂ နောက်ဆုံး ပြင်ဆင်ခြင်း
အခန်း ၁၆၃ ထွက်ခွာခြင်း
အခန်း ၁၆၄ နီချန်းခုန်
အပိုင်း ၁၆၅
အခန်း ၁၆၆ ချင်မိသားစု
အခန်း ၁၆၇ အမွေအနှစ် နယ်မြေ
အခန်း ၁၆၈ ရှေ့ဆောင်သူများ အဆင့်
အခန်း ၁၆၉ ထိပ်တိုက်တွေ့ခြင်း
အခန်း ၁၇၀ အတည်ပြုခြင်း
အခန်း ၁၇၁ အဓိက သားရဲ
အခန်း ၁၇၂ နဂါးနက် ခွေး၏ ကစားကွင်း
အခန်း ၁၇၃ ရှားပါး ရတနာ
အခန်း ၁၇၄ နဂါးဟိန်းသံ
အခန်း ၁၇၅ မတားဆီးနိုင်ခြင်း
အခန်း ၁၇၆ လမ်း ခရီး
အပိုင်း ၁၇၇ ဝိညဥ်မီးအိမ်
အပိုင်း ၁၇၈ ပုံအောလို့ စွန့်စားခြင်း
အပိုင်း ၁၇၉ ခွန်အားအပြည့်
အခန်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂ သားရဲဘုရင် ဖြစ်လုနီးပါး
အပိုင်း ၁၈၃ ဖမ်းဆီးခြင်း
အပိုင်း ၁၈၄ မြေပုံ
အပိုင်း ၁၈၅ ထွက်ခွာခြင်း
အခန်း၁၈၆ စစ်ဆေးခြင်း
အခန်း ၁၈၇ တစ်ဘီလီယံ
အခန်း ၁၈၈ စွမ်းအင်နှင့် ထိန်းချုပ်ခြင်း စွမ်းရည်
အခန်း ၁၈၉ ဘွဲ့တံဆိပ်ရ သားရဲစစ်သည် အဆင့်များ
အခန်း ၁၉၀ သူရိယ တံတိုင်းအတွက် လိုအပ်သော အရာများ
အခန်း ၁၉၁ ချီလင်ခြင်္သေ့
အခန်း ၁၉၂ နဂါးဥများ
အခန်း ၁၉၃ ကမ္ဘာ ကျဥ်းကျဥ်းထဲမှ ရန်သူများ
အခန်း ၁၉၄ နယ်မြေ နံပါတ် ၈၃
အခန်း ၁၉၅ ဝိညာဥ် စွမ်းအင် သစ်သီး
အခန်း ၁၉၆ ဖန်သားတံတိုင်း ကျင့်စဥ်
အခန်း ၁၉၇ ဝင်လုခြင်း
အခန်း ၁၉၈ မင်း...!!! "ဘယ်သူလဲ"
အခန်း ၁၉၉ ကျဆုံးသွားသောဘွဲ့တံဆိပ်ရသားရဲစစ်သည်များ
အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ
794 85 0
De KazunoMora
အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ
ဘာသာပြန်.Soul
သိပ်မကြာလိုက်ပေ။စီစဥ်ထားသည့်အတိုင်း ဒုတိယအသုတ်သားရဲ သခင်များမှာ တတိယအသုတ်သားရဲများလေ့ကျင့်ပြီးချိန်တွင်  ဆိုင်ရှေ့တွင်ရောက်နေပြီ ဖြစ်သည်။ စုပင်း ပိုင်ရှင်များဖြစ်သော ယောက်ျားလေး သုံးယောက်နှင့် မိန်းကလေး တစ်ယောက်အား ဆိုင်အတွင်းသို့ခေါ်လိုက်၏။အလွန်ပင် မြန်လွန်းနေ၍ သူ့လေ့ကျင့်ရေးအား သံသယဖြစ်မည်ကို စုပင်း သိနေပြီး အပိုစကားတစ်ခွန်းမှ မပြောတော့ပဲ သူတို့၏သားရဲများကို အသစ်တတ်မြောက်လာသော စွမ်းရည်များ ကို ထုတ်ပြခိုင်းရန် စုပင်း စိတ်ကူးလိုက်သည်။
ထိုနောက် ယာယီ ဆက်သွယ်ခြင်းအား စုပင်း ဖျက်ပေးလိုက်သည်နှင့် သားရဲများမှာ သူတို့ ပိုင်ရှင်လက်ထဲ ယုန်များကဲ့သို့ ပြေးဝင်လိုက်ကြ၏။ထိုနဲ့တင်မလုံလောက်ပဲ မသိပါက အသက်အန္တရာယ် စိုးရိမ်သည့်အတိုင်း အတင်းတိုးဝင်နေ၍ "သားရဲကို ဘာလုပ်လိုက်လဲဆိုတာ ရှင်းပြလို့ ရမလား" ချမ်းသာသောပုံရသည့် ယောက်ျားလေး တစ်ယောက်မှ မေးလာခဲ့သည် ။
ထိုသူမှာ ကျောင်း၏ အင်အား အဆင့်ကိုး နေရာတွင် ရှိကာ သူက စမေးလျှင် အခြားသူများလည်း စုပင်းအား စိုက်ကြည့်လာ၍ ထိုလူငယ်၏ သားရဲအား မြေအကျဥ်း သုံးရန် အမိန့်ပေးလိုက်၏ ။
ထိုသားရဲမှာ အကူအညီပေးတတ်သော အပင်မျိုးနွယ် အရိပ်သမင် ဖြစ်ပြီး ပုံရိပ်ယောင်အစွမ်းနှင့် ကုသခြင်းတွင် ကောင်းမွန်မှုရှိကာ သူ့သခင်လက်ထဲ နေနေရင်းမှ စုပင်း၏ စိတ်စွမ်းအင် သက်ရောက်မှုကိုခံလိုက်ရ၍ ၎င်း၏ အိမ်မက်ဆိုးများ ပြန်နှိုးထလာခဲ့သည်။ထိုနောက်  ချက်ချင်းဆိုသလို အရိပ်သမင်က မြေအကျဥ်းအား သုံးလိုက်မိ၍ အဘယ့်ကြောင့် သူစိမ်းစကားအား ဆက်ပြီး နားထောင်နေမိသည်အား မတွေးတတ်ဖြစ်နေသည်။
ထိုစဥ် ဆိုင်၏ကြမ်းပြင်နှင့် နံရံများ တုန်ခါခဲ့ကာ နွယ်ပင်များ ထွက်လာခဲ့ပြီး ပင့်ကူအိမ်ကဲ့သို့ ပြည့်နှက်သွား၏။စုပင်းမှလွဲ၍ အခြားသူတိုင်းက အကယ်၍ ယခုထက်အနည်းငယ်အရေအတွက်များလျှင် သူတို့အား သတ်၍ ရသော နွယ်များအား အံ့ဩစွာဖြင့် ကြည့်နေကြ၏ ။
သမင်၏ပိုင်ရှင်ဖြစ်သူ လုပင်းဖေးအမည်ရသူမှာ သူ၏သားရဲအကြောင်းကို အသိဆုံး ဖြစ်ပြီး မြေအကျဥ်းလို နေရာအကျယ် ထိန်းချုပ်မှုအတွက် ကောင်းသော တိုက်ပွဲဝင် စွမ်းရည်မျိုးအား သူ၏သမင်ကဲ့သို့ အကူအညီပေးသည့် သားရဲအမျိုးအစားအနေနဲ့ တတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိနေခြင်းကြောင့် "မစ္စတာစု ၊ ဒီအစွမ်းကို သင်ပေးလိုက်တာလား" မေးကြည့်လိုက်၏ ။
"မဟုတ်ရင် ဘာဖြစ်မှာလဲ" လုပင်းဖေး ကြားလျှင် သူ၏သမင်မှာ အလယ်အလတ်အဆင့် နေရာထိန်းချုပ်အမျိုးအစား စွမ်းရည်ကို တတ်မြောက်သွား၍ စိတ်လှုပ်ရှားကာ တုန်နေပြီး အကောင်းဆုံး မဟုတ်လျှင်ပင် ကျွမ်းကျင် လေ့ကျင့်ရေး ဆရာအဖြစ် လက်ခံသွား၏ ။
ထိုအခါမှ ဆိုင်နှင့် ပက်သက်သော ကောလဟာလမှာ အမှန်ဖြစ်ကြောင်း လက်ခံ၍ ငွေပေးနိုင်လျှင် သားရဲအားလုံး လျှပ်စီးကြွက်ကဲ့သို့ ဖြစ်နိုင်မည်မှန်း နားလည်သွားကြ၏ ။
"သမင်က တိုးတက်လာတာ တွေ့ပြီ။ တခြားကောင်တွေကော" မိန်းကလေးမှ မေးလာလျှင် စုပင်း သားရဲ နှစ်ကောင်အား အစွမ်းများ သုံးရန် အမိန့်ပေးလိုက်၏ ။
ထိုအစွမ်းများမှာ မြင်နေကျ အလယ်အလတ် အစွမ်းများ ဖြစ်ပြီး သားရဲများ ပထမအကြိမ် လေ့ကျင့်ရေး ဖြစ်၍ အလွန် တိုးတက်မှု တွေ့ရကာ "ရေခဲပုတ်သင်က ဒီရေလှိုင်းကို တတ်ထားတယ် ။ ဒီမှာတော့ ပြလို့ မရဘူး ။ စမ်းကြည့်ပြီးလို့ မေးစရာရှိရင် ပြန်လာမေး" နောက်ဆုံး ကျန်နေသူအား စုပင်း ပြောလိုက်၏ ။
"ဆက်ပြီး လေ့ကျင့်ပေးလို့ ရမလား" အားလုံး သံသယ ဖြစ်ရန် မကျန်တော့၍ လုပင်းဖေး စုပင်းအား ကြည့်ကာ မေးလိုက်ရာ "တစ်ရက် တစ်ကြိမ်ပဲ ရပါတယ်" စုပင်း ရှင်းအောင် ပြောပြလိုက်၏ ။
"အရင်တုန်း အပြုအမူတွေ အတွက် တောင်းပန်ပါတယ်ဗျာ။ကျွန်တော်ဘက်က ဒီလိုမျိုး မလုပ်သင့်ပါဘူး" ခေါင်းကိုကုတ်ကာ လုပင်းဖေး တောင်းပန်လိုက်လိုက်၏။
"ဟမ့်"  စုပင်း၏ နှာမှုတ်သံထွက်လာ၍ ခွင့်မလွှတ်ဘူးထင်ကာ လုပင်းဖေး ဖိအား များသွားခဲ့ပြီး ယခင်က တိတ်တိတ်နေခဲ့သင့်သည်ဟု သူ့ကိုယ်သူ ကျိန်ဆဲနေမိ၏ ။
အမှန်မှာ လုပင်းဖေး၏ ရိုင်းစိုင်းမှုအား စုပင်း အရေးမထားပဲ ဟမ့် ပြောရသည်မှာ အခြား စကားထက် ပိုတို၍ ဖြစ်၏ ။ သို့သော် "ဟီး ဟီး၊ဆရာ ကျေးဇူးပြုပြီး ဒီငါးသောင်းကို တောင်းပန်တဲ့အနေနဲ့ ယူပေးပါ" လုပင်းဖေး ပြောရင်း စုပင်းအား ငွေများ ထိုးပေးပြီး သူတတ်ကျွမ်းသောနည်းလမ်းအား ထုတ်သုံးလာခဲ့၏။
ငွေဆိုလျှင် အကုန်လက်ခံသော စုပင်း စဥ်းစားမနေပဲ ယူလိုက်လျှင် အခြားသူများလည်း လက်နှေးမနေပဲ ဝိုင်းကာ တောင်းပန်လိုက်၏ ။
"မစ္စတာစု  ၊ ဒါက ကျေးဇူးတင်လို့ ပေးတာ"
"တူတူပဲ" "ဒါကော" စုစုပေါင်း သုံးသောင်း စုပင်းအား ပေးလာ၏ ။
စုပင်းမှာ ထိုငွေမှ စွမ်းအင်အမှတ် မပြောင်းနိုင်၍ သိပ်မလိုချင်ပဲ ဝန်ဆောင်မှုသာ သုံးစေချင်သည့်အပြင် အားလုံးမှာ ကျောင်းသားများ ဖြစ်ခြင်းကြောင့် ငွေကြေး မကြပ်တည်း စေလိုပေ ။
"ဒီတစ်ကြိမ်ပဲ ရမယ် ။ နောက်တစ်ခါ သုံးချင်ရင် သားရဲမှာပဲ သုံးပေး" စုပင်း ပြောမှ တရက်လျှင် သန်းနှင့်ချီ ဝင်နေသော ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်အတွက် ဤမျှလောက်ငွေမှာ ဘာမှမဟုတ်ကြောင်း သိကာ ယခုစျေးနှင့် ပေးသည်ပင် အလွန် သက်သာနေကြောင်း နားလည်လိုက်၏ ။
"လျှပ်စီးကြွက်လို ဖြစ်အောင် အထူး လေ့ကျင့်ရေး ဝယ်ချင်တယ် ၊ ရမလား ။ ဘယ်လောက်လဲ ၊ တစ်သန်းလား" လုပင်းဖေး မေးလာလျှင် ကောင်းကင်ဝက်မှာ စနစ်၏ လုပ်ဆောင်ရန် အသစ်ကြောင့် လက်ခံခြင်း ဖြစ်၍ စုပင်း စနစ်အား အရင် မေးကြည့်ရာ (အထူး လေ့ကျင့်ရေးသည် ဆိုင် တတိယအဆင့်မှ ရပါမည်) ပြောလာခဲ့၏ ။
အဆင့်မြင့် ပျိုးထောင်ခြင်း နယ်မြေ သွားရန် အခမဲ့ လက်မှတ် မရှိလျှင် ကောင်ကင်ဝက်အား လျှပ်စီးကြွက်နှင့် တန်းတူဖြစ်ရန် ခက်ခဲကြောင်း သိကာ နောက်ထပ် အထူး လေ့ကျင့်ရေး လက်ခံနိုင်မည် မဟုတ်၍ သိပ် စိတ်မပျက်သွားပေ ။
"အခု မရသေးဘူး" စုပင်း ဖြေလိုက်၍ "နောက်ကျရင် ရမှာလား" လုပင်းဖေး မေး၍ "ဟုတ်တယ်" စုပင်း ဖြေပေးလိုက်လျှင် လုပင်းဖေး တစ်သန်း ရှာရန် အချိန်လိုပြီး သားရဲ ရွေးရန် လို၍ ထခုန်လုမတတ် ပျော်သွား၏ ။
ထို့နောက် လေးယောက်သား ကျေးဇူး အကြိမ်များစွာ တင်ကာ ထွက်သွားလျှင် စုပင်း နောက်ထပ် ဝယ်သူအား ဆက်သွယ်ပြီး ပျိုးထောင်ခြင်း နယ်မြေတွင် ၇၂နာရီ နေခဲ့၍ အလွန် ပင်ပန်းခြင်းကြောင့် ထိုင်စောင့်နေလိုက်၏ ။
နောက်တစ်ကြိမ် သားရဲအစွမ်း ပြခိုင်းခြင်းဖြင့် မေးခွန်းများ ဖြေရပြီး သားရဲများမှ သူတို့သခင်အား ကြောက်ရွံ့စိတ်နှင့် ထိုနေရာ ပြန်မလာရရန် ခေါ်ကာ ထွက်သွား၏ ။
နောက်ထပ် ဝယ်သူနှစ်ယောက် ဆိုင်ထဲ ဝင်လာခြင်းအား စုပင်း တွေ့သော်လည်း အလွန် ပျင်းနေ၍ ကောင်တာတွင် ထိုင်နေသော်လည်း လာသည့်သူအား သိရမှ မတ်တပ် ရပ်လိုက်၏ ။
ထိုနှစ်ယောက်မှာ ဒေါင်မင်းဆောင်းနှင့် လျိုကုဆူး ဖြစ်ပြီး အတူတူ လာခဲ့သည် ထင်ရကာ လျိုကုဆူးမှာ သူမအား ကယ်ခဲ့၍ စုပင်း၏ စီပွားရေးအား အားပေးရန် ဖြစ်ပြီး ဒေါင်မင်းဆောင်းမှာ ဆွေးနွေးစရာ ရှိ၍ ဖြစ်၏ ။
"ဒီဆိုင်က မစ္စတာစုရဲ့ ဆိုင်ပေါ့" ထိုမျှ သေးငယ်မည် မထင်ထား၍ လျိုကုဆူး ဆိုင်ထဲကြည့်လိုက်ရာ ထို့ထက် ပိုကြီးသော နေရာ စုပင်း ရှာနိုင်သော်လည်း အရေး မလုပ်၍ ဖြစ်မည်ဟု တွေးမိနေ၏ ။
ထို့အပြင် လျှပ်စီးကြွက်နှင့် အရိုးခြောက်ကလေးအား လေ့ကျင့်ပေးခဲ့လျှင် ဆိုင်မှာ ဝယ်သူ ပြည့်နေရမည် ဖြစ်ပြီး ယခု စွန့်ပစ်ထားသကဲ့သို့ ထင်ရသည်ဟု လျိုကုဆူး စိတ်ထဲ တွေးလိုက်၏ ။
ဒေါင်မင်းဆောင်းလည်း လျိုကုဆူးနှင့် အတွေးတူနေကာ "ဘယ်လောက် သေးလိုက်တဲ့ နေရာလဲ ။ ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်အတွက် လိုတာ အကုန်ရှိပြီး တအား အပေါ်ယံ မဆန်ဘူး ။ ကြည့်စမ်း ထိုင်ခုံကို နံရံမှာ ကပ်ထားတဲ့ပုံက...တအား ခံစားတတ်တာပဲ" စင်အား တစ်ချက်ကြည့်ပြီး ပြောလာ၏ ။
"ဘာလိုတာ ရှိလို့လဲ" ဒေါင်မင်းဆောင်း စကားအား ရှက်ကာ စုပင်း မေးလိုက်လျှင် "ဒုကျောင်းအုပ်က အတူသွားရအောင် ခေါ်လို့ ။ ကျွမ်းကျင် လေ့ကျင့်ရေးဆရာနဲ့ တွေ့ရတာ ဂုဏ်ယူစရာပဲလေ" လျိုကုဆူး ပြောလာ၏ ။
ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်သည် ဘွဲ့နှင့် သားရဲစစ်သည်ထက် လေးစားဖွယ် ကောင်းခြင်းကြောင့် လျိုကုဆူး စကားနှင့် စိတ်လှုပ်ရှားမှုမှာ မလွန်ပေ ။
"ဟုတ်မှာပေါ့" စုပင်း ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်များအကြောင်း ကြားဖူးကာ သူလည်း ထို့ထက် မတော်လျှင် တန်းတူ ရှိကြောင်း သိ၍ မငြင်းပဲ ပြောလိုက်ရာ "သူ့...သူ့ကို သားရဲ လေ့ကျင့်ပေးခိုင်းလို့ ရမလား" လျိုကုဆူးနှင့် ဒေါင်မင်းဆောင်း ဝမ်းသာအားရ မေးလာ၏ ။
လျိုကုဆူးမှာ အဆင့်မြင့် သားရဲစစ်သည် ဖြစ်ပြီး ကျွမ်းကျင် လေ့ကျင့်ရေး ဆရာအား သေချာစွာ ဆက်ဆံရမည်မှန်း သိပြီး သူမနောက်မှ ဒေါင်မင်းဆောင်းမှာ တစ်ချက် အံ့ဩဟန် ပေါ်ကာ အမြန် ဖုံးလိုက်၏ ။
ဒေါင်မင်းဆောင်းမှာ ကျောင်းတွင် စုပင်းနှင့် တွေ့ပြီးချိန် အားလုံးအား စုပင်းအကြောင်း စုံစမ်းခိုင်းရာ ဘယ်ဆေးရုံ မွေးသည် ၊ ဘယ်နာစ့်မမှ ကိုင်သည်မှစကာ အရာအားလုံး သိပြီး ဖြစ်၏ ။
သို့သော် တစ်စုံတစ်ခု လွဲမှားနေကြောင်း သိရ၍ သူယခင် ထင်ထားသကဲ့သို့ စုပင်းမှာ ချမ်းသာ ကျော်ကြားသော မိသားစုမှ ဆင်းသက်လာခြင်း မဟုတ်ပဲ သာမန် မိသားစုမှ ဖြစ်ကာ စုပင်း ကြယ်တာရာ စွမ်းအင် နိုးထချိန် မည်သူမျှ မသိရပဲ ယခုမှ ကိုယ်တိုင် ပြသခြင်းကြောင့် သိလာရခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏ ။
စုပင်း၏ ပါရမီအား ချီးကျူးခြင်းအပြင် ယခုနှုန်းနှင့် စုပင်း ရလာမည့် အောင်မြင်မှုအား ဒေါင်မင်းဆောင်း လန့်နေကာ သာမန် ပါရမီရှင်အတွက် အချိန်နှင့် သင်ကြားရေး လိုအပ်သော်လည်း စုပင်းမှာ မတူညီပဲ အားလုံးထံမှ ဖွက်ထားခြင်းကြောင့် ဖြစ်၍ မည်သူမျှ စုပင်း မည်မျှအထိ အံ့ဩဖွယ်ကောင်းကြောင်း မသိနိုင်ခြင်းကြောင့် ဖြစ်၏ ။
စုပင်းမှာ ချမ်းသာသော မိသားစုမှ မဟုတ်ခြင်းကြောင့် ဒေါင်မင်းဆောင်း အခြားသော ဖြစ်နိုင်ချေ ဖြစ်သော ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်နှင့် တွေ့ကာ နောက်မှ ပါလာသော အန္တရာယ်ကြောင့် အရာအားလုံး စုပင်းအား ပေးခဲ့ခြင်း ဖြစ်မည်ဟု တွက်မိ၏ ။
ထို့အပြင် စုပင်း၏ တုံ့ပြန်မှုသည် သူထင်တာနှင့် ညီနေ၍ ထို ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်နှင့် တွေ့နိုင်ရန် အခွင့်အရေး ရှိသည်ဟု စဥ်းစားမိချိန် "လေ့ကျင့်ပေးတာက ပြဿနာ မဟုတ်ဘူး ။ အခုက နေရာလွတ် မရှိတော့ဘူး ။ နောက်နေ့မှ လာခဲ့ပါ" စုပင်း ပြောလာ၏ ။
"ဒါဆိုရင် ကောင်းပြီလေ" ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်တွင် သူ့သတ်မှတ်ချက်နှင့်သူ ရှိမည် တွေးကာ လျိုကုဆူး သဘောတူလိုက်ချိန် "မစ္စတာစု ၊ ဒီနေ့လာတာက ကျောင်းမှာ စောနိုင်သမျှ စောပြီး သင်ပေးဖို့ လာပြောတာ" ဒေါင်မင်းဆောင်း သူ လာခြင်းမှာ ဆိုင်နှင့် မဆိုင်ကြောင်း သဘောနှင့် ပြောလိုက်၏ ။
"သဘောတူထားတာ တစ်ပတ်မှာ တစ်ကြိမ်ပဲမလား ။ လောဖို့ လိုလို့လား" မေးခွန်းများ မေးရန် ကျန်သော်လည်း လိုအပ်သည်သာ စုပင်း အရင်မေးလိုက်၏ ။
"သဘောတူထားတာ ဖျက်ချင်လို့ မဟုတ်ပါဘူး ။ ပြောရရင် လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲက စတော့မှာရယ် ကျောင်းရဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက် နောက်လဝက်မှာ ရောက်မှာ ။ ဆုယန်းယင်းနဲ့ ယီဟိုတို့အတွက် ကံစမ်းကြည့်လို့ ရတယ်လေ ။ နောက် ကျန်တဲ့ နှစ်ပတ်က နောက်ဆုံး အခွင့်အရေး ဖြစ်လို့ပါ ။ အခု ကျန်တဲ့ အဆင့်မြင့် ဆရာ လေးယောက်က တစ်ပတ် နှစ်ကြိမ် သင်ပေးနေရတယ် ။ အလုပ်အပိုအတွက် အစားထိုး အကျိုးအမြတ် ပေးမှာပါ" စုပင်း၏ ပြောစကားအား ဒေါင်မင်းဆောင်း သေချာ ရှင်းပြလိုက်သည် ။
ဘာသာပြန်.Soul
"ဒီတစ်ကြိမ်ပဲ ရမယ် ။ နောက်တစ်ခါ သုံးချင်ရင် သားရဲမှာပဲ သုံးပေး" စုပင်း ပြောမှ တရက်လျှင် သန်းနှင့်ချီ ဝင်နေသော ကျွမ်းကျင် လေ့ကျင့်ရေး ပညာရှင်အတွက် ဤမျှလောက်ငွေမှာ ဘာမှမဟုတ်ကြောင်း သိကာ ယခုဈေးနှင့် ပေးသည်ပင် အလွန် သက်သာနေကြောင်း နားလည်လိုက်၏ ။
Continue lendo
Você também vai gostar
2.7M 74.4K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
1.2M 62.3K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?