ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ...

By KazunoMora

162K 17.6K 36

စုပင်းတစ်ယောက် အိပ်နေရင်း သူနေထိုင်တဲ့ ကမ္ဘာထက်ပိုအဆင့်မြင့်တဲ့ အခြားကမ္ဘာတစ်ခုကို ကူးပြောင်းရောက်ရှိသွားပြီ... More

ရှင်းလင်းချက် ႐ွင္းလင္းခ်က္
အပိုင်း ၁
အခန်း ၂ ​ရှေးဟောင်း သားရဲပျိုးထောင်ခြင်းနယ်မြေများ
အခန်း ၃ မရေတွက်နိုင်အောင် သေဆုံးခြင်း
အခန်း (၄)အထူးပြု အစွမ်း
အခန်း (၅) သားရဲကို ပြန်လာယူပြီ
အပိုင်း ၆ နှိုးဆွခြင်း/နိုးထခြင်း
အခန်း ၇ ဝန်ဆောင်မှု ၃ မျိုး
အခန်း ၈ သားရဲ ဥဖောက်ခြင်း
အခန်း ၉ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း(၁)
အခန်း ၁၀ လျှပ်စီးဓား လျှပ်စီးမျိုးနွယ်ဝင်အဆင့် ၇ သားရဲအစွမ်း (၂)
အခန်း ၁၁ ထူးခြားသော လျှပ်စီးကြွက်
အခန်း ၁၂ တော်လွန်းသော ဆရာ
အပိုင်း ၁၃ ပါရမီ နိမ့်သည်
အခန်း ၁၄ သားရဲအစာ လိုက်ရှာခြင်း
အခန်း ၁၆ သားရဲ အစာ ရောင်းလိုက်ရခြင်း
အခန်း ၁၇ ကလိမ်ကကျစ်ဆိုင်
အခန်း ၁၈ သားရဲ ဘုရင်များအား မွေးနိုင်ခြင်း
အခန်း ၁၉ လက်ချိုးရန် ကြံစည်ခြင်း
အပိုင်း ၂၀ ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း
အခန်း ၂၁ ပထမဦးဆုံး ပင်မ လုပ်ဆောင်ရန်
အခန်း ၂၂ ရှေးခေတ် သားရဲ ဆက်သွယ်ခြင်း တံဆိပ်
အခန်း ၂၃ သန္ဓေ ပြောင်းလဲခြင်း
အခန်း ၂၄ ဘာလုပ်ပေးလိုက်တာလဲ?
အခန်း ၂၅ လေ့ကျင့်ရေး လုပ်ဆောင်ရန် စတင်ခြင်း
အခန်း ၂၆ ရောင်းရန် မရှိသေးပါ
အခန်း ၂၇ ဝိညဥ်ရေကန် ဒုတိယအဆင့်
အခန်း ၂၈ မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေ
အခန်း ၂၉ သတ်ဖြတ်ခြင်း အာရုံစွမ်းရည် လေ့ကျင့်ခြင်း
အခန်း ၃၀ အရိုး ရွေးခြယ်ခြင်း
အခန်း ၃၁ မသေမျိုး အပျိုစင်
အခန်း ၃၂ အရိုး ဘုရင်
အခန်း ၃၃ ဆဲပြီး ပြေးတော့
အခန်း ၃၄ လေ့လာ သင်ကြားခြင်း
အခန်း ၃၅ အရိုးတောင်ပုံတွေနဲ့ သွေးပင်လယ်တွေကို ကျော်ခဲ့ပြီ
အခန်း ၃၆ ကြယ်တံခွန် ဇယား
အခန်း ၃၇ သာမာန် မဟုတ်တဲ့ ကျင့်စဥ်
အခန်း ၃၈ စုပင်း၏ အချက်အလက်များ မှတ်တမ်း
အခန်း ၃၉ ပညာ ခိုးသင်ခြင်း
အခန်း ၄၀ နေ့စဥ်ဘဝ
အခန်း ၄၁ အရိုးခြောက်ဘုရင် သွေးမျိုးဆက်
အခန်း ၄၂ တွယ်တာနေခြင်း
အခန်း ၄၃ လေ့ကျင့်ရေး အကျိုးသက်ရောက်မှု စပ်းသပ်ချက်
အခန်း ၄၄ မြေနတ်သားရဲ ထွက်ပြေးရန် ကြံစည်နေခြင်း
အခန်း ၄၅ ကြောက်ရွံ့ခြင်း
အခန်း ၄၆ မီးလျှံတန်းအစွမ်း ရရှိခြင်း
အခန်း ၄၇ ပါရမီရှင်၏ ဒုတိယ အကြီးအကျယ် ရှိုးပွဲ
အခန်း ၄၈ တန်းသေ! တန်းသေ!
အခန်း ၄၉ ပတ်လည် လျှပ်စီး အကျဥ်း
အခန်း ၅၀ မသိမ်းပိုက်ထားသော နယ်မြေများတွင် စူးစမ်းခြင်း
အခန်း ၅၁ အာကာသထဲရှိ အက်ကြောင်းများ
အခန်း ၅၂ အဆင့်ကိုးသားရဲ
အခန်း ၅၃ သွေးဆာခြင်း အရိုးခြောက်ကလေး
အခန်း ၅၄ မသိမ်းရသေးသော နယ်မြေ နံပါတ် ၃၈
အခန်း ၅၅ စူးစမ်းသူ အခြေစိုက် စခန်း
အခန်း ၅၆ အင်အားအတွက် စမ်းသပ်ချက်
အခန်း ၅၇ စူးစမ်းသူများ၏ ဂိုဒေါင်
အခန်း ၅၈ ဝင်ပေါက်
အခန်း ၅၉ ကျားအရေခြုံ ကြံ့သူတော်
အခန်း ၆၀ သွေးဝိညဥ် သားရဲ
အခန်း ၆၁ ကြီးမားသော တောင်ထွတ်
အခန်း ၆၂ အကူအညီ တောင်းသံ
အခန်း ၆၃ မသေမျိုး ကျွန်ပြုခြင်း
အခန်း ၆၄ အစွမ်းကုန် တိုက်ခိုက်ကြပြီ
အခန်း ၆၅ အန္တရာယ် ကြီးသော မသေမျိုး ဓားသိုင်း
အခန်း ၆၆ ကျွမ်းကျင်စွာ ကာကွယ်ခြင်း
အခန်း ၆၇ စီး၍ ရသော ရုပ်သေး
အခန်း ၆၈ ငရဲကျောက်
အခန်း ၆၉ ပြန်ချိန်
အခန်း ၇၀ သင်တန်းကျောင်းအတွက် ဖိတ်ကြားခြင်း
အခန်း ၇၁ မစ်ရှင် ပြီးဆုံးခြင်း
အခန်း ၇၂ သူရိယ တံတိုင်း
အခန်း ၇၃ လေ့ကျင့်ခြင်း
အခန်း ၇၄ လျှပ်စီးကြွက် ရူးသွပ်မှု
အခန်း ၇၅ သရုပ်ပြပွဲ
အခန်း ၇၆ ပရိုမိုးရှင်း
အခန်း ၇၇ လက်ကမ်းစာစောင်ဝေရန်အစီအစဥ်
အခန်း ၇၈ ကျော်ကြားမှု
အခန်း ၇၉ အဆင့်ခုနစ်
အခန်း ၈၀ ရက်ချိန်းခ
အခန်း ၈၁ စုလင်းယွဲ့၏ ဖျော်ဖြေမှု
အခန်း ၈၂ အထင်ကြီးဖွယ် ထွက်ပေါ်လာခြင်း
အခန်း ၈၃ ကြောက်နေသော လျှပ်စီးကြွက်
အခန်း ၈၄ ပြတ်သားသော ကျရှုံးမှု
အခန်း ၈၅ ပြင်းထန်သော တိုက်ပွဲ
အခန်း ၈၆ ပြုတ်ကျခြင်း
အခန်း ၈၇ သရဖူ လက်လွှတ်လိုက်ရတဲ့ ဘုရင်
အခန်း ၈၈ အထူး ဝင်ခွင့်(သီးသန့် ခွင့်ပြုချက်)
အခန်း ၈၉ ဖိတ်ခေါ်ခြင်းများ
အခန်း ၉၀ အသိနှင့် တွေ့ခြင်း
အခန်း ၉၁ လက်ခံလိုက်ခြင်း
အခန်း ၉၂ အမှန် ထုတ်ပြောခြင်း
အခန်း ၉၃ မီးနှင့် ကစားခြင်း
အခန်း ၉၄ အရေးပေါ် မစ်ရှင်
အခန်း ၉၅ အသုံးဝင်သော ဂုဏ်ပုဒ်
အခန်း ၉၆ ကောင်းကင်ဝက်
အခန်း ၉၇ ဝိညဥ်ရေကန် နောက်တစ်ဆင့်
အခန်း ၉၈ ငရဲမီးနဂါး
အခန်း ၉၉ ဆိုင်၏ အဆင့်များ
အခန်း ၁၀၀ လျှင်မြန်စွာ လေ့ကျင့်ခြင်း
အခန်း ၁၀၁ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ
အခန်း ၁၀၂ ပြိုင်ပွဲနှင့် ငြင်းခုန်မှု
အခန်း ၁၀၃ မသေမျိုးသားရဲနှင့် ဝယ်သူ
အခန်း ၁၀၄ စိတ်ကူးယဥ်သားရဲ
အခန်း ၁၀၅ နီးနီးလေးနဲ့ဝေး
အခန်း ၁၀၆ ဆိုင်နာမည် ရလာခြင်း
အခန်း ၁၀၇ ဆရာစုပင်း အကြောင်း လာကြားခြင်း
အခန်း ၁၀၈ စာသင်ရန် ပြင်ဆင်ခြင်း
အခန်း ၁၀၉ နားလည်မှု အတိမ်အနက်
အခန်း ၁၁၀ ရိုက်ခတ်မှု/လှုပ်ခတ်မှု
အခန်း ၁၁၁ အံ့ဩဖွယ် သရုပ်ပြခြင်း
အခန်း ၁၁၂ လက်ချာချိန် ပြီးဆုံးခြင်း
အခန်း ၁၁၃ ဆန်းကြယ်သော နယ်မြေ
အခန်း ၁၁၄ အမွေအနှစ် နယ်မြေ
အခန်း ၁၁၅ နဂါးမျှော်စင်
အခန်း ၁၁၆ တိုးတက်လာမှု
အခန်း ၁၁၇ ရှုပ်ရှက်ခတ်နေသောဆိုင်
အခန်း ၁၁၈ ဆိုင်တွင် လူများလာခြင်း
အခန်း ၁၁၉ တောင်ပံသားရဲ
အခန်း ၁၂၀ ထိန်းချုပ်ခြင်း
အခန်း ၁၂၁ အဆင့်မြှင့်ခြင်း မအောင်မြင်ပါ
အခန်း ၁၂၂ လုံကျန်းမှ ရုပ်ချောသူ
အခန်း ၁၂၃ သီးသန့် ဆင့်ကဲဖြစ်စဥ် ပြောင်းလဲခြင်း
အခန်း ၁၂၄ အေးရိစ် သင်တန်းကျောင်း
အခန်း ၁၂၅ စုပင်း၏ နဂါးဟိန်းသံ
အခန်း ၁၂၆ သင်ကြားခြင်း
အခန်း ၁၂၇ ရှုယင်းစူး
အခန်း ၁၂၈ အတူတူ လိုက်ခဲ့မယ်
အခန်း ၁၂၉ သံသယ
အခန်း ၁၃၀ နေရာလွတ်မရှိတော့ပါ
အခန်း ၁၃၁ မစ်ရှင်အတွက် ပြင်ဆင်ခြင်း
အခန်း ၁၃၂ စွမ်းရည်စာအုပ် နောက်တစ်အုပ်
အခန်း ၁၃၃ သင်တန်းကျောင်းများ ယှဥ်ပြိုင်မှု
အခန်း ၁၃၄ ရက်စက်မှု
အခန်း ၁၃၅ အဆင့်မြင့်နဂါးတစ်ကောင်၏ ခွန်အား
အခန်း ၁၃၆ မေးခွန်း
အခန်း ၁၃၇ စုပင်းအတွက် ထောက်ခံသူ
အခန်း ၁၃၈ ဖြေရှင်းချက်
အခန်း ၁၃၉ အကုန်ရှုံးသွားတယ်
အခန်း ၁၄၀ ညီမ
အခန်း ၁၄၁ ဒင်္ဂါး သုံးပြား တန်ဖိုးရှိသည့် တောင်းပန်ခြင်း
အခန်း ၁၄၂ ထိပ်တိုက် ရင်ဆိုင်ခြင်း
အခန်း ၁၄၃ ဘွဲ့တံဆိပ်ရ သားရဲစစ်သည်လား
အခန်း ၁၄၄ ငရဲမီးနဂါး ​ရှေ့ထွက်မယ်
အခန်း ၁၄၅ ကလေးသာ ရှိသေးသည်
အခန်း ၁၄၆ အနိုင်ရခြင်း
အခန်း ၁၄၇ အဓိက သားရဲ
အခန်း ၁၄၈ အရိုးဘုရင်ပုံရိပ်
အခန်း ၁၄၉ ဒဏ္ဍာရီတစ်ခု
အခန်း ၁၅၀ အွန်လိုင်း သင်ကြားရေး
အခန်း ၁၅၁ ခပ်တုံးတုံး မေးခွန်း
အခန်း ၁၅၂ စုပင်း လူလိမ် / လူလိမ် စုပင်း
အခန်း ၁၅၃ နာမည်ကျော်
အခန်း ၁၅၄ ရောက်ရှိလာခြင်း
အခန်း ၁၅၅ ရန်ဘက်
အခန်း ၁၅၆ ခွင့်မပြုခြင်း
အခန်း ၁၅၇ ငြင်းပယ်ခြင်း မရှိ
အခန်း ၁၅၈ လျှို့ဝှက်နယ်မြေ ပွင့်ရန် အချိန် နီးကပ်လာခြင်း
အခန်း ၁၅၉ အဖွဲ့သားများ စုဝေးခြင်း
အခန်း ၁၆၀ ပြီးသွားပြီ
အခန်း ၁၆၁ မသိမ်းရသေးသော နယ်မြေသို့ သွားမည်
အခန်း ၁၆၂ နောက်ဆုံး ပြင်ဆင်ခြင်း
အခန်း ၁၆၃ ထွက်ခွာခြင်း
အခန်း ၁၆၄ နီချန်းခုန်
အပိုင်း ၁၆၅
အခန်း ၁၆၆ ချင်မိသားစု
အခန်း ၁၆၇ အမွေအနှစ် နယ်မြေ
အခန်း ၁၆၈ ရှေ့ဆောင်သူများ အဆင့်
အခန်း ၁၆၉ ထိပ်တိုက်တွေ့ခြင်း
အခန်း ၁၇၀ အတည်ပြုခြင်း
အခန်း ၁၇၁ အဓိက သားရဲ
အခန်း ၁၇၂ နဂါးနက် ခွေး၏ ကစားကွင်း
အခန်း ၁၇၃ ရှားပါး ရတနာ
အခန်း ၁၇၄ နဂါးဟိန်းသံ
အခန်း ၁၇၅ မတားဆီးနိုင်ခြင်း
အခန်း ၁၇၆ လမ်း ခရီး
အပိုင်း ၁၇၇ ဝိညဥ်မီးအိမ်
အပိုင်း ၁၇၈ ပုံအောလို့ စွန့်စားခြင်း
အပိုင်း ၁၇၉ ခွန်အားအပြည့်
အခန်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂ သားရဲဘုရင် ဖြစ်လုနီးပါး
အပိုင်း ၁၈၃ ဖမ်းဆီးခြင်း
အပိုင်း ၁၈၄ မြေပုံ
အပိုင်း ၁၈၅ ထွက်ခွာခြင်း
အခန်း၁၈၆ စစ်ဆေးခြင်း
အခန်း ၁၈၇ တစ်ဘီလီယံ
အခန်း ၁၈၈ စွမ်းအင်နှင့် ထိန်းချုပ်ခြင်း စွမ်းရည်
အခန်း ၁၈၉ ဘွဲ့တံဆိပ်ရ သားရဲစစ်သည် အဆင့်များ
အခန်း ၁၉၀ သူရိယ တံတိုင်းအတွက် လိုအပ်သော အရာများ
အခန်း ၁၉၁ ချီလင်ခြင်္သေ့
အခန်း ၁၉၂ နဂါးဥများ
အခန်း ၁၉၃ ကမ္ဘာ ကျဥ်းကျဥ်းထဲမှ ရန်သူများ
အခန်း ၁၉၄ နယ်မြေ နံပါတ် ၈၃
အခန်း ၁၉၅ ဝိညာဥ် စွမ်းအင် သစ်သီး
အခန်း ၁၉၆ ဖန်သားတံတိုင်း ကျင့်စဥ်
အခန်း ၁၉၇ ဝင်လုခြင်း
အခန်း ၁၉၈ မင်း...!!! "ဘယ်သူလဲ"
အခန်း ၁၉၉ ကျဆုံးသွားသောဘွဲ့တံဆိပ်ရသားရဲစစ်သည်များ

အခန်း ၁၅ နှစ်သောင်းတန် အစာ

889 130 1
By KazunoMora

အခန်း ၁၅ နှစ်သောင်းတန် အစာ

ဘာသာပြန်သူ .SOUl

စုပင်း စျေးနှုန်းများအား ကြည့်ကာ အံ့ဩသွား၏ ။ ပျိုးထောင်ခြင်း နယ်မြေတွင် စုပင်း ရခဲ့သော သားရဲ အစာအားလုံးမှာ အနိမ့်ဆုံး စွမ်းအင်အမှတ် ၁ နှင့်ညီမျှသော ဒင်္ဂါး ၁၀၀ ကျော်မှ စထားသည်အား တွေ့လိုက်ရ၍ ဖြစ်၏ ။

အချို့မှာ ၃၀၀ ၊ ၄၀၀ ခန့်ရှိပြီး အချို့မှာ ၇၀၀ ၊ ၈၀၀ အထိ စျေးနှုန်းရှိနေကြောင်း တွေ့လိုက်ရ၏ ။ စုပင်း စိတ်ထဲတွင် ပျိုးထောင်ခြင်း နယ်မြေအား သွားရန် စွမ်းအင်အမှတ် ၁ သာ သုံးရ၍ အနည်းဆုံး အဆ ၁၀၀ ခန့် ပိုရမည်ဟု တွေးလိုက်၏ ။

ထိုသို့ စဥ်းစားမိပြီး စုပင်း အခါ ၃၀ သေခဲ့ရခြင်းအား တန်သည်ဟု ကျေနပ်စွာ တွေးလိုက်၏ ။ အကြောင်းကား စုပင်း ရွေးခြယ်လိုက်သော ပျိုးထောင်ခြင်း နယ်မြေမှာ အရည်အသွေး ကောင်းပြီး စနစ်မှ ပေးသော အခမဲ့ သေခြင်းများမှ အထောက်အကူ ပေး၍ ဖြစ်ကြောင်း သဘောပေါက်သွား၏ ။ ထို အခမဲ့ အကြိမ် ၃၀ သေဆုံးနိုင်ခြင်း မရခဲ့လျှင် ထိုမျှ သားရဲအစာ ရနိုင်မည်ဟု စုပင်း မထင်ချေ ။

"ဘယ်လိုပဲပြောပြော ပျိုးထောင်ခြင်း နယ်မြေတွေမှာ သားရဲ အစာ ရှာရတာ ကောင်းတယ် ။ အခမဲ့ သေဆုံးခြင်း မရတော့ရင်တောင် အကြိမ် ၃၀ သေဖို့ဆိုတာ စွမ်းအင်အမှတ်က ၃ ပဲ ကျတာဆိုတော့ အဲ့ဒီထက်တော့ ရတာများပါတယ် ။ သေရတာက မနှစ်မြို့စရာ ကောင်းရုံလောက်ပဲ ရှိတယ်"စုပင်း ခေါင်းခါရင်း ရုတ်တရက် သေဆုံးခြင်းအား မကြောက်သော်လည်း တဖြည်းဖြည်း ခံစားပြီး သေရခြင်းအား ကြောက်၍ တွေးလိုက်၏ ။

"ကျောက်နီသီး က တစ်လုံး ၁၃၀ ဒင်္ဂါး ။ ရလိုက်တဲ့ အပင်မှာ အလုံး ၂၀ ၊ ၃၀ လောက်တော့ ပါမယ်"စုပင်း ကျောက်နီသီး အပင်အား သတိရလိုက်ပြီး ပါရှိသော အသီအား တွက်ကြည့်ရာ ၃၄ လုံး ပါရှိကြောင်း တွေ့လိုက်ရ၏ ။

ထို ၃၄ လုံးအား ရောင်းထွက်သည်နှင့် စွမ်းအင်အမှတ် ၄၀ ခန့် ရနိုင်ကြောင်း စုပင်း တွက်လိုက်မိကာ ထို ကျောက်နီသီး နှင့်ပင် အလွန် မြတ်နေသဖြင့် ကျေနပ်သွား၏ ။

"အင်း...ဒီတစ်ခုရဲ့ စျေးနှုန်းက..."စုပင်း ရုတ်တရက် ကျောက်နီသီး ဘေးတွင် သီးသန့် ရှိနေသော ထူးဆန်းသော ပုံစံနှင့် အပင်ပေါက်တစ်ခုတွင် အရောင် ၇ ရောင်ပါသော သစ်ရွက်များနှင့် တွေ့လိုက်ရ၏ ။

"ရောင်စုံ ဗုဒ္ဓအရွက် - တစ်ခု ၂၀၈၂၀ ဒင်္ဂါး"
စုပင်း အမြင်မှားသည် အထင်နှင့် နောက်တစ်ခါ ကြည့်လိုက်ရာ ထိုစျေးနှုန်းမှာ မှန်နေကြောင်း တွေ့လိုက်ရ၏ ။

စုပင်း ထိတ်လန့်သွားကာ ထို အစာ၏ သက်ရောက်မှုအား သတိထားမိလိုက်၏ ။ ထိုအပင်မှာ သာမာန် သားရဲအစာ မဟုတ်ပဲ သားရဲများ၏ လေ့လာနိုင်စွမ်းအား တိုးမြင့်ပေးနိုင်သော သားရဲ ဆေးပင် တစ်မျိုးဖြစ်ကြောင်း စုပင်း တွေ့လိုက်ရ၏ ။

ထိုအပင်မှာ သားရဲများ၏ ဥာဏ်အား တိုးတက်စေပြီး လေ့လာနိုင်စွမ်းအား တိုးမြင့်ပေးနိုင်ကြောင်း စုပင်း တွေ့လိုက်ရ၏ ။ ထို လေ့လာနိုင်စွမ်းသည် သားရဲများအတွက် အလွန် အရေးပါ၏ ။

လေ့လာနိုင်စွမ်း မြင့်သော သားရဲများသည် အဆင့်မြင့် အစွမ်းများအား အလွယ်တကူ တတ်မြောက်နိုင်ခြင်းပင်မက သူတို့ တိုက်ပွဲများတွင် သခင်များမှ အမိန့်များအား တိကျစွာ လိုက်နာနိုင်စွမ်း တိုးတက်လာ၏ ။

ထို့အပြင် လေ့လာနိုင် စွမ်းမြင့်သော သားရဲများသည် အခြားသားရဲများထက် တိုးတက်မှုနှင့် ဖြစ်စဥ် ပြောင်းလဲခြင်းတို့နှင့် ပိုနီးစပ်၏ ။

အချို့သော သားရဲအုပ်များအတွင်းတွင် လေ့လာနိုင်စွမ်း မြင့်သော သားရဲများသည် ထိုအုပ်အား အုပ်ချုပ်သူများ ဖြစ်ကြ၏ ။ ထိုသားရဲများမှာ ကိုယ့် အစွမ်းများအား ပိုသိကာ တိုက်ပွဲများတွင် အလွန်ပင် အကျိုးသက်ရောက်မှု ရှိ၏ ။

အလွယ်ပြောရလျှင် နားလည်နိုင်စွမ်းသည် သားရဲတစ်ကောင်အား ပို သန်မာကာ သူတို့ နယ်မြေများအတွင်း အုပ်ချုပ်သူများအဖြစ် စွမ်းဆောင်ပေးနိုင်သော အရာဖြစ်သည် ။

စုပင်း ထိုအပင်အား ရေကန်တစ်ခု ဘေးမှ ရခဲ့ကြောင်း ခပ်ရေးရေး မှတ်မိလိုက်၏ ။ ထိုအချိန်မှာ အလွန်ပင် လွယ်ကူကာ အန္တရာယ် မရှိခဲ့ပေ ။ သားရဲအစာ ဖြသ်ခြင်းကြောင့်သာ စုပင်း ယူခဲ့ပြီး သေချာ မကြည့်မိခဲ့ပေ ။ စုပင်း မထင်ထားသည်က ထိုအစာမှာ ရသမျှ အားလုံးမှ တန်ဖိုး အကြီးဆုံးဖြစ်နေမည်ကိုပင် ဖြစ်၏ ။

"၂ သောင်းကျော်တောင် ဆိုတော့ ရောင်းလို့ရရင် စွမ်းအင်အမှတ် ၂၀၀ ကို တစ်ခါထဲ ရမှာပေါ့"စုပင်း သင်္ချာတွက်ရင် ပျော်မြူးနေ၏ ။ ထို အပင် တစ်ခုထဲနှင့်ပင် နိုးထခြင်းဆေးရည်အား ဝယ်နိုင်ကာ ပိုပင် ပိုနေဦးမည် ဖြစ်၏ ။

"ဒီတစ်ခေါက် အရမ်း တန်လွန်းသွားပြီ"စုပင်း သေခဲ့ရခြင်းအား တန်သည်ဟု တွေးရင် အပျော်လွန်နေ၏ ။

ခနအကြာ စုပင်း ပျော်နေသော အရှိန်သတ်ကာ စနစ်အား "ဒီ စျေးနှုန်းက နိမ့်လွန်း မနေဘူးလား ။ အဆင့်မြင့် သားရဲ တစ်ကောင်ကို ကျွေးမယ်ဆိုရင် ရမဲ့ အကျိုးနဲ့တောင် ၂ သောင်းက ဘာမှ မဟုတ်ဘူးလေ" မေးလိုက်၏ ။

ထိုအပင်မှာ အဆင့်မြင့် သားရဲတစ်ကောင်အား ရှားပါးအစွမ်း တတ်မြောက်နိုင်စွမ်း ပေးလျှင် ယခု စျေနှုန်အား သုံည တစ်လုံး ထပ်ပေါင်းလျှင်ပင် အသေးအမွှားသာ ဖြစ်ကြောင်း စုပင်း သိထား၏ ။ စုပင်းသည် ထိုအပင်အား ရလိုက်ခြင်းမှာ သူ၏ စစချင်းကံကောင်းမှုကြောင့် ဖြစ်ရမည် ဖြသ်ပြီး ပုံမှန်ဆိုလျှင် ငွေရှိလျှင်တောင် ဝယ်မရသော အရာမျိုး ဖြသ်သည် ဟု တွေးလိုက်၏ ။

(လက်ခံသူမှာ စျေးနှုန်အား သတ်မှန်ပိုင်ခွင့် မရှိပါ ။ ရောင်စုံ ဗုဒ္ဓအရွက် မှာ သားရဲများ နားလည်နိုင်စွမ်းအား အကောင်းဆုံး ​တိုးမြှင့်ပေးနိုင်သော အစာမဟုတ်ပဲ သာမာန်အရည်အသွေးသာ ရှိပြီး အမြင့်ဆုံး အဆင့် ၉ သားရဲများအထိသာ အကျိုးသက်ရောက်မှု ရှိသဖြင့် စွမ်းအင်အမှတ် ၃၀၀ ဟူသော တန်ဖိုးမှာ အကျိုးအကြောင်း သင့်သည်)စနစ်၏ အေးတိအေးစက် အသံ ထွက်လာ၏ ။

စုပင်း ကျဲမြှီးတိုသွားကာ "အဆင့် ၉ လောက် သားရဲကို အကျိုးသက်ရောက်မှု ရှိတယ်ဆိုရင် တအား ကောင်းနေပြီပဲ ။ အဲ့ဒီအထက်မှာက သားရဲဘုရင်တွေပဲ ရှိပြီး တစ်ကမ္ဘာလုံးမှာ ရှာမှ ရှားပဲကို ။ ဘာကို ထပ် လိုချင်နေတာလဲ" ပြောလိုက်၏ ။

(နာကျင်ခြင်းအား နောက်ထပ် အတွေ့အကြုံ မဖြစ်လိုလျှင် ထပ်ပြောရန် မလိုတော့ပါ) စနစ်မှ လိုအပ်သော အကြောင်းအရာအား ပိုမို အေးစက်သော အသံနှင့် ပြောလာ၏ ။

စုပင်း မကျေမနပ် ဖြစ်ပြီး စနစ်အား သဘာဝ မကျကြောင်း တွေးလိုက်၏ ။ အဆုံးတွင် စုပင်းသာ စိတ်လျော့ကာ သက်ပြင်းချရင်း သားရဲ အစာများအား လိုက်ကြည့်ပြီး စုစုပေါင်း တန်ဖိုး တွက်လိုက်မိကာ စိတ်ပြန် ကြည်သွား၏ ။

"အစာတွေကတော့ အသင့်ပဲ ။ ရောင်းဖို့ပဲ ကျန်တော့တယ်"စုပင်း အသက် ပြင်းပြင်း တစ်ချက် ရှိုက်ကာ တံခါးဖွင့်ပြီး နေရောင်အား ဆိုင်ထဲသို့ ဝင်ခိုင်းလိုက်သည် ။ စုပင်း ပျိုးထောင်ခြင်း နယ်မြေတွင် နေ့တစ်ဝက် ကုန်သွားသော်လည်း လက်ရှိ ကမ္ဘာတွင် တစ်နာရီခန့်သာ ကုန်သေးသည် ။

စုပင်း တံခါးဖွင့်ပြီး ကောင်တာနောက်ရှိ ကွန်ပြူတာတွင် ဗဟိုအစိုးရ၏ အရင်းအမြစ်မှ သားရဲများ အကြောင်းအား ထိုကမ္ဘာနှင့် ရင်းနှီးမှု မြန်အောင် စုပင်း ရှာဖွေ့လေ့လာကာ အချိန်ဖြုန်ရင်း ဝယ်သူ မျော်နေ၏ ။

သိပ်မကြာခင် ဝယ်သူ တစ်ယောက် ပေါ်လာပြီး
"ဆိုင်ရှင် ၊ မီးလျံခွေးအတွက် အစာ တစ်ထုတ်လောက် ရောင်းပါ"တန်ဖိုးကြီး အဝတ်အစား ဝတ်ထားသော လူငယ်တစ်ယောက်မှ ဖုန်းကြည့်ရာမှ မမော့ပဲ ပြောလိုက်၏ ။

စုပင်း ကွန်ပြူတာမှ အကြည့်ခွာကာ စင်ပေါ်ရှိ အဆင့်နိမ့် ခွေးအမျိုးအစား သားရဲများ၏ အစာ ရှာလိုက်ကာ "ဒီမှာ အရွက်သုံးရွက် မီးမြက် ၊ မီးမျိုးနွယ် ခွေးတွေအတွက် အကောင်းဆုံးပဲ ။ စျေးက ၃၈၀ ကျပါတယ်"ပေးရင်း ပြောလိုက်၏ ။

ထိုလူငယ်မှ "အင်း" ဟုဖြေကာ ငွေချေရန် ပြင်လိုက်ပြီးမှ "ဘယ်လောက်ကျတယ်"ပြန်မေးလာ၏ ။

စုပင်း မျက်မှောင်ကြုံ့ကာ "၃၈၀ လေ ။ ဒီအစာက မီးမျိုးနွယ် သားရဲတွေရဲ့ မီးပြင်းအားကို မြှင့်ပေးနိုင်တယ် ။ အချိန်ကြာ ကျွေးရင် အဆင့်နိမ့် မီးမျိုးနွယ်  သားရဲက ပိုပြီး အဆင့်မြင့် သားရဲကို ဖြစ်စဥ် ပြောင်းဖို့ အခွင့်အရေး တိုးလာမယ်" ရှင်းပြလိုက်၏ ။

"မီးပြင်းအား?ဖြစ်စဥ်ပြောင်းမယ်?"ထိုလူငယ်မှ ရေရွတ်ကာ စုပင်းနောက်ရှိ ကောင်တာသို့ မျက်ခုံးပင့်ကာ လှမ်းကြည့်လိုက်၏ ။ ထိုကောင်တာထဲရှိ သားရဲအစာများက သူ့အား အသက်ရှူ မှားစေကာ ရောင်စုံ ဗုဒ္ဓအရွက်အား ဒင်္ဂါး ၂ သောင်းကျော် စျေးနှုန် ကပ်ထားခြင်းအား မြင်လျှင် ဘာမှ မပြောပဲ ချက်ချင်း လှည့်ထွက်သွားရင်း

"ဒီဆိုင်က ဓားပြတိုက်သလိုပဲ ။ ခွေးစာ ဝယ်တာကို ဖြစ်စဥ် ပြောင်းတာ လာပြောနေတယ် ။ ငလူးပဲလေ"ဆဲသွား၏ ။

စုပင်း ထိုလူငယ်မှ ဆဲရင်း ရေရွတ်သွားသော စကားအား ကြားသော် ဒေါသထွက်သွားသော်လည်း တဖြည်းဖြည်း ချုပ်ထိန်းလိုက်၏ ။

စျေးနှုန်းသာ ကြည့်မည်ဆိုလျှင် များသည်မှာ မှန်သော်လည်း သားရဲ အစာများ၏ အရည်အသွေးနှင့် အကျိုးသက်ရောက်မှုအား ကြည့်လျှင် အကျိုးသင့် အကြောင်းသင့် စျေးနှုန်း ဖြစ်ကြောင်း စုပင်း စိတ်ထဲ တွေးလိုက်ပြီး သူပင် ရှုံးနေသေးသည်ဟု ဝမ်းနည်းစွာ ဆက်တွေးမိ၏ ။

တာထွက် မကောင်းသော်လည်း စုပင်း စိတ်ဓာတ် မကျပေ ။ သူ၏ အစာများမှာ အရည်အသွေး ကောင်းနေသ၍ တစ်ချိန်ချိန် ရောင်းရမည်မှန်း သိထား၏ ။ ပတ္တမြားမှန်ရင် နွံမနစ်နိုင် ဟုပင် စုပင်း တွေးလိုက်မိ၏ ။

"ဟိုင်း ။ ငှက်အတွက် အစာရှိလား"
နေ့လည်တွင် ဝယ်သူတစ်ယောက် ပေါ်လာ၏ ။











အခန္း ၁၅ ႏွစ္ေသာင္းတန္ အစာ

ဘာသာျပန္သူ .SOUl

စုပင္း ေစ်းႏႈန္းမ်ားအား ၾကည့္ကာ အံ့ဩသြား၏ ။ ပ်ိဳးေထာင္ျခင္း နယ္ေျမတြင္ စုပင္း ရခဲ့ေသာ သားရဲ အစာအားလုံးမွာ အနိမ့္ဆုံး စြမ္းအင္အမွတ္ ၁ ႏွင့္ညီမွ်ေသာ ဒဂၤါး ၁၀၀ ေက်ာ္မွ စထားသည္အား ေတြ႕လိုက္ရ၍ ျဖစ္၏ ။

အခ်ိဳ႕မွာ ၃၀၀ ၊ ၄၀၀ ခန္႔႐ွိၿပီး အခ်ိဳ႕မွာ ၇၀၀ ၊ ၈၀၀ အထိ ေစ်းႏႈန္း႐ွိေနေၾကာင္း ေတြ႕လိုက္ရ၏ ။ စုပင္း စိတ္ထဲတြင္ ပ်ိဳးေထာင္ျခင္း နယ္ေျမအား သြားရန္ စြမ္းအင္အမွတ္ ၁ သာ သုံးရ၍ အနည္းဆုံး အဆ ၁၀၀ ခန္႔ ပိုရမည္ဟု ေတြးလိုက္၏ ။

ထိုသို႔ စဥ္းစားမိၿပီး စုပင္း အခါ ၃၀ ေသခဲ့ရျခင္းအား တန္သည္ဟု ေက်နပ္စြာ ေတြးလိုက္၏ ။ အေၾကာင္းကား စုပင္း ေ႐ြးျခယ္လိုက္ေသာ ပ်ိဳးေထာင္ျခင္း နယ္ေျမမွာ အရည္အေသြး ေကာင္းၿပီး စနစ္မွ ေပးေသာ အခမဲ့ ေသျခင္းမ်ားမွ အေထာက္အကူ ေပး၍ ျဖစ္ေၾကာင္း သေဘာေပါက္သြား၏ ။ ထို အခမဲ့ အႀကိမ္ ၃၀ ေသဆုံးႏိုင္ျခင္း မရခဲ့လွ်င္ ထိုမွ် သားရဲအစာ ရႏိုင္မည္ဟု စုပင္း မထင္ေခ် ။

"ဘယ္လိုပဲေျပာေျပာ ပ်ိဳးေထာင္ျခင္း နယ္ေျမေတြမွာ သားရဲ အစာ ႐ွာရတာ ေကာင္းတယ္ ။ အခမဲ့ ေသဆုံးျခင္း မရေတာ့ရင္ေတာင္ အႀကိမ္ ၃၀ ေသဖို႔ဆိုတာ စြမ္းအင္အမွတ္က ၃ ပဲ က်တာဆိုေတာ့ အဲ့ဒီထက္ေတာ့ ရတာမ်ားပါတယ္ ။ ေသရတာက မႏွစ္ၿမိဳ႕စရာ ေကာင္း႐ုံေလာက္ပဲ ႐ွိတယ္"စုပင္း ေခါင္းခါရင္း ႐ုတ္တရက္ ေသဆုံးျခင္းအား မေၾကာက္ေသာ္လည္း တျဖည္းျဖည္း ခံစားၿပီး ေသရျခင္းအား ေၾကာက္၍ ေတြးလိုက္၏ ။

"ေက်ာက္နီသီး က တစ္လုံး ၁၃၀ ဒဂၤါး ။ ရလိုက္တဲ့ အပင္မွာ အလုံး ၂၀ ၊ ၃၀ ေလာက္ေတာ့ ပါမယ္"စုပင္း ေက်ာက္နီသီး အပင္အား သတိရလိုက္ၿပီး ပါ႐ွိေသာ အသီအား တြက္ၾကည့္ရာ ၃၄ လုံး ပါ႐ွိေၾကာင္း ေတြ႕လိုက္ရ၏ ။

ထို ၃၄ လုံးအား ေရာင္းထြက္သည္ႏွင့္ စြမ္းအင္အမွတ္ ၄၀ ခန္႔ ရႏိုင္ေၾကာင္း စုပင္း တြက္လိုက္မိကာ ထို ေက်ာက္နီသီး ႏွင့္ပင္ အလြန္ ျမတ္ေနသျဖင့္ ေက်နပ္သြား၏ ။

"အင္း...ဒီတစ္ခုရဲ႕ ေစ်းႏႈန္းက..."စုပင္း ႐ုတ္တရက္ ေက်ာက္နီသီး ေဘးတြင္ သီးသန္႔ ႐ွိေနေသာ ထူးဆန္းေသာ ပုံစံႏွင့္ အပင္ေပါက္တစ္ခုတြင္ အေရာင္ ၇ ေရာင္ပါေသာ သစ္႐ြက္မ်ားႏွင့္ ေတြ႕လိုက္ရ၏ ။

"ေရာင္စုံ ဗုဒၶအ႐ြက္ - တစ္ခု ၂၀၈၂၀ ဒဂၤါး"
စုပင္း အျမင္မွားသည္ အထင္ႏွင့္ ေနာက္တစ္ခါ ၾကည့္လိုက္ရာ ထိုေစ်းႏႈန္းမွာ မွန္ေနေၾကာင္း ေတြ႕လိုက္ရ၏ ။

စုပင္း ထိတ္လန္႔သြားကာ ထို အစာ၏ သက္ေရာက္မႈအား သတိထားမိလိုက္၏ ။ ထိုအပင္မွာ သာမာန္ သားရဲအစာ မဟုတ္ပဲ သားရဲမ်ား၏ ေလ့လာႏိုင္စြမ္းအား တိုးျမင့္ေပးႏိုင္ေသာ သားရဲ ေဆးပင္ တစ္မ်ိဳးျဖစ္ေၾကာင္း စုပင္း ေတြ႕လိုက္ရ၏ ။

ထိုအပင္မွာ သားရဲမ်ား၏ ဥာဏ္အား တိုးတက္ေစၿပီး ေလ့လာႏိုင္စြမ္းအား တိုးျမင့္ေပးႏိုင္ေၾကာင္း စုပင္း ေတြ႕လိုက္ရ၏ ။ ထို ေလ့လာႏိုင္စြမ္းသည္ သားရဲမ်ားအတြက္ အလြန္ အေရးပါ၏ ။

ေလ့လာႏိုင္စြမ္း ျမင့္ေသာ သားရဲမ်ားသည္ အဆင့္ျမင့္ အစြမ္းမ်ားအား အလြယ္တကူ တတ္ေျမာက္ႏိုင္ျခင္းပင္မက သူတို႔ တိုက္ပြဲမ်ားတြင္ သခင္မ်ားမွ အမိန္႔မ်ားအား တိက်စြာ လိုက္နာႏိုင္စြမ္း တိုးတက္လာ၏ ။

ထို႔အျပင္ ေလ့လာႏိုင္ စြမ္းျမင့္ေသာ သားရဲမ်ားသည္ အျခားသားရဲမ်ားထက္ တိုးတက္မႈႏွင့္ ျဖစ္စဥ္ ေျပာင္းလဲျခင္းတို႔ႏွင့္ ပိုနီးစပ္၏ ။

အခ်ိဳ႕ေသာ သားရဲအုပ္မ်ားအတြင္းတြင္ ေလ့လာႏိုင္စြမ္း ျမင့္ေသာ သားရဲမ်ားသည္ ထိုအုပ္အား အုပ္ခ်ဳပ္သူမ်ား ျဖစ္ၾက၏ ။ ထိုသားရဲမ်ားမွာ ကိုယ့္ အစြမ္းမ်ားအား ပိုသိကာ တိုက္ပြဲမ်ားတြင္ အလြန္ပင္ အက်ိဳးသက္ေရာက္မႈ ႐ွိ၏ ။

အလြယ္ေျပာရလွ်င္ နားလည္ႏိုင္စြမ္းသည္ သားရဲတစ္ေကာင္အား ပို သန္မာကာ သူတို႔ နယ္ေျမမ်ားအတြင္း အုပ္ခ်ဳပ္သူမ်ားအျဖစ္ စြမ္းေဆာင္ေပးႏိုင္ေသာ အရာျဖစ္သည္ ။

စုပင္း ထိုအပင္အား ေရကန္တစ္ခု ေဘးမွ ရခဲ့ေၾကာင္း ခပ္ေရးေရး မွတ္မိလိုက္၏ ။ ထိုအခ်ိန္မွာ အလြန္ပင္ လြယ္ကူကာ အႏၲရာယ္ မ႐ွိခဲ့ေပ ။ သားရဲအစာ ျဖသ္ျခင္းေၾကာင့္သာ စုပင္း ယူခဲ့ၿပီး ေသခ်ာ မၾကည့္မိခဲ့ေပ ။ စုပင္း မထင္ထားသည္က ထိုအစာမွာ ရသမွ် အားလုံးမွ တန္ဖိုး အႀကီးဆုံးျဖစ္ေနမည္ကိုပင္ ျဖစ္၏ ။

"၂ ေသာင္းေက်ာ္ေတာင္ ဆိုေတာ့ ေရာင္းလို႔ရရင္ စြမ္းအင္အမွတ္ ၂၀၀ ကို တစ္ခါထဲ ရမွာေပါ့"စုပင္း သခ်ၤာတြက္ရင္ ေပ်ာ္ျမဴးေန၏ ။ ထို အပင္ တစ္ခုထဲႏွင့္ပင္ ႏိုးထျခင္းေဆးရည္အား ဝယ္ႏိုင္ကာ ပိုပင္ ပိုေနဦးမည္ ျဖစ္၏ ။

"ဒီတစ္ေခါက္ အရမ္း တန္လြန္းသြားၿပီ"စုပင္း ေသခဲ့ရျခင္းအား တန္သည္ဟု ေတြးရင္ အေပ်ာ္လြန္ေန၏ ။

ခနအၾကာ စုပင္း ေပ်ာ္ေနေသာ အ႐ွိန္သတ္ကာ စနစ္အား "ဒီ ေစ်းႏႈန္းက နိမ့္လြန္း မေနဘူးလား ။ အဆင့္ျမင့္ သားရဲ တစ္ေကာင္ကို ေကြၽးမယ္ဆိုရင္ ရမဲ့ အက်ိဳးနဲ႔ေတာင္ ၂ ေသာင္းက ဘာမွ မဟုတ္ဘူးေလ" ေမးလိုက္၏ ။

ထိုအပင္မွာ အဆင့္ျမင့္ သားရဲတစ္ေကာင္အား ႐ွားပါးအစြမ္း တတ္ေျမာက္ႏိုင္စြမ္း ေပးလွ်င္ ယခု ေစ်ႏႈန္အား သုံည တစ္လုံး ထပ္ေပါင္းလွ်င္ပင္ အေသးအမႊားသာ ျဖစ္ေၾကာင္း စုပင္း သိထား၏ ။ စုပင္းသည္ ထိုအပင္အား ရလိုက္ျခင္းမွာ သူ၏ စစခ်င္းကံေကာင္းမႈေၾကာင့္ ျဖစ္ရမည္ ျဖသ္ၿပီး ပုံမွန္ဆိုလွ်င္ ေငြ႐ွိလွ်င္ေတာင္ ဝယ္မရေသာ အရာမ်ိဳး ျဖသ္သည္ ဟု ေတြးလိုက္၏ ။

(လက္ခံသူမွာ ေစ်းႏႈန္အား သတ္မွန္ပိုင္ခြင့္ မ႐ွိပါ ။ ေရာင္စုံ ဗုဒၶအ႐ြက္ မွာ သားရဲမ်ား နားလည္ႏိုင္စြမ္းအား အေကာင္းဆုံး ​တိုးျမႇင့္ေပးႏိုင္ေသာ အစာမဟုတ္ပဲ သာမာန္အရည္အေသြးသာ ႐ွိၿပီး အျမင့္ဆုံး အဆင့္ ၉ သားရဲမ်ားအထိသာ အက်ိဳးသက္ေရာက္မႈ ႐ွိသျဖင့္ စြမ္းအင္အမွတ္ ၃၀၀ ဟူေသာ တန္ဖိုးမွာ အက်ိဳးအေၾကာင္း သင့္သည္)စနစ္၏ ေအးတိေအးစက္ အသံ ထြက္လာ၏ ။

စုပင္း က်ဲၿမႇီးတိုသြားကာ "အဆင့္ ၉ ေလာက္ သားရဲကို အက်ိဳးသက္ေရာက္မႈ ႐ွိတယ္ဆိုရင္ တအား ေကာင္းေနၿပီပဲ ။ အဲ့ဒီအထက္မွာက သားရဲဘုရင္ေတြပဲ ႐ွိၿပီး တစ္ကမ႓ာလုံးမွာ ႐ွာမွ ႐ွားပဲကို ။ ဘာကို ထပ္ လိုခ်င္ေနတာလဲ" ေျပာလိုက္၏ ။

(နာက်င္ျခင္းအား ေနာက္ထပ္ အေတြ႕အၾကဳံ မျဖစ္လိုလွ်င္ ထပ္ေျပာရန္ မလိုေတာ့ပါ) စနစ္မွ လိုအပ္ေသာ အေၾကာင္းအရာအား ပိုမို ေအးစက္ေသာ အသံႏွင့္ ေျပာလာ၏ ။

စုပင္း မေက်မနပ္ ျဖစ္ၿပီး စနစ္အား သဘာဝ မက်ေၾကာင္း ေတြးလိုက္၏ ။ အဆုံးတြင္ စုပင္းသာ စိတ္ေလ်ာ့ကာ သက္ျပင္းခ်ရင္း သားရဲ အစာမ်ားအား လိုက္ၾကည့္ၿပီး စုစုေပါင္း တန္ဖိုး တြက္လိုက္မိကာ စိတ္ျပန္ ၾကည္သြား၏ ။

"အစာေတြကေတာ့ အသင့္ပဲ ။ ေရာင္းဖို႔ပဲ က်န္ေတာ့တယ္"စုပင္း အသက္ ျပင္းျပင္း တစ္ခ်က္ ႐ိႈက္ကာ တံခါးဖြင့္ၿပီး ေနေရာင္အား ဆိုင္ထဲသို႔ ဝင္ခိုင္းလိုက္သည္ ။ စုပင္း ပ်ိဳးေထာင္ျခင္း နယ္ေျမတြင္ ေန႔တစ္ဝက္ ကုန္သြားေသာ္လည္း လက္႐ွိ ကမ႓ာတြင္ တစ္နာရီခန္႔သာ ကုန္ေသးသည္ ။

စုပင္း တံခါးဖြင့္ၿပီး ေကာင္တာေနာက္႐ွိ ကြန္ျပဴတာတြင္ ဗဟိုအစိုးရ၏ အရင္းအျမစ္မွ သားရဲမ်ား အေၾကာင္းအား ထိုကမ႓ာႏွင့္ ရင္းႏွီးမႈ ျမန္ေအာင္ စုပင္း ႐ွာေဖြ႕ေလ့လာကာ အခ်ိန္ျဖဳန္ရင္း ဝယ္သူ ေမ်ာ္ေန၏ ။

သိပ္မၾကာခင္ ဝယ္သူ တစ္ေယာက္ ေပၚလာၿပီး
"ဆိုင္႐ွင္ ၊ မီးလ်ံေခြးအတြက္ အစာ တစ္ထုတ္ေလာက္ ေရာင္းပါ"တန္ဖိုးႀကီး အဝတ္အစား ဝတ္ထားေသာ လူငယ္တစ္ေယာက္မွ ဖုန္းၾကည့္ရာမွ မေမာ့ပဲ ေျပာလိုက္၏ ။

စုပင္း ကြန္ျပဴတာမွ အၾကည့္ခြာကာ စင္ေပၚ႐ွိ အဆင့္နိမ့္ ေခြးအမ်ိဳးအစား သားရဲမ်ား၏ အစာ ႐ွာလိုက္ကာ "ဒီမွာ အ႐ြက္သုံး႐ြက္ မီးျမက္ ၊ မီးမ်ိဳးႏြယ္ ေခြးေတြအတြက္ အေကာင္းဆုံးပဲ ။ ေစ်းက ၃၈၀ က်ပါတယ္"ေပးရင္း ေျပာလိုက္၏ ။

ထိုလူငယ္မွ "အင္း" ဟုေျဖကာ ေငြေခ်ရန္ ျပင္လိုက္ၿပီးမွ "ဘယ္ေလာက္က်တယ္"ျပန္ေမးလာ၏ ။

စုပင္း မ်က္ေမွာင္ၾကဳံ႕ကာ "၃၈၀ ေလ ။ ဒီအစာက မီးမ်ိဳးႏြယ္ သားရဲေတြရဲ႕ မီးျပင္းအားကို ျမႇင့္ေပးႏိုင္တယ္ ။ အခ်ိန္ၾကာ ေကြၽးရင္ အဆင့္နိမ့္ မီးမ်ိဳးႏြယ္  သားရဲက ပိုၿပီး အဆင့္ျမင့္ သားရဲကို ျဖစ္စဥ္ ေျပာင္းဖို႔ အခြင့္အေရး တိုးလာမယ္" ႐ွင္းျပလိုက္၏ ။

"မီးျပင္းအား?ျဖစ္စဥ္ေျပာင္းမယ္?"ထိုလူငယ္မွ ေရ႐ြတ္ကာ စုပင္းေနာက္႐ွိ ေကာင္တာသို႔ မ်က္ခုံးပင့္ကာ လွမ္းၾကည့္လိုက္၏ ။ ထိုေကာင္တာထဲ႐ွိ သားရဲအစာမ်ားက သူ႕အား အသက္႐ွဴ မွားေစကာ ေရာင္စုံ ဗုဒၶအ႐ြက္အား ဒဂၤါး ၂ ေသာင္းေက်ာ္ ေစ်းႏႈန္ ကပ္ထားျခင္းအား ျမင္လွ်င္ ဘာမွ မေျပာပဲ ခ်က္ခ်င္း လွည့္ထြက္သြားရင္း

"ဒီဆိုင္က ဓားျပတိုက္သလိုပဲ ။ ေခြးစာ ဝယ္တာကို ျဖစ္စဥ္ ေျပာင္းတာ လာေျပာေနတယ္ ။ ငလူးပဲေလ"ဆဲသြား၏ ။

စုပင္း ထိုလူငယ္မွ ဆဲရင္း ေရ႐ြတ္သြားေသာ စကားအား ၾကားေသာ္ ေဒါသထြက္သြားေသာ္လည္း တျဖည္းျဖည္း ခ်ဳပ္ထိန္းလိုက္၏ ။

ေစ်းႏႈန္းသာ ၾကည့္မည္ဆိုလွ်င္ မ်ားသည္မွာ မွန္ေသာ္လည္း သားရဲ အစာမ်ား၏ အရည္အေသြးႏွင့္ အက်ိဳးသက္ေရာက္မႈအား ၾကည့္လွ်င္ အက်ိဳးသင့္ အေၾကာင္းသင့္ ေစ်းႏႈန္း ျဖစ္ေၾကာင္း စုပင္း စိတ္ထဲ ေတြးလိုက္ၿပီး သူပင္ ႐ႈံးေနေသးသည္ဟု ဝမ္းနည္းစြာ ဆက္ေတြးမိ၏ ။

တာထြက္ မေကာင္းေသာ္လည္း စုပင္း စိတ္ဓာတ္ မက်ေပ ။ သူ၏ အစာမ်ားမွာ အရည္အေသြး ေကာင္းေနသ၍ တစ္ခ်ိန္ခ်ိန္ ေရာင္းရမည္မွန္း သိထား၏ ။ ပတၱျမားမွန္ရင္ ႏြံမနစ္ႏိုင္ ဟုပင္ စုပင္း ေတြးလိုက္မိ၏ ။

"ဟိုင္း ။ ငွက္အတြက္ အစာ႐ွိလား"
ေန႔လည္တြင္ ဝယ္သူတစ္ေယာက္ ေပၚလာ၏ ။

Continue Reading

You'll Also Like

1.1M 88.8K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
127K 5.5K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
776K 31.2K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....