Unicode
ရှောင်ချန်း ကတအီအီဖြင့် ညီးနေသည့် ကောင်လေးဘေးတွင် ထိုင်လိုက်ပြီး ဘာမှမပြောပေ။
သူ ရှင်းမပြနိုင်သည့် တစ်စုံတစ်ခုအား ခံစားနေရသည်။ ဒါက တစ်ခုခုရဲ့ အလယ်တွင် ရောက်နေတာကြောင့် ကြောက်လန့်မှုကြောင့် သူထွက်ပြေးချင်နေပြီး ညဘက်တွင် တစ်စုံတစ်ခုက ထွက်လာပြီး သူ့အား အန္တရာယ်ပြုလာနိုင်တယ်လို့ သူတွေးနေမိသည်။ သို့သော် သူ့နှလုံးသားက ကောင်လေးရဲ့ အညိုရောင် မျက်လုံးတွေကြောင့် နာကျင်နေခဲ့သည်။
ဒါက...
ကောင်လေး ရဲ့ခန္ဓာကိုယ်က နာကျင်နေသလိုမျိုး မဟုတ်ပဲ သူ့ကိုယ်က နာကျင်နေသလိုမျိုးပင်။
အညိုရောင်မျက်လုံးနဲ့ ကောင်လေးက သူ့ခေါင်းကို စောင်းလိုက်ပြီး ရှောင်ချန်း ရဲ့မေးရိုးအား ရှင်းလင်းစွာ မြင်လိုက်ရသည်။ ကလေးရဲ့မျက်နှာက အရမ်းကို လန်းဆန်းနေတာမျိုး မဟုတ်ပဲ အဟာရချို့တဲ့နေတာနဲ့ တူနေသည်။
သူ့အကြည့်ကို ရုတ်လိုက်ပြီး ကောင်းကင်ကိုသာ ဆက်စိုက်ကြည့်လိုက်သည်။
ဒီညက ကြောက်စရာကောင်းလောက်အောင် မဲမှောင်နေသည်။ အသေးဆုံးကြယ်တောင် မပြောနဲ့ လကိုတောင် မမြင်နိုင်ပေ။ အမှောင်ထဲတွင် ဘာကိုမှ မမြင်နိုင်ပေ။
လေကလဲ သိပ်သည်းနေပြီး အသက်ရှူဖို့တောင် ခက်ခဲနေသည်။
နောက်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ကားနဲ့အကြိတ်ခံထားရသလိုမျိုး ဖြစ်နေသည်။ သူ့အရိုးတွေက ကျိုးနေပြီး နာတယ်၊ နာတယ်...
သူ မလှုပ်နိုင်ပေ။
သူသေတော့မှာလား?
ဒါဆို သူ့ခန္ဓာကိုယ်က အရသာရှိနေသင့်သည်။
သူ့အသိစိတ်တွေ လုံးဝပျောက်ဆုံးမသွားခင် ဝံပုလွေ တစ်ကောင်က သူ့ခြေထောက်တစ်ဖက်ကို ဆွဲသွားပြီးနောက် သူ့ညစာအတွက် ပျော်ရွှင်စွာစားနိုင်ဖို့ တစ်နေရာတွင် ဖွက်ထားခဲ့သည်။ သူ့ကြီးမားသည့် အူအစိတ်အပိုင်း၊ သွေးတွေနဲ့ သူ့လတ်ဆတ်သည့် အသွေးအသားတွေကို ကိုက်စားပြီး သူ့ကလေးတွေနဲ့ မျှဝေစားဖို့ သယ်သွားတာကို သူဝိုးတဝါးမြင်နေရသည်။
သူ့အလောင်းအား ရှည်လျားစွာ စားသောက်ဖို့ ထိုက်တန်သည့် အစားအသောက်အဖြစ် သိမ်းဆည်းထားချင်သည့် မြေခွေးက ရှိနေနိုင်လိမ့်မည်။ ဒါမှမဟုတ် သူ့အကျန်တွေကို တန်းစီပြီး ဆွဲငင်သွားလိုသည့် ပုရွက်စိတ်တွေတောင် ရှိနေနိုင်သည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ သေဆုံးနည်းလဲ?
သို့သော် ဒါက သေချာကို ဖြစ်နိုင်သည်။
ငှက်တွေနဲ့ သားရဲတွေက သူ့ခန္ဓာကိုယ်ကို စားသောက်ဖို့ ကိုက်ခဲနေကြတာတောင် သူ့ဆိုးရွားလှသည့် ကံတရားကို ခံစားနေရပြီး သူ့အလောင်းက ဆိုးရွားသည့် အနံ့အသက်တွေက စိတ်မချမ်းမြေ့ဖွယ်လို့သာ တွေးနေမိသည်။ သူက ဘေးဒုက္ခဆိုးလို လူတိုင်းက ယုံကြည်နေကြတယ်လို့သာ သူတွေးနေမိသည်။ တကယ်တော့ သူက ရိုင်းဆိုင်းမှုတွေကို ချန်ရစ်ခဲ့ပြီး နေမင်းနဲ့ လေထုကတော့ သူ့အား ခြောက်သွေ့နေသည့် အလောင်းအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ကောင်လေးရဲ့ အတွေးတွေက အပြင်ဘက်ကမ္ဘာဆီ ရောက်သွားပုံရကာ သူ့ခေါင်းထဲမှ ရှုပ်ထွေးနေသည့် တစ်စုံတစ်ခုကို တွေးနေပုံရသည်။
သေချာတာက သိပ်မကြာခင်မှာပဲ မျက်လုံးအစုံက ညအချိန်တွင် တောက်ပနေတုန်းဆိုတာ သူမြင်လိုက်ရသည်။
ထိုမျက်လုံးတွေက အရမ်းကိုတောက်ပနေပြီး နဲနဲတော့ ကျောချမ်းဖွယ်ပင်။
ဒါက ဝံပုလွေပဲ။
ဝံပုလွေအား သွေးနံ့က ဆွဲဆောင်သွားခဲ့သည်။
သူ့ဘေးတွင် ထိုင်နေခဲ့သည့် ကလေးက လန့်သွားပုံပေါ်သည်။ သူ့မျက်လုံးတွေက ချက်ချင်းပင် မျက်ရည်တွေ စီးကျလာခဲ့သည်။
ကလေးရဲ့ ခြေထောက်တွေက တွန့်သွားတာကို သူမြင်လိုက်ပြီးနောက် သူတို့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူက သူပြေးနိုင်သလောက် ပြေးလိုက်သည်။
ကောင်လေးက ထွက်သွားတာကို ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်စွာဖြင့် တွေးလိုက်သည်။
အင်း၊ မှန်တယ်၊ ဘယ်သူက သူနဲ့နေမှာလဲ?
ဝံပုလွေက အရမ်းအန္တရာယ်များတယ်။ သူ ထွက်မသွားရင် ဝံပုလွေဆီက အစားခံရမလား?
ထိုအတွေးတွေနဲ့ ကောင်လေးက သူ့မျက်လုံးတွေက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မှိတ်ချလိုက်သည်။
သူ့ဘဝအကြောင်း တွေးတောလိုက်ပြီး သူ ပျော်ခဲ့ရလား?
တကယ်တော့ မဟုတ်ဘူး။
သူမုန်းတယ်။
သူ့ဘဝမှာ ဘာကြောင့် အန္တရာယ်ကောင်လို့ အခေါ်ခံသင့်တာလဲ? ဘာကြောင့်များ ဒီလောက် လူအများကြီးက သူ့ကို သေစေချင်နေရတာလဲ? သူက ရိုးရိုးလေးနဲ့ မကျေမနပ်ဖြစ်နေရုံပဲ!
ဘာအတားအဆီးမှမရှိပဲ ဝံပုလွေရဲ့ တောက်ပနေသည့် မျက်လုံးတွေက ပိုတောက်ပလာကာ ဝံပုလွေက ကောင်လေးရဲ့ ခန္ဓာကိုယ်ဆီ ခုန်အုပ်လိုက်ကာ တိုက်ရိုက်ပြေးဝင်လာပြီး သူ့အသွေးတွေကို လျှာနဲ့လျှက်လိုက်သည်။
ဒါက ပျော်ရွှင်ဖွယ် ပွဲတော်ကြီးပဲ။
“ထွက်သွား! ထွက်သွား! သူ့ကို မထိနဲ့!!!” နူးညံ့ပြီး သိမ်မွေ့လှသည့် အသံက ရုတ်တရက် ထွက်လာခဲ့သည်။
သူ့ကံကြမ္မာကို လက်ခံထားပြီးသား ကောင်လေးက အသံကို ကြားလိုက်ချိန်တွင် အသံလာရာဆီကြည့်ဖို့ သူ့မျက်လုံးကို ချက်ချင်း ပြန်ဖွင့်လိုက်သည်။
ကလေးရဲ့ ထူးဆန်းသည့် ခန္ဓာကိုယ် နည်းနည်းတော့ မတည်ငြိမ်ပေ။ သူက တစ်နေရာရာကနေ မီးတုတ်ကို ယူလိုက်ကာ သူ့လက်ထဲတွင် ကိုင်ထားရင် ရှေ့တိုးလိုက်သည်။ သူက ဝံပုလွေဘက်သို့ မီးတုတ်ကို ထိုးလိုက်ပြီး ဆာလောင်နေသည့် ဝံပုလွေအား နောက်ဆုတ်သွားစေဖို့ လုပ်လိုက်သည်။
မီးကိုကြောက်ကြတာက တိရစ္ဆာန်တွေရဲ့ သဘာဝဖြစ်တာကြောင့် ဝံပုလွေက ကောင်လေးရဲ့ ခန္ဓာကိုယ်ပေါ်မှ ခုန်ချလိုက်သည်။ ညအချိန်တွင် တောက်ပနေသည့် မျက်လုံးတွေနဲ့ သူက သေလုနီးပါးဖြစ်နေသည့် ကောင်လေးအား စိုက်ကြည့်လိုက်ပြီး အဝေးရောက်အောင် သွားလိုက်သည်။
သို့သော် ဝံပုလွေက လက်မလျော့ပေ။ ထိုအစား သူက နည်းနည်း အလှမ်းဝေးလောက်သည့် နေရာမှ အချိန်ခဏလောက် လှည့်ပတ်နေရင်း ကလေး ထွက်သွားမည့်အချိန်ကို စောင့်နေကာ သူ့အသားပွဲကို ပျော်ရွှင်စွာ စားနိုင်ဖို့ စောင့်နေခဲ့သည်။
ဝံပုလွေအတွက်တော့ ဒါက အစားကောင်းကြိုက်သူအတွက် ကောင်းမွန်ပြည့်စုံလှသည့် ဟင်းလျာဖြစ်နေတာကြောင့် ဝံပုလွေက ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လျော့နိုင်မှာလဲ?
ကလေးက မျက်ရည်တွေ ကျဆင်းနေရင်း တုန်နေခဲ့သည်။ သူ့လက်တွင် ကိုင်ထားသည့် မီးတုတ်က တုန်နေခဲ့ပြီး ကြောက်နေတာကြောင့် နောက်စက္ကန့်ပိုင်းအတွင်း ထွက်ပြေးသွားတော့မှာနဲ့ တူနေသည်။
ကောင်လေးက သူ့မျက်နှာကို စိုက်ကြည့်လိုက်ပြီး သူ့ပုံစံက အတွေးတွေထဲ နစ်မြှုတ်နေသလိုမျိုး ဘာမှမပြောပေ။
အချိန်တွေက ကုန်သွားခဲ့ပြီး ကောင်လေးက ဓားသူရဲကောင်းလိုမျိုး လက်နက်ကိုင်ကာ သူ့အချစ်ဆုံးသူအား ကာကွယ်ပေးနေသလိုမျိုး မီးတုတ်ကိုကိုင်ကာ သူ့ရှေ့တွင်သာ ရပ်နေခဲ့သည်။
သူက ကြောက်နေတာတောင် ရဲရင့်နေသည်။
မီးတုတ်မှ မီးက ကလေးရဲ့မျက်လုံးကိုပါ တောက်ပနေစေသည်။
အညိုရောင်မျက်လုံးနဲ့ ကောင်လေးက ညအချိန်တွင် တောက်ပလွန်းလှသည့် ထိုမျက်လုံးတွေကို ကြည့်လိုက်ပြီး သူ့ပါးစပ်က တဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
ဒါက...
သူမြင်နေရသလိုမျိုး...
ကြယ်အပြည့်နဲ့ ကောင်းကင်လိုမျိုး။
သူ့ဘဝတစ်ခုလုံးအတွက် အနားခိုရာကို မြင်လိုက်ရသည်။
သူ့တစ်ကမ္ဘာလုံးကို မြင်လိုက်ရသည်။
-
ရန်ယု နဲ့ လီဂေါင်တန် တို့ရဲ့အာရုံကြောတွေက ပိတ်ချခံလိုက်ရသည်။
ထိုစင်္ကြံက ဝင်္ကပါလိုပင်။ ဘာပြတင်းပေါက်မှ မရှိပဲ၊ မဲမှောင်နေကာ ဘာခြားနားမှုကိုမှ မမြင်နိုင်ပေ။ သူတို့က တစ်နေရာတည်းကို လှည့်ပတ်သွားနေပြီး ထွက်ပေါက်ကို မမြင်ရသလိုမျိုးနဲ့ တူနေသည်။
သူတို့ ထွက်မသွားနိုင်ဘူး။
လီဂေါင်တန် ကစိတ်ဓာတ်ကျစွာဖြင့် သူ့လက်တွေနဲ့ နံရံကို ထိုးလိုက်သည်။
လီဂေါင်တန် ကသူ့လက်တွေနဲ့ နံရံကို ထပ်ထိုးလိုက်ရင်း သူတစ်ခုခုကို တွေ့လိုက်ရသလိုမျိုး သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ သူက နံရံမျက်နှာပြင်မှ အချိုင့်တွေကို သဲလွန်စလိုက်ရင်း အံ့ဩစွာ ပြောလိုက်သည်။ “ဒီအပေါ်မှာ စာလုံးတွေ ရှိနေတာလား?”
ရန်ယု ကထိုစကားကို ကြားလိုက်ချိန်တွင် ချက်ချင်းပင် စမ်းကြည့်လိုက်သည်။
သူမက အနားကို ပိုတိုးသွားလိုက်ပြီး စာလုံးတွေကို အသေအချာ ပုံဖော်လိုက်သည်။ သူမက နံရံပေါ်က ဆွဲချက်တွေကို စမ်းလိုက်ပြီး ခဏအကြာတွင် တွန့်ဆုတ်စွာ ပြောလိုက်သည်။ “အင်္ဂလိပ်လိုပဲ”
လီဂေါင်တန် ကကြားလိုက်ချိန်တွင် စိတ်လှုပ်ရှားသွားခဲ့သည်။ “ဒါဆို မင်း မြန်မြန် ဘာသာပြန်သင့်တယ်”
သို့သော် ရန်ယု ကမျက်မှောင်ကြုတ်လိုက်သည်။ “ဒီပေါ်က စာလုံးတွေက တစ်ခုခု မှားနေသလို...”
ရန်ယု ကဆုံးအောင် မပြောနိုင်ခင် လီဂေါင်တန် ကသူ့လက်ကို စိတ်မရှည်စွာဖြင့် ခါယမ်းလိုက်သည်။
စုဂျင်းရှ ကဘေးဘက်တွင်သာ ဂရုမစိုက်စွာ ရပ်နေခဲ့ပေမဲ့ သူ့မျက်လုံးတွေက ရုတ်ချင်း အရောင်ပြောင်းသွားခဲ့သည်။ သူက နည်းနည်း ပြောင်းလဲသွားပုံပေါ်ပြီး ဩရှသည့် အသံဖြင့် ပြောလိုက်သည်။ “ငါလုပ်လိုက်မယ်”
ရန်ယု ကသူ့အား သံသယဖြင့် အကြိမ်အနည်းငယ် ကြည့်လိုက်သည်။
သူ့ကို ဆန့်ကျင်တာ မဟုတ်ပေမဲ့ သူမက အင်္ဂလိပ်လို ပြောနိုင်တာကြောင့်ပင်။ အင်္ဂလိပ်က သူမအတွက် မိခင်ဘာသာစကားလိုပင်ဖြစ်ကာ ကျွမ်းကျင်သည်။ သို့သော် နံရံပေါ်က စာလုံးတွေက သူမ ဖတ်နိုင်သည့် ပုံမှန်အင်္ဂလိပ် စကားပြောလိုမဟူတ်ပဲ မှားယွင်းနေသေးသည်။ ဒါတွေက အင်္ဂလိပ်မဟုတ်ပေ။ သူမက အနောက်ဆုတ်လိုက်ပြီး စုဂျင်းရှ အတွက် လမ်းရှင်းပေးလိုက်သည်။
စုဂျင်းရှ ကဘာမှမပြောပဲ သူ့လက်နှစ်ဖက်လုံးကို အိတ်ထဲထည့်လိုက်သည်။ သူ့မျက်လုံးတွေက နံရံပေါ်ရှိ စာလုံးတွေကိုသာ သေချာစိုက်ကြည့်နေသည်။
အချိန်က ကုန်သွားခဲ့ပြီး ခဏအကြာတွင် ဘယ်သူမှ စကားမပြောတာကြောင့် ခြိမ်းခြောက်နိုင်လောက်အောင် တိတ်ဆိတ်နေသည်။
လီဂေါင်တန် ကရုတ်ချင်း အမူအရာအဖြစ် ဘေးဘက်တွင် ရပ်နေကာ စိုးရိမ်စွာ ပြောလိုက်သည်။ “မင်း နားလည်လား? မလည်ဘူးလား? မင်းလုပ်နိုင်ရင် မြန်မြန် ဘာသာပြန်လိုက်၊ မင်း နားမလည်ဘူးဆိုရင်လဲ ဒီအတိုင်းသာ ပြောလိုက်”
စုဂျင်းရှ ကသူ့မာနကြီးသည့် အသံကြောင့် ဒေါသမထွက်ပေ။ ဆန့်ကျင်ဘက်ဖြင့် သူက ခေါင်းငုံ့လိုက်ပြီး သူ့နှုတ်ခမ်းက ကွေးသွားခဲ့သည်။ သူ့မျက်လုံးတွေက အရိပ်အောက်တွင် ဖုန်းကွယ်နေပြီး သူ့အမူအရာအား မြင်တွေ့ဖို့က ခက်ခဲနေစေသည်။ ဒါက မဲမှောင်သည့် ပတ်ဝန်းကျင်တွင် မယုံနိုင်လောက်အောင် ထူးဆန်းနေစေသည်။
ဒီလိုပေါ့။
စုဂျင်းရှ က ရှုချိုင်တောင် မသေဆုံးခင် နောက်ဆုံးစကားလုံးတွေကို မှတ်မိသွားပြီး သူ့စိတ်ထဲတွင် မကောင်းမှုတွေက ဖြစ်တည်လာခဲ့သည်။
လီဂေါင်တန် ကရှေ့တိုးလိုက်ပြီး တစ်ခုခုကို ဆက်ပြောချင်နေခဲ့သည်။
သို့သော် သူ အသံမထွက်နိုင်ခင် သူ့ဗိုက်မှ ထက်ရှသည့် အရာတစ်ခုက တိုးဝင်လာတာကို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် စုဂျင်းရှ အားမယုံကြည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး ရုတ်တရက်ကြီး ဘာကြောင့် ဒီလိုလုပ်မှန်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
ချက်ချင်းပင် စိတ်မချမ်းမြေ့ဖွယ် သွေးနံ့က လေထုထဲ ပျံ့နှံ့လာခဲ့သည်။
စုဂျင်းရှ က ရှုချိုင်တောင် ရဲ့ဓားအား သူ့လက်ထဲ ကိုင်ထားပေမဲ့ ထိုအချိန်တွင် ဓားသွားက လီဂေါင်တန် ရဲ့ဗိုက်အတွင်း လုံးဝနှစ်ဝင်သွားခဲ့သည်။
စုဂျင်းရှ ရဲ့ဂရုမစိုက်သည့် မျက်နှာကတော့ နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်းမရှိပေမဲ့ အနီးကပ်ကြည့်ရင် သွေးဆာနေသည့် မြင်ကွင်းကြောင့် ကြောက်လန့်ဖွယ် အမူအရာကို မြင်နေနိုင်သည်။ သူက လီဂေါင်တန် ရဲ့ဗိုက်မှ ဓားကို ဆွဲထုတ်လိုက်ပြီး သွေးတွေက ဓားနဲ့အတူ ပန်းထွက်လာကာ စုဂျင်းရှ ရဲ့အဝတ်တွေကို စင်သွားခဲ့သည်။
စုဂျင်းရှ ကသူ့သွားတွေအား လျှာနဲ့ထိလိုက်ပြီး သူ့ပါးစပ်ထောင့်က မြင့်တက်လာခဲ့သည်။
သူ့လက်ထဲတွင် များပြားလှသည့် လူအသက်တွေက ရှိနေခဲ့ပြီးဖြစ်ကာ လူတချို့ကြောင့် သူ့အဝတ်တွေက သွေးစိုနေပြီးသား ဖြစ်သည်။
ဟမ့်၊ သူက အရူး ဖြစ်နေပြီးသားပဲ။
အရူးမှာ အကြောင်းပြချက်တွေ မလိုဘူး။
လီဂေါင်တန် ကသူ့ဗိုက်အား လက်တစ်ဖက်ဖြင့် ဖိထားပြီး သူ့တခြားလက်က နံရံကို ကိုင်ထားခဲ့သည်။ သူ့ဖွင့်ထားသည့် ပါးစပ်အား မပိတ်နိုင်ခင် သူ့ထောက်ထားမှုက လုံးဝကို လျော့ရဲသွားပြီး ဘေးဘက်ကို လဲကျသွားခဲ့သည်။
ထို့နောက် သူ့မျက်လုံးကို လုံးဝမပိတ်နိုင်ခင် သူ့သေခြင်းရဲ့ အမှန်တရားက ဘာဆိုတာကိုတောင် မသိလိုက်ရပေ။
ရန်ယု ကသူမရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။
ချက်ချင်းပင် သူမ အတော်လေး ကြောက်လန့်သွားခဲ့သည်။
သူမက တွန့်ဆုတ်ခြင်းမရှိပဲ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဘာမှမပြောပဲ အရူးလို ပြေးထွက်သွားခဲ့သည်။
သူမ ထွက်မပြေးရင် အဲ့အရူးကောင်က သူမကို သေချာပေါက် သတ်လိမ့်မယ်!!!
စုဂျင်းရှ ကမျက်မှောင်ကြုတ်လိုက်ပြီး သူမနောက်ကို ချက်ချင်း မလိုက်ခဲ့ပေ။ ထိုအစား သူက သူမရဲ့ အဆင်မပြေမှုက ရယ်ရသလိုမျိုး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
ဓားကိုင်ထားသည့် လက်တွေက ရပ်နေခဲ့သည်။ သူက ငုံ့ကြည့်လိုက်ပြီး သွေးစွန်းနေသည့်ဓားအား အဝတ်တွေနဲ့ သုတ်လိုက်သည်။ သူက စိတ္တဇသမားလိုမျိုး မျက်လုံးတွေက ပြူးကျယ်နေပြီး အပြင်ကိုတောင် ထွက်တော့မလို ဖြစ်နေသည်။
ကြွက်ကလေးက နာမခံထဲက သေချာပေါက်ကို သတ်ပစ်ရမှာပေါ့!
ဒါဆို... တူတူပုန်းတမ်း ကစားကြတာပေါ့။
ရန်ယု ရဲ့အသက်ရှူသံက ပိုပိုမြန်လာခဲ့ပြီး သူမနှလုံးခုန်သံက ပြေးနှုန်းနဲ့အတူ အခုန်မြန်လာခဲ့သည်။
သူမ မသေချင်သေးဘူး!
ဘာကြောင့် သူမက သေချင်ရမှာလဲ?
ထိုအချိန်တွင် ရုတ်ချင်း အတွေးပေါက်သလိုမျိုး သူမ ဦးနှောက်က အလင်းရသွားခဲ့သည်။
ခဏ၊ အခုလေးတင် မြင်လိုက်ရတဲ့ နံရံပေါ်က အင်္ဂလိပ်စာလုံးတွေက စီဆာစာဝှက်ရေးနည်းပဲ။
(စီဆာစာဝှက်နည်း - စာလုံးတွေကို ပြန်ပြင်ဆင်ထားတဲ့ စကားလုံးတွေအား အစားထိုးသုံးတဲ့နည်းလမ်း။ ၁၁ လုံးကို ပြောင်းလဲပြီး A ကို B လိုမျိုး၊ M ကို N လိုမျိုး၊ Z ကို A လိုမျိုး၊ စသဖြင့်။ ဒီနည်းလမ်းက ရောမခေါင်ဆောင် ဂျူးလီယပ်စီဆာ ကသူ့ကိုယ်ပိုင် ဆက်နွယ်မှုအဖြစ် အသုံးပြုခဲ့သည်)
စကားလုံးထဲမှ ဒီသုံးနေရာက စာလုံးတွေကို ပြောင်းလိုက်ရင် အင်္ဂလိပ်စာလုံးအသစ်က နှုတ်ဆက်လာလိမ့်မယ်။
ဒီလိုဆိုရင် ဘာသာပြန်က...
ရန်ယု ရဲ့နှလုံးသားက အခုန်မြန်သွားခဲ့သည်။
ဒါက...
လူတိုင်းကို သတ်နိုင်တာကြောင့် ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မည်။
ဟမ့်၊ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားချင်တာလား?
မင်းရဲ့သေခြင်း သဘာဝတရားနဲ့ ရူးနှမ်းမှုတွေနဲ့အတူ သတ်ပစ်လိုက်။
ဒါက မင်းအပေါ်ထားတဲ့ င့ါရဲ့ထာဝရ ကျိန်စာပဲ။
ဟမ့်။
-
အိပ်ပျော်နေသည့် ရှောင်ချန်း ရဲ့မျက်လုံးတွေက ရုတ်ချင်း ပွင့်သွားပြီး သူ့လက်ချောင်းတွေက ရင်ဘတ်အား တင်းကြပ်စွာ ဆုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးက ချွေးအေးတွေနဲ့ ဖုံးလွှမ်းလိုက်ပြီး သူ့ရင်ဘတ်မှ နာကျင်မှုက သူ့အား မောပန်းစေသည်။
သူမှတ်မိတယ်၊ မှတ်မိတယ်!
သူ တကယ်ကြီး ဒီနေရာကို ရောက်လာပြီ!!
ရှောင်ချန်း ကထ,ထိုင်လိုက်ပြီး သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း ကြောက်လာသလိုမျိုး ဖြစ်နေသည်။
ရုတ်တရက် သူ့နောက်ဘက်မှ ရင်ဘတ်တစ်ခုက သူ့ပုခုံးတစ်ခုလုံးအား အနောက်ဘက်မှ တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး သူလာထိချိန်တွင် ရှောင်ချန်း ကအနည်းငယ် တုန်သွားခဲ့သည်။
ဒါက ယုမော့ ပဲ။
ရှောင်ချန်း ကဖြူဖျော့နေသည့် မျက်နှာဖြင့် လှည့်လိုက်ပြီး ယုမော့ ရဲ့အညိုရောင် မျက်လုံးတွေနဲ့ စုံသွားခဲ့သည်။ ယုမော့ ရဲ့မျက်လုံးတွေက နူးညံ့နေတုန်းဖြစ်ကာ သူ့အကြည့်ထဲတွင် နက်ရှိုင်းလှသည့် ချစ်ခြင်းတွေ၊ မြတ်နိုးမှုတွေက ပြည့်နှက်နေပြီး ဖုံးကွယ်ထားခြင်း မရှိပေ။
ရှောင်ချန်း ရဲ့ပါးစပ်က ပွင့်သွားပြီး ထိုအညိုရောင် မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။
နောက်ဆုံးတော့ သူမှတ်မိသွားပြီ။
သူ့ရှေ့မှ အညိုရောင်မျက်လုံးတွေနဲ့ ထိုလူက ရွာသားတွေ အားလုံးကို ဒီထိတ်လန့်ဖွယ်နေရာဆီ ပစ်သွင်းခဲ့တာပဲ။
ဒီလူတွေကို စပါးအုံးတွေနဲ့ ကိုက်ခံရအောင်၊ ကျီးကန်းတွေရဲ့ အဆိတ်ခံရပြီး အမှောင်ထုနဲ့ ဆာလောင်မှုဖြင့် နှိုပ်စက်ပြီး နောက်ဆုံးမှာတော့ လူတွေက လူတွေကို စားသောက်ကြလိမ့်မည်။
ဂိမ်းတွင် တစ်ယောက်တည်းသာ ရှင်သန်နိုင်မယ်လို့ ဖန်တီးထားတာကြောင့် ထိုအုပ်စုက အတွင်းတွင် တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ကြလိမ့်မည်။
#Sorry နော် တင်ပေးဖို့ကို လုံးဝမေ့နေတာ #
8.9.2022 (Thu)
...........................
Zawgyi
ဒါက...
သူ မလှုပ်နိုင်ပေ။
သူသေတော့မှာလား?
ဒါက ဝံပုလွေပဲ။
တကယ်တော့ မဟုတ်ဘူး။
သူမုန်းတယ်။
ဒါက...
သူမြင်နေရသလိုမျိုး...
-
ဒီလိုပေါ့။
သူမ မသေချင်သေးဘူး!
ဒါက...
ဟမ့်။
-
ဒါက ယုမော့ ပဲ။
8.9.2022 (Thu)
...........................