Unicode
လမ်းတစ်လျှောက် တစ်ဖွဲ့လုံးရဲ့ အခြေအနေက အရမ်းကိုလျှို့ဝှက်နေပြီး ဘယ်သူမှ အသံမထွက်ကြပေ။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် စင်တီမီတာ ၃၀ မှ ၄၀ ထိလောက်သာ ခြားနေကြပြီး လူတိုင်းရဲ့ အမူအရာတွေက အရမ်းကို မငြိမ်မသက်ဖြစ်နေကြသည်။ သူတို့က ပတ်ဝန်းကျင်ကို စူးစမ်းနေကြပြီး သူတို့မျက်လုံးထဲတွင်လဲ စိုးရိမ်နေမှုက ဖုံးကွယ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ယောက်ကို သတ်ခဲ့သည့် စုဂျင်းရှ ကတော့ ထူးဆန်းပြီး တဖြည်းဖြည်း သွားနေကာ ပိုပျင်းရိနေပုံပေါ်နေသည်။
ဒီအကြောင်းကို တွေးကြည့်ရင် ဒီအုပ်စုက တစ်ဦးနဲ့တစ်ဦး တစ်ရက်ပြည့်အောင်တောင် မသိကြပေ၊ ထို့အပြင် သူတို့တွင် ကိုယ်ပိုင်အတွေးတွေ ရှိကြပြီး သူတို့က လူကောင်းတွေလဲ မဟုတ်ကြပေ။
ရှောင်ချန်း ကတော့ မိုက်မဲသည့် ကလေးလေးနဲ့ တူနေပြီး သူတို့နောက်မှ သူငိုင်နေသည့် အမူအရာဖြင့် လိုက်နေခဲ့သည်။
သူ မကျေနပ်သည့် အရာကတော့ သူ့လက်ကို ကိုင်ထားသည့် လူက နှစ်မိနစ်လောက်အကြာတွင် နမ်းတာမျိုး၊ ဖက်တာမျိုးနဲ့ ပွတ်သပ်နေတာမျိုး လုပ်နေတာပဲဖြစ်သည်။ သူက ရှောင်ချန်း ရဲ့ခန္ဓာကိုယ်ထဲတွင် နှစ်မြှုပ်နေတာနဲ့ ပိုတူနေသည်။
ထို့ကြောင့် ရှောင်ချန်း ကပတ်ဝန်းကျင် လေထုက အရမ်းကို ထူးဆန်းနေတာကို အာရုံမစိုက်နိုင်ပဲ စခရင်က ကွန့်မန့်တွေကိုတောင် ဂရုမစိုက်နိုင်တော့ပေ။
ရှုချိုင်တောင် ကအစကတည်းက ရှေ့ကလျှောက်နေပြီး သူရပ်လိုက်ချိန်တွင် တခြားလူတွေလဲ ရပ်သွားခဲ့ကြသည်။
ရှောင်ချန်း ကရပ်ကာ မော့ကြည့်လိုက်သည်။
သူတို့ရှေ့တွင် သစ်သားတံခါး ရှိနေပြီး အမြင့်က ဘယ်လောက်ဆိုတာ မြင်တောင်မမြင်နိုင်ပေ။ သူတို့က မျက်နှာကြက်ကို မမြင်နိုင်သလို သစ်သားတံခါးက အမြင့်ကလဲ ဘယ်လောက်ရှိလဲဆိုတာ မခန့်မှန်းနိုင်ပဲ အမှောင်ထုက ကြောက်လန့်စေသည့် ခံစားချက်တွေကို ပေးနေသည်။
တံခါးက ဟောင်းမနေပေမဲ့ သန့်ရှင်းနေပြီး အသစ်နဲ့ပိုတူနေသည်။ တံခါးပေါ်က ရေးဆွဲထားပုံတွေက အရမ်းကို ရှုပ်ထွေးနေကာ ဓားတစ်ချောင်းနဲ့ ပုံဖော်ထားပုံရသည်။ တံခါးရှိ အရောင်က အထဲတွင် အန္တရာယ်များတယ်ဆိုတာ လူတိုင်းအား ခံစားမိစေနိုင်သည်။
ထိုအရာကို မြင်လိုက်ပြီး ဟဲရီလီ ကအဖွဲ့ထဲမှ နှစ်ခုတည်းသာရှိသော မီးအိမ်မှ တစ်ခုကို ယူလိုက်ပြီး တံခါးဆီကို တဖြည်းဖြည်း ရွှေ့သွားလိုက်သည်။ သူက တံခါးပေါ်ရှိ ဆွဲချက်တွေကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး သစ်သားတံခါးအား အနံ့ခံလိုက်သည်။
သူက တစ်ခုခုကို တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူက မတ်မတ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် သူ့နှုတ်ခမ်းကိုဖွင့်ကာ ပြောလိုက်သည်။ “အေးနေလား?”
မေးခွန်းကို ဘယ်သူ့မှ ပြန်မဖြေကြပေ။ ရှင်းရှင်းပြောရရင် လိုက်ဖက်မှုမရှိသည့် ဒီစကားက ဘယ်နေရာကနေ တွေးမိသွားပြီး ပြောလိုက်မှန်း နားမလည်တာကြောင့် ဘယ်သူကမှ သူ့အား အာရုံမစိုက်ကြပေ။ ဟဲရီလီ ကသတ္တိမနဲပဲ ဘာကိုမှဂရုမစိုက်ပဲ လွတ်လပ်စွာ ဆက်ပြောလိုက်သည်။ “နည်းလမ်းတကျ ပြောရရင် ဒါက နွေရာသီပဲ၊ နောက်ပြီး အပူချိန်က အရမ်းမြင့်နေရမှာ၊ ဒါပေမဲ့ ဒီနေရာကျယ်ကြီးမှာ အပူချိန်က အရမ်းကိုနည်းနေတယ်။ အထူးသဖြင့် ငါတို့ အတွင်းပိုင်းကို ပိုရောက်လာလေ ပိုအေးလာလေပဲ။ ဒီက သိပ်သည်းဆက အရမ်းများတယ်လို့ မထင်ကြဘူးလား? ဒီတံခါးနောက်ဘက်မှာ စိုထိုင်းနေတဲ့ အနံ့တောင် ထွက်နေတယ်”
“ဒါပေမဲ့” သူ့မျက်လုံးတွေက ပြောင်းလဲသွားပြီး သူ့အမူအရာက သတိထားနေပုံပေါ်သွားသည်။ “ဒီလိုစိုစွတ်တဲ့ နေရာမျိုးမှာ ဒီသစ်သားတံခါးက ဆွေးမြေ့နေတာမျိုးလဲ ရှိမနေတာက အံ့ဩဖို့ကောင်းတယ်... ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား?”
[ဖြတ်လျှောက် 656476: အရူးအုပ်စု၊ သူတို့က ဘာကြောင့်များ တံခါးကို လေ့လာနေရတာလဲ?
ဖြတ်လျှောက် 698534: မြန်မြန်သာ ဝင်သွားလိုက်ပါ၊ ဝင်သွားလိုက်၊ ရှိုးက စတော့မှာ။
ဖြတ်လျှောက် 987698: အထဲမှာ ရှိနေတဲ့အရာတွေက သေချာတာပေါ့ စိုထိုင်းမှုက မြင့်မားလွန်းတယ်၊ ဟဟ။
ဖြတ်လျှောက် 897564: နောက်ဆုံးတော့ ဒီနေရာကို ရောက်လာခဲ့ပြီ။ ငါတို့က နေ့တစ်ဝက်လောက် စောင့်နေခဲ့ရတာ၊ မြန်မြန်သွားကြပါ]
ရှောင်ချန်း ကကွန့်မန့်တွေကို ကြည့်လိုက်ပြီး ချက်ချင်းပင် စိုးရိမ်သွားခဲ့သည်။
အထဲတွင် အန္တရာယ်ရှိသည့် တစ်စုံတစ်ခုက ရှိနေသည်။
ရှောင်ချန်း ရဲ့အကြည့်က ရှေ့ဘက်တွင် ဦးဆောင်လျှောက်နေသည့် ရှုချိုင်တောင် ဆီရောက်သွားပေမဲ့ တချို့အချက်တွေက မျည်းအဆုံးဆီ ဆုတ်ခွာနေကြသည်။
ရှောင်ချန်း ကြည့်လိုက်ချိန် တစ်ပြိုင်နက်နီးပါး ရှုချိုင်တောင် ရဲ့အကြည့်က ရှောင်ချန်း ရဲ့သံသယအကြည့်ဆီ ရောက်လာခဲ့သည်။ ရှောင်ချန်း ရဲ့မျက်လုံးမှ သံသယတွေက သူ့အား လန့်သွားစေသည်။ နောက်စက္ကန့်ပိုင်းတွင် သူက ချက်ချင်းပင် ရင်းနှီးသည့်အပြုံးကို ဆွဲထုတ်လိုက်ပြီး သူ့မျက်လုံးကို ကျဉ်းမြောင်းလိုက်ကာ အကြည့်ကို လွှဲလိုက်သည်။ ထို့နောက် သူ့ခန့်မှန်းချက်အား မသိမသာထုတ်ပြလိုက်သည်။ “ဒီနေရာကို အရင်ဆုံး မဝင်ကြည့်ကြတာလဲ?”
ထိုစကားကို ရှောင်ချန်း ကြားလိုက်ချိန်တွင် သူ့မျက်လုံးက ပြူးကျယ်သွားပြီး မကောင်းသည့် ခံစားချက်တွေက ရလိုက်သည်။
ထင်တဲ့အတိုင်းပင် ရှုချိုင်တောင် ရဲ့ပါးစပ်ထောင့်က မြင့်တက်သွားပြီး သူ့အကြည့်က ရှောင်ချန်း ဆီရောက်လာခဲ့သည်။ သူ့အသံက တိုင်ပင်နေသည့်စံဖြင့် “သူငယ်ချင်းလေး၊ ဘယ်လိုထင်လဲ?”
ချက်ချင်းပင် အကြည့်အားလုံးက ရှောင်ချန်း ပေါ်ရောက်လာခဲ့ကြသည်။ လူတိုင်းရဲ့ အမူအရာတွေက အေးစက်နေပြီး ဂရုမစိုက်ပုံပေါ်နေကာ ဒီအမူအရာတွေက အံ့ဩစရာကောင်းစွာပင် အကုန်လုံး တူညီနေကြသည်။
ရှောင်ချန်း ရဲ့နှလုံးသားက ထိုခဏ ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။ ထိုနေရာတွင် သူရပ်နေတာတောင် အပ်နဲ့ အပ်ချည်ပေါ်တွင် ထိုင်နေရသလိုမျိုး ခံစားနေရသည်။
သူတို့က သူ့ကို ဆုံးဖြတ်ဖို့ ဖိအားပေးနေကြတာပဲ!
မင်းမလုပ်ချင်ရင်တောင် ဝင်ကိုဝင်ရမယ်!
တစ်စုံတစ်ခုက သူ့လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ရင်း ရှောင်ချန်း ကအချိန်ခနလောက် ပြန်ငြင်းပယ်တာမျိုး ချေပတာမျိုးကို မပြောနိုင်ခဲ့ပေ။ ရှောင်ချန်း ကသူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး ချွေးအေးတွေက သူ့နဖူးမှ ကျဆင်းသွားပြီး သူ့အသက်ရှူသံကလဲ ပိုမြန်လာခဲ့သည်။ သူ့စိတ်ကို ဆုံးဖြတ်လိုက်ရင်း သူ့နှုတ်ခမ်းကို လှုပ်ရှားလိုက်ပေမဲ့ သူမပြောနိုင်ခင် သူ့ခေါင်းပေါ်ရှိ လက်တစ်စုံကို ခံစားမိလိုက်ပြီးနောက် သူ့အား နှစ်သိမ့်နေသလိုမျိုး နူးညံ့သည့် အထိအတွေ့ကို ခံစားလိုက်ရသည်။ ဒီအပြုအမူက သူ့ပါးစပ်ထဲတွင် ရှိနေခဲ့သည့် စကားလုံးတွေအား ပြန်ပျောက်သွားစေသည်။
ထိုလူက သူ့နားထိပ်ကို လေမှုတ်လိုက်ပြီး နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။ “မကြောက်နဲ့၊ ဝင်သွားလိုက်ပါ”
ထိုလူရဲ့အကြည့်က ရှောင်ချန်း မှတဆင့် ရှုချိုင်တောင် ရဲ့ခန္ဓာကိုယ်ဆီ ရောက်သွားခဲ့သည်။ ရှုချိုင်တောင် က ရှောင်ချန်း အားအငြိုးထားသည့် အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့သည်။ ထိုလူက လှောင်ရယ်လိုက်ပြီး သူ့အကြည့်က လေးနက်သွားခဲ့သည်။
ရှုချိုင်တောင် ကမုဆိုးတစ်ယောက်က ပစ်မှတ်ထားခံလိုက်ရသည့် သားကောင်လိုမျိုး ကြက်သီးထ,သွားကာ ဘာအကြောင်းပြချက်မှမရှိပဲ လန့်သွားခဲ့သည်။
ရှောင်ချန်း ကထိုလူရဲ့စကားတွေကို ကြားလိုက်ချိန်တွင် သက်ပြင်းချလိုက်ပြီး သူ့တစ်ကိုယ်လုံးက တည်ငြိမ်သွားခဲ့သည်။
ထိုလူကို သူယုံသည်။ ထိုလူပြောတည်းက ဘာပြဿနာမှရှိမှာ မဟုတ်ဘူး။
နောက်စက္ကန့်တွင် တွန့်ဆုတ်ခြင်းမရှိပဲ ရှောင်ချန်း က ရှုချိုင်တောင် ကိုစိုက်ကြည့်လိုက်သည်။ ရှုချိုင်တောင် ကထိုနေရာတွင် ရပ်နေခဲ့ပြီး သူ့အား ပြုံးပြနေခဲ့သည်။ ရှောင်ချန်း ကအဖွဲ့ရှေ့ကို တိုက်ရိုက် လျှောက်သွားလိုက်သည်။ ထိုအရာကို ဟဲရီလီ ကမြင်လိုက်ပြီး ဘေးဘက်ကို ဆုတ်ပေးလိုက်သည်။
တံခါးက အရမ်းကို လေးလံပုံပေါ်သည်။ ရှောင်ချန်း ကလက်ညှိုးလေး တစ်ချောင်းနဲ့ နူးညံ့စွာထိလိုက်သည်။ အားအများကြီး မသုံးရသေးခင် တစ်စက္ကန့်မှာပဲ ထိုတံခါးက အင်အားကြီးမားသည့် တစ်စုံတစ်ခုနဲ့ တွန်းဖွင့်ခံလိုက်ရသလိုမျိုး ပွင့်သွားခဲ့သည်။
“...”
“...”
အထဲတွင် မဲမှောင်နေပြီး အပြင်ကထက် ပိုမှောင်နေသည်။
ကိုယ့်လက်ကို ပြန်မမြင်နိုင်လောက်သည်အထိ မဲမှောင်နေသည်။
ရှောင်ချန်း ကတံတွေးမြိုချလိုက်ပြီး အသက်ရှူသွင်းလိုက်ကာ လျှောက်ဝင်လိုက်သည်။
အထဲကို သူနှစ်လှမ်းလောက် လျှောက်ဝင်လိုက်ချိန်တွင် တံခါးက တစ်စုံတစ်ယောက် တွန်းလိုက်ပုံရပြီး “ဘမ်း”ဆိုသည့် အသံနဲ့အတူ ပိတ်သွားခဲ့သည်။
ရှောင်ချန်း ရဲ့ခန္ဓာကိုယ်က တုန်သွားပြီး သူ့နှလုံးသားက ခိုက်ခိုက်တုန်သွားခဲ့သည်။
Shit, အရမ်းမှောင်နေတာပဲ။
“ယုမော့” ရှောင်ချန်း ရဲ့အသံက အနည်းငယ် တုန်နေသည်။ သူ့ပတ်ဝန်းကျင်ကို မမြင်နိုင်ပဲ ပိုဆိုးတာက အထဲတွင် ဘာရှိတယ်ဆိုတာကို သူမသိပေ။ မျက်စိမမြင်သည့် ခံစားချက်မျိုး ဖြစ်နေကာ ရှောင်ချန်း ကအသံထုတ်ပြောရမှာကိုတောင် ကြောက်နေခဲ့သည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
ဘယ်သူ့မှ ပြန်မဖြေပေ။
အခုတော့ ရှောင်ချန်း လန့်နေခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း များပြားလှသည့် အတွေးတွေက အစုလိုက် တိုးဝင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်က ထိုနေရာတွင်သာ အေးခဲနေခဲ့ပြီး အသံတောင် မထွက်ရဲတော့ပေ။ ယုမော့ ရဲ့နာမည်ကိုလဲ သူဆက်မခေါ်ရဲတော့ပေ။
သူ... သူစွန့်ပစ်ခံလိုက်ရပြီလား?
ရှောင်ချန်း ရဲ့နှုတ်ခမ်းက ဖြူဖျော့လာခဲ့သည်။
ထိုလူက ရှောင်ချန်း ရဲ့အနောက်တွင် ရပ်နေခဲ့သည်။ သူ့အမြင်က တခြားသာမန်လူတွေနဲ့ မတူတာကြောင့် သူ့ပတ်ဝန်းကျင်က အရာအားလုံးကို မြင်နိုင်နေသည်။ သူ့ရှုထောင့်မှ ရှောင်ချန်း ကတုန်ရီပြီး ကြောက်လန့်နေသည့် ဟန်းစတားလေးလို ထောင့်ဘက်တွင် ပုန်းကွယ်နေမျိုး ဖြစ်နေပေမဲ့ သူဘာလုပ်ရမှန်း မသိပေ။
ရှောင်ချန်း ကသူ့နာမည်ကို အကြိမ်အနည်းငယ်လောက် ထပ်ခေါ်လာဖို့ သူမျှော်လင့်ခဲ့ပေမဲ့ ရှောင်ချန်း ကရုတ်တရက်ကြီး စကားထပ်မပြောတော့တာကို တွေ့လိုက်ရသည်။ ထိုလူက ချက်ချင်းပင် မကောင်းသည့် ခံစားချက်ကို ရလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ရှောင်ချန်း ရှေ့ကိုတိုးသွားလိုက်သည်။
ရှောင်ချန်း ရဲ့အမူအရာကို သူမြင်လိုက်ချိန်တွင် အေးခဲသွားခဲ့သည်။
အစက ရှောင်ချန်း ကကြောက်ပြီး ငိုမယ်လို့ ထင်ခဲ့ပေမဲ့ ရှောင်ချန်း ကဝိဉာဉ်ပျောက်ဆုံးသလိုမျိုး ထိုနေရာတွင် ရပ်နေပြီး စကားမပြောတော့ပေ။ သူ့ပုခုံးတွေက တုန်မနေပဲ သူ့သွားတွေက နှုတ်ခမ်းတွေကို ကိုက်မထားခဲ့ရင် ရှောင်ချန်း ကကြောက်မနေဘူးလို့ သူထင်မိလိမ့်မည်။ သို့သော် ထိုအမူအရာတွေက အကြောင်းပြချက်မရှိပဲ ထိုလူအား ပိုစိတ်ဓာတ်ကျစေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
“ကိုယ်ရှိတယ်”
ထိုစကားကို ကြားလိုက်ပြီး စက္ကန့်ပိုင်းတွင် ရှောင်ချန်း ကနှုတ်ခမ်းကို ကိုက်ထားတာကို လွှတ်လိုက်ပြီး သူ့ပုခုံးက တုန်နေတာတောင် ရပ်သွားခဲ့သည်။
ယုမော့ ကချက်ချင်းပင် ရှောင်ချန်း အားသူ့လက်မောင်းထဲ ထည့်လိုက်ပြီး ကလေးအား ချော့မြူနေသည့် အသံဖြင့် ပြောလိုက်သည်။ “ကိုယ်မှားတာပါ၊ ကိုယ်မှားတာ။ နောက်တစ်ခါကျရင် ကိုယ် မင်းကို ဒီလိုမျိုး ထပ်မစတော့ပါဘူး”
နောက်ဆုံးတော့ ရှောင်ချန်း ကစစ်မှန်သည့် အာရုံကိုရသွားပုံပေါ်သည်။ သူ့မျက်လုံးတွေက တုန်နေပြီး ထင်တဲ့အတိုင်းပင် မျက်ရည်တွေက ကျလာခဲ့သည်။ သူက နှစ်ကြိမ်လောက် ရှိုက်လိုက်ပြီး ငိုနေရာ ကြို့ထိုးသံက ထွက်လာပြီးနောက် ဝမ်းနည်းနေသည့် အသံဖြင့် ပြောလိုက်သည်။ “ကျွန်တော့်ကို ခင်ဗျား မလိုချင်တော့ဘူးလို့ ထင်နေတာ”
ယုမော့ ကရှုံ့မဲ့နေသည့် မျက်နှာလေးကို ကြည့်လိုက်ပြီးနောက် ရှောင်ချန်း ရဲ့နှလုံးသားထဲမှ ဝန်ခံချက်တွေကို ကြားလိုက်ရသည်။ သူက ပြောလိုက်သည်။ “ကမ္ဘာကြီးက မင်းကို မလိုချင်တော့ရင်တောင် ကိုယ်က မင်းကို မလိုချင်တာက ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး”
အချိန်ခနလောက်က ရှောင်ချန်း အားငိုဖို့ လုံလောက်သည်။ ရှောင်ချန်း ကသူ့မျက်နှာနဲ့ ယုမော့ ရဲ့ပုခုံးကို ပွတ်သပ်လိုက်ပြီး သနားစဖွယ် ပြောလိုက်သည်။ “ကျွန်တော် ဘာဆက်လုပ်ရမလဲ?”
ထိုလူက သူ့အား လွှတ်ပေးလိုက်ပြီး နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။ “ကိုယ့်လက်ကိုကိုင်ထား၊ ကိုယ် မင်းကို ကိုင်ထားမယ်”
ရှောင်ချန်း ကနာခံစွာဖြင့် ထိုလူရဲ့လက်ကို ဆွဲလိုက်သည်။ ထိုလူက ပြုံးလိုက်ပြီး ရှောင်ချန်း ရဲ့လက်အား ပိုတင်းတင်း ဆုပ်လိုက်သည်။
များပြားလှသည့် ဂရုစိုက်ခြင်းတွေ ပါဝင်နေပြီး ဒါက...
ဘာနဲ့တူတာလဲ? သူ့လက်ထဲမှာ ကမ္ဘာကြီးကို ကိုင်ထားရသလိုမျိုး၊ သူ့အချစ်မြတ်နိုးရဆုံး ရတနာလေးကို ကိုင်ထားရသလိုမျိုးပဲ။
ယုမော့ ကမယုံနိုင်လောက်သည့် စိတ်ကျေနပ်မှုကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်က အရမ်းကိုမဲမှောင်နေတာကြောင့် ရှောင်ချန်း ကဘာကိုမမြင်နိုင်ပဲ သူ့ဘေးပတ်ဝန်းကျင်တွင် ဘာရှိလဲဆိုတာကို မသိနိုင်ပေမဲ့ ထိုလူကတော့ ရှင်းရှင်းလင်းလင်းကို မြင်နေရသည်။
ကြီးမားလှသည့် စပါးအုံးနှစ်ကောင်က သူတို့လျှာကို ထုတ်နေကြသည်။ သူတို့က ရှောင်ချန်း နှစ်ယောက်စာလောက် ကြီးမားပြီး ၅ မီတာမှ ၆ မီတာလောက်ထိ ရှည်လျားပြီး သူတို့သွားတွေကလဲ ဓားသွားတွေလို ထက်ရှနေသည်။ မြွေနှစ်ကောင်က တစ်ကောင်နဲ့ တစ်ကောင် ယှက်နွယ်နေကြပြီး သူတို့ခန္ဓာကိုယ်တွေက တွန့်လိမ်နေသည်။ သူတို့ပါးစပ်က ကျယ်ကျယ်ဖွင့်ထားပြီး သွားရည်တွေက ထက်ရှသည့် သွားကြားမှ စီးကျနေသည်။ နေရာတစ်ခုလုံးမှာ များပြားလှသည့် မြွေတွေက ရှိနေသေးသည်။
သေချာပေါက် စပါးအုံးအပြင် အခန်းထဲတွင် တခြားအရာတွေလဲ ရှိနေသေးသည်။
ဥပမာ...
လူအလောင်းတွေနဲ့ အရိုးခေါင်းတွေ၊ အရိုးတွေ...
ကြမ်းပြင်က နီရဲနေသည်။ သွေးတွေအပြင် ဆွေးမြေ့နေသည့် အင်္ဂါအစိတ်အပိုင်းတွေလဲ ရှိနေသည်။ မြင်ကွင်းက မနှစ်မြို့ဖွယ်ဖြစ်နေပြီး အရမ်းကို ထိတ်လန့်ကြောက်မက်ဖွယ်လဲ ကောင်းနေသည်။ သူတို့အားလုံးက စပါးအုံးက အစားခံလိုက်ရသည့် လူတွေသာဖြစ်သည်။
ထိုလူရဲ့အမူအရာက ဂရုမစိုက်ဟန်ဖြစ်နေပြီး ဘာထိတ်လန့်မှုမှ ရှိမနေပေ။ ခန့်မှန်းမိထားသလိုမျိုး ထိုအရာတွေက သူ့ကို သက်ရောက်မှုမရှိပေ။
ထို့အပြင် နေရာတစ်ခုလုံးက ကျဉ်းမြောင်းသည်။ လူနှစ်ယောက်က စပါးအုံးနဲ့ တစ်မီတာလာက်သာ ဝေးကွာနေသည်။ စပါးအုံး နှစ်ကောင်က သူတို့လျှာကို ထုတ်နေကြပြီး တွဲလျောင်းချထားပေမဲ့ သူတို့က ရှေ့ကိုတော့ တိုးမလာရဲကြပေ။ သူတို့က ကြမ်းပြင်ပေါ်တွင် သူတို့ခန္ဓာကိုယ်ကို တွန့်လိမ်နေရုံသာ တက်နိုင်ပြီး သူတို့က ဆာလောင်နေပုံနဲ့ တူနေသည်။
ရှောင်ချန်း ကမမြင်နိုင်တာကြောင့် သူ့တခြားအာရုံတွေက တိုးမြင့်နေပြီး ကြမ်းပြင်တွင် ပွတ်တိုက်သံက သူ့ကို ကြောက်လန့်သွားစေပြီး ယုမော့ နားကို ပိုတိုးကပ်သွားခဲ့သည်။
ထိုလူရဲ့ တခြားလက်ညှိုးက သူ့နှုတ်ခမ်းကို ဖိလိုက်ပြီး သူ့မျက်လုံးတွင် သတိပေးချက်တွေက ရှိနေသည်။ သူ့နှုတ်ခမ်းက လှုပ်ရှားသွားပေမဲ့ အသံတော့ ထွက်မလာပေ။
တိတ်တိတ်နေ၊ မကြောက်နဲ့ ဘေဘီ။
စပါးအုံးတွေက သူတို့လှုပ်ရှားနေတာကို ရပ်တန့်လိုက်ပြီး တစ်ချိန်တည်း အသံတွေက ရပ်သွားခဲ့သည်။
ရှောင်ချန်း ရဲ့အသက်ရှူသံက တိုးလျသွားပြီး ခြေလှမ်းတိုင်းကို ဂရုတစိုက် လျှောက်နေပြီး ယုမော့ ဘေးမှပျောက်သွားမှာကို ကြောက်နေခဲ့သည်။
ရှောင်ချန်း ကသူအခန်းထဲ ဝင်လိုက်ချိန်တွင် လိုက်ဖ်စခရင်က မဲမှောင်သွားတာကို မသိလိုက်ပေ။
[ဖြတ်လျှောက် 876576: Shit, WTF! အဓိကပွဲ၊ အာ၊ သောက်အမဲရောင်စခရင်!
ဖြတ်လျှောက် 89768: ပြောစရာတောင် မရှိတော့ဘူး။ ကလေးနှစ်ယောက်က အဲ့လူကို ဘယ်လိုစားမလဲဆိုတာ ငါမြင်ချင်နေသေးတာကို Fuck!
ဖြတ်လျှောက် 876566: WTH! ငါ လိုက်ဖ်ထဲ ဝင်လိုက်ရုံပဲ ရှိသေးတာလေ။
ဖြတ်လျှောက် 987687: လိုက်ဖ်လွှင့်ဖို့ ပုံတွေက အရမ်းကောင်းလွန်းနေတာဖြစ်မယ်။
ဖြတ်လျှောက် 987659: ဒါက ဘာကြောင့် မလွှင့်နိုင်ရတာလဲ? အရင်က ဒီလိုမျိုး မဖြစ်ခဲ့ဖူးပါဘူး။ ပြောစရာတောင် မရှိတော့ဘူး။]
ယုမော့ ကတံခါးဆီ ပြန်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားခဲ့သည်။
စပါးအုံးတွေက တချို့အသံတွေကို ကြားလိုက်ပြီး သူ့ခေါင်းကို ဆန့်ထုတ်ကာ မော့လိုက်သည်။ သူတို့က မသတ်နိုင်ခင် ခြိမ်းခြောက်နေသလိုမျိုး သူတို့မျက်လုံးတွေက ကြောက်မက်ဖွယ်ဖြစ်နေသည်။
ထိုလူက ရယ်လိုက်သည်။
ထိုအုပ်စုက အရမ်းကို မနာခံတည်းက အပြစ်ပေးခံသင့်တယ်။
ထိုလူရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းနေခဲ့သည်။
သူတို့ထဲက တစ်ယောက်က သူ့ဘေဘီကို နာကျင်စေချင်နေတယ်။
26.08.2022 (Fri)
............................
Zawgyi
လမ္းတစ္ေလွ်ာက္ တစ္ဖြဲ႕လုံးရဲ႕ အေျခအေနက အရမ္းကိုလွ်ိဳ႕ဝွက္ေနၿပီး ဘယ္သူမွ အသံမထြက္ၾကေပ။ လူေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ စင္တီမီတာ ၃၀ မွ ၄၀ ထိေလာက္သာ ျခားေနၾကၿပီး လူတိုင္းရဲ႕ အမူအရာေတြက အရမ္းကို မၿငိမ္မသက္ျဖစ္ေနၾကသည္။ သူတို႔က ပတ္ဝန္းက်င္ကို စူးစမ္းေနၾကၿပီး သူတို႔မ်က္လုံးထဲတြင္လဲ စိုးရိမ္ေနမႈက ဖုံးကြယ္ေနသည္။
ဆန႔္က်င္ဘက္အေနျဖင့္ တစ္စုံတစ္ေယာက္ကို သတ္ခဲ့သည့္ စုဂ်င္းရွ ကေတာ့ ထူးဆန္းၿပီး တျဖည္းျဖည္း သြားေနကာ ပိုပ်င္းရိေနပုံေပၚေနသည္။
ဒီအေၾကာင္းကို ေတြးၾကည့္ရင္ ဒီအုပ္စုက တစ္ဦးနဲ႔တစ္ဦး တစ္ရက္ျပည့္ေအာင္ေတာင္ မသိၾကေပ၊ ထို႔အျပင္ သူတို႔တြင္ ကိုယ္ပိုင္အေတြးေတြ ရွိၾကၿပီး သူတို႔က လူေကာင္းေတြလဲ မဟုတ္ၾကေပ။
ေရွာင္ခ်န္း ကေတာ့ မိုက္မဲသည့္ ကေလးေလးနဲ႔ တူေနၿပီး သူတို႔ေနာက္မွ သူငိုင္ေနသည့္ အမူအရာျဖင့္ လိုက္ေနခဲ့သည္။
သူ မေက်နပ္သည့္ အရာကေတာ့ သူ႔လက္ကို ကိုင္ထားသည့္ လူက ႏွစ္မိနစ္ေလာက္အၾကာတြင္ နမ္းတာမ်ိဳး၊ ဖက္တာမ်ိဳးနဲ႔ ပြတ္သပ္ေနတာမ်ိဳး လုပ္ေနတာပဲျဖစ္သည္။ သူက ေရွာင္ခ်န္း ရဲ႕ခႏၶာကိုယ္ထဲတြင္ ႏွစ္ျမႇဳပ္ေနတာနဲ႔ ပိုတူေနသည္။
ထို႔ေၾကာင့္ ေရွာင္ခ်န္း ကပတ္ဝန္းက်င္ ေလထုက အရမ္းကို ထူးဆန္းေနတာကို အာ႐ုံမစိုက္ႏိုင္ပဲ စခရင္က ကြန႔္မန႔္ေတြကိုေတာင္ ဂ႐ုမစိုက္ႏိုင္ေတာ့ေပ။
ရႈခ်ိဳင္ေတာင္ ကအစကတည္းက ေရွ႕ကေလွ်ာက္ေနၿပီး သူရပ္လိုက္ခ်ိန္တြင္ တျခားလူေတြလဲ ရပ္သြားခဲ့ၾကသည္။
ေရွာင္ခ်န္း ကရပ္ကာ ေမာ့ၾကည့္လိုက္သည္။
သူတို႔ေရွ႕တြင္ သစ္သားတံခါး ရွိေနၿပီး အျမင့္က ဘယ္ေလာက္ဆိုတာ ျမင္ေတာင္မျမင္ႏိုင္ေပ။ သူတို႔က မ်က္ႏွာၾကက္ကို မျမင္ႏိုင္သလို သစ္သားတံခါးက အျမင့္ကလဲ ဘယ္ေလာက္ရွိလဲဆိုတာ မခန႔္မွန္းႏိုင္ပဲ အေမွာင္ထုက ေၾကာက္လန႔္ေစသည့္ ခံစားခ်က္ေတြကို ေပးေနသည္။
တံခါးက ေဟာင္းမေနေပမဲ့ သန႔္ရွင္းေနၿပီး အသစ္နဲ႔ပိုတူေနသည္။ တံခါးေပၚက ေရးဆြဲထားပုံေတြက အရမ္းကို ရႈပ္ေထြးေနကာ ဓားတစ္ေခ်ာင္းနဲ႔ ပုံေဖာ္ထားပုံရသည္။ တံခါးရွိ အေရာင္က အထဲတြင္ အႏၲရာယ္မ်ားတယ္ဆိုတာ လူတိုင္းအား ခံစားမိေစႏိုင္သည္။
ထိုအရာကို ျမင္လိုက္ၿပီး ဟဲရီလီ ကအဖြဲ႕ထဲမွ ႏွစ္ခုတည္းသာရွိေသာ မီးအိမ္မွ တစ္ခုကို ယူလိုက္ၿပီး တံခါးဆီကို တျဖည္းျဖည္း ေ႐ႊ႕သြားလိုက္သည္။ သူက တံခါးေပၚရွိ ဆြဲခ်က္ေတြကို ဂ႐ုတစိုက္ စစ္ေဆးလိုက္ၿပီး သစ္သားတံခါးအား အနံ႔ခံလိုက္သည္။
သူက တစ္ခုခုကို ေတြးမိသြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူက မတ္မတ္ရပ္လိုက္ၿပီး ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္ၿပီးေနာက္ သူ႔ႏႈတ္ခမ္းကိုဖြင့္ကာ ေျပာလိုက္သည္။ “ေအးေနလား?”
ေမးခြန္းကို ဘယ္သူ႔မွ ျပန္မေျဖၾကေပ။ ရွင္းရွင္းေျပာရရင္ လိုက္ဖက္မႈမရွိသည့္ ဒီစကားက ဘယ္ေနရာကေန ေတြးမိသြားၿပီး ေျပာလိုက္မွန္း နားမလည္တာေၾကာင့္ ဘယ္သူကမွ သူ႔အား အာ႐ုံမစိုက္ၾကေပ။ ဟဲရီလီ ကသတၱိမနဲပဲ ဘာကိုမွဂ႐ုမစိုက္ပဲ လြတ္လပ္စြာ ဆက္ေျပာလိုက္သည္။ “နည္းလမ္းတက် ေျပာရရင္ ဒါက ေႏြရာသီပဲ၊ ေနာက္ၿပီး အပူခ်ိန္က အရမ္းျမင့္ေနရမွာ၊ ဒါေပမဲ့ ဒီေနရာက်ယ္ႀကီးမွာ အပူခ်ိန္က အရမ္းကိုနည္းေနတယ္။ အထူးသျဖင့္ ငါတို႔ အတြင္းပိုင္းကို ပိုေရာက္လာေလ ပိုေအးလာေလပဲ။ ဒီက သိပ္သည္းဆက အရမ္းမ်ားတယ္လို႔ မထင္ၾကဘူးလား? ဒီတံခါးေနာက္ဘက္မွာ စိုထိုင္းေနတဲ့ အနံ႔ေတာင္ ထြက္ေနတယ္”
“ဒါေပမဲ့” သူ႔မ်က္လုံးေတြက ေျပာင္းလဲသြားၿပီး သူ႔အမူအရာက သတိထားေနပုံေပၚသြားသည္။ “ဒီလိုစိုစြတ္တဲ့ ေနရာမ်ိဳးမွာ ဒီသစ္သားတံခါးက ေဆြးေျမ့ေနတာမ်ိဳးလဲ ရွိမေနတာက အံ့ဩဖို႔ေကာင္းတယ္... ဒါက ထူးဆန္းတယ္လို႔ မထင္ဘူးလား?”
[ျဖတ္ေလွ်ာက္ 656476: အ႐ူးအုပ္စု၊ သူတို႔က ဘာေၾကာင့္မ်ား တံခါးကို ေလ့လာေနရတာလဲ?
ျဖတ္ေလွ်ာက္ 698534: ျမန္ျမန္သာ ဝင္သြားလိုက္ပါ၊ ဝင္သြားလိုက္၊ ရႈိးက စေတာ့မွာ။
ျဖတ္ေလွ်ာက္ 987698: အထဲမွာ ရွိေနတဲ့အရာေတြက ေသခ်ာတာေပါ့ စိုထိုင္းမႈက ျမင့္မားလြန္းတယ္၊ ဟဟ။
ျဖတ္ေလွ်ာက္ 897564: ေနာက္ဆုံးေတာ့ ဒီေနရာကို ေရာက္လာခဲ့ၿပီ။ ငါတို႔က ေန႔တစ္ဝက္ေလာက္ ေစာင့္ေနခဲ့ရတာ၊ ျမန္ျမန္သြားၾကပါ]
ေရွာင္ခ်န္း ကကြန႔္မန႔္ေတြကို ၾကည့္လိုက္ၿပီး ခ်က္ခ်င္းပင္ စိုးရိမ္သြားခဲ့သည္။
အထဲတြင္ အႏၲရာယ္ရွိသည့္ တစ္စုံတစ္ခုက ရွိေနသည္။
ေရွာင္ခ်န္း ရဲ႕အၾကည့္က ေရွ႕ဘက္တြင္ ဦးေဆာင္ေလွ်ာက္ေနသည့္ ရႈခ်ိဳင္ေတာင္ ဆီေရာက္သြားေပမဲ့ တခ်ိဳ႕အခ်က္ေတြက မ်ည္းအဆုံးဆီ ဆုတ္ခြာေနၾကသည္။
ေရွာင္ခ်န္း ၾကည့္လိုက္ခ်ိန္ တစ္ၿပိဳင္နက္နီးပါး ရႈခ်ိဳင္ေတာင္ ရဲ႕အၾကည့္က ေရွာင္ခ်န္း ရဲ႕သံသယအၾကည့္ဆီ ေရာက္လာခဲ့သည္။ ေရွာင္ခ်န္း ရဲ႕မ်က္လုံးမွ သံသယေတြက သူ႔အား လန႔္သြားေစသည္။ ေနာက္စကၠန႔္ပိုင္းတြင္ သူက ခ်က္ခ်င္းပင္ ရင္းႏွီးသည့္အၿပဳံးကို ဆြဲထုတ္လိုက္ၿပီး သူ႔မ်က္လုံးကို က်ဥ္းေျမာင္းလိုက္ကာ အၾကည့္ကို လႊဲလိုက္သည္။ ထို႔ေနာက္ သူ႔ခန႔္မွန္းခ်က္အား မသိမသာထုတ္ျပလိုက္သည္။ “ဒီေနရာကို အရင္ဆုံး မဝင္ၾကည့္ၾကတာလဲ?”
ထိုစကားကို ေရွာင္ခ်န္း ၾကားလိုက္ခ်ိန္တြင္ သူ႔မ်က္လုံးက ျပဴးက်ယ္သြားၿပီး မေကာင္းသည့္ ခံစားခ်က္ေတြက ရလိုက္သည္။
ထင္တဲ့အတိုင္းပင္ ရႈခ်ိဳင္ေတာင္ ရဲ႕ပါးစပ္ေထာင့္က ျမင့္တက္သြားၿပီး သူ႔အၾကည့္က ေရွာင္ခ်န္း ဆီေရာက္လာခဲ့သည္။ သူ႔အသံက တိုင္ပင္ေနသည့္စံျဖင့္ “သူငယ္ခ်င္းေလး၊ ဘယ္လိုထင္လဲ?”
ခ်က္ခ်င္းပင္ အၾကည့္အားလုံးက ေရွာင္ခ်န္း ေပၚေရာက္လာခဲ့ၾကသည္။ လူတိုင္းရဲ႕ အမူအရာေတြက ေအးစက္ေနၿပီး ဂ႐ုမစိုက္ပုံေပၚေနကာ ဒီအမူအရာေတြက အံ့ဩစရာေကာင္းစြာပင္ အကုန္လုံး တူညီေနၾကသည္။
ေရွာင္ခ်န္း ရဲ႕ႏွလုံးသားက ထိုခဏ ခ်က္ခ်င္းပင္ ရပ္တန႔္သြားခဲ့သည္။ ထိုေနရာတြင္ သူရပ္ေနတာေတာင္ အပ္နဲ႔ အပ္ခ်ည္ေပၚတြင္ ထိုင္ေနရသလိုမ်ိဳး ခံစားေနရသည္။
သူတို႔က သူ႔ကို ဆုံးျဖတ္ဖို႔ ဖိအားေပးေနၾကတာပဲ!
မင္းမလုပ္ခ်င္ရင္ေတာင္ ဝင္ကိုဝင္ရမယ္!
တစ္စုံတစ္ခုက သူ႔လည္ေခ်ာင္းဝတြင္ တစ္ဆို႔သြားခဲ့ရင္း ေရွာင္ခ်န္း ကအခ်ိန္ခနေလာက္ ျပန္ျငင္းပယ္တာမ်ိဳး ေခ်ပတာမ်ိဳးကို မေျပာႏိုင္ခဲ့ေပ။ ေရွာင္ခ်န္း ကသူ႔မ်က္လုံးေတြကို မွိတ္လိုက္ၿပီး ေခြၽးေအးေတြက သူ႔နဖူးမွ က်ဆင္းသြားၿပီး သူ႔အသက္ရႉသံကလဲ ပိုျမန္လာခဲ့သည္။ သူ႔စိတ္ကို ဆုံးျဖတ္လိုက္ရင္း သူ႔ႏႈတ္ခမ္းကို လႈပ္ရွားလိုက္ေပမဲ့ သူမေျပာႏိုင္ခင္ သူ႔ေခါင္းေပၚရွိ လက္တစ္စုံကို ခံစားမိလိုက္ၿပီးေနာက္ သူ႔အား ႏွစ္သိမ့္ေနသလိုမ်ိဳး ႏူးညံ့သည့္ အထိအေတြ႕ကို ခံစားလိုက္ရသည္။ ဒီအျပဳအမူက သူ႔ပါးစပ္ထဲတြင္ ရွိေနခဲ့သည့္ စကားလုံးေတြအား ျပန္ေပ်ာက္သြားေစသည္။
ထိုလူက သူ႔နားထိပ္ကို ေလမႈတ္လိုက္ၿပီး ႏူးညံ့သည့္အသံျဖင့္ ေျပာလိုက္သည္။ “မေၾကာက္နဲ႔၊ ဝင္သြားလိုက္ပါ”
ထိုလူရဲ႕အၾကည့္က ေရွာင္ခ်န္း မွတဆင့္ ရႈခ်ိဳင္ေတာင္ ရဲ႕ခႏၶာကိုယ္ဆီ ေရာက္သြားခဲ့သည္။ ရႈခ်ိဳင္ေတာင္ က ေရွာင္ခ်န္း အားအၿငိဳးထားသည့္ အၾကည့္ေတြနဲ႔ စိုက္ၾကည့္ေနခဲ့သည္။ ထိုလူက ေလွာင္ရယ္လိုက္ၿပီး သူ႔အၾကည့္က ေလးနက္သြားခဲ့သည္။
ရႈခ်ိဳင္ေတာင္ ကမုဆိုးတစ္ေယာက္က ပစ္မွတ္ထားခံလိုက္ရသည့္ သားေကာင္လိုမ်ိဳး ၾကက္သီးထ,သြားကာ ဘာအေၾကာင္းျပခ်က္မွမရွိပဲ လန႔္သြားခဲ့သည္။
ေရွာင္ခ်န္း ကထိုလူရဲ႕စကားေတြကို ၾကားလိုက္ခ်ိန္တြင္ သက္ျပင္းခ်လိုက္ၿပီး သူ႔တစ္ကိုယ္လုံးက တည္ၿငိမ္သြားခဲ့သည္။
ထိုလူကို သူယုံသည္။ ထိုလူေျပာတည္းက ဘာျပႆနာမွရွိမွာ မဟုတ္ဘူး။
ေနာက္စကၠန႔္တြင္ တြန႔္ဆုတ္ျခင္းမရွိပဲ ေရွာင္ခ်န္း က ရႈခ်ိဳင္ေတာင္ ကိုစိုက္ၾကည့္လိုက္သည္။ ရႈခ်ိဳင္ေတာင္ ကထိုေနရာတြင္ ရပ္ေနခဲ့ၿပီး သူ႔အား ၿပဳံးျပေနခဲ့သည္။ ေရွာင္ခ်န္း ကအဖြဲ႕ေရွ႕ကို တိုက္႐ိုက္ ေလွ်ာက္သြားလိုက္သည္။ ထိုအရာကို ဟဲရီလီ ကျမင္လိုက္ၿပီး ေဘးဘက္ကို ဆုတ္ေပးလိုက္သည္။
တံခါးက အရမ္းကို ေလးလံပုံေပၚသည္။ ေရွာင္ခ်န္း ကလက္ညႇိဳးေလး တစ္ေခ်ာင္းနဲ႔ ႏူးညံ့စြာထိလိုက္သည္။ အားအမ်ားႀကီး မသုံးရေသးခင္ တစ္စကၠန႔္မွာပဲ ထိုတံခါးက အင္အားႀကီးမားသည့္ တစ္စုံတစ္ခုနဲ႔ တြန္းဖြင့္ခံလိုက္ရသလိုမ်ိဳး ပြင့္သြားခဲ့သည္။
“...”
“...”
အထဲတြင္ မဲေမွာင္ေနၿပီး အျပင္ကထက္ ပိုေမွာင္ေနသည္။
ကိုယ့္လက္ကို ျပန္မျမင္ႏိုင္ေလာက္သည္အထိ မဲေမွာင္ေနသည္။
ေရွာင္ခ်န္း ကတံေတြးၿမိဳခ်လိုက္ၿပီး အသက္ရႉသြင္းလိုက္ကာ ေလွ်ာက္ဝင္လိုက္သည္။
အထဲကို သူႏွစ္လွမ္းေလာက္ ေလွ်ာက္ဝင္လိုက္ခ်ိန္တြင္ တံခါးက တစ္စုံတစ္ေယာက္ တြန္းလိုက္ပုံရၿပီး “ဘမ္း”ဆိုသည့္ အသံနဲ႔အတူ ပိတ္သြားခဲ့သည္။
ေရွာင္ခ်န္း ရဲ႕ခႏၶာကိုယ္က တုန္သြားၿပီး သူ႔ႏွလုံးသားက ခိုက္ခိုက္တုန္သြားခဲ့သည္။
Shit, အရမ္းေမွာင္ေနတာပဲ။
“ယုေမာ့” ေရွာင္ခ်န္း ရဲ႕အသံက အနည္းငယ္ တုန္ေနသည္။ သူ႔ပတ္ဝန္းက်င္ကို မျမင္ႏိုင္ပဲ ပိုဆိုးတာက အထဲတြင္ ဘာရွိတယ္ဆိုတာကို သူမသိေပ။ မ်က္စိမျမင္သည့္ ခံစားခ်က္မ်ိဳး ျဖစ္ေနကာ ေရွာင္ခ်န္း ကအသံထုတ္ေျပာရမွာကိုေတာင္ ေၾကာက္ေနခဲ့သည္။
တစ္စကၠန႔္၊ ႏွစ္စကၠန႔္၊ သုံးစကၠန႔္...
ဘယ္သူ႔မွ ျပန္မေျဖေပ။
အခုေတာ့ ေရွာင္ခ်န္း လန႔္ေနခဲ့သည္။ စကၠန႔္အနည္းငယ္အတြင္း မ်ားျပားလွသည့္ အေတြးေတြက အစုလိုက္ တိုးဝင္လာခဲ့ၿပီး သူ႔ခႏၶာကိုယ္က ထိုေနရာတြင္သာ ေအးခဲေနခဲ့ၿပီး အသံေတာင္ မထြက္ရဲေတာ့ေပ။ ယုေမာ့ ရဲ႕နာမည္ကိုလဲ သူဆက္မေခၚရဲေတာ့ေပ။
သူ... သူစြန႔္ပစ္ခံလိုက္ရၿပီလား?
ေရွာင္ခ်န္း ရဲ႕ႏႈတ္ခမ္းက ျဖဴေဖ်ာ့လာခဲ့သည္။
ထိုလူက ေရွာင္ခ်န္း ရဲ႕အေနာက္တြင္ ရပ္ေနခဲ့သည္။ သူ႔အျမင္က တျခားသာမန္လူေတြနဲ႔ မတူတာေၾကာင့္ သူ႔ပတ္ဝန္းက်င္က အရာအားလုံးကို ျမင္ႏိုင္ေနသည္။ သူ႔ရႈေထာင့္မွ ေရွာင္ခ်န္း ကတုန္ရီၿပီး ေၾကာက္လန႔္ေနသည့္ ဟန္းစတားေလးလို ေထာင့္ဘက္တြင္ ပုန္းကြယ္ေနမ်ိဳး ျဖစ္ေနေပမဲ့ သူဘာလုပ္ရမွန္း မသိေပ။
ေရွာင္ခ်န္း ကသူ႔နာမည္ကို အႀကိမ္အနည္းငယ္ေလာက္ ထပ္ေခၚလာဖို႔ သူေမွ်ာ္လင့္ခဲ့ေပမဲ့ ေရွာင္ခ်န္း က႐ုတ္တရက္ႀကီး စကားထပ္မေျပာေတာ့တာကို ေတြ႕လိုက္ရသည္။ ထိုလူက ခ်က္ခ်င္းပင္ မေကာင္းသည့္ ခံစားခ်က္ကို ရလိုက္ၿပီး ေျခလွမ္းက်ဲႀကီးေတြနဲ႔ ေရွာင္ခ်န္း ေရွ႕ကိုတိုးသြားလိုက္သည္။
ေရွာင္ခ်န္း ရဲ႕အမူအရာကို သူျမင္လိုက္ခ်ိန္တြင္ ေအးခဲသြားခဲ့သည္။
အစက ေရွာင္ခ်န္း ကေၾကာက္ၿပီး ငိုမယ္လို႔ ထင္ခဲ့ေပမဲ့ ေရွာင္ခ်န္း ကဝိဉာဥ္ေပ်ာက္ဆုံးသလိုမ်ိဳး ထိုေနရာတြင္ ရပ္ေနၿပီး စကားမေျပာေတာ့ေပ။ သူ႔ပုခုံးေတြက တုန္မေနပဲ သူ႔သြားေတြက ႏႈတ္ခမ္းေတြကို ကိုက္မထားခဲ့ရင္ ေရွာင္ခ်န္း ကေၾကာက္မေနဘူးလို႔ သူထင္မိလိမ့္မည္။ သို႔ေသာ္ ထိုအမူအရာေတြက အေၾကာင္းျပခ်က္မရွိပဲ ထိုလူအား ပိုစိတ္ဓာတ္က်ေစသည့္ ခံစားခ်က္ကို ေပးစြမ္းေနသည္။
“ကိုယ္ရွိတယ္”
ထိုစကားကို ၾကားလိုက္ၿပီး စကၠန႔္ပိုင္းတြင္ ေရွာင္ခ်န္း ကႏႈတ္ခမ္းကို ကိုက္ထားတာကို လႊတ္လိုက္ၿပီး သူ႔ပုခုံးက တုန္ေနတာေတာင္ ရပ္သြားခဲ့သည္။
ယုေမာ့ ကခ်က္ခ်င္းပင္ ေရွာင္ခ်န္း အားသူ႔လက္ေမာင္းထဲ ထည့္လိုက္ၿပီး ကေလးအား ေခ်ာ့ျမဴေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ “ကိုယ္မွားတာပါ၊ ကိုယ္မွားတာ။ ေနာက္တစ္ခါက်ရင္ ကိုယ္ မင္းကို ဒီလိုမ်ိဳး ထပ္မစေတာ့ပါဘူး”
ေနာက္ဆုံးေတာ့ ေရွာင္ခ်န္း ကစစ္မွန္သည့္ အာ႐ုံကိုရသြားပုံေပၚသည္။ သူ႔မ်က္လုံးေတြက တုန္ေနၿပီး ထင္တဲ့အတိုင္းပင္ မ်က္ရည္ေတြက က်လာခဲ့သည္။ သူက ႏွစ္ႀကိမ္ေလာက္ ရႈိက္လိုက္ၿပီး ငိုေနရာ ႀကိဳ႕ထိုးသံက ထြက္လာၿပီးေနာက္ ဝမ္းနည္းေနသည့္ အသံျဖင့္ ေျပာလိုက္သည္။ “ကြၽန္ေတာ့္ကို ခင္ဗ်ား မလိုခ်င္ေတာ့ဘူးလို႔ ထင္ေနတာ”
ယုေမာ့ ကရႈံ႕မဲ့ေနသည့္ မ်က္ႏွာေလးကို ၾကည့္လိုက္ၿပီးေနာက္ ေရွာင္ခ်န္း ရဲ႕ႏွလုံးသားထဲမွ ဝန္ခံခ်က္ေတြကို ၾကားလိုက္ရသည္။ သူက ေျပာလိုက္သည္။ “ကမာၻႀကီးက မင္းကို မလိုခ်င္ေတာ့ရင္ေတာင္ ကိုယ္က မင္းကို မလိုခ်င္တာက ဘယ္ေတာ့မွ ျဖစ္လာႏိုင္မွာ မဟုတ္ဘူး”
အခ်ိန္ခနေလာက္က ေရွာင္ခ်န္း အားငိုဖို႔ လုံေလာက္သည္။ ေရွာင္ခ်န္း ကသူ႔မ်က္ႏွာနဲ႔ ယုေမာ့ ရဲ႕ပုခုံးကို ပြတ္သပ္လိုက္ၿပီး သနားစဖြယ္ ေျပာလိုက္သည္။ “ကြၽန္ေတာ္ ဘာဆက္လုပ္ရမလဲ?”
ထိုလူက သူ႔အား လႊတ္ေပးလိုက္ၿပီး ႏူးညံ့သည့္အသံျဖင့္ ေျပာလိုက္သည္။ “ကိုယ့္လက္ကိုကိုင္ထား၊ ကိုယ္ မင္းကို ကိုင္ထားမယ္”
ေရွာင္ခ်န္း ကနာခံစြာျဖင့္ ထိုလူရဲ႕လက္ကို ဆြဲလိုက္သည္။ ထိုလူက ၿပဳံးလိုက္ၿပီး ေရွာင္ခ်န္း ရဲ႕လက္အား ပိုတင္းတင္း ဆုပ္လိုက္သည္။
မ်ားျပားလွသည့္ ဂ႐ုစိုက္ျခင္းေတြ ပါဝင္ေနၿပီး ဒါက...
ဘာနဲ႔တူတာလဲ? သူ႔လက္ထဲမွာ ကမာၻႀကီးကို ကိုင္ထားရသလိုမ်ိဳး၊ သူ႔အခ်စ္ျမတ္ႏိုးရဆုံး ရတနာေလးကို ကိုင္ထားရသလိုမ်ိဳးပဲ။
ယုေမာ့ ကမယုံႏိုင္ေလာက္သည့္ စိတ္ေက်နပ္မႈကို ခံစားလိုက္ရသည္။
ပတ္ဝန္းက်င္က အရမ္းကိုမဲေမွာင္ေနတာေၾကာင့္ ေရွာင္ခ်န္း ကဘာကိုမျမင္ႏိုင္ပဲ သူ႔ေဘးပတ္ဝန္းက်င္တြင္ ဘာရွိလဲဆိုတာကို မသိႏိုင္ေပမဲ့ ထိုလူကေတာ့ ရွင္းရွင္းလင္းလင္းကို ျမင္ေနရသည္။
ႀကီးမားလွသည့္ စပါးအုံးႏွစ္ေကာင္က သူတို႔လွ်ာကို ထုတ္ေနၾကသည္။ သူတို႔က ေရွာင္ခ်န္း ႏွစ္ေယာက္စာေလာက္ ႀကီးမားၿပီး ၅ မီတာမွ ၆ မီတာေလာက္ထိ ရွည္လ်ားၿပီး သူတို႔သြားေတြကလဲ ဓားသြားေတြလို ထက္ရွေနသည္။ ေႁမြႏွစ္ေကာင္က တစ္ေကာင္နဲ႔ တစ္ေကာင္ ယွက္ႏြယ္ေနၾကၿပီး သူတို႔ခႏၶာကိုယ္ေတြက တြန႔္လိမ္ေနသည္။ သူတို႔ပါးစပ္က က်ယ္က်ယ္ဖြင့္ထားၿပီး သြားရည္ေတြက ထက္ရွသည့္ သြားၾကားမွ စီးက်ေနသည္။ ေနရာတစ္ခုလုံးမွာ မ်ားျပားလွသည့္ ေႁမြေတြက ရွိေနေသးသည္။
ေသခ်ာေပါက္ စပါးအုံးအျပင္ အခန္းထဲတြင္ တျခားအရာေတြလဲ ရွိေနေသးသည္။
ဥပမာ...
လူအေလာင္းေတြနဲ႔ အ႐ိုးေခါင္းေတြ၊ အ႐ိုးေတြ...
ၾကမ္းျပင္က နီရဲေနသည္။ ေသြးေတြအျပင္ ေဆြးေျမ့ေနသည့္ အဂၤါအစိတ္အပိုင္းေတြလဲ ရွိေနသည္။ ျမင္ကြင္းက မႏွစ္ၿမိဳ႕ဖြယ္ျဖစ္ေနၿပီး အရမ္းကို ထိတ္လန႔္ေၾကာက္မက္ဖြယ္လဲ ေကာင္းေနသည္။ သူတို႔အားလုံးက စပါးအုံးက အစားခံလိုက္ရသည့္ လူေတြသာျဖစ္သည္။
ထိုလူရဲ႕အမူအရာက ဂ႐ုမစိုက္ဟန္ျဖစ္ေနၿပီး ဘာထိတ္လန႔္မႈမွ ရွိမေနေပ။ ခန႔္မွန္းမိထားသလိုမ်ိဳး ထိုအရာေတြက သူ႔ကို သက္ေရာက္မႈမရွိေပ။
ထို႔အျပင္ ေနရာတစ္ခုလုံးက က်ဥ္းေျမာင္းသည္။ လူႏွစ္ေယာက္က စပါးအုံးနဲ႔ တစ္မီတာလာက္သာ ေဝးကြာေနသည္။ စပါးအုံး ႏွစ္ေကာင္က သူတို႔လွ်ာကို ထုတ္ေနၾကၿပီး တြဲေလ်ာင္းခ်ထားေပမဲ့ သူတို႔က ေရွ႕ကိုေတာ့ တိုးမလာရဲၾကေပ။ သူတို႔က ၾကမ္းျပင္ေပၚတြင္ သူတို႔ခႏၶာကိုယ္ကို တြန႔္လိမ္ေန႐ုံသာ တက္ႏိုင္ၿပီး သူတို႔က ဆာေလာင္ေနပုံနဲ႔ တူေနသည္။
ေရွာင္ခ်န္း ကမျမင္ႏိုင္တာေၾကာင့္ သူ႔တျခားအာ႐ုံေတြက တိုးျမင့္ေနၿပီး ၾကမ္းျပင္တြင္ ပြတ္တိုက္သံက သူ႔ကို ေၾကာက္လန႔္သြားေစၿပီး ယုေမာ့ နားကို ပိုတိုးကပ္သြားခဲ့သည္။
ထိုလူရဲ႕ တျခားလက္ညႇိဳးက သူ႔ႏႈတ္ခမ္းကို ဖိလိုက္ၿပီး သူ႔မ်က္လုံးတြင္ သတိေပးခ်က္ေတြက ရွိေနသည္။ သူ႔ႏႈတ္ခမ္းက လႈပ္ရွားသြားေပမဲ့ အသံေတာ့ ထြက္မလာေပ။
တိတ္တိတ္ေန၊ မေၾကာက္နဲ႔ ေဘဘီ။
စပါးအုံးေတြက သူတို႔လႈပ္ရွားေနတာကို ရပ္တန႔္လိုက္ၿပီး တစ္ခ်ိန္တည္း အသံေတြက ရပ္သြားခဲ့သည္။
ေရွာင္ခ်န္း ရဲ႕အသက္ရႉသံက တိုးလ်သြားၿပီး ေျခလွမ္းတိုင္းကို ဂ႐ုတစိုက္ ေလွ်ာက္ေနၿပီး ယုေမာ့ ေဘးမွေပ်ာက္သြားမွာကို ေၾကာက္ေနခဲ့သည္။
ေရွာင္ခ်န္း ကသူအခန္းထဲ ဝင္လိုက္ခ်ိန္တြင္ လိုက္ဖ္စခရင္က မဲေမွာင္သြားတာကို မသိလိုက္ေပ။
[ျဖတ္ေလွ်ာက္ 876576: Shit, WTF! အဓိကပြဲ၊ အာ၊ ေသာက္အမဲေရာင္စခရင္!
ျဖတ္ေလွ်ာက္ 89768: ေျပာစရာေတာင္ မရွိေတာ့ဘူး။ ကေလးႏွစ္ေယာက္က အဲ့လူကို ဘယ္လိုစားမလဲဆိုတာ ငါျမင္ခ်င္ေနေသးတာကို Fuck!
ျဖတ္ေလွ်ာက္ 876566: WTH! ငါ လိုက္ဖ္ထဲ ဝင္လိုက္႐ုံပဲ ရွိေသးတာေလ။
ျဖတ္ေလွ်ာက္ 987687: လိုက္ဖ္လႊင့္ဖို႔ ပုံေတြက အရမ္းေကာင္းလြန္းေနတာျဖစ္မယ္။
ျဖတ္ေလွ်ာက္ 987659: ဒါက ဘာေၾကာင့္ မလႊင့္ႏိုင္ရတာလဲ? အရင္က ဒီလိုမ်ိဳး မျဖစ္ခဲ့ဖူးပါဘူး။ ေျပာစရာေတာင္ မရွိေတာ့ဘူး။]
ယုေမာ့ ကတံခါးဆီ ျပန္ၾကည့္လိုက္ၿပီး သူ႔ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ျမင့္တက္သြားခဲ့သည္။
စပါးအုံးေတြက တခ်ိဳ႕အသံေတြကို ၾကားလိုက္ၿပီး သူ႔ေခါင္းကို ဆန႔္ထုတ္ကာ ေမာ့လိုက္သည္။ သူတို႔က မသတ္ႏိုင္ခင္ ၿခိမ္းေျခာက္ေနသလိုမ်ိဳး သူတို႔မ်က္လုံးေတြက ေၾကာက္မက္ဖြယ္ျဖစ္ေနသည္။
ထိုလူက ရယ္လိုက္သည္။
ထိုအုပ္စုက အရမ္းကို မနာခံတည္းက အျပစ္ေပးခံသင့္တယ္။
ထိုလူရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းေနခဲ့သည္။
သူတို႔ထဲက တစ္ေယာက္က သူ႔ေဘဘီကို နာက်င္ေစခ်င္ေနတယ္။
26.08.2022 (Fri)
............................