[Unicode]
အပြစ်ဒဏ်အနေနဲ့ တိုက်အတွင်းထည့်ပိတ်ခံထားရသည့် ရက်၂၀ အတွင်း သူ့မှာတစ်နေ့တစ်မျိုးမပျင်းရ။
နေရောင်လင်းက စကားလာပြောလိုက်၊ ချီရိုက စကားလာပြောလိုက်၊ အာကာက စကားလာပြောလိုက်နှင့်။ တစ်ခါတစ်လေကျ ဒီလူတွေကို နည်းလမ်းပြောပြခဲ့တာ မှားပြီလားဟုတောင် တွေးမိသည်။
"နန်းတော်ဧရိယာတစ်ခုလုံးကို ဒယ်ဒီဝယ်လိုက်ပြီး သားငယ်လေး နာမည်နဲ့လွှဲပေးခဲ့တယ် သိလား"
"အန်ကယ်ကအဲ့လိုလွှဲပေးခဲ့တော့ရော ရှင်းက သုံးလို့မှမရတော့တဲ့ဟာ"
"သုံးလို့ရရ မရရလေ၊ ငါ့သားလေးပိုင်တဲ့ နေရာတစ်ခု ဒီမြို့မှာကျန်ခဲ့တာပေါ့"
"နေဦး နေဦး ကျွန်တော်ပြောဦးမယ်၊
ဟေ့ ရှင်း...18နှစ်တောင်ရှိသွားပြီ ငါတော့ဟိုလိပ်ပြာကောင်လေးကို တစ်ရက်မှမေ့မရဘူး၊ မင်းနဲ့တွေ့ဖြစ်ရင် ပြောပေးဦး၊ အာကာကသတိရနေတယ်လို့"
တိမ်ယံရှင်းစိတ်ညစ်စွာ ခေါင်းကုတ်လိုက်မိသည်။
ဒီကောင်ကငါ့ရဲ့ညီကို ကြံနေတာပဲဟ...
ပြန်ပြောလို့မရတာခက်သည်။ ဘာပဲပြောပြော သူတို့ပြောတာ နားထောင်ရတာတော့ အတော်လေး အပျင်းပြေသည်။ တကယ်တော့ နေရောင်လင်းတို့ဘက်မှ တစ်နှစ်တစ်ခါသာ တိမ်ယံရှင်း ပြောခဲ့သည့်နည်းအတိုင်း ဆက်သွယ်နေကြခြင်းပင်။ သူကတော့ လက်ရှိမှာ နတ်ပြည်သက်တမ်းနှင့်နေနေရသည်မို့ နေ့တိုင်းလိုလိုကြားနေရ၏။
တိုက်ဒဏ်မှမထွက်ခင် တစ်ရက်အလိုတွင် နေရောင်လင်းသေဆုံးသွားပြီဖြစ်ကြောင်း ကြားလိုက်ရသည်။ အနည်းငယ်မျှ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှထွေထွေထူးထူး မခံစားရ။ လူဆိုတာ တစ်နေ့မွေးပြီး တစ်နေ့သေရမှာပဲ မဟုတ်လား။
သူ့ရဲ့ပြစ်ဒဏ်ကာလ ပြီးဆုံးသွားပြီဖြစ်သည်။ နတ်မင်းကြီးများအား အရိုအသေပေးကာ တက်ကြွနေသော ခြေလှမ်းများဖြင့် ဂိတ်တံခါးဆီသို့ လှမ်းခဲ့၏။
နောက်ဆုံးတော့ သူအိမ်ပြန်ရတော့မည်။ မှော်ကြေးမုံမှတစ်ဆင့် ဘေဘီသူရဇ္ဇလေးကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး။
"နေရပ်ပြန်ရတော့မယ်ဆိုတော့ တက်ကြွလို့ပါလား အရှင်"
အလာတုန်းက လာခေါ်သည့် နတ်သားလေးက သူ့ကိုလှမ်းနှုတ်ဆက်လိုက်ခြင်းပင်။
"အင်း အခုတော်တော်စိတ်လှုပ်ရှားနေတယ်"
နတ်သားလေးက ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြီး ခေါင်းငြိမ့်ပြ၏။
ထိုနတ်သားကား အတော်ကိုချောပါသည်။
နတ်ပြည်ကမြင်းလှည်းသမားကတောင် သူ့ထက်ပိုခန့်ညားနေတာကိုတော့ နည်းနည်းမနာလို ဖြစ်မိသည်။
အတော်ကြာလမ်းလျှောက်လာပြီးနောက် ငြိမ်သက်နေသည့် ကန်ရေပြင်ကျယ်ကြီးဆီသို့ ရောက်၏။ အလယ်တွင် လှေတစ်စင်းက သူ့ဆီသို့ ခပ်ဖြည်းဖြည်းရွေ့လာနေသည်။ ပတ်ဝန်းကျင်က မြူခိုးမြူငွေ့များနှင့် စိုထိုင်းထိုင်း။
"မောင်ရင် ဟိုဘက်ကိုကူးမလို့လားကွဲ့"
လှေပေါ်မှ အဘိုးအိုက သူ့ကိုမေးလိုက်ခြင်းပင်။
"ဟုတ်ပါတယ် အဘိုး"
အဘိုးအိုကခေါင်းငြိမ့်ပြတော့ သူလည်း လှေပေါ်တက်လိုက်သည်။ လှေကတရွေ့ရွေ့နှင့် ကန်အလယ်သို့ ရောက်လာပြီဖြစ်၏။
"အဘိုး...ဒီမှာ တခြားဝိညာဥ်တွေလည်း မတွေ့ဘူးနော် သေတဲ့လူမရှိလို့လားဗျ"
"ဘယ့်နှယ့်မေးလိုက်ပါလိမ့် မောင်ရင်ရယ်၊ မသေတဲ့လူရယ်လို့ရှိလို့လား"
"မတွေ့လို့မေးမိတာပါဗျာ"
"အချိန်ကာလ အပိုင်းအခြားကြောင့် မောင်ရင် သူတို့ကိုမြင်ရမှာမဟုတ်ဘူးကွဲ့"
တိမ်ယံရှင်းမှာ ဘာမှနားမလည်သော်လည်း ခေါင်းသာငြိမ့်ပြလိုက်ရသည်။ အချိန်အနည်းငယ်ခန့် အကြာတွင် တစ်ဖက်ကမ်းသို့ရောက်ချေပြီ။
"ကျေဇူးပါ အဘိုး"
ပြောပြောဆိုဆိုနှင့် ကမ်းပေါ်တက်လိုက်တော့ သူ့ဘေးတွင် အရိပ်တစ်ခုဖြတ်သွားတာ လှစ်ကနဲမြင်လိုက်ရသည်။ လှေပေါ်က အဘိုးကြီးများ လိုက်လာတာလားလို့ လှည့်ကြည့်တော့ အဘိုးကြီးက ကမ်းနဲ့ ခပ်ဝေးဝေးပင်ရောက်နေပြီဖြစ်သည်။
မျက်စိမှားတာလား...
အတွေးများစွာဖြင့် ဆက်လျှောက်ကာ ဥမင်ထဲဝင်လိုက်သည်။ ဥမင်ထဲတွင် မည်းမှောင်နေကာ ချောင်းကလေးတစ်ခုကို ဖြတ်သန်းသွားသည့် တံတားလေးတစ်စင်းရှိသည်။ ချောင်းထဲမှ ရေများမှာ အရောင်တောက်နေပြီး ထိုအလင်းရောင်ကြောင့်ပင် တံတားကို ကောင်းကောင်းမြင်ရခြင်းဖြစ်၏။
အမှန်တိုင်းဝန်ခံရရင် တိမ်ယံရှင်း အတော်လေး စိတ်ပျက်သွားပါသည်။ ဘဝသံသရာပေါင်းကူးတံတားဟု မှည့်ခေါ်သည့် ထိုတံတားမှာ ခနော်နီခနော်နဲ့ကြိုးတံတားလေး တစ်စင်းပင်။ သစ်သားကြမ်းခင်းများမှာ ခြေချရဲစရာပင်မရှိအောင် ဆွေးမြေ့လို့နေ၏။
"ဒီတံတားကို ပြင်တဲ့လူမရှိကြဘူးလားဟ၊ မတော်လို့ ပြုတ်ကျသွားရင် ဒီနေရာကြီးမှာ ငါ့ကိုကယ်မယ့်လူတောင် မရှိလောက်ဘူး"
မကျေနပ်စွာ ရေရွတ်လိုက်ရင်း တံတားပေါ် ခြေချလိုက်သည်။ ဒီတံတားကိုမှမဖြတ်ရင် သူ့ခရီးကလည်းပေါက်တော့မှာမှ မဟုတ်တာပဲ။
တံတားမှာ ထင်ထားတာနှင့် ကွဲပြားစွာပင်။ သူ့ခြေလှမ်းတစ်လှမ်းစီတိုင်း လှုပ်ယမ်းနေမည်ဟု ထင်ရသည့် ထိုတံတားမှာ အနည်းငယ်တုန်ခါမှုပင်မရှိ။
ကျောက်စက်ရေများ တတောက်တောက်ကျသည့် အသံကိုလည်း ကြားနေရ၏။ တံတားအလယ်နား အရောက်တွင် အောက်ကချောင်းထဲကို ငုံ့ကြည့်လိုက်မိသည်။ သိတဲ့အတိုင်း သူကစပ်စုတယ်လေ။
စပ်စုသည့် အကျိုးဆက်အနေဖြင့် သူ့မှာခြေချော်ကာ ချောင်းထဲထိုးကျတော့မလိုပင်ဖြစ်သွားရသည်။
ငါတော့သွားပြီ...
ထိုအချိန်မှာပဲ မမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ အေးစက်သည့် ရေ၏အထိအတွေ့ကို မခံစားရတာကြောင့် စုံမှိတ်ထားသည့် မျက်လုံးများကို ဖွင့်ကာကြည့်လိုက်မိ၏။ တစ်စုံတစ်ယောက်၏ သန်မာလှသည့်လက်မောင်းတစ်ဖက်က ပြုတ်ကျလုဆဲဆဲသူ၏ခါးလေးကို ခပ်တင်းတင်းဖက်လျက်။
"အာ...ဘယ်သူမှန်းမသိပေမယ့် ကျေးဇူးပဲ"
တိမ်ယံရှင်းက ကျေးဇူးတင်စကားပြောပြီး ထိုသူ၏ လက်ကို သူ့ခါးပေါ်မှ တွန်းဖယ်လိုက်သည်။ သူရဇ္ဇမှ မဟုတ်ရင် သူ့ကိုဘယ်သူမှ ဒီလိုထိတာမျိုးမကြိုက်။
သူကတွန်းလို့ လွှတ်လိုက်ရပေမယ့် ထိုသူကတော့ သိပ်လွှတ်ချင်ပုံမပေါ်။ တိမ်ယံရှင်းက ထိုသူကို အကဲခတ်ကြည့်လိုက်သည်။ ခေါင်းမှခြေဖျားအထိ အနက်ရောင်အဝတ်ကိုဝတ်ဆင်ကာ ခေါင်းတွင်လည်း အနက်ရောင်အဝတ်ကို ခပ်ငိုက်ငိုက်လွှားထားတာကြောင့် မျက်နှာကိုမမြင်ရ။
သေမင်းများလား...
တိမ်ယံရှင်း ကိုယ့်အတွေးနဲ့ကိုယ် ကျောရိုးထဲစိမ့်သွား၏။
သူမမြင်ရသည့် မျက်လုံးတစ်စုံမှာ သူ့ကိုစိုက်ကြည့်နေသည်ဟု ခံစားရတာကြောင့် နေရခက်လာကာ ထိုနေရာမှ သုတ်ခြေတင်တော့သည်။
ဥမင်၏အပြင်ဘက်မှ အလင်းရောင်ကို မြင်နေရ၏။ အပြင်ဘက်တွင် တံမြက်စည်းလှည်းနေသည့် မောင်ရိုးကို ဝိုးတဝါးမြင်လာရသည်။
အိမ်ပဲ နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ...
ဝမ်းသာအားရဖြင့် မြန်နိုင်သမျှမြန်အောင် ပြေးကာ ဥမင်အတွင်းမှခုန်ထွက်လိုက်သည်။
"Yahoo ငါပြန်လာပြီကွ"
သူ့ကိုမြင်တော့ မောင်ရိုးက တံမြက်စည်းအား ပစ်ချကာ ဝမ်းသာအားရပြေးလာ၏။
"အရှင် ပြန်လာပြီဟေ့"
မောင်ရိုး၏အသံကြောင့် အခြားသူများလည်း ရောက်လာကြသည်။
အနားရောက်လာသည့် မောင်ရိုးက သူ့ကိုထူးဆန်းသလိုကြည့်ကာ။
"အရှင်"
"ဟေ"
"ဧည့်သည်ခေါ်လာတာလား"
"ဧည့်သည် ဟမ်..."
မောင်ရိုး၏စကားကြောင့် ကြောင်အကာ နောက်ကိုလှည့်ကြည့်လိုက်တော့ ခုနက တံတားပေါ်မှာတွေ့ခဲ့တဲ့လူ။ ပြန်ချင်ဇောလောနေတာနဲ့ သူ့နောက်ကနေ လူတစ်ယောက်လုံးပါလာတာကိုပင် သတိမထားမိ။
"ဟေ့ မင်းကိုဘယ်သူခေါ်လို့ လိုက်လာတာလဲ ဒုက္ခပါပဲ၊ အခုမှထောင်ကထွက်လာတာ မင်းလုပ်တာနဲ့ နောက်တစ်ခေါက်ပြန်ဝင်ရတော့မှာပဲ အရောက်ကိုပို့တာ တအား"
[Zawgyi]
အျပစ္ဒဏ္အေနနဲ႔ တိုက္အတြင္းထည့္ပိတ္ခံထားရသည့္ ရက္၂၀ အတြင္း သူ႔မွာတစ္ေန႔တစ္မ်ိဳးမပ်င္းရ။
ေနေရာင္လင္းက စကားလာေျပာလိုက္၊ ခ်ီ႐ိုက စကားလာေျပာလိုက္၊ အာကာက စကားလာေျပာလိုက္ႏွင့္။ တစ္ခါတစ္ေလက် ဒီလူေတြကို နည္းလမ္းေျပာျပခဲ့တာ မွားၿပီလားဟုေတာင္ ေတြးမိသည္။
"နန္းေတာ္ဧရိယာတစ္ခုလုံးကို ဒယ္ဒီဝယ္လိုက္ၿပီး သားငယ္ေလး နာမည္နဲ႔လႊဲေပးခဲ့တယ္ သိလား"
"အန္ကယ္ကအဲ့လိုလႊဲေပးခဲ့ေတာ့ေရာ ရွင္းက သုံးလို႔မွမရေတာ့တဲ့ဟာ"
"သုံးလို႔ရရ မရရေလ၊ ငါ့သားေလးပိုင္တဲ့ ေနရာတစ္ခု ဒီၿမိဳ႕မွာက်န္ခဲ့တာေပါ့"
"ေနဦး ေနဦး ကြၽန္ေတာ္ေျပာဦးမယ္၊
ေဟ့ ရွင္း...18ႏွစ္ေတာင္ရွိသြားၿပီ ငါေတာ့ဟိုလိပ္ျပာေကာင္ေလးကို တစ္ရက္မွေမ့မရဘူး၊ မင္းနဲ႔ေတြ႕ျဖစ္ရင္ ေျပာေပးဦး၊ အာကာကသတိရေနတယ္လို႔"
တိမ္ယံရွင္းစိတ္ညစ္စြာ ေခါင္းကုတ္လိုက္မိသည္။
ဒီေကာင္ကငါ့ရဲ႕ညီကို ႀကံေနတာပဲဟ...
ျပန္ေျပာလို႔မရတာခက္သည္။ ဘာပဲေျပာေျပာ သူတို႔ေျပာတာ နားေထာင္ရတာေတာ့ အေတာ္ေလး အပ်င္းေျပသည္။ တကယ္ေတာ့ ေနေရာင္လင္းတို႔ဘက္မွ တစ္ႏွစ္တစ္ခါသာ တိမ္ယံရွင္း ေျပာခဲ့သည့္နည္းအတိုင္း ဆက္သြယ္ေနၾကျခင္းပင္။ သူကေတာ့ လက္ရွိမွာ နတ္ျပည္သက္တမ္းႏွင့္ေနေနရသည္မို႔ ေန႔တိုင္းလိုလိုၾကားေနရ၏။
တိုက္ဒဏ္မွမထြက္ခင္ တစ္ရက္အလိုတြင္ ေနေရာင္လင္းေသဆုံးသြားၿပီျဖစ္ေၾကာင္း ၾကားလိုက္ရသည္။ အနည္းငယ္မွ် စိတ္မေကာင္းျဖစ္႐ုံကလြဲလို႔ ဘာမွေထြေထြထူးထူး မခံစားရ။ လူဆိုတာ တစ္ေန႔ေမြးၿပီး တစ္ေန႔ေသရမွာပဲ မဟုတ္လား။
သူ႔ရဲ႕ျပစ္ဒဏ္ကာလ ၿပီးဆုံးသြားၿပီျဖစ္သည္။ နတ္မင္းႀကီးမ်ားအား အ႐ိုအေသေပးကာ တက္ႂကြေနေသာ ေျခလွမ္းမ်ားျဖင့္ ဂိတ္တံခါးဆီသို႔ လွမ္းခဲ့၏။
ေနာက္ဆုံးေတာ့ သူအိမ္ျပန္ရေတာ့မည္။ ေမွာ္ေၾကးမုံမွတစ္ဆင့္ ေဘဘီသူရဇၨေလးကို ျမင္ရဖို႔ မေစာင့္ႏိုင္ေတာ့ဘူး။
"ေနရပ္ျပန္ရေတာ့မယ္ဆိုေတာ့ တက္ႂကြလို႔ပါလား အရွင္"
အလာတုန္းက လာေခၚသည့္ နတ္သားေလးက သူ႔ကိုလွမ္းႏႈတ္ဆက္လိုက္ျခင္းပင္။
"အင္း အခုေတာ္ေတာ္စိတ္လႈပ္ရွားေနတယ္"
နတ္သားေလးက ဘာမွျပန္မေျပာဘဲ ၿပဳံး႐ုံသာ ၿပဳံးၿပီး ေခါင္းၿငိမ့္ျပ၏။
ထိုနတ္သားကား အေတာ္ကိုေခ်ာပါသည္။
နတ္ျပည္ကျမင္းလွည္းသမားကေတာင္ သူ႔ထက္ပိုခန္႔ညားေနတာကိုေတာ့ နည္းနည္းမနာလို ျဖစ္မိသည္။
အေတာ္ၾကာလမ္းေလွ်ာက္လာၿပီးေနာက္ ၿငိမ္သက္ေနသည့္ ကန္ေရျပင္က်ယ္ႀကီးဆီသို႔ ေရာက္၏။ အလယ္တြင္ ေလွတစ္စင္းက သူ႔ဆီသို႔ ခပ္ျဖည္းျဖည္းေ႐ြ႕လာေနသည္။ ပတ္ဝန္းက်င္က ျမဴခိုးျမဴေငြ႕မ်ားႏွင့္ စိုထိုင္းထိုင္း။
"ေမာင္ရင္ ဟိုဘက္ကိုကူးမလို႔လားကြဲ႕"
ေလွေပၚမွ အဘိုးအိုက သူ႔ကိုေမးလိုက္ျခင္းပင္။
"ဟုတ္ပါတယ္ အဘိုး"
အဘိုးအိုကေခါင္းၿငိမ့္ျပေတာ့ သူလည္း ေလွေပၚတက္လိုက္သည္။ ေလွကတေ႐ြ႕ေ႐ြ႕ႏွင့္ ကန္အလယ္သို႔ ေရာက္လာၿပီျဖစ္၏။
"အဘိုး...ဒီမွာ တျခားဝိညာဥ္ေတြလည္း မေတြ႕ဘူးေနာ္ ေသတဲ့လူမရွိလို႔လားဗ်"
"ဘယ့္ႏွယ့္ေမးလိုက္ပါလိမ့္ ေမာင္ရင္ရယ္၊ မေသတဲ့လူရယ္လို႔ရွိလို႔လား"
"မေတြ႕လို႔ေမးမိတာပါဗ်ာ"
"အခ်ိန္ကာလ အပိုင္းအျခားေၾကာင့္ ေမာင္ရင္ သူတို႔ကိုျမင္ရမွာမဟုတ္ဘူးကြဲ႕"
တိမ္ယံရွင္းမွာ ဘာမွနားမလည္ေသာ္လည္း ေခါင္းသာၿငိမ့္ျပလိုက္ရသည္။ အခ်ိန္အနည္းငယ္ခန္႔ အၾကာတြင္ တစ္ဖက္ကမ္းသို႔ေရာက္ေခ်ၿပီ။
"ေက်ဇူးပါ အဘိုး"
ေျပာေျပာဆိုဆိုႏွင့္ ကမ္းေပၚတက္လိုက္ေတာ့ သူ႔ေဘးတြင္ အရိပ္တစ္ခုျဖတ္သြားတာ လွစ္ကနဲျမင္လိုက္ရသည္။ ေလွေပၚက အဘိုးႀကီးမ်ား လိုက္လာတာလားလို႔ လွည့္ၾကည့္ေတာ့ အဘိုးႀကီးက ကမ္းနဲ႔ ခပ္ေဝးေဝးပင္ေရာက္ေနၿပီျဖစ္သည္။
မ်က္စိမွားတာလား...
အေတြးမ်ားစြာျဖင့္ ဆက္ေလွ်ာက္ကာ ဥမင္ထဲဝင္လိုက္သည္။ ဥမင္ထဲတြင္ မည္းေမွာင္ေနကာ ေခ်ာင္းကေလးတစ္ခုကို ျဖတ္သန္းသြားသည့္ တံတားေလးတစ္စင္းရွိသည္။ ေခ်ာင္းထဲမွ ေရမ်ားမွာ အေရာင္ေတာက္ေနၿပီး ထိုအလင္းေရာင္ေၾကာင့္ပင္ တံတားကို ေကာင္းေကာင္းျမင္ရျခင္းျဖစ္၏။
အမွန္တိုင္းဝန္ခံရရင္ တိမ္ယံရွင္း အေတာ္ေလး စိတ္ပ်က္သြားပါသည္။ ဘဝသံသရာေပါင္းကူးတံတားဟု မွည့္ေခၚသည့္ ထိုတံတားမွာ ခေနာ္နီခေနာ္နဲ႔ႀကိဳးတံတားေလး တစ္စင္းပင္။ သစ္သားၾကမ္းခင္းမ်ားမွာ ေျခခ်ရဲစရာပင္မရွိေအာင္ ေဆြးေျမ့လို႔ေန၏။
"ဒီတံတားကို ျပင္တဲ့လူမရွိၾကဘူးလားဟ၊ မေတာ္လို႔ ျပဳတ္က်သြားရင္ ဒီေနရာႀကီးမွာ ငါ့ကိုကယ္မယ့္လူေတာင္ မရွိေလာက္ဘူး"
မေက်နပ္စြာ ေရ႐ြတ္လိုက္ရင္း တံတားေပၚ ေျခခ်လိုက္သည္။ ဒီတံတားကိုမွမျဖတ္ရင္ သူ႔ခရီးကလည္းေပါက္ေတာ့မွာမွ မဟုတ္တာပဲ။
တံတားမွာ ထင္ထားတာႏွင့္ ကြဲျပားစြာပင္။ သူ႔ေျခလွမ္းတစ္လွမ္းစီတိုင္း လႈပ္ယမ္းေနမည္ဟု ထင္ရသည့္ ထိုတံတားမွာ အနည္းငယ္တုန္ခါမႈပင္မရွိ။
ေက်ာက္စက္ေရမ်ား တေတာက္ေတာက္က်သည့္ အသံကိုလည္း ၾကားေနရ၏။ တံတားအလယ္နား အေရာက္တြင္ ေအာက္ကေခ်ာင္းထဲကို ငုံ႔ၾကည့္လိုက္မိသည္။ သိတဲ့အတိုင္း သူကစပ္စုတယ္ေလ။
စပ္စုသည့္ အက်ိဳးဆက္အေနျဖင့္ သူ႔မွာေျခေခ်ာ္ကာ ေခ်ာင္းထဲထိုးက်ေတာ့မလိုပင္ျဖစ္သြားရသည္။
ငါေတာ့သြားၿပီ...
ထိုအခ်ိန္မွာပဲ မေမွ်ာ္လင့္ထားသည့္ ကိစၥတစ္ခု ျဖစ္လာခဲ့သည္။ ေအးစက္သည့္ ေရ၏အထိအေတြ႕ကို မခံစားရတာေၾကာင့္ စုံမွိတ္ထားသည့္ မ်က္လုံးမ်ားကို ဖြင့္ကာၾကည့္လိုက္မိ၏။ တစ္စုံတစ္ေယာက္၏ သန္မာလွသည့္လက္ေမာင္းတစ္ဖက္က ျပဳတ္က်လုဆဲဆဲသူ၏ခါးေလးကို ခပ္တင္းတင္းဖက္လ်က္။
"အာ...ဘယ္သူမွန္းမသိေပမယ့္ ေက်းဇူးပဲ"
တိမ္ယံရွင္းက ေက်းဇူးတင္စကားေျပာၿပီး ထိုသူ၏ လက္ကို သူ႔ခါးေပၚမွ တြန္းဖယ္လိုက္သည္။ သူရဇၨမွ မဟုတ္ရင္ သူ႔ကိုဘယ္သူမွ ဒီလိုထိတာမ်ိဳးမႀကိဳက္။
သူကတြန္းလို႔ လႊတ္လိုက္ရေပမယ့္ ထိုသူကေတာ့ သိပ္လႊတ္ခ်င္ပုံမေပၚ။ တိမ္ယံရွင္းက ထိုသူကို အကဲခတ္ၾကည့္လိုက္သည္။ ေခါင္းမွေျခဖ်ားအထိ အနက္ေရာင္အဝတ္ကိုဝတ္ဆင္ကာ ေခါင္းတြင္လည္း အနက္ေရာင္အဝတ္ကို ခပ္ငိုက္ငိုက္လႊားထားတာေၾကာင့္ မ်က္ႏွာကိုမျမင္ရ။
ေသမင္းမ်ားလား...
တိမ္ယံရွင္း ကိုယ့္အေတြးနဲ႔ကိုယ္ ေက်ာ႐ိုးထဲစိမ့္သြား၏။
သူမျမင္ရသည့္ မ်က္လုံးတစ္စုံမွာ သူ႔ကိုစိုက္ၾကည့္ေနသည္ဟု ခံစားရတာေၾကာင့္ ေနရခက္လာကာ ထိုေနရာမွ သုတ္ေျခတင္ေတာ့သည္။
ဥမင္၏အျပင္ဘက္မွ အလင္းေရာင္ကို ျမင္ေနရ၏။ အျပင္ဘက္တြင္ တံျမက္စည္းလွည္းေနသည့္ ေမာင္႐ိုးကို ဝိုးတဝါးျမင္လာရသည္။
အိမ္ပဲ ေနာက္ဆုံးေတာ့ အိမ္ျပန္ေရာက္ၿပီ...
ဝမ္းသာအားရျဖင့္ ျမန္ႏိုင္သမွ်ျမန္ေအာင္ ေျပးကာ ဥမင္အတြင္းမွခုန္ထြက္လိုက္သည္။
"Yahoo ငါျပန္လာၿပီကြ"
သူ႔ကိုျမင္ေတာ့ ေမာင္႐ိုးက တံျမက္စည္းအား ပစ္ခ်ကာ ဝမ္းသာအားရေျပးလာ၏။
"အရွင္ ျပန္လာၿပီေဟ့"
ေမာင္႐ိုး၏အသံေၾကာင့္ အျခားသူမ်ားလည္း ေရာက္လာၾကသည္။
အနားေရာက္လာသည့္ ေမာင္႐ိုးက သူ႔ကိုထူးဆန္းသလိုၾကည့္ကာ။
"အရွင္"
"ေဟ"
"ဧည့္သည္ေခၚလာတာလား"
"ဧည့္သည္ ဟမ္..."
ေမာင္႐ိုး၏စကားေၾကာင့္ ေၾကာင္အကာ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ခုနက တံတားေပၚမွာေတြ႕ခဲ့တဲ့လူ။ ျပန္ခ်င္ေဇာေလာေနတာနဲ႔ သူ႔ေနာက္ကေန လူတစ္ေယာက္လုံးပါလာတာကိုပင္ သတိမထားမိ။
"ေဟ့ မင္းကိုဘယ္သူေခၚလို႔ လိုက္လာတာလဲ ဒုကၡပါပဲ၊ အခုမွေထာင္ကထြက္လာတာ မင္းလုပ္တာနဲ႔ ေနာက္တစ္ေခါက္ျပန္ဝင္ရေတာ့မွာပဲ အေရာက္ကိုပို႔တာ တအား"