အခန်း(၁၉၃) ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ထပါဦး ။ တောင်းပန်ပါတယ်
လက်တွင်ပတ်ထားသော နာရီကို ငုံ့ကြည့်နေရင်း ကုယျန်ရှန်းစိတ်ထဲ၌ ပို၍ပို၍ ပျာယာခတ်လာခဲ့သည်။ ဒါက ဝမ်နျဲ့နျန်ရဲ့ ပထမဦးဆုံး ဖျော်ဖြေပွဲဖြစ်တဲ့အတွက် အခုလိုနောက်ကျနေသည်မှာ ဖြစ်နိုင်ခြင်း မရှိပေ။
စိုးရိမ်ပူပန်မှုတို့ဖြင့် အကျင့်ပါနေသည့် လက်တစ်ဖက်က လည်ပင်းတွင်ဆွဲထားသော လည်စွဲကို စမ်းကြည့်သည့်အခါ ထိုလက်က ရုတ်တရက် တုံ့ဆိုင်းပြီး ကုယျန်ရှန်း၏မျက်နှာလည်း ချက်ချင်းကို ထိတ်ပျာသွားခဲ့သည်။
'လည်စွဲ မရှိတော့ဘူး ...'
"ဘာလိုဖြစ်ပြီး ပျောက်သွားတာလဲ ..." ကုယျန်ရှန်းတစ်ယောက် အထိတ်တလန့်နှင့် ကားထဲတွင် ရှာကြည့်ပြီး အံ့ဩမှုဖြင့် ပြောလာသည်။
"အကို ... ဘာဖြစ်တာလဲ။ အကိုနျဲ့နျန်က လေ့ကျင့်ဖို့အတွက် အစောကြီးရောက်နေတာလဲ ဖြစ်နိုင်တာပဲ။ အထဲဝင်ပြီး ရှာကြည့်တာပေါ့" ကုလင်က ပျာယာခတ်နေတဲ့ ကုယျန်ရှန်းကိုကြည့်ပြီး နားမလည်နိုင်စွာ ပြောလိုက်သည်။
ထို့နောက် ကုလင်စကားဆက်ဖို့ပြင်လိုက်ချိန်မှာပဲ ကျိုးယွမ်ဖုန်းထံမှ ဖုန်းဝင်လာပြီး တစ်ဖက်မှပြောလာသည့် အကြောင်းအရာကို ကြားပြီးနောက်မှာ သူ့တစ်ကိုယ်လုံး ထုံထိုင်းသွားခဲ့သည်။
"အကို ...... ချန်းလုံအန်း ... သူ ထွက်ပြေးသွားတယ် ..."
"မင်း ... ဘာတွေပြောနေတာလဲ ကုလင် !"
ကြိုတင်သိမိသော ဖြစ်လာမည့် အဆိုးတွေနှင့် နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသည်ကို ကုယျန်ရှန်း ရုတ်တရက် ခံစားလိုက်ရသည်။
"အကိုယွမ်းဖုန်း ဖုန်းဆက်လာတယ် ၊ ချန်းလုံအန်းက သတိမေ့ချင်ယောင်ဆောင်ပြီး ဘုရားကျောင်းအနောက်ဘက်တံခါးကနေ ထွက်ပြေးသွားတယ် တဲ့။ အခု သူ့ကိုရှာဖို့ လူလွှတ်ထားပြီးပြီး မကြာခင် သူ့ကို ပြန်မိမှာပါ။"
ကုယျန်ရှန်း၏ စိတ်အတွင်း မတင်မကျဖြစ်နေခြင်းက ပို၍ပင် စိုးလာသည်။ ချန်းလုံအန်းက ထွက်ပြေးသွားတယ် ၊ ဝမ်နျဲ့နျန်ကလည်း ပေါ်မလာဘဲ အကြာကြီး နောက်ကျနေတယ် ... ဖြစ်နိုင်တာက...။
"....... ငါ ခန်းမထဲ ဝင်ပြီး သူ့ကိုရှာလိုက်အုံးမယ် ...။ ငါ သူ့ကို ရှာမှ ဖြစ်မယ်။ "
ထိုအချိန် လည်ဆွဲပျောက်ရှာသည့် ကိစ္စသည်လည်း ကုယျန်ရှန်းအတွက် အရေးမကြီးတော့။ ကားပေါ်မှ ဆင်းပြီး ခန်းမအတွင်းသို့ အလောတကြီး ပြေးဝင်သွားကာ ဝန်ထမ်းတွေ၏တားဆီးမှုကိုပင် ဂရုမစိုက်ဘဲ စင်အနောက်ဘက်သို့ တိုးဝင်သွားခဲ့သည်။
"နျန်နျန် ! နျန်နျန် ၊ မင်း ဘယ်မှာလဲ။ !"
ကုယျန်ရှန်း၏ အတွေးတစ်ခုလုံးက ဝမ်နျဲ့နျန်ကို ရှာဖို့ရန်သာ ဆန္ဒစောနေပြီး စင်အနောက်ဘက်တွင် ရှိသော အခန်းတံခါးတစ်ခုချင်းစီကို အထိန်းအချုပ်မရှိ တွန်းဖွင့်ရှာဖွေနေခဲ့သည်။ ထိုကဲ့သို့ အခန်းတစ်ခန်းချင်းစီ၏ တံခါးကို ခွင့်တောင်းခြင်းမရှိ ဖွင့်နေခြင်းက ဝန်ထမ်းများပင် မပြုလုပ်ရဲသည့် ကိစ္စဖြစ်သည်။
"ဟေး ဒီမှာ ... ခင်များ အခုလိုမျိုး ဝင်လာလို့ မရဘူးလေ။ "
အပြင်ဘက်ရှိ လှုပ်ရှားဆူညံသံတွေ ကြားလိုက်ရတာကြောင့် ထျန်ရှုံး အခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူမြင်လိုက်ရသူက ကုယျန်ရှန်းလည်း ဖြစ်နေရော အသံပြတ်ပြတ်နှင့် မေးလိုက်သည်။
"ကုယျန်ရှန်း မင်း ဒီထဲကို ဘာလာလုပ်တာလဲ။ ဘယ်သူက မင်းကို ပေးဝင်လို့လဲ။ "
ကုယျန်ရှန်းက သူ့ရှေ့တွင် ပိတ်ကာထားသော ဝန်ထမ်းတွေကို တွန်းထုတ်ပြီး ထျန်ရှုံး၏အနောက်ဘက်ရှိ ' WE ၏ အခန်း' ဟု စာကပ်ထားသော အခန်းကိုကြည့်ကာ တုန်တုန်ရီရီနှင့် မေးလိုက်သည်။
"နျန်နျန် ဘယ်မှာလဲ။ သူ ... သူ အဲ့ဒီအထဲမှာ စန္ဒရားလေ့ကျင့်နေတာ မလား ၊ ဟုတ်တယ် မလား။ သူ အဲ့ဒီအခန်းထဲမှာ စန္ဒရား လေ့ကျင့်နေတာ မလား။ သူ ရှိနေတယ် မလား။ "
"မင်း ဒီကို ဘာလာလုပ်တာလဲ။ ဒီနေ့က မင်းရဲ့ လက်ထပ်ပွဲ ကျင်းပတဲ့နေ့ မဟုတ်ဘူးလား။ ချန်းလုံအန်းအနားမှာ မနေဘဲ နျဲ့နျန်ကို ထပ်ပြီး ဒုက္ခပေးဖို့ ရောက်လာတာလား။"
"အကိုနျဲ့နျန် ဘယ်မှာ ရှိနေလဲပဲ မေးတာ .. အဲ့တာကို ဖြေ ။ သူ အခု ဘယ်မှာလဲ။ " ရုတ်ချည်း ဆိုသလိုပင် ကုလင်က ထျန်ရှုံးရဲ့ ကော်လံစကို ဆွဲပြီး ထျန်ရှုံးအား နံရံ၌ ဖိကပ်ထားကာ စိတ်မထိန်းနိုင်စွာ အော်ဟစ်မေးခဲ့သည်။
"ကုယျန်ရှန်း ... မင်း ဘာအရူးထပြန်ပြီလဲ။ " ထျန်ရှုံးက သူ့အနောက်တွင်ရှိသော အခန်းတံခါးကို ဝေ့ကြည့်ပြီး မေးလိုက်သည်။
"အရူးထတယ် ? ... အခု ရူးနေတာက ဘယ်သူလဲ သိလား။ ငါ ချန်းလုံအန်းအကြောင်း လူတိုင်းသိအောင် ဖော်ထုတ်ပြီးတော့ သူ အခု ငါ့လက်ထဲကနေ ထွက်ပြေးလွတ်သွားတယ်။ အဲ့ဒီအရူးကောင်က ဘာမဆို လုပ်နိုင်တယ် .. မင်း နားလည်လား။"
"ဘာ ? မင်း ပြောချင်တာ ... သူ နျဲ့နျန်ကို တွေ့လောက်တယ် ပေါ့ "
"မြန်မြန်လေး ... WE ကို ရှာဖို့ လုပ်ပါ။ အားလုံးပဲ သူ့ကို ရှာပေးပါ " တစ်စုံတစ်ခုကို အတွေးပေါက်သွားသည့် ထျန်ရှုံး၏ မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားပြီးနောက်မှာ သူက ကုလင်လက်ကို တွန်းဖယ်ပြီး ဝန်ထမ်းတွေကို အလျင်စလိုနှင့် အော်ပြောခဲ့သည်။
" သူ ဘယ်မှာလဲ ..." ပျာယာခတ်သွားသည့် ထျန်ရှုံး၏အကြည့်ကို သတိထားမိတဲ့ ကုယျန်ရှန်းက အသံတုန်တုန်နှင့် မေးလိုက်သည်။
တစ်ဖက်တွင် ထျန်ရှုံးက ဝမ်နျဲ့နျန်ထံသို့ အပူတကြီး ဖုန်းတွေခေါ်နေပြီး ကုယျန်ရှန်း၏ အမေးကိုလည်း ပြန်ဖြေခဲ့သည်။
"သူ ဒီကို မရောက်လာသေးဘူး။ ... လွန်ခဲ့တဲ့ နှစ်နာရီက သူ လာနေပြီလို့ ဖုန်းဆက်လာပေမယ့် အခု သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။ "
'ဝမ်နျဲ့နျန်က အခန်းထဲမှာ စန္ဒရားတီးနေခဲ့တာ မဟုတ်ဘူးပေါ့ ... သူ ရှိမနေခဲ့ဘူး ပေါ့ ...'
"ငါ သူ့ကို သွားရှာ မယ် ..." နေရာတွင်ပင် တောင့်တင်းငြိမ်သက်နေလျက် ကုယျန်ရှန်း ရေရွတ်လာသည်။
ထို့နောက် စင်အနောက်ဘက်မှ အလောကြီးစွာ ပြေးထွက်သွားခဲ့သည်။ ထျန်ရှုံးလည်း လူတစ်ယောက်ကို ရှာဖို့အတွက် ပြေးထွက်သွားခဲ့သည်။
အပြင်ဘက်၌ နေ့လည်အချိန်က ရွာခဲ့သော မိုးသားထက် ပိုသာ၍ မိုးပေါက် တို့ သဲမဲစွာ ရွာကျနေသည်။
ကုယျန်ရှန်းက ကုလင်ကို လူများခေါ်၍ တစ်ခြားကားတစ်စီးဖြင့် လိုက်ရှာစေခဲ့သည်။ ထို့အပြင် ကွန်ပျူတာမှတစ်ဆင့်လည်း ရှာဖွေစေခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းနေသော လမ်းတစ်လျှောက်၌ ကုယျန်ရှန်းတစ်ယောက်တည်း ကားမောင်း၍ ဝမ်နျဲ့နျန်ကို အပူကြီးစွာ ရှာဖွေနေခဲ့သည်။
မိုးရိပ်တို့ တဖြည်းဖြည်းပိုဆိုင်းလာသည်အထိ ဘယ်သူမှ ဝမ်နျဲ့နျန်ကို ရှာမတွေ့သေးပေ။
"နျန်နျန် ... မင်း ဘယ်တွေ ရောက်နေတာလဲ ကွာ ..."
________
မနေ့ညက ဝမ်နျဲ့နျန် တစ်ညလုံး အိပ်မပျော်ခဲ့။ ဖျော်ဖြေပွဲတွင် တီးရမည့် သံစဉ်ကိုသာ ထပ်ခါထပ်ခါ လေ့ကျင့်နေခဲ့ပြီး အတော်နောက်ကျမှ အိပ်ရာဝင်ခဲ့သည်။
ပြတင်းပေါက်မှတဆင့် မြင်လိုက်ရသော ကုယျန်ရှန်းကို တွေးပြီး သူ့နှလုံးသားက ကသောင်းကနင်းဖြစ်နေခဲ့ကာ မိုးသောက်ယံရောက်သည်အထိ အိပ်၍ မပျော်ဘဲ ရှိခဲ့သည်။ ထို့အပြင် ဖျော်ဖြေပွဲက ညနေပိုင်းမှ စတင်တာ ဖြစ်လို့ စောစောသွားဖို့လည်း မလိုအပ်ပေ။ သို့ပေမယ့် ဝမ်နျဲ့နျန်က အမှောင်ကိုကြောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့တွင်မှ မိုးက သည်းမဲစွာရွာနေတဲ့အတွက် ဖျော်ဖြေပွဲမစခင် အမေ့အုတ်ဂူဆီ သွားချင်ခဲ့သေးသည်။
ဝမ်နျဲ့နျန် ထီးကို ကားထဲထည့်ပြီး ဂီတခန်းမသို့ သွားရန် ပြင်ချိန်၌ပင် ဖုန်းအသံမြည်လာခဲ့သည်။
ဖုန်းဆက်လာသူက ထျန်ရှုံး'ဟု ဝမ်နျဲ့နျန် ထင်ခဲ့ပြီး ဖုန်းကိုကောက်ယူကာ နားအနားကပ်၍ ကျန်လက်တစ်ဖက်ဖြင့် ထီးကို ပြန်ဖွင့်နေခဲ့သည်။
"ဟေး ထျန်ရှုံး ... ငါ အခု အမေ့အုတ်ဂူမှာ ရောက်နေတာ "
"ငါပါ ၊ ချန်းလုံအန်း "
ထီးအပွင့်၌ ထွက်ပေါ်လာသော တစ်ဖက်မှပြန်ဖြေသံကြောင့် ဝမ်နျဲ့နျန်၏လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့သည်။ သူက ကားထဲတွင် ပြန်ထိုင်လိုက်ပြီး ... "ဘာကိစ္စနဲ့ ငါ့ဆီ ဖုန်းဆက်တာလဲ။ ဒီနေ့ မင်းနဲ့ ကုယျန်ရှန်း လက်ထပ်ကြတာ မဟုတ်ဘူးလား။ "...
"ဟုတ်တယ်လေ .. ငါနဲ့ ယျန်ရှန်းနဲ့ လက်ထပ်တဲ့နေ့။ ဒါပေမယ့် သူက မင်းကို ပြန်ပေးစရာရှိတယ် 'ဆိုပြီး ငါ့ကို ပြောတယ် "
"ဘာကိုလဲ ...." ဝမ်နျဲ့နျန်က နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"မင်းရဲ့ လည်ဆွဲ၊ အခုလေးတင် ငါနဲ့ရှိနေတုန်း ယျန်ရှန်းပြောခဲ့တာ ... တစ်ခြားလူတစ်ယောက်ရဲ့ ပစ္စည်းကို သူလည်း လိုအပ်တော့မှာ မဟုတ်ဘူးလေ။ အကယ်၍ မင်းလည်း မလိုချင်ဘူး ဆိုရင် ငါ အမှိုက်ပုံးထဲ ထည့်လိုက်တော့မယ် "
"ငါ ပြန်လိုချင်တယ် ..." ဝမ်နျဲ့နျန်က သုသာန်အဆောက်အဦးကို အချိန်အကြာကြီး ငေးကြည့်နေခဲ့ပြီးမှ တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေခဲ့သည်။
"ကောင်းပြီလေ ... ယျန်ရှန်းပြောတာတော့ သူ မင်းကို ငါတို့အထက်တန်းကျောင်းနောက်က လမ်းကြားမှာ စောင့်နေမယ်တဲ့။ ဘယ်နေရာလဲ ဆိုတာ မင်း သိတယ်မလား။ "
"သိတယ်"
ထပ်ပြီး အိမ်မက်ဆိုးနှင့်တူသော လမ်းကြားဆီပင်...
"အမေ စိတ်မပူပါနဲ့ ... ကျွန်တော် သူ့အပေါ် ထပ်ပြီး ညှာတာနေမှာ မဟုတ်ပါဘူး။ အမေ ကျွန်တော့်အတွက်ပေးခဲ့တဲ့ လည်ဆွဲကို ပြန်ယူလာခဲ့မယ်။ အခုကစပြီး သူ့နဲ့ ပတ်သတ်စရာ ဘာအကြောင်းမှ မရှိတော့ဘူး။..." ဝမ်နျဲ့နျန်က ယျဲ့ချင်း၏ အုတ်ဂူကိုကြည့်ပြီး ရေရွတ်ပြောလိုက်သည်။
____
အထက်တန်းကျောင်း၏အနောက်ဘက်တွင်ရှိသော လမ်းကြားထဲသို့ လက်တစ်ဖက်က ထီးကိုကိုင်ထားရင်း ဝမ်နျဲ့နျန် ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ သို့ပေမယ့် သူမည်သူ့ကိုမှ မတွေ့ရချေ။
ရုတ်တရက်၌ ဝမ်နျဲ့နျန်၏နောက်ကျောဘက်မှ လက်တစ်စုံပေါ်လာပြီး သူ့ကို မြေကြီးပေါ်သို့ တွန်းချလိုက်သည်။ လက်ထဲတွင် ကိုင်ထားသော ဖုန်းသည်လည်း ရေထဲသို့ ကျသွားခဲ့သည်။
မြေကြီးနှင့် ဆောင့်မိသွားသော ဝမ်နျဲ့နျန်၏ခြေထောက်က ရုတ်တရက်နာကျင်လာပြီး ပြုတ်ကျသည့်အရှိန်ကြောင့် လက်ထဲရှိထီးသည်လည်း ကျိုးသွားခဲ့သည်။
မိုးရေတို့ စိုရွှဲနေသော ချန်းလုံအန်းက ပြုံးကာ အနားသို့ လျှောက်လာပြီး သူ့မျက်နှာပေါ်ရှိအမာရွတ်မှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် အကျည်းတန်နေစေသည်။
ဝမ်နျဲ့နျန်က နံရံကိုမှီပြီး ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ သူ့အရှေ့တွင် ရပ်နေသော ချန်းလုံအန်းကို ကြည့်ပြီး တစ်စုံတစ်ခုကိုတွေးမိကာ မေးလိုက်သည်။
" ငါ့ကို ဒီလာဖို့ ပြောခဲ့တာက သူမဟုတ်ဘဲ မင်းလား။"
"ပြီးတော့ မင်း မျက်နှာ ...." စကားလုံးနှစ်လုံးက တုံ့ဆိုင်း၍ ထွက်ပေါ်လာသည်။
ချန်းလုံအန်းက ရုတ်တရက် အနားသို့ တိုးကပ်လာပြီး သံပူဖြင့် အကပ်ခံထားရသည့် သူ့မျက်နှာကို ပို၍မြင်သာအောင် ပြကာ ... ရက်စက်မှုအပြည့် ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ပြောခဲ့သည်။
"မင်း မြင်ရဲ့လား။ မင်းကို ကျေးဇူးတင်တယ် နော်။ မင်းကြောင့် ရခဲ့တဲ့ ဒဏ်ရာလေ ! အကုန်လုံးက မင်းကြောင့် ဖြစ်ခဲ့တာချည်းပဲ ။ မင်းနဲ့ ကုယျန်ရှန်းက ငါ့ကို ဒီလိုပုံ ဖြစ်အောင် လုပ်ခဲ့တာ !"
"လက်ထပ်ပွဲ ? ငါ့ကို ချစ်တယ် ? သူက ငါ့လက်ထဲက ဗီဒီယိုကိုရဖို့ ဟန်ဆောင်ခဲ့တာ။ သူအခု ငါ လုပ်ခဲ့သမျှ ကိစ္စအားလုံးကို လူတိုင်းသိအောင် ကြေညာလိုက်ပြီ .."
"ဗီဒီယို ? "
"ဪ ... မင်းက ရော ဘာကို ဟန်ဆောင်နေတာလဲ။ မင်းလဲ ပါတယ်။ မင်းပြန်ပေးဆွဲခံရတုန်းက ရိုက်ထားတဲ့ ဗီဒီယိုကို အင်တာနက်ပေါ် တင်လိုက်မှာကြောက်လို့ သူက ငါ့ကို လက်ထပ်မယ် ဆိုပြီး ကတိပေးခဲ့တာ။ မင်းကို ပြောပြမှာပေါ့ ..!"
"သူ တကယ်ချစ်တာက ဝမ်နျဲ့နျန် ဆိုတဲ့ မင်းကို ။ မင်းအတွက် ဆိုရင် ကုအဖွဲ့အစည်းတစ်ခုလုံး စွန့်ရမယ်ဆိုလည်း သူက တုံ့ဆိုင်းမနေဘူး။ မင်း အခု ကျေနပ်ရဲ့လား။ "
"မင်း ဘာတွေ ပြောနေတာလဲ ..." ဝမ်နျဲ့နျန်က ချန်းလုံအန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
'ဗီဒီယိုက ဘာလဲ။ ဗီဒီယိုနဲ့ ခြိမ်းခြောက်ခဲ့လို့ ချန်းလုံအန်းနဲ့ အတူရှိခဲ့တာလား။ ဒါဆို ငါ့ကို လှည့်စားတာ မဟုတ်ဘဲ ... ငါ့ရဲ့ အလုပ်ကြောင့် လုပ်ခဲ့တာပေါ့ ။ '
"မင်း ဘာလို့ ငါ့အတွက် ဆိုတဲ့ အရာအားလုံးကို လုယူနေရတာလဲ။" ချန်းလုံအန်းက ဝမ်နျဲ့နျန်ရဲ့ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ပြီး အော်မေးလိုက်သည်။
"ငါ လိုချင်သမျှ အရာအားလုံးကို ငါအရယူနိုင်တယ် ! တစ်နေ့ကျရင် ငါက အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာရမယ်ဆိုပြီး ကျိန်ဆိုခဲ့တယ်။ ငါ စန္ဒရားတီးတာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ဒီအထက်တန်းကျောင်းမှာ တက်နိုင်အောင် ကြိုးစားခဲ့တယ်။ ငါ ကုယျန်ရှန်းနဲ့ ဆုံတွေ့တဲ့ အချိန်ကစပြီး ငါက ဒီဘဝမှာ အရာအားလုံးကို ပိုင်ဆိုင်နိုင်ပြီး သခင် ဖြစ်လာနိုင်မယ်ဆိုတာ သိခဲ့တယ်။ "
"ဒါပေမယ့် မင်းက အားလုံးကို လုယူသွားခဲ့တယ်။ ဘာလို့ လုယွင်နဲ့ ကျိုးယွမ်ဖုန်းက မင်းအပေါ် အရမ်းကောင်းရတာလဲ။ စန္ဒရားတီးတာနဲ့ သီချင်းရေးတဲ့ နေရာမှာရော ဘာလို့ သိပ်တော်နေရတာလဲ။ ဘာလို့ ငါ့ဆီကနေ ကုယျန်ရှန်းကို လုယူချင်ရတာလဲ"
"ငါ မလုယူဘူး။ မင်းကိုက အစကတည်းက မှားနေခဲ့တာ ...မင်းက ငါအဖြစ် ဟန်ဆောင်ပြီး ကုယျန်ရှန်းအနားမှာ နေနေခဲ့တာ။ မင်းက ငါ့နေရာကို ယူခဲ့တာ"
"မင်း နေရာကို ယူတယ် ဟုတ်လား။ အား ... ကောင်းပါပြီ။"
ချန်းလုံအန်းက သူ့ဖုန်းကို ရုတ်တရက်ထုတ်ပြီး လူတစ်ယောက်ထံ စာတစ်စောင်ရေးပို့ပြီးနောက် ဖုန်းကို ရေထဲသို့ ပစ်ထုတ်လိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသော လည်စွဲကို အရူးတစ်ယောက်နှယ် စိုက်ကြည့်နေခဲ့သည်။
"ဝမ်နျဲ့နျန်က ဒီလည်ဆွဲကို လိုချင်တာမလား။ ဒါဆို လာယူလေ "
____
ကုယျန်ရှန်းက လမ်းတစ်လျှောက်လုံး ကားမောင်းလာပြီး ဝမ်နျဲ့နျန်ကို ရှာနေသည်မှာ အတော်ကြာနေပြီ ဖြစ်ပေမယ့် အခုထိ ဝမ်နျဲ့နျန်ကို မတွေ့သေးပေ။ ထို့ကြောင့် ကုလင်ထံ ဖုန်းဆက်မေးရန် ပြင်ချိန်မှာပဲ ဖုန်းမှ အသံတစ်ခုက ဦးစွာ ဝင်လာခဲ့သည်။
[ငါ အထက်တန်းကျောင်းအဝင်ပေါက်မှာ ဝမ်နျဲ့နျန်နဲ့အတူ ရှိနေတယ်။ ငါ သူ့ကို သတ်ပြီး မင်း ဘယ်တော့မှ ထပ်မတွေ့နိုင်အောင် လုပ်မှာ။ မင်းတို့နှစ်ယောက် အတူရှိနေမှာကို ငါမလိုချင်ဘူး။ အဲ့ဒီတော့ ကုယျန်ရှန်း မင်းဒီကို အမြန်ဆုံး လာရင် ကောင်းမယ် မဟုတ်ရင် သူ့ကို တွေ့နိုင်တော့မှာ မဟုတ်ဘူး။ ]
ထိုစာကိုမြင်ပြီး ဘာလုပ်ရမှန်းမသိတော့ဘဲ ကုယျန်ရှန်း ခနမျှ ကြောင်အသွားခဲ့ပြီး ထို့နောက် ဘာမှ ထပ်မတွေးတော့ဘဲ ကျောင်းသို့ ကားကို အလျင်အမြန်မောင်းသွားခဲ့သည်။
ကုယျန်ရှန်းက ကျောင်းသို့ လူတစ်ချို့ခေါ်ပြီး လိုက်ခဲ့ဖို့ ကုလင်ကို အကြောင်းကြားပြီးနောက် ကျောင်းသို့သွားရာ လမ်းတစ်လျှောက်ရှိ သူ့ရဲ့ မြန်နှုန်းကို မြှင့်တင်လိုက်သည်။
မီးပွိုင့်မှ အကွေ့တွင် မလှမ်းမကမ်းတွင် ရှိနေသော လမ်းကြားကို မြင်လိုက်ရပေမယ့် အခုချိန်၌ ဝမ်နျဲ့နျန်ကို တွေ့ဖို့ရန်သာ ဆန္ဒစောနေပြီး ထိုလမ်းကြားကို ထပ်ပြီးမကြည့်ဖြစ်ပေ။
မီးပွိုင့်၏ မီးအရောင် အစိမ်းသို့ ပြောင်းသွားတဲ့အခါ ကုယျန်ရှန်းက လီဗာကို အရှိန်ကုန်နင်းပြီး မျက်စိရှေ့တွင် မြင်နေရသော ကျောင်းဆီသို့ မောင်းသွားခဲ့သည်။ ထိုအချိန်၌ လမ်းကြားထဲမှ လူတစ်ယောက်ထွက်လာပြီး ကားရှေ့မှောက် ရောက်လာသည့် ထိုသူက သူ့အား မှင်သက်၍ ကြည့်နေခဲ့သည်။
ကားရှေ့၌ လူတစ်ယောက်ကို တွေ့လိုက်ရသည့် အချိန်မှာ ကုယျန်ရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ပြီး ဘရိတ်နင်းဖို့ရန်လည်း လွန်စွာမှ နောက်ကျခဲ့ပြီ ဖြစ်သည်။
ကျယ်လောင်စွာ ထွက်ပေါ်လာသော ဘရိတ်သံနှင့် လူတစ်ယောက်ကို တိုက်မိပြီးနောက်မှာ အမဲရောင်ထိုကားက လမ်းဘေးတစ်နေရာ၌ ရပ်တန့်သွားခဲ့သည်။
ကုယျန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းပြင်းထန်ထန်ကို တုန်ရီနေသည်။ ပင့်ကူအိမ်ပမာ ကွဲအက်သွားသော ကားရှေ့မှန်နှင့် သွေးစီးကြောင်းတို့ကိုကြည့်ပြီး သူ့မျက်ဝန်းတွေ၌ မယုံကြည်နိုင်ခြင်းများ ပြည့်နေခဲ့သည်။
"မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး ... မဟုတ်ဘူး "
တုန်ရီနေသော လက်ဖြင့် ကားတံခါးကို ဖွင့်ပြီး ကားကို မှီရင်းပင် အနောက်ဘက်သို့ တစ်လှမ်းချင်းစီ လှမ်းကာ သွားခဲ့သည်။ သူ့မျက်ဝန်းတွေက ရှေ့တွင်ရှိသော မြင်ကွင်းတစ်ခုကို မြင်သွားသည့်အခါ ရပ်တည်နိုင်ခြင်းမရှိ သူ့တစ်ကိုယ်လုံး လဲပြိုကျသွားခဲ့သည်။
သူ့မျက်စိရှေ့၌ လှုပ်ရှားမှုမရှိတဲ့ ဝမ်နျဲ့နျန်က နှစ်ခြိုက်စွာ အိပ်မောကျနေသည့် အတိုင်းပင်။ သည်းထန်စွာ ရွာကျနေသော မိုးရေပေါက်တို့က သူ့အနားတွင်တော့ အနီရောင်အဖြစ် ပြောင်းလဲ စီးဆင်းနေခဲ့သည်။
... အသက်မဲ့နေသော ယမင်းရုပ်လေး အတိုင်း။
လက်တစ်ဖက်တွင် ဆုပ်ကိုင်ထားလျက်ရှိသော လည်ဆွဲသည်လည်း သွေးများ လွှမ်းလျက်။ တကယ့်ကိုမှ ... အနီရောင် ရင့်ရင့်ပင်။
ကုယျန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်လွန်းသော ရေခဲတိုက်ထဲ၌ နစ်မြှုပ်ပိတ်လှောင်သွားသည့်အတိုင်း တောင့်ခဲနေခဲ့သည်။ သိပ်ကို နာကျင်နေရပေမယ့် အသံလေးတစ်သံပင် သူ မထွက်နိုင်ခဲ့ ... ဝမ်နျဲ့နျန်အနားသို့ တိုးသွားပြီး သွေးရောင်တို့ယှက်နွယ်နေသော ထိုမိုးရေထဲ၌ ဒူးထောက်ထိုင်ချလိုက်သည်။
"မဟုတ်ဘူး လေ ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး ..." ထိုအသံ၌ အစွန်းအစမရှိအောင် ကြောက်ရွှံ့နေသည့် ခံစားချက်နှင့် ထိတ်လန့်ခြောက်ချားခြင်းတို့ ပါဝင်နေသည်။
ကုယျန်ရှန်းရဲ့ မျက်ဝန်းတစ်ခုလုံးက ရဲရဲနီနေပြီး မိုးရေနှင့် ရောယှက်၍ မျက်ရည်များလည်း ပိုးပိုးပေါက်ပေါက် ကျနေခဲ့သည်။ သူ့ရဲ့ တုန်ယင်နေသော လက်ဖြင့်ပင် ဝမ်နျဲ့နျန်၏မျက်နှာပေါ်မှ သွေးတို့ကို သုတ်ပေးနေခဲ့သည်။ သို့ပေမယ့် သူက ပို သုတ်လေ သူ့လက်၌ ဝမ်နျဲ့နျန်၏သွေးတို့ ပို၍ စွန်းထင်းလေ ဖြစ်လာသည်။
"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ ၊ ငါ့ကို မထားခဲ့ပါနဲ့ !"
"နျန်နျန် ...? ဒီလိုမျိုး မခြောက်ပါနဲ့ ... နော်။ ထပါ နျန်နျန် ရယ် ... ငါ တောင်းပန်ပါတယ်။ ကျေးဇူပြုပြီး ..."
"မင်း ငါ့ကို လိမ်နေတာ မလား... ဟုတ်တယ် မလား နျန်နျန် !" ကုယျန်ရှန်းက ဝမ်နျဲ့နျန်ကို ပွေ့ဖက်ထားပြီး ထိုနေရာ၌ ဒူးထောက်ထားလျက်ပင် ကလေးတစ်ယောက်ပမာ ငိုနေခဲ့သည်။
ကုလင်ရောက်လာသည့်အချိန်၌ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူလည်း အံ့ဩသွားခဲ့သည်။ သူ့ဘဝ၌ ဤကဲ့သို့ ခံစားချက်အလုံးစုံပျက်စီးပြီး ပြိုလဲကျနေသည့် ကုယျန်ရှန်း၏ပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့်ပင်။
"မထားခဲ့ပါနဲ့ ... နျဲ့နျန် ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။ မင်း ငါ့ကို ခွင့်မလွှတ်ပေးရသေးဘူးလေ .. မင်းအပေါ် လုပ်ခဲ့တဲ့ အမှားတွေအတွက် ငါ့ကို မဆူပူရသေးဘူးလေ။ လုပ်ပါ ... ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ။ မင်းသာ ပြန်လာရင် မင်းစိတ်တိုင်းကျ ငါ့ကို ရိုက်နှက်ပြီး အများကြီး ဆူပူပါ ... ငါ ခံနိုင်ပါတယ် နျန်နျန်"
___________
Note.
ငါကလေ ..
ငါကပဲ ချစ်ရတဲ့
ငါအချစ်ရဆုံး လူတစ်ယောက်ကို
အဆုံးအစမရှိ ချစ်နေချင်တာ နေကြာ။
_____________________
အခန္း(၁၉၃) ေက်းဇူးျပဳၿပီး ... ေက်းဇူးျပဳၿပီး ထပါဦး ။ ေတာင္းပန္ပါတယ္
လက္တြင္ပတ္ထားေသာ နာရီကို ငုံ႔ၾကည့္ေနရင္း ကုယ်န္ရွန္းစိတ္ထဲ၌ ပို၍ပို၍ ပ်ာယာခတ္လာခဲ့သည္။ ဒါက ဝမ္န်ဲ႕န်န္ရဲ႕ ပထမဦးဆုံး ေဖ်ာ္ေျဖပြဲျဖစ္တဲ့အတြက္ အခုလိုေနာက္က်ေနသည္မွာ ျဖစ္ႏိုင္ျခင္း မရွိေပ။
စိုးရိမ္ပူပန္မႈတို႔ျဖင့္ အက်င့္ပါေနသည့္ လက္တစ္ဖက္က လည္ပင္းတြင္ဆြဲထားေသာ လည္စြဲကို စမ္းၾကည့္သည့္အခါ ထိုလက္က ႐ုတ္တရက္ တုံ႔ဆိုင္းၿပီး ကုယ်န္ရွန္း၏မ်က္ႏွာလည္း ခ်က္ခ်င္းကို ထိတ္ပ်ာသြားခဲ့သည္။
'လည္စြဲ မရွိေတာ့ဘူး ...'
"ဘာလိုျဖစ္ၿပီး ေပ်ာက္သြားတာလဲ ..." ကုယ်န္ရွန္းတစ္ေယာက္ အထိတ္တလန႔္ႏွင့္ ကားထဲတြင္ ရွာၾကည့္ၿပီး အံ့ဩမႈျဖင့္ ေျပာလာသည္။
"အကို ... ဘာျဖစ္တာလဲ။ အကိုန်ဲ႕န်န္က ေလ့က်င့္ဖို႔အတြက္ အေစာႀကီးေရာက္ေနတာလဲ ျဖစ္ႏိုင္တာပဲ။ အထဲဝင္ၿပီး ရွာၾကည့္တာေပါ့" ကုလင္က ပ်ာယာခတ္ေနတဲ့ ကုယ်န္ရွန္းကိုၾကည့္ၿပီး နားမလည္ႏိုင္စြာ ေျပာလိုက္သည္။
ထို႔ေနာက္ ကုလင္စကားဆက္ဖို႔ျပင္လိုက္ခ်ိန္မွာပဲ က်ိဳးယြမ္ဖုန္းထံမွ ဖုန္းဝင္လာၿပီး တစ္ဖက္မွေျပာလာသည့္ အေၾကာင္းအရာကို ၾကားၿပီးေနာက္မွာ သူ႔တစ္ကိုယ္လုံး ထုံထိုင္းသြားခဲ့သည္။
"အကို ...... ခ်န္းလုံအန္း ... သူ ထြက္ေျပးသြားတယ္ ..."
"မင္း ... ဘာေတြေျပာေနတာလဲ ကုလင္ !"
ႀကိဳတင္သိမိေသာ ျဖစ္လာမည့္ အဆိုးေတြႏွင့္ ႏွလုံးသားတစ္ခုလုံး တုန္လႈပ္သြားသည္ကို ကုယ်န္ရွန္း ႐ုတ္တရက္ ခံစားလိုက္ရသည္။
"အကိုယြမ္းဖုန္း ဖုန္းဆက္လာတယ္ ၊ ခ်န္းလုံအန္းက သတိေမ့ခ်င္ေယာင္ေဆာင္ၿပီး ဘုရားေက်ာင္းအေနာက္ဘက္တံခါးကေန ထြက္ေျပးသြားတယ္ တဲ့။ အခု သူ႔ကိုရွာဖို႔ လူလႊတ္ထားၿပီးၿပီး မၾကာခင္ သူ႔ကို ျပန္မိမွာပါ။"
ကုယ်န္ရွန္း၏ စိတ္အတြင္း မတင္မက်ျဖစ္ေနျခင္းက ပို၍ပင္ စိုးလာသည္။ ခ်န္းလုံအန္းက ထြက္ေျပးသြားတယ္ ၊ ဝမ္န်ဲ႕န်န္ကလည္း ေပၚမလာဘဲ အၾကာႀကီး ေနာက္က်ေနတယ္ ... ျဖစ္ႏိုင္တာက...။
"....... ငါ ခန္းမထဲ ဝင္ၿပီး သူ႔ကိုရွာလိုက္အုံးမယ္ ...။ ငါ သူ႔ကို ရွာမွ ျဖစ္မယ္။ "
ထိုအခ်ိန္ လည္ဆြဲေပ်ာက္ရွာသည့္ ကိစၥသည္လည္း ကုယ်န္ရွန္းအတြက္ အေရးမႀကီးေတာ့။ ကားေပၚမွ ဆင္းၿပီး ခန္းမအတြင္းသို႔ အေလာတႀကီး ေျပးဝင္သြားကာ ဝန္ထမ္းေတြ၏တားဆီးမႈကိုပင္ ဂ႐ုမစိုက္ဘဲ စင္အေနာက္ဘက္သို႔ တိုးဝင္သြားခဲ့သည္။
"န်န္န်န္ ! န်န္န်န္ ၊ မင္း ဘယ္မွာလဲ။ !"
ကုယ်န္ရွန္း၏ အေတြးတစ္ခုလုံးက ဝမ္န်ဲ႕န်န္ကို ရွာဖို႔ရန္သာ ဆႏၵေစာေနၿပီး စင္အေနာက္ဘက္တြင္ ရွိေသာ အခန္းတံခါးတစ္ခုခ်င္းစီကို အထိန္းအခ်ဳပ္မရွိ တြန္းဖြင့္ရွာေဖြေနခဲ့သည္။ ထိုကဲ့သို႔ အခန္းတစ္ခန္းခ်င္းစီ၏ တံခါးကို ခြင့္ေတာင္းျခင္းမရွိ ဖြင့္ေနျခင္းက ဝန္ထမ္းမ်ားပင္ မျပဳလုပ္ရဲသည့္ ကိစၥျဖစ္သည္။
"ေဟး ဒီမွာ ... ခင္မ်ား အခုလိုမ်ိဳး ဝင္လာလို႔ မရဘူးေလ။ "
အျပင္ဘက္ရွိ လႈပ္ရွားဆူညံသံေတြ ၾကားလိုက္ရတာေၾကာင့္ ထ်န္ရႈံး အခန္းထဲမွ ထြက္လာခဲ့သည္။ ထို႔ေနာက္ သူျမင္လိုက္ရသူက ကုယ်န္ရွန္းလည္း ျဖစ္ေနေရာ အသံျပတ္ျပတ္ႏွင့္ ေမးလိုက္သည္။
"ကုယ်န္ရွန္း မင္း ဒီထဲကို ဘာလာလုပ္တာလဲ။ ဘယ္သူက မင္းကို ေပးဝင္လို႔လဲ။ "
ကုယ်န္ရွန္းက သူ႔ေရွ႕တြင္ ပိတ္ကာထားေသာ ဝန္ထမ္းေတြကို တြန္းထုတ္ၿပီး ထ်န္ရႈံး၏အေနာက္ဘက္ရွိ ' WE ၏ အခန္း' ဟု စာကပ္ထားေသာ အခန္းကိုၾကည့္ကာ တုန္တုန္ရီရီႏွင့္ ေမးလိုက္သည္။
"န်န္န်န္ ဘယ္မွာလဲ။ သူ ... သူ အဲ့ဒီအထဲမွာ စႏၵရားေလ့က်င့္ေနတာ မလား ၊ ဟုတ္တယ္ မလား။ သူ အဲ့ဒီအခန္းထဲမွာ စႏၵရား ေလ့က်င့္ေနတာ မလား။ သူ ရွိေနတယ္ မလား။ "
"မင္း ဒီကို ဘာလာလုပ္တာလဲ။ ဒီေန႔က မင္းရဲ႕ လက္ထပ္ပြဲ က်င္းပတဲ့ေန႔ မဟုတ္ဘူးလား။ ခ်န္းလုံအန္းအနားမွာ မေနဘဲ န်ဲ႕န်န္ကို ထပ္ၿပီး ဒုကၡေပးဖို႔ ေရာက္လာတာလား။"
"အကိုန်ဲ႕န်န္ ဘယ္မွာ ရွိေနလဲပဲ ေမးတာ .. အဲ့တာကို ေျဖ ။ သူ အခု ဘယ္မွာလဲ။ " ႐ုတ္ခ်ည္း ဆိုသလိုပင္ ကုလင္က ထ်န္ရႈံးရဲ႕ ေကာ္လံစကို ဆြဲၿပီး ထ်န္ရႈံးအား နံရံ၌ ဖိကပ္ထားကာ စိတ္မထိန္းႏိုင္စြာ ေအာ္ဟစ္ေမးခဲ့သည္။
"ကုယ်န္ရွန္း ... မင္း ဘာအ႐ူးထျပန္ၿပီလဲ။ " ထ်န္ရႈံးက သူ႔အေနာက္တြင္ရွိေသာ အခန္းတံခါးကို ေဝ့ၾကည့္ၿပီး ေမးလိုက္သည္။
"အ႐ူးထတယ္ ? ... အခု ႐ူးေနတာက ဘယ္သူလဲ သိလား။ ငါ ခ်န္းလုံအန္းအေၾကာင္း လူတိုင္းသိေအာင္ ေဖာ္ထုတ္ၿပီးေတာ့ သူ အခု ငါ့လက္ထဲကေန ထြက္ေျပးလြတ္သြားတယ္။ အဲ့ဒီအ႐ူးေကာင္က ဘာမဆို လုပ္ႏိုင္တယ္ .. မင္း နားလည္လား။"
"ဘာ ? မင္း ေျပာခ်င္တာ ... သူ န်ဲ႕န်န္ကို ေတြ႕ေလာက္တယ္ ေပါ့ "
"ျမန္ျမန္ေလး ... WE ကို ရွာဖို႔ လုပ္ပါ။ အားလုံးပဲ သူ႔ကို ရွာေပးပါ " တစ္စုံတစ္ခုကို အေတြးေပါက္သြားသည့္ ထ်န္ရႈံး၏ မ်က္ႏွာအမူအရာက ခ်က္ခ်င္းေျပာင္းလဲသြားၿပီးေနာက္မွာ သူက ကုလင္လက္ကို တြန္းဖယ္ၿပီး ဝန္ထမ္းေတြကို အလ်င္စလိုႏွင့္ ေအာ္ေျပာခဲ့သည္။
" သူ ဘယ္မွာလဲ ..." ပ်ာယာခတ္သြားသည့္ ထ်န္ရႈံး၏အၾကည့္ကို သတိထားမိတဲ့ ကုယ်န္ရွန္းက အသံတုန္တုန္ႏွင့္ ေမးလိုက္သည္။
တစ္ဖက္တြင္ ထ်န္ရႈံးက ဝမ္န်ဲ႕န်န္ထံသို႔ အပူတႀကီး ဖုန္းေတြေခၚေနၿပီး ကုယ်န္ရွန္း၏ အေမးကိုလည္း ျပန္ေျဖခဲ့သည္။
"သူ ဒီကို မေရာက္လာေသးဘူး။ ... လြန္ခဲ့တဲ့ ႏွစ္နာရီက သူ လာေနၿပီလို႔ ဖုန္းဆက္လာေပမယ့္ အခု သူ႔ကို ဆက္သြယ္လို႔ မရေတာ့ဘူး။ "
'ဝမ္န်ဲ႕န်န္က အခန္းထဲမွာ စႏၵရားတီးေနခဲ့တာ မဟုတ္ဘူးေပါ့ ... သူ ရွိမေနခဲ့ဘူး ေပါ့ ...'
"ငါ သူ႔ကို သြားရွာ မယ္ ..." ေနရာတြင္ပင္ ေတာင့္တင္းၿငိမ္သက္ေနလ်က္ ကုယ်န္ရွန္း ေရ႐ြတ္လာသည္။
ထို႔ေနာက္ စင္အေနာက္ဘက္မွ အေလာႀကီးစြာ ေျပးထြက္သြားခဲ့သည္။ ထ်န္ရႈံးလည္း လူတစ္ေယာက္ကို ရွာဖို႔အတြက္ ေျပးထြက္သြားခဲ့သည္။
အျပင္ဘက္၌ ေန႔လည္အခ်ိန္က ႐ြာခဲ့ေသာ မိုးသားထက္ ပိုသာ၍ မိုးေပါက္ တို႔ သဲမဲစြာ ႐ြာက်ေနသည္။
ကုယ်န္ရွန္းက ကုလင္ကို လူမ်ားေခၚ၍ တစ္ျခားကားတစ္စီးျဖင့္ လိုက္ရွာေစခဲ့သည္။ ထို႔အျပင္ ကြန္ပ်ဴတာမွတစ္ဆင့္လည္း ရွာေဖြေစခဲ့သည္။
မိုးသည္းထန္စြာ ႐ြာသြန္းေနေသာ လမ္းတစ္ေလွ်ာက္၌ ကုယ်န္ရွန္းတစ္ေယာက္တည္း ကားေမာင္း၍ ဝမ္န်ဲ႕န်န္ကို အပူႀကီးစြာ ရွာေဖြေနခဲ့သည္။
မိုးရိပ္တို႔ တျဖည္းျဖည္းပိုဆိုင္းလာသည္အထိ ဘယ္သူမွ ဝမ္န်ဲ႕န်န္ကို ရွာမေတြ႕ေသးေပ။
"န်န္န်န္ ... မင္း ဘယ္ေတြ ေရာက္ေနတာလဲ ကြာ ..."
________
မေန႔ညက ဝမ္န်ဲ႕န်န္ တစ္ညလုံး အိပ္မေပ်ာ္ခဲ့။ ေဖ်ာ္ေျဖပြဲတြင္ တီးရမည့္ သံစဥ္ကိုသာ ထပ္ခါထပ္ခါ ေလ့က်င့္ေနခဲ့ၿပီး အေတာ္ေနာက္က်မွ အိပ္ရာဝင္ခဲ့သည္။
ျပတင္းေပါက္မွတဆင့္ ျမင္လိုက္ရေသာ ကုယ်န္ရွန္းကို ေတြးၿပီး သူ႔ႏွလုံးသားက ကေသာင္းကနင္းျဖစ္ေနခဲ့ကာ မိုးေသာက္ယံေရာက္သည္အထိ အိပ္၍ မေပ်ာ္ဘဲ ရွိခဲ့သည္။ ထို႔အျပင္ ေဖ်ာ္ေျဖပြဲက ညေနပိုင္းမွ စတင္တာ ျဖစ္လို႔ ေစာေစာသြားဖို႔လည္း မလိုအပ္ေပ။ သို႔ေပမယ့္ ဝမ္န်ဲ႕န်န္က အေမွာင္ကိုေၾကာက္ၿပီး တိုက္တိုက္ဆိုင္ဆိုင္ ဒီေန႔တြင္မွ မိုးက သည္းမဲစြာ႐ြာေနတဲ့အတြက္ ေဖ်ာ္ေျဖပြဲမစခင္ အေမ့အုတ္ဂူဆီ သြားခ်င္ခဲ့ေသးသည္။
ဝမ္န်ဲ႕န်န္ ထီးကို ကားထဲထည့္ၿပီး ဂီတခန္းမသို႔ သြားရန္ ျပင္ခ်ိန္၌ပင္ ဖုန္းအသံျမည္လာခဲ့သည္။
ဖုန္းဆက္လာသူက ထ်န္ရႈံး'ဟု ဝမ္န်ဲ႕န်န္ ထင္ခဲ့ၿပီး ဖုန္းကိုေကာက္ယူကာ နားအနားကပ္၍ က်န္လက္တစ္ဖက္ျဖင့္ ထီးကို ျပန္ဖြင့္ေနခဲ့သည္။
"ေဟး ထ်န္ရႈံး ... ငါ အခု အေမ့အုတ္ဂူမွာ ေရာက္ေနတာ "
"ငါပါ ၊ ခ်န္းလုံအန္း "
ထီးအပြင့္၌ ထြက္ေပၚလာေသာ တစ္ဖက္မွျပန္ေျဖသံေၾကာင့္ ဝမ္န်ဲ႕န်န္၏လႈပ္ရွားမႈတို႔ ရပ္တန႔္သြားခဲ့သည္။ သူက ကားထဲတြင္ ျပန္ထိုင္လိုက္ၿပီး ... "ဘာကိစၥနဲ႔ ငါ့ဆီ ဖုန္းဆက္တာလဲ။ ဒီေန႔ မင္းနဲ႔ ကုယ်န္ရွန္း လက္ထပ္ၾကတာ မဟုတ္ဘူးလား။ "...
"ဟုတ္တယ္ေလ .. ငါနဲ႔ ယ်န္ရွန္းနဲ႔ လက္ထပ္တဲ့ေန႔။ ဒါေပမယ့္ သူက မင္းကို ျပန္ေပးစရာရွိတယ္ 'ဆိုၿပီး ငါ့ကို ေျပာတယ္ "
"ဘာကိုလဲ ...." ဝမ္န်ဲ႕န်န္က နားမလည္ဟန္ျဖင့္ ျပန္ေမးလိုက္သည္။
"မင္းရဲ႕ လည္ဆြဲ၊ အခုေလးတင္ ငါနဲ႔ရွိေနတုန္း ယ်န္ရွန္းေျပာခဲ့တာ ... တစ္ျခားလူတစ္ေယာက္ရဲ႕ ပစၥည္းကို သူလည္း လိုအပ္ေတာ့မွာ မဟုတ္ဘူးေလ။ အကယ္၍ မင္းလည္း မလိုခ်င္ဘူး ဆိုရင္ ငါ အမႈိက္ပုံးထဲ ထည့္လိုက္ေတာ့မယ္ "
"ငါ ျပန္လိုခ်င္တယ္ ..." ဝမ္န်ဲ႕န်န္က သုသာန္အေဆာက္အဦးကို အခ်ိန္အၾကာႀကီး ေငးၾကည့္ေနခဲ့ၿပီးမွ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ျပန္ေျဖခဲ့သည္။
"ေကာင္းၿပီေလ ... ယ်န္ရွန္းေျပာတာေတာ့ သူ မင္းကို ငါတို႔အထက္တန္းေက်ာင္းေနာက္က လမ္းၾကားမွာ ေစာင့္ေနမယ္တဲ့။ ဘယ္ေနရာလဲ ဆိုတာ မင္း သိတယ္မလား။ "
"သိတယ္"
ထပ္ၿပီး အိမ္မက္ဆိုးႏွင့္တူေသာ လမ္းၾကားဆီပင္...
"အေမ စိတ္မပူပါနဲ႔ ... ကြၽန္ေတာ္ သူ႔အေပၚ ထပ္ၿပီး ညႇာတာေနမွာ မဟုတ္ပါဘူး။ အေမ ကြၽန္ေတာ့္အတြက္ေပးခဲ့တဲ့ လည္ဆြဲကို ျပန္ယူလာခဲ့မယ္။ အခုကစၿပီး သူ႔နဲ႔ ပတ္သတ္စရာ ဘာအေၾကာင္းမွ မရွိေတာ့ဘူး။..." ဝမ္န်ဲ႕န်န္က ယ်ဲ႕ခ်င္း၏ အုတ္ဂူကိုၾကည့္ၿပီး ေရ႐ြတ္ေျပာလိုက္သည္။
____
အထက္တန္းေက်ာင္း၏အေနာက္ဘက္တြင္ရွိေသာ လမ္းၾကားထဲသို႔ လက္တစ္ဖက္က ထီးကိုကိုင္ထားရင္း ဝမ္န်ဲ႕န်န္ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားခဲ့သည္။ သို႔ေပမယ့္ သူမည္သူ႔ကိုမွ မေတြ႕ရေခ်။
႐ုတ္တရက္၌ ဝမ္န်ဲ႕န်န္၏ေနာက္ေက်ာဘက္မွ လက္တစ္စုံေပၚလာၿပီး သူ႔ကို ေျမႀကီးေပၚသို႔ တြန္းခ်လိုက္သည္။ လက္ထဲတြင္ ကိုင္ထားေသာ ဖုန္းသည္လည္း ေရထဲသို႔ က်သြားခဲ့သည္။
ေျမႀကီးႏွင့္ ေဆာင့္မိသြားေသာ ဝမ္န်ဲ႕န်န္၏ေျခေထာက္က ႐ုတ္တရက္နာက်င္လာၿပီး ျပဳတ္က်သည့္အရွိန္ေၾကာင့္ လက္ထဲရွိထီးသည္လည္း က်ိဳးသြားခဲ့သည္။
မိုးေရတို႔ စို႐ႊဲေနေသာ ခ်န္းလုံအန္းက ၿပဳံးကာ အနားသို႔ ေလွ်ာက္လာၿပီး သူ႔မ်က္ႏွာေပၚရွိအမာ႐ြတ္မွာလည္း ေၾကာက္မက္ဖြယ္ေကာင္းေအာင္ အက်ည္းတန္ေနေစသည္။
ဝမ္န်ဲ႕န်န္က နံရံကိုမွီၿပီး ျဖည္းျဖည္းခ်င္း မတ္တပ္ထရပ္လိုက္သည္။ သူ႔အေရွ႕တြင္ ရပ္ေနေသာ ခ်န္းလုံအန္းကို ၾကည့္ၿပီး တစ္စုံတစ္ခုကိုေတြးမိကာ ေမးလိုက္သည္။
" ငါ့ကို ဒီလာဖို႔ ေျပာခဲ့တာက သူမဟုတ္ဘဲ မင္းလား။"
"ၿပီးေတာ့ မင္း မ်က္ႏွာ ...." စကားလုံးႏွစ္လုံးက တုံ႔ဆိုင္း၍ ထြက္ေပၚလာသည္။
ခ်န္းလုံအန္းက ႐ုတ္တရက္ အနားသို႔ တိုးကပ္လာၿပီး သံပူျဖင့္ အကပ္ခံထားရသည့္ သူ႔မ်က္ႏွာကို ပို၍ျမင္သာေအာင္ ျပကာ ... ရက္စက္မႈအျပည့္ ေၾကာက္မက္ဖြယ္ေကာင္းေသာ အမူအရာျဖင့္ ေျပာခဲ့သည္။
"မင္း ျမင္ရဲ႕လား။ မင္းကို ေက်းဇူးတင္တယ္ ေနာ္။ မင္းေၾကာင့္ ရခဲ့တဲ့ ဒဏ္ရာေလ ! အကုန္လုံးက မင္းေၾကာင့္ ျဖစ္ခဲ့တာခ်ည္းပဲ ။ မင္းနဲ႔ ကုယ်န္ရွန္းက ငါ့ကို ဒီလိုပုံ ျဖစ္ေအာင္ လုပ္ခဲ့တာ !"
"လက္ထပ္ပြဲ ? ငါ့ကို ခ်စ္တယ္ ? သူက ငါ့လက္ထဲက ဗီဒီယိုကိုရဖို႔ ဟန္ေဆာင္ခဲ့တာ။ သူအခု ငါ လုပ္ခဲ့သမွ် ကိစၥအားလုံးကို လူတိုင္းသိေအာင္ ေၾကညာလိုက္ၿပီ .."
"ဗီဒီယို ? "
"ဪ ... မင္းက ေရာ ဘာကို ဟန္ေဆာင္ေနတာလဲ။ မင္းလဲ ပါတယ္။ မင္းျပန္ေပးဆြဲခံရတုန္းက ႐ိုက္ထားတဲ့ ဗီဒီယိုကို အင္တာနက္ေပၚ တင္လိုက္မွာေၾကာက္လို႔ သူက ငါ့ကို လက္ထပ္မယ္ ဆိုၿပီး ကတိေပးခဲ့တာ။ မင္းကို ေျပာျပမွာေပါ့ ..!"
"သူ တကယ္ခ်စ္တာက ဝမ္န်ဲ႕န်န္ ဆိုတဲ့ မင္းကို ။ မင္းအတြက္ ဆိုရင္ ကုအဖြဲ႕အစည္းတစ္ခုလုံး စြန႔္ရမယ္ဆိုလည္း သူက တုံ႔ဆိုင္းမေနဘူး။ မင္း အခု ေက်နပ္ရဲ႕လား။ "
"မင္း ဘာေတြ ေျပာေနတာလဲ ..." ဝမ္န်ဲ႕န်န္က ခ်န္းလုံအန္းကို မယုံၾကည္ႏိုင္စြာ ၾကည့္လိုက္သည္။
'ဗီဒီယိုက ဘာလဲ။ ဗီဒီယိုနဲ႔ ၿခိမ္းေျခာက္ခဲ့လို႔ ခ်န္းလုံအန္းနဲ႔ အတူရွိခဲ့တာလား။ ဒါဆို ငါ့ကို လွည့္စားတာ မဟုတ္ဘဲ ... ငါ့ရဲ႕ အလုပ္ေၾကာင့္ လုပ္ခဲ့တာေပါ့ ။ '
"မင္း ဘာလို႔ ငါ့အတြက္ ဆိုတဲ့ အရာအားလုံးကို လုယူေနရတာလဲ။" ခ်န္းလုံအန္းက ဝမ္န်ဲ႕န်န္ရဲ႕ လက္ေမာင္းႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး ေအာ္ေမးလိုက္သည္။
"ငါ လိုခ်င္သမွ် အရာအားလုံးကို ငါအရယူႏိုင္တယ္ ! တစ္ေန႔က်ရင္ ငါက ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္လာရမယ္ဆိုၿပီး က်ိန္ဆိုခဲ့တယ္။ ငါ စႏၵရားတီးတာကို ျပင္းျပင္းထန္ထန္ ေလ့က်င့္ၿပီး ဒီအထက္တန္းေက်ာင္းမွာ တက္ႏိုင္ေအာင္ ႀကိဳးစားခဲ့တယ္။ ငါ ကုယ်န္ရွန္းနဲ႔ ဆုံေတြ႕တဲ့ အခ်ိန္ကစၿပီး ငါက ဒီဘဝမွာ အရာအားလုံးကို ပိုင္ဆိုင္ႏိုင္ၿပီး သခင္ ျဖစ္လာႏိုင္မယ္ဆိုတာ သိခဲ့တယ္။ "
"ဒါေပမယ့္ မင္းက အားလုံးကို လုယူသြားခဲ့တယ္။ ဘာလို႔ လုယြင္နဲ႔ က်ိဳးယြမ္ဖုန္းက မင္းအေပၚ အရမ္းေကာင္းရတာလဲ။ စႏၵရားတီးတာနဲ႔ သီခ်င္းေရးတဲ့ ေနရာမွာေရာ ဘာလို႔ သိပ္ေတာ္ေနရတာလဲ။ ဘာလို႔ ငါ့ဆီကေန ကုယ်န္ရွန္းကို လုယူခ်င္ရတာလဲ"
"ငါ မလုယူဘူး။ မင္းကိုက အစကတည္းက မွားေနခဲ့တာ ...မင္းက ငါအျဖစ္ ဟန္ေဆာင္ၿပီး ကုယ်န္ရွန္းအနားမွာ ေနေနခဲ့တာ။ မင္းက ငါ့ေနရာကို ယူခဲ့တာ"
"မင္း ေနရာကို ယူတယ္ ဟုတ္လား။ အား ... ေကာင္းပါၿပီ။"
ခ်န္းလုံအန္းက သူ႔ဖုန္းကို ႐ုတ္တရက္ထုတ္ၿပီး လူတစ္ေယာက္ထံ စာတစ္ေစာင္ေရးပို႔ၿပီးေနာက္ ဖုန္းကို ေရထဲသို႔ ပစ္ထုတ္လိုက္သည္။ သူ႔လက္ထဲတြင္ ကိုင္ထားေသာ လည္စြဲကို အ႐ူးတစ္ေယာက္ႏွယ္ စိုက္ၾကည့္ေနခဲ့သည္။
"ဝမ္န်ဲ႕န်န္က ဒီလည္ဆြဲကို လိုခ်င္တာမလား။ ဒါဆို လာယူေလ "
____
ကုယ်န္ရွန္းက လမ္းတစ္ေလွ်ာက္လုံး ကားေမာင္းလာၿပီး ဝမ္န်ဲ႕န်န္ကို ရွာေနသည္မွာ အေတာ္ၾကာေနၿပီ ျဖစ္ေပမယ့္ အခုထိ ဝမ္န်ဲ႕န်န္ကို မေတြ႕ေသးေပ။ ထို႔ေၾကာင့္ ကုလင္ထံ ဖုန္းဆက္ေမးရန္ ျပင္ခ်ိန္မွာပဲ ဖုန္းမွ အသံတစ္ခုက ဦးစြာ ဝင္လာခဲ့သည္။
[ငါ အထက္တန္းေက်ာင္းအဝင္ေပါက္မွာ ဝမ္န်ဲ႕န်န္နဲ႔အတူ ရွိေနတယ္။ ငါ သူ႔ကို သတ္ၿပီး မင္း ဘယ္ေတာ့မွ ထပ္မေတြ႕ႏိုင္ေအာင္ လုပ္မွာ။ မင္းတို႔ႏွစ္ေယာက္ အတူရွိေနမွာကို ငါမလိုခ်င္ဘူး။ အဲ့ဒီေတာ့ ကုယ်န္ရွန္း မင္းဒီကို အျမန္ဆုံး လာရင္ ေကာင္းမယ္ မဟုတ္ရင္ သူ႔ကို ေတြ႕ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ]
ထိုစာကိုျမင္ၿပီး ဘာလုပ္ရမွန္းမသိေတာ့ဘဲ ကုယ်န္ရွန္း ခနမွ် ေၾကာင္အသြားခဲ့ၿပီး ထို႔ေနာက္ ဘာမွ ထပ္မေတြးေတာ့ဘဲ ေက်ာင္းသို႔ ကားကို အလ်င္အျမန္ေမာင္းသြားခဲ့သည္။
ကုယ်န္ရွန္းက ေက်ာင္းသို႔ လူတစ္ခ်ိဳ႕ေခၚၿပီး လိုက္ခဲ့ဖို႔ ကုလင္ကို အေၾကာင္းၾကားၿပီးေနာက္ ေက်ာင္းသို႔သြားရာ လမ္းတစ္ေလွ်ာက္ရွိ သူ႔ရဲ႕ ျမန္ႏႈန္းကို ျမႇင့္တင္လိုက္သည္။
မီးပြိဳင့္မွ အေကြ႕တြင္ မလွမ္းမကမ္းတြင္ ရွိေနေသာ လမ္းၾကားကို ျမင္လိုက္ရေပမယ့္ အခုခ်ိန္၌ ဝမ္န်ဲ႕န်န္ကို ေတြ႕ဖို႔ရန္သာ ဆႏၵေစာေနၿပီး ထိုလမ္းၾကားကို ထပ္ၿပီးမၾကည့္ျဖစ္ေပ။
မီးပြိဳင့္၏ မီးအေရာင္ အစိမ္းသို႔ ေျပာင္းသြားတဲ့အခါ ကုယ်န္ရွန္းက လီဗာကို အရွိန္ကုန္နင္းၿပီး မ်က္စိေရွ႕တြင္ ျမင္ေနရေသာ ေက်ာင္းဆီသို႔ ေမာင္းသြားခဲ့သည္။ ထိုအခ်ိန္၌ လမ္းၾကားထဲမွ လူတစ္ေယာက္ထြက္လာၿပီး ကားေရွ႕ေမွာက္ ေရာက္လာသည့္ ထိုသူက သူ႔အား မွင္သက္၍ ၾကည့္ေနခဲ့သည္။
ကားေရွ႕၌ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည့္ အခ်ိန္မွာ ကုယ်န္ရွန္း၏ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္းသြားခဲ့ၿပီး ဘရိတ္နင္းဖို႔ရန္လည္း လြန္စြာမွ ေနာက္က်ခဲ့ၿပီ ျဖစ္သည္။
က်ယ္ေလာင္စြာ ထြက္ေပၚလာေသာ ဘရိတ္သံႏွင့္ လူတစ္ေယာက္ကို တိုက္မိၿပီးေနာက္မွာ အမဲေရာင္ထိုကားက လမ္းေဘးတစ္ေနရာ၌ ရပ္တန႔္သြားခဲ့သည္။
ကုယ်န္ရွန္း၏ ခႏၶာကိုယ္တစ္ခုလုံးက ျပင္းျပင္းထန္ထန္ကို တုန္ရီေနသည္။ ပင့္ကူအိမ္ပမာ ကြဲအက္သြားေသာ ကားေရွ႕မွန္ႏွင့္ ေသြးစီးေၾကာင္းတို႔ကိုၾကည့္ၿပီး သူ႔မ်က္ဝန္းေတြ၌ မယုံၾကည္ႏိုင္ျခင္းမ်ား ျပည့္ေနခဲ့သည္။
"မျဖစ္ႏိုင္ဘူး ... မျဖစ္ႏိုင္ဘူး ... မဟုတ္ဘူး "
တုန္ရီေနေသာ လက္ျဖင့္ ကားတံခါးကို ဖြင့္ၿပီး ကားကို မွီရင္းပင္ အေနာက္ဘက္သို႔ တစ္လွမ္းခ်င္းစီ လွမ္းကာ သြားခဲ့သည္။ သူ႔မ်က္ဝန္းေတြက ေရွ႕တြင္ရွိေသာ ျမင္ကြင္းတစ္ခုကို ျမင္သြားသည့္အခါ ရပ္တည္ႏိုင္ျခင္းမရွိ သူ႔တစ္ကိုယ္လုံး လဲၿပိဳက်သြားခဲ့သည္။
သူ႔မ်က္စိေရွ႕၌ လႈပ္ရွားမႈမရွိတဲ့ ဝမ္န်ဲ႕န်န္က ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည့္ အတိုင္းပင္။ သည္းထန္စြာ ႐ြာက်ေနေသာ မိုးေရေပါက္တို႔က သူ႔အနားတြင္ေတာ့ အနီေရာင္အျဖစ္ ေျပာင္းလဲ စီးဆင္းေနခဲ့သည္။
... အသက္မဲ့ေနေသာ ယမင္း႐ုပ္ေလး အတိုင္း။
လက္တစ္ဖက္တြင္ ဆုပ္ကိုင္ထားလ်က္ရွိေသာ လည္ဆြဲသည္လည္း ေသြးမ်ား လႊမ္းလ်က္။ တကယ့္ကိုမွ ... အနီေရာင္ ရင့္ရင့္ပင္။
ကုယ်န္ရွန္း၏ ခႏၶာကိုယ္တစ္ခုလုံးက ေအးစက္လြန္းေသာ ေရခဲတိုက္ထဲ၌ နစ္ျမႇဳပ္ပိတ္ေလွာင္သြားသည့္အတိုင္း ေတာင့္ခဲေနခဲ့သည္။ သိပ္ကို နာက်င္ေနရေပမယ့္ အသံေလးတစ္သံပင္ သူ မထြက္ႏိုင္ခဲ့ ... ဝမ္န်ဲ႕န်န္အနားသို႔ တိုးသြားၿပီး ေသြးေရာင္တို႔ယွက္ႏြယ္ေနေသာ ထိုမိုးေရထဲ၌ ဒူးေထာက္ထိုင္ခ်လိုက္သည္။
"မဟုတ္ဘူး ေလ ... ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ။ မျဖစ္ႏိုင္ဘူး ..." ထိုအသံ၌ အစြန္းအစမရွိေအာင္ ေၾကာက္႐ႊံ႕ေနသည့္ ခံစားခ်က္ႏွင့္ ထိတ္လန႔္ေျခာက္ခ်ားျခင္းတို႔ ပါဝင္ေနသည္။
ကုယ်န္ရွန္းရဲ႕ မ်က္ဝန္းတစ္ခုလုံးက ရဲရဲနီေနၿပီး မိုးေရႏွင့္ ေရာယွက္၍ မ်က္ရည္မ်ားလည္း ပိုးပိုးေပါက္ေပါက္ က်ေနခဲ့သည္။ သူ႔ရဲ႕ တုန္ယင္ေနေသာ လက္ျဖင့္ပင္ ဝမ္န်ဲ႕န်န္၏မ်က္ႏွာေပၚမွ ေသြးတို႔ကို သုတ္ေပးေနခဲ့သည္။ သို႔ေပမယ့္ သူက ပို သုတ္ေလ သူ႔လက္၌ ဝမ္န်ဲ႕န်န္၏ေသြးတို႔ ပို၍ စြန္းထင္းေလ ျဖစ္လာသည္။
"မလုပ္ပါနဲ႔ ... မလုပ္ပါနဲ႔ ၊ ငါ့ကို မထားခဲ့ပါနဲ႔ !"
"န်န္န်န္ ...? ဒီလိုမ်ိဳး မေျခာက္ပါနဲ႔ ... ေနာ္။ ထပါ န်န္န်န္ ရယ္ ... ငါ ေတာင္းပန္ပါတယ္။ ေက်းဇူျပဳၿပီး ..."
"မင္း ငါ့ကို လိမ္ေနတာ မလား... ဟုတ္တယ္ မလား န်န္န်န္ !" ကုယ်န္ရွန္းက ဝမ္န်ဲ႕န်န္ကို ေပြ႕ဖက္ထားၿပီး ထိုေနရာ၌ ဒူးေထာက္ထားလ်က္ပင္ ကေလးတစ္ေယာက္ပမာ ငိုေနခဲ့သည္။
ကုလင္ေရာက္လာသည့္အခ်ိန္၌ ျမင္ေတြ႕လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ သူလည္း အံ့ဩသြားခဲ့သည္။ သူ႔ဘဝ၌ ဤကဲ့သို႔ ခံစားခ်က္အလုံးစုံပ်က္စီးၿပီး ၿပိဳလဲက်ေနသည့္ ကုယ်န္ရွန္း၏ပုံစံကို တစ္ခါမွ မျမင္ဖူးခဲ့တာေၾကာင့္ပင္။
"မထားခဲ့ပါနဲ႔ ... န်ဲ႕န်န္ ငါ့ကို တစ္ေယာက္တည္း မထားခဲ့ပါနဲ႔။ မင္း ငါ့ကို ခြင့္မလႊတ္ေပးရေသးဘူးေလ .. မင္းအေပၚ လုပ္ခဲ့တဲ့ အမွားေတြအတြက္ ငါ့ကို မဆူပူရေသးဘူးေလ။ လုပ္ပါ ... ေက်းဇူးျပဳၿပီး ျပန္လာခဲ့ပါ။ မင္းသာ ျပန္လာရင္ မင္းစိတ္တိုင္းက် ငါ့ကို ႐ိုက္ႏွက္ၿပီး အမ်ားႀကီး ဆူပူပါ ... ငါ ခံႏိုင္ပါတယ္ န်န္န်န္"
___________
Note.
ငါကေလ ..
ငါကပဲ ခ်စ္ရတဲ့
ငါအခ်စ္ရဆုံး လူတစ္ေယာက္ကို
အဆုံးအစမရွိ ခ်စ္ေနခ်င္တာ။ ....
_____________________