လျှို့ဝှက်ဆန်းပြားလောက〘Uni+Za...

By Kaiyou1111

247K 41.4K 1K

[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့က... More

Description
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၂)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၃)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၇)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၈)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၉)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၃)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)
သည်းထိတ်ရင်ဖိုအထက်တန်း‌ေကျာင်း (၁၅)
သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၆)
သေမင်းတမန် (၁)
သေမင်းတမန် (၂)
သေမင်းတမန် (၃)
သေမင်းတမန် (၄)
သေမင်းတမန် (၅)
သေမင်းတမန် (၆)
သေမင်းတမန် (၇)
သေမင်းတမန် (၈)
သေမင်းတမန် (၉)
သေမင်းတမန် (၁၀)
သေမင်းတမန် (၁၁)
သေမင်းတမန် (၁၂)
သေမင်းတမန် (၁၃)
သေမင်းတမန် (၁၄)
သေမင်းတမန် (၁၅)
လူသားစားမြို့(၁)
လူသားစားမြို့(၂)
လူသားစားမြို့(၃)
လူသားစားမြို့(၄)
လူသားစားမြို့(၅)
လူသားစားမြို့(၆)
လူသားစားမြို့(၇)
လူသားစားမြို့(၈)
လူသားစားမြို့(၉)
လူသားစားမြို့(၁၀)
လူသားစားမြို့(၁၁)
လူသားစားမြို့(၁၂)
လူသားစားမြို့(၁၃)
လူသားစားမြို့(၁၄)
လူသားစားမြို့(၁၅)
လူသားစားမြို့(၁၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၆)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၇)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၈)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၉)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၂)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၃)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၄)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၅)
နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၆)
Not Update!!
Good New (。•̀ᴗ-)✧
Hello (。•̀ᴗ-)✧
လူသတ်ဂိမ်း (၁)
လူသတ်ဂိမ်း (၂)
လူသတ်ဂိမ်း (၃)
လူသတ်ဂိမ်း (၄)
လူသတ်ဂိမ်း (၅)
လူသတ်ဂိမ်း (၆)
လူသတ်ဂိမ်း(၇)
လူသတ်ဂိမ်း (၈)
လူသတ်ဂိမ်း (၉)
လူသတ်ဂိမ်း (၁၀)
လူသတ်ဂိမ်း (၁၁)
လူသတ်ဂိမ်း (၁၂)
တစ္ဆေမျက်လုံး (၁)
တစ္ဆေမျက်လုံး (၃)
တစ္ဆေမျက်လုံး (၄)
တစ္ဆေမျက်လုံး (၅)
တစ္ဆေမျက်လုံး (၆)
တစ္ဆေမျက်လုံး (၇)
တစ္ဆေမျက်လုံး (၈)
တစ္ဆေမျက်လုံး(၉)
တစ္ဆေမျက်လုံး (၁၀)
တစ္ဆေမျက်လုံး (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၂)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၃)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၄)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၅)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၆)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၇)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၈)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၉)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၀)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၁)
အန္တရာယ်ကြားမှ ထွက်ပြေးခြင်း (၁၂)

တစ္ဆေမျက်လုံး (၂)

1K 174 6
By Kaiyou1111

Unicode

ရှောင်ချန်း ကကျောင်းပေါက်ဝကို ရောက်သည်နှင့် သူ့မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။ သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး စူးစမ်းနေခဲ့သည်။

ထူးဆန်းတယ်၊ ဒီနေ့ ကျောင်းမှာ သရဲတွေပိုများနေတယ်။

အသိသာဆုံးအချက်ကတော့ ဂိတ်ပေါက်ကို ဝင်လိုက်သည်နှင့် အနက်ရောင်လေအဝှေ့ကို ချက်ချင်း ခံစားမိလိုက်တာပင်။ သာမန်လူတွေအဖို့တော့ ကျောင်းဝန်းအတွင်း အပူချိန်က ကျနေတာလောက်သာ ခံစားမိလောက်ပေမဲ့ ရှောင်ချန်း ကတော့ ကျောင်းဝန်းအတွင်း ဇွန်ဘီတွေလို လျှောက်သွားနေသည့် တစ္ဆေတွေကို မြင်နေရသည်။

ပုံမှန်ဆိုရင် ကျောင်းဖြစ်တာကြောင့် ယင်စွမ်းအင်က တခြားနေရာတွေထက် ပိုသိပ်သည်းနေလိမ့်မည်။ ကျောင်းတွေက မီးသင်္ဂြိုလ်ရုံဘေးတွင် ဆောက်ထားတာမျိုး အလောင်းတွေ မြှုတ်ထားသည့် နေရာဘေးတွင် ရှိနေမျိုးတွေကြောင့် ဖြစ်သည်။ နောက်ပြီး ထိုမြေကွက်တွေက ဈေးပေါသည်။ ဒါကြောင့်လည်း ရှောင်ချန်း ကကျောင်းအဆောင်တွင် မနေချင်တာ ဖြစ်သည်။

သို့သော် ဒီနေ့ တစ္ဆေတွေက ပုံမှန်ထက် ပိုများနေပြီး သာမန်ထက် နည်းနည်းပိုနေသည်။

ဒုတိယအချက်က ရှောင်ချန်း ကကျောင်းဝန်းအတွင်း ခြေချလိုက်သည်နှင့် တစ္ဆေတွေက မငြိမ်မသက် ဖြစ်သွားတာကို သူခံစားမိလိုက်သည်။ သူတို့မျက်လုံးတွေက အချိန်ခဏလောက် သူ့ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနေပြီးနောက် သူ့ဘေးနားတွင် လှည့်ပတ်သွားပြီး သူတို့နှာခေါင်းတွေက သူ့အနံ့အား အဆက်မပြတ် အနံ့ခံနေကြသည်။

တစ်ယောက်ဦး တစ်ယောက် သူတို့က သူ့ဆီ အပြေးဝင်လာကြပေမဲ့ သူတို့အားလုံးက သုံးမီတာလောက်တွင် မမြင်နိုင်သည့် အတားအဆီးကြောင့် လွှင့်ထွက်ကုန်ကြသည်။ တချို့က လောင်းကျွမ်းသွားကြပြီး တချို့က ဓာတ်လိုက်သလို ဖြစ်သွားကာ တချို့ဆို သူတို့ဝိဉာဉ်တွေ‌တောင် ပျောက်သွားကြသည်။

တစ်ယောက်ပြီး တစ်ယောက် တစ္ဆေတွေက ရှောင်ချန်း အနားကို အရမ်းကပ်မလာရဲကြတော့ပေ။

ရှောင်ချန်း ကမအံ့ဩပေ။

သူ့ယင်စွမ်းအင်က အရမ်းများပြားပြီး တစ္ဆေတွေအတွက် အရမ်းကောင်းသည်။ သို့သော် သာမန်တစ္ဆေတွေက လူတွေအား အန္တရာယ်မပြုနိုင်ပေ။ ကျင့်ကြံနိုင်ပြီး နာကျည်းသည့် တစ္ဆေမျိုးလောက်သာ လူတွေကို အန္တရာယ်ပြုနိုင်ပေမဲ့ သူတို့က အနည်းငယ်လောက်သာ ရှိကြသည်။

ထိုအကြောင်းကို တွေးလိုက်ရင်း ရှောင်ချန်း ရဲ့အမူအရာက အနည်းငယ် အေးစက်သွားခဲ့သည်။

သူက တစ္ဆေတွေကြောင့် ကြောက်လန့်မှုဖြင့် အသက်ရှင်ခဲ့ရသည်။ သူ့တွင် တစ္ဆေတွေအား မြင်နိုင်သည့် မျက်လုံးရှိနေတာကို တစ္ဆေတွေ သိသွားခဲ့ရင် ထိတ်လန့်စရာကောင်းပြီး သူနဲ့ရင်းနှီးဖို့ လုပ်လာကြလိမ့်မည်။ သူ့ထူးခြားသည့် စွမ်းရည်အား သူ့ပတ်ဝန်းကျင်မှ လူတွေသိသွားခဲ့ရင်လဲ သူ့အား စိတ်ပိုင်းဆိုင်ရာ မကျန်းမာဘူးလို့ ထင်ကြပြီး သူ့မိဘတွေတောင် သူ့ကို စွန့်ပစ်လိမ့်မည်။

သူက ကြည့်ကောင်းတာကြောင့် သူ့အား မြင်လိုက်သည့် လူတိုင်းက မွေးစားချင်ကြမှာ ဖြစ်နိုင်ပေမဲ့ ရလဒ်ကတော့ အတူတူပဲ ဖြစ်နေလိမ့်မည်။ သူက မိဘမဲ့ဂေဟာဆီ ပြန်သွားရပြီး ထပ်တလဲလဲ အဆုံးမသတ်နိုင်သည့် မျှော်လင့်ချက်တွေကို ကြုံတွေ့ခံစားရပြီး စိတ်ဓာတ်အား တဖြည်းဖြည်း ကျဆင်းလာစေလိမ့်မည်။

အစက အကူအညီအတွက် ‌ခေါ်ခဲ့သည်။ သူကြောက်ပေမဲ့ နောက်ပိုင်းတွင်တော့ သူက ဂရုမစိုက်၊ ထုံကျဉ်လာပြီး သူ့ကိုယ်သူတောင် အလုံးစုံ ပိတ်သိမ်းထားခဲ့သည်။

ထိုနေ့မတိုင်ခင်....

ထိုလူနဲ့ သူမတွေ့ခင်အထိ။

ထိုအကြောင်းကို သူတွေးလိုက်ချိန်တွင် ရှောင်ချန်း ရဲ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားခဲ့သည်။

သူ့အလင်းရောင်လေးကို မြင်ခဲ့ရသည်။

ထို့နောက် အလင်းရောင်လေးက သူ့မှေးမှိန်နေသည့် မျက်လုံးတွေအား တောက်ပလာစေသည်။

“အရမ်းအရသာရှိပုံပဲ” ဗိုက်ပူကြီးက တွဲကျနေသည့် အမျိုးသမီးက တင်းမာနေသည့် မျက်နှာထားဖြင့် ရှောင်ချန်း ဘေးတွင် လှည့်ပတ်နေပြီး ရှောင်ချန်း ကတော့ လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။ သူ့မျက်နှာက ဘာမှမမြင်ရသလိုမျိုး ရှေ့ကိုသာ ဆက်လျှောက်လိုက်ရင်း သူ့နောက်တွင် တောက်လျှောက် လိုက်လာကြသည့် တစ္ဆေတွေအား မမြင်ဟန်ဆောင်နေခဲ့သည်။

ထိုအမျိုးသမီးက ရှောင်ချန်း ရဲ့လမ်းအား ပိတ်ထားခဲ့ပြီး သူ့ရှေ့တွင် လွှင့်နေခဲ့သည်။

ရှောင်ချန်း ရဲ့ခြေလှမ်းတွေက ရပ်သွားပြီး ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ်အား သတိမမူမိသလို ဟန်ဆောင်ဖို့က ခက်ခဲနေပြီးမှ ရှေ့ဆက်တိုးလိုက်သည်။

ထိုအမျိုးသမီးက တစ်စုံတစ်ခုအား ရှာတွေ့သွားသလိုမျိုး အံ့ဩသည့် အမူအရာပြလာခဲ့သည်။

ရှောင်ချန်း ရဲ့အေးချမ်းနေမှုက အရှိန်မြင့်လာခဲ့သည်။ ထိုအမျိုးသမီးက ရှောင်ချန်း ရဲ့နားနားအား ကပ်လာခဲ့ပြီး ရွှင်မြူးနေသည့် အသံဖြင့် ပြောလိုက်သည်။ “သူငယ်ချင်းလေး၊ နင် င့ါကို မြင်ရတယ်မလား?”

ရှောင်ချန်း ကဘာမှမပြောပဲ ရှေ့ကိုသာ ဆက်လျှောက်လိုက်သည်။

ထိုအမျိုးသမီးက သူ့အား သွားခွင့်မပြုပဲ သူမခန္ဓာကိုယ်အား ရှောင်ချန်း နားသို့ ပိုတိုးကပ်လိုက်သည်။ “ဒီမိဘမဲ့တွေထဲမှာ နင်က အကြည့်ကောင်းဆုံးပဲ။ မမ က နင့်ကို တကယ်ကြီး စားချင်နေတာ”

ထိုအမျိုးရဲ့ သားရည်တွေက ထွက်ကျလာခဲ့သည်။ မျက်နှာတစ်ခုလုံးက နံရံအား ဓားနဲ့ဖြတ်ထားတာထက် ပိုဖြူဖွေးနေပြီး များပြားလှသည့် သွေးအမှတ်တွေလဲ ရှိနေသည်။ သူမအသားက ပွင့်ထွက်နေပြီး သူမမျက်နှာက အရမ်းကို အကျည်းတန်နေပြီး အရမ်းဝနေကာ ပျော့အိကာ အိပက်ပက်ဖြစ်နေသည်။

သူမက တိုးလျစွာ ပြောလိုက်သည်။ သူမခန္ဓာကိုယ်က ရှောင်ချန်း အနားကို ပိုတိုးကပ်လာပြီး သူမကိုယ်သူမ ‘မမ’ လို့တောင် ပြောနေခဲ့သည်။

ရှောင်ချန်း ရဲ့ချွေးအေးတွေက ထွက်လာခဲ့ပြီး မနှစ်မြို့သည့် အမူအရာအား မပြမိစေဖို့ ကြိုးစားနေခဲ့သည်။

သို့သော် ရှောင်ချန်း ရဲ့သေးငယ်သည့် အမူအရာလေးတွေက သူ့အား သစ္စာဖောက်နေခဲ့သည်။ ထိုအမျိုးသမီးရဲ့ သွေးတွေနဲ့ မျက်နှာထားက ပိုကြောက်ဖို့ကောင်းနေပြီး အာရုံစိုက်နေသည့် အကြည့်ကြောင့် သူမမျက်လုံးက ပြူးထွက်နေခဲ့သည်။

“နင်က ငါ့ကိုတောင် အထင်သေးတယ်” ထိုအမျိုးသမီးက အံကြိတ်လိုက်ပြီး သူမအသံက တစ်ဖက်လူရဲ့ နားစည်ကိုတောင် ကွဲထွက်လောက်သည်အထိ စူးရှနေသည်။ သူမက လက်တွေကို ဆန့်ထုတ်လိုက်ပြီး ရှောင်ချန်း အားဆွဲဖို့ ကြိုးစားလိုက်သည်။

ထိုအမျိုးသမီးရဲ့ လက်သည်းတွေက ရှည်လျားသည်။ သူမလက်သည်းတွေက မဲနက်နေပြီး အညစ်အကြေးတွေက ရှိနေသည်။

ထိုအမျိုးသမီးက သူ့အား မထိနိုင်ဘူးလို့ ရှောင်ချန်း တွေ့နေခဲ့ပေမဲ့ နောက်စက္ကန့်ပိုင်းအတွင်း ထိုအမျိုးသမီးက ရှောင်ချန်း ရဲ့လက်ကောက်ဝတ်အား ပြင်းထန်စွာဖြင့် ဆွဲလိုက်တာကြောင့် ရှောင်ချန်း ကမြေပြင်ပေါ် လဲကျသွားခဲ့သည်။

ရှောင်ချန်း ကသူ့အရိုးကျိုးသွားသံတောင် ကြားလိုက်ရပြီး သူ့အမူအရာက မယုံနိုင်သလိုမျိုး ဖြစ်နေခဲ့သည်။

ထိုအမျိုးသမီးလဲ လန့်သွားခဲ့သည်။ ထိုကလေးအား သူမ ဆွဲနိုင်မယ်လို့ ထင်မထားခဲ့ပုံပင်။

နောက်စက္ကန့်တွင် ထိုအမျိုးသမီးရဲ့ အမူအရာက ရူးနှမ်းသလိုမျိုး ဖြစ်လာခဲ့သည်။ သူမအကြည့်က ရှောင်ချန်း ရဲ့ခန္ဓာကိုယ်ပေါ်တွင်သာ တည်ရှိနေပြီး သူမက ပါးစပ်အား အဆစ်ဆွဲဖြုတ်လိုက်သလိုမျိုး အကျယ်ကြီး ဖွင့်လာခဲ့သည်။ သူမက ရှောင်ချန်း အားအရသာရှိသည့် အသားလိုမျိုး ကြည့်နေခဲ့သည်။

ရှောင်ချန်း ကမြေပြင်ထက်တွင် ကြောက်လန့်စွာ လဲနေပြီး အကူအညီမဲ့စွာဖြင့် ပါးစပ်ဟနေခဲ့သည်။

ရုတ်တရက် တစ်ခုခုကို တွေးမိသွားတာကြောင့် သူ့မျက်လုံးအရောင်က ပြောင်းသွားခဲ့သည်။ သူက နောက်ဆုံးအင်အားဖြင့် အိတ်ထဲမှ အနီရောင် ဖ‌ယောင်းတိုင် နှစ်တိုင်အား ထုတ်လိုက်ပြီး ချိုးလိုက်ကာ တစ်စုံတစ်ခုအား ရွတ်လိုက်သည်။ ကြောက်လန့်မှုကြောင့် သူ့လက်တွေက တုန်ရီနေပြီး သူ့နောက်ဆုံး အင်အားဖြင့် ရုန်းကန်နေခဲ့သည်။

ထိုအမျိုးသမီးက သူမရှေ့မှ ကောင်လေး လုပ်နေသည့် အသုံးမဝင်သည့် အရာတွေအား လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူမက ခေါင်းကို စောင်းလိုက်ပြီး သူမလည်ချောင်းအား ခွဲလိုက်သလိုမျိုး အသံနဲ့ ထရယ်လိုက်သည်။

ထို့နောက် လက်တစ်ဖက်ဖြင့် သူမက ရှောင်ချန်း ရဲ့လည်ပင်းအား ဆွဲလိုက်ကာ သူ့အား မြေပြင်မှ ဆွဲမြှောက်လိုက်သည်။

ရှောင်ချန်း လက်ထဲမှ အနီရောင် ဖယောင်းတိုင် နှစ်တိုင်က မြေပြင်ထက်ကို ကျသွားခဲ့သည်။

လည်ပင်းမှ ဖိအားကြောင့် ရှောင်ချန်း ရဲ့မျက်နှာက နီရဲလာပြီး သူ့ခြေထောက်တွေကလဲ မြေပြင်နဲ့ လွတ်နေခဲ့သည်။

“ဘောင်း” ကျယ်လောင်သည့် အသံက ထွက်လာခဲ့သည်။

ရှောင်ချန်း ရဲ့လည်ပင်းတွင် ရှိနေသည့် ထိုအမျိုးသမီးရဲ့ လက်က လှုပ်ရှားသွားခဲ့သည်။ အကျယ်ကြီး ဖွင့်ထားသည့် သွေးလွှမ်းနေသည့် ပါးစပ်က လေထဲတွင် အေးခဲသွားခဲ့သည်။ နီရဲနေသည့် လျှာတောင် လှုပ်ရှားဖို့ မေ့သွားခဲ့သည်။ ထိုအမျိုးသမီးရဲ့ လက်တွေက ပျော့ကျသွားပြီး ရှောင်ချန်း အားလွှတ်ပေးလိုက်သည်။

ရှောင်ချန်း ကအားတွေ ပျောက်နေပြီး လဲကျတော့မလို ဖြစ်သွားပေမဲ့ လက်အစုံက အနောက်မှ သူ့ခါးအား လျင်မြန်စွာ ဖက်လိုက်ပြီး သူ့လက်မောင်းထဲ ဖက်ထားခဲ့သည်။

ထိုအမျိုးသမီးက ထောင်ပေါင်းများစွာသော ဓားတွေနဲ့ ဖြတ်ခံနေရသလိုမျိုး ဖြစ်နေသည်။ သွေးမှတ်တွေနဲ့ မျက်နှာတစ်ခုလုံးက အရမ်းကို အကျည်းတန်နေပြီး ဝိဉာဉ်ခန္ဓာကိုယ် တစ်ခုလုံးက ပျောက်ကွယ်လာခဲ့သည်။ နောက်စက္ကန့်တွင် သူမက ကောင်းကင်မှ စူးရှသည့်အသံနဲ့အတူ သွေးလုံးလို ပြောင်းလဲလာခဲ့သည်။

ရှောင်ချန်း ကသူ့အား ကိုင်ထားပေးသည့်လူကြောင့် သူ့မျက်စိရှေ့မှ ထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် ထိတ်လန့်မနေခဲ့ပေ။ သူက အံ့ဩနေပြီး ကျိုးသွားသည့် အရိုးကြောင့် နာကျင်မှုကိုတောင် မေ့လျော့သွားခဲ့သည်။

ထိုလူက အနီရောင်ကို ဝတ်ထားပြီး လျော့ရဲနေသည့် ဆံပင်တွေက ဘေးဘက်တွင် ကျနေပြီး လေတိုက်ချိန်တွင် အနည်းငယ် လွင့်သွားကာ သူ့မျက်လုံးတွေက အညိုဖျော့ရောင် ရှိသည်။

ထိုလူရဲ့ လက်တွေက ရှောင်ချန်း အားပွေ့ဖက်ထားခဲ့သည်။ သူက အကြည့်ကို အောက်စိုက်လိုက်ကာ သူ့ပွေ့ဖက်မှုကြားမှ ငယ်ရွယ်သည့် ကလေးအား ကြည့်လိုက်သည်။

ထိုလူရဲ့ လက်ချောင်းတွေက အနည်းငယ် လှုပ်ရှားသွားကာ မှော်အစွမ်းသုံးလိုက်သလိုမျိုး မြေပြင်ထက်တွင် ကျနေသည့် အနီရောင် ဖယောင်းတိုင် နှစ်တိုင်က သူ့ဘာသာ ပျံတက်လာပြီးနောက် ထိုလူရဲ့လက်ထဲသို့ ရောက်လာခဲ့သည်။

ဂျင်းဟေးဇီ ကကလေးရဲ့ အေးခဲနေပြီး ပုံမှန်ပြန်မဖြစ်သေးသည့် ဖီးနစ်မျက်လုံးအား စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးတွေက တောင်တွေနဲ့ မြစ်တွေလို အေးချမ်းနေတာ မှော်အစွမ်းတွေ ရှိနေသလိုမျိုးပင်။ အကြည့်တစ်ချက်တည်းနဲ့ သူ့အား ချက်ချင်း ချစ်မိသွားစေသည်။

ထိုလူရဲ့ လက်ငါးချောင်းက ကောင်လေးကျောမှ ဒဏ်ရာအား ညင်သာစွာ ထိလိုက်ပြီး ကုပေးလိုက်သည်။ ထိလိုက်ချိန်တွင် အရင်က အေးစက်နေသည့် မျက်လုံးတွေက ချက်ချင်းကို ပြင်းပြင်းထန်ထန် ဒေါသထွက်သလို ပြောင်းလဲသွားခဲ့သည်။

ကလေးရဲ့ အရိုးတွေ ကျိုးသွားတယ်!

ထိုလူရဲ့ မျက်နှာက မဲမှောင်သွားပြီး မြင့်တက်လာသည့် ဒေါသတွေအား ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့သည်။ လေထုက ပိုပြီးတော့တောင် ကျလာခဲ့သည်။

သူ့လက်မောင်းထဲမှ ကြွေထည်အရုပ်လေးအား နာကျင်သွားမှာကို ကြောက်နေသလိုမျိုး သူ့လက်တွေက ဂရုတစိုက် လှုပ်ရှားနေခဲ့သည်။

ရှောင်ချန်း ကသူတို့နှစ်ယောက်ကြားမှ တိတ်ဆိတ်နေမှုအား ချိုးဖျက်ကာ ပြောလိုက်သည်။ “ခင်ဗျားက နတ်ဘုရားလား?”

မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူက အရမ်းကြည့်ကောင်းနေရတာလဲ?

ထိုလူက ပြုံးလိုက်ပြီး မဲမှောင်နေသည့် အမူအရာက ပျောက်ကွယ်သွားပြီး သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားခဲ့သည်။ အနီရောင် ဖယောင်းတိုင်တွေကလဲ ထိုလူ့လက်ထဲတွင် ရှိနေခဲ့သည်။

ရှောင်ချန်း ကသူ့ရှေ့ရှိ အလှလေးက နှုတ်ခမ်းလှုပ်ရှားသွားတာကိုသာ မြင်လိုက်ရသည်။

သူက ပြောလိုက်သည်။ “မဟုတ်ဘူး၊ ကိုယ်က မင်းရဲ့ ခင်ပွန်းလောင်း”

ရှောင်ချန်း ကသူ့မှတ်ဉာဏ်တွေမှ ပြန်တွေးလိုက်ရင်း သူ့နှုတ်ခမ်းထောင့်က ကွေးတက်လာခဲ့သည်။

“ကြည့်၊ တစ်ယောက်က ‌ခေါင်းမိုးကနေ ခုန်ချတော့မယ်”

“သေလိုက်၊ တကယ်ကြီးပဲ။ ဖုန်းနဲ့ မြန်မြန် ဓာတ်ပုံရိုက်”

“Shit! ရူးစရာပဲ၊ ကျောင်းအဆောက်အဦးက ခုန်ချတော့မှာ”

-------

ရှောင်ချန်း ကပြုံးလိုက်ပြီး သူ့ခေါင်းအား မေ့လိုက်သည်။

ထင်တဲ့အတိုင်းပင် ပုံရိပ်တစ်ခုက ခေါင်းမိုးထောင့်စွန်းတွင် ထိုင်နေပြီး အောက်ထပ်မြင်ကွင်းအား ဗလာအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ကျောင်းသားအများစုက အဆောက်အဦးအောက်တွင် စုဝေးနေခဲ့ကြသည်။ သူတို့က ဖုန်းတွေကို ထုတ်လိုက်ပြီး ဗီဒီယို၊ ဓာတ်ပုံနဲ့ လိုက်ဖ်လွှင့်နေခဲ့ကြသည်။ အနည်းငယ်လောက်ကသာ ဆရာတွေအား ခေါ်နိုင်ဖို့အတွက် အဆောက်အဦးဆီ အပြေးအလွှားသွားလိုက်ကာ တချို့ကျောင်းသားတွေကတော့ ရဲတွေတောင် ခေါ်ပြီးပြီ ဖြစ်သည်။

“ဘုရားရေ၊ အဲ့လူက ပရောဖက်ဆာပဲ!” ကျောင်းသားတစ်ယောက်က ထိုလူကို မှတ်မိသွားပြီး သူ့ပါးစပ်အား ကြောက်လန့်သည့် အမူအရာဖြင့် လက်ဖြင့်အုပ်လိုက်သည်။

နောက်စက္ကန့်တွင် လူအုပ်ကြီးရဲ့ စကားသံတွေက ပိုပိုကျယ်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ? ဘာတွေဖြစ်နေတာလဲ? ပရောဖက်ဆာလီ ကရူးနေပြီ။ သူက ရုတ်တရက်ကြီး အဆောက်အဦးကနေ ဘာကြောင့်များ ခုန်ချချင်ရတာလဲ?”

သို့သော် ထိုအချိန်တွင် ဘယ်သူ့မှ အဖြေမပေးနိုင်ကြပေ။

ရှောင်ချန်း ရဲ့နှုတ်ခမ်းက လှုပ်ရှားသွားခဲ့သည်။

ထိုနေရာတွင် လူတစ်ယောက်ထက် ပိုနေခဲ့သည်။

ထိုလူရဲ့ မျက်လုံးတွေက အသက်မဲ့နေပြီး သူ့ခြေထောက်တွေက လေထဲတွင် တွဲလျောင်းကျနေခဲ့သည်။ သူ့ကျောက အေးခဲနေပြီး လည်ပင်းက ဘေးဘက်ကို ကျနေကာ ထူးဆန်းနေသည့် သူ့ခန္ဓာကိုယ်အား ပြင်ဆင်ဖို့တောင် မတက်နိုင်ပေ။

အဖြူရောင် ဝတ်ထားသည့် မိန်းမငယ်လေးက သူ့နောက်တွင် ရပ်နေခဲ့သည်။ သူမလက်တစ်ဖက်က ထိုလူရဲ့ ကော်လာကို ကိုင်ထားပြီး အောက်မှ လူအုပ်ကြီးအား ငုံ့ကြည့်လိုက်သည်။ သူမအမူအရာက တောက်လျောက် ထုံအ,နေခဲ့သည်။

ရှောင်ချန်း အတွက် ထိုမိန်းကလေးအား မှတ်မိစေဖို့ တစ်ချက်ကြည့်ရုံသာ လိုအပ်သည်။

မနေ့က မိန်းမငယ်လေးပဲ။

ထူးဆန်းတာက မနေ့က ပုံမှန်လို ကောင်းနေသည့် သူမမျက်နှာက ဒီနေ့တွင် သွေးမှတ်တွေ ပြန်ရောက်နေပြီး အရင်ကထက်တောင် ပိုဆိုးရွားနေသည်။ ထို့နောက် သူမခန္ဓာကိုယ်မှ ထွက်နေသည့် ယင်စွမ်းအင်က အရင်ကထက်တောင် သိပ်သည်းနေသည်။ အရမ်းသိပ်သည်းနေတာက ရာသီဥတုကို သက်ရောက်စေပြီး ပတ်ဝန်းကျင်မှ အထီးကျန်သည့် ဝိဉာဉ်တွေနဲ့ စိတ်ဝိဉာဉ်တွေအား အဆက်မပြတ် လာရောက်စေဖို့ ဆွဲဆောင်နေခဲ့သည်။

ဒီအဆင့်က ဘယ်လောက်တောင် မငြိမ်မသက် ဖြစ်နေရတာလဲ?

ရှောင်ချန်း ကမျက်မှောင်ကြုတ်လိုက်သည်။

အပြစ်တိုင်းမှာ အပြစ်လုပ်သူရှိပြီး အကြွေးတိုင်းမှာ အကြွေးရှင်တော့ ရှိသည်။ ဒါက အမှန်တရားပင်။

ပုံမှန်ဆို တစ္ဆေတွေက သေပြီးနောက်တွင် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားကြပြီး ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။ သို့သော် ဒီမငြိမ်သက်သည့် တစ္ဆေတွေက အရမ်းပြင်းထန်လွန်းသည့် စိတ်စွမ်းအင်တွေရှိနေတာကို ပြသနေခဲ့သည်။ သူတို့က သူတို့မသေခင် ကြုံတွေ့ခဲ့ရသည့် ရန်သူအား တွေ့လိုက်သည်နှင့် သူတို့က သေချာပေါက် လက်စားချေလိမ့်မည်။

အောက်ထပ်တွင် လူတွေက ပိုစုဝေးလာကြပြီး အစောင့်ကလဲ အမိန့်ပေးဖို့ အပြေးထွက်လာခဲ့သည်။

ထိုလူရဲ့ ငေးငိုင်နေသည့် မျက်လုံးတွေက နောက်ဆုံးတော့ လျော့ပါးသွားခဲ့သည်။ သူက ထိတ်လန့်သွားပြီး သူ့ပါးစပ်က ပွင့်လာခဲ့သည်။ အိပ်ပျော်နေချိန် လမ်းလျှောက်ပြီး ခေါင်းမိုးပေါ် ရောက်လာကာ ရုတ်တရက်ကြီး လန့်နိုးသွားသလိုမျိုး ဖြစ်နေသည်။

ဘာကြောင့် ဒီနေရာကို ရောက်နေမှန်း မသိတာကြောင့် သူ့လက်တွေ၊ ခြေတွေက အဆက်မပြတ် တုန်လှုပ်နေခဲ့သည်။

သူက သတိထားကာ အပေါ်မှ ဆင်းဖို့လုပ်လိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ခုက သူ့ကော်လာအား ဆွဲထားတာကို သတိပြုမိသွားခဲ့သည်။

သူက ပြန်လှည့်ကြည့်လိုက်ပြီး သွေးလွှမ်းနေသည့် မျက်နှာက သူ့အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူက တုန်ရီသွားပြီး သူ့ခြေထောက်တွေက အေးခဲသွားကာ ပြုတ်ကျလုနီးပါး ဖြစ်သွားပေမဲ့ မိန်းကလေးက သူ့ကော်လာကို ဆက်ကိုင်ထားတာကြောင့် သူ့မငြိမ်သက်မှုအား ပြန်ထိန်းသွားနိုင်ခဲ့သည်။

ထိုလူက အောက်ထပ်မှ လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့ပါးစပ်ကိုဖွင့်ကာ အကူအညီတောင်းချင်ပေမဲ့ သူ့ပါးစပ် ဖွင့်မရတာကို နားလည်သွားပြီး အွန်း-အွန်း အသံသာ ထုတ်နိုင်ခဲ့သည်။

အောက်ထပ်မှ ကျောင်းသားတွေက ထိုလူက လှုပ်ရှားပြီး အမှားလုပ်ကာ ခုန်ချမိတော့မှာကို သတိပြုမိသွားခဲ့သည်။ ထိုခဏတွင် သူတို့အားလုံးက ဖုန်းတွေကို တပြိုင်နက်တည်း ထုတ်လိုက်ကြပြီး ထိုအချိန်အား မှတ်တမ်းယူနေခဲ့ကြသည်။

မိန်းကလေးက အောက်ထပ်မှ အခြေအနေအား စောင့်ကြည့်လိုက်ပြီး မနှစ်မြို့ဖွယ်၊ ထိတ်လန့်ဖွယ်ကောင်းစွာ ရယ်လိုက်သည်။

သူမက ထိုလူရဲ့ခေါင်းကို ဆွဲလိုက်ပြီး သူမအားကြည့်စေဖို့ ဖိအားပေးလိုက်သည်။ သူမအသံက အေးစက်နေပြီး စူးရှနေကာ ဒေါသတွေ ပြည့်နှက်နေသည်။ “ရှင့်ရှေ့က ဒီလိုမြင်ကွင်းနဲ့ ရင်းနှီးလား?”

ထိုလူက ဆန်ခါခါနေသလိုမျိုး တုန်ရီနေပြီး အသားပွင့်နေသည့် မျက်နှာအား ကြည့်နေခဲ့သည်။ သူက မခုခံနိုင်စွာဖြင့် ခေါင်းကို တစ်ဖက်လွှဲဖို့ လုပ်လိုက်ပြီး ညည်းညူသံကို ထုတ်လိုက်သည်။

မိန်းကလေးက အတိတ်ကို ပြန်ရောက်သွားသလိုမျိုး အောက်ထပ်ကို ကြည့်လိုက်သည်။

“ဆရာ၊ ကျွန်မကို မှတ်မိရဲ့လား? ကျွန်မက လုလု လေ”

ထိုလူက ကြားလိုက်ချိန်တွင် မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

ကျွန်မက လုလု လေ၊ ရှင် rape ခဲ့တဲ့ မိန်းကလေး။

ရှင် မေ့သွားပြီလား?

#Sorry နော် Satday လောက်ထဲက တင်ပေးဖို့ကို ကိုယ့်ဖုန်းက အဆင်မပြေဖြစ်နေတာနဲ့ နောက်ကျသွားတယ်#

23.1.2023 (Mon)
^^^^^^^^^

Zawgyi

ေရွာင္ခ်န္း ကေက်ာင္းေပါက္ဝကို ေရာက္သည္ႏွင့္ သူ႕မ်က္ခုံးေတြကို တြန႔္ခ်ိဳးလိုက္သည္။ သူ႕မ်က္လုံးေတြက ပတ္ဝန္းက်င္ကို အႀကိမ္အနည္းငယ္ ၾကည့္လိုက္ၿပီး စူးစမ္းေနခဲ့သည္။

ထူးဆန္းတယ္၊ ဒီေန႕ ေက်ာင္းမွာ သရဲေတြပိုမ်ားေနတယ္။

အသိသာဆုံးအခ်က္ကေတာ့ ဂိတ္ေပါက္ကို ဝင္လိုက္သည္ႏွင့္ အနက္ေရာင္ေလအေဝွ႕ကို ခ်က္ခ်င္း ခံစားမိလိုက္တာပင္။ သာမန္လူေတြအဖို႔ေတာ့ ေက်ာင္းဝန္းအတြင္း အပူခ်ိန္က က်ေနတာေလာက္သာ ခံစားမိေလာက္ေပမဲ့ ေရွာင္ခ်န္း ကေတာ့ ေက်ာင္းဝန္းအတြင္း ဇြန္ဘီေတြလို ေလွ်ာက္သြားေနသည့္ တစ္ေဆေတြကို ျမင္ေနရသည္။

ပုံမွန္ဆိုရင္ ေက်ာင္းျဖစ္တာေၾကာင့္ ယင္စြမ္းအင္က တျခားေနရာေတြထက္ ပိုသိပ္သည္းေနလိမ့္မည္။ ေက်ာင္းေတြက မီးသျဂၤိုလ္႐ုံေဘးတြင္ ေဆာက္ထားတာမ်ိဳး အေလာင္းေတြ ျမႇုတ္ထားသည့္ ေနရာေဘးတြင္ ရွိေနမ်ိဳးေတြေၾကာင့္ ျဖစ္သည္။ ေနာက္ၿပီး ထိုေျမကြက္ေတြက ေဈးေပါသည္။ ဒါေၾကာင့္လည္း ေရွာင္ခ်န္း ကေက်ာင္းအေဆာင္တြင္ မေနခ်င္တာ ျဖစ္သည္။

သို႔ေသာ္ ဒီေန႕ တစ္ေဆေတြက ပုံမွန္ထက္ ပိုမ်ားေနၿပီး သာမန္ထက္ နည္းနည္းပိုေနသည္။

ဒုတိယအခ်က္က ေရွာင္ခ်န္း ကေက်ာင္းဝန္းအတြင္း ေျခခ်လိဳက္သည္ႏွင့္ တစ္ေဆေတြက မၿငိမ္မသက္ ျဖစ္သြားတာကို သူခံစားမိလိုက္သည္။ သူတို႔မ်က္လုံးေတြက အခ်ိန္ခဏေလာက္ သူ႕ခႏၶာကိုယ္ေပၚတြင္သာ ရွိေနၿပီးေနာက္ သူ႕ေဘးနားတြင္ လွည့္ပတ္သြားၿပီး သူတို႔ႏွာေခါင္းေတြက သူ႕အနံ႕အား အဆက္မျပတ္ အနံ႕ခံေနၾကသည္။

တစ္ေယာက္ဦး တစ္ေယာက္ သူတို႔က သူ႕ဆီ အေျပးဝင္လာၾကေပမဲ့ သူတို႔အားလုံးက သုံးမီတာေလာက္တြင္ မျမင္နိုင္သည့္ အတားအဆီးေၾကာင့္ လႊင့္ထြက္ကုန္ၾကသည္။ တခ်ိဳ႕က ေလာင္းကြၽမ္းသြားၾကၿပီး တခ်ိဳ႕က ဓာတ္လိုက္သလို ျဖစ္သြားကာ တခ်ိဳ႕ဆို သူတို႔ဝိဉာဥ္ေတြေတာင္ ေပ်ာက္သြားၾကသည္။

တစ္ေယာက္ၿပီး တစ္ေယာက္ တစ္ေဆေတြက ေရွာင္ခ်န္း အနားကို အရမ္းကပ္မလာရဲၾကေတာ့ေပ။

ေရွာင္ခ်န္း ကမအံ့ဩေပ။

သူ႕ယင္စြမ္းအင္က အရမ္းမ်ားျပားၿပီး တစ္ေဆေတြအတြက္ အရမ္းေကာင္းသည္။ သို႔ေသာ္ သာမန္တစ္ေဆေတြက လူေတြအား အႏၱရာယ္မျပဳနိုင္ေပ။ က်င့္ႀကံနိုင္ၿပီး နာက်ည္းသည့္ တစ္ေဆမ်ိဳးေလာက္သာ လူေတြကို အႏၱရာယ္ျပဳနိုင္ေပမဲ့ သူတို႔က အနည္းငယ္ေလာက္သာ ရွိၾကသည္။

ထိုအေၾကာင္းကို ေတြးလိုက္ရင္း ေရွာင္ခ်န္း ရဲ႕အမူအရာက အနည္းငယ္ ေအးစက္သြားခဲ့သည္။

သူက တစ္ေဆေတြေၾကာင့္ ေၾကာက္လန႔္မႈျဖင့္ အသက္ရွင္ခဲ့ရသည္။ သူ႕တြင္ တစ္ေဆေတြအား ျမင္နိုင္သည့္ မ်က္လုံးရွိေနတာကို တစ္ေဆေတြ သိသြားခဲ့ရင္ ထိတ္လန႔္စရာေကာင္းၿပီး သူနဲ႕ရင္းႏွီးဖို႔ လုပ္လာၾကလိမ့္မည္။ သူ႕ထူးျခားသည့္ စြမ္းရည္အား သူ႕ပတ္ဝန္းက်င္မွ လူေတြသိသြားခဲ့ရင္လဲ သူ႕အား စိတ္ပိုင္းဆိုင္ရာ မက်န္းမာဘူးလို႔ ထင္ၾကၿပီး သူ႕မိဘေတြေတာင္ သူ႕ကို စြန႔္ပစ္လိမ့္မည္။

သူက ၾကည့္ေကာင္းတာေၾကာင့္ သူ႕အား ျမင္လိုက္သည့္ လူတိုင္းက ေမြးစားခ်င္ၾကမွာ ျဖစ္နိုင္ေပမဲ့ ရလဒ္ကေတာ့ အတူတူပဲ ျဖစ္ေနလိမ့္မည္။ သူက မိဘမဲ့ေဂဟာဆီ ျပန္သြားရၿပီး ထပ္တလဲလဲ အဆုံးမသတ္နိုင္သည့္ ေမွ်ာ္လင့္ခ်က္ေတြကို ႀကဳံေတြ႕ခံစားရၿပီး စိတ္ဓာတ္အား တျဖည္းျဖည္း က်ဆင္းလာေစလိမ့္မည္။

အစက အကူအညီအတြက္ ေခၚခဲ့သည္။ သူေၾကာက္ေပမဲ့ ေနာက္ပိုင္းတြင္ေတာ့ သူက ဂ႐ုမစိုက္၊ ထုံက်ဥ္လာၿပီး သူ႕ကိုယ္သူေတာင္ အလုံးစုံ ပိတ္သိမ္းထားခဲ့သည္။

ထိုေန႕မတိုင္ခင္....

ထိုလူနဲ႕ သူမေတြ႕ခင္အထိ။

ထိုအေၾကာင္းကို သူေတြးလိုက္ခ်ိန္တြင္ ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ေကြးသြားခဲ့သည္။

သူ႕အလင္းေရာင္ေလးကို ျမင္ခဲ့ရသည္။

ထို႔ေနာက္ အလင္းေရာင္ေလးက သူ႕ေမွးမွိန္ေနသည့္ မ်က္လုံးေတြအား ေတာက္ပလာေစသည္။

အရမ္းအရသာရွိပုံပဲ ဗိုက္ပူႀကီးက တြဲက်ေနသည့္ အမ်ိဳးသမီးက တင္းမာေနသည့္ မ်က္ႏွာထားျဖင့္ ေရွာင္ခ်န္း ေဘးတြင္ လွည့္ပတ္ေနၿပီး ေရွာင္ခ်န္း ကေတာ့ လက္သီးကို တင္းတင္းဆုပ္ထားခဲ့သည္။ သူ႕မ်က္ႏွာက ဘာမွမျမင္ရသလိုမ်ိဳး ေရွ႕ကိုသာ ဆက္ေလွ်ာက္လိုက္ရင္း သူ႕ေနာက္တြင္ ေတာက္ေလွ်ာက္ လိုက္လာၾကသည့္ တစ္ေဆေတြအား မျမင္ဟန္ေဆာင္ေနခဲ့သည္။

ထိုအမ်ိဳးသမီးက ေရွာင္ခ်န္း ရဲ႕လမ္းအား ပိတ္ထားခဲ့ၿပီး သူ႕ေရွ႕တြင္ လႊင့္ေနခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ေျခလွမ္းေတြက ရပ္သြားၿပီး ထိုအမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္အား သတိမမူမိသလို ဟန္ေဆာင္ဖို႔က ခက္ခဲေနၿပီးမွ ေရွ႕ဆက္တိုးလိုက္သည္။

ထိုအမ်ိဳးသမီးက တစ္စုံတစ္ခုအား ရွာေတြ႕သြားသလိုမ်ိဳး အံ့ဩသည့္ အမူအရာျပလာခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ေအးခ်မ္းေနမႈက အရွိန္ျမင့္လာခဲ့သည္။ ထိုအမ်ိဳးသမီးက ေရွာင္ခ်န္း ရဲ႕နားနားအား ကပ္လာခဲ့ၿပီး ႐ႊင္ျမဴးေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ သူငယ္ခ်င္းေလး၊ နင္ င့ါကို ျမင္ရတယ္မလား?

ေရွာင္ခ်န္း ကဘာမွမေျပာပဲ ေရွ႕ကိုသာ ဆက္ေလွ်ာက္လိုက္သည္။

ထိုအမ်ိဳးသမီးက သူ႕အား သြားခြင့္မျပဳပဲ သူမခႏၶာကိုယ္အား ေရွာင္ခ်န္း နားသို႔ ပိုတိုးကပ္လိုက္သည္။ ဒီမိဘမဲ့ေတြထဲမွာ နင္က အၾကည့္ေကာင္းဆုံးပဲ။ မမ က နင့္ကို တကယ္ႀကီး စားခ်င္ေနတာ

ထိုအမ်ိဳးရဲ႕ သားရည္ေတြက ထြက္က်လာခဲ့သည္။ မ်က္ႏွာတစ္ခုလုံးက နံရံအား ဓားနဲ႕ျဖတ္ထားတာထက္ ပိုျဖဴေဖြးေနၿပီး မ်ားျပားလွသည့္ ေသြးအမွတ္ေတြလဲ ရွိေနသည္။ သူမအသားက ပြင့္ထြက္ေနၿပီး သူမမ်က္ႏွာက အရမ္းကို အက်ည္းတန္ေနၿပီး အရမ္းဝေနကာ ေပ်ာ့အိကာ အိပက္ပက္ျဖစ္ေနသည္။

သူမက တိုးလ်စြာ ေျပာလိုက္သည္။ သူမခႏၶာကိုယ္က ေရွာင္ခ်န္း အနားကို ပိုတိုးကပ္လာၿပီး သူမကိုယ္သူမ မမ လို႔ေတာင္ ေျပာေနခဲ့သည္။

ေရွာင္ခ်န္း ရဲ႕ေခြၽးေအးေတြက ထြက္လာခဲ့ၿပီး မႏွစ္ၿမိဳ႕သည့္ အမူအရာအား မျပမိေစဖို႔ ႀကိဳးစားေနခဲ့သည္။

သို႔ေသာ္ ေရွာင္ခ်န္း ရဲ႕ေသးငယ္သည့္ အမူအရာေလးေတြက သူ႕အား သစၥာေဖာက္ေနခဲ့သည္။ ထိုအမ်ိဳးသမီးရဲ႕ ေသြးေတြနဲ႕ မ်က္ႏွာထားက ပိုေၾကာက္ဖို႔ေကာင္းေနၿပီး အာ႐ုံစိုက္ေနသည့္ အၾကည့္ေၾကာင့္ သူမမ်က္လုံးက ျပဴးထြက္ေနခဲ့သည္။

နင္က ငါ့ကိုေတာင္ အထင္ေသးတယ္ ထိုအမ်ိဳးသမီးက အံႀကိတ္လိုက္ၿပီး သူမအသံက တစ္ဖက္လူရဲ႕ နားစည္ကိုေတာင္ ကြဲထြက္ေလာက္သည္အထိ စူးရွေနသည္။ သူမက လက္ေတြကို ဆန႔္ထုတ္လိုက္ၿပီး ေရွာင္ခ်န္း အားဆြဲဖို႔ ႀကိဳးစားလိုက္သည္။

ထိုအမ်ိဳးသမီးရဲ႕ လက္သည္းေတြက ရွည္လ်ားသည္။ သူမလက္သည္းေတြက မဲနက္ေနၿပီး အညစ္အေၾကးေတြက ရွိေနသည္။

ထိုအမ်ိဳးသမီးက သူ႕အား မထိနိုင္ဘူးလို႔ ေရွာင္ခ်န္း ေတြ႕ေနခဲ့ေပမဲ့ ေနာက္စကၠန႔္ပိုင္းအတြင္း ထိုအမ်ိဳးသမီးက ေရွာင္ခ်န္း ရဲ႕လက္ေကာက္ဝတ္အား ျပင္းထန္စြာျဖင့္ ဆြဲလိုက္တာေၾကာင့္ ေရွာင္ခ်န္း ကေျမျပင္ေပၚ လဲက်သြားခဲ့သည္။

ေရွာင္ခ်န္း ကသူ႕အရိုးက်ိဳးသြားသံေတာင္ ၾကားလိုက္ရၿပီး သူ႕အမူအရာက မယုံနိုင္သလိုမ်ိဳး ျဖစ္ေနခဲ့သည္။

ထိုအမ်ိဳးသမီးလဲ လန႔္သြားခဲ့သည္။ ထိုကေလးအား သူမ ဆြဲနိုင္မယ္လို႔ ထင္မထားခဲ့ပုံပင္။

ေနာက္စကၠန႔္တြင္ ထိုအမ်ိဳးသမီးရဲ႕ အမူအရာက ႐ူးႏွမ္းသလိုမ်ိဳး ျဖစ္လာခဲ့သည္။ သူမအၾကည့္က ေရွာင္ခ်န္း ရဲ႕ခႏၶာကိုယ္ေပၚတြင္သာ တည္ရွိေနၿပီး သူမက ပါးစပ္အား အဆစ္ဆြဲျဖဳတ္လိုက္သလိုမ်ိဳး အက်ယ္ႀကီး ဖြင့္လာခဲ့သည္။ သူမက ေရွာင္ခ်န္း အားအရသာရွိသည့္ အသားလိုမ်ိဳး ၾကည့္ေနခဲ့သည္။

ေရွာင္ခ်န္း ကေျမျပင္ထက္တြင္ ေၾကာက္လန႔္စြာ လဲေနၿပီး အကူအညီမဲ့စြာျဖင့္ ပါးစပ္ဟေနခဲ့သည္။

႐ုတ္တရက္ တစ္ခုခုကို ေတြးမိသြားတာေၾကာင့္ သူ႕မ်က္လုံးအေရာင္က ေျပာင္းသြားခဲ့သည္။ သူက ေနာက္ဆုံးအင္အားျဖင့္ အိတ္ထဲမွ အနီေရာင္ ဖေယာင္းတိုင္ ႏွစ္တိုင္အား ထုတ္လိုက္ၿပီး ခ်ိဳးလိုက္ကာ တစ္စုံတစ္ခုအား ႐ြတ္လိုက္သည္။ ေၾကာက္လန႔္မႈေၾကာင့္ သူ႕လက္ေတြက တုန္ရီေနၿပီး သူ႕ေနာက္ဆုံး အင္အားျဖင့္ ႐ုန္းကန္ေနခဲ့သည္။

ထိုအမ်ိဳးသမီးက သူမေရွ႕မွ ေကာင္ေလး လုပ္ေနသည့္ အသုံးမဝင္သည့္ အရာေတြအား ေလွာင္ေျပာင္သည့္ အမူအရာျဖင့္ ၾကည့္ေနခဲ့သည္။ သူမက ေခါင္းကို ေစာင္းလိုက္ၿပီး သူမလည္ေခ်ာင္းအား ခြဲလိုက္သလိုမ်ိဳး အသံနဲ႕ ထရယ္လိုက္သည္။

ထို႔ေနာက္ လက္တစ္ဖက္ျဖင့္ သူမက ေရွာင္ခ်န္း ရဲ႕လည္ပင္းအား ဆြဲလိုက္ကာ သူ႕အား ေျမျပင္မွ ဆြဲျမႇောက္လိုက္သည္။

ေရွာင္ခ်န္း လက္ထဲမွ အနီေရာင္ ဖေယာင္းတိုင္ ႏွစ္တိုင္က ေျမျပင္ထက္ကို က်သြားခဲ့သည္။

လည္ပင္းမွ ဖိအားေၾကာင့္ ေရွာင္ခ်န္း ရဲ႕မ်က္ႏွာက နီရဲလာၿပီး သူ႕ေျခေထာက္ေတြကလဲ ေျမျပင္နဲ႕ လြတ္ေနခဲ့သည္။

ေဘာင္း က်ယ္ေလာင္သည့္ အသံက ထြက္လာခဲ့သည္။

ေရွာင္ခ်န္း ရဲ႕လည္ပင္းတြင္ ရွိေနသည့္ ထိုအမ်ိဳးသမီးရဲ႕ လက္က လႈပ္ရွားသြားခဲ့သည္။ အက်ယ္ႀကီး ဖြင့္ထားသည့္ ေသြးလႊမ္းေနသည့္ ပါးစပ္က ေလထဲတြင္ ေအးခဲသြားခဲ့သည္။ နီရဲေနသည့္ လွ်ာေတာင္ လႈပ္ရွားဖို႔ ေမ့သြားခဲ့သည္။ ထိုအမ်ိဳးသမီးရဲ႕ လက္ေတြက ေပ်ာ့က်သြားၿပီး ေရွာင္ခ်န္း အားလႊတ္ေပးလိုက္သည္။

ေရွာင္ခ်န္း ကအားေတြ ေပ်ာက္ေနၿပီး လဲက်ေတာ့မလို ျဖစ္သြားေပမဲ့ လက္အစုံက အေနာက္မွ သူ႕ခါးအား လ်င္ျမန္စြာ ဖက္လိုက္ၿပီး သူ႕လက္ေမာင္းထဲ ဖက္ထားခဲ့သည္။

ထိုအမ်ိဳးသမီးက ေထာင္ေပါင္းမ်ားစြာေသာ ဓားေတြနဲ႕ ျဖတ္ခံေနရသလိုမ်ိဳး ျဖစ္ေနသည္။ ေသြးမွတ္ေတြနဲ႕ မ်က္ႏွာတစ္ခုလုံးက အရမ္းကို အက်ည္းတန္ေနၿပီး ဝိဉာဥ္ခႏၶာကိုယ္ တစ္ခုလုံးက ေပ်ာက္ကြယ္လာခဲ့သည္။ ေနာက္စကၠန႔္တြင္ သူမက ေကာင္းကင္မွ စူးရွသည့္အသံနဲ႕အတူ ေသြးလုံးလို ေျပာင္းလဲလာခဲ့သည္။

ေရွာင္ခ်န္း ကသူ႕အား ကိုင္ထားေပးသည့္လူေၾကာင့္ သူ႕မ်က္စိေရွ႕မွ ထိတ္လန႔္ဖြယ္ ျမင္ကြင္းေၾကာင့္ ထိတ္လန႔္မေနခဲ့ေပ။ သူက အံ့ဩေနၿပီး က်ိဳးသြားသည့္ အရိုးေၾကာင့္ နာက်င္မႈကိုေတာင္ ေမ့ေလ်ာ့သြားခဲ့သည္။

ထိုလူက အနီေရာင္ကို ဝတ္ထားၿပီး ေလ်ာ့ရဲေနသည့္ ဆံပင္ေတြက ေဘးဘက္တြင္ က်ေနၿပီး ေလတိုက္ခ်ိန္တြင္ အနည္းငယ္ လြင့္သြားကာ သူ႕မ်က္လုံးေတြက အညိုေဖ်ာ့ေရာင္ ရွိသည္။

ထိုလူရဲ႕ လက္ေတြက ေရွာင္ခ်န္း အားေပြ႕ဖက္ထားခဲ့သည္။ သူက အၾကည့္ကို ေအာက္စိုက္လိုက္ကာ သူ႕ေပြ႕ဖက္မႈၾကားမွ ငယ္႐ြယ္သည့္ ကေလးအား ၾကည့္လိုက္သည္။

ထိုလူရဲ႕ လက္ေခ်ာင္းေတြက အနည္းငယ္ လႈပ္ရွားသြားကာ ေမွာ္အစြမ္းသုံးလိုက္သလိုမ်ိဳး ေျမျပင္ထက္တြင္ က်ေနသည့္ အနီေရာင္ ဖေယာင္းတိုင္ ႏွစ္တိုင္က သူ႕ဘာသာ ပ်ံတက္လာၿပီးေနာက္ ထိုလူရဲ႕လက္ထဲသို႔ ေရာက္လာခဲ့သည္။

ဂ်င္းေဟးဇီ ကကေလးရဲ႕ ေအးခဲေနၿပီး ပုံမွန္ျပန္မျဖစ္ေသးသည့္ ဖီးနစ္မ်က္လုံးအား စိုက္ၾကည့္လိုက္သည္။ ထိုမ်က္လုံးေတြက ေတာင္ေတြနဲ႕ ျမစ္ေတြလို ေအးခ်မ္းေနတာ ေမွာ္အစြမ္းေတြ ရွိေနသလိုမ်ိဳးပင္။ အၾကည့္တစ္ခ်က္တည္းနဲ႕ သူ႕အား ခ်က္ခ်င္း ခ်စ္မိသြားေစသည္။

ထိုလူရဲ႕ လက္ငါးေခ်ာင္းက ေကာင္ေလးေက်ာမွ ဒဏ္ရာအား ညင္သာစြာ ထိလိုက္ၿပီး ကုေပးလိုက္သည္။ ထိလိုက္ခ်ိန္တြင္ အရင္က ေအးစက္ေနသည့္ မ်က္လုံးေတြက ခ်က္ခ်င္းကို ျပင္းျပင္းထန္ထန္ ေဒါသထြက္သလို ေျပာင္းလဲသြားခဲ့သည္။

ကေလးရဲ႕ အရိုးေတြ က်ိဳးသြားတယ္!

ထိုလူရဲ႕ မ်က္ႏွာက မဲေမွာင္သြားၿပီး ျမင့္တက္လာသည့္ ေဒါသေတြအား ျပန္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနခဲ့သည္။ ေလထုက ပိုၿပီးေတာ့ေတာင္ က်လာခဲ့သည္။

သူ႕လက္ေမာင္းထဲမွ ေႂကြထည္အ႐ုပ္ေလးအား နာက်င္သြားမွာကို ေၾကာက္ေနသလိုမ်ိဳး သူ႕လက္ေတြက ဂ႐ုတစိုက္ လႈပ္ရွားေနခဲ့သည္။

ေရွာင္ခ်န္း ကသူတို႔ႏွစ္ေယာက္ၾကားမွ တိတ္ဆိတ္ေနမႈအား ခ်ိဳးဖ်က္ကာ ေျပာလိုက္သည္။ ခင္ဗ်ားက နတ္ဘုရားလား?

မဟုတ္ရင္ ဘယ္လိုလုပ္ၿပီး သူက အရမ္းၾကည့္ေကာင္းေနရတာလဲ?

ထိုလူက ၿပဳံးလိုက္ၿပီး မဲေမွာင္ေနသည့္ အမူအရာက ေပ်ာက္ကြယ္သြားၿပီး သူ႕ႏႈတ္ခမ္းေထာင့္က ေကြးတက္သြားခဲ့သည္။ အနီေရာင္ ဖေယာင္းတိုင္ေတြကလဲ ထိုလူ႕လက္ထဲတြင္ ရွိေနခဲ့သည္။

ေရွာင္ခ်န္း ကသူ႕ေရွ႕ရွိ အလွေလးက ႏႈတ္ခမ္းလႈပ္ရွားသြားတာကိုသာ ျမင္လိုက္ရသည္။

သူက ေျပာလိုက္သည္။ မဟုတ္ဘူး၊ ကိုယ္က မင္းရဲ႕ ခင္ပြန္းေလာင္း

ေရွာင္ခ်န္း ကသူ႕မွတ္ဉာဏ္ေတြမွ ျပန္ေတြးလိုက္ရင္း သူ႕ႏႈတ္ခမ္းေထာင့္က ေကြးတက္လာခဲ့သည္။

ၾကည့္၊ တစ္ေယာက္က ေခါင္းမိုးကေန ခုန္ခ်ေတာ့မယ္

ေသလိုက္၊ တကယ္ႀကီးပဲ။ ဖုန္းနဲ႕ ျမန္ျမန္ ဓာတ္ပုံရိုက္

Shit! ႐ူးစရာပဲ၊ ေက်ာင္းအေဆာက္အဦးက ခုန္ခ်ေတာ့မွာ

-------

ေရွာင္ခ်န္း ကၿပဳံးလိုက္ၿပီး သူ႕ေခါင္းအား ေမ့လိုက္သည္။

ထင္တဲ့အတိုင္းပင္ ပုံရိပ္တစ္ခုက ေခါင္းမိုးေထာင့္စြန္းတြင္ ထိုင္ေနၿပီး ေအာက္ထပ္ျမင္ကြင္းအား ဗလာအၾကည့္ျဖင့္ စိုက္ၾကည့္ေနခဲ့သည္။

ေက်ာင္းသားအမ်ားစုက အေဆာက္အဦးေအာက္တြင္ စုေဝးေနခဲ့ၾကသည္။ သူတို႔က ဖုန္းေတြကို ထုတ္လိုက္ၿပီး ဗီဒီယို၊ ဓာတ္ပုံနဲ႕ လိုက္ဖ္လႊင့္ေနခဲ့ၾကသည္။ အနည္းငယ္ေလာက္ကသာ ဆရာေတြအား ေခၚနိုင္ဖို႔အတြက္ အေဆာက္အဦးဆီ အေျပးအလႊားသြားလိုက္ကာ တခ်ိဳ႕ေက်ာင္းသားေတြကေတာ့ ရဲေတြေတာင္ ေခၚၿပီးၿပီ ျဖစ္သည္။

ဘုရားေရ၊ အဲ့လူက ပေရာဖက္ဆာပဲ! ေက်ာင္းသားတစ္ေယာက္က ထိုလူကို မွတ္မိသြားၿပီး သူ႕ပါးစပ္အား ေၾကာက္လန႔္သည့္ အမူအရာျဖင့္ လက္ျဖင့္အုပ္လိုက္သည္။

ေနာက္စကၠန႔္တြင္ လူအုပ္ႀကီးရဲ႕ စကားသံေတြက ပိုပိုက်ယ္လာခဲ့သည္။

ဘာေတြျဖစ္ေနတာလဲ? ဘာေတြျဖစ္ေနတာလဲ? ပေရာဖက္ဆာလီ က႐ူးေနၿပီ။ သူက ႐ုတ္တရက္ႀကီး အေဆာက္အဦးကေန ဘာေၾကာင့္မ်ား ခုန္ခ်ခ်င္ရတာလဲ?

သို႔ေသာ္ ထိုအခ်ိန္တြင္ ဘယ္သူ႕မွ အေျဖမေပးနိုင္ၾကေပ။

ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းက လႈပ္ရွားသြားခဲ့သည္။

ထိုေနရာတြင္ လူတစ္ေယာက္ထက္ ပိုေနခဲ့သည္။

ထိုလူရဲ႕ မ်က္လုံးေတြက အသက္မဲ့ေနၿပီး သူ႕ေျခေထာက္ေတြက ေလထဲတြင္ တြဲေလ်ာင္းက်ေနခဲ့သည္။ သူ႕ေက်ာက ေအးခဲေနၿပီး လည္ပင္းက ေဘးဘက္ကို က်ေနကာ ထူးဆန္းေနသည့္ သူ႕ခႏၶာကိုယ္အား ျပင္ဆင္ဖို႔ေတာင္ မတက္နိုင္ေပ။

အျဖဴေရာင္ ဝတ္ထားသည့္ မိန္းမငယ္ေလးက သူ႕ေနာက္တြင္ ရပ္ေနခဲ့သည္။ သူမလက္တစ္ဖက္က ထိုလူရဲ႕ ေကာ္လာကို ကိုင္ထားၿပီး ေအာက္မွ လူအုပ္ႀကီးအား ငုံ႕ၾကည့္လိုက္သည္။ သူမအမူအရာက ေတာက္ေလ်ာက္ ထုံအ,ေနခဲ့သည္။

ေရွာင္ခ်န္း အတြက္ ထိုမိန္းကေလးအား မွတ္မိေစဖို႔ တစ္ခ်က္ၾကည့္႐ုံသာ လိုအပ္သည္။

မေန႕က မိန္းမငယ္ေလးပဲ။

ထူးဆန္းတာက မေန႕က ပုံမွန္လို ေကာင္းေနသည့္ သူမမ်က္ႏွာက ဒီေန႕တြင္ ေသြးမွတ္ေတြ ျပန္ေရာက္ေနၿပီး အရင္ကထက္ေတာင္ ပိုဆိုး႐ြားေနသည္။ ထို႔ေနာက္ သူမခႏၶာကိုယ္မွ ထြက္ေနသည့္ ယင္စြမ္းအင္က အရင္ကထက္ေတာင္ သိပ္သည္းေနသည္။ အရမ္းသိပ္သည္းေနတာက ရာသီဥတုကို သက္ေရာက္ေစၿပီး ပတ္ဝန္းက်င္မွ အထီးက်န္သည့္ ဝိဉာဥ္ေတြနဲ႕ စိတ္ဝိဉာဥ္ေတြအား အဆက္မျပတ္ လာေရာက္ေစဖို႔ ဆြဲေဆာင္ေနခဲ့သည္။

ဒီအဆင့္က ဘယ္ေလာက္ေတာင္ မၿငိမ္မသက္ ျဖစ္ေနရတာလဲ?

ေရွာင္ခ်န္း ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

အျပစ္တိုင္းမွာ အျပစ္လုပ္သူရွိၿပီး အေႂကြးတိုင္းမွာ အေႂကြးရွင္ေတာ့ ရွိသည္။ ဒါက အမွန္တရားပင္။

ပုံမွန္ဆို တစ္ေဆေတြက ေသၿပီးေနာက္တြင္ မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးသြားၾကၿပီး ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ေပ။ သို႔ေသာ္ ဒီမၿငိမ္သက္သည့္ တစ္ေဆေတြက အရမ္းျပင္းထန္လြန္းသည့္ စိတ္စြမ္းအင္ေတြရွိေနတာကို ျပသေနခဲ့သည္။ သူတို႔က သူတို႔မေသခင္ ႀကဳံေတြ႕ခဲ့ရသည့္ ရန္သူအား ေတြ႕လိုက္သည္ႏွင့္ သူတို႔က ေသခ်ာေပါက္ လက္စားေခ်လိမ့္မည္။

ေအာက္ထပ္တြင္ လူေတြက ပိုစုေဝးလာၾကၿပီး အေစာင့္ကလဲ အမိန႔္ေပးဖို႔ အေျပးထြက္လာခဲ့သည္။

ထိုလူရဲ႕ ေငးငိုင္ေနသည့္ မ်က္လုံးေတြက ေနာက္ဆုံးေတာ့ ေလ်ာ့ပါးသြားခဲ့သည္။ သူက ထိတ္လန႔္သြားၿပီး သူ႕ပါးစပ္က ပြင့္လာခဲ့သည္။ အိပ္ေပ်ာ္ေနခ်ိန္ လမ္းေလွ်ာက္ၿပီး ေခါင္းမိုးေပၚ ေရာက္လာကာ ႐ုတ္တရက္ႀကီး လန႔္နိုးသြားသလိုမ်ိဳး ျဖစ္ေနသည္။

ဘာေၾကာင့္ ဒီေနရာကို ေရာက္ေနမွန္း မသိတာေၾကာင့္ သူ႕လက္ေတြ၊ ေျခေတြက အဆက္မျပတ္ တုန္လႈပ္ေနခဲ့သည္။

သူက သတိထားကာ အေပၚမွ ဆင္းဖို႔လုပ္လိုက္သည္။

ထိုအခ်ိန္တြင္ တစ္စုံတစ္ခုက သူ႕ေကာ္လာအား ဆြဲထားတာကို သတိျပဳမိသြားခဲ့သည္။

သူက ျပန္လွည့္ၾကည့္လိုက္ၿပီး ေသြးလႊမ္းေနသည့္ မ်က္ႏွာက သူ႕အား ေအးစက္စြာ စိုက္ၾကည့္ေနခဲ့သည္။ သူက တုန္ရီသြားၿပီး သူ႕ေျခေထာက္ေတြက ေအးခဲသြားကာ ျပဳတ္က်လဳနီးပါး ျဖစ္သြားေပမဲ့ မိန္းကေလးက သူ႕ေကာ္လာကို ဆက္ကိုင္ထားတာေၾကာင့္ သူ႕မၿငိမ္သက္မႈအား ျပန္ထိန္းသြားနိုင္ခဲ့သည္။

ထိုလူက ေအာက္ထပ္မွ လူအုပ္ႀကီးကို ၾကည့္လိုက္ၿပီး သူ႕ပါးစပ္ကိုဖြင့္ကာ အကူအညီေတာင္းခ်င္ေပမဲ့ သူ႕ပါးစပ္ ဖြင့္မရတာကို နားလည္သြားၿပီး အြန္း-အြန္း အသံသာ ထုတ္နိုင္ခဲ့သည္။

ေအာက္ထပ္မွ ေက်ာင္းသားေတြက ထိုလူက လႈပ္ရွားၿပီး အမွားလုပ္ကာ ခုန္ခ်မိေတာ့မွာကို သတိျပဳမိသြားခဲ့သည္။ ထိုခဏတြင္ သူတို႔အားလုံးက ဖုန္းေတြကို တၿပိဳင္နက္တည္း ထုတ္လိုက္ၾကၿပီး ထိုအခ်ိန္အား မွတ္တမ္းယူေနခဲ့ၾကသည္။

မိန္းကေလးက ေအာက္ထပ္မွ အေျခအေနအား ေစာင့္ၾကည့္လိုက္ၿပီး မႏွစ္ၿမိဳ႕ဖြယ္၊ ထိတ္လန႔္ဖြယ္ေကာင္းစြာ ရယ္လိုက္သည္။

သူမက ထိုလူရဲ႕ေခါင္းကို ဆြဲလိုက္ၿပီး သူမအားၾကည့္ေစဖို႔ ဖိအားေပးလိုက္သည္။ သူမအသံက ေအးစက္ေနၿပီး စူးရွေနကာ ေဒါသေတြ ျပည့္ႏွက္ေနသည္။ ရွင့္ေရွ႕က ဒီလိုျမင္ကြင္းနဲ႕ ရင္းႏွီးလား?

ထိုလူက ဆန္ခါခါေနသလိုမ်ိဳး တုန္ရီေနၿပီး အသားပြင့္ေနသည့္ မ်က္ႏွာအား ၾကည့္ေနခဲ့သည္။ သူက မခုခံနိုင္စြာျဖင့္ ေခါင္းကို တစ္ဖက္လႊဲဖို႔ လုပ္လိုက္ၿပီး ညည္းၫူသံကို ထုတ္လိုက္သည္။

မိန္းကေလးက အတိတ္ကို ျပန္ေရာက္သြားသလိုမ်ိဳး ေအာက္ထပ္ကို ၾကည့္လိုက္သည္။

ဆရာ၊ ကြၽန္မကို မွတ္မိရဲ႕လား? ကြၽန္မက လုလု ေလ

ထိုလူက ၾကားလိုက္ခ်ိန္တြင္ မ်က္လုံးေတြ ျပဴးက်ယ္သြားခဲ့သည္။

ကြၽန္မက လုလု ေလ၊ ရွင္ rape ခဲ့တဲ့ မိန္းကေလး။

ရွင္ ေမ့သြားၿပီလား?

#Sorry ေနာ္ Satday ေလာက္ထဲက တင္ေပးဖို႔ကို ကိုယ့္ဖုန္းက အဆင္မေျပျဖစ္ေနတာနဲ႕ ေနာက္က်သြားတယ္#

23.1.2023 (Mon)
^^^^^^^^^

Continue Reading

You'll Also Like

312K 57.8K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
428K 37.1K 29
"နတ်ဆိုးတကောင်က နတ်သားလိုလှပတဲ့ ကောင်လေးကို ပိုင်ဆိုင်ဖို့ဆိုတာ ထိုက်တန်တယ်မလား" Lucas "သေချာတာပ...
92.1K 13.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
17.5K 3K 19
..මං සදහටම වහලා දාපු යකඩ දොරට හේත්තු වෙලා හිස් බැල්මෙන් මිනී ගඳ ගහන කාමරේ අන්දකාරේ දිහා බලන් හිටියා.. ..ඔව්..හරියටම දවස් දහ අටකට පස්සේ අනිත් අය වගේම...