Unicode
၁၆၈၁။ အားလုံးက သံသယရှိသူတွေပဲ
______________________
အန်ကယ်က လက်အိတ်တွေစွပ်၊ အလောင်းရဲ့ကလီစာတွေဆီလက်လှမ်း၊ အစာအိမ်ကိုဆွဲဖြဲကာသေချာစစ်ဆေးနေသည်ကို နဉ်ရှု တိတ်တိတ်လေးကြည့်နေမိ၏။
သူမ နေလို့မကောင်းတော့ပေ။ သူမက ပါးစပ်အပြည့်တံတွေးတွေကို တိတ်တဆိတ်မြိုချလိုက်သည်။
"လူသတ်သမားဘယ်သူလို့မင်းထင်လဲ?"
နဉ်ရှုဘေးမှာရပ်နေသည့်ကျန်းကျားစန်ကမေးလာသည်။
"အားလုံးက သံသယတရားခံပဲ။"
နဉ်ရှုက အရေးမစိုက်စွာဆိုသည်။
အသတ်ခံရသူနဲ့တစ်ခန်းတည်းနေတဲ့သူမှန်သမျှ သးမနဲ့မိန်ကျီချင်းအပါအဝင်၊ အကုန်လုံးက သံသယတရားခံတွေပဲ။ သူမ ဒီကိုယ်ထဲမဝင်ခင် မူလကိုယ်က သေသူကိုသတ်လိုက်နိုင်တာပဲ။
ဒါမှမဟုတ် အခန်းထဲကလူအများကြီးက သေသူကို အတူတူသတ်လိုက်ကြတာလည်းဖြစ်နိုင်တယ်။ သတ်တဲ့လူက စုတ်တံပိုင်ရှင်ဖန်ချန်းလည်းဖြစ်နိုင်တာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်နိုင်ချေတွေကသန်းနဲ့ချီနေတာဆိုတော့ သေချာဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။
ဘာလို့ကလပ်ခေါင်းဆောင်ဖန့်ကျွင်းယန်က ဒီလိုခေါင်တဲ့နေရာကိုရွေးရတာလဲ? နဉ်ရှုက ပြတင်းပေါင်အပြင်ကိုလှမ်းကြည့်လိုက်သည်၊ ဘေးပတ်လည်မှာ အိမ်လေးနည်းနည်းသာရှိသည်။ ခွေးနှစ်ကောင်ရဲ့တစ်ခါတစ်ထါထဟောင်သံမှတစ်ပါး ပတ်ဝန်းကျငိက အင်မတန်တိတ်ဆိတ်နေ၏။
ကြည့်လေရာမှာသက်ရှိဟူ၍မရှိပေ။
နဉ်ရှုမှာ ပထမဆုံးသေတဲ့လူက ဘာကြောင့်သူမဘေးအိပ်တဲ့လူဖြစ်နေရလဲဆိုတာကို မစဉ်းစားနိုင်ဘဲဖြစ်နေ၏။
သံသရာတစ်ပတ်စီတိုင်းမှာ သေဆုံးပုံတွေကကွဲပြားပြီး သေတဲ့အစဉ်တွေကလည်းမတူပေ။ ဒီမှာပုံသေသတ်မှတ်ထားတာရယ်လို့ လုံးဝမရှိချေ။
ရိုးရာပန်းချီကလပ်ထဲကလူတိုင်းက သံသယတရားခံတွေဖြစ်သည်။ အားလုံးမှာ အသက်အန္တရာယ်လည်းရှိနေသည်။
ကျန်းကျားစန်က မျက်လုံးတို့ကိုမှေးကျဉ်းလိုက်သည်။
"သဘာဝလွန်စွမ်းအားဖြစ်နိုင်လောက်လား?"
"သဘာဝလွန်စွမ်းအားမဖြစ်နိုင်ဘူး။"
မိန်ကျီချင်းကခေါင်းခါသည်။
"ငါ့မှာ စိတ်စွမ်းအားတစ်မျိုးရှိတယ်၊ ပြီးတော့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သံလိုက်စက်ကွင်းရှိမနေဘူး။"
နဉ်ရှုက မိန်ကျီချင်းကို အနည်းငယ်အံ့ဩကာကြည့်လိုက်သည်။ မိန်ကျီချင်းမှာ ဒီလိုစွမ်းအားမျိုးရှိလိမ့်မယ်လို့ သူမ ထင်မထားခဲ့ဘူး။
နဉ်ရှုက ခဏမျှစဉ်းစားနေသည်။ ထို့နောက် သူမက ကျန်းကျားစန်ရဲ့လက်ကို သွေးထွက်လာတဲ့အထိဆိတ်လိုက်ပြီး သူမရဲ့လက်ညှိုးမှာသွေးစွန်းစေလိုက်သည်။ သူမက မန္တန်တစ်ပုဒ်ရွတ်ကာ သူမမျက်ခွံပေါ်မှာ သွေးတွေကိုသုတ်လိုက်၏။
"ကျစ်၊ နင့်ဒီကိုယ်က လူပျိုလည်းမဟုတ်ဘူး။"
သူမက ကျန်းကျားစန်ကိုပြောသည်။ သူမအမူအရာက ရွံရှာနေဟန်အပြည့်ဖြင့်ဖြစ်သည်။ သူမ ဘာမှမတွေ့ရဘူး။
နဉ်ရှုက သူမရဲ့မျက်ခွံပေါ်ကသွေးတွေကိုသုတ်လိုက်သည်။
"ဒီနားတစ်ဝိုက်ကပုံမှန်ပဲ။ ဒီသေဆုံးမှုတွေက လူလုပ်တာ။"
အန်ကယ်က ဗြောင်ကျကျပင်ဆိုသည်။
"အလောင်းကိုလွှင့်လိုက်တော့။"
အန်ကယ်က သူ့လက်အိတ်တွေကိုချွတ်ကာ အလောင်းပေါ်ပစ်တင်လိုက်သည်။ ထို့နောက် သူက ပိုးသတ်ဆေးဘူးကိုဆွဲယူကာ သူ့လက်တွေကို သည်းကြီးမည်းကြီးဖြန်းတော့သည်။
"ဘာဖြစ်နေကြတာလဲ?"
ဧည့်ခန်းနားမှာရှိတဲ့အခန်းကနေ အဖွားအိုတစ်ယောက်ထွက်လာသည်။ သူမရဲ့ကိုယ်ကကိုင်းညွတ်နေ၏။ သူမရဲ့မျက်နှာက ဇရာအရေးကြောင်းတို့ဖြင့်ပြည့်နေကာ သူမရဲ့ဆံပင်တွေက နှင်းလိုဖြူဆွတ်နေသည်။
သူမဘေးမှာတော့ ဆယ့်ခုနနှစ်ခန့်ရှိသည့်မိန်းကလေးတစ်ယောက်ရပ်နေသည်။ မိန်းကလေးက အဖွားအိုရဲ့အနွေးထည်ထောင့်စွန်းကိုကိုင်ထားသည်။ သူမက ဂွမ်းအနွေးထည်အထူကြီးဝတ်ထားပြီး မျက်လုံးတွေက အတော်လေးထူးဆန်းသည်။ သူမရဲ့မျက်ဆံနက်တွေက အတော်လေးသေးငယ်ကာ ဖြူဖျော့ဖျော့မီးခိုးရောင်ကမျက်ဆံကိုဝန်းရံထားသည်။ သူမရဲ့မျက်လုံးတွေက အရိပ်တစ်ခုနဲ့အကွယ်ခံထားရသလိုမျိုးပင်။
"ဒါ၊ ဒါက..."
ကလီစာတွေထွက်ပေါ်နေတဲ့စားပွဲပေါ်ကအလောင်းကိုမြင်တဲ့အခါ အဖွားအိုမှာ ထိတ်လန့်သွားတော့သည်။
"မင်းတို့တွေဘာလုပ်နေကြတာလဲ!? ထွက်သွားကြ။ မင်းတို့ကို ဒီကမကြိုဆိုဘူး။"
အဖွားအို ပျာယာခတ်သွားသည်။
"ဘာဖြစ်လို့လဲအဖွား?"
မိန်းကလေးက အဖွားအိုရဲ့အဝတ်တွေကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
"မင်းတို့တွေ ဘယ်လိုလုပ်ပြီး ငါ့အိမ်ထဲမှာလူသတ်နိုင်ရတာလဲ? ထွက်သွားကြ! မင်းတို့တွေ ဒီလုပ်ရပ်အတွက် အပြစ်ပေးခံရလိမ့်မယ်။"
အဖွားအိုက သူမရဲ့ကြိမ်တုတ်နဲ့ နဉ်ရှုတို့ဆီထိုးသည်။
"ကျွန်မတို့ ဒီမိန်းကလေးကိုမသတ်ပါဘူးအဖွား။"
အဆင့်မြင့်တာဝန်ထမ်းဆောင်သူလုရှန်းရှန်းက လေအေးကလေးဖြင့်ဆိုသည်။
"ငါဂရုမစိုက်ဘူး။ မင်းတို့တွေ ငါ့အိမ်မှာဆက်နေလို့မရတော့ဘူး။"
အဖွားအိုက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့်လက်ယမ်းသည်။
လုရှန်းရှန်းက မျက်မှောင်ကုတ်သည်။ သူမက အကန်းမလေးဘက်လှည့်ကာဆို၏။
"ညီမလေး၊ အခု နှင်းအရမ်းကျနေတော့ အစ်မတို့ထွက်သွားဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ အစ်မတို့ကို ဒီမှာနေခွင့်ပေးပါနော်။ အစ်မတို့ ဒီမိန်းကလေးကို တကယ်မသတ်ပါဘူး။"
မိန်းကလေးက သူမအဖွားရဲ့အင်္ကျီစကိုဆွဲသည်။
"သူတို့ကို ဒီမှာနေခွင့်ပေးလိုက်ပါနော်အဖွား။ အရင်က မြေးတို့ဆီမှာ တစ်ခါမှဒီလောက်လူများနေတာမရှိဖူးဘူးလေ။"
"သူတို့ဘာလုပ်နေတယ်ဆိုတာ ညည်းမမြင်ဘူးငါ့မြေးရဲ့။"
အဖွားအိုက စိတ်ပူနေဟန်ရှိသည်။
"ကျွန်မတို့ တည်းခိုခကို ငါးဆပေးပါ့မယ်။"
လုရှန်းရှန်းကပြောသည်။
"အဖွား၊ ဒီလောက်များတဲ့ပိုက်ဆံတွေနဲ့ဆို မြေးမျက်လုံးတွေကိုကုဖို့ ဆေးရုံသွားလို့ရပြီလေ။"
မိန်းကလေးက စိတ်လှုပ်ရှားစွာဆိုသည်။
အဖိုးအိုက သက်ပြင်းချလိုက်ပေမယ့် ဘာမှမပြောတော့ချေ။
လုရှန်းရှန်းက အရေးမစိုက်တဲ့ဟန်နဲ့ရှိနေတဲ့ကျောင်းဆရာဝန်အန်ကယ့်ဆီ အောင်ပြီဆိုတဲ့လက်ဟန်လုပ်ပြသည်။ အန်ကယ်ကတော့ သူ့လက်သည်းတွေအောက်မှာ ဖုန်လေးတစ်စက်တောင်ရှိမနေတာသေချာစေဖို့အတွက် သူ့လက်တွေကိုစိုက်ကြည့်နေ၏။
နဉ်ရှုက အနှီမြေးအဖွားကို သေချာအကဲခတ်လိုက်သည်။ သူတို့က ဒီအိမ်ပိုင်ရှင်တွေပဲ။ မိန်းကလေးမှာ မျက်စိရောဂါရှိပြီး မွေးတည်းကကန်းနေတာလို့ သူမကြားတယ်။ ကလေးမရဲ့မိဘတွေက အလုပ်လုပ်ဖို့အပြင်ထွက်သွားကြပြီး နှစ်အတော်ကြာတဲ့အထိပြန်ရောက်မလာကြဘူး။
...
Zawgyi
၁၆၈၁။ အားလံုးက သံသယရိွသူေတြပဲ
______________________
အန္ကယ္က လက္အိတ္ေတြစြပ္၊ အေလာင္းရဲ့ကလီစာေတြဆီလက္လွမ္း၊ အစာအိမ္ကိုဆြဲၿဖဲကာေသခ်ာစစ္ေဆးေနသည္ကို နဉ္ရႈ တိတ္တိတ္ေလးၾကၫ့္ေနမိ၏။
သူမ ေနလို႔မေကာင္းေတာ့ေပ။ သူမက ပါးစပ္အျပၫ့္တံေတြးေတြကို တိတ္တဆိတ္ၿမိဳခ်လိုက္သည္။
"လူသတ္သမားဘယ္သူလို႔မင္းထင္လဲ?"
နဉ္ရႈေဘးမွာရပ္ေနသၫ့္က်န္းက်ားစန္ကေမးလာသည္။
"အားလံုးက သံသယတရားခံပဲ။"
နဉ္ရႈက အေရးမစိုက္စြာဆိုသည္။
အသတ္ခံရသူနဲ႔တစ္ခန္းတည္းေနတဲ့သူမွန္သမ်ွ သးမနဲ႔မိန္က်ီခ်င္းအပါအဝင္၊ အကုန္လံုးက သံသယတရားခံေတြပဲ။ သူမ ဒီကိုယ္ထဲမဝင္ခင္ မူလကိုယ္က ေသသူကိုသတ္လိုက္ႏိုင္တာပဲ။
ဒါမွမဟုတ္ အခန္းထဲကလူအမ်ားႀကီးက ေသသူကို အတူတူသတ္လိုက္ၾကတာလည္းျဖစ္ႏိုင္တယ္။ သတ္တဲ့လူက စုတ္တံပိုင္ရွင္ဖန္ခ်န္းလည္းျဖစ္ႏိုင္တာပဲ။
ဘယ္လိုပဲျဖစ္ျဖစ္ ျဖစ္ႏိုင္ေခ်ေတြကသန္းနဲ႔ခ်ီေနတာဆိုေတာ့ ေသခ်ာဖို႔ဘယ္လိုမွမျဖစ္ႏိုင္ဘူး။
ဘာလို႔ကလပ္ေခါင္းေဆာင္ဖန႔္ကြၽင္းယန္က ဒီလိုေခါင္တဲ့ေနရာကိုေရြးရတာလဲ? နဉ္ရႈက ျပတင္းေပါင္အျပင္ကိုလွမ္းၾကၫ့္လိုက္သည္၊ ေဘးပတ္လည္မွာ အိမ္ေလးနည္းနည္းသာရိွသည္။ ေခြးႏွစ္ေကာင္ရဲ့တစ္ခါတစ္ထါထေဟာင္သံမွတစ္ပါး ပတ္ဝန္းက်ငိက အင္မတန္တိတ္ဆိတ္ေန၏။
ၾကၫ့္ေလရာမွာသက္ရိွဟူ၍မရိွေပ။
နဉ္ရႈမွာ ပထမဆံုးေသတဲ့လူက ဘာေၾကာင့္သူမေဘးအိပ္တဲ့လူျဖစ္ေနရလဲဆိုတာကို မစဉ္းစားႏိုင္ဘဲျဖစ္ေန၏။
သံသရာတစ္ပတ္စီတိုင္းမွာ ေသဆံုးပံုေတြကကြဲျပားၿပီး ေသတဲ့အစဉ္ေတြကလည္းမတူေပ။ ဒီမွာပံုေသသတ္မွတ္ထားတာရယ္လို႔ လံုးဝမရိွေခ်။
ရိုးရာပန္းခ်ီကလပ္ထဲကလူတိုင္းက သံသယတရားခံေတျြဖစ္သည္။ အားလံုးမွာ အသက္အႏၲရာယ္လည္းရိွေနသည္။
က်န္းက်ားစန္က မ်က္လံုးတို႔ကိုေမွးက်ဉ္းလိုက္သည္။
"သဘာဝလြန္စြမ္းအားျဖစ္ႏိုင္ေလာက္လား?"
"သဘာဝလြန္စြမ္းအားမျဖစ္ႏိုင္ဘူး။"
မိန္က်ီခ်င္းကေခါင္းခါသည္။
"ငါ့မွာ စိတ္စြမ္းအားတစ္မ်ိဳးရိွတယ္၊ ၿပီးေတာ့ ပတ္ဝန္းက်င္မွာ ထူးဆန္းတဲ့သံလိုက္စက္ကြင္းရိွမေနဘူး။"
နဉ္ရႈက မိန္က်ီခ်င္းကို အနည္းငယ္အံ့ဩကာၾကၫ့္လိုက္သည္။ မိန္က်ီခ်င္းမွာ ဒီလိုစြမ္းအားမ်ိဳးရိွလိမ့္မယ္လို႔ သူမ ထင္မထားခဲ့ဘူး။
နဉ္ရႈက ခဏမ်ွစဉ္းစားေနသည္။ ထို႔ေနာက္ သူမက က်န္းက်ားစန္ရဲ့လက္ကို ေသြးထြက္လာတဲ့အထိဆိတ္လိုက္ၿပီး သူမရဲ့လက္ၫွိုးမွာေသြးစြန္းေစလိုက္သည္။ သူမက မႏၲန္တစ္ပုဒ္ရြတ္ကာ သူမမ်က္ခြံေပၚမွာ ေသြးေတြကိုသုတ္လိုက္၏။
"က်စ္၊ နင့္ဒီကိုယ္က လူပ်ိဳလည္းမဟုတ္ဘူး။"
သူမက က်န္းက်ားစန္ကိုေျပာသည္။ သူမအမူအရာက ရြံရွာေနဟန္အျပၫ့္ျဖင့္ျဖစ္သည္။ သူမ ဘာမွမေတြ့ရဘူး။
နဉ္ရႈက သူမရဲ့မ်က္ခြံေပၚကေသြးေတြကိုသုတ္လိုက္သည္။
"ဒီနားတစ္ဝိုက္ကပံုမွန္ပဲ။ ဒီေသဆံုးမႈေတြက လူလုပ္တာ။"
အန္ကယ္က ေျဗာင္က်က်ပင္ဆိုသည္။
"အေလာင္းကိုလႊင့္လိုက္ေတာ့။"
အန္ကယ္က သူ႔လက္အိတ္ေတြကိုခြၽတ္ကာ အေလာင္းေပၚပစ္တင္လိုက္သည္။ ထို႔ေနာက္ သူက ပိုးသတ္ေဆးဘူးကိုဆြဲယူကာ သူ႔လက္ေတြကို သည္းႀကီးမည္းႀကီးျဖန္းေတာ့သည္။
"ဘာျဖစ္ေနၾကတာလဲ?"
ဧၫ့္ခန္းနားမွာရိွတဲ့အခန္းကေန အဖြားအိုတစ္ေယာက္ထြက္လာသည္။ သူမရဲ့ကိုယ္ကကိုင္းၫြတ္ေန၏။ သူမရဲ့မ်က္ႏွာက ဇရာအေရးေၾကာင္းတို႔ျဖင့္ျပၫ့္ေနကာ သူမရဲ့ဆံပင္ေတြက ႏွင္းလိုျဖဴဆြတ္ေနသည္။
သူမေဘးမွာေတာ့ ဆယ့္ခုနႏွစ္ခန႔္ရိွသၫ့္မိန္းကေလးတစ္ေယာက္ရပ္ေနသည္။ မိန္းကေလးက အဖြားအိုရဲ့အေနြးထည္ေထာင့္စြန္းကိုကိုင္ထားသည္။ သူမက ဂြမ္းအေနြးထည္အထူႀကီးဝတ္ထားၿပီး မ်က္လံုးေတြက အေတာ္ေလးထူးဆန္းသည္။ သူမရဲ့မ်က္ဆံနက္ေတြက အေတာ္ေလးေသးငယ္ကာ ျဖဴေဖ်ာ့ေဖ်ာ့မီးခိုးေရာင္ကမ်က္ဆံကိုဝန္းရံထားသည္။ သူမရဲ့မ်က္လံုးေတြက အရိပ္တစ္ခုနဲ႔အကြယ္ခံထားရသလိုမ်ိဳးပင္။
"ဒါ၊ ဒါက..."
ကလီစာေတြထြက္ေပၚေနတဲ့စားပြဲေပၚကအေလာင္းကိုျမင္တဲ့အခါ အဖြားအိုမွာ ထိတ္လန႔္သြားေတာ့သည္။
"မင္းတို႔ေတြဘာလုပ္ေနၾကတာလဲ!? ထြက္သြားၾက။ မင္းတို႔ကို ဒီကမႀကိဳဆိုဘူး။"
အဖြားအို ပ်ာယာခတ္သြားသည္။
"ဘာျဖစ္လို႔လဲအဖြား?"
မိန္းကေလးက အဖြားအိုရဲ့အဝတ္ေတြကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။
"မင္းတို႔ေတြ ဘယ္လိုလုပ္ၿပီး ငါ့အိမ္ထဲမွာလူသတ္ႏိုင္ရတာလဲ? ထြက္သြားၾက! မင္းတို႔ေတြ ဒီလုပ္ရပ္အတြက္ အျပစ္ေပးခံရလိမ့္မယ္။"
အဖြားအိုက သူမရဲ့ႀကိမ္တုတ္နဲ႔ နဉ္ရႈတို႔ဆီထိုးသည္။
"ကြၽန္မတို႔ ဒီမိန္းကေလးကိုမသတ္ပါဘူးအဖြား။"
အဆင့္ျမင့္တာဝန္ထမ္းေဆာင္သူလုရွန္းရွန္းက ေလေအးကေလးျဖင့္ဆိုသည္။
"ငါဂရုမစိုက္ဘူး။ မင္းတို႔ေတြ ငါ့အိမ္မွာဆက္ေနလို႔မရေတာ့ဘူး။"
အဖြားအိုက စိတ္ပိုင္းျဖတ္ထားဟန္ျဖင့္လက္ယမ္းသည္။
လုရွန္းရွန္းက မ်က္ေမွာင္ကုတ္သည္။ သူမက အကန္းမေလးဘက္လွၫ့္ကာဆို၏။
"ညီမေလး၊ အခု ႏွင္းအရမ္းက်ေနေတာ့ အစ္မတို႔ထြက္သြားဖို႔က ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ အစ္မတို႔ကို ဒီမွာေနခြင့္ေပးပါေနာ္။ အစ္မတို႔ ဒီမိန္းကေလးကို တကယ္မသတ္ပါဘူး။"
မိန္းကေလးက သူမအဖြားရဲ့အက်ႌစကိုဆြဲသည္။
"သူတို႔ကို ဒီမွာေနခြင့္ေပးလိုက္ပါေနာ္အဖြား။ အရင္က ေျမးတို႔ဆီမွာ တစ္ခါမွဒီေလာက္လူမ်ားေနတာမရိွဖူးဘူးေလ။"
"သူတို႔ဘာလုပ္ေနတယ္ဆိုတာ ညည္းမျမင္ဘူးငါ့ေျမးရဲ့။"
အဖြားအိုက စိတ္ပူေနဟန္ရိွသည္။
"ကြၽန္မတို႔ တည္းခိုခကို ငါးဆေပးပါ့မယ္။"
လုရွန္းရွန္းကေျပာသည္။
"အဖြား၊ ဒီေလာက္မ်ားတဲ့ပိုက္ဆံေတြနဲ႔ဆို ေျမးမ်က္လံုးေတြကိုကုဖို႔ ေဆးရံုသြားလို႔ရၿပီေလ။"
မိန္းကေလးက စိတ္လႈပ္ရွားစြာဆိုသည္။
အဖိုးအိုက သက္ျပင္းခ်လိုက္ေပမယ့္ ဘာမွမေျပာေတာ့ေခ်။
လုရွန္းရွန္းက အေရးမစိုက္တဲ့ဟန္နဲ႔ရိွေနတဲ့ေက်ာင္းဆရာဝန္အန္ကယ့္ဆီ ေအာင္ၿပီဆိုတဲ့လက္ဟန္လုပ္ျပသည္။ အန္ကယ္ကေတာ့ သူ႔လက္သည္းေတြေအာက္မွာ ဖုန္ေလးတစ္စက္ေတာင္ရိွမေနတာေသခ်ာေစဖို႔အတြက္ သူ႔လက္ေတြကိုစိုက္ၾကၫ့္ေန၏။
နဉ္ရႈက အႏွီေျမးအဖြားကို ေသခ်ာအကဲခတ္လိုက္သည္။ သူတို႔က ဒီအိမ္ပိုင္ရွင္ေတြပဲ။ မိန္းကေလးမွာ မ်က္စိေရာဂါရိွၿပီး ေမြးတည္းကကန္းေနတာလို႔ သူမၾကားတယ္။ ကေလးမရဲ့မိဘေတြက အလုပ္လုပ္ဖို႔အျပင္ထြက္သြားၾကၿပီး ႏွစ္အေတာ္ၾကာတဲ့အထိျပန္ေရာက္မလာၾကဘူး။
...