ခွန်းတခြန္းတ(ongoing)
By KimJeong974
21.2K 2.2K 391
ခွန်းတ စောင့်နေရတာကို‌ မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း... More
ခွန်းတ(intro)
ခွန်းတ(1)
ခွန်းတ(2)
ခွန်းတ(3)
ခွန်းတ(4)
ခွန်းတ(5)
ခွန်းတ(6)
ခွန်းတ(7)
ခွန်းတ(8)
ခွန်းတ(10)
ခွန်းတ(11)
ခွန်းတ(12)
ခွန်းတ(13)
ခွန်းတ(14)
ခွန်းတ(15)
ခွန်းတ(16)
ခွန်းတ(17)
ခွန်းတ(18)
ခွန်းတ(19)
ခွန်းတ(20)
ခွန်းတ(21)
ခွန်းတ(22)
ခွန်းတ(23)
ခွန်းတ(24)
ခွန်းတ(25)
ခွန်းတ(26)
ခွန်းတ(27)
ခွန်းတ(28)
ခွန်းတ(29)
ခွန်းတ(30)
ခွန်းတ(31)
ခွန်းတ(32)
ခွန်းတ(33)
ခွန်းတ(34)
ခွန်းတ(35)
ခွန်းတ(36)
ခွန်းတ(37)
ခွန်းတ(38)
ခွန်းတ(39)
ခွန်းတ(40)
ခွန်းတ(41)
ခွန်းတ(42)
ခွန်းတ(43)
ခွန်းတ(44)
ခွန်းတ(45)
ခွန်းတ(46)
ခွန်းတ(47)
ခွန်းတ(48)
ခွန်းတ(49)
ခွန်းတ(50)
ခွန်းတ(51)
ခွန်းတ(52)
ခွန်းတ(53)
ခွန်းတ(9)
369 49 4
By KimJeong974
Unicode
"ခွန်း..ရရဲ့လား ကိုယ်တောင်းပန်ပါတယ် ဒီလိုမှန်းသိရင် ကိုယ်ခွန်းအိမ်လိုက်ဖို့ မတောင်းဆိုခဲ့ပါဘူး"
ထိတ်လန့်နေသည့် မျက်နှာလေးကို အတင်းဟန်ဆောင်ဖုံးဖိကာ ဇေကိုပြုံးကာပြန်ဖြေသည့် ခွန်းတ။
"ရပါတယ်..ဇေတောင်းပန်စရာမလိုပါဘူး..ကျွန်တော်ကတိပေးထားတယ်လေ ဇေတစ်ယောက်ကိုဘဲကြည့်ပေးပါမယ်လို့ ကျွန်တော်အဆင်ပြေပါတယ်"
"အော်..အင်း"
မျက်လုံးများ ဟိုကြည့်ဒီကြည့်‌နှင့် ဂနာမငြိမ်ဖြစ်နေသည့် ခွန်းတဟာဟန်ဆောင်တာ ညံ့လှသည်။
"ကျွန်..ကျွန်တော် အပြင်ခဏသွားအုံးမယ်"
ဇေ့အဖြေတောင်မစောင့်။အိမ်ပြင်သို့ ချက်ချင်းပြေးထွက်သွားလေသည်။အေးလှသည့် ဆောင်းရာသီမှာ လက်တိုအင်္ကျီလေးဖြင့်အပြင်ထွက်သွားသည့် ခွန်းတနောက် စိတ်ပူ၍ အနွေးထည်တစ်ထည်ယူကာ လိုက်ခဲ့သည်။ခွန်းတဟာ ဘယ်ကိုပြေးလို့ပြေးမှန်းမသိ။နောက်ကလိုက်တော့ မြင်လိုက်ရသည့် မျက်နှာလေးဟာ ချွေးစက်တွေလား မျက်ရည်စက်တွေလားမသိ ကျနေခဲ့သည်။ဇေ ခွန်းတနောက်လိုက်နေသည်ကို ရပ်လိုက်သည်။သူသိသွားပါပြီ..ဒီလို အလောတကြီးထွက်သွားသည့် ခွန်းတဟာ ဦးဘုန်းမင်းညိုစီသွားနေခဲ့သည် ဆိုတာ။ဇေရယ်သည်။သူ၏နာကျင်မှုတွေကို ဘယ်သူမှရှာမတွေ့အောင် ကျယ်လောင်စွာရယ်နေခဲ့သည်။လမ်းမပေါ်မှ အခြားလူများကတော့ အရူးတစ်ယောက်အလား ကြည့်သွားကြပေမဲ့ ဇေဂရုမစိုက်။ထိုနေရာလေးမှာဘဲ ထိုင်ကာငိုနေခဲ့သည်။မိုးတွေလဲရွာလာခဲ့သည်။ဇေတစ်ကိုယ်လုံး စိုရွဲနေခဲ့သည်။
ခွန်းတက ဦးမင်းညိုကိုချစ်သည်။
ဦးမင်းညိုဟာလဲ ခွန်းတကိုချစ်သည်။
ခွန်းတကိုချစ်နေတဲ့ ဇေကတော့
သူတို့ကြားက မြေစာပင်လေးပင်...။
ခဏအကြာတော့မိုးတိတ်သွားသည်လားမသိ မိုးစက်များ၏အထိအတွေ့ကို မခံစားရ၍ ခေါင်းမော့ကြည့်တော့ ဇေ၏အပေါ်တွင် ထီးမိုးပေးကာရပ်နေသည့် ‌မိန်းကလေးတစ်ဦး။ထိုသူဟာ ခင်သူဇာပင်..။
"သူဇာ မင်းဘာလာလုပ်တာလဲ"
"ဒီတိုင်းလမ်းသွားရင်း ကို့ကိုတွေ့မိလို့"
"အော်.."
ထီးလေးကိုင်ကာ ဇေရဲ့ဘေးကို လာထိုင်သည့် ခင်သူဇာ။အခုတော့ဖြင့် မိုးရွာနေတဲ့လမ်းမပေါ်မှာ အရူးလေးနှစ်ယောက်‌ ဖြစ်သွားခဲ့ပြီ။ထိုသူနှစ်ဦးဟာ လူသာမတူတာ တစ်စုံ‌တစ်ယောက်ကို တစ်ဖက်သက်ချစ်ရခြင်း‌တွင်တော့ ပြိုင်စံရှားပင်။တစ်ယောက်ခံစားချက် တစ်ယောက်သိသည်အလားပင် တိတ်ဆိတ်စွာ မျက်နှာပေါ်သို့ကျရောက်လာတဲ့ မိုးစက်တွေကိုခံစားနေလေရဲ့။
မျက်ရည်တွေနှင့် မိုးရေများရောနှောသွားသည့်အတွက် ကိုကျွန်မမျက်ရည်တွေကိုမြင်နိုင်မည် မဟုတ်ပေ။ကိုယ်ချစ်ရသူဟာ တစ်‌ခြားတစ်ယောက်အတွက်နဲ့ မျက်ရည်ကျပြီး ကိုယ်ကပါနာကျင်နေရသည့် ခံစားချက်ဟာ ဘာနဲ့မှပြောမပြနိုင်လောက်အောင်ပင် နာကျင်လှသည်။ခင်သူဇာ ဇေ့ကိုငိုမိလောက်တဲ့ထိ သဘောကျသည်။အခြားသူများ ပိုင်ဆိုင်သွားရင် သူမဘယ်လိုလုပ်ရမလဲ။လက်မလွှတ်နိုင် မစွန့်လွှတ်နိုင်..။
အို....ချစ်လိုက်တာ ကိုရယ်..။
_____________________________________
                             ခွန်းတ
အိမ်ရှေ့တံခါးကို အကြမ်းပတမ်းထုနေသောကြောင့် ထက်စန္ဒာဘာများဖြစ်သည်လဲ စိုးရိမ်ကာ အမြန်သွားကြည့်တော့ တံခါးရှေ့တွင်ရပ်နေသည့် ထိုကောင်လေး။မြင်တာနဲ့တင် ဒေါသထွက်ရပါသည်။သူမကိုတွေ့တော့ မျက်နှာငယ်လေးနှင့် တံခါးဖွင့်ပေးရန် အမူအယာပြ‌လေသည်။ကိုယ်မုန်းသည့် သူတစ်ယောကို ကိုယ့်အိမ်ထဲဝင်ခွင့်ပေးရလောက်တဲ့ထိ ထက်စန္ဒာမသနားတတ်ပေ။လျပ်လျူရှုကာ လုပ်လက်စ ညစာပြင်ရန် မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။ညစာပြင်ပြီးသည်ထိ ထွက်မသွားသေးသော ထိုကောင်လေး။ဒီတစ်ခါလည်း ဂရုမစိုက်ဘဲ အဒေါ်အေးအေးကိုအိမ်သန့်ရှင်းရေးကူလုပ်ပေးလိုက်သည်။သို့သော် ၁နာရီကျော်သည်ထိ အိမ်ရှေ့တွင် ခွေခွေလေးထိုင်နေသည့်ထိုကောင်လေးကြောင့် ဘာများဖြစ်သည်လဲ စဉ်းစားမိတော့...ခဏလေးတင်ကမှ ငိုကာအိမ်ပြန်လာသည့်မောင်။အင်း...ဒါကြောင့်ဘဲဖြစ်ရမည်။အိမ်ရှေ့တံခါးဖွင့်ပေးလိုက်တော့ တစ်ကိုယ်လုံးတုံယင်နေသည့် ကောင်လေး။အဘယ်ကြောင့် မိန်းမများထက်တောင် ပျော့ညံ့ရသနည်း။ဘာကိစ္စရှိလို့လဲမေးတော့ "ဦး" ဆိုသည့် တစ်ခွန်းတည်းသာဖြေလာသည်။ကြည့်ရသည်မှာ ပြန်ဖြေဖို့တောင် အားမရှိပုံပင်။နှာခေါင်းရှုံ့ကာ ဧည့်ခန်းထဲတွင်စောင့်ရန်ပြောပြီး မောင့်စီသွားရန် အပေါ်ထပ်ကိုတက်ခဲ့သည်။အနှောင့်ယှက်ဖြစ်မည်စိုး၍ တံခါးအပြင်မှသာ လှမ်းပြောလိုက်သည်။
"မောင်..ခွန်းတဆိုတဲ့ ကောင်လေးရောက်နေတယ်"
ချက်ချင်းတံခါးဖွင့်ကာ ထိုကောင်လေးဘယ်မှာလဲမေးလာသည့်မောင်။ပြန်ဖြေမိတော့ သူမကိုကျော်ကာ အိန္ဒြရည်တောင်မဆည်နိုင် ဧည့်ခန်းစီကို အမြန်ပြေးသွားလေရဲ့။မောင့်နောက်လိုက်ကာ ဧည့်ခန်းထဲဝင်ရန်ပြင်တော့ ဒေါ်အေးအေးကတားလာသည်။
"တောင်းပန်ပါတယ်မမလေး..ဟို..သ‌ခင်ကြီးကအထဲ ဘယ်သူမှမဝင်ခဲ့နဲ့တဲ့"
မောင့်အမိန့်ကိုနာခံကာ အပြင်မှာသာရပ်စောင့်ခဲ့သည်။သို့သော် မှန်တွေနဲ့ကာရံထားသည့် ဧည့်ခန်းမှာတော့ မကြားရရင်တောင် မြင်နေရခဲ့သည်။ထိုကောင်လေးဟာ မောင့်ရဲ့လက်ကိုကိုင်ထားရင်း တူတူရပ်နေတာကို ကျွန်မကြည့်နေခဲ့ရသည်။တစ်ယောက်ကိုတစ်ယောက် မြတ်နိုးစွာကြည့်နေခဲ့ကြသည်။ထိုသူတွေထဲကတစ်ယောက်ကမှ ကျွန်မမဟုတ်ခဲ့သည်က လွဲလို့ပေါ့။မောင် ထိုကောင်လေးကို ပွေ့ဖက်ကာဆံနွယ်တွေကို နမ်းရှိုက်လိုက်သည့်အချိန်မှာ ကျွန်မမျက်ရည်တွေကျဆင်းလာခဲ့သည်။ဒါပေမယ့် ကျွန်မမောင့်ကိုဘယ်မုန်းရက်မလဲ။ဖြစ်နိုင်ရင် ကျွန်မ
အတိတ်ကိုပဲ ပြန်သွားချင်သည်
အတိတ်ကိုပဲ ပြန်ရောက်ချင်သည်
အဲ့ချိန်မှာဆိုရင် မောင်ဟာ ကျွန်မအနားမှာ ရှိနေအုန်းမှာပင်။ထိုချိန်တွေတုန်းက...
မောင်ကသေချာကို ပြောခဲ့တာ
'မ'ကိုအရမ်းချစ်တယ်တဲ့။
ငိုနေသည့် သူမကိုဘေးမှ အဒေါ်အေးအေးက
မခံစားနိုင်စွာ နှစ်သိမ့်ပေးသည်။သူများတွေရဲ့အမြင်မှာ သူမဟာ သိပ်ကိုသနားစရာကောင်းနေခဲ့သည်လား။
အတူ လက်ချိတ်ကာ ထွက်လာသည့် ထိုသူနှစ်ဦးကြောင့် ပါးပေါ်မှမျက်ရည်တွေကို အကြမ်းပတမ်းသုတ်ပစ်ကာ မမြင်စေရန် ခေါင်းကိုအောက်ငုံ့ထားလိုက်သည်။ခေါင်းငုံ့တိုင်း မြင်ရတဲ့ မောင့်ခြေဖမိုးလေးတွေကတော့ သူမရဲ့အမောဖြေစရာလေးပင်..။မောင့်မျက်နှာကို ငေးရန် မော့ကြည့်‌မိတော့ ထိုကောင်လေးကို မြတ်နိုးစွာနမ်းရှိုက်ပြီး ရီ‌မောနေသည့်မောင်..။သူမတစ်ယောက်လုံးရှိရက်နဲ့ သူမရှေ့မှာတစ်ခြားသူနှင့်
နှုမ်းရှိုက်နေသည့် မောင့်ကိုရင်နာနာနှင့်ကြည့်ပြီး ရီမောနေသံတွေကို နားထောင်ခဲ့ရသည်။မောင်ဟာ ထိုကောင်လေးကို မောင်ဝတ်ထားသည့် ကုတ်အနွေးထည်လေးကိုချွတ်ကာ ဝတ်ပေးပြီး အပြင်သိပ်မထွက်ရန်နှင့် အေးသောကာလမို့ နွေးနွေးထွေးထွေးဝတ်စားရန် မှာနေလေရဲ့။သူမကိုပြောသည်မဟုတ်သော်လည်း ရိုကျိုးစွာနာခံနေမိသည်။ထိုကောင်လေးဟာ မောင်ထည့်ပေးလိုက်သည် ဒရိုက်ဘာနှင့်မောင့်ကိုနှုတ်ဆက်ကာ ထွက်သွားလေသည်။ထိုကောင်လေးကိုကြည့်နေတဲ့ မောင့်ရဲ့မျက်ဝန်းလေးတွေဟာ ပျော်ရွှင် မြူးတူးလို့။သူမကိုလှည့်ကြည့်လာတဲ့ မောင့်ရဲ့မျက်ဝန်းတွေမှာတော့ ရွံ့ရှာမှုတွေအပြည့်..။
"မင်း...ခွန်းတကိုဘာလို့ အပြင်မှာအကြာကြီးထားထားတာလဲ"
"မောင့်ကိုသူတိုင်တာလား"
"မဟုတ်ဘူး မင်းစောက်ချိုးနဲ့ ခွန်းတပုံစံကြည့်ပြီး ငါ့ဘာသာသိတာ"
"အင်း...ဟုတ်တယ်"
ပါးပေါ်သို့ ကျရောက်လာသည့် မောင့်ရဲ့လက်။ထက်စန္ဒာမှာ ရွှေဇွန်းကိုက်မွေးလာရသည်မို့ သူမရဲ့ပါးမှာရဲရဲနီကာ ပူတူသွားရသည်။ပါးစောင်မှာတော့ သွေးစများဖြင့်။
"မင်း!အသည်နှလုံးမရှိတဲ့မိန်းမ!ဒီလောက်အေးနေတဲ့ ရာသီမှာ မင်းမို့လို့ ပစ်ထားရက်တယ်"
အော်...မောင်ဟာ သူမကိုဒီကိစ္စလေးအတွက်ကြောင့်နဲ့ ပါးရိုက်သည်ပဲ။မဖိတ်ခေါ်ဘဲကျလာသည့် မျက်ရည်တွေကြောင့် ထက်စန္ဒာမှာ ပို၍သနားစရာကောင်းလေတော့သည်။ဘေးမှဝင်တားရန်ပြင်သည့် အဒေါ်အေးအေးကို မောင်မှအိမ်ထဲမဝင်ရန်အမိန့်ပေးလေတော့ သူမကိုစိတ်ပူသည့်အကြည့်ဖြင့်ကြည့်ကာ ထွက်သွား‌သည်။
"မောင်..ကျွန်မကို နည်းနည်းလေးလောက်
အဖတ်လုပ်ပေးပါလား မောင်ရယ်..
မောင်သာ ကျွန်မဘက်ကိုလှည့်လာရင်
ကျွန်မလောက်ပျော်တဲ့သူ ဒီကမ္ဘာမှာရှိမှာမဟုတ်ဘူး"
ထိုသို့ဆိုမိလေတော့ ပို၍ရွံ့ရှာလာသည့် မောင့်ရဲ့အကြည့်..နှလုံးကို ဓားနှင့်မွှန်းသည့်အလားပင်။
"မင်း-"
"တော်ပါတော့ တော်လောက်ပါပြီ ဒီလောက်ဆိုကျွန်မ‌သဘောပေါက်ပါပြီ ဒီထက်ပိုပြီးတော့မပြောပါနဲ့တော့ ‌နောက်ပြောလာမယ့်မောင့်ရဲ့ စကား‌လုံးတွေကို ကျွန်မခံနိုင်ရည်မရှိမှာစိုးတယ်"
"ဖေဖေ မေမေ ဘာလုပ်နေကြတာလဲဟင်"
သမီးလေးအသံကြား၍ တံခါးပေါက်ဝသို့နှစ်ယောက်သား လှည့်ကြည့်မိသည်။စိုးရိမ်‌နေသည့်မျက်နှာလေးနှင့်သမီးလေးကို ချီထားသည့်မောင့်ရဲ့မိဘများ။မိဘတွေကတော့ မျက်နှာမကောင်းပေ။သမီးလေးဟာ အဘိုးလက်ထဲမှခုန်ဆင်းကာ ထက်စန္ဒာစီပြေးလာလေရဲ့။
"မေမေဘာလို့ငိုနေတာလဲဟင်"
ပါးပေါ်မှမျက်ရည်တွေကို သုတ်ပေးလာသည့်သမီးလေးလက်လေးကိုဖယ်ကာ ကိုယ်တိုင် မျက်ရည်များကို ပြောင်အောင်သုတ်ခဲ့သည်။
"အာ..အဲ့တာမေမေ့မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါသမီး‌လေးရဲ့"
"အဲ့တာဆို သမီးမှုတ်ပေးမယ် ဖူးဖူးးးးး"
"ဝါးးးမေမေ သက်သာသွားပြီကြည့်စမ်း"
"ဟီးဟီး"
မောင်နှင့်ဆင်တူလှသည့် သမီးလေး ထားသဇင်မှာလည်း သူမရဲ့အမောဖြေစရာလေးတစ်ခုပင်။စိတ်ပူနေကြသည့် မိဘတွေကတော့ သမီးလေးကို‌ အ‌ဒေါ်အေးအေးကို ခဏခေါ်ခိုင်းပြီး မောင့်ကိုအဖေကစကားပြောရန် အပေါ်ထပ်သို့ခေါ်သွားကာ အမေကတော့ ကျွန်မကိုဘာဖြစ်တာလဲ အကျိုးအကြောင်းမေးလေသည်။ဘာမှမဟုတ်ပါဘူးလို့သာ ဖြေခဲ့သည်။အမှန်ပင်
ဒီကိစ္စဟာ ဘာမှမဟုတ်ပေ
မောင့်အတွက်ပေါ့...။
____________________________________
Zawgyi
"အော်..အင်း"
ခဏအကြာတော့မိုးတိတ်သွားသည်လားမသိ မိုးစက်များ၏အထိအတွေ့ကို မခံစားရ၍ ခေါင်းမော့်ကြည့်တော့ ဇေ၏အပေါ်တွင် ထီးမိုးပေးကာရပ်နေသည့် ‌မိန်းကလေးတစ်ဦး။ထိုသူဟာ ခင်သူဇာပင်..။
"အော်.."
_____________________________________
ခွန်းတ
'မ'ကိုအရမ်းချစ်တယ်တဲ့။
"အင်း...ဟုတ်တယ်"
"မင်း-"
"ဟီးဟီး"
မောင့်အတွက်ပေါ့...။
____________________________________
Continue Reading
You'll Also Like
611K 50.3K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
1.6M 141K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.3M 70.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.4M 35.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...