Unicode
တစ္ဆေမျက်လုံး (၇)
လူအိုကြီးက အချိန်အနည်းငယ်လောက် တိတ်ဆိတ်နေခဲ့ပြီး လည်ချောင်းရှင်းလိုက်ကာ “သူသာ တကယ် တစ္ဆေဘုရင်ဆိုရင် သူ ပြန်လာပြီး ဆူညံပွတ်လောရိုက်အောင် လုပ်ချင်တယ်ဆိုရင် ဒီကမ္ဘာမှာ သူ့ကို အနိုင်ရမဲ့သူ ရှိမှာမဟုတ်ဘူး”
လုရီမင် ကထိုစကားတွေအား ကြားလိုက်ချိန်တွင် ရယ်လိုက်ပြီး လှောင်ပြောင်မှု အနည်းငယ်ဖြင့် သူ့နှုတ်ခမ်းထောင့်က မြင့်တက်သွားခဲ့သည်။ “သူဖြစ်မယ်လို့ အဘိုးက ဘယ်လိုလုပ်ပြီး သိတာလဲ?”
သူ့အသံထဲမှ မကျေနပ်ချက်များကို လူအိုကြီးက ကြားလိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရပေမဲ့ သူအများကြီး လိုက်တွေးနေမိတယ်လို့ ခံစားမိလိုက်တာကြောင့် သူ့အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ဖို့သာ ဖိအားပေးလိုက်သည်။ သူက ရှင်းပြလိုက်သည်။ “ဂျင်းဟေး ကတိုင်းပြည်ရဲ့ ဘုရင်ပဲ။ သူ့ခေတ်မှာ မငြိမ်မသက်မှုတွေက မြင့်တက်ခဲ့တယ်။ တိုင်းပြည် ကျရှုံးသွားတဲ့နေ့မှာ သူက ဓားနဲ့ထိုးခံရပြီး သေပြီး တစ္ဆေအဖြစ် ပြောင်းသွားခဲ့တယ်။ ရုတ်ချည်းပဲ ကောင်းကင်ကလဲ ပြောင်းလဲသွားပြီး နေနဲ့လက ပျောက်ကွယ်သွားပြီး သုံးရက် သုံးည သွေးမိုးတွေရွာခဲ့တယ်။ မြို့တော်တစ်ခုလုံး အပြစ်ကင်းတဲ့ သူတွေကော ပုန်ကန်တဲ့သူတွေကော အကုန်သေသွားကြတယ်။ နှစ်ထောင်ပေါင်းများစွာ ကမ္ဘာမှာ အချိန်အကြာကြီး လျှောက်သွားပြီး မပျောက်သွားတဲ့သူပဲ”
လုရီမင် ကလူအိုကြီးအား တည်ငြိမ်စွာဖြင့် စိုက်ကြည့်လိုက်ပြီး “သူက နှစ်ထောင်ပေါင်းများစွာတည်းက ကမ္ဘာပေါ်မှာ ရှိနေခဲ့တာ။ သူသာ မငြိမ်မသက်ဖြစ်စေချင်ရင် ကမ္ဘာကြီးက အန္တရာယ်ရှိနေမှာပဲ။ ဘာကြောင့် သူက ဒီနေ့အထိ စောင့်နေမှာလဲ?”
သူပြန်ငြင်းဆန်ဖို့ မရည်ရွယ်ပဲ ဖြစ်နိုင်သည့် အချက်အလက်တွေကိုသာ ပြောပြလိုက်တာဖြစ်သည်။
လူအိုကြီးက တိတ်ဆိတ်နေခဲ့သည်။
လုရီမင် ကလူအိုကြီးဆီမှ အကြည့်လွှဲလိုက်ပြီး “လူသားနဲ့ တစ္ဆေတွေကြားမှာ အကျိုးနဲ့ အကြောင်းဆိုတာရှိတယ်။ သူတို့က တူညီတဲ့မြေပြင်နဲ့ ကောင်းကင်အောက်မှ အသက်ရှင်နေတာတောင် တစ်ဦးနဲ့တစ်ဦး အနှောက်အယှက် မပေးခဲ့ကြဘူး”
လူအိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ဒီစကားတွေက ဟာသဆန်ပြီး ဖြစ်နိုင်ချေမရှိဘူးလို့ တွေးလိုက်မိသည်။ “တစ်ယောက်နဲ့ တစ်ယောက် မနှောက်ယှက်ခဲ့ကြဘူး? သူတို့သာ တကယ်ကြီး တစ်ဦးနဲ့ တစ်ဦး အနှောက်အယှက် မပေးခဲ့ကြဘူးဆိုရင် ဘာကြောင့် ငါတို့ ရှိနေမှာလဲ?”
လုရီမင် ရဲ့မျက်လုံးတွေက မပြောင်းလဲပေ။
ကမ္ဘာပေါ်မှာ တစ္ဆေတွေက ကြောက်စရာ အကောင်းဆုံး အရာတွေလား?
မဟုတ်ဘူး၊ ဒါက လူသားတွေရဲ့ နှလုံးသားပဲ!
သေပြီးနောက် လူတိုင်း တစ္ဆေမဖြစ်နိုင်သလို တစ္ဆေတွေကလဲ ထာဝရမတည်ရှိနိုင်ဘူး။ တစ္ဆေတိုင်းက လူသားတွေကို နာကျင်စေဖို့ ထားထားသည်။
လူသားတွေကို နာကျင်စေတဲ့ တစ္ဆေအားလုံးက စည်းမျည်းတွေအရ အပြစ်ပေးခံရပြီး ဒုက္ခတွေနဲ့ မျက်နှာချင်းဆိုင် ကြုံတွေ့ရကာ အသားအလှီးခံရတာတွေ၊ ကြွက်သားတွေ ဖြတ်ထုတ်ခံရတာတွေ အားလုံးကောင်းဖို့အတွက် သူတို့ဝိဉာဉ်ကို ထွက်သွားစေတာတွေကို ကြုံတွေ့ရလိမ့်မည်။
သူတို့မှာ နက်ရှိုင်းလွန်းတဲ့ အမုန်းတရားသာ ရှိမနေဘူးဆိုရင် တစ္ဆေတစ်ကောင်က ဘယ်လိုလုပ်ပြီး လူတွေကို အန္တရာယ်ပေးနိုင်မှာလဲ?
ဒါက အကျိုးအကြောင်း ဆက်ဆံရေးဖြစ်လို့ ထိုလူတွေနဲ့ ထိုက်တန်သည်။
ဟမ့်။
လုရီမင် ကအေးဆေးစွာ မတ်တပ်ရပ်နေပြီး ဘာစကားမှ မပြောတော့ပေ။
“ဒီကိစ္စစစ်ဆေးဖို့ ရှောင်အန်း ကိုခေါ်လိုက်” လူအိုကြီးရဲ့ နှလုံးသားထဲတွင် သူ့အကြီးဆုံးမြေးအတွက် အတော်လေး စိုးရိမ်နေခဲ့သည်။
“နှစ်ပေါင်းတစ်ရာလောက် လောဘကြီးတဲ့ တစ္ဆေတွေက လှည့်ပတ်ပြေးလွှားပြီး အပြစ်မရှိတဲ့သူတွေကို သတ်နေခဲ့ကြတယ်။ လူသားကမ္ဘာနဲ့ တစ္ဆေကမ္ဘာ နှစ်ခုလုံး တစ်ဦးနဲ့ တစ်ဦးမနှောက်ယှက်ကြဖို့နဲ့ အေးချမ်းစေဖို့ လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ တစ္ဆေဘုရင်ကိုရှာပြီး သူနဲ့ ညှိနှိုင်းဖို့ပဲ” လူအိုကြီးက ရိုးသားစွာပြောလိုက်သည်။
မဟုတ်ရင် ဒီလိုသာ ဆက်ဖြစ်နေရင် တစ္ဆေတွေရဲ့ လျှို့ဝှက်ချက်တွေကလဲ ဆက်ဖုံးကွယ်ထားနိုင်မှာ မဟုတ်တော့ဘူး။
လုရီမင် ကအချိန်ခဏလောက် တိတ်ဆိတ်နေခဲ့ပြီးနောက် သူ့နှုတ်ခမ်းအား ဖွင့်လိုက်သည်။ “ကျွန်တော်သိပြီ”
“ဒီနေ့ မင်းအဖိုးဆီက အဆူခံလိုက်ရတယ်” လုရီမင် ကသူ့အခန်းဆီကို လျှောက်သွားသည်နှင့် ပိတ်ထားသည့် တံခါးလက်ကိုင်ကို ကိုင်လိုက်ချိန်တွင် တစ်ယောက်ယောက် စကားပြောတာကို ကြားလိုက်ပေမဲ့ ထူးဆန်းစွာဖြင့် ဘာမှရှိမနေပေ။
လုရီမင် ကအမူအရာ ပြောင်းလဲခြင်းမရှိပဲ သူ့အိတ်ကပ်ထဲမှ မန္တာန်စာရွက်ကို ထုတ်လိုက်ပြီး သူ့ပါးစပ်မှ တစ်စုံတစ်ခုကို ရွတ်ဖတ်လိုက်ပြီးနောက် သူ့လက်ချောင်းတွေအား လှုပ်ရှားလိုက်သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့သည်။
လုရီမင် ရဲ့မျက်လုံးတွေ ဖွင့်လိုက်ပြီး သာမန်လူတွေ မမြင်နိုင်သည့် အရာတွေကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ရေချိုးခန်းဝတ်စုံလိုမျိုး အင်္ကျီကို ဝတ်ထားသည့် ယောင်္ကျားတစ်ယောက်က အနည်းငယ်ပွင့်နေသည့် ရင်ဘတ်ဖြင့် အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး သူ့မေးအား လက်တစ်ချောင်းဖြင့် ထောက်ထားကာ ဆံပင်တချို့က သူ့မျက်လုံးတွေကို ဖုံးကွယ်နေခဲ့သည်။ ထိုလူရဲ့မျက်နှာက အရမ်းကို ဖြူဖျော့နေသည်။ ဆက်ပြောရရင် ထိုလူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဖြူဖွေးနေပြီး သူ့ပုံစံက ၂၅၊ ၂၆ နှစ်အရွယ်လောက်သာ ရှိပုံပေါ်သည်။
သူ့ခန္တာကိုယ်တွင် ယင်စွမ်းအင် မရှိနေတာက ဘုန်းကြီးတွေအတွက် လျစ်လျူမရှုနိုင်ပေမဲ့ သာမန်လူတွေအတွက်တော့ ရိုးရိုးယောင်္ကျားတစ်ယောက်လို့ ထင်စေနိုင်ပေမဲ့ နောက်ပြီး တာအိုကိုသာ မယုံကြည်ဘူးဆိုရင် ဒါမှမဟုတ် မင်းမှာ တစ္ဆေမြင်နိုင်တဲ့ မျက်လုံးသာ ရှိမနေရင်တော့ သာမာန်လူတွေက တစ္ဆေကို မြင်နိုင်မှာလဲ?
လုရီမင် ကထိုလူရဲ့စကားတွေကို ပြန်မဖြေသလို အခန်းထဲတွင် ရုတ်တရက် ပေါ်လာသည့် ထိုလူကြောင့် အနှောက်အယှက် ဖြစ်နေပုံလဲမရပဲ သူ့ပုံစံက နေသားကျနေပုံပေါ်နေသည်။
လုရီမင် ကသူ့အပြင်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး သူ့ဘေးရှိ ချိတ်တွင် ချိတ်လိုက်သည်။ သူက လက်တွေနဲ့ နက်ကတိုင်ကို ဆွဲလိုက်ကာ အသက်ရှူချောင်သွားပုံရသည်။
အပြုံးနဲ့အတူ ထိုလူက အေးဆေးစွာ အဝတ်ချွတ်နေသည့် သူ့မျက်စိရှေ့မှ အလှလေးအား ချီးကျူးလိုက်ကာ သူ့ရင်ဘတ်မှ ကော်လာကလဲ ပိုဟလာပြီး သူ့ပုံစံက ပိုပိုပြီး ဆွဲဆောင်မှုရှိလာသည်။
လုရီမင် ကသူ့ဖိနပ်ကို ချွတ်လိုက်ပြီး အိပ်ရာပေါ်တွင် ထိုင်ချလိုက်ကာ ထိုလူ့ဘေးတွင် လှဲချလိုက်သည်။
ထိုလူက ရယ်လိုက်ပြီး တစ်ခုခု လုပ်ချင်သလိုမျိုး စိတ်လှုပ်ရှားစွာဖြင့် ရှေ့ကိုတိုးလိုက်သည်။ ထိုလူက လုရီမင်း ရဲ့အင်္ကျီထောင့်ကို မထိနိုင်ခင်မှာပဲ လုရီမင်း ကစောင်ကို ဆွဲခြုံလိုက်ပြီး စောင်ထဲတိုးဝင်သွားခဲ့သည်။
“...”
“အိပ်တော့!” လုရီမင် ကသူ့ခေါင်းအုံးအား နေရာချလိုက်သည်။
ဘာကြောင့် သူက နည်းနည်းလေးတောင် အနှောက်အယှက် မဖြစ်ရတာလဲ?!
ပျင်းဖို့ကောင်းလိုက်တာ!
ထိုလူက စိတ်ဆိုးကာ နှာမှုတ်လိုက်သည်။
ရုတ်တရက် ထိုလူက တစ်ခုခုအား တွေးမိသွားပုံရသည်။ သူက တစ်နေရာရာကနေ စာလိပ်တစ်ခုအား ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ထိုစာလိပ်အား လုရီမင် ရဲ့ခန္ဓာကိုယ်ပေါ်သို့ ပစ်တင်လိုက်ပြီး မာထန်သည့်အသံဖြင့် ပြောလိုက်သည်။ “ဝန်ခံလိုက်၊ မင်း ဒီပုံစံကို ကြိုက်တုန်းပဲမလား?”
လုရီမင် ကမျက်လုံးတွေကို ဖွင့်လိုက်ပြီး ထိုလူ သူ့အပေါ်ပစ်လာသည့် အရာအား ကြည့်လိုက်ပြီးနောက် သူ့အား ပြန်ဖြေချင်ပုံမရပဲ မျက်လုံးတွေကို ပြန်မှိတ်သွားခဲ့သည်။
ထိုလူက ပိုဒေါသထွက်သွားပြီး လုရီမင် အားကန်လိုက်သည်။ “ပလေးဘွိုင်း!”
လုရီမင် ရဲ့မျက်လုံးတွေက မှိတ်နေတုန်းဖြစ်ကာ အသံတိုးလေးနဲ့ ပြောလိုက်သည်။ “ဒါက တစ္ဆေဘုရင်ရဲ့ချစ်သူ”
ထိုလူက စာကြောင်းတွေကို နားလည်နိုင်မယ်လို့ သူတွေးခဲ့သည်။ သို့သော် ထိုလူက သုံးစက္ကန့်လောက် ရပ်သွားပြီးနောက် သူ့မျက်လုံးတွေက ပြူးကျယ်သွားကာ ပြောလိုက်သည်။ “Fuck! မင်းက ဘယ်လိုလုပ်ပြီး တစ္ဆေဘုရင်ရဲ့ ချစ်သူကို ချစ်ရဲရတာလဲ?”
အိုကေ၊ မရှင်းပြတာပဲ ပိုကောင်းလိမ့်မယ်။
အိပ်ချိန်ပဲ။
လေက ပြင်းထန်စွာ တိုက်ခတ်နေပြီး သစ်ပင်ထိပ်ဖျားက ပြင်းထန်စွာ လှုပ်ရှားနေတာကြောင့် တရှဲရှဲအသံတွေက ထွက်နေသည်။ မှင်ရည်လို မဲမှောင်နေသည့် ညကောင်းကင်တွင် အမှောင်ထုထဲသို့ ဘယ်သူမှ မထွက်ကြပဲ သစ်ပင်တွေသာ ရှိနေသည်။
စာသင်ဆောင်မှ မီးသီးတွေက အကုန်ပိတ်ထားပြီး ပြတင်းပေါက်တွေက လေပြင်းတိုက်မှုကြောင့် အသံထွက်နေကာ ထိတ်လန့်စရာကောင်းနေခဲ့သည်။
တစ်ဖက်စင်္ကြံထောင့်မှ လှေကားမှ ဖျော့တော့သည့် အလင်းရောင်သာ ရှိနေခဲ့သည်။ ထိုနေရာတွင် အလင်းရောင်က ဘယ်လိုရှိနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ သူတို့က အသံတွေကြောင့် ဟိုဟိုဒီဒီ မီးထိုးကြည့်နေခဲ့ကြသည်။
ရုတ်တရက် ထူးဆန်းသည့် ပုံရိပ်တချို့က စာသင်ဆောင် အနောက်ဘက် တံခါးကိုဖြတ်ပြီး တိတ်ဆိတ်စွာ ခိုးထွက်သွားကာ ပေါ့ပါးစွာ ရွေ့လျားနေပေမဲ့ အလွန်လျင်မြန်နေသည်။
ဒါက ကျောင်းသားအုပ်စုဖြစ်ပြီး ယောင်္ကျား နှစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ဖြစ်သည်။
အုပ်စုအနောက်ဆုံးမှ မိန်းကလေးက ဆံပင်နှစ်ဖက်ခွဲစည်းထားကာ အတော်လေး ရှက်တက်ပုံပေါ်ပြီး သူမက အတော်လေး ပိန်ပါးပြီး အားနည်းပုံရသည်။ သူမက ရှေ့မှ ရှပ်အင်္ကျီနဲ့ ကောင်လေးအင်္ကျီအား တင်းကြပ်စွာ ကိုင်ထားပြီး တီးတိုးပြောလိုက်သည်။ “ငါတို့ တကယ်ကြီး ခေါင်းမိုးထပ်ကို သွားမှာလား? ငါ အရမ်းကြောက်တယ်”
တခြားမိန်းကလေးက ပိုပြီးမာနကြီးပုံရကာ လှုပ်ရှားမှုတိုင်း ကြောက်လန့်နေပုံရသည့် ဆံပင်နှစ်ဖက် ခွဲစည်းထားသည့် မိန်းကလေးအား လှည့်ကြည့်လိုက်ပြီး ရယ်လိုက်သည်။ “နင်အရမ်းကြောက်နေရင် ဘာလို့ ငါတို့နောက်ကို လိုက်လာခဲ့တာလဲ? နင်ဘာတွေးနေလဲဆိုတာ ငါမသိဘူးမထင်နဲ့!”
“ဟေး၊ ဟေး၊ စကားမပြောနဲ့တော့။ ဒီည ငါတို့ရည်ရွယ်ချက်က ကောလဟာလတွေက အမှန်ဟုတ်မဟုတ် သေချာသိရဖို့ပဲ၊ ရန်မဖြစ်ကြနဲ့” ဦးဆောင်သွားနေသည့် ကောင်လေးက ပြောလိုက်ပြီးနောက် ရုတ်ချည်း အနောက်ဘက်ကို ကြည့်လိုက်ပြီး သူ့မျက်နှာ တစ်ဝက်က အမှောင်ထဲကွယ်နေခဲ့သည်။ “လီဂျန်းဂျွန် သေသွားတည်းက တချို့အတန်းဖော်တွေက ပြီးခဲ့တဲ့ ညတွေတုန်းက ခေါင်းမိုးထပ်မှာ အဖြူရောင် တစ္ဆေကို တွေ့တယ်လို့ပြောကြတယ်။ ဒါက အမှန်လားဆိုတာ သိရဖို့အတွက် ငါတို့ ဒီနေ့ ဒီနေရာကို ရောက်နေရတာပဲ!”
ကောင်လေးရဲ့ အမူအရာက အထင်သေးပုံပေါ်နေကာ တစ္ဆေတွေ ရှိတာကို ယုံကြည်ပုံမရပဲ သူ့တွင် စူးစမ်းလိုစိတ်သာ ရှိနေပုံရသည်။
လူအုပ်စုက စင်္ကြံတစ်လျှောက် လျှောက်သွားပြီး လှေကားမှ တက်သွားကာ ဖုန်းမီးအလင်းရောင်လေးသာ လင်းနေပြီး သူတို့ လေးယောက်က အဟန့်အတားမရှိပဲ ခေါင်းမိုးထပ်သို့ တက်သွားကြသည်။
သို့သော် ခေါင်မိုးထပ်မှ တံခါးအား ကျောင်းမှ သော့ခတ်ထားသည်။ ကိုယ့်ဘာသာ သတ်သေမှု ဖြစ်သွားပြီးတည်းက ကျောင်းက အရင်ကထက် ပိုပြီးစည်းကမ်းတင်းကြပ်လာခဲ့သည်။
အနောက်မှ လျှောက်နေသည့် ကောင်လေးက တံခါးအား သော့ခတ်ထားမည်ဆိုတာကို မှန်းမိပုံရသည်။ သူက လေးမီတာလောက်ရှိသည့် သံချောင်းကို ထုတ်လိုက်ပြီး ကီးချိန်းမှ စတီးဝါယာ ဖြစ်ပုံပေါ်သည်။
သူ့ပါးစပ်တွင် ဖုန်းကိုကိုက်ထားပြီး သော့ခတ်ထားသည့် တံခါးရှေ့တွင် ရပ်လိုက်ကာ သော့ဖွင့်နိုင်ဖို့ ကြိုးစားနေရင်း သူ့အနေအထားက ထူးဆန်းနေပုံပေါ်နေသည်။
“ကလစ်”ဆိုသည့် အသံနဲ့အတူ တံခါးက ပွင့်သွားခဲ့သည်။
ကောင်လေးက ရယ်လိုက်သည်။
တံခါးကို တွန်းဖွင့်လိုက်ပြီး သူတို့ လေးယောက်က လျှောက်ထွက်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ လူတိုင်းက စိတ်ပျက်သွားကြသည်။
နေရာတစ်ခုလုံးက ဘာမှမရှိပေ။ သူတို့က ဒီညတွင် မထွက်သည့် လကိုသာ မော့ကြည့်လိုက်သည်။ အတော်လေးကို မှောင်မိုက်နေသည်။
လူတိုင်းက ပြောစရာစကားမဲ့သွားခဲ့သည်။
“ချေး၊ တစ်ခုခုရှိနေမယ်လို့ ထင်ထားခဲ့တာလေ! ငါ့အချိန်တွေကို ဖြုန်းလိုက်သလိုပဲ၊ ဒီမှာ ဘာမှလဲရှိမနေဘူး” မိန်းကလေးက မျက်လုံးကို လှည့်လိုက်သည်။
သူတို့ကို ဦးဆောင်သွားသည့် ကောင်လေးက စတင်ကျိန်ဆဲလိုက်ကာ ဆံပင်ခွဲစည်းထားသည့် မိန်းကလေးကသာ တိတ်ဆိတ်နေပြီး ထိုနေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေခဲ့ကာ သူမ မျက်နှာက အရမ်းကို ဖြူဖွေးနေပြီး သူမနဖူးမှ ချွေးစေးတွေက စီးကျနေခဲ့သည်။
သူမပုံစံကို မြင်လိုက်ပြီး တခြားမိန်းကလေးက သူမက အားနည်းပုံပေါ်အောင် ဟန်ဆောင်နေတယ်လို့ ထင်လိုက်ပြီး စိတ်အနှောက်အယှက် ဖြစ်သွားပုံပေါ်သည်။ သူမက လက်ပိုက်လိုက်ပြီး လှောင်ပြောင်လိုက်သည်။ “နင့်ကိုနင်ကြည့်၊ ဒါလေးကတောင် နင့်ကို ကြောက်စေတယ်”
ဆံပင်ခွဲစည်းထားသည့် ကောင်မလေးက ဖြစ်ပျက်နေတာကို နားလည်နေသလိုမျိုး တံခါးသော့ဖွင့်ခဲ့သည့် ကောင်လေး နောက်တွင်ဆက်ပုန်းနေကာ စကားတောင် မပြောရဲပဲ တုန်ရီနေကာ တိုးလျစွာပြောလိုက်သည်။ “မြန်မြန်ထွက်သွားရအောင်”
ဘာပဲဖြစ်ဖြစ် ခေါင်းမိုးပေါ်မှာ ဘာမှမရှိတော့ အရမ်းပျင်းဖို့ကောင်းနေတာကြောင့် သူတို့က ထွက်သွားရုံသာ။
ဆံပင်ခွဲစည်းထားသည့် ဖျားနာပုံပေါ်နေပေမဲ့ ခေါင်မိုးထပ်ဆီ သူမ ခြေလှမ်းချလိုက်ချိန်တွင် သူမအနောက်အား အကြိမ်ကြိမ် လှည့်ကြည့်မိနေပြီး ထပ်ပြီးတုန်ရီလာခဲ့သည်။
ထိုနေရာတွင် အဖြူရောင်နဲ့ သရဲမက ရပ်နေတာကို မြင်လိုက်ပြီး သူမမျက်နှာကလဲ ကင်ထားသည့် ဝက်သားလိုဖြစ်နေကာ မျက်နှာအသွင်အပြင်က ဝေဝါးနေပြီး သူမဆံပင်ရှည်တွေက ဘေးဘက်တွင် ကျနေကာ လက်တွေက တခြားသရဲ (ယောင်္ကျားသရဲ)ရဲ့ လည်ပင်းအား ကိုင်ထားပြီး ထိုသရဲကောင်က ခုခံနိုင်စွမ်းမရှိသည့် ပုံစံမျိုးဖြင့် ရုန်းကန်ကာ ကြမ်းပြင်တွင် ဒူးထောက်နေခဲ့သည်။ တံခါးပိတ်သွားချိန်တွင် မျက်လုံးအစုံ နှစ်စုံက ဆံပင်ခွဲစည်းထားသည့် ကောင်မလေးနဲ့ စုံသွားခဲ့ပြီး သရဲမရဲ့ အဖြူရောင်မျက်လုံးက တစ်ခုလုံး ဖြူဖွေးနေတာကြောင့် သူမ ကြောက်လန့်ပြီး အော်လုနီးပါး ဖြစ်သွားခဲ့သည်။
စာသင်ဆောင်မှ ထွက်သွားပြီးနောက်တွင် ဆံပင်ခွဲစည်းထားသည့် ကောင်မလေးက သက်ပြင်းရှူထုတ်လိုက်ပေမဲ့ သူမခန္ဓာကိုယ်က ဆက်တိုက်တုန်ရီနေကာ သူမသွားတွေက အချင်းချင်းရိုက်မိနေကာ သူမကျောတွင်လဲ ကြက်သီးတွေ ထ,နေခဲ့သည်။ သူမက ခေါင်းကို အနည်းငယ်မော့က ခေါင်းမိုးထပ်အား တစ်ခုခု တွေးမိကာ ကြည့်လိုက်သည်။
အဲ့သရဲ...
သေသွားတဲ့ ပရောဖက်ဆာလီ ပဲ...
ရှောင်ချန်း ကသူ့ဖိနပ်ကို ချွတ်လိုက်ပြီး ခြေဗလာဖြင့် အေးစက်နေသည့် ကြမ်းပြင်ပေါ် နင်းလိုက်သည်။ အေးစက်မှုက သူ့ခြေထောက်မှတဆင့် တိုးဝင်လာပြီး သူ့တစ်ကိုယ်လုံးအား အေးသွားစေသည်။ သူက ဘောင်းဘီအား အေးဆေးစွာ ချွတ်လိုက်ပြီး သူ့ဘေးက အဝတ်တန်းတွင် တင်လိုက်သည်။
သူ့ဆံပင်တွေက လှုပ်ရှားနေပြီး သူ့ရှပ်အင်္ကျီမှ ကြယ်သီးတွေကို လက်တစ်ဖက်တည်းနဲ့ တစ်လုံးချင်း ဖြုတ်လိုက်သည်။
ရှောင်ချန်း သူ့လက်အား ရေချိုးကန်ထဲ လက်နစ်လိုက်ပြီး ရေအပူချိန်အား တိုင်းလိုက်ပြီး စိတ်ကျေနပ်ဖွယ် အပူချိန်ဖြစ်နေသည်။ သူက ဖြူဖွေးသည့် ခြေထောက်နှစ်ချောင်းအား တဖြည်းဖြည်း ရေချိုးကန်ထဲ တိုးဝင်လိုက်ပြီး သူ့တစ်ကိုယ်လုံးအား ရေချိုးကန်ထဲ နစ်လိုက်ပြီး ရေနွေးနွေးလေးမှ နွေးထွေးမှုအား ခံစားလိုက်ရပြီး သူ့ကြွက်သားတွေက ပြေလျော့သွားခဲ့သည်။
သူအရမ်းပင်ပန်းနေတာကြောင့် သူ့မျက်ခွံတွေက ပိုလေးလံလာခဲ့သည်။
အိပ်ပျော်နေသည့် ရှောင်ချန်း ကရေသံတွေကြောင့် နိုးသွားခဲ့ပြီး တစ်စုံတစ်ယောက်က ရေချိုးကန်ထဲ ဝင်လာတာကို မြင်လိုက်ရသည်။
ဂျင်းဟေးကျီ ပင်...
ဂျင်းဟေးကျီ ကသူ့ဝတ်ရုံကို ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ ကံကောင်းစွာဖြင့် ဒီရေချိုးကန် ကယောင်္ကျား နှစ်ယောက် ဝင်ချိုးစာလောက် ကြီးမားသည်။
ရှောင်ချန်း ကသူ့အနေအထားကို နေရာချလိုက်ပြီး ထိုလူလှဲနိုင်ဖို့ နေရာလွှတ်ပေးလိုက်သည်။
သို့သော် ဂျင်းဟေးကျီ ကသူတို့အသားတွေ ထိတွေ့မိသွားအောင် သူ့ဆီသာ လှဲချလာခဲ့သည်။ ရှောင်ချန်း ကစိတ်ရှုပ်ထွေးနေချိန် ထိုလူက လှည့်လိုက်ပြီး သူနဲ့ ရှောင်ချန်း ရဲ့အနေအထားကို ပြောင်းလိုက်တာကြောင့် တစ်ဖက်လူက သူ့အပေါ်တွင် ပြန်လှဲချနေသလို ဖြစ်သွားခဲ့သည်။
ရှောင်ချန်း ကမရုန်းကန်ပဲ လိမ်လိမ်မာမာဖြင့်သာ လှဲနေခဲ့သည်။
ထိုလူက ကလေးရဲ့နားအား ကိုက်လိုက်ပြီး သူ့မျက်လုံးကို မှေးကျဉ်းလိုက်သည်။ ရှောင်ချန်း ကသူဘာတွေးနေလဲဆိုတာ မသိပေ။ သူက ချော့မြူသလိုမျိုး သူ့ပါးစပ်အား ဖွင့်လိုက်သည်။ “မနက်ဖြန်ကစပြီး ကိုယ် ကလေးနဲ့အတူ ကျောင်းလိုက်ခဲ့မယ်”
ရှောင်ချန်း ကထိုလူရဲ့လည်ပင်းကို ဖက်တွယ်လိုက်ပြီး စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “အိုကေ”
15.2.2023 (Wed)
^^^^^^^^^^^^
Zawgyi
တစ္ေဆမ်က္လုံး (၇)
လူအိုႀကီးက အခ်ိန္အနည္းငယ္ေလာက္ တိတ္ဆိတ္ေနခဲ့ၿပီး လည္ေခ်ာင္းရွင္းလိုက္ကာ သူသာ တကယ္ တစ္ေဆဘုရင္ဆိုရင္ သူ ျပန္လာၿပီး ဆူညံပြတ္ေလာရိုက္ေအာင္ လုပ္ခ်င္တယ္ဆိုရင္ ဒီကမၻာမွာ သူ႕ကို အနိုင္ရမဲ့သူ ရွိမွာမဟုတ္ဘူး
လုရီမင္ ကထိုစကားေတြအား ၾကားလိုက္ခ်ိန္တြင္ ရယ္လိုက္ၿပီး ေလွာင္ေျပာင္မႈ အနည္းငယ္ျဖင့္ သူ႕ႏႈတ္ခမ္းေထာင့္က ျမင့္တက္သြားခဲ့သည္။ သူျဖစ္မယ္လို႔ အဘိုးက ဘယ္လိုလုပ္ၿပီး သိတာလဲ?
သူ႕အသံထဲမွ မေက်နပ္ခ်က္မ်ားကို လူအိုႀကီးက ၾကားလိုက္ၿပီး ထူးဆန္းသလို ခံစားလိုက္ရေပမဲ့ သူအမ်ားႀကီး လိုက္ေတြးေနမိတယ္လို႔ ခံစားမိလိုက္တာေၾကာင့္ သူ႕အေတြးေတြကို ဖယ္ထုတ္ပစ္လိုက္ဖို႔သာ ဖိအားေပးလိုက္သည္။ သူက ရွင္းျပလိုက္သည္။ ဂ်င္းေဟး ကတိုင္းျပည္ရဲ႕ ဘုရင္ပဲ။ သူ႕ေခတ္မွာ မၿငိမ္မသက္မႈေတြက ျမင့္တက္ခဲ့တယ္။ တိုင္းျပည္ က်ရႈံးသြားတဲ့ေန႕မွာ သူက ဓားနဲ႕ထိုးခံရၿပီး ေသၿပီး တစ္ေဆအျဖစ္ ေျပာင္းသြားခဲ့တယ္။ ႐ုတ္ခ်ည္းပဲ ေကာင္းကင္ကလဲ ေျပာင္းလဲသြားၿပီး ေနနဲ႕လက ေပ်ာက္ကြယ္သြားၿပီး သုံးရက္ သုံးည ေသြးမိုးေတြ႐ြာခဲ့တယ္။ ၿမိဳ႕ေတာ္တစ္ခုလုံး အျပစ္ကင္းတဲ့ သူေတြေကာ ပုန္ကန္တဲ့သူေတြေကာ အကုန္ေသသြားၾကတယ္။ ႏွစ္ေထာင္ေပါင္းမ်ားစြာ ကမၻာမွာ အခ်ိန္အၾကာႀကီး ေလွ်ာက္သြားၿပီး မေပ်ာက္သြားတဲ့သူပဲ
လုရီမင္ ကလူအိုႀကီးအား တည္ၿငိမ္စြာျဖင့္ စိုက္ၾကည့္လိုက္ၿပီး သူက ႏွစ္ေထာင္ေပါင္းမ်ားစြာတည္းက ကမၻာေပၚမွာ ရွိေနခဲ့တာ။ သူသာ မၿငိမ္မသက္ျဖစ္ေစခ်င္ရင္ ကမၻာႀကီးက အႏၱရာယ္ရွိေနမွာပဲ။ ဘာေၾကာင့္ သူက ဒီေန႕အထိ ေစာင့္ေနမွာလဲ?
သူျပန္ျငင္းဆန္ဖို႔ မရည္႐ြယ္ပဲ ျဖစ္နိုင္သည့္ အခ်က္အလက္ေတြကိုသာ ေျပာျပလိုက္တာျဖစ္သည္။
လူအိုႀကီးက တိတ္ဆိတ္ေနခဲ့သည္။
လုရီမင္ ကလူအိုႀကီးဆီမွ အၾကည့္လႊဲလိုက္ၿပီး လူသားနဲ႕ တစ္ေဆေတြၾကားမွာ အက်ိဳးနဲ႕ အေၾကာင္းဆိုတာရွိတယ္။ သူတို႔က တူညီတဲ့ေျမျပင္နဲ႕ ေကာင္းကင္ေအာက္မွ အသက္ရွင္ေနတာေတာင္ တစ္ဦးနဲ႕တစ္ဦး အႏွောက္အယွက္ မေပးခဲ့ၾကဘူး
လူအိုႀကီးက မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဒီစကားေတြက ဟာသဆန္ၿပီး ျဖစ္နိုင္ေခ်မရွိဘူးလို႔ ေတြးလိုက္မိသည္။ တစ္ေယာက္နဲ႕ တစ္ေယာက္ မႏွောက္ယွက္ခဲ့ၾကဘူး? သူတို႔သာ တကယ္ႀကီး တစ္ဦးနဲ႕ တစ္ဦး အႏွောက္အယွက္ မေပးခဲ့ၾကဘူးဆိုရင္ ဘာေၾကာင့္ ငါတို႔ ရွိေနမွာလဲ?
လုရီမင္ ရဲ႕မ်က္လုံးေတြက မေျပာင္းလဲေပ။
ကမၻာေပၚမွာ တစ္ေဆေတြက ေၾကာက္စရာ အေကာင္းဆုံး အရာေတြလား?
မဟုတ္ဘူး၊ ဒါက လူသားေတြရဲ႕ ႏွလုံးသားပဲ!
ေသၿပီးေနာက္ လူတိုင္း တစ္ေဆမျဖစ္နိုင္သလို တစ္ေဆေတြကလဲ ထာဝရမတည္ရွိနိုင္ဘူး။ တစ္ေဆတိုင္းက လူသားေတြကို နာက်င္ေစဖို႔ ထားထားသည္။
လူသားေတြကို နာက်င္ေစတဲ့ တစ္ေဆအားလုံးက စည္းမ်ည္းေတြအရ အျပစ္ေပးခံရၿပီး ဒုကၡေတြနဲ႕ မ်က္ႏွာခ်င္းဆိုင္ ႀကဳံေတြ႕ရကာ အသားအလွီးခံရတာေတြ၊ ႂကြက္သားေတြ ျဖတ္ထုတ္ခံရတာေတြ အားလုံးေကာင္းဖို႔အတြက္ သူတို႔ဝိဉာဥ္ကို ထြက္သြားေစတာေတြကို ႀကဳံေတြ႕ရလိမ့္မည္။
သူတို႔မွာ နက္ရွိုင္းလြန္းတဲ့ အမုန္းတရားသာ ရွိမေနဘူးဆိုရင္ တစ္ေဆတစ္ေကာင္က ဘယ္လိုလုပ္ၿပီး လူေတြကို အႏၱရာယ္ေပးနိုင္မွာလဲ?
ဒါက အက်ိဳးအေၾကာင္း ဆက္ဆံေရးျဖစ္လို႔ ထိုလူေတြနဲ႕ ထိုက္တန္သည္။
ဟမ့္။
လုရီမင္ ကေအးေဆးစြာ မတ္တပ္ရပ္ေနၿပီး ဘာစကားမွ မေျပာေတာ့ေပ။
ဒီကိစၥစစ္ေဆးဖို႔ ေရွာင္အန္း ကိုေခၚလိုက္ လူအိုႀကီးရဲ႕ ႏွလုံးသားထဲတြင္ သူ႕အႀကီးဆုံးေျမးအတြက္ အေတာ္ေလး စိုးရိမ္ေနခဲ့သည္။
ႏွစ္ေပါင္းတစ္ရာေလာက္ ေလာဘႀကီးတဲ့ တစ္ေဆေတြက လွည့္ပတ္ေျပးလႊားၿပီး အျပစ္မရွိတဲ့သူေတြကို သတ္ေနခဲ့ၾကတယ္။ လူသားကမၻာနဲ႕ တစ္ေဆကမၻာ ႏွစ္ခုလုံး တစ္ဦးနဲ႕ တစ္ဦးမႏွောက္ယွက္ၾကဖို႔နဲ႕ ေအးခ်မ္းေစဖို႔ လုပ္နိုင္တဲ့ အေကာင္းဆုံး နည္းလမ္းကေတာ့ တစ္ေဆဘုရင္ကိုရွာၿပီး သူနဲ႕ ညွိႏွိုင္းဖို႔ပဲ လူအိုႀကီးက ရိုးသားစြာေျပာလိုက္သည္။
မဟုတ္ရင္ ဒီလိုသာ ဆက္ျဖစ္ေနရင္ တစ္ေဆေတြရဲ႕ လွ်ို႔ဝွက္ခ်က္ေတြကလဲ ဆက္ဖုံးကြယ္ထားနိုင္မွာ မဟုတ္ေတာ့ဘူး။
လုရီမင္ ကအခ်ိန္ခဏေလာက္ တိတ္ဆိတ္ေနခဲ့ၿပီးေနာက္ သူ႕ႏႈတ္ခမ္းအား ဖြင့္လိုက္သည္။ ကြၽန္ေတာ္သိၿပီ
ဒီေန႕ မင္းအဖိုးဆီက အဆူခံလိုက္ရတယ္ လုရီမင္ ကသူ႕အခန္းဆီကို ေလွ်ာက္သြားသည္ႏွင့္ ပိတ္ထားသည့္ တံခါးလက္ကိုင္ကို ကိုင္လိုက္ခ်ိန္တြင္ တစ္ေယာက္ေယာက္ စကားေျပာတာကို ၾကားလိုက္ေပမဲ့ ထူးဆန္းစြာျဖင့္ ဘာမွရွိမေနေပ။
လုရီမင္ ကအမူအရာ ေျပာင္းလဲျခင္းမရွိပဲ သူ႕အိတ္ကပ္ထဲမွ မႏၱာန္စာ႐ြက္ကို ထုတ္လိုက္ၿပီး သူ႕ပါးစပ္မွ တစ္စုံတစ္ခုကို ႐ြတ္ဖတ္လိုက္ၿပီးေနာက္ သူ႕လက္ေခ်ာင္းေတြအား လႈပ္ရွားလိုက္သည္။
ခ်က္ခ်င္းပင္ ပတ္ဝန္းက်င္က ေျပာင္းလဲသြားခဲ့သည္။
လုရီမင္ ရဲ႕မ်က္လုံးေတြ ဖြင့္လိုက္ၿပီး သာမန္လူေတြ မျမင္နိုင္သည့္ အရာေတြကို ရွင္းလင္းစြာ ျမင္လိုက္ရသည္။
ေရခ်ိဳးခန္းဝတ္စုံလိုမ်ိဳး အကၤ်ီကို ဝတ္ထားသည့္ ေယာကၤ်ားတစ္ေယာက္က အနည္းငယ္ပြင့္ေနသည့္ ရင္ဘတ္ျဖင့္ အိပ္ရာေပၚတြင္ လွဲေလ်ာင္းေနၿပီး သူ႕ေမးအား လက္တစ္ေခ်ာင္းျဖင့္ ေထာက္ထားကာ ဆံပင္တခ်ိဳ႕က သူ႕မ်က္လုံးေတြကို ဖုံးကြယ္ေနခဲ့သည္။ ထိုလူရဲ႕မ်က္ႏွာက အရမ္းကို ျဖဴေဖ်ာ့ေနသည္။ ဆက္ေျပာရရင္ ထိုလူရဲ႕ ခႏၶာကိုယ္တစ္ခုလုံးက ျဖဴေဖြးေနၿပီး သူ႕ပုံစံက ၂၅၊ ၂၆ ႏွစ္အ႐ြယ္ေလာက္သာ ရွိပုံေပၚသည္။
သူ႕ခႏၱာကိုယ္တြင္ ယင္စြမ္းအင္ မရွိေနတာက ဘုန္းႀကီးေတြအတြက္ လ်စ္လ်ဴမရႈနိုင္ေပမဲ့ သာမန္လူေတြအတြက္ေတာ့ ရိုးရိုးေယာကၤ်ားတစ္ေယာက္လို႔ ထင္ေစနိုင္ေပမဲ့ ေနာက္ၿပီး တာအိုကိုသာ မယုံၾကည္ဘူးဆိုရင္ ဒါမွမဟုတ္ မင္းမွာ တစ္ေဆျမင္နိုင္တဲ့ မ်က္လုံးသာ ရွိမေနရင္ေတာ့ သာမာန္လူေတြက တစ္ေဆကို ျမင္နိုင္မွာလဲ?
လုရီမင္ ကထိုလူရဲ႕စကားေတြကို ျပန္မေျဖသလို အခန္းထဲတြင္ ႐ုတ္တရက္ ေပၚလာသည့္ ထိုလူေၾကာင့္ အႏွောက္အယွက္ ျဖစ္ေနပုံလဲမရပဲ သူ႕ပုံစံက ေနသားက်ေနပုံေပၚေနသည္။
လုရီမင္ ကသူ႕အျပင္ဝတ္အကၤ်ီကို ခြၽတ္လိုက္ၿပီး သူ႕ေဘးရွိ ခ်ိတ္တြင္ ခ်ိတ္လိုက္သည္။ သူက လက္ေတြနဲ႕ နက္ကတိုင္ကို ဆြဲလိုက္ကာ အသက္ရႉေခ်ာင္သြားပုံရသည္။
အၿပဳံးနဲ႕အတူ ထိုလူက ေအးေဆးစြာ အဝတ္ခြၽတ္ေနသည့္ သူ႕မ်က္စိေရွ႕မွ အလွေလးအား ခ်ီးက်ဴးလိုက္ကာ သူ႕ရင္ဘတ္မွ ေကာ္လာကလဲ ပိုဟလာၿပီး သူ႕ပုံစံက ပိုပိုၿပီး ဆြဲေဆာင္မႈရွိလာသည္။
လုရီမင္ ကသူ႕ဖိနပ္ကို ခြၽတ္လိုက္ၿပီး အိပ္ရာေပၚတြင္ ထိုင္ခ်လိဳက္ကာ ထိုလူ႕ေဘးတြင္ လွဲခ်လိဳက္သည္။
ထိုလူက ရယ္လိုက္ၿပီး တစ္ခုခု လုပ္ခ်င္သလိုမ်ိဳး စိတ္လႈပ္ရွားစြာျဖင့္ ေရွ႕ကိုတိုးလိုက္သည္။ ထိုလူက လုရီမင္း ရဲ႕အကၤ်ီေထာင့္ကို မထိနိုင္ခင္မွာပဲ လုရီမင္း ကေစာင္ကို ဆြဲၿခဳံလိုက္ၿပီး ေစာင္ထဲတိုးဝင္သြားခဲ့သည္။
...
အိပ္ေတာ့! လုရီမင္ ကသူ႕ေခါင္းအုံးအား ေနရာခ်လိဳက္သည္။
ဘာေၾကာင့္ သူက နည္းနည္းေလးေတာင္ အႏွောက္အယွက္ မျဖစ္ရတာလဲ?!
ပ်င္းဖို႔ေကာင္းလိုက္တာ!
ထိုလူက စိတ္ဆိုးကာ ႏွာမႈတ္လိုက္သည္။
႐ုတ္တရက္ ထိုလူက တစ္ခုခုအား ေတြးမိသြားပုံရသည္။ သူက တစ္ေနရာရာကေန စာလိပ္တစ္ခုအား ဆြဲထုတ္လိုက္သည္။ ထို႔ေနာက္ သူက ထိုစာလိပ္အား လုရီမင္ ရဲ႕ခႏၶာကိုယ္ေပၚသို႔ ပစ္တင္လိုက္ၿပီး မာထန္သည့္အသံျဖင့္ ေျပာလိုက္သည္။ ဝန္ခံလိုက္၊ မင္း ဒီပုံစံကို ႀကိဳက္တုန္းပဲမလား?
လုရီမင္ ကမ်က္လုံးေတြကို ဖြင့္လိုက္ၿပီး ထိုလူ သူ႕အေပၚပစ္လာသည့္ အရာအား ၾကည့္လိုက္ၿပီးေနာက္ သူ႕အား ျပန္ေျဖခ်င္ပုံမရပဲ မ်က္လုံးေတြကို ျပန္မွိတ္သြားခဲ့သည္။
ထိုလူက ပိုေဒါသထြက္သြားၿပီး လုရီမင္ အားကန္လိုက္သည္။ ပေလးဘြိုင္း!
လုရီမင္ ရဲ႕မ်က္လုံးေတြက မွိတ္ေနတုန္းျဖစ္ကာ အသံတိုးေလးနဲ႕ ေျပာလိုက္သည္။ ဒါက တစ္ေဆဘုရင္ရဲ႕ခ်စ္သူ
ထိုလူက စာေၾကာင္းေတြကို နားလည္နိုင္မယ္လို႔ သူေတြးခဲ့သည္။ သို႔ေသာ္ ထိုလူက သုံးစကၠန႔္ေလာက္ ရပ္သြားၿပီးေနာက္ သူ႕မ်က္လုံးေတြက ျပဴးက်ယ္သြားကာ ေျပာလိုက္သည္။ Fuck! မင္းက ဘယ္လိုလုပ္ၿပီး တစ္ေဆဘုရင္ရဲ႕ ခ်စ္သူကို ခ်စ္ရဲရတာလဲ?
အိုေက၊ မရွင္းျပတာပဲ ပိုေကာင္းလိမ့္မယ္။
အိပ္ခ်ိန္ပဲ။
ေလက ျပင္းထန္စြာ တိုက္ခတ္ေနၿပီး သစ္ပင္ထိပ္ဖ်ားက ျပင္းထန္စြာ လႈပ္ရွားေနတာေၾကာင့္ တရွဲရွဲအသံေတြက ထြက္ေနသည္။ မွင္ရည္လို မဲေမွာင္ေနသည့္ ညေကာင္းကင္တြင္ အေမွာင္ထုထဲသို႔ ဘယ္သူမွ မထြက္ၾကပဲ သစ္ပင္ေတြသာ ရွိေနသည္။
စာသင္ေဆာင္မွ မီးသီးေတြက အကုန္ပိတ္ထားၿပီး ျပတင္းေပါက္ေတြက ေလျပင္းတိုက္မႈေၾကာင့္ အသံထြက္ေနကာ ထိတ္လန႔္စရာေကာင္းေနခဲ့သည္။
တစ္ဖက္စၾကၤံေထာင့္မွ ေလွကားမွ ေဖ်ာ့ေတာ့သည့္ အလင္းေရာင္သာ ရွိေနခဲ့သည္။ ထိုေနရာတြင္ အလင္းေရာင္က ဘယ္လိုရွိေနလဲဆိုတာ ဘယ္သူမွ မသိနိုင္ေပ။ သူတို႔က အသံေတြေၾကာင့္ ဟိုဟိုဒီဒီ မီးထိုးၾကည့္ေနခဲ့ၾကသည္။
႐ုတ္တရက္ ထူးဆန္းသည့္ ပုံရိပ္တခ်ိဳ႕က စာသင္ေဆာင္ အေနာက္ဘက္ တံခါးကိုျဖတ္ၿပီး တိတ္ဆိတ္စြာ ခိုးထြက္သြားကာ ေပါ့ပါးစြာ ေ႐ြ႕လ်ားေနေပမဲ့ အလြန္လ်င္ျမန္ေနသည္။
ဒါက ေက်ာင္းသားအုပ္စုျဖစ္ၿပီး ေယာကၤ်ား ႏွစ္ေယာက္နဲ႕ မိန္းကေလး ႏွစ္ေယာက္ျဖစ္သည္။
အုပ္စုအေနာက္ဆုံးမွ မိန္းကေလးက ဆံပင္ႏွစ္ဖက္ခြဲစည္းထားကာ အေတာ္ေလး ရွက္တက္ပုံေပၚၿပီး သူမက အေတာ္ေလး ပိန္ပါးၿပီး အားနည္းပုံရသည္။ သူမက ေရွ႕မွ ရွပ္အကၤ်ီနဲ႕ ေကာင္ေလးအကၤ်ီအား တင္းၾကပ္စြာ ကိုင္ထားၿပီး တီးတိုးေျပာလိုက္သည္။ ငါတို႔ တကယ္ႀကီး ေခါင္းမိုးထပ္ကို သြားမွာလား? ငါ အရမ္းေၾကာက္တယ္
တျခားမိန္းကေလးက ပိုၿပီးမာနႀကီးပုံရကာ လႈပ္ရွားမႈတိုင္း ေၾကာက္လန႔္ေနပုံရသည့္ ဆံပင္ႏွစ္ဖက္ ခြဲစည္းထားသည့္ မိန္းကေလးအား လွည့္ၾကည့္လိုက္ၿပီး ရယ္လိုက္သည္။ နင္အရမ္းေၾကာက္ေနရင္ ဘာလို႔ ငါတို႔ေနာက္ကို လိုက္လာခဲ့တာလဲ? နင္ဘာေတြးေနလဲဆိုတာ ငါမသိဘူးမထင္နဲ႕!
ေဟး၊ ေဟး၊ စကားမေျပာနဲ႕ေတာ့။ ဒီည ငါတို႔ရည္႐ြယ္ခ်က္က ေကာလဟာလေတြက အမွန္ဟုတ္မဟုတ္ ေသခ်ာသိရဖို႔ပဲ၊ ရန္မျဖစ္ၾကနဲ႕ ဦးေဆာင္သြားေနသည့္ ေကာင္ေလးက ေျပာလိုက္ၿပီးေနာက္ ႐ုတ္ခ်ည္း အေနာက္ဘက္ကို ၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာ တစ္ဝက္က အေမွာင္ထဲကြယ္ေနခဲ့သည္။ လီဂ်န္းဂြၽန္ ေသသြားတည္းက တခ်ိဳ႕အတန္းေဖာ္ေတြက ၿပီးခဲ့တဲ့ ညေတြတုန္းက ေခါင္းမိုးထပ္မွာ အျဖဴေရာင္ တစ္ေဆကို ေတြ႕တယ္လို႔ေျပာၾကတယ္။ ဒါက အမွန္လားဆိုတာ သိရဖို႔အတြက္ ငါတို႔ ဒီေန႕ ဒီေနရာကို ေရာက္ေနရတာပဲ!
ေကာင္ေလးရဲ႕ အမူအရာက အထင္ေသးပုံေပၚေနကာ တစ္ေဆေတြ ရွိတာကို ယုံၾကည္ပုံမရပဲ သူ႕တြင္ စူးစမ္းလိုစိတ္သာ ရွိေနပုံရသည္။
လူအုပ္စုက စၾကၤံတစ္ေလွ်ာက္ ေလွ်ာက္သြားၿပီး ေလွကားမွ တက္သြားကာ ဖုန္းမီးအလင္းေရာင္ေလးသာ လင္းေနၿပီး သူတို႔ ေလးေယာက္က အဟန႔္အတားမရွိပဲ ေခါင္းမိုးထပ္သို႔ တက္သြားၾကသည္။
သို႔ေသာ္ ေခါင္မိုးထပ္မွ တံခါးအား ေက်ာင္းမွ ေသာ့ခတ္ထားသည္။ ကိုယ့္ဘာသာ သတ္ေသမႈ ျဖစ္သြားၿပီးတည္းက ေက်ာင္းက အရင္ကထက္ ပိုၿပီးစည္းကမ္းတင္းၾကပ္လာခဲ့သည္။
အေနာက္မွ ေလွ်ာက္ေနသည့္ ေကာင္ေလးက တံခါးအား ေသာ့ခတ္ထားမည္ဆိုတာကို မွန္းမိပုံရသည္။ သူက ေလးမီတာေလာက္ရွိသည့္ သံေခ်ာင္းကို ထုတ္လိုက္ၿပီး ကီးခ်ိန္းမွ စတီးဝါယာ ျဖစ္ပုံေပၚသည္။
သူ႕ပါးစပ္တြင္ ဖုန္းကိုကိုက္ထားၿပီး ေသာ့ခတ္ထားသည့္ တံခါးေရွ႕တြင္ ရပ္လိုက္ကာ ေသာ့ဖြင့္နိုင္ဖို႔ ႀကိဳးစားေနရင္း သူ႕အေနအထားက ထူးဆန္းေနပုံေပၚေနသည္။
ကလစ္ဆိုသည့္ အသံနဲ႕အတူ တံခါးက ပြင့္သြားခဲ့သည္။
ေကာင္ေလးက ရယ္လိုက္သည္။
တံခါးကို တြန္းဖြင့္လိုက္ၿပီး သူတို႔ ေလးေယာက္က ေလွ်ာက္ထြက္လိုက္ၿပီး ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္သည္။ လူတိုင္းက စိတ္ပ်က္သြားၾကသည္။
ေနရာတစ္ခုလုံးက ဘာမွမရွိေပ။ သူတို႔က ဒီညတြင္ မထြက္သည့္ လကိုသာ ေမာ့ၾကည့္လိုက္သည္။ အေတာ္ေလးကို ေမွာင္မိုက္ေနသည္။
လူတိုင္းက ေျပာစရာစကားမဲ့သြားခဲ့သည္။
ေခ်း၊ တစ္ခုခုရွိေနမယ္လို႔ ထင္ထားခဲ့တာေလ! ငါ့အခ်ိန္ေတြကို ျဖဳန္းလိုက္သလိုပဲ၊ ဒီမွာ ဘာမွလဲရွိမေနဘူး မိန္းကေလးက မ်က္လုံးကို လွည့္လိုက္သည္။
သူတို႔ကို ဦးေဆာင္သြားသည့္ ေကာင္ေလးက စတင္က်ိန္ဆဲလိုက္ကာ ဆံပင္ခြဲစည္းထားသည့္ မိန္းကေလးကသာ တိတ္ဆိတ္ေနၿပီး ထိုေနရာတြင္သာ တိတ္ဆိတ္စြာ ရပ္ေနခဲ့ကာ သူမ မ်က္ႏွာက အရမ္းကို ျဖဴေဖြးေနၿပီး သူမနဖူးမွ ေခြၽးေစးေတြက စီးက်ေနခဲ့သည္။
သူမပုံစံကို ျမင္လိုက္ၿပီး တျခားမိန္းကေလးက သူမက အားနည္းပုံေပၚေအာင္ ဟန္ေဆာင္ေနတယ္လို႔ ထင္လိုက္ၿပီး စိတ္အႏွောက္အယွက္ ျဖစ္သြားပုံေပၚသည္။ သူမက လက္ပိုက္လိုက္ၿပီး ေလွာင္ေျပာင္လိုက္သည္။ နင့္ကိုနင္ၾကည့္၊ ဒါေလးကေတာင္ နင့္ကို ေၾကာက္ေစတယ္
ဆံပင္ခြဲစည္းထားသည့္ ေကာင္မေလးက ျဖစ္ပ်က္ေနတာကို နားလည္ေနသလိုမ်ိဳး တံခါးေသာ့ဖြင့္ခဲ့သည့္ ေကာင္ေလး ေနာက္တြင္ဆက္ပုန္းေနကာ စကားေတာင္ မေျပာရဲပဲ တုန္ရီေနကာ တိုးလ်စြာေျပာလိုက္သည္။ ျမန္ျမန္ထြက္သြားရေအာင္
ဘာပဲျဖစ္ျဖစ္ ေခါင္းမိုးေပၚမွာ ဘာမွမရွိေတာ့ အရမ္းပ်င္းဖို႔ေကာင္းေနတာေၾကာင့္ သူတို႔က ထြက္သြား႐ုံသာ။
ဆံပင္ခြဲစည္းထားသည့္ ဖ်ားနာပုံေပၚေနေပမဲ့ ေခါင္မိုးထပ္ဆီ သူမ ေျခလွမ္းခ်လိဳက္ခ်ိန္တြင္ သူမအေနာက္အား အႀကိမ္ႀကိမ္ လွည့္ၾကည့္မိေနၿပီး ထပ္ၿပီးတုန္ရီလာခဲ့သည္။
ထိုေနရာတြင္ အျဖဴေရာင္နဲ႕ သရဲမက ရပ္ေနတာကို ျမင္လိုက္ၿပီး သူမမ်က္ႏွာကလဲ ကင္ထားသည့္ ဝက္သားလိုျဖစ္ေနကာ မ်က္ႏွာအသြင္အျပင္က ေဝဝါးေနၿပီး သူမဆံပင္ရွည္ေတြက ေဘးဘက္တြင္ က်ေနကာ လက္ေတြက တျခားသရဲ (ေယာကၤ်ားသရဲ)ရဲ႕ လည္ပင္းအား ကိုင္ထားၿပီး ထိုသရဲေကာင္က ခုခံနိုင္စြမ္းမရွိသည့္ ပုံစံမ်ိဳးျဖင့္ ႐ုန္းကန္ကာ ၾကမ္းျပင္တြင္ ဒူးေထာက္ေနခဲ့သည္။ တံခါးပိတ္သြားခ်ိန္တြင္ မ်က္လုံးအစုံ ႏွစ္စုံက ဆံပင္ခြဲစည္းထားသည့္ ေကာင္မေလးနဲ႕ စုံသြားခဲ့ၿပီး သရဲမရဲ႕ အျဖဴေရာင္မ်က္လုံးက တစ္ခုလုံး ျဖဴေဖြးေနတာေၾကာင့္ သူမ ေၾကာက္လန႔္ၿပီး ေအာ္လုနီးပါး ျဖစ္သြားခဲ့သည္။
စာသင္ေဆာင္မွ ထြက္သြားၿပီးေနာက္တြင္ ဆံပင္ခြဲစည္းထားသည့္ ေကာင္မေလးက သက္ျပင္းရႉထုတ္လိုက္ေပမဲ့ သူမခႏၶာကိုယ္က ဆက္တိုက္တုန္ရီေနကာ သူမသြားေတြက အခ်င္းခ်င္းရိုက္မိေနကာ သူမေက်ာတြင္လဲ ၾကက္သီးေတြ ထ,ေနခဲ့သည္။ သူမက ေခါင္းကို အနည္းငယ္ေမာ့က ေခါင္းမိုးထပ္အား တစ္ခုခု ေတြးမိကာ ၾကည့္လိုက္သည္။
အဲ့သရဲ...
ေသသြားတဲ့ ပေရာဖက္ဆာလီ ပဲ...
ေရွာင္ခ်န္း ကသူ႕ဖိနပ္ကို ခြၽတ္လိုက္ၿပီး ေျခဗလာျဖင့္ ေအးစက္ေနသည့္ ၾကမ္းျပင္ေပၚ နင္းလိုက္သည္။ ေအးစက္မႈက သူ႕ေျခေထာက္မွတဆင့္ တိုးဝင္လာၿပီး သူ႕တစ္ကိုယ္လုံးအား ေအးသြားေစသည္။ သူက ေဘာင္းဘီအား ေအးေဆးစြာ ခြၽတ္လိုက္ၿပီး သူ႕ေဘးက အဝတ္တန္းတြင္ တင္လိုက္သည္။
သူ႕ဆံပင္ေတြက လႈပ္ရွားေနၿပီး သူ႕ရွပ္အကၤ်ီမွ ၾကယ္သီးေတြကို လက္တစ္ဖက္တည္းနဲ႕ တစ္လုံးခ်င္း ျဖဳတ္လိုက္သည္။
ေရွာင္ခ်န္း သူ႕လက္အား ေရခ်ိဳးကန္ထဲ လက္နစ္လိုက္ၿပီး ေရအပူခ်ိန္အား တိုင္းလိုက္ၿပီး စိတ္ေက်နပ္ဖြယ္ အပူခ်ိန္ျဖစ္ေနသည္။ သူက ျဖဴေဖြးသည့္ ေျခေထာက္ႏွစ္ေခ်ာင္းအား တျဖည္းျဖည္း ေရခ်ိဳးကန္ထဲ တိုးဝင္လိုက္ၿပီး သူ႕တစ္ကိုယ္လုံးအား ေရခ်ိဳးကန္ထဲ နစ္လိုက္ၿပီး ေရႏြေးႏြေးေလးမွ ႏြေးေထြးမႈအား ခံစားလိုက္ရၿပီး သူ႕ႂကြက္သားေတြက ေျပေလ်ာ့သြားခဲ့သည္။
သူအရမ္းပင္ပန္းေနတာေၾကာင့္ သူ႕မ်က္ခြံေတြက ပိုေလးလံလာခဲ့သည္။
အိပ္ေပ်ာ္ေနသည့္ ေရွာင္ခ်န္း ကေရသံေတြေၾကာင့္ နိုးသြားခဲ့ၿပီး တစ္စုံတစ္ေယာက္က ေရခ်ိဳးကန္ထဲ ဝင္လာတာကို ျမင္လိုက္ရသည္။
ဂ်င္းေဟးက်ီ ပင္...
ဂ်င္းေဟးက်ီ ကသူ႕ဝတ္႐ုံကို ခြၽတ္လိုက္ၿပီး ၾကမ္းျပင္ေပၚ ပစ္ခ်လိဳက္သည္။ ကံေကာင္းစြာျဖင့္ ဒီေရခ်ိဳးကန္ ကေယာကၤ်ား ႏွစ္ေယာက္ ဝင္ခ်ိဳးစာေလာက္ ႀကီးမားသည္။
ေရွာင္ခ်န္း ကသူ႕အေနအထားကို ေနရာခ်လိဳက္ၿပီး ထိုလူလွဲနိုင္ဖို႔ ေနရာလႊတ္ေပးလိုက္သည္။
သို႔ေသာ္ ဂ်င္းေဟးက်ီ ကသူတို႔အသားေတြ ထိေတြ႕မိသြားေအာင္ သူ႕ဆီသာ လွဲခ်လာခဲ့သည္။ ေရွာင္ခ်န္း ကစိတ္ရႈပ္ေထြးေနခ်ိန္ ထိုလူက လွည့္လိုက္ၿပီး သူနဲ႕ ေရွာင္ခ်န္း ရဲ႕အေနအထားကို ေျပာင္းလိုက္တာေၾကာင့္ တစ္ဖက္လူက သူ႕အေပၚတြင္ ျပန္လွဲခ်ေနသလို ျဖစ္သြားခဲ့သည္။
ေရွာင္ခ်န္း ကမ႐ုန္းကန္ပဲ လိမ္လိမ္မာမာျဖင့္သာ လွဲေနခဲ့သည္။
ထိုလူက ကေလးရဲ႕နားအား ကိုက္လိုက္ၿပီး သူ႕မ်က္လုံးကို ေမွးက်ဥ္းလိုက္သည္။ ေရွာင္ခ်န္း ကသူဘာေတြးေနလဲဆိုတာ မသိေပ။ သူက ေခ်ာ့ျမဴသလိုမ်ိဳး သူ႕ပါးစပ္အား ဖြင့္လိုက္သည္။ မနက္ျဖန္ကစၿပီး ကိုယ္ ကေလးနဲ႕အတူ ေက်ာင္းလိုက္ခဲ့မယ္
ေရွာင္ခ်န္း ကထိုလူရဲ႕လည္ပင္းကို ဖက္တြယ္လိုက္ၿပီး စိတ္ေက်နပ္စြာ ၿပဳံးလိုက္ၿပီး ႏူးညံ့စြာေျပာလိုက္သည္။ အိုေက
15.2.2023 (Wed)
^^^^^^^^^^^^