လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

De Kaiyou1111

237K 40.5K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... Mais

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၂)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

တစ္ဆေမျက်လုံး (၄)

836 139 4
De Kaiyou1111

Unicode

“ချန်းလုလု၊ လီဂျင်းဂျွန် ကသေသွားပြီ၊ နင့်ရဲ့အမုန်းတရားတွေလဲ အဆုံးသတ်လိုက်ပါတော့။ ငါ့ကိုသွားခွင့်ပြုပါ။ အရင်က ငါငယ်ရွယ်ပြီး နားမလည်ခဲ့လို့ သူ မင်းကို နာကျင်စေခဲ့တာကို မမြင်ဟန်ဆောင်ဖို့ သူ့ကို ကတိပေးခဲ့ရတယ်။ ငါတောင်းပန်ပါတယ်၊ ငါ့ကို သွားခွင့်ပြုပါ”

မာရန်ယု ကထိုစကားအား မြေပြင်တွင် ဒူးထောက်ထိုင်ကာ စာရွက်တွေ မီးရှို့ရင်း ပြောနေခဲ့တာဖြစ်သည်။ သူ့မျက်လုံးအောက်တွင်လည်း အနက်ရောင် အဝိုင်းတွေကရှိနေပြီး သူ့ခန္ဓာကိုယ်က တုန်ရီနေသည်။

ညဘက်က အတော်လေးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။ ဒါက နွေရာသီဖြစ်နေပေမဲ့ အတော်လေးကို ကြက်သီးထ,စရာကောင်းနေပြီး လေပြင်းကလဲ တိုက်ခတ်နေခဲ့သည်။

မြေပြင်တွင် ဒူးထောက်နေသည့် မာရန်ယု ရဲ့ခြေထောက်တွေက အရင်ကထက်တောင် ပိုတုန်လာခဲ့သည်။ သူ့မျက်နှာက မှုန်မှိုင်းနေပြီး သူ့နားထင်တွင် ချွေးစေးတွေက စီးကျနေခဲ့သည်။

ဝှစ်! အသံက ထွက်လာခဲ့သည်။

မာရန်ယု ကဆတ်ခနဲ လှည့်လိုက်ပြီး သူ့အနောက်ကို ကြည့်လိုက်သည်။

အဖြူရောင် အရိုးလို သေဆုံးနေသည့် သစ်ပင်က သိပ်မဝေးသည့် နေရာတွင် ရှိနေသည်။ ထိုနားတွင် အဆောက်အဦးတွေ၊ ပန်းပွင့်တွေနဲ့ အပင်တွေက ရှိမနေပဲ အလင်းရောင်ကလဲ လုံးဝရှိမနေပေ။ အဝေးမှ လူတစ်ယောက် မတ်တပ်ရပ်နေတာနဲ့ တူနေသည်။

မာရန်ယု ကထ,ရပ်လိုက်ပြီး သူ့ခြေထောက်တွေက ပိုတုန်ရီလာခဲ့သည်။

ညအချိန်က လူသေအလောင်းမှ သွေးတွေစီးဆင်းနေသလိုမျိုး အရမ်းကို ပိန်းပေါက်အောင် မဲမှောင်နေခဲ့သည်။

မာယန်ယု ကကြောက်လန့်နေခဲ့သည်။ သူက ချက်ချင်းပင် ဖုန်းကိုကိုင်လိုက်ပြီး မီးဖွင့်လိုက်ကာ သူ့ထိတ်လန့်နေမှုအား လျော့ပါးသွားပြီး ထွက်သွားဖို့ ရည်ရွယ်လိုက်သည်။ ခြေလှမ်းလိုက်ချိန်တွင် ခြေလှမ်းတွေက တုန်ရီနေပြီး လဲကျတော့မလိုတောင် ဖြစ်နေခဲ့သည်။

သူ့အနီရောင် ဆံပင်တွေက ရှုပ်ပွနေခဲ့သည်။ မာရန်ယု ရဲ့ခြေထောက်က မြေပြင်နဲ့ လွတ်ထွက်သွားလိုမျိုး ခံစားလိုက်ရကာ သူ့မျက်လုံးတွေက ပြူးကျယ်သွားပြီး ရုတ်တရက်ကြီး ကြိုးတစ်ချောင်းက သူ့လည်ပင်းကို လာရစ်ပတ်သလိုမျိုး ဖြစ်နေခဲ့သည်။ ခဏအကြာတွင် မာယန်ယု ရဲ့မျက်နှာ ကြွက်သားတွေက ပိုတင်းမာလာပြီး သူ့လက်နှစ်ဖက်က သူ့လည်ပင်းရှိ ကြိုးဆီမှ လွတ်မြောက်စေဖို့ ကြိုးပမ်းလိုက်ပေမဲ့ ဘယ်လောက်ပဲ သူကြိုးစားနေပါစေ အကျိုးသက်ရောက်မှုက ရှိမနေပေ။

မဟုတ်ဘူး! ငါက ငယ်သေးတယ်! ငါမသေချင်ဘူး!

မာရန်ယု ရဲ့ပါးစပ်က ပါးစပ်ပွင့်လာစေဖို့ ဖိအားပေးခံလိုက်ရပြီး သူ့လျှာက ထွက်လာခဲ့ကာ မျက်လုံးတွေက ငါးသေမျက်လုံးတွေလို ပြူးကျယ်လာခဲ့သည်။

“မာရန်ယု! မာရန်ယု!”

အော်သံနှစ်ခုက သိပ်မဝေးသည့် နေရာတစ်ခုစီမှ ထွက်လာခဲ့သည်။

မာယန်ယု ကသူ့လည်ပင်းရှိ ကြိုးက လျော့သွားတာကို ခံစားမိလိုက်ပြီးနောက် မြေပြင်ထက်ကို ပြုတ်ကျသွားခဲ့သည်။ ဝေဝါးစွာဖြင့် အဖြူရောင် အဝတ်ဝတ်ထားပြီး မဲနက်နေသည့် ဆံပင်တွေကို ဖြန့်ချထားသည့် မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည်။

သူက မြေပြင်ပေါ်သို့ အရူးတစ်ယောက်လို ပြုတ်ကျသွားပြီး သူ့ဘဝအတွက် ရုန်းကန်နေခဲ့သည်။ ထိတ်လန့်မှုမှ ပြန်ရုန်းမထွက်နိုင်သေးသလို သူ့လက်တွေက လည်ပင်းကို ကိုင်ထားခဲ့သည်။

“မာရန်ယု!” မီးအလင်းရောင်ဖျော့ဖျော့လေးက မာယန်ယု ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျလာခဲ့ပြီး ထိုလူက အံ့အားသင့်စွာဖြင့် အော်လိုက်သည်။

ဘေးဘက်တွင် ငွေစက္ကူတွေက မီးတောက်အဖြစ် လောင်ကျွမ်းနေပြီး အချိန်တိုင်း မီးတောက်လေးတွေက လှုပ်ရှားနေခဲ့သည်။

လီချောင်ရီ ကမြေပြင်တွင် လဲကျနေသည့် မာယန်ယု ကိုမြင်လိုက်ရသည်။ ခတ်ထန်သည့် မျက်နှာထားဖြင့် သူက ချက်ချင်း သူ့ဆီ ပြေးသွားလိုက်သည်။ “မင်းဘာဖြစ်နေတာလဲ? မင်းတစ်ယောက်ထဲ ဒီမှာဘာလုပ်နေတာလဲ?”

ထိုအချိန်တွင် လေထုထဲရှိ သွေးနံ့ကို လီချောင်ရီ အနံ့ရလိုက်ပြီး သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူ့ခေါင်းကို လှည့်လိုက်ကာ အနောက်ကို ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားက ချက်ချင်းပင် တင်းကြပ်သွားခဲ့သည်။

အပင်သေနောက်တွင် မတ်တပ်ရပ်နေသည့် ပုံရိပ်တစ်ခုက ရှိနေခဲ့သည်။

သူမရဲ့ဆံပင်အရှည်တွေက မြေပြင်ထက်ကို ကျနေပြီး သူမမျက်နှာက ဖုန်းကွယ်နေခဲ့သည်။ လေက သူမဆံပင်ကို ညင်သာစွာ တိုက်ခတ်သွားခဲ့ပြီး ဖျော့တော့သည့် လရောင်ကနေတစ်ဆင့် သူတို့နှစ်ယောက်ဆီ သွေးလွှမ်းနေသည့် မျက်လုံးတွေနဲ့ တိုက်ရိုက်စိုက်ကြည့်နေတာကို မြင်လိုက်ရသည်။

လီချောင်ရီ ကအသက်ရှူသံကို ထိန်းလိုက်သည်။ သူ့ခြေထောက်တွေက ပျော့ခွေသွားခဲ့ပြီး မြေပြင်ထက်သို့ လဲကျသွားခဲ့သည်။

သို့သော် ထူးဆန်းတာက နောက်စက္ကန့်ပိုင်းတွင် ထိုအသွင်အပြင်က ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အပင်သေ တစ်ပင်ထဲသာ ထိုနေရာတွင် ကျန်နေခဲ့တော့သည်။

ညအချိန်တွင် အေးစက်သည့် လေတွေက တိုက်ခတ်နေတုန်းပင်။

ဒီလိုအခြေအနေမျိုးနဲ့ လီချောင်ရီ ကြုံတွေ့ခဲ့တာက နှစ်ကြိမ်မြောက်ပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်တုန်းက တစ္ဆေလိုပုံရိပ်ကို သူကယ်တင်ဖို့ ကြိုးစားချိန်တုန်းက သူ ကားနဲ့တိုက်မိလုနီးပါး ဖြစ်သွားခဲ့ပြီး ဒီနေ့တွင်တော့ ဒီလိုအရာနဲ့ ထပ်ကြုံတွေ့ခဲ့ရသည်။ သူ့နှလုံးသားက သူ့ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

လီချောင်ရီ ကတံတွေးမြိုချလိုက်ပြီး သတိလစ်နေသည့် မာယန်ယု ကိုကြည့်လိုက်သည်။ သူ့ကျောတွင် သယ်လိုက်ကာ ထိုနေရာမှ ထွက်သွားဖို့ ပြင်လိုက်သည်။

အမှောင်ထုထဲမှ သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည့် မျက်လုံးအစုံက ရှိနေခဲ့တာကိုတော့ သူ မမြင်ခဲ့ပေ။

တိတ်ဆိတ်သည့်ညတွင် လီချောင်ရီ ရဲ့ခြေသံ၊ နှလုံးခုန်သံနဲ့ အသက်ရှူသံတို့သာ ရှိနေခဲ့သည်။ ဒီအသံက အဆုံးအဆမရှိ ကျယ်လောင်နေပြီး ညအချိန်တွင် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်...

“ငါတို့ကျောင်းက ကောင်လေးတစ်ယောက် ညတုန်းက ရုတ်တရက်ကြီး ရူးသွားတာကို ကြားသေးလား?”

“ဘာရူးတာလဲ?”

“ရှူး၊ ရှူး၊ အသံတိုးထား! အနားတိုးလာခဲ့၊ တိုးတိုးလေး ပြောပြမယ်။ သူတို့ သရဲတစ်ကောင် တွေ့လိုက်တယ်လို့ ပြောနေတာကို ငါကြားလိုက်တယ်!”

“အမ်?”

“ငါ အရင်ဆုံးကြားလိုက်တာ၊ ပထမတန်းက အနီရောင်ဆံပင်နဲ့ ကောင်လေးကို သိတယ်မလား? ဘာကြောင့်မှန်းမသိ သူက မနေ့တုန်းက တစ်ယောက်တည်း ကျောင်းအနောက်ဘက်ကို သွားပြီးတော့ အဲ့နေရာမှာ ငွေစက္ကူတွေကို မီးရှို့နေခဲ့တာတဲ့။ သူ့လည်ပင်းမှာလဲ ဖျက်ပစ်လို့မရတဲ့ အနက်ရောင် လက်ဖဝါးရာကြီးနဲ့ ကြိုးရာကြီးက ရှိနေတာတဲ့။ သူနိုးလာတော့ တစ်ခုခု ဖမ်းစားခံလိုက်ရသလိုမျိုး ဆက်တိုက်အော်နေခဲ့တာတဲ့။ “ငါမှားပါတယ်၊ ငါမှားသွားပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့” အဲ့လိုတွေ အော်နေခဲ့တာ။ ဒါက အရေးမပါတဲ့ စကားတွေပဲ။ အခုတော့ ကျောင်းက သူ့အတွက် တစ်ယောက်ထဲ အခန်းကို ပြင်ပေးထားလိုက်ရတယ်”

“အနက်ရောင် လက်ဖဝါးရာ? မင်းတို့ကောင်တွေ မှားတာပဲ ဖြစ်ရမယ်။ ဒီကမ္ဘာမှာ သရဲတစ္ဆေရှိတယ်ဆိုတာ ငါမယုံနိုင်ဘူး”

“မဟုတ်ဘူး၊ ဒီကိစ္စကို ဘေးဖယ်လိုက်ဦး၊ အဲ့ပရောဖက်ဆာလီ ကအဆောက်အဦးထိပ်ကနေ ခုန်ချခဲ့တာကလဲ ထူးဆန်းမနေဘူးလား?” မိန်းကလေးရဲ့ အသံက ပိုပိုတိုးလာခဲ့ပြီး သူမက သူခိုးတစ်ယောက်လိုမျိုး ပတ်ဝန်းကျင်ကို ခိုးချောင်ခိုးဝှက်နဲ့ လိုက်ကြည့်နေခဲ့သည်။

ရှောင်ချန်း ကပြတင်းပေါက်နားက သူ့နေရာတွင်သာ တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ဆွေးနွေးနေကြသည့် အသံတွေက သူ့အေးချမ်းမှုအား နှောက်ယှက်နေခဲ့သည်။

သရဲမရှိကြောင်း ငြင်းဆန်နေသည့် ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။

သူမဘေးနားတွင် လူအိုတစ္ဆေတစ်ယောက် ထိုင်နေတာကို မိန်းကလေးက တကယ်ကြီး သိမနေပေ။ လူအိုတစ္ဆေက အတင်းပြောနေသည့် နှစ်ယောက်အား အမုန်းတရားအပြည့်ဖြင့် ကြည့်နေခဲ့သည်။ သူက စာအုပ်မှ စာကြောင်းတွေကို ဆက်ဖတ်ချင်နေပြီး မိန်းကလေးက စာရွက်မလှန်တာကို စိတ်မရှည်စွာဖြင့် စောင့်နေခဲ့သည်။

“တစ်၊ တစ်” မိုးရေစက်က ပြတင်းပေါက် မှန်တံခါးကို ထိခတ်လာခဲ့သည်။ ပထမဆုံး တစ်စက်၊ နှစ်စက်ကနေ များပြားလာပြီး မိုးရေတွေက ဆက်တိုက်ကျလာခဲ့သည်

ရှောင်ချန်း ရဲ့နားထိပ်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ့ခေါင်းကို မြှောက်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။

လေထုထဲတွင် ယင်စွမ်းအင်တွေက စီးဆင်းနေခဲ့သည်။ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်က မြင်နိုင်သည့် နှုန်းဖြင့် မဲမှောင်လာခဲ့သည်။ ဒါက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မဲမှောင်နေပြီး တိမ်တိုက်အမဲတွေနဲ့ ပြည့်လုနီးပါး ဖြစ်လာခဲ့သည်။ အရင်က ကြည်လင်ပြီး တောက်ပနေခဲ့သည့် ကောင်းကင်က အချိန်တိုအတွင်း တိမ်မဲတွေနဲ့ ဖုန်းလွှမ်းလာခဲ့သည်။

ရှောင်ချန်း ရဲ့ဘယ်လက်က သူ့မေးနားဆီ ရောက်လာခဲ့သည်။ သူ့ဖီးနစ်ပုံစံ မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားရင် ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကို စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်က အစပ်အဆက် မရှိတော့သလိုမျိုးပင်။ ကျောင်းအပေါ်ဘက်ရှိ ကောင်းကင်က ကြည်လင်နေတုန်းဖြစ်ကာ နေလုံးကလဲ တောက်ပနေတုန်းဖြစ်ပြီး တစ်ချို့အစိတ်အပိုင်းတွေက ကျောင်းကို ဖုန်းလွှမ်းနေသလို ဖြစ်နေခဲ့သည်။ မုန်တိုင်းက တဖြည်းဖြည်းနဲ့ ပိုပြင်းထန်လာခဲ့သည်။

ကျယ်လောင်သည့် အသံကြောင့် ကျောင်းသားတွေက ပြတင်းပေါက် အပြင်ဘက်ကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။

“ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ?!”

ရှောင်ချန်း ကသူ့ညာလက် လက်သူကြွယ်တွင် ဝတ်ထားသည့် လက်စွပ်ကို လှည့်လိုက်ပြီး အတွေးနက်ထဲ ဝင်နေခဲ့သည်။

ကျောင်းရဲ့ ယင်စွမ်းအင်က ရုတ်တရက်ကြီး မတည်မငြိမ်ဖြစ်သွားကာ ကောင်းကင်တစ်ခုလုံးက မဲမှောင်သွားတာကို သူမြင်လိုက်ရသည်။ မိုင်အနည်းငယ် ပတ်ဝန်းကျင်မှ သရဲတစ္ဆေတွေတောင်မှ တစ်စုံတစ်ခုက ဆင့်ခေါ်လိုက်သလိုမျိုး ရုတ်ချည်း ပြေးလွှားလာခဲ့ကြသည်။

မူလက ပတ်ဝန်းကျင်တွင် လှည့်ပတ်လျှောက်နေကြသည့် သရဲတွေတောင် မတည်မငြိမ် ဖြစ်သွားကြသည်။

“ကောင်းကင်က ပြောင်းလဲသွားပြီ” ရှောင်ချန်း ကသူ့လည်ပင်းတွင် ဆွဲထားသည့် ဆွဲကြိုးကို ကြည့်လိုက်ကာ ရေရွတ်လိုက်သည်။

ထိုနေရာက မကောင်းတဲ့ ဝိဉာဉ်တွေနဲ့ ပြည့်နေသွားခဲ့သည်။

ဒီနှစ်တစ်ရာလောက် ရှိနေခဲ့ကြသည့် တစ္ဆေတွေကလဲ ပိုပြီးအန္တရာယ်များသည့် တစ္ဆေအသွင်ကို ပြောင်းသွားခဲ့ကြသည်။ တစ္ဆေတွေက အနက်ရောင် တိမ်တိုက်ရှိနေရာတွင် ပြည့်နှက်နေတက်ပြီး အပင်တွေတောင် သေဆုံးနိုင်သည်။

ရှောင်ချန်း ရဲ့အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ့မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

လူသားတွေရဲ့ ဆန္ဒတွေတောင် အဆုံးမရှိ တိုးပွားသွားနိုင်သည်။

“ဟေး၊ မင်းမှာ ဘောပင်တောင် မရှိဘူးလား? မင်း လိုတာနဲ့ လာတောင်းနေတော့တာပဲ၊ သွားသေလိုက်တော့!”

“မင်းက သောက်ရူးပဲ၊ ဒါက ဘောပင်လေး ငှားရုံပဲကို၊ အဲ့ဒါက မသိရင်ပဲ အရမ်းရှားပါးပစ္စည်းကျနေတာပဲ။ ငါပြောမယ်၊ မင်း ပိုမငှားချင်လေ၊ ငါက ပိုယူချင်လေပဲ။ ငါက အရှက်မရှိဘူး။ မင်း ဘာလုပ်နိုင်မှာလဲ?!”

“ငါ မင်းကို အချိန်အကြာကြီး သည်းခံခဲ့တာ။ ငါ့ကို လှည့်စားနေတာလား? မနေ့က မင်း ကောင်လေး တစ်ယောက်နဲ့ လမ်းလျှောက်သွားတာကို ငါမြင်လိုက်တယ်”

“ငါ နင့်ကို ဦးထုပ်စိမ်း ဆောင်းပေးတာလို့ ထင်နေတာလား? အိုကေ၊ ဒါက အမှန်ဆိုရင်တောင် ဘာဖြစ်လဲ? နင့်ကိုနင်လဲ မှန်ထဲပြန်ကြည့်လိုက်ဦး? နင့်ပုံစံက ဘာနဲ့တူနေလဲကြည့်ကြည့်။ နင်က ငါနဲ့ လိုက်ဖက်တယ်လို့ ထင်နေတာလား? ဟာသပဲ! ငါ့အမေရဲ့ ငါးကန်တောင်မှ နင့်လောက် မဆိုးဘူး၊ ငါးသေကြီး!”

လူတွေရဲ့ မကောင်းတဲ့ အတွေးတွေ၊ စိတ်ပျက်မှုတွေ၊ အပြစ်စကားတွေ၊ အမုန်းတရာတွေ၊ မနှစ်မြို့မှုတွေ အားလုံးက မြင့်တက်လာခဲ့သည်။

ရှောင်ချန်း ကသူ့နေရာတွင်သာ ဗလာအမူအရာဖြင့် ထိုင်နေခဲ့သည်။

“ယုံယုံမယုံယုံ၊ ငါ မင်းကို သတ်မယ်!”

“လာစမ်းပါ၊ ဘယ်သူ့ကို ဘယ်သူက ကြောက်နေတာလဲ! ဘယ်သူက ကြောက်လို့လဲ?!”

အရင်က တိတ်ဆိတ်နေသည့် စာကြည့်တိုက်က အခုတော့ ဈေးတန်းလိုမျိုး ဖြစ်နေခဲ့သည်။ လူတိုင်းက တစ်ချိန်ထဲတွင် စတင်ပေါက်ကွဲလာကြသည်။ သူတို့အမူအရာတွေက မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေကြပြီး သူတို့ပါးစပ်တွေက မနှစ်မြို့စရာ စကားလုံးတွေကို ပြောနေခဲ့ကြသည်။

အစက ရိုးရှင်းသည့် အငြင်းအခုန်လေးသာ ဖြစ်နေခဲ့ပေမဲ့ ထို့နောက်တွင် ငြင်းခုန်နေမှုတွေက ပိုပြင်းထန်လာခဲ့ပြီး မီးနစ်ပိုင်းအတွင်း တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်လာကြသည်။ ခဏအကြာတွင် အော်ဟစ်သံတွေက စာကြည့်တိုက် တစ်ခုလုံး ဆူညံသွားခဲ့သည်။

စာအုပ်ပြုတ်ကျသံ၊ တစ်ယောက်နဲ့ တစ်ယောက်ရိုက်သံ၊ စားပွဲခုံလဲသံတွေ...

ဆူညံပွတ်လောရိုက်နေခဲ့သည်။ လူတိုင်းက ဆူညံနေကြပြီး သူတို့အမုန်းတရာတွေက ပိုပိုပြင်းထန်လာခဲ့သည်။

အပြင်ဘက်တွင် ပြင်းထန်သည့် မုန်တိုင်းက တိုက်ခတ်နေကာ မြေပြင်ထက်သို့ မိုးရေတွေနဲ့ သစ်ရွက်တွေက ကြွေကျနေခဲ့သည်။ လေတွေက ပြင်းထန်လာခဲ့ပြီး သစ်ပင်တွေကို ကျိူးလုနီးပါးဖြစ်လောက်အောင် တိုက်ခတ်နေခဲ့သည်။

နောက်ပြီး အတွင်းဘက်ရှိ တိုက်ခိုက်နေကြသည့် လူတွေကလဲ ပိုဆိုးလာခဲ့သည်။ ဒါက ကြည့်ရအရမ်းဆိုးနေခဲ့သည်။

လီချောင်ရီ ကဆူပူနေကြသည့် ကျောင်းသားတွေကို ကြည့်လိုက်သည်။ သူ့ကိုတောင် အကြိမ်ကြိမ် ရိုက်မိလုနီးပါး ဖြစ်သွားပေမဲ့ ကံကောင်းစွာပင် သူ အလျင်အမြန် ရှောင်လိုက်သည်။ သူက မာယန်ယု ကြောင့် အနှောက်အယှက် ဖြစ်ခဲ့ရပြီး ရုတ်ချည်း ဆူညံလာသည့် လူအုပ်ကို ကြည့်လိုက်ပြီး လုံးဝစိတ်ရှုပ်ထွေးနေခဲ့သည်။

ဘာတွေဖြစ်နေတာလဲ?

ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးအရောင်လက်သွားခဲ့သည်။

စာကြည့်တိုက်တစ်ခုလုံးတွင် ဒီတစ္ဆေရာသီကြောင့် သက်ရောက်မှုမရှိသည့် လူတစ်ယောက် ရှိနေသေးသည်။

ရှောင်ချန်း ကသူ့ပတ်ဝန်းကျင်မှ အသံတွေကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့အမူအရာကလဲ စိတ်မရှည်မှုတွေကို ပြသနေခဲ့သည်။

နောက်ပြီး ထူးဆန်းသည့်အရာက သူ့ပတ်ဝန်းကျင်က လူအားလုံးက သူ့ကို မတွေ့ကြသလို၊ သူတို့က သူ့အား ရည်ရွယ်ချက်ရှိရှိ ရှောင်နေသလိုမျိုးတောင် ဖြစ်နေသည်။ ဘယ်သူကမှ သူထိုင်နေရာကို ရောက်မလာခဲ့ကြပေ။ ဆူညံသံက ပိုကျယ်လောင်လာတာတောင် ဘယ်သူကမှ ရှောင်ချန်း နားသို့ တိုးမလာကြပေ။

လီချောင်ရီ ကထိုအရာကို မြင်လိုက်ပြီး ရှောင်ချန်း နားသို့ ပြေးသွားလိုက်သည်။

“မင်းအပေါ်လဲ သက်ရောက်မှု မရှိဘူး၊ ဟုတ်တယ်မလား?”

ရှောင်ချန်း ကမဖြေပဲ ထိုကောင်လေးက ကားတိုက်ခံရမလို ဖြစ်သွားခဲ့ဖူးပြီး တစ္ဆေမြင်နိုင်သည့် မျက်လုံးတွေ ရှိနေခဲ့တာကိုလဲ မှတ်မိလိုက်သည်။

ကမ္ဘာပေါ်ရှိ လူအနည်းစုကသာ တစ္ဆေတွေနဲ့ ပြိုင်ဘက်ဖြစ်သည့် တစ္ဆေမြင်နိုင်သည့် မျက်လုံးတွေနဲ့ မွေးဖွားလာကြတာ ဖြစ်သည်။ လူတိုင်း တစ္ဆေမြင်နိုင်ဖို့က မဖြစ်နိုင်ပေ။ သူတို့အားလုံးက အသက်ကြီးလို သေဆုံးသွားသည့်တိုင်အောင် တစ္ဆေမမြင်ဖူးသည့် လူတွေတောင် ရှိကြသည်။

လီချောင်ရီ ကသူ့မျက်နှာ မပြောင်းလဲသွားတာကို မြင်လိုက်ရပြီး ခံစားချက်တွေ လှုပ်ရှားသွားတာ၊ စိတ်ရှုပ်ထွေးတာမျိုးကို မမြင်ရတာကြောင့် ကမောက်ကမကျစွာဖြင့် ပြုံးလိုက်သည်။

“မကြာခင် ရာသီဥတု ပြန်ပြောင်းသွားလိမ့်မယ်” ရှောင်ချန်း ကရုတ်တရက်ကြီး ထ,ပြောလိုက်သည်။ သူ့အသံက နည်းနည်းလေးတောင် ပြောင်းလဲမှုရှိမနေပေ။ မေးခွန်းထုတ်နေတာမျိုး မဟုတ်တာကြောင့် လူတွေအား သိချင်စိတ်ကို ဖြစ်စေသည်။

လီချောင်ရီ ကထိုစကားကို ကြားလိုက်ချိန်တွင် သိချင်စိတ်ဖြစ်သွားပြီး တစ်ခုခုကို ပြောချင်သွားခဲ့သည်။ သို့သော် စက္ကန့်ပိုင်းအတွင်း သူ့မျက်လုံးတွေက ငြိမ်သက်သွားပြီး သူ့တစ်ကိုယ်လုံးက ထိုနေရာတွင်သာ မလှုပ်မယှက်ဖြစ်သွားကာ ပြတင်းပေါက် အပြင်ဘက်ကို ရူးနှမ်းစွာ ကြည့်နေခဲ့သည်။

ရှောင်ချန်း ရဲ့အသံက ရပ်သွားရုံသာ ရှိသေးသည်။ ပြတင်းပေါက် အပြင်ဘက်ရှိ အနက်ရောင် တိမ်တိုက်တွေက ပျံ့ကျဲသွားခဲ့ပြီး တဖြည်းဖြည်း အလင်းရောင် ထွက်လာခဲ့သည်။ မိုးနဲ့လေကလဲ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး အနက်ရောင် တိမ်တိုက် အားလုံးကလဲ အချိန်တိုအတွင်း ပျောက်ကွယ်သွားခဲ့သည်။ မဲမှောင်နေသည့် ပတ်ဝန်းကျင်ကလဲ တဖြည်းဖြည်း လင်းလာခဲ့သည်။

အားကောင်းလှသည့် ဖိအားကြောင့် အရင်ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာနဲ့ တူနေခဲ့သည်။

နေရောင်က မှန်မှတဆင့် အခန်းထဲသို့ ဖြတ်ဝင်လာခဲ့ပြီး လီချောင်ရီ ရဲ့ပုခုံးကို ထိခတ်လာခဲ့သည်။ သူက ထိုနေရာတွင် ထိတ်လန့်နေသည့် အမူအရာဖြင့် အေးခဲနေပြီး သူ့ပါးစပ်ကလဲ မယုံကြည်နိုင်စွာဖြင့် ပွင့်နေခဲ့သည်။

အခန်းတွင်ရှိ ဆူညံသံတွေကလဲ တစ်စုံတစ်ယောက်က ရပ်ဖို့ခလုတ်ကို နှိပ်လိုက်သလိုမျိုး ချက်ချင်း ရပ်တန့်သွားခဲ့သည်။ သူတို့အားလုံးက ဘာလုပ်နေမှန်း မသိစွာဖြင့် ထိုနေရာတွင်သာ အေးခဲသွားကြသည်။

အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ကောင်းကင်က ပိုတောက်ပနေပြီး အစကထက်တောင် ပိုကြည်လင်နေခဲ့သည်။

ရှောင်ချန်း ရဲ့နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားခဲ့ပြီး ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဒီအသေးအဖွဲလေးက သိပ်မသိသာသေးပေ။

သူလာပြီ။

29.1.2023 (Sun)
^^^^^^^^^^^^

Zawgyi

ခ်န္းလုလု၊ လီဂ်င္းဂြၽန္ ကေသသြားၿပီ၊ နင့္ရဲ႕အမုန္းတရားေတြလဲ အဆုံးသတ္လိုက္ပါေတာ့။ ငါ့ကိုသြားခြင့္ျပဳပါ။ အရင္က ငါငယ္႐ြယ္ၿပီး နားမလည္ခဲ့လို႔ သူ မင္းကို နာက်င္ေစခဲ့တာကို မျမင္ဟန္ေဆာင္ဖို႔ သူ႕ကို ကတိေပးခဲ့ရတယ္။ ငါေတာင္းပန္ပါတယ္၊ ငါ့ကို သြားခြင့္ျပဳပါ

မာရန္ယု ကထိုစကားအား ေျမျပင္တြင္ ဒူးေထာက္ထိုင္ကာ စာ႐ြက္ေတြ မီးရွို႔ရင္း ေျပာေနခဲ့တာျဖစ္သည္။ သူ႕မ်က္လုံးေအာက္တြင္လည္း အနက္ေရာင္ အဝိုင္းေတြကရွိေနၿပီး သူ႕ခႏၶာကိုယ္က တုန္ရီေနသည္။

ညဘက္က အေတာ္ေလးကို ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ ေအးစက္ေနသည္။ ဒါက ႏြေရာသီျဖစ္ေနေပမဲ့ အေတာ္ေလးကို ၾကက္သီးထ,စရာေကာင္းေနၿပီး ေလျပင္းကလဲ တိုက္ခတ္ေနခဲ့သည္။

ေျမျပင္တြင္ ဒူးေထာက္ေနသည့္ မာရန္ယု ရဲ႕ေျခေထာက္ေတြက အရင္ကထက္ေတာင္ ပိုတုန္လာခဲ့သည္။ သူ႕မ်က္ႏွာက မႈန္မွိုင္းေနၿပီး သူ႕နားထင္တြင္ ေခြၽးေစးေတြက စီးက်ေနခဲ့သည္။

ဝွစ္! အသံက ထြက္လာခဲ့သည္။

မာရန္ယု ကဆတ္ခနဲ လွည့္လိုက္ၿပီး သူ႕အေနာက္ကို ၾကည့္လိုက္သည္။

အျဖဴေရာင္ အရိုးလို ေသဆုံးေနသည့္ သစ္ပင္က သိပ္မေဝးသည့္ ေနရာတြင္ ရွိေနသည္။ ထိုနားတြင္ အေဆာက္အဦးေတြ၊ ပန္းပြင့္ေတြနဲ႕ အပင္ေတြက ရွိမေနပဲ အလင္းေရာင္ကလဲ လုံးဝရွိမေနေပ။ အေဝးမွ လူတစ္ေယာက္ မတ္တပ္ရပ္ေနတာနဲ႕ တူေနသည္။

မာရန္ယု ကထ,ရပ္လိုက္ၿပီး သူ႕ေျခေထာက္ေတြက ပိုတုန္ရီလာခဲ့သည္။

ညအခ်ိန္က လူေသအေလာင္းမွ ေသြးေတြစီးဆင္းေနသလိုမ်ိဳး အရမ္းကို ပိန္းေပါက္ေအာင္ မဲေမွာင္ေနခဲ့သည္။

မာယန္ယု ကေၾကာက္လန႔္ေနခဲ့သည္။ သူက ခ်က္ခ်င္းပင္ ဖုန္းကိုကိုင္လိုက္ၿပီး မီးဖြင့္လိုက္ကာ သူ႕ထိတ္လန႔္ေနမႈအား ေလ်ာ့ပါးသြားၿပီး ထြက္သြားဖို႔ ရည္႐ြယ္လိုက္သည္။ ေျခလွမ္းလိုက္ခ်ိန္တြင္ ေျခလွမ္းေတြက တုန္ရီေနၿပီး လဲက်ေတာ့မလိုေတာင္ ျဖစ္ေနခဲ့သည္။

သူ႕အနီေရာင္ ဆံပင္ေတြက ရႈပ္ပြေနခဲ့သည္။ မာရန္ယု ရဲ႕ေျခေထာက္က ေျမျပင္နဲ႕ လြတ္ထြက္သြားလိုမ်ိဳး ခံစားလိုက္ရကာ သူ႕မ်က္လုံးေတြက ျပဴးက်ယ္သြားၿပီး ႐ုတ္တရက္ႀကီး ႀကိဳးတစ္ေခ်ာင္းက သူ႕လည္ပင္းကို လာရစ္ပတ္သလိုမ်ိဳး ျဖစ္ေနခဲ့သည္။ ခဏအၾကာတြင္ မာယန္ယု ရဲ႕မ်က္ႏွာ ႂကြက္သားေတြက ပိုတင္းမာလာၿပီး သူ႕လက္ႏွစ္ဖက္က သူ႕လည္ပင္းရွိ ႀကိဳးဆီမွ လြတ္ေျမာက္ေစဖို႔ ႀကိဳးပမ္းလိုက္ေပမဲ့ ဘယ္ေလာက္ပဲ သူႀကိဳးစားေနပါေစ အက်ိဳးသက္ေရာက္မႈက ရွိမေနေပ။

မဟုတ္ဘူး! ငါက ငယ္ေသးတယ္! ငါမေသခ်င္ဘူး!

မာရန္ယု ရဲ႕ပါးစပ္က ပါးစပ္ပြင့္လာေစဖို႔ ဖိအားေပးခံလိုက္ရၿပီး သူ႕လွ်ာက ထြက္လာခဲ့ကာ မ်က္လုံးေတြက ငါးေသမ်က္လုံးေတြလို ျပဴးက်ယ္လာခဲ့သည္။

မာရန္ယု! မာရန္ယု!

ေအာ္သံႏွစ္ခုက သိပ္မေဝးသည့္ ေနရာတစ္ခုစီမွ ထြက္လာခဲ့သည္။

မာယန္ယု ကသူ႕လည္ပင္းရွိ ႀကိဳးက ေလ်ာ့သြားတာကို ခံစားမိလိုက္ၿပီးေနာက္ ေျမျပင္ထက္ကို ျပဳတ္က်သြားခဲ့သည္။ ေဝဝါးစြာျဖင့္ အျဖဴေရာင္ အဝတ္ဝတ္ထားၿပီး မဲနက္ေနသည့္ ဆံပင္ေတြကို ျဖန႔္ခ်ထားသည့္ မိန္းကေလး တစ္ေယာက္ကို ျမင္လိုက္ရသည္။

သူက ေျမျပင္ေပၚသို႔ အ႐ူးတစ္ေယာက္လို ျပဳတ္က်သြားၿပီး သူ႕ဘဝအတြက္ ႐ုန္းကန္ေနခဲ့သည္။ ထိတ္လန႔္မႈမွ ျပန္႐ုန္းမထြက္နိုင္ေသးသလို သူ႕လက္ေတြက လည္ပင္းကို ကိုင္ထားခဲ့သည္။

မာရန္ယု! မီးအလင္းေရာင္ေဖ်ာ့ေဖ်ာ့ေလးက မာယန္ယု ရဲ႕ခႏၶာကိုယ္ေပၚကို က်လာခဲ့ၿပီး ထိုလူက အံ့အားသင့္စြာျဖင့္ ေအာ္လိုက္သည္။

ေဘးဘက္တြင္ ေငြစကၠဴေတြက မီးေတာက္အျဖစ္ ေလာင္ကြၽမ္းေနၿပီး အခ်ိန္တိုင္း မီးေတာက္ေလးေတြက လႈပ္ရွားေနခဲ့သည္။

လီေခ်ာင္ရီ ကေျမျပင္တြင္ လဲက်ေနသည့္ မာယန္ယု ကိုျမင္လိုက္ရသည္။ ခတ္ထန္သည့္ မ်က္ႏွာထားျဖင့္ သူက ခ်က္ခ်င္း သူ႕ဆီ ေျပးသြားလိုက္သည္။ မင္းဘာျဖစ္ေနတာလဲ? မင္းတစ္ေယာက္ထဲ ဒီမွာဘာလုပ္ေနတာလဲ?

ထိုအခ်ိန္တြင္ ေလထုထဲရွိ ေသြးနံ႕ကို လီေခ်ာင္ရီ အနံ႕ရလိုက္ၿပီး သူ႕မ်က္ႏွာက ခ်က္ခ်င္း ေျပာင္းလဲသြားခဲ့သည္။ သူ႕ေခါင္းကို လွည့္လိုက္ကာ အေနာက္ကို ၾကည့္လိုက္ၿပီးေနာက္ သူ႕ႏွလုံးသားက ခ်က္ခ်င္းပင္ တင္းၾကပ္သြားခဲ့သည္။

အပင္ေသေနာက္တြင္ မတ္တပ္ရပ္ေနသည့္ ပုံရိပ္တစ္ခုက ရွိေနခဲ့သည္။

သူမရဲ႕ဆံပင္အရွည္ေတြက ေျမျပင္ထက္ကို က်ေနၿပီး သူမမ်က္ႏွာက ဖုန္းကြယ္ေနခဲ့သည္။ ေလက သူမဆံပင္ကို ညင္သာစြာ တိုက္ခတ္သြားခဲ့ၿပီး ေဖ်ာ့ေတာ့သည့္ လေရာင္ကေနတစ္ဆင့္ သူတို႔ႏွစ္ေယာက္ဆီ ေသြးလႊမ္းေနသည့္ မ်က္လုံးေတြနဲ႕ တိုက္ရိုက္စိုက္ၾကည့္ေနတာကို ျမင္လိုက္ရသည္။

လီေခ်ာင္ရီ ကအသက္ရႉသံကို ထိန္းလိုက္သည္။ သူ႕ေျခေထာက္ေတြက ေပ်ာ့ေခြသြားခဲ့ၿပီး ေျမျပင္ထက္သို႔ လဲက်သြားခဲ့သည္။

သို႔ေသာ္ ထူးဆန္းတာက ေနာက္စကၠန႔္ပိုင္းတြင္ ထိုအသြင္အျပင္က ဘယ္တုန္းကမွ မတည္ရွိခဲ့ဖူးသလိုမ်ိဳး ေပ်ာက္ကြယ္သြားခဲ့သည္။ မ်က္စိတစ္မွိတ္အတြင္း အပင္ေသ တစ္ပင္ထဲသာ ထိုေနရာတြင္ က်န္ေနခဲ့ေတာ့သည္။

ညအခ်ိန္တြင္ ေအးစက္သည့္ ေလေတြက တိုက္ခတ္ေနတုန္းပင္။

ဒီလိုအေျခအေနမ်ိဳးနဲ႕ လီေခ်ာင္ရီ ႀကဳံေတြ႕ခဲ့တာက ႏွစ္ႀကိမ္ေျမာက္ပင္ ျဖစ္သည္။ လြန္ခဲ့သည့္ ႏွစ္ရက္တုန္းက တစ္ေဆလိုပုံရိပ္ကို သူကယ္တင္ဖို႔ ႀကိဳးစားခ်ိန္တုန္းက သူ ကားနဲ႕တိုက္မိလုနီးပါး ျဖစ္သြားခဲ့ၿပီး ဒီေန႕တြင္ေတာ့ ဒီလိုအရာနဲ႕ ထပ္ႀကဳံေတြ႕ခဲ့ရသည္။ သူ႕ႏွလုံးသားက သူ႕ရင္ဘတ္ထဲမွ ခုန္ထြက္လုနီးပါး ျဖစ္သြားခဲ့သည္။

လီေခ်ာင္ရီ ကတံေတြးၿမိဳခ်လိဳက္ၿပီး သတိလစ္ေနသည့္ မာယန္ယု ကိုၾကည့္လိုက္သည္။ သူ႕ေက်ာတြင္ သယ္လိုက္ကာ ထိုေနရာမွ ထြက္သြားဖို႔ ျပင္လိုက္သည္။

အေမွာင္ထုထဲမွ သူ႕လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကည့္ေနခဲ့သည့္ မ်က္လုံးအစုံက ရွိေနခဲ့တာကိုေတာ့ သူ မျမင္ခဲ့ေပ။

တိတ္ဆိတ္သည့္ညတြင္ လီေခ်ာင္ရီ ရဲ႕ေျခသံ၊ ႏွလုံးခုန္သံနဲ႕ အသက္ရႉသံတို႔သာ ရွိေနခဲ့သည္။ ဒီအသံက အဆုံးအဆမရွိ က်ယ္ေလာင္ေနၿပီး ညအခ်ိန္တြင္ ထိတ္လန႔္ဖြယ္ေကာင္းေနခဲ့သည္...

ငါတို႔ေက်ာင္းက ေကာင္ေလးတစ္ေယာက္ ညတုန္းက ႐ုတ္တရက္ႀကီး ႐ူးသြားတာကို ၾကားေသးလား?

ဘာ႐ူးတာလဲ?

ရႉး၊ ရႉး၊ အသံတိုးထား! အနားတိုးလာခဲ့၊ တိုးတိုးေလး ေျပာျပမယ္။ သူတို႔ သရဲတစ္ေကာင္ ေတြ႕လိုက္တယ္လို႔ ေျပာေနတာကို ငါၾကားလိုက္တယ္!

အမ္?

ငါ အရင္ဆုံးၾကားလိုက္တာ၊ ပထမတန္းက အနီေရာင္ဆံပင္နဲ႕ ေကာင္ေလးကို သိတယ္မလား? ဘာေၾကာင့္မွန္းမသိ သူက မေန႕တုန္းက တစ္ေယာက္တည္း ေက်ာင္းအေနာက္ဘက္ကို သြားၿပီးေတာ့ အဲ့ေနရာမွာ ေငြစကၠဴေတြကို မီးရွို႔ေနခဲ့တာတဲ့။ သူ႕လည္ပင္းမွာလဲ ဖ်က္ပစ္လို႔မရတဲ့ အနက္ေရာင္ လက္ဖဝါးရာႀကီးနဲ႕ ႀကိဳးရာႀကီးက ရွိေနတာတဲ့။ သူနိုးလာေတာ့ တစ္ခုခု ဖမ္းစားခံလိုက္ရသလိုမ်ိဳး ဆက္တိုက္ေအာ္ေနခဲ့တာတဲ့။ ငါမွားပါတယ္၊ ငါမွားသြားပါတယ္၊ ေက်းဇူးျပဳၿပီး ငါ့ကို မသတ္ပါနဲ႕ အဲ့လိုေတြ ေအာ္ေနခဲ့တာ။ ဒါက အေရးမပါတဲ့ စကားေတြပဲ။ အခုေတာ့ ေက်ာင္းက သူ႕အတြက္ တစ္ေယာက္ထဲ အခန္းကို ျပင္ေပးထားလိုက္ရတယ္

အနက္ေရာင္ လက္ဖဝါးရာ? မင္းတို႔ေကာင္ေတြ မွားတာပဲ ျဖစ္ရမယ္။ ဒီကမၻာမွာ သရဲတစ္ေဆရွိတယ္ဆိုတာ ငါမယုံနိုင္ဘူး

မဟုတ္ဘူး၊ ဒီကိစၥကို ေဘးဖယ္လိုက္ဦး၊ အဲ့ပေရာဖက္ဆာလီ ကအေဆာက္အဦးထိပ္ကေန ခုန္ခ်ခဲ့တာကလဲ ထူးဆန္းမေနဘူးလား? မိန္းကေလးရဲ႕ အသံက ပိုပိုတိုးလာခဲ့ၿပီး သူမက သူခိုးတစ္ေယာက္လိုမ်ိဳး ပတ္ဝန္းက်င္ကို ခိုးေခ်ာင္ခိုးဝွက္နဲ႕ လိုက္ၾကည့္ေနခဲ့သည္။

ေရွာင္ခ်န္း ကျပတင္းေပါက္နားက သူ႕ေနရာတြင္သာ တိတ္ဆိတ္စြာ ထိုင္ေနခဲ့ၿပီး ေဆြးႏြေးေနၾကသည့္ အသံေတြက သူ႕ေအးခ်မ္းမႈအား ႏွောက္ယွက္ေနခဲ့သည္။

သရဲမရွိေၾကာင္း ျငင္းဆန္ေနသည့္ ေကာင္မေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕အၾကည့္ကို ႐ုတ္သိမ္းလိုက္သည္။

သူမေဘးနားတြင္ လူအိုတစ္ေဆတစ္ေယာက္ ထိုင္ေနတာကို မိန္းကေလးက တကယ္ႀကီး သိမေနေပ။ လူအိုတစ္ေဆက အတင္းေျပာေနသည့္ ႏွစ္ေယာက္အား အမုန္းတရားအျပည့္ျဖင့္ ၾကည့္ေနခဲ့သည္။ သူက စာအုပ္မွ စာေၾကာင္းေတြကို ဆက္ဖတ္ခ်င္ေနၿပီး မိန္းကေလးက စာ႐ြက္မလွန္တာကို စိတ္မရွည္စြာျဖင့္ ေစာင့္ေနခဲ့သည္။

တစ္၊ တစ္ မိုးေရစက္က ျပတင္းေပါက္ မွန္တံခါးကို ထိခတ္လာခဲ့သည္။ ပထမဆုံး တစ္စက္၊ ႏွစ္စက္ကေန မ်ားျပားလာၿပီး မိုးေရေတြက ဆက္တိုက္က်လာခဲ့သည္

ေရွာင္ခ်န္း ရဲ႕နားထိပ္က အနည္းငယ္ လႈပ္ရွားသြားခဲ့သည္။ သူ႕ေခါင္းကို ျမႇောက္လိုက္ၿပီး ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္လိုက္သည္။

ေလထုထဲတြင္ ယင္စြမ္းအင္ေတြက စီးဆင္းေနခဲ့သည္။ ျပတင္းေပါက္ အျပင္ဘက္ရွိ ေကာင္းကင္က ျမင္နိုင္သည့္ ႏႈန္းျဖင့္ မဲေမွာင္လာခဲ့သည္။ ဒါက ထိတ္လန႔္ဖြယ္ေကာင္းေလာက္ေအာင္ မဲေမွာင္ေနၿပီး တိမ္တိုက္အမဲေတြနဲ႕ ျပည့္လုနီးပါး ျဖစ္လာခဲ့သည္။ အရင္က ၾကည္လင္ၿပီး ေတာက္ပေနခဲ့သည့္ ေကာင္းကင္က အခ်ိန္တိုအတြင္း တိမ္မဲေတြနဲ႕ ဖုန္းလႊမ္းလာခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ဘယ္လက္က သူ႕ေမးနားဆီ ေရာက္လာခဲ့သည္။ သူ႕ဖီးနစ္ပုံစံ မ်က္လုံးေတြက အနည္းငယ္ က်ဥ္းေျမာင္းသြားရင္ ျပတင္းေပါက္အျပင္ဘက္ရွိ ေကာင္းကင္ကို စိုက္ၾကည့္ေနခဲ့သည္။

ထိုအခ်ိန္တြင္ ေကာင္းကင္က အစပ္အဆက္ မရွိေတာ့သလိုမ်ိဳးပင္။ ေက်ာင္းအေပၚဘက္ရွိ ေကာင္းကင္က ၾကည္လင္ေနတုန္းျဖစ္ကာ ေနလုံးကလဲ ေတာက္ပေနတုန္းျဖစ္ၿပီး တစ္ခ်ိဳ႕အစိတ္အပိုင္းေတြက ေက်ာင္းကို ဖုန္းလႊမ္းေနသလို ျဖစ္ေနခဲ့သည္။ မုန္တိုင္းက တျဖည္းျဖည္းနဲ႕ ပိုျပင္းထန္လာခဲ့သည္။

က်ယ္ေလာင္သည့္ အသံေၾကာင့္ ေက်ာင္းသားေတြက ျပတင္းေပါက္ အျပင္ဘက္ကို စူးစမ္းစြာ ၾကည့္လိုက္ၾကသည္။

ဘုရားေရ၊ ဘာေတြျဖစ္ေနတာလဲ?!

ေရွာင္ခ်န္း ကသူ႕ညာလက္ လက္သူႂကြယ္တြင္ ဝတ္ထားသည့္ လက္စြပ္ကို လွည့္လိုက္ၿပီး အေတြးနက္ထဲ ဝင္ေနခဲ့သည္။

ေက်ာင္းရဲ႕ ယင္စြမ္းအင္က ႐ုတ္တရက္ႀကီး မတည္မၿငိမ္ျဖစ္သြားကာ ေကာင္းကင္တစ္ခုလုံးက မဲေမွာင္သြားတာကို သူျမင္လိုက္ရသည္။ မိုင္အနည္းငယ္ ပတ္ဝန္းက်င္မွ သရဲတစ္ေဆေတြေတာင္မွ တစ္စုံတစ္ခုက ဆင့္ေခၚလိုက္သလိုမ်ိဳး ႐ုတ္ခ်ည္း ေျပးလႊားလာခဲ့ၾကသည္။

မူလက ပတ္ဝန္းက်င္တြင္ လွည့္ပတ္ေလွ်ာက္ေနၾကသည့္ သရဲေတြေတာင္ မတည္မၿငိမ္ ျဖစ္သြားၾကသည္။

ေကာင္းကင္က ေျပာင္းလဲသြားၿပီ ေရွာင္ခ်န္း ကသူ႕လည္ပင္းတြင္ ဆြဲထားသည့္ ဆြဲႀကိဳးကို ၾကည့္လိုက္ကာ ေရ႐ြတ္လိုက္သည္။

ထိုေနရာက မေကာင္းတဲ့ ဝိဉာဥ္ေတြနဲ႕ ျပည့္ေနသြားခဲ့သည္။

ဒီႏွစ္တစ္ရာေလာက္ ရွိေနခဲ့ၾကသည့္ တစ္ေဆေတြကလဲ ပိုၿပီးအႏၱရာယ္မ်ားသည့္ တစ္ေဆအသြင္ကို ေျပာင္းသြားခဲ့ၾကသည္။ တစ္ေဆေတြက အနက္ေရာင္ တိမ္တိုက္ရွိေနရာတြင္ ျပည့္ႏွက္ေနတက္ၿပီး အပင္ေတြေတာင္ ေသဆုံးနိုင္သည္။

ေရွာင္ခ်န္း ရဲ႕အမူအရာက ေျပာင္းလဲသြားခဲ့ၿပီး သူ႕မ်က္လုံးေတြက အနည္းငယ္ လႈပ္ရွားသြားခဲ့သည္။

လူသားေတြရဲ႕ ဆႏၵေတြေတာင္ အဆုံးမရွိ တိုးပြားသြားနိုင္သည္။

ေဟး၊ မင္းမွာ ေဘာပင္ေတာင္ မရွိဘူးလား? မင္း လိုတာနဲ႕ လာေတာင္းေနေတာ့တာပဲ၊ သြားေသလိုက္ေတာ့!

မင္းက ေသာက္႐ူးပဲ၊ ဒါက ေဘာပင္ေလး ငွား႐ုံပဲကို၊ အဲ့ဒါက မသိရင္ပဲ အရမ္းရွားပါးပစၥည္းက်ေနတာပဲ။ ငါေျပာမယ္၊ မင္း ပိုမငွားခ်င္ေလ၊ ငါက ပိုယူခ်င္ေလပဲ။ ငါက အရွက္မရွိဘူး။ မင္း ဘာလုပ္နိုင္မွာလဲ?!

ငါ မင္းကို အခ်ိန္အၾကာႀကီး သည္းခံခဲ့တာ။ ငါ့ကို လွည့္စားေနတာလား? မေန႕က မင္း ေကာင္ေလး တစ္ေယာက္နဲ႕ လမ္းေလွ်ာက္သြားတာကို ငါျမင္လိုက္တယ္

ငါ နင့္ကို ဦးထုပ္စိမ္း ေဆာင္းေပးတာလို႔ ထင္ေနတာလား? အိုေက၊ ဒါက အမွန္ဆိုရင္ေတာင္ ဘာျဖစ္လဲ? နင့္ကိုနင္လဲ မွန္ထဲျပန္ၾကည့္လိုက္ဦး? နင့္ပုံစံက ဘာနဲ႕တူေနလဲၾကည့္ၾကည့္။ နင္က ငါနဲ႕ လိုက္ဖက္တယ္လို႔ ထင္ေနတာလား? ဟာသပဲ! ငါ့အေမရဲ႕ ငါးကန္ေတာင္မွ နင့္ေလာက္ မဆိုးဘူး၊ ငါးေသႀကီး!

လူေတြရဲ႕ မေကာင္းတဲ့ အေတြးေတြ၊ စိတ္ပ်က္မႈေတြ၊ အျပစ္စကားေတြ၊ အမုန္းတရာေတြ၊ မႏွစ္ၿမိဳ႕မႈေတြ အားလုံးက ျမင့္တက္လာခဲ့သည္။

ေရွာင္ခ်န္း ကသူ႕ေနရာတြင္သာ ဗလာအမူအရာျဖင့္ ထိုင္ေနခဲ့သည္။

ယုံယုံမယုံယုံ၊ ငါ မင္းကို သတ္မယ္!

လာစမ္းပါ၊ ဘယ္သူ႕ကို ဘယ္သူက ေၾကာက္ေနတာလဲ! ဘယ္သူက ေၾကာက္လို႔လဲ?!

အရင္က တိတ္ဆိတ္ေနသည့္ စာၾကည့္တိုက္က အခုေတာ့ ေဈးတန္းလိုမ်ိဳး ျဖစ္ေနခဲ့သည္။ လူတိုင္းက တစ္ခ်ိန္ထဲတြင္ စတင္ေပါက္ကြဲလာၾကသည္။ သူတို႔အမူအရာေတြက မထိန္းခ်ဳပ္နိုင္ေလာက္ေအာင္ ျဖစ္ေနၾကၿပီး သူတို႔ပါးစပ္ေတြက မႏွစ္ၿမိဳ႕စရာ စကားလုံးေတြကို ေျပာေနခဲ့ၾကသည္။

အစက ရိုးရွင္းသည့္ အျငင္းအခုန္ေလးသာ ျဖစ္ေနခဲ့ေပမဲ့ ထို႔ေနာက္တြင္ ျငင္းခုန္ေနမႈေတြက ပိုျပင္းထန္လာခဲ့ၿပီး မီးနစ္ပိုင္းအတြင္း တစ္ေယာက္နဲ႕ တစ္ေယာက္ တိုက္ခိုက္လာၾကသည္။ ခဏအၾကာတြင္ ေအာ္ဟစ္သံေတြက စာၾကည့္တိုက္ တစ္ခုလုံး ဆူညံသြားခဲ့သည္။

စာအုပ္ျပဳတ္က်သံ၊ တစ္ေယာက္နဲ႕ တစ္ေယာက္ရိုက္သံ၊ စားပြဲခုံလဲသံေတြ...

ဆူညံပြတ္ေလာရိုက္ေနခဲ့သည္။ လူတိုင္းက ဆူညံေနၾကၿပီး သူတို႔အမုန္းတရာေတြက ပိုပိုျပင္းထန္လာခဲ့သည္။

အျပင္ဘက္တြင္ ျပင္းထန္သည့္ မုန္တိုင္းက တိုက္ခတ္ေနကာ ေျမျပင္ထက္သို႔ မိုးေရေတြနဲ႕ သစ္႐ြက္ေတြက ေႂကြက်ေနခဲ့သည္။ ေလေတြက ျပင္းထန္လာခဲ့ၿပီး သစ္ပင္ေတြကို က်ိဴးလုနီးပါးျဖစ္ေလာက္ေအာင္ တိုက္ခတ္ေနခဲ့သည္။

ေနာက္ၿပီး အတြင္းဘက္ရွိ တိုက္ခိုက္ေနၾကသည့္ လူေတြကလဲ ပိုဆိုးလာခဲ့သည္။ ဒါက ၾကည့္ရအရမ္းဆိုးေနခဲ့သည္။

လီေခ်ာင္ရီ ကဆူပူေနၾကသည့္ ေက်ာင္းသားေတြကို ၾကည့္လိုက္သည္။ သူ႕ကိုေတာင္ အႀကိမ္ႀကိမ္ ရိုက္မိလုနီးပါး ျဖစ္သြားေပမဲ့ ကံေကာင္းစြာပင္ သူ အလ်င္အျမန္ ေရွာင္လိုက္သည္။ သူက မာယန္ယု ေၾကာင့္ အႏွောက္အယွက္ ျဖစ္ခဲ့ရၿပီး ႐ုတ္ခ်ည္း ဆူညံလာသည့္ လူအုပ္ကို ၾကည့္လိုက္ၿပီး လုံးဝစိတ္ရႈပ္ေထြးေနခဲ့သည္။

ဘာေတြျဖစ္ေနတာလဲ?

ပတ္ဝန္းက်င္ကို လိုက္ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးအေရာင္လက္သြားခဲ့သည္။

စာၾကည့္တိုက္တစ္ခုလုံးတြင္ ဒီတစ္ေဆရာသီေၾကာင့္ သက္ေရာက္မႈမရွိသည့္ လူတစ္ေယာက္ ရွိေနေသးသည္။

ေရွာင္ခ်န္း ကသူ႕ပတ္ဝန္းက်င္မွ အသံေတြကို နားေထာင္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ႕အမူအရာကလဲ စိတ္မရွည္မႈေတြကို ျပသေနခဲ့သည္။

ေနာက္ၿပီး ထူးဆန္းသည့္အရာက သူ႕ပတ္ဝန္းက်င္က လူအားလုံးက သူ႕ကို မေတြ႕ၾကသလို၊ သူတို႔က သူ႕အား ရည္႐ြယ္ခ်က္ရွိရွိ ေရွာင္ေနသလိုမ်ိဳးေတာင္ ျဖစ္ေနသည္။ ဘယ္သူကမွ သူထိုင္ေနရာကို ေရာက္မလာခဲ့ၾကေပ။ ဆူညံသံက ပိုက်ယ္ေလာင္လာတာေတာင္ ဘယ္သူကမွ ေရွာင္ခ်န္း နားသို႔ တိုးမလာၾကေပ။

လီေခ်ာင္ရီ ကထိုအရာကို ျမင္လိုက္ၿပီး ေရွာင္ခ်န္း နားသို႔ ေျပးသြားလိုက္သည္။

မင္းအေပၚလဲ သက္ေရာက္မႈ မရွိဘူး၊ ဟုတ္တယ္မလား?

ေရွာင္ခ်န္း ကမေျဖပဲ ထိုေကာင္ေလးက ကားတိုက္ခံရမလို ျဖစ္သြားခဲ့ဖူးၿပီး တစ္ေဆျမင္နိုင္သည့္ မ်က္လုံးေတြ ရွိေနခဲ့တာကိုလဲ မွတ္မိလိုက္သည္။

ကမၻာေပၚရွိ လူအနည္းစုကသာ တစ္ေဆေတြနဲ႕ ၿပိဳင္ဘက္ျဖစ္သည့္ တစ္ေဆျမင္နိုင္သည့္ မ်က္လုံးေတြနဲ႕ ေမြးဖြားလာၾကတာ ျဖစ္သည္။ လူတိုင္း တစ္ေဆျမင္နိုင္ဖို႔က မျဖစ္နိုင္ေပ။ သူတို႔အားလုံးက အသက္ႀကီးလို ေသဆုံးသြားသည့္တိုင္ေအာင္ တစ္ေဆမျမင္ဖူးသည့္ လူေတြေတာင္ ရွိၾကသည္။

လီေခ်ာင္ရီ ကသူ႕မ်က္ႏွာ မေျပာင္းလဲသြားတာကို ျမင္လိုက္ရၿပီး ခံစားခ်က္ေတြ လႈပ္ရွားသြားတာ၊ စိတ္ရႈပ္ေထြးတာမ်ိဳးကို မျမင္ရတာေၾကာင့္ ကေမာက္ကမက်စြာျဖင့္ ၿပဳံးလိုက္သည္။

မၾကာခင္ ရာသီဥတု ျပန္ေျပာင္းသြားလိမ့္မယ္ ေရွာင္ခ်န္း က႐ုတ္တရက္ႀကီး ထ,ေျပာလိုက္သည္။ သူ႕အသံက နည္းနည္းေလးေတာင္ ေျပာင္းလဲမႈရွိမေနေပ။ ေမးခြန္းထုတ္ေနတာမ်ိဳး မဟုတ္တာေၾကာင့္ လူေတြအား သိခ်င္စိတ္ကို ျဖစ္ေစသည္။

လီေခ်ာင္ရီ ကထိုစကားကို ၾကားလိုက္ခ်ိန္တြင္ သိခ်င္စိတ္ျဖစ္သြားၿပီး တစ္ခုခုကို ေျပာခ်င္သြားခဲ့သည္။ သို႔ေသာ္ စကၠန႔္ပိုင္းအတြင္း သူ႕မ်က္လုံးေတြက ၿငိမ္သက္သြားၿပီး သူ႕တစ္ကိုယ္လုံးက ထိုေနရာတြင္သာ မလႈပ္မယွက္ျဖစ္သြားကာ ျပတင္းေပါက္ အျပင္ဘက္ကို ႐ူးႏွမ္းစြာ ၾကည့္ေနခဲ့သည္။

ေရွာင္ခ်န္း ရဲ႕အသံက ရပ္သြား႐ုံသာ ရွိေသးသည္။ ျပတင္းေပါက္ အျပင္ဘက္ရွိ အနက္ေရာင္ တိမ္တိုက္ေတြက ပ်ံ့က်ဲသြားခဲ့ၿပီး တျဖည္းျဖည္း အလင္းေရာင္ ထြက္လာခဲ့သည္။ မိုးနဲ႕ေလကလဲ ႐ုတ္ခ်ည္း ရပ္တန႔္သြားခဲ့ၿပီး အနက္ေရာင္ တိမ္တိုက္ အားလုံးကလဲ အခ်ိန္တိုအတြင္း ေပ်ာက္ကြယ္သြားခဲ့သည္။ မဲေမွာင္ေနသည့္ ပတ္ဝန္းက်င္ကလဲ တျဖည္းျဖည္း လင္းလာခဲ့သည္။

အားေကာင္းလွသည့္ ဖိအားေၾကာင့္ အရင္ပုံမွန္အတိုင္း ျပန္ျဖစ္သြားတာနဲ႕ တူေနခဲ့သည္။

ေနေရာင္က မွန္မွတဆင့္ အခန္းထဲသို႔ ျဖတ္ဝင္လာခဲ့ၿပီး လီေခ်ာင္ရီ ရဲ႕ပုခုံးကို ထိခတ္လာခဲ့သည္။ သူက ထိုေနရာတြင္ ထိတ္လန႔္ေနသည့္ အမူအရာျဖင့္ ေအးခဲေနၿပီး သူ႕ပါးစပ္ကလဲ မယုံၾကည္နိုင္စြာျဖင့္ ပြင့္ေနခဲ့သည္။

အခန္းတြင္ရွိ ဆူညံသံေတြကလဲ တစ္စုံတစ္ေယာက္က ရပ္ဖို႔ခလုတ္ကို ႏွိပ္လိုက္သလိုမ်ိဳး ခ်က္ခ်င္း ရပ္တန႔္သြားခဲ့သည္။ သူတို႔အားလုံးက ဘာလုပ္ေနမွန္း မသိစြာျဖင့္ ထိုေနရာတြင္သာ ေအးခဲသြားၾကသည္။

အရာအားလုံးက ပုံမွန္အတိုင္း ျပန္ျဖစ္သြားခဲ့သည္။ ေကာင္းကင္က ပိုေတာက္ပေနၿပီး အစကထက္ေတာင္ ပိုၾကည္လင္ေနခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ျမင့္တက္သြားခဲ့ၿပီး ခ်က္ခ်င္းပင္ ပုံမွန္အတိုင္း ျပန္ျဖစ္သြားခဲ့သည္။ ဒီအေသးအဖြဲေလးက သိပ္မသိသာေသးေပ။

သူလာၿပီ။

29.1.2023 (Sun)
^^^^^^^^^^^^

Continue lendo

Você também vai gostar

292K 55.8K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
158K 12.1K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
112K 22.9K 60
Completed ✔️✔️ (جۆری چیرۆک :-خەیاڵی .... ترسناک ... سەرکێشی ... ئاکشن ... خۆشەویستی ... جەنگان لە پێناو مانەوە لەژیان ..) Mama I'm In love with a cri...
124K 13.4K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...