လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

248K 41.4K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

တစ္ဆေမျက်လုံး (၅)

874 160 5
By Kaiyou1111

Unicode

တစ္ဆေမျက်လုံး (၅)

ရှောင်ချန်း ကတစ္ဆေမရဲ့ ယင်စွမ်းအင်တွေဖြင့် အေးခဲနေသည့် လီ‌ချောင်းရီ ကိုကြည့်လိုက်သည်။ ယင်စွမ်းအင်တွေက တခြားသူရဲ့ခြေလက်တွေတွင် ရစ်ပတ်နေခဲ့သည်။

ရှောင်ချန်း ကမတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်က စာအုပ်ကို ကောက်ယူလိုက်ကာ အမူအရာမဲ့စွာဖြင့် နေရာမှ ထွက်သွားခဲ့သည်။

လီချောင်းရီ ကထူးဆန်းစွာ ပြောင်းလဲသွားသည့် ရာသီဥတုမှ အလျင်အမြန် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ထူးဆန်းသည့် ကောင်လေးက ထွက်သွားဖို့လုပ်နေတာကို မြင်လိုက်ပြီး ချက်ချင်း ထ,ရပ်လိုက်ကာ အနောက်မှ လိုက်လိုက်သည်။ အခုနောက်ပိုင်း သူ့တွင် ဆက်တိုက်ဖြစ်ပျက်နေသည့် ထူးဆန်းသည့် အရာတွေကို တွေးမိလိုက်ချိန်တွင် ရူးသွားတော့မလို ဖြစ်နေသည့် မာယန်ယု ကတခြားလူက တစ်ခုခုတော့ သိနေလောက်တယ်လို့ ခံစားမိလိုက်သည်။ စိုးထိတ်နေသည့် အမူအရာဖြင့် တစ်ဖက်လူရဲ့ ခြေလှမ်းအတိုင်း အမှီလိုက်လိုက်ကာ ပြောလိုက်သည်။ “မင်း တစ်ခုခု သိနေတယ်မလား? ငါ့ကို ပြောပြပေးနိုင်မလား?”

ရှောင်ချန်း ကရပ်လိုက်ပြီး ပြန်လှည့်လိုက်ကာ လီချောင်းရီ အားကြည့်လိုက်သည်။ တစ်ဖက်က ခြေလှမ်းနှစ်လှမ်းအကွာတွင် တင်းမာစွာ ရပ်နေခဲ့သည်။ ရှောင်ချန်း ရဲ့အမူအရာက မပြောင်းလဲပေ။ “မင်း သိချင်ရင် သူမက မင်းကို ပြောပြလိမ့်မယ်”

“သူမ” လီချောင်းရီ ကသံသယဖြစ်စွာြဖင့် မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ တစ်ဖက်လူရဲ့ ပြောစကားကို နားမလည်တာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ “သူမက ဘယ်သူ့ကို ပြောတာလဲ?”

ရှောင်ချန်း ကပြုံးလိုက်ပြီး သူ့ဖီးနစ်မျက်လုံးတွေက သူ့ခန္ဓာကိုယ်အား ကျော်ကာ ဘာစကားမှမပြောပဲ ကြည့်လိုက်သည်။

လီချောင်းရီ ကနှုတ်ခမ်းကို စေ့ထားပြီး သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားခဲ့သည်။ တစ်ဖက်လူရဲ့ မျက်လုံးက လူသားမဟုတ်ပဲ ပုံရိပ်ယောင်ကို မြင်လိုက်သလိုမျိုး အဖြူရောင်ရောင်ပြန်မှုက ရှိနေခဲ့သည်။

ပိုအရေးကြီးတာက အဲ့အဖြူရောင်အရိပ်က သူ့ကျောဘက်နဲ့ အနီးဆုံးမှာရှိနေပြီး သူ့ကို တိတ်တဆိတ် ကြည့်နေတာပဲ!

Holy shit!!!

လီချောင်းရီ ကသူ့ခန္ဓာကိုယ်အား ရေခဲရေနဲ့ လောင်းခံလိုက်သလိုမျိုး ဖြစ်သွားခဲ့သည်။ သူ့လက်တွေ၊ ခြေထောက်တွေက ရေခဲပေါ်တွင် ရှိနေသလိုမျိုး တုန်ရီနေခဲ့သည်။ ကြောက်လန့်မှုကြောင့် ချွေးအေးတွေက ထွက်နေပြီး သူ့လည်ချောင်းမှ အော်သံက ထွက်လုနီးပါး ဖြစ်နေပေမဲ့ သူ့ကိုယ်သူ ပြန်ထိန်းချုပ်လိုက်သည်။

သူ့ခေါင်းက တောင့်တင်းနေပြီး လက်တွေက လက်သီးဆုပ်နေခဲ့ကာ သူ့နှလုံးသားက နောက်စက္ကန့်ပိုင်းအတွင်း အပြင်ကို ခုန်ထွက်တော့မလိုမျိုး အပြင်းအထန် ခုန်နေခဲ့သည်။

သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ပြီး တဖြည်းဖြည်း လှည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ရီနေတုန်းဖြစ်ကာ သတ္တိတွေက အနည်းငယ်သာ ကျန်ရှိနေတော့သည်။

လီချောင်းရီ ကလှည့်လိုက်ချိန်တွင် လေတိုက်သွားမှုကြောင့် သူ့ကို စိတ်ရှုပ်ထွေးသွားစေပြီး မျက်တောင်ခတ်လိုက်သည်။ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင် အရမ်းလန့်သွားတာကြောင့် သူ့ပါးစပ်အား ချက်ချင်း လက်နဲ့ပိတ်ပစ်လိုက်သည်။

ပတ်ဝန်းကျင်က မပြောင်းလဲပေ၊ လူတွေကလဲ မပြောင်းလဲပေ၊ သို့သော် မရှိသင့်တဲ့ အရာတစ်ခုက ပိုရှိနေခဲ့သည်။

လေထုထဲတွင် အနက်ရောင်မြူတွေက အလွှာလိုက်ရှိနေခဲ့သည်။ စာအုပ်စင်ဘေးတွင် ထိုင်ခုံပေါ် စားပွဲပေါ်နဲ့ ပြတင်းပေါက်တွေမှာ တစ္ဆေတွေ ရှိနေခဲ့သည်။

သူတို့က တစ္ဆေဆိုပြီး သူဘာလို့ အဲ့လောက် သေချာသိနေရတာလဲ?

သူတို့ခြေထောက်တွေက ကြမ်းပြင်ပေါ် နင်းမနေကြပဲ သူတို့မျက်နှာတွေကလဲ လူသေအလောင်းလိုမျိုး ကြောက်ဖို့ကောင်းလောက်အောင် ဖြူဖွေးနေကြသည်။ တချို့က သူတို့ခြေတွေ၊ လက်တွေကို ကိုင်ထားကြပြီး တချို့ကတော့ သူတို့ခေါင်းကို ကိုင်ထားကြပြီး၊ တချို့က ငယ်ရွယ်တုန်းဖြစ်ကာ တချို့ကတော့ အသက်ကြီးနေကြသည်...

လီချောင်းရီ ရဲ့မျက်နှာက လုံးဝကို ဖြူဖျော့သွားခဲ့သည်။

ဒီကမ္ဘာမှာ တကယ်ကြီး သရဲတွေရှိနေတာပဲ!

အဖြူရောင် ပုံရိပ်လေးက သူ့ရှေ့တွင် ဖျော့တော့စွာ ရပ်နေခဲ့ပြီး သူ့မျက်လုံးကို ကြည့်နေခဲ့သည်။

မိန်းကလေးရဲ့ မျက်နှာက နေမကောင်းနေသလိုမျိုး ဖြူဖျော့နေသော်လည်း ပုံမှန်လိုပင်။ သူမက အဖြူရောင်စကပ်၊ ရိုးရှင်းသည့် ရှူးဖိနပ်လေးကို စီးထားပြီး သူမဆံပင်တွေက ပုခုံးနှစ်ဖက်တွင် ဖြန့်ချထားသည်။ သူမမျက်နှာက အရမ်းကို သန့်ရှင်းနေပြီး အိမ်နားမှ အပြစ်ကင်းစင်သည့် ညီမငယ်လေးလိုမျိုး အသက် ၁၃၊ ၁၄ နှစ်လောက်သာ ရှိပုံပေါ်သည်။

သို့သော်...

လီချောင်းရီ ကအသက်ပြင်းပြင်းရှူလိုက်သည်။

သူမက သရဲဖြစ်ရမယ်!

သူမက သူနောက်ဆုံးအကြိမ်က ကယ်ပေးခဲ့တဲ့သူဆိုတာ မှတ်မိနေသည်။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ သရဲကို ကားက တိုက်သွားတာ မဟုတ်ဘူး၊ သူပြေးသွားပြီး တစ်ဖက်ကို တွန်းလိုက်တာက သူပဲ!

လီချောင်းရီ ကနည်းနည်း ရှက်သွားခဲ့သည်။ ဒီရှက်ရွံ့မှုက သူ့မသိစိတ်က ကြောက်လန့်မှုတွေကိုတောင် ဖုံးလွှမ်းသွားခဲ့သည်။ သူက လှည့်လိုက်ပြီး ဖြစ်ပျက်နေသည့် အကြောင်းတွေအား ရှောင်ချန်း ကိုဆက်မေးချင်ပေမဲ့ သူ့အနောက်တွင် ရပ်နေခဲ့သည့် ‌ကောင်လေးကတော့ ရှိမနေတော့ပေ။

လုလု ကသူနဲ့မရင်းနှီးပေ။ သူမက သူနဲ့ သုံးမီတာအကွာလောက်တွင် ရပ်နေခဲ့သည်။ သူမပတ်ဝန်းကျင်မှ တစ္ဆေတွေက သူတို့နှစ်ယောက်ကိုတောင် ဖြတ်သွားကြသည်။ သူတို့က တစ်ခုခုကို ကြောက်နေသလိုမျိုး အကွာအဝေးကို ထိန်းထားကြပြီး အနားကို တိုးမလာကြပေ။

လုလု ကသူမရှေ့မှ ကောင်လေးကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ သူမက သူမဘဝရှိ အတောက်ပဆုံး အပြုံးကို ပြုံးပြလိုက်ပြီး နှုတ်ခမ်းထောင့်တွေက မြင့်တက်သွားကာ သူမသွားလေးတွေတောင် ပေါ်လာခဲ့သည်။ သူမမျက်လုံးတွေက ပုံမှန်မိန်းမငယ်လေးလိုမျိုး ကျဉ်းမြောင်းနေကာ တောက်ပနေသည်။

လီချောင်းရီ ကသူမအပြုံးကို ကြည့်လိုက်သည်။ သူတုန်ရီသွားပြီး ထိုအချိန်အတွင်း ပြောစရာစကားမဲ့သွားခဲ့သည်။

သို့သော် နောက်စက္ကန့်တွင် သူ့မျက်လုံးမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သတိလက်လွတ် သူ့မျက်လုံးတွေကို အုပ်လိုက်မိသည်။ နာကျင်မှုသက်သာသွားပြီး သူ့မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်က ပုံမှန်အခြေအနေကို ပြန်ရောက်နေခဲ့သည်။

အနက်ရောင်မြူတွေ၊ တစ္ဆေတွေ မရှိတော့ပဲ ခုနက မြင်လိုက်ရသည့် အဖြူရောင် မိန်းမငယ်လေးကလဲ သူ့စိတ်ကူးယဉ်မြင်မိသည့် ပုံရိပ်ယောင်လိုမျိုး ဖြစ်သွားကာ အရာအားလုံးက ပျောက်ကွယ်သွားခဲ့သည်။

လီချောင်းရီ ရဲ့မျက်လုံးတွေက စူးရှသည်။ မိန်းကလေး ရပ်နေခဲ့သည့် နေရာတွင် သတင်းစာကို သူတွေ့လိုက်သည်။ ခဏရပ်ပြီးနောက် အရှေ့ကို လျှောက်သွားမိကာ လက်ဆန့်လိုက်ပြီး သတင်းစာကို ကောက်ယူလိုက်သည်။

သတင်းစာခေါင်းစဉ်ကို သူဖတ်လိုက်ချိန်တွင် သူ့နားထင်ကြောတွေက ဖောင်းတက်လာခဲ့သည်။

သတင်းစာက ဝါနေပြီး ပုံစံနဲ့ ဓာတ်ပုံတွေကနေ သတင်းစာက နှစ်အနည်းငယ် ကြာနေပြီဆိုတာကို ပြောနိုင်သည်။

သတင်းစာအလယ်တွင် မျက်စိအာရုံစွဲဆောင်နိုင်သည့် ခေါင်းစဉ်က ရှိနေသည်။ ‘၁၄ နှစ်ကောင်မလေးက ဆရာရဲ့ဖိအားပေး rapမှုကြောင့် ခုန်ချကာ သက်သေသွားခဲ့သည်’ နောက်ပြီး ဆက်ပြောထားတာက ‘ဘာကြောင့် ခုန်မချသေးတာလဲ?’

လီချောင်းရီ ရဲ့မျက်လုံးတွေက မဲမှောင်သွားပြီး သူ့ခြေထောက်တွေက ပျော့ခွေလာကာ ကောင်းကောင်း မရပ်နိုင်တော့ပေ။

ဓာတ်ပုံတွင် ကောင်မလေးက ခေါင်းမိုးထပ်မှ ခုန်မချခင်ပုံက ပါနေပြီး အပြင်လူအုပ်ကြီးလဲ ရှိနေခဲ့သည်။

အဖြူရောင်ကို ဝတ်ထားတယ်...

အဝါရောင်သတင်းစာရှိ ဓာတ်ပုံကို ကြည့်လိုက်ပြီး စာရွက်ကို ကိုင်ထားသည့် လက်တွေက တင်းကြပ်သွားတာကြောင့် သတင်းစာက ချက်ချင်းကို ဘောလုံးလိုမျိုး ဖြစ်သွားခဲ့သည်။

တစ်ခုလုံးကို ပြောရရင် မိန်းမငယ်လေးက မျိုးရိုးလီ လို့အမည်ရသည့် ဆရာဆီမှ sex ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုကို ခံခဲ့ရကြောင်း ထင်ရှားနေသည်။ မတော်တဆနေ့တုန်းက သူက အပြစ်ပေးခံနေရတာကြောင့် ကောင်မလေးရဲ့ အကူအညီတောင်း ငိုသံကို ရှောင်မာ ကြားခဲ့ရသည်။ သို့သော် ရဲတွေ စုံစမ်းစစ်ဆေးပြီးနောက် မျက်မြင်သက်သေမရှိတာကြောင့် ကောင်မလေးက သူမကိုယ်သူမ သက်သေပြဖို့အတွက် အချက်အလက်တွေ မရှိခဲ့ပေ။

ပြည်သူတွေကတော့ မိန်းမငယ်လေးက သူမကိုယ်သူမ ဂရုမစိုက်လို့ဆိုတာပဲ ပြောခဲ့ကြသည်။ အပြစ်သားရဲ့ စိတ်ထားတွေကြောင့် မိန်းမငယ်လေးက မတော်တဆမှုကြောင့် ကိုယ့်ဘာသာ အပြစ်တင်ခဲ့ပြီး များပြားလှသည့် စိတ်ဓာတ်ကျမှုကို ခံစားခဲ့ရသည်။ နောက်တော့ မိန်းမငယ်လေးက အဆောက်အဦးမှ ခုန်ချဖို့ကို ရွေးချယ်ခဲ့သည်။ အဆောက်အဦးမှ ခုန်ချချိန်တွင် အပြင်သူတွေကတော့ “ခုန်လိုက်၊ မြန်မြန်ခုန်ချ”ဆိုပြီးတော့ အော်ခဲ့ကြသည်။

လီချောင်းရီ ကစာတစ်ခုလုံးကို ဖတ်ခဲ့သည်။ ဖတ်ဖို့ခက်ခဲနေခဲ့ပြီး ဖတ်ပြီးချိန်တွင် မသက်မသာခံစားလိုက်ရကာ သွေးတောင် အန်ချင်မိသွားခဲ့သည်။

လီမျိုးရိုး...

ရှောင်မာ...

လီချောင်းရီ ကသတင်းစာအား ငေးငိုင်ကာ စိုက်ကြည့်နေခဲ့ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်းတွင်ဖြစ်ပျက်ခဲ့တာတွေကို အမှတ်ရသွားခဲ့သည်။ ရုတ်တရက် အလင်းတန်းတစ်ခုက သူ့ဆီရောက်လာပြီး သူ့နှလုံးသားက ခုန်လှုပ်သွားကာ တည့်တည့်ကို စိုက်ကြည့်လိုက်သည်။

Fuck! ဒါက သူတွေးသလို မဖြစ်နိုင်ဘူး!

“ငါ အခုလေးတင် တစ္ဆေလွှမ်းမိုးတာကို တွေ့လိုက်တယ်!” လူအိုကြီးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာက အရမ်းကို ရှုံ့တွနေပြီး သူ့အသံက တုန်နေသည်။

ကောင်းကင်က ကြည်လင်နေပုံရကာ အပြာရောင်ဖြစ်နေသော်လည်း ပုံမှန်နဲ့မတူဖြစ်နေတုန်းပင်။

“အဲ့တော့ ဘာဖြစ်လို့လဲ?” ပြန်ဖြေလိုက်သည့်သူက အသက်နှစ်ဆယ်လောက်ရှိသည့် လူငယ်လေးဖြစ်သည်။ သူ့အမူအရာကတော့ သံသယရှိမှုကို ဖော်ပြနေပြီး သူ့အသံက ပျင်းရိနေပုံရသည်။ လူအိုကြီးရဲ့ စကားသံကို ကြားလိုက်ပြီးနောက် သူက အများကြီး မတွေးလိုက်ပေ။ သူက ခြေချိတ်ထိုင်ထားရင်း ဂိမ်းကိုသာ အာရုံစိုက်နေပြီး လူအိုကြီးရဲ့ စကားတွေကို အလေးအနက်မထားပေ။

လူအိုကြီးက ခေါင်းခါလိုက်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။ “ထူးဆန်းတယ်! တစ္ဆေလွှမ်းမိုးတာက ပေါ်လာရုံပဲရှိသေးတာကို ထပ်ပျောက်သွားတယ်၊ တခြားဖိအားကြောင့် ပျောက်သွားသလိုမျိုးပဲ”

လူအိုကြီးက အသက်ရှူသွင်းလိုက်ပြီး ခေါင်းခါကာ သူ့အမူအရာက မတည်မငြိမ်ဖြစ်နေပြီး သူ့ဘာသာ မေးခွန်းထုတ်လိုက်သည်။ “မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး! တစ္ဆေလွှမ်းမိုးတာကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖိနှိပ်နိုင်မှာလဲ?”

တစ္ဆေလွှမ်းမိုးမှု ပေါ်လာတာနဲ့ ပျောက်သွားဖို့က ခက်တယ်လို့ ပြောကြသည်။ ဒါက မိနစ်ပိုင်းပဲ ကြာလိုက်ပြီး ချက်ချင်းကို ဖိနှိပ်ခံလိုက်ရသည်။ ရုတ်ချည်း ကျယ်ပြန့်တာမဟုတ်ပဲ မငြိမ်မသက်နဲ့ အလျင်အမြန်နှုန်းနဲ့ ဖြစ်ပျက်သွားတာက အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ်!

ဒါက မဖြစ်နိုင်စရာပဲ။

တစ္ဆေလွှမ်းမိုးမှုက သူ့ဘာသာ ပေါ်လာတာနဲ့ နှစ်ပေါင်း တစ်ရာလောက် ဖြစ်နိုင်ပြီး ဒီကမ္ဘာမှာ တစ္ဆေလွှမ်းမိုးမှုကို ဖိနှိပ်နိုင်တဲ့ တစ်စုံတစ်ခု ရှိနေတာ ဖြစ်ရမည်။

“ဘာကြောင့်လဲ? မလုံလောက်သေးလို့ ပုံမပေါ်သေးတာ နေမှာပေါ့” လုရီအန်း ကဂိမ်းကစားရင်း မထိန်းချုပ်နိုင်ပဲ မျက်လုံးကို လှည့်လိုက်သည်။

ဒီလူအိုကြီးက ဘာတွေ လိုက်တွေးနေရတာလဲ?

“ရှောင်းရီ!!!” လူအိုကြီးက ဂရုမစိုက်ပဲ ဂိမ်းကစားနေသည့် သူ့မြေးအား ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး အော်လိုက်သည်။

“ဘာလဲ?” လုရီအန်း ရဲ့ဂိမ်းက အဓိကနေရာကို ရောက်နေခဲ့သည်။ လူအိုကြီးက သူ့ကို အော်လိုက်သံကို ကြားလိုက်ချိန်တွင် စိတ်ရှုပ်သွားပြီး နောက်စက္ကန့်တွင် တစ်ဖက်လူဆီမှ ချက်ချင်း အသတ်ခံလိုက်ရတာကြောင့် မထိန်းချုပ်နိုင်ပဲ ကျိန်ဆဲလိုက်သည်။ “Fuck”

လူအိုကြီးက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ “ရှောင်းမင် ကိုသွားခေါ်လိုက်သည်။ သူနဲ့ ဆွေးနွေးစရာရှိတယ်”

လုရီအန်း ကရပ်လိုက်ပြီး သူ့အမူအရာက အနည်းငယ် ရုပ်ဆိုးသွားသည်။ သူက ဒေါသဖြင့် ဆိုဖာပေါ် ဖုန်းကို ပစ်ချလိုက်ပြီး မျက်လုံးလှည့်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

ဒီလူသေအဘိုးကြီးကတော့ စင်မြင့်ပေါ်မှာတောင် ရှိမနေတဲ့ တရားမဝင်သား လုရီမင်း ကိုပဲဘယ်လိုလုပ်ပြီး မှတ်မိနေရတာလဲ? ဒီမိသားစုမှ သူက အကြီးဆုံးမြေးဆိုတာ အသိသာကြီးကို။ သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ်!

“အိုကေ၊ ကျွန်တော်သိပြီ”

ကျစ်၊ ဒီခွေးကောင် လုရီမင်း ကိုတစ်နေ့ကျရင် ဖယ်ရှားပစ်ရမယ်။

ဟမ့်!

-
ရှောင်ချန်း က ဂျင်းဟေးကျီ အပေါ်တွင် လှဲနေရင်း အိပ်ပျော်ဖို့ ကြိုးစားနေပုံရသည်။

ဂျင်းဟေးကျီ ရဲ့ဆံပင်ရှည်တွေက ကျောဘက်တွင် ပြန့်ကျဲနေပြီး ချွေးတွေနဲ့အတူ ရှောင်ချန်း ရဲ့ရင်ဘတ်တွင် ကပ်နေသည်။ ရှောင်ချန်း ရဲ့ခေါင်းက ဂျင်းဟေးကျီ ရဲ့လည်ပင်းတွင် မြုပ်နေပြီး သူ့ခေါင်းက ပုခုံးနားတွင် ပွတ်သပ်နေကာ ထိုလူရဲ့ အနံ့အား မွှေးကျူနေခဲ့သည်။

ပါပီလေးက သူ့သခင်ရဲ့အနံ့ကို မှတ်မိဖို့ ကြိုးစားနေသလိုမျိုးပင်။ ချစ်ဖို့ကောင်းလိုက်တာ။

ဂျင်းဟေးကျီ ကညင်သာစွာဖြင့် ပုံစံပြောင်းလိုက်ကာ ရှောင်ချန်း အားသူ့လက်မောင်းထဲတွင် ပွေ့ဖက်လိုက်သည်။ ရှောင်ချန်း ကမသက်မသာ အခြေအနေမှ သက်တောင့်သက်သာ အခြေအနေကို ရှာတွေ့သွားပြီး ထိုလူရဲ့ လက်မောင်းကြားထဲတွင် ဆက်လှဲလျောင်းနေလိုက်သည်။

ဂျင်းဟေးကျီ ကသူ့ခေါင်းကို ငုံ့လိုက်ပြီး ရှောင်းချန်း ရဲ့မျက်နှာကို စိုက်ကြည့်လိုက်သည်။ ရှောင်ချန်း ရဲ့နူးညံ့သည့် ခန္ဓာကိုယ်က ဘာအနှောင်အဖွဲ့၊ အတားအဆီးမှ ရှိမနေပဲ ထိုလူရဲ့ခန္ဓာကိုယ်နဲ့ ဆက်နွယ်နေခဲ့သည်။

ထိုလူက တစ်ဖက်လူရဲ့ ပင်ပန်းနေသည့် မျက်နှာကို စိုက်ကြည့်လိုက်ပြီး သူ့နဖူးအား နမ်းလိုက်သည်။

အညိုရောင် မျက်လုံးတွေက များပြားလှသည့် ခံစားချက်တွေနဲ့ ပြည့်နှက်နေသည်။ နူးညံ့မှု၊ ချစ်ခြင်းတရားတွေ ရှိနေပြီး ထို့အပြင် ပိုင်ဆိုင်လိုမှုတွေကလဲ များပြားနေသည်။

ဒါက သူ့ကလေး!

သူ့ဦးနှောက်က တစ်ခုခုကို ရုတ်တရက် ပြန်တွေးမိသွားပြီး ဂျင်းဟေးကျီ ရဲ့အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက မကောင်းသည့် ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး တစ်ဖက်လူအား ခေါင်းအုံးလိုမျိုး သူ့လက်မောင်းကြားထဲမှ ရှောင်ချန်း ရဲ့ခါးအား တင်းကြပ်စွာ ပွေ့လိုက်လိုက်သည်။

ငါ့အပိုင်! ငါ့အပိုင်!

ထိုလူရဲ့သွားတွေက တစ်ဖက်လူရဲ့ လည်ပင်းနားတွင် ပွတ်သပ်နေပြီး မေးရိုးမှတဆင့် မေးစေ့ဆီ ရွှေ့သွားခဲ့သည်...

ရှောင်ချန်း ကတင်းကြပ်စွာ အဖက်ခံထားရတာကြောင့် ထိုလူရဲ့ လက်မောင်းထဲတွင် မရုန်းကန်နိုင်ပေ။

“ဘေဘီ၊ ကိုယ် မင်းကို ချစ်တယ်” ဂျင်းဟေးကျီ ရဲ့အသံက လေးနက်နေခဲ့သည်။

ရှောင်ချန်း ကအိပ်ပျော်တစ်ဝက် ဖြစ်နေခဲ့သည်။ ထိုလူရဲ့စကားအား ကြားလိုက်ချိန်တွင် လက်ဆန့်ထုတ်လိုက်ပြီး ထိုလူရဲ့ လည်ပင်းတွင် ချိတ်တွယ်လိုက်သည်။ ထို့နောက် ထိုလူအား အကြိမ်များစွာနမ်းကာ ပြန်ဖြေလိုက်သည်။ “ကျွန်တော်လဲ ခင်ဗျားကို ချစ်တယ်၊ ကျွန်တော် အရမ်းအိပ်ချင်နေပြီ၊ ကျွန်တော့်ကို မနှောက်ယှက်ပါနဲ့တော့။ အိပ်ရအောင်နော်၊ ယောင်္ကျား!”

အသံက ချစ်ဖို့ကောင်းပြီး အလိုလိုက်ခံရမှုတွေနဲ့ ပြည့်နှက်နေသည်။

ဂျင်းဟေးကျီ ကဘာမှမပြောတော့ပဲ သူ့ကလေးလေး အိပ်မှာကို မနှောက်ယှက်တော့ပေ။ သူ့မျက်လုံးတွေက ပြုံးနေပေမဲ့ သူ့အကြည့်ကတော့ လှပစွာပုံဖော်ထားသည့် ရှောင်ချန်း ရဲ့မျက်နှာပေါ်တွင်သာ တည်ရှိနေသည်။

အမှောင်ထဲတွင် ထိုအညိုရောင် မျက်လုံးတွေက စိုက်ကြည့်နေခဲ့တာ အချိန်ဘယ်လောက်ကြာသွားမှန်း မသိနိုင်ပေ။

ချီးကျူးစရာက ဒီလိုအနေအထားဖြင့် ညတိုင်း သူ့ချစ်သူလေးနဲ့ အိပ်နေနိုင်သည်။

နောက်ဆုံးတော့ ရှောင်ချန်း ကလုံးဝအိပ်ပျော်သွားခဲ့ပြီး ထိုလူကတော့ သူ့ချစ်သူလေးရဲ့ ခန္ဓာကိုယ်တွင် နောက်ထပ် အမှတ်တွေ တစ်မှတ်ပြီး တစ်မှတ်ထားနေခဲ့သည်။

ကိုယ် မင်းကို အချိန်အကြာကြီး စောင့်နေခဲ့ပြီးပြီ! အရမ်းအကြာကြီး!

မင်းကို စောင့်နေခဲ့ရတဲ့ အချိန်တွေက အရမ်းခက်ခဲလွန်းခဲ့တယ်!

ဘယ်တော့မှ! ဘယ်တော့မှ ကိုယ့်ကို ထပ်ထားမသွားပါနဲ့တော့!

ကိုယ် မင်းကို ထပ်ရှာမတွေ့ရင် ရူးသွားလိမ့်မယ်!

-

လူအိုကြီးက ပြောပြီးနောက်တွင် သူက လုရီင်း ရဲ့မျက်နှာကို စိုက်ကြည့်နေပြီး အဖြေကောင်းကို စောင့်နေခဲ့သည်။

အမှန်တိုင်း ပြောရရင် သူ့နှလုံးသားထဲတွင် လုရီမင်း ထက် လုရီအန်း ကိုပိုချစ်သည်။ ထိုကလေးက သူ့အကြီးဆုံးမြေးဆိုပေမဲ့ အရမ်းမကောင်းတာကြောင့် ဒီတာဝန်ကြီးကို သူ့လက်တွေထဲ လက်လွှဲမပေးရဲပေ။

လုရီမင်း ကခဏလောက် တွေးနေခဲ့သည်။ တွန့်ဆုတ်နေခဲ့ကာ နောက်ဆုံးမှာတော့ သူ့ပါးစပ်ကိုဖွင့်ကာ တဖြည်းဖြည်း ပြန်ဖြေလိုက်သည်။ “ဒီကမ္ဘာမှာ တစ္ဆေဘုရင် ထိုလူကြီးရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်ကလဲ မတည်မငြိမ်ဖြစ်သွားပေမဲ့ ကံကောင်းစွာဖြင့် နံရံကြောင့် လဲကျမသွားခဲ့ပေ။ လူအိုကြီးရဲ့ မျက်နှာကပေါ်လာလို့များလား?”

အကျဉ်းတန်သွားကာ သူ့နှလုံးသားက ထိတ်လန့်နေပေမဲ့ ပြန်ချေပဖို့ အကြောင်းအား မတွေးနိုင်ပေ။

ကောင်းကင်က ရုတ်ချည်းပြောင်းလဲသွားပြီး ကမ္ဘာကြီးက ဗြောင်းပြန်အခြေအနေ ဖြစ်ခဲ့သည်။ ဒီကမ္ဘာတွင် တစ္ဆေဘုရင်မှလွဲ၍ ဒီလိုစွမ်းရည်မျိုး တခြားသူတွင် မရှိပေ။

လူအိုကြီးရဲ့ မျက်နှာက မဲမှောင်သွားခဲ့သည်။ “တစ္ဆေဘုရင် ကနှစ်ရာပေါင်းများစွာ တိတ်ဆိတ်နေခဲ့တာ။ ဒီကမ္ဘာမှာ သူပေါ်လာတာ ဘာကြောင့်လို မင်းထင်လဲ?”

လုရီမင်း ကအတော်လေး တည်ငြိမ်အေးဆေးနေသည်။ သူ့အကြည့်က လူအိုကြီး အကြည့်နောက်လိုက်ကာ အဝေးကို စိုက်ကြည့်လိုက်သည်။

သူ့အသံက အတော်လေး သာမန်ဖြစ်နေကာ မထူးမခြားပေ။

“နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ သူ့ချစ်သူကိုရှာဖို့”

ကိုယ့်နှလုံးသားထဲက စိတ်အားထက်သန်မှုတွေက မင်းကို ရှာဖို့ပဲ။

ကိုယ့်တစ်ဘဝလုံး မင်းကို ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်ထားချင်ပြီး မင်းကို ကိုယ့်ဘေးမှာပဲ ထားမယ်၊ မင်းအသွေးအသားတွေက ကိုယ်နဲ့ပဲ အတူရှိနေရမယ်။

သေချာပေါက်ကို! သေချာပေါက်ကို! နောက်ထပ် တစ်မိနစ်လောက် မင်းကို ဆုံးရှုံးလိုက်ရရင် ကိုယ် ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး!

ကိုယ့်အချစ်လေး။

ကျေးဇူးပြုပြီး ကိုယ့်ကို ထပ်ထားမသွားပါနဲ့တော့။

မဟုတ်ရင် ကိုယ်ရူးသွားပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်မိလိမ့်မယ်!

4.2.2023 (Sat)
^^^^^^^^^^^

Zawgyi

တစ္ေဆမ်က္လုံး (၅)

ေရွာင္ခ်န္း ကတစ္ေဆမရဲ႕ ယင္စြမ္းအင္ေတြျဖင့္ ေအးခဲေနသည့္ လီေခ်ာင္းရီ ကိုၾကည့္လိုက္သည္။ ယင္စြမ္းအင္ေတြက တျခားသူရဲ႕ေျခလက္ေတြတြင္ ရစ္ပတ္ေနခဲ့သည္။

ေရွာင္ခ်န္း ကမတ္တပ္ရပ္လိုက္ၿပီး စားပြဲေပၚက စာအုပ္ကို ေကာက္ယူလိုက္ကာ အမူအရာမဲ့စြာျဖင့္ ေနရာမွ ထြက္သြားခဲ့သည္။

လီေခ်ာင္းရီ ကထူးဆန္းစြာ ေျပာင္းလဲသြားသည့္ ရာသီဥတုမွ အလ်င္အျမန္ ပုံမွန္ျပန္ျဖစ္သြားခဲ့သည္။ ထူးဆန္းသည့္ ေကာင္ေလးက ထြက္သြားဖို႔လုပ္ေနတာကို ျမင္လိုက္ၿပီး ခ်က္ခ်င္း ထ,ရပ္လိုက္ကာ အေနာက္မွ လိုက္လိုက္သည္။ အခုေနာက္ပိုင္း သူ႕တြင္ ဆက္တိုက္ျဖစ္ပ်က္ေနသည့္ ထူးဆန္းသည့္ အရာေတြကို ေတြးမိလိုက္ခ်ိန္တြင္ ႐ူးသြားေတာ့မလို ျဖစ္ေနသည့္ မာယန္ယု ကတျခားလူက တစ္ခုခုေတာ့ သိေနေလာက္တယ္လို႔ ခံစားမိလိုက္သည္။ စိုးထိတ္ေနသည့္ အမူအရာျဖင့္ တစ္ဖက္လူရဲ႕ ေျခလွမ္းအတိုင္း အမွီလိုက္လိုက္ကာ ေျပာလိုက္သည္။ မင္း တစ္ခုခု သိေနတယ္မလား? ငါ့ကို ေျပာျပေပးနိုင္မလား?

ေရွာင္ခ်န္း ကရပ္လိုက္ၿပီး ျပန္လွည့္လိုက္ကာ လီေခ်ာင္းရီ အားၾကည့္လိုက္သည္။ တစ္ဖက္က ေျခလွမ္းႏွစ္လွမ္းအကြာတြင္ တင္းမာစြာ ရပ္ေနခဲ့သည္။ ေရွာင္ခ်န္း ရဲ႕အမူအရာက မေျပာင္းလဲေပ။ မင္း သိခ်င္ရင္ သူမက မင္းကို ေျပာျပလိမ့္မယ္

သူမ လီေခ်ာင္းရီ ကသံသယဖြစ်စွာြဖင့် မ်က္လုံးကို က်ဥ္းေျမာင္းလိုက္သည္။ တစ္ဖက္လူရဲ႕ ေျပာစကားကို နားမလည္တာေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူမက ဘယ္သူ႕ကို ေျပာတာလဲ?

ေရွာင္ခ်န္း ကၿပဳံးလိုက္ၿပီး သူ႕ဖီးနစ္မ်က္လုံးေတြက သူ႕ခႏၶာကိုယ္အား ေက်ာ္ကာ ဘာစကားမွမေျပာပဲ ၾကည့္လိုက္သည္။

လီေခ်ာင္းရီ ကႏႈတ္ခမ္းကို ေစ့ထားၿပီး သူ႕တစ္ကိုယ္လုံးက ေတာင့္တင္းသြားခဲ့သည္။ တစ္ဖက္လူရဲ႕ မ်က္လုံးက လူသားမဟုတ္ပဲ ပုံရိပ္ေယာင္ကို ျမင္လိုက္သလိုမ်ိဳး အျဖဴေရာင္ေရာင္ျပန္မႈက ရွိေနခဲ့သည္။

ပိုအေရးႀကီးတာက အဲ့အျဖဴေရာင္အရိပ္က သူ႕ေက်ာဘက္နဲ႕ အနီးဆုံးမွာရွိေနၿပီး သူ႕ကို တိတ္တဆိတ္ ၾကည့္ေနတာပဲ!

Holy shit!!!

လီေခ်ာင္းရီ ကသူ႕ခႏၶာကိုယ္အား ေရခဲေရနဲ႕ ေလာင္းခံလိုက္သလိုမ်ိဳး ျဖစ္သြားခဲ့သည္။ သူ႕လက္ေတြ၊ ေျခေထာက္ေတြက ေရခဲေပၚတြင္ ရွိေနသလိုမ်ိဳး တုန္ရီေနခဲ့သည္။ ေၾကာက္လန႔္မႈေၾကာင့္ ေခြၽးေအးေတြက ထြက္ေနၿပီး သူ႕လည္ေခ်ာင္းမွ ေအာ္သံက ထြက္လုနီးပါး ျဖစ္ေနေပမဲ့ သူ႕ကိုယ္သူ ျပန္ထိန္းခ်ဳပ္လိုက္သည္။

သူ႕ေခါင္းက ေတာင့္တင္းေနၿပီး လက္ေတြက လက္သီးဆုပ္ေနခဲ့ကာ သူ႕ႏွလုံးသားက ေနာက္စကၠန႔္ပိုင္းအတြင္း အျပင္ကို ခုန္ထြက္ေတာ့မလိုမ်ိဳး အျပင္းအထန္ ခုန္ေနခဲ့သည္။

သူ႕ေခါင္းကို ျဖည္းျဖည္းခ်င္း လႈပ္ရွားလိုက္ၿပီး တျဖည္းျဖည္း လွည့္လိုက္သည္။ သူ႕ခႏၶာကိုယ္က တုန္ရီေနတုန္းျဖစ္ကာ သတၱိေတြက အနည္းငယ္သာ က်န္ရွိေနေတာ့သည္။

လီေခ်ာင္းရီ ကလွည့္လိုက္ခ်ိန္တြင္ ေလတိုက္သြားမႈေၾကာင့္ သူ႕ကို စိတ္ရႈပ္ေထြးသြားေစၿပီး မ်က္ေတာင္ခတ္လိုက္သည္။ သူ႕မ်က္လုံးကို ျပန္ဖြင့္လိုက္ခ်ိန္တြင္ အရမ္းလန႔္သြားတာေၾကာင့္ သူ႕ပါးစပ္အား ခ်က္ခ်င္း လက္နဲ႕ပိတ္ပစ္လိုက္သည္။

ပတ္ဝန္းက်င္က မေျပာင္းလဲေပ၊ လူေတြကလဲ မေျပာင္းလဲေပ၊ သို႔ေသာ္ မရွိသင့္တဲ့ အရာတစ္ခုက ပိုရွိေနခဲ့သည္။

ေလထုထဲတြင္ အနက္ေရာင္ျမဴေတြက အလႊာလိုက္ရွိေနခဲ့သည္။ စာအုပ္စင္ေဘးတြင္ ထိုင္ခုံေပၚ စားပြဲေပၚနဲ႕ ျပတင္းေပါက္ေတြမွာ တစ္ေဆေတြ ရွိေနခဲ့သည္။

သူတို႔က တစ္ေဆဆိုၿပီး သူဘာလို႔ အဲ့ေလာက္ ေသခ်ာသိေနရတာလဲ?

သူတို႔ေျခေထာက္ေတြက ၾကမ္းျပင္ေပၚ နင္းမေနၾကပဲ သူတို႔မ်က္ႏွာေတြကလဲ လူေသအေလာင္းလိုမ်ိဳး ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ျဖဴေဖြးေနၾကသည္။ တခ်ိဳ႕က သူတို႔ေျခေတြ၊ လက္ေတြကို ကိုင္ထားၾကၿပီး တခ်ိဳ႕ကေတာ့ သူတို႔ေခါင္းကို ကိုင္ထားၾကၿပီး၊ တခ်ိဳ႕က ငယ္႐ြယ္တုန္းျဖစ္ကာ တခ်ိဳ႕ကေတာ့ အသက္ႀကီးေနၾကသည္...

လီေခ်ာင္းရီ ရဲ႕မ်က္ႏွာက လုံးဝကို ျဖဴေဖ်ာ့သြားခဲ့သည္။

ဒီကမၻာမွာ တကယ္ႀကီး သရဲေတြရွိေနတာပဲ!

အျဖဴေရာင္ ပုံရိပ္ေလးက သူ႕ေရွ႕တြင္ ေဖ်ာ့ေတာ့စြာ ရပ္ေနခဲ့ၿပီး သူ႕မ်က္လုံးကို ၾကည့္ေနခဲ့သည္။

မိန္းကေလးရဲ႕ မ်က္ႏွာက ေနမေကာင္းေနသလိုမ်ိဳး ျဖဴေဖ်ာ့ေနေသာ္လည္း ပုံမွန္လိုပင္။ သူမက အျဖဴေရာင္စကပ္၊ ရိုးရွင္းသည့္ ရႉးဖိနပ္ေလးကို စီးထားၿပီး သူမဆံပင္ေတြက ပုခုံးႏွစ္ဖက္တြင္ ျဖန႔္ခ်ထားသည္။ သူမမ်က္ႏွာက အရမ္းကို သန႔္ရွင္းေနၿပီး အိမ္နားမွ အျပစ္ကင္းစင္သည့္ ညီမငယ္ေလးလိုမ်ိဳး အသက္ ၁၃၊ ၁၄ ႏွစ္ေလာက္သာ ရွိပုံေပၚသည္။

သို႔ေသာ္...

လီေခ်ာင္းရီ ကအသက္ျပင္းျပင္းရႉလိုက္သည္။

သူမက သရဲျဖစ္ရမယ္!

သူမက သူေနာက္ဆုံးအႀကိမ္က ကယ္ေပးခဲ့တဲ့သူဆိုတာ မွတ္မိေနသည္။

မဟုတ္ဘူး၊ မဟုတ္ဘူး၊ သရဲကို ကားက တိုက္သြားတာ မဟုတ္ဘူး၊ သူေျပးသြားၿပီး တစ္ဖက္ကို တြန္းလိုက္တာက သူပဲ!

လီေခ်ာင္းရီ ကနည္းနည္း ရွက္သြားခဲ့သည္။ ဒီရွက္႐ြံ႕မႈက သူ႕မသိစိတ္က ေၾကာက္လန႔္မႈေတြကိုေတာင္ ဖုံးလႊမ္းသြားခဲ့သည္။ သူက လွည့္လိုက္ၿပီး ျဖစ္ပ်က္ေနသည့္ အေၾကာင္းေတြအား ေရွာင္ခ်န္း ကိုဆက္ေမးခ်င္ေပမဲ့ သူ႕အေနာက္တြင္ ရပ္ေနခဲ့သည့္ ေကာင္ေလးကေတာ့ ရွိမေနေတာ့ေပ။

လုလု ကသူနဲ႕မရင္းႏွီးေပ။ သူမက သူနဲ႕ သုံးမီတာအကြာေလာက္တြင္ ရပ္ေနခဲ့သည္။ သူမပတ္ဝန္းက်င္မွ တစ္ေဆေတြက သူတို႔ႏွစ္ေယာက္ကိုေတာင္ ျဖတ္သြားၾကသည္။ သူတို႔က တစ္ခုခုကို ေၾကာက္ေနသလိုမ်ိဳး အကြာအေဝးကို ထိန္းထားၾကၿပီး အနားကို တိုးမလာၾကေပ။

လုလု ကသူမေရွ႕မွ ေကာင္ေလးကို ၾကည့္လိုက္ၿပီး ၿပဳံးျပလိုက္သည္။ သူမက သူမဘဝရွိ အေတာက္ပဆုံး အၿပဳံးကို ၿပဳံးျပလိုက္ၿပီး ႏႈတ္ခမ္းေထာင့္ေတြက ျမင့္တက္သြားကာ သူမသြားေလးေတြေတာင္ ေပၚလာခဲ့သည္။ သူမမ်က္လုံးေတြက ပုံမွန္မိန္းမငယ္ေလးလိုမ်ိဳး က်ဥ္းေျမာင္းေနကာ ေတာက္ပေနသည္။

လီေခ်ာင္းရီ ကသူမအၿပဳံးကို ၾကည့္လိုက္သည္။ သူတုန္ရီသြားၿပီး ထိုအခ်ိန္အတြင္း ေျပာစရာစကားမဲ့သြားခဲ့သည္။

သို႔ေသာ္ ေနာက္စကၠန႔္တြင္ သူ႕မ်က္လုံးမွ နာက်င္မႈကို ခံစားလိုက္ရသည္။ သတိလက္လြတ္ သူ႕မ်က္လုံးေတြကို အုပ္လိုက္မိသည္။ နာက်င္မႈသက္သာသြားၿပီး သူ႕မ်က္လုံးကို ျပန္ဖြင့္လိုက္ခ်ိန္တြင္ သူ႕ပတ္ဝန္းက်င္က ပုံမွန္အေျခအေနကို ျပန္ေရာက္ေနခဲ့သည္။

အနက္ေရာင္ျမဴေတြ၊ တစ္ေဆေတြ မရွိေတာ့ပဲ ခုနက ျမင္လိုက္ရသည့္ အျဖဴေရာင္ မိန္းမငယ္ေလးကလဲ သူ႕စိတ္ကူးယဥ္ျမင္မိသည့္ ပုံရိပ္ေယာင္လိုမ်ိဳး ျဖစ္သြားကာ အရာအားလုံးက ေပ်ာက္ကြယ္သြားခဲ့သည္။

လီေခ်ာင္းရီ ရဲ႕မ်က္လုံးေတြက စူးရွသည္။ မိန္းကေလး ရပ္ေနခဲ့သည့္ ေနရာတြင္ သတင္းစာကို သူေတြ႕လိုက္သည္။ ခဏရပ္ၿပီးေနာက္ အေရွ႕ကို ေလွ်ာက္သြားမိကာ လက္ဆန႔္လိုက္ၿပီး သတင္းစာကို ေကာက္ယူလိုက္သည္။

သတင္းစာေခါင္းစဥ္ကို သူဖတ္လိုက္ခ်ိန္တြင္ သူ႕နားထင္ေၾကာေတြက ေဖာင္းတက္လာခဲ့သည္။

သတင္းစာက ဝါေနၿပီး ပုံစံနဲ႕ ဓာတ္ပုံေတြကေန သတင္းစာက ႏွစ္အနည္းငယ္ ၾကာေနၿပီဆိုတာကို ေျပာနိုင္သည္။

သတင္းစာအလယ္တြင္ မ်က္စိအာ႐ုံစြဲေဆာင္နိုင္သည့္ ေခါင္းစဥ္က ရွိေနသည္။ ၁၄ ႏွစ္ေကာင္မေလးက ဆရာရဲ႕ဖိအားေပး rapမႈေၾကာင့္ ခုန္ခ်ကာ သက္ေသသြားခဲ့သည္ ေနာက္ၿပီး ဆက္ေျပာထားတာက ဘာေၾကာင့္ ခုန္မခ်ေသးတာလဲ?

လီေခ်ာင္းရီ ရဲ႕မ်က္လုံးေတြက မဲေမွာင္သြားၿပီး သူ႕ေျခေထာက္ေတြက ေပ်ာ့ေခြလာကာ ေကာင္းေကာင္း မရပ္နိုင္ေတာ့ေပ။

ဓာတ္ပုံတြင္ ေကာင္မေလးက ေခါင္းမိုးထပ္မွ ခုန္မခ်ခင္ပုံက ပါေနၿပီး အျပင္လူအုပ္ႀကီးလဲ ရွိေနခဲ့သည္။

အျဖဴေရာင္ကို ဝတ္ထားတယ္...

အဝါေရာင္သတင္းစာရွိ ဓာတ္ပုံကို ၾကည့္လိုက္ၿပီး စာ႐ြက္ကို ကိုင္ထားသည့္ လက္ေတြက တင္းၾကပ္သြားတာေၾကာင့္ သတင္းစာက ခ်က္ခ်င္းကို ေဘာလုံးလိုမ်ိဳး ျဖစ္သြားခဲ့သည္။

တစ္ခုလုံးကို ေျပာရရင္ မိန္းမငယ္ေလးက မ်ိဳးရိုးလီ လို႔အမည္ရသည့္ ဆရာဆီမွ sex ပိုင္းဆိုင္ရာ အနိုင္က်င့္မႈကို ခံခဲ့ရေၾကာင္း ထင္ရွားေနသည္။ မေတာ္တဆေန႕တုန္းက သူက အျပစ္ေပးခံေနရတာေၾကာင့္ ေကာင္မေလးရဲ႕ အကူအညီေတာင္း ငိုသံကို ေရွာင္မာ ၾကားခဲ့ရသည္။ သို႔ေသာ္ ရဲေတြ စုံစမ္းစစ္ေဆးၿပီးေနာက္ မ်က္ျမင္သက္ေသမရွိတာေၾကာင့္ ေကာင္မေလးက သူမကိုယ္သူမ သက္ေသျပဖို႔အတြက္ အခ်က္အလက္ေတြ မရွိခဲ့ေပ။

ျပည္သူေတြကေတာ့ မိန္းမငယ္ေလးက သူမကိုယ္သူမ ဂ႐ုမစိုက္လို႔ဆိုတာပဲ ေျပာခဲ့ၾကသည္။ အျပစ္သားရဲ႕ စိတ္ထားေတြေၾကာင့္ မိန္းမငယ္ေလးက မေတာ္တဆမႈေၾကာင့္ ကိုယ့္ဘာသာ အျပစ္တင္ခဲ့ၿပီး မ်ားျပားလွသည့္ စိတ္ဓာတ္က်မႈကို ခံစားခဲ့ရသည္။ ေနာက္ေတာ့ မိန္းမငယ္ေလးက အေဆာက္အဦးမွ ခုန္ခ်ဖိဳ႕ကို ေ႐ြးခ်ယ္ခဲ့သည္။ အေဆာက္အဦးမွ ခုန္ခ်ခ်ိန္တြင္ အျပင္သူေတြကေတာ့ ခုန္လိုက္၊ ျမန္ျမန္ခုန္ခ်ဆိုၿပီးေတာ့ ေအာ္ခဲ့ၾကသည္။

လီေခ်ာင္းရီ ကစာတစ္ခုလုံးကို ဖတ္ခဲ့သည္။ ဖတ္ဖို႔ခက္ခဲေနခဲ့ၿပီး ဖတ္ၿပီးခ်ိန္တြင္ မသက္မသာခံစားလိုက္ရကာ ေသြးေတာင္ အန္ခ်င္မိသြားခဲ့သည္။

လီမ်ိဳးရိုး...

ေရွာင္မာ...

လီေခ်ာင္းရီ ကသတင္းစာအား ေငးငိုင္ကာ စိုက္ၾကည့္ေနခဲ့ၿပီး လြန္ခဲ့သည့္ ရက္အနည္းငယ္က ေက်ာင္းတြင္ျဖစ္ပ်က္ခဲ့တာေတြကို အမွတ္ရသြားခဲ့သည္။ ႐ုတ္တရက္ အလင္းတန္းတစ္ခုက သူ႕ဆီေရာက္လာၿပီး သူ႕ႏွလုံးသားက ခုန္လႈပ္သြားကာ တည့္တည့္ကို စိုက္ၾကည့္လိုက္သည္။

Fuck! ဒါက သူေတြးသလို မျဖစ္နိုင္ဘူး!

ငါ အခုေလးတင္ တစ္ေဆလႊမ္းမိုးတာကို ေတြ႕လိုက္တယ္! လူအိုႀကီးက ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ သူ႕မ်က္ႏွာက အရမ္းကို ရႈံ႕တြေနၿပီး သူ႕အသံက တုန္ေနသည္။

ေကာင္းကင္က ၾကည္လင္ေနပုံရကာ အျပာေရာင္ျဖစ္ေနေသာ္လည္း ပုံမွန္နဲ႕မတူျဖစ္ေနတုန္းပင္။

အဲ့ေတာ့ ဘာျဖစ္လို႔လဲ? ျပန္ေျဖလိုက္သည့္သူက အသက္ႏွစ္ဆယ္ေလာက္ရွိသည့္ လူငယ္ေလးျဖစ္သည္။ သူ႕အမူအရာကေတာ့ သံသယရွိမႈကို ေဖာ္ျပေနၿပီး သူ႕အသံက ပ်င္းရိေနပုံရသည္။ လူအိုႀကီးရဲ႕ စကားသံကို ၾကားလိုက္ၿပီးေနာက္ သူက အမ်ားႀကီး မေတြးလိုက္ေပ။ သူက ေျခခ်ိတ္ထိုင္ထားရင္း ဂိမ္းကိုသာ အာ႐ုံစိုက္ေနၿပီး လူအိုႀကီးရဲ႕ စကားေတြကို အေလးအနက္မထားေပ။

လူအိုႀကီးက ေခါင္းခါလိုက္ရင္း သူ႕ဘာသာ ေရ႐ြတ္လိုက္သည္။ ထူးဆန္းတယ္! တစ္ေဆလႊမ္းမိုးတာက ေပၚလာ႐ုံပဲရွိေသးတာကို ထပ္ေပ်ာက္သြားတယ္၊ တျခားဖိအားေၾကာင့္ ေပ်ာက္သြားသလိုမ်ိဳးပဲ

လူအိုႀကီးက အသက္ရႉသြင္းလိုက္ၿပီး ေခါင္းခါကာ သူ႕အမူအရာက မတည္မၿငိမ္ျဖစ္ေနၿပီး သူ႕ဘာသာ ေမးခြန္းထုတ္လိုက္သည္။ မဟုတ္ဘူး၊ မျဖစ္နိုင္ဘူး! တစ္ေဆလႊမ္းမိုးတာကို ဘယ္လိုလုပ္ၿပီး အလြယ္တကူ ဖိႏွိပ္နိုင္မွာလဲ?

တစ္ေဆလႊမ္းမိုးမႈ ေပၚလာတာနဲ႕ ေပ်ာက္သြားဖို႔က ခက္တယ္လို႔ ေျပာၾကသည္။ ဒါက မိနစ္ပိုင္းပဲ ၾကာလိုက္ၿပီး ခ်က္ခ်င္းကို ဖိႏွိပ္ခံလိုက္ရသည္။ ႐ုတ္ခ်ည္း က်ယ္ျပန႔္တာမဟုတ္ပဲ မၿငိမ္မသက္နဲ႕ အလ်င္အျမန္ႏႈန္းနဲ႕ ျဖစ္ပ်က္သြားတာက အရမ္းကို ေၾကာက္ဖို႔ေကာင္းလြန္းတယ္!

ဒါက မျဖစ္နိုင္စရာပဲ။

တစ္ေဆလႊမ္းမိုးမႈက သူ႕ဘာသာ ေပၚလာတာနဲ႕ ႏွစ္ေပါင္း တစ္ရာေလာက္ ျဖစ္နိုင္ၿပီး ဒီကမၻာမွာ တစ္ေဆလႊမ္းမိုးမႈကို ဖိႏွိပ္နိုင္တဲ့ တစ္စုံတစ္ခု ရွိေနတာ ျဖစ္ရမည္။

ဘာေၾကာင့္လဲ? မလုံေလာက္ေသးလို႔ ပုံမေပၚေသးတာ ေနမွာေပါ့ လုရီအန္း ကဂိမ္းကစားရင္း မထိန္းခ်ဳပ္နိုင္ပဲ မ်က္လုံးကို လွည့္လိုက္သည္။

ဒီလူအိုႀကီးက ဘာေတြ လိုက္ေတြးေနရတာလဲ?

ေရွာင္းရီ!!! လူအိုႀကီးက ဂ႐ုမစိုက္ပဲ ဂိမ္းကစားေနသည့္ သူ႕ေျမးအား ၾကည့္လိုက္သည္။ သူက မ်က္ေမွာင္ၾကဳတ္ၿပီး ေအာ္လိုက္သည္။

ဘာလဲ? လုရီအန္း ရဲ႕ဂိမ္းက အဓိကေနရာကို ေရာက္ေနခဲ့သည္။ လူအိုႀကီးက သူ႕ကို ေအာ္လိုက္သံကို ၾကားလိုက္ခ်ိန္တြင္ စိတ္ရႈပ္သြားၿပီး ေနာက္စကၠန႔္တြင္ တစ္ဖက္လူဆီမွ ခ်က္ခ်င္း အသတ္ခံလိုက္ရတာေၾကာင့္ မထိန္းခ်ဳပ္နိုင္ပဲ က်ိန္ဆဲလိုက္သည္။ Fuck

လူအိုႀကီးက စိတ္ပ်က္စြာျဖင့္ သက္ျပင္းခ်လိဳက္သည္။ ေရွာင္းမင္ ကိုသြားေခၚလိုက္သည္။ သူနဲ႕ ေဆြးႏြေးစရာရွိတယ္

လုရီအန္း ကရပ္လိုက္ၿပီး သူ႕အမူအရာက အနည္းငယ္ ႐ုပ္ဆိုးသြားသည္။ သူက ေဒါသျဖင့္ ဆိုဖာေပၚ ဖုန္းကို ပစ္ခ်လိဳက္ၿပီး မ်က္လုံးလွည့္ကာ ေကာင္းကင္ကို ၾကည့္လိုက္သည္။

ဒီလူေသအဘိုးႀကီးကေတာ့ စင္ျမင့္ေပၚမွာေတာင္ ရွိမေနတဲ့ တရားမဝင္သား လုရီမင္း ကိုပဲဘယ္လိုလုပ္ၿပီး မွတ္မိေနရတာလဲ? ဒီမိသားစုမွ သူက အႀကီးဆုံးေျမးဆိုတာ အသိသာႀကီးကို။ ေသာက္ရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္!

အိုေက၊ ကြၽန္ေတာ္သိၿပီ

က်စ္၊ ဒီေခြးေကာင္ လုရီမင္း ကိုတစ္ေန႕က်ရင္ ဖယ္ရွားပစ္ရမယ္။

ဟမ့္!

-
ေရွာင္ခ်န္း က ဂ်င္းေဟးက်ီ အေပၚတြင္ လွဲေနရင္း အိပ္ေပ်ာ္ဖို႔ ႀကိဳးစားေနပုံရသည္။

ဂ်င္းေဟးက်ီ ရဲ႕ဆံပင္ရွည္ေတြက ေက်ာဘက္တြင္ ျပန႔္က်ဲေနၿပီး ေခြၽးေတြနဲ႕အတူ ေရွာင္ခ်န္း ရဲ႕ရင္ဘတ္တြင္ ကပ္ေနသည္။ ေရွာင္ခ်န္း ရဲ႕ေခါင္းက ဂ်င္းေဟးက်ီ ရဲ႕လည္ပင္းတြင္ ျမဳပ္ေနၿပီး သူ႕ေခါင္းက ပုခုံးနားတြင္ ပြတ္သပ္ေနကာ ထိုလူရဲ႕ အနံ႕အား ေမႊးက်ဴေနခဲ့သည္။

ပါပီေလးက သူ႕သခင္ရဲ႕အနံ႕ကို မွတ္မိဖို႔ ႀကိဳးစားေနသလိုမ်ိဳးပင္။ ခ်စ္ဖို႔ေကာင္းလိုက္တာ။

ဂ်င္းေဟးက်ီ ကညင္သာစြာျဖင့္ ပုံစံေျပာင္းလိုက္ကာ ေရွာင္ခ်န္း အားသူ႕လက္ေမာင္းထဲတြင္ ေပြ႕ဖက္လိုက္သည္။ ေရွာင္ခ်န္း ကမသက္မသာ အေျခအေနမွ သက္ေတာင့္သက္သာ အေျခအေနကို ရွာေတြ႕သြားၿပီး ထိုလူရဲ႕ လက္ေမာင္းၾကားထဲတြင္ ဆက္လွဲေလ်ာင္းေနလိုက္သည္။

ဂ်င္းေဟးက်ီ ကသူ႕ေခါင္းကို ငုံ႕လိုက္ၿပီး ေရွာင္းခ်န္း ရဲ႕မ်က္ႏွာကို စိုက္ၾကည့္လိုက္သည္။ ေရွာင္ခ်န္း ရဲ႕ႏူးညံ့သည့္ ခႏၶာကိုယ္က ဘာအႏွောင္အဖြဲ႕၊ အတားအဆီးမွ ရွိမေနပဲ ထိုလူရဲ႕ခႏၶာကိုယ္နဲ႕ ဆက္ႏြယ္ေနခဲ့သည္။

ထိုလူက တစ္ဖက္လူရဲ႕ ပင္ပန္းေနသည့္ မ်က္ႏွာကို စိုက္ၾကည့္လိုက္ၿပီး သူ႕နဖူးအား နမ္းလိုက္သည္။

အညိုေရာင္ မ်က္လုံးေတြက မ်ားျပားလွသည့္ ခံစားခ်က္ေတြနဲ႕ ျပည့္ႏွက္ေနသည္။ ႏူးညံ့မႈ၊ ခ်စ္ျခင္းတရားေတြ ရွိေနၿပီး ထို႔အျပင္ ပိုင္ဆိုင္လိုမႈေတြကလဲ မ်ားျပားေနသည္။

ဒါက သူ႕ကေလး!

သူ႕ဦးႏွောက္က တစ္ခုခုကို ႐ုတ္တရက္ ျပန္ေတြးမိသြားၿပီး ဂ်င္းေဟးက်ီ ရဲ႕အမူအရာက အနည္းငယ္ ေျပာင္းလဲသြားခဲ့သည္။ သူက မေကာင္းသည့္ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္လိုက္ၿပီး တစ္ဖက္လူအား ေခါင္းအုံးလိုမ်ိဳး သူ႕လက္ေမာင္းၾကားထဲမွ ေရွာင္ခ်န္း ရဲ႕ခါးအား တင္းၾကပ္စြာ ေပြ႕လိုက္လိုက္သည္။

ငါ့အပိုင္! ငါ့အပိုင္!

ထိုလူရဲ႕သြားေတြက တစ္ဖက္လူရဲ႕ လည္ပင္းနားတြင္ ပြတ္သပ္ေနၿပီး ေမးရိုးမွတဆင့္ ေမးေစ့ဆီ ေ႐ႊ႕သြားခဲ့သည္...

ေရွာင္ခ်န္း ကတင္းၾကပ္စြာ အဖက္ခံထားရတာေၾကာင့္ ထိုလူရဲ႕ လက္ေမာင္းထဲတြင္ မ႐ုန္းကန္နိုင္ေပ။

ေဘဘီ၊ ကိုယ္ မင္းကို ခ်စ္တယ္ ဂ်င္းေဟးက်ီ ရဲ႕အသံက ေလးနက္ေနခဲ့သည္။

ေရွာင္ခ်န္း ကအိပ္ေပ်ာ္တစ္ဝက္ ျဖစ္ေနခဲ့သည္။ ထိုလူရဲ႕စကားအား ၾကားလိုက္ခ်ိန္တြင္ လက္ဆန႔္ထုတ္လိုက္ၿပီး ထိုလူရဲ႕ လည္ပင္းတြင္ ခ်ိတ္တြယ္လိုက္သည္။ ထို႔ေနာက္ ထိုလူအား အႀကိမ္မ်ားစြာနမ္းကာ ျပန္ေျဖလိုက္သည္။ ကြၽန္ေတာ္လဲ ခင္ဗ်ားကို ခ်စ္တယ္၊ ကြၽန္ေတာ္ အရမ္းအိပ္ခ်င္ေနၿပီ၊ ကြၽန္ေတာ့္ကို မႏွောက္ယွက္ပါနဲ႕ေတာ့။ အိပ္ရေအာင္ေနာ္၊ ေယာကၤ်ား!

အသံက ခ်စ္ဖို႔ေကာင္းၿပီး အလိုလိုက္ခံရမႈေတြနဲ႕ ျပည့္ႏွက္ေနသည္။

ဂ်င္းေဟးက်ီ ကဘာမွမေျပာေတာ့ပဲ သူ႕ကေလးေလး အိပ္မွာကို မႏွောက္ယွက္ေတာ့ေပ။ သူ႕မ်က္လုံးေတြက ၿပဳံးေနေပမဲ့ သူ႕အၾကည့္ကေတာ့ လွပစြာပုံေဖာ္ထားသည့္ ေရွာင္ခ်န္း ရဲ႕မ်က္ႏွာေပၚတြင္သာ တည္ရွိေနသည္။

အေမွာင္ထဲတြင္ ထိုအညိုေရာင္ မ်က္လုံးေတြက စိုက္ၾကည့္ေနခဲ့တာ အခ်ိန္ဘယ္ေလာက္ၾကာသြားမွန္း မသိနိုင္ေပ။

ခ်ီးက်ဴးစရာက ဒီလိုအေနအထားျဖင့္ ညတိုင္း သူ႕ခ်စ္သူေလးနဲ႕ အိပ္ေနနိုင္သည္။

ေနာက္ဆုံးေတာ့ ေရွာင္ခ်န္း ကလုံးဝအိပ္ေပ်ာ္သြားခဲ့ၿပီး ထိုလူကေတာ့ သူ႕ခ်စ္သူေလးရဲ႕ ခႏၶာကိုယ္တြင္ ေနာက္ထပ္ အမွတ္ေတြ တစ္မွတ္ၿပီး တစ္မွတ္ထားေနခဲ့သည္။

ကိုယ္ မင္းကို အခ်ိန္အၾကာႀကီး ေစာင့္ေနခဲ့ၿပီးၿပီ! အရမ္းအၾကာႀကီး!

မင္းကို ေစာင့္ေနခဲ့ရတဲ့ အခ်ိန္ေတြက အရမ္းခက္ခဲလြန္းခဲ့တယ္!

ဘယ္ေတာ့မွ! ဘယ္ေတာ့မွ ကိုယ့္ကို ထပ္ထားမသြားပါနဲ႕ေတာ့!

ကိုယ္ မင္းကို ထပ္ရွာမေတြ႕ရင္ ႐ူးသြားလိမ့္မယ္!

-

လူအိုႀကီးက ေျပာၿပီးေနာက္တြင္ သူက လုရီင္း ရဲ႕မ်က္ႏွာကို စိုက္ၾကည့္ေနၿပီး အေျဖေကာင္းကို ေစာင့္ေနခဲ့သည္။

အမွန္တိုင္း ေျပာရရင္ သူ႕ႏွလုံးသားထဲတြင္ လုရီမင္း ထက္ လုရီအန္း ကိုပိုခ်စ္သည္။ ထိုကေလးက သူ႕အႀကီးဆုံးေျမးဆိုေပမဲ့ အရမ္းမေကာင္းတာေၾကာင့္ ဒီတာဝန္ႀကီးကို သူ႕လက္ေတြထဲ လက္လႊဲမေပးရဲေပ။

လုရီမင္း ကခဏေလာက္ ေတြးေနခဲ့သည္။ တြန႔္ဆုတ္ေနခဲ့ကာ ေနာက္ဆုံးမွာေတာ့ သူ႕ပါးစပ္ကိုဖြင့္ကာ တျဖည္းျဖည္း ျပန္ေျဖလိုက္သည္။ ဒီကမၻာမွာ တစ္ေဆဘုရင္ ထိုလူႀကီးရဲ႕ မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး သူ႕ခႏၶာကိုယ္ကလဲ မတည္မၿငိမ္ျဖစ္သြားေပမဲ့ ကံေကာင္းစြာျဖင့္ နံရံေၾကာင့္ လဲက်မသြားခဲ့ေပ။ လူအိုႀကီးရဲ႕ မ်က္ႏွာကေပၚလာလို႔မ်ားလား?

အက်ဥ္းတန္သြားကာ သူ႕ႏွလုံးသားက ထိတ္လန႔္ေနေပမဲ့ ျပန္ေခ်ပဖို႔ အေၾကာင္းအား မေတြးနိုင္ေပ။

ေကာင္းကင္က ႐ုတ္ခ်ည္းေျပာင္းလဲသြားၿပီး ကမၻာႀကီးက ေျဗာင္းျပန္အေျခအေန ျဖစ္ခဲ့သည္။ ဒီကမၻာတြင္ တစ္ေဆဘုရင္မွလြဲ၍ ဒီလိုစြမ္းရည္မ်ိဳး တျခားသူတြင္ မရွိေပ။

လူအိုႀကီးရဲ႕ မ်က္ႏွာက မဲေမွာင္သြားခဲ့သည္။ တစ္ေဆဘုရင္ ကႏွစ္ရာေပါင္းမ်ားစြာ တိတ္ဆိတ္ေနခဲ့တာ။ ဒီကမၻာမွာ သူေပၚလာတာ ဘာေၾကာင့္လို မင္းထင္လဲ?

လုရီမင္း ကအေတာ္ေလး တည္ၿငိမ္ေအးေဆးေနသည္။ သူ႕အၾကည့္က လူအိုႀကီး အၾကည့္ေနာက္လိုက္ကာ အေဝးကို စိုက္ၾကည့္လိုက္သည္။

သူ႕အသံက အေတာ္ေလး သာမန္ျဖစ္ေနကာ မထူးမျခားေပ။

ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနခဲ့တဲ့ သူ႕ခ်စ္သူကိုရွာဖို႔

ကိုယ့္ႏွလုံးသားထဲက စိတ္အားထက္သန္မႈေတြက မင္းကို ရွာဖို႔ပဲ။

ကိုယ့္တစ္ဘဝလုံး မင္းကို ကိုယ့္လက္ထဲမွာ ဆုပ္ကိုင္ထားခ်င္ၿပီး မင္းကို ကိုယ့္ေဘးမွာပဲ ထားမယ္၊ မင္းအေသြးအသားေတြက ကိုယ္နဲ႕ပဲ အတူရွိေနရမယ္။

ေသခ်ာေပါက္ကို! ေသခ်ာေပါက္ကို! ေနာက္ထပ္ တစ္မိနစ္ေလာက္ မင္းကို ဆုံးရႈံးလိုက္ရရင္ ကိုယ္ ရပ္တည္နိုင္မွာ မဟုတ္ေတာ့ဘူး!

ကိုယ့္အခ်စ္ေလး။

ေက်းဇူးျပဳၿပီး ကိုယ့္ကို ထပ္ထားမသြားပါနဲ႕ေတာ့။

မဟုတ္ရင္ ကိုယ္႐ူးသြားၿပီး ဒီကမၻာႀကီးကို ဖ်က္ဆီးပစ္မိလိမ့္မယ္!

4.2.2023 (Sat)
^^^^^^^^^^^

Continue Reading

You'll Also Like

275K 8.3K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
246K 28K 19
Kim taehyung+ jeon jungkook taekook yaio
92.1K 13.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
278K 53.3K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!