[Unicode]
အပိုင်း ၁၉၆ (တရားရုံးအမှုစစ်များ)
ယွီရှောင်ချောင်းရဲ့ စိတ်အာရုံတွင်းမှာ အံ့ဖွယ်ကျောက်တုံးလေးက ထိုအမျိုးသမီးကြီးနှင့် ဆက်သွယ်နေနိုင်သည်။
[လူတစ်ယောက်ကို ကယ်တင်တာက ခုနှစ်ထပ်ဘုရားတစ်ဆူ တည်တာထက်တောင် မြတ်တယ်တဲ့။ စိတ်မပူပါနဲ့, ငါမင်းကိုကူညီပါ့မယ်။ ဒီညထွက်ချင်လား ဒါမှမဟုတ်]
ချွေ့ချွေ့ယွင်!
အံ့ဖွယ်ကျောက်တုံးလေးရဲ့စကားတွေက အသက်ကြီးပြီး တုန်ရင်နေတဲ့ အသံတစ်ခုရဲ့ ဖြတ်တောက်ခြင်းကို ခံလိုက်ရတယ်။ လူသုံးယောက်နဲ့ ဝိဉာဉ်တစ်ကောင်တို့က အသံလာရာဘက်ကို ကြည့်လိုက်တဲ့အခါ လရောင်အောက်မှ အဘိုးယွီရဲ့ပုံရိပ်ကို မြင်လိုက်ရတယ်။ ဒီည အဖြစ်ပျက်တွေ ပြီးတော့ အဘိုးယွီက ပုံမှန်ထက် အရမ်း အိုကျသွားသလိုပင်။
အဖြူရောင် မိန်းမကြီးရဲ့ အဘိုးယွီကို ကြည့်တဲ့မျက်လုံးတွေမှာ အရင်လို နွေးထွေးမှုတွေ မရှိတော့ပေ။ ခပ်ဖျော့ဖျော့အကြည့်နဲ့ပဲ သူမကပြောတယ်။
ယွီလီချုံ, ကျွန်မတို့ရဲ့ လင်မယားသံယောဇဉ်က ရှင် အမျိုးသမီးကျန်းရဲ့ လုပ်ရပ်တွေအပေါ် နှုတ်ဆိတ်နေကတည်းက အားလုံး ကုန်ဆုံးသွားပြီ။ အမှန်ပြောရရင် ကျွန်မရှင့်ကို အတော် စိတ်ပျက်တယ်! လူတွေပြောကြတဲ့ မိထွေးရရင် ပထွေးပါရတယ် ဆိုတဲ့စကားက အမှန်ဖြစ်နေတာပဲ!
လွမ်းဆွတ်မှုကြောင့်လား အပြစ်ရှိမှုကြောင့်လား မသဲကွဲပေမယ့် အဘိုးယွီရဲ့မျက်နှာမှာ မျက်ရည်တွေ ရွှဲနေသည်။ သူ့ရဲ့အသံက တုန်ရီနေလျက်
ငါတို့ကလေးတွေကို သေချာမစောင့်ရှောက်ခဲ့လို့ ငါတောင်းပန်ပါတယ်။ ငါမင်းကို စိတ်ပျက်စေခဲ့မိပါတယ်!
အမျိုးသမီးကြီးက ဘာခံစားချက်မှမပါတဲ့ အသံနဲ့ပြောတယ်။
ဒီလို အသုံးမဝင်တဲ့စကားတွေ ပြောမနေပါနဲ့တော့။ ကျွန်မ အဲ့တာတွေကို ထပ်နားထောင်ဖို့ စိတ်ကူးမရှိဘူး။ ရှင့်ဆီက နောင်တရတာတွေ တောင်းပန်တာတွေလည်း မလိုဘူး။ ရှင့်အပြစ်တွေ ကျေနိုင်မယ့် အကောင်းဆုံးနည်းက ဟိုင်အာရဲ့မိသားစုကို နောက်ထပ် ပြဿနာဖြစ်စေတာ ရပ်ဖို့ပဲ
ထို့နောက် သူမက ယွီဟိုင့်ဘက်ကို တုန့်ဆိုင်းစွာလှည့်ပြီး နူးညံ့တဲ့အသံနဲ့ပြောလာတယ်။
ဟိုင်အာ, အမေသွားရတော့မယ်! လူဝင်စားခြင်းက အမေ့အတွက် အကောင်းဆုံး အဆုံးသတ်ပဲ။ ဝမ်းမနည်းပါနဲ့။ မင်း ကောင်းကောင်းနေရမယ်နော်
သူမက ရှောင်ချောင်းရဲ့လက်မောင်းထဲက ကြောင်လေးကိုကြည့်လိုက်တယ်။ အံ့ဖွယ်ကျောက်တုံးလေးက သူမ ဆိုလိုရင်းကို သဘောပေါက်လိုက်တယ်။ ရွှေရောင်အလင်းတစ်ခု ထိုအမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲက ဖြာထွက်လာပြီး သူမရဲ့ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်
အမေ__
ယွီဟိုင်ရဲ့အော်ဟစ်ငိုကြွေးသံက ဆိတ်ငြိမ်တဲ့ တောင်ပေါ်တောဝန်းကျင်မှာ ပိုပြီး ကြေကွဲစရာ ကောင်းနေတယ်။ သို့သော်လည်း သူ့အမေအတွက် လူဝင်စားခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဆိုတာကိုလည်း သူသိတယ်။ သူမကို လွှတ်လိုက်ရမှာ တွန့်ဆုတ်နေခဲ့ပေမယ့် နေခိုင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။
အဘိုးယွီက မျက်ရည်တသွင်သွင်စီးကျကာ ခါးသီးစွာငိုကြွေးရင်း ရေရွတ်တယ်။
သူငါ့ကို အပြစ်တင်နေတုန်း အာ, အပြစ်တင်နေတုန်းပဲ သူငါ့ကို ခွင့်မလွှတ်ချင်ခဲ့ဘူး! ချွေ့ယွင်, ချွေ့ယွင် ငါမင်းကို စိတ်ပျက်စေခဲ့ပါတယ် အာ!!
တစ်ယောက်က တောင်ပေါ်လမ်းမှာ ဒူးထောက်နေပြီး တစ်ယောက်က ကိုင်းညွတ်စွာ မတ်တပ်ရပ်နေသည်။ ယွီဟိုင်နဲ့ အဘိုးယွီတို့နှစ်ယောက်လုံးက ပျံ့ကျဲသွားတဲ့ ထိုပုံရိပ် လွင့်ပျံသွားတဲ့ အရပ်ဆီကို အချိန်ကြာမြင့်စွာ ငေးကြည့်နေခဲ့ကြသည်။ အေးမြတဲ့ တောင်ပေါ်လေညှင်းတစ်ချက် တိုက်ခတ်ရာဝယ် ယွီရှောင်ချောင်းက ကျယ်လောင်စွာ နှာချေလိုက်သည်။
ထိုနှာချေသံက ယွီဟိုင့်ကို ဝမ်းနည်းမှုထဲက ဆွဲထုတ်လိုက်သည်။ ယွီဟိုင်က သူ့မျက်လုံးထောင့်တွေကို ပွတ်သပ်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက အပေါ်ဝတ်အင်္ကျီကိုချွတ်ကာ သူ့သမီးရဲ့ ကိုယ်လုံးလေးမှာ ခြုံပေးလိုက်ပြီး အနည်းငယ် ကွဲအက်သောအသံဖြင့်
ချောင်းအာ, ဒါကို မြန်မြန်ဝတ်လိုက်။ အအေးမမိစေနဲ့__ အဖေ, အဖေလည်း အိမ်ပြန်သင့်ပြီ
သူငါ့ကိုအပြစ်တင်နေတုန်း။ သူငါ့ကိုအပြစ်တင်နေတုန်းပဲ အာ
စိတ်ညှို့ခံထားရတဲ့သူလိုမျိုး သူက ထိုစာကြောင်းကိုပဲ ထပ်တလဲလဲ ရေရွတ်နေတော့သည်။
ယွီဟိုင်က သက်ပြင်းချပြီး ချိုသာစွာ ပြောလိုက်တယ်။
အဖေ, ကျွန်တော် အဖေ့ကို အပြစ်မတင်ပါဘူး။ အမေလည်း တင်မှာမဟုတ်ပါဘူး!! အဒေါ်ကျန်းက တချို့အရာတွေမှာတော့ မှန်ပါတယ် ညီလေးနဲ့ အငယ်ဆုံးညီမလေးတို့က ယွီမိသားစုရဲ့ မျိုးဆက်တွေပဲ ဆိုတာ။ လက်ဖမိုးလည်းအသားနဲ့ပဲ လက်ဖဝါးလည်း အသားနဲ့ပါပဲ သူတို့က ငယ်ကြပါသေးတယ်။ ဒါကြောင့် အဖေက သူတို့အတွက် တာဝန်မကင်းတာ မမှားပါဘူး။ အရမ်းကြီး စဉ်းစားမနေဘဲ မြန်မြန် ပြန်လိုက်ပါတော့!
အဘိုးယွီက ခေါင်းမော့လိုက်ပြီး ကလေးဘဝကတည်းက မစိုးရိမ်ခဲ့ရဆုံးဖြစ်တဲ့ သားကို မျက်ရည်တွေ ဝေဝါးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ အကယ်၍ သူသာ သူ့သားအပေါ် ဒီထက် ပိုပြီး ဂရုစိုက်ခဲ့မယ်ဆိုရင် အမျိုးသမီးကျန်းက သူ့လုပ်ရပ်တွေအတွက် နှစ်ခါပြန် စဉ်းစားခဲ့လောက်မလား? သူ့သား နည်းနည်းပဲဖြစ်ဖြစ် ခံစားရနည်းခဲ့လောက်မလား? အဲ့လိုဆို ချွေ့ယွင်လည်း သူ့ကို အပြစ်မတင်လောက်ဘူးမလား? ဘဝမှာ အကယ်၍ တွေ သိပ်မများလှပေ။ လူတွေက ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ယူရမယ်!
သာ့ဟိုင်, မင်းက မိသားစုကနေလည်း ခွဲထွက်ပြီးပြီ။ ဒါကြောင့် ငါတို့မိသားစုထဲက အရေးကိစ္စတွေကို ဘာမှ တွေးပူမပေးနဲ့တော့။ အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝမှာပဲနေပါတော့!!
အဘိုးယွီက နောက်ပြန်လှည့်ပြီး ကြမ်းတမ်းတဲ့ တောင်ပေါ်လမ်းတလျောက် ဆင်းလျောက်သွားတယ်။ သူ့ခြေလှမ်းတွေက အလွန် လေးလံနေပုံရသည်။
ယွီဟိုင်က အရင်လို မတောင့်ဖြောင့်တော့တဲ့ သူ့အဖေရဲ့နောက်ကျောကိုကြည့်ရင်း အဆုံးမှာ သူ့ပါးစပ်ကို ဖွင့်ဟကာ လှမ်းအော်လိုက်တယ်။
ကျွန်တော် မိသားစုက ခွဲလာတယ်ဆိုရင်တောင် အဖေက ကျွန်တော့် အဖေပါပဲ! ကျွန်တော်အဖေ့အပေါ် ကျေပွန်ရမယ့် သားဝတ္တရားတွေ အားလုံး မလျော့ပါးစေရဘူး
ဒါပေမယ့် သူပေးစရာမလိုတဲ့ အရာတွေအတွက်တော့ ကြေးပြားတစ်ပြားတောင် ထုတ်မှာမဟုတ်ဘူး!
သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း အိမ်ကို ပြန်ရောက်လာကြတယ်။ ယိုင်နဲ့နေတဲ့ ရွှံ့အုတ်အိမ်သုံးဆောင်ကိုကြည့်ပြီး ယွီဟိုင်က ရုတ်တရက်ပြောလာတယ်။
ဆောင်းဦးကောက်ရိတ်ချိန်ပြီးရင် ငါတို့အိမ်ကို အသစ်ပြန်ဆောက်ကြရအောင်! အိမ်ဟောင်းကို ဖြိုပြီး ဘေးနားက မြေကွက်ပါ ဝယ်ရမယ်။ ဒါမှ ကျယ်ကျယ်ဝန်းဝန်း ငါးခန်းပါ တိုက်အိမ်ကြီး ဆောက်နိုင်မှာ။ ငါတို့ ခြံဝင်းရဲ့ ရှေ့ပိုင်းရော နောက်ပိုင်းရောချဲ့လို့ရတယ်! ငါတို့တွေ ပြည့်စုံတဲ့ဘဝမှာ နေရမယ် ဒါမှ မင်းရဲ့ အဖွားက စိတ်ဖြောင့်ဖြောင့်နဲ့ ဘဝကူးနိုင်မှာ
ယွီရှောင်ချောင်းက မြို့ပေါ်မှာပဲ အိမ်နဲ့ဝိုင်းဝယ်ချင်ပေမယ့် သူမအဖေရဲ့စကားတွေကို ကြားတဲ့အခါ သူ့ကို ထောက်ခံဖို့ ခေါင်းညိမ့်လိုက်ရတယ်။
အမ်း! သမီးတို့ အိမ်သစ်ဆောက်မယ်ဆိုရင် ရွာမှာ အကောင်းဆုံးအိမ်ဖြစ်အောင် ဆောက်ကြမယ်။ အကိုဟန်တို့ အိမ်ကလို ဖန်ပြတင်းပေါက်လေးတွေပါ တပ်ရမယ်။ အဲ့တာဆို အလင်းရောင်လည်းရပြီး အခန်းကိုလည်း အနွေးဓာတ်ပေးမှာ
ဟုတ်ပြီ! ဖန်ပြတင်းပေါက်တွေပါ တပ်ကြစို့!
ယွီဟိုင်က အသက်ကိုပြင်းပြင်း ရှူထုတ်လိုက်ပြီး သူ့ရင်ဘတ်ထဲက တင်းကြပ်မှုတွေကို ဖြေလျော့လိုက်သည်။ ဘယ်သူမဆို ကိုယ့်အမေက တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံရတာကို သိရတဲ့အခါ သူတို့ရဲ့ရင်ထဲ နေမကောင်းဖြစ်ပါလိမ့်မည်။ ကံကောင်းစွာပဲ သူ့အမေက ဒီနေ့ ကိုယ်ထင်ပြလာပြီး သူ့ကို အပြစ်မတင်ဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ သူမက သူ့ကို ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ဖို့လည်း မှာရစ်ခဲ့တယ်
အမေ, စိတ်ချပါ။ ကျွန်တော် သေချာပေါက် ပြီးပြည့်စုံတဲ့ ဘဝမှာ နေပါ့မယ်!
နောက်နေ့မှာ ယွီရှောင်ချောင်းက အိမ်မှာနေပြီး ရှားပါးတဲ့ အားလပ်ချိန်ကို ခံစားနေသည်။ ဖရဲသီးဆိုင်က အခြေတကျ ဖြစ်နေပြီမို့ အကြီးဆုံးဒေါ်လေးက သူမဖာသာ သူမ ကိုင်တွယ်နိုင်နေပြီ။ ဒါကြောင့် ရှောင်ချောင်းတစ်ယောက် သွားကူစရာမလိုဘဲ ကောင်းကောင်း အနားရနေတာဖြစ်သည်။
မွန်းလွဲပိုင်းလောက်မှာ ရှောင်ချောင်းရဲ့ဦးလေးငယ် ယွီပေါ်က သူ့နောက်မှာ တရားရုံးအမှုစစ်တွေနဲ့ မိန်းမောနေသော အမူအရာနဲ့ ပြန်ရောက်လာသည်။
ယွီမိသားစု ခြံဝင်းထဲကို တရားရုံးအမှုစစ်တွေ ဝင်လျှင်ဝင်ချင်း တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ အဘွားကြီးကျန်းက ကြောင်ကိုမြင်တဲ့ ကြွက်တစ်ကောင်လို ပြုမူပြီး အပြင်မထွက်ရဲဘဲ အနွေးကုတင်ပေါ်မှာ ပုန်းနေတော့တယ်။ အမျိုးသမီးလီကလည်း ကြောက်ရွံ့စွာနဲ့ ဘောလုံးတစ်လုံးအသွင် ကျုံ့ဝင်သွားပြီး အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။
သာ့ဟိုင်က တကယ့်ကို မတရားတာပဲ။ သူဒါကိုမတိုင်ဘူးလို့ ပြောခဲ့တယ်မလား။ အမေ, မြန်မြန် ပုန်းနေ။ အသက်တစ်ချောင်းဆိုလည်း အသက်တစ်ချောင်းပဲ။ ဖမ်းမိရင် ခေါင်းဖြတ်ခံရလိမ့်မယ်!
မနေ့ညက အဖြစ်အပျက်တွေအပြီးမှာ ယွီမိသားစုထဲက လူတွေအားလုံး အဘွားကြီးကျန်း ဘာတွေလုပ်ခဲ့တာဆိုတာ မသိသူမရှိတော့။ အမျိုးသမီးလီက သူမယောက္ခမကြောင့် စိတ်ထဲကတော့ အရှက်ရမိပေမယ့် ယောက္ခထီးရဲ့ပထမဇနီးအပေါ် ဘာအထင်အမြင်မှ မရှိသည့်အပြင် အဘွားကြီးကျန်းက သူမယောကျ်ားရဲ့ မွေးသမိခင်ဖြစ်တာကြောင့် သဘာဝအလျောက်ပဲ စည်းအပြင်ကျော်တဲ့ ကိစ္စမျိုးကို လုပ်မှာမဟုတ်ပေ။
အဘွားကြီးကျန်းက တစ်ညလုံး သရဲ ရဲ့နှိပ်စက်ခြင်းကို ခံခဲ့ရတာကြောင့် သူမရဲ့စိတ်အခြေအနေက အရုပ်ကြိုးပျက် ဖြစ်နေတော့တယ်။ အမျိုးသမီးလီရဲ့စကားတွေကို ကြားတဲ့အခါ သူမက အခန်းထဲကို ပတ်လျှောက်နေပြီး ဘယ်နားပုန်းလို့ပုန်းရမှန်း မသိတော့
အမေ! ကျွန်တော်တို့ လိမ်ခံလိုက်ရပြီ! ကျွန်တော်တို့ လိမ်ခံလိုက်ရပြီ!!
တံခါးဆီကို ဝင်ဝင်ချင်း ယွီပေါ်က ထိုးထောင်နေတဲ့ဆံပင်တွေနဲ့ ဖြူရော်နေတဲ့ အဘွားကြီးကျန်းကို မြင်လိုက်ရတာကြောင့် ပထမ ကြောင်အသွားပြီးမှ ဆက်လက်ငိုကြွေးသည်။
သူမသားငယ်ရဲ့ငိုသံကိုကြားတဲ့အခါ အဘွားကြီးကျန်းက တခဏ ရပ်တန့်သွားပြီးနောက် ကျယ်လောင်တဲ့ အော်ဟစ်သံနဲ့ မတ်တပ်ထလာတယ်။
ရှောင်ပေါ်, မင်းဘာပြောလိုက်တယ်? မင်းကို ရုံရွှမ်ကျောင်းဆီဝင်ခွင့်ရဖို့ ကူညီမယ်ပြောတဲ့သူက လူလိမ်တဲ့လား? ဒါဆိုငါမင်းကိုပေးလိုက်တဲ့ လျန်သုံးရာကရော? သူ့ကိုပေးလိုက်ပြီလား?
ပညာတတ်တစ်ယောက်ရဲ့ အငွေ့အသက်တွေ တစ်စက်မှမရှိတော့ဘဲ ယွီပေါ်က သုန်မှုန်တဲ့မျက်နှာနဲ့ မြေပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ခေါင်းကိုဆုပ်ကိုင်ထားသည်။
အဲ့လူက မနေ့မတိုင်ခင်က ကျွန်တော့်ဆီလာပြီး ဝင်ခွင့်အတွက် အချိတ်အဆက်လုပ်ပေးဖို့ဆိုပြီး ငွေတောင်းတယ်။ အဲ့တာနဲ့ ကျွန်တော်လည်း လျန်သုံးရာလုံးပေးလိုက်မိတာ။ ဒီမနက် အမှုစစ်တွေ ရောက်လာပြီးတော့ အဲ့ဒီလူက ငွေလိမ်တဲ့သူ သူ့ကိုဖမ်းမိထားတယ်ဆိုပြီး သတင်းပေးလာတာ။ မနက်ဖြန် ကျွန်တော်တို့ သူ့ကို တရားရုံးမှာ အမှုရင်ဆိုင်ရမှာ
ဒါဆိုအဲ့အမှုစစ်တွေက ငါ့ကိုဖမ်းဖို့ မဟုတ်ဘူးပေါ့?
အဘွားကြီးကျန်းက ခြံဝင်းထဲကို လှမ်းကြည့်ပြီး အသံတိုးတိုးနဲ့မေးသည်။
ယွီပေါ်က သူမကို ထူးဆန်းစွာကြည့်လိုက်ပြီး
အမေ့ကိုဖမ်းမယ်? ဘာအတွက်လဲ? သူတို့က ပုံမှန်လုပ်ထုံးလုပ်နည်းတွေကို လုပ်နေတာပါ။ မနက်ဖြန် အမေ့ကိုတရားရုံးမှာ မေးမြန်းဖို့ ဆင့်ခေါ်ဖို့လာကြတာ။ ကျွန်တော်တို့က အလိမ်ခံရတဲ့သူတွေလေ။ တရားမဝင်တာတွေ လုပ်ခဲ့တာမှမဟုတ်တာ
မင်းမလုပ်ခဲ့ပေမယ့် ငါလုပ်ခဲ့တယ် အာ!!
အဘွားကြီးကျန်းက သူမရင်ထဲက စိတ်ဒုက္ခတွေကို မဖော်ပြနိုင်တော့ဘူး။ မနေ့ညက ယွီဟိုင် ထွက်သွားပြီးနောက် သူတို့တွေ မိသားစုအစည်းအဝေးထိုင်ခဲ့ပြီး သူမရဲ့ အကျည်းတန်တဲ့ အတိတ်ကို မြေမြှုပ်လိုက်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြတယ်။ အထူးသဖြင့် သူတို့ ယွီပေါ်ကို အသိခံလို့မဖြစ်ဘူး။ သူ့ပညာရေးမှာ အာရုံပျက်မှာစိုးရတယ်။
သူ့အမေ စိတ်နဲ့ကိုယ်နဲ့မကပ်တာကို တွေ့တဲ့အခါ ယွီပေါ်က ခပ်မြန်မြန်သတိပေးလိုက်တယ်။
အမေ, တရားရုံးအမှုစစ်တွေက ခရီးဝေးကြီးလာခဲ့ရတာ။ ကျွန်တော်တို့ သူတို့ကို သောက်စရာတစ်ခုခု အရင် ချပေးသင့်တယ်။ သူတို့ကို ဗိုက်ဟောင်းလောင်းနဲ့တော့ အလုပ်လုပ်ခိုင်းလို့မဖြစ်ဘူး။ ဒါကြောင့် နေ့လည်စာအတွက်ပါ တာဝန်ယူရမှာ! ဒုတိယမရီးနဲ့ ရှောင်ချောင်းက ဟင်းချက်ကောင်းတယ်။ သူတို့ကို ဟင်းပွဲတွေပြင်ဖို့ လာကူခိုင်းကြမလား
အဘွားကြီးကျန်းရဲ့နှလုံးသားက တရုတ်ဆင်တုံးမနွယ်ထက်ပင် ခါးသက်သွားတယ်။ မနေ့ညကတင် သူမက စာချုပ်မှာလက်မှတ်ထိုးပြီး ဒုတိယခွဲမိသားစုကို ဘယ်တော့မှ မနှောက်ယှက်တော့ပါဘူးလို့ ကတိပေးခဲ့ပြီးပြီ။ ဒီနေ့ သူတို့ဆီသွားပြီး ဟင်းလာချက်ပေးဖို့သာ အကူအညီတောင်းရင် ကိုယ့်ပါးကိုယ် ပြန်ချနေတာနဲ့ မတူဘူးလား ယွီဟိုင့်လက်ထဲမှာ သူမရဲ့ပြစ်မှုအတွက် သက်သေအခိုင်အလုံရှိသည်။ အဲ့ဒီကောင်လေးက သူ့မိန်းမကို သိပ်ချစ်တတ်ပုံနဲ့ တကယ်လို့ သူမသာ သူတို့ဆီလာမရှုပ်တော့ပါဘူးလို့ ကျိန်ဆိုပြီး သူ့မိန်းမကို အလုပ်လာခိုင်းတာသာသိရင် သေချာပေါက် သူမရဲ့ပြစ်မှုကို တိုင်းတရားသူကြီးထံ တိုင်ကြားလိမ့်မည်။
အဘွားကြီးကျန်းက ခဏလောက် တွေဝေနေပြီးမှ ပြောလိုက်သည်။
မင်းရဲ့ဒုတိယအစ်ကိုမိသားစုက တစ်ယောက်ကို နှစ်ကိုယ်ခွဲချင်လောက်အောင်ကို အလုပ်ရှုပ်နေကြတာ။ ဒါကြောင့်အခု သူတို့ကို အနှောက်အယှက် ပေးလို့မဖြစ်ဘူး။ ကျန်းချွမ်ရဲ့ မိန်းမကလည်း ဟင်းချက်ကောင်းပါတယ်။ သူ့ကိုပဲ အကူအညီတောင်းကြတာပေါ့!
ယွီပေါ်စိတ်ထဲ ပိုလို့ပင် အံ့အားသင့်သွားတော့တယ်။
ငါ့အမေ ဘယ်တုန်းကများ ဒုတိယမိသားစုအပေါ် တွေးပေးတတ်သွားပါလိမ့်? ဒီနေ့ နေ အနောက်အရပ်ကများ ထွက်လာသလား!
ဒါပေမဲ့ ဒုတိယအစ်ကိုရဲ့ဖရဲသီးဆိုင်က အတော်အလုပ်ရှုပ်နေတယ်လို့ မြို့ထဲမှာ သူကြားခဲ့တယ်။ သူ့အမေ မှန်ပါတယ်။ ဘယ်သူ့ကို ဟင်းချက်ဖို့ အကူအညီတောင်းတယ်ဆိုတာ အရေးမှမကြီးတာ။
အဘွားကြီးကျန်းက အမျိုးသမီးလီကို ကျန်းချွမ်မိန်းမဆီ အခေါ်လွှတ်လိုက်ပြီး ခြံဝင်းထဲသွားကာ တရားရုံးအမှုစစ်တွေကို ယဉ်ကျေးစွာ လိုက်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက ကြက်ခြံဆီသွားပြီး အကောင်ကြီးကြီး ကြက်တစ်ကောင်ကို ဖမ်းပြီးသတ်လိုက်သည်။ သူမက သူတို့အိမ်မှာ မွေးထားတဲ့ ကြက်ကောင်ရေ အနည်းငယ်ကိုတော့ အမှန်တကယ် တန်ဖိုးထားတာပင်။ နှစ်သစ်ကူးတုန်းကတောင် တစ်ကောင်လောက်သတ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီနေ့တော့ လုံးဝပလပ်ကျွတ်သွားပြီပဲ!
သူမက ကြက်ဥတွေ အများကြီးကိုထုတ်လိုက်တယ်။ ပြီးကျမှ တစ်ချက်ပြန်စဉ်းစားပြီး ပြန်ထားလိုက်တယ်။ ထို့နောက် သူမသားငယ်ကို လက်ယက်ခေါ်ပြီး မေးလိုက်တယ်။
ရှောင်ပေါ်, ငါတို့အလိမ်ခံရတဲ့ငွေတွေ ပြန်ရမယ်လို့ထင်လား
ယွီပေါ်က မျက်နှာမသာမယာနဲ့ ပြန်ပြောတယ်။
အချက်ကျကျပြောရရင် ကျွန်တော်က သူ့ကို မနေ့မတိုင်ခင်ကမှ ပေးလိုက်တာဆိုတော့ တစ်ရက်ပဲ ရှိသေးတာ အဲ့တော့ သူဒီအချိန်အတွင်း ငွေတွေအားလုံးကို သုံးပစ်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့
သူက အပြင်ကိုတစ်ချက်ကြည့်ပြီးမှ တီးတိုးပြောတယ်။
လူတွေပြောကြတယ်လေ ရုံးတော်ရဲ့ ဝင်ပေါက်က ရှစ်ဂဏန်းရဲ့ပုံစံလိုပဲ သွားဖို့ အကြောင်းဖန်လာရင်တောင် ငွေမပါဘဲ အထဲမဝင်သင့်ဘူး တဲ့။ ကျွန်တော့်အထင် တကယ်လို့ လျန်သုံးရာလုံး ပြန်တွေ့တယ်ဆိုရင်တောင် အမှုကြေးအနေနဲ့ အသိမ်းခံရဖို့များတယ်
( ရှစ်ဂဏန်းပုံစံ -)
အဘွားကြီးကျန်းရဲ့နှလုံးသား သွေးစိမ်းရှင်ရှင်ထွက်နေပါပြီ! လျန်သုံးရာက နည်းတဲ့ငွေပမာဏမှ မဟုတ်တာ အာ! သူတို့မိသားစု စုဆောင်းထားတာတွေရဲ့ ထက်ဝက်ကျော်ပဲ။ ဝက်ဝံကိုက်ခံရတဲ့ ယွီဟိုင်ကြောင့်သာမဟုတ်ရင် သူတို့တသက် ဒီလျန်သုံးရာကို ရနိုင်မှာမဟုတ်ဘူး။ သူမ ခြေထောက်တွေ ပျော့ခွေသွားပြီး ရင်ဘက်ကိုဖိကိုင်ကာ မြေပြင်ပေါ်ထိုင်ချလိုက်တော့သည်။
အမေ! အမေ, ဘာဖြစ်လို့လဲ? ကျွန်တော့်ကို လန့်အောင်မလုပ်ပါနဲ့!!
ယွီပေါ်က အဘွားကြီးကျန်းရဲ့ အသက်ရှူကြပ်နေသလိုမျိုး ရင်ဘက်ကို ဆွဲဆုပ်ထားပုံကိုကြည့်ရင်း သူပါ ရုတ်တရက် လမ်းပျောက်သလို ခံစားလာရသည်။
အဘွားကြီးကျန်းက အချိန်အတန်ကြာ အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး မြေပေါ်ထိုင်ကာ တအိအိ ငိုတော့သည်။ အဲ့ဒီနေ့က ရှောင်ချောင်းပြောခဲ့တဲ့စကားတွေကို သူမပြန်တွေးကြည့်မိသည်။ ရုံရွှမ်းကျောင်းက ဘယ်လိုနေရာမျိုးလဲ? အဲ့ဒီနေရာက ရာထူးမြင့်လူကြီးတွေ၊ ချမ်းသာတဲ့ လုပ်ငန်းရှင်တွေ အားလုံး သူတို့သားတွေ ဝင်ခွင့်ရဖို့ ကျိတ်ကျိတ်တိုး လုနေကြတဲ့နေရာပဲ!! လျန်ငါးရာ မပြောနဲ့, အဲ့ကျောင်းကို ဝင်ခွင့်ရဖို့ လျန်ငါးထောင် လျန်ငါးသောင်းပေးရမယ်ဆိုရင်တောင် အဲ့ဒီ အခွင့်အရေးအတွက် ပြိုင်ဆိုင်မယ့်သူတွေ ရှိနေအုံးမှာပဲ။ ကိန်းခန်းကြီးလိုက်တာ, ဒီလိုအရာမျိုးကို သူတို့လို သာမညတွေက ရနိုင်မတဲ့လား? ဘာလို့များ သူက အဲ့ငလိမ်ကောင်ရဲ့လိမ်ဆင်တွေကို တကယ်ယုံဖို့ ရူးမိုက်မိခဲ့ပါလိမ့်?
အမေ, အခုနည်းနည်း သက်သာသွားပြီမလား ဒါတွေအားလုံး ကျွန်တော့်အမှားတွေပါ! ကျွန်တော့်ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့မိသားစု ဒီလောက်ငွေတွေအများကြီး ဆုံးရှုံးရမှာ မဟုတ်ဘူး အမေလည်း ခုလို စိတ်ဆင်းရဲရမှာမဟုတ်ဘူး!
ယွီပေါ်လည်း ဒီတစ်ခါတော့ နက်နက်နဲနဲ နောင်တရမိသည်။ သူသာ အဲ့ဒီကျောင်းကိုဝင်ဖို့အတွက် ထိုမျှ စိတ်အားထက်သန်မနေခဲ့ဘူးဆိုရင် ဒီလိုမျိုး သူ့ကို ပစ်မှတ်ထားပြီး လှည့်စားခံရမှာမဟုတ်ဘူး။
[Zawgyi]
အပိုင္း ၁၉၆ (တရား႐ုံးအမႈစစ္မ်ား)
ယြီေရွာင္ေခ်ာင္းရဲ႕ စိတ္အာ႐ုံတြင္းမွာ အံ့ဖြယ္ေက်ာက္တုံးေလးက ထိုအမ်ိဳးသမီးႀကီးႏွင့္ ဆက္သြယ္ေနႏိုင္သည္။
[လူတစ္ေယာက္ကို ကယ္တင္တာက ခုႏွစ္ထပ္ဘုရားတစ္ဆူ တည္တာထက္ေတာင္ ျမတ္တယ္တဲ့။ စိတ္မပူပါနဲ႔, ငါမင္းကိုကူညီပါ့မယ္။ ဒီညထြက္ခ်င္လား ဒါမွမဟုတ္]
ေခြၽ႕ေခြၽ႕ယြင္!
အံ့ဖြယ္ေက်ာက္တုံးေလးရဲ႕စကားေတြက အသက္ႀကီးၿပီး တုန္ရင္ေနတဲ့ အသံတစ္ခုရဲ႕ ျဖတ္ေတာက္ျခင္းကို ခံလိုက္ရတယ္။ လူသုံးေယာက္နဲ႔ ဝိဉာဥ္တစ္ေကာင္တို႔က အသံလာရာဘက္ကို ၾကည့္လိုက္တဲ့အခါ လေရာင္ေအာက္မွ အဘိုးယြီရဲ႕ပုံရိပ္ကို ျမင္လိုက္ရတယ္။ ဒီည အျဖစ္ပ်က္ေတြ ၿပီးေတာ့ အဘိုးယြီက ပုံမွန္ထက္ အရမ္း အိုက်သြားသလိုပင္။
အျဖဴေရာင္ မိန္းမႀကီးရဲ႕ အဘိုးယြီကို ၾကည့္တဲ့မ်က္လုံးေတြမွာ အရင္လို ေႏြးေထြးမႈေတြ မရွိေတာ့ေပ။ ခပ္ေဖ်ာ့ေဖ်ာ့အၾကည့္နဲ႔ပဲ သူမကေျပာတယ္။
ယြီလီခ်ဳံ, ကြၽန္မတို႔ရဲ႕ လင္မယားသံေယာဇဥ္က ရွင္ အမ်ိဳးသမီးက်န္းရဲ႕ လုပ္ရပ္ေတြအေပၚ ႏႈတ္ဆိတ္ေနကတည္းက အားလုံး ကုန္ဆုံးသြားၿပီ။ အမွန္ေျပာရရင္ ကြၽန္မရွင့္ကို အေတာ္ စိတ္ပ်က္တယ္! လူေတြေျပာၾကတဲ့ မိေထြးရရင္ ပေထြးပါရတယ္ ဆိုတဲ့စကားက အမွန္ျဖစ္ေနတာပဲ!
လြမ္းဆြတ္မႈေၾကာင့္လား အျပစ္ရွိမႈေၾကာင့္လား မသဲကြဲေပမယ့္ အဘိုးယြီရဲ႕မ်က္ႏွာမွာ မ်က္ရည္ေတြ ႐ႊဲေနသည္။ သူ႔ရဲ႕အသံက တုန္ရီေနလ်က္
ငါတို႔ကေလးေတြကို ေသခ်ာမေစာင့္ေရွာက္ခဲ့လို႔ ငါေတာင္းပန္ပါတယ္။ ငါမင္းကို စိတ္ပ်က္ေစခဲ့မိပါတယ္!
အမ်ိဳးသမီးႀကီးက ဘာခံစားခ်က္မွမပါတဲ့ အသံနဲ႔ေျပာတယ္။
ဒီလို အသုံးမဝင္တဲ့စကားေတြ ေျပာမေနပါနဲ႔ေတာ့။ ကြၽန္မ အဲ့တာေတြကို ထပ္နားေထာင္ဖို႔ စိတ္ကူးမရွိဘူး။ ရွင့္ဆီက ေနာင္တရတာေတြ ေတာင္းပန္တာေတြလည္း မလိုဘူး။ ရွင့္အျပစ္ေတြ ေက်ႏိုင္မယ့္ အေကာင္းဆုံးနည္းက ဟိုင္အာရဲ႕မိသားစုကို ေနာက္ထပ္ ျပႆနာျဖစ္ေစတာ ရပ္ဖို႔ပဲ
ထို႔ေနာက္ သူမက ယြီဟိုင့္ဘက္ကို တုန႔္ဆိုင္းစြာလွည့္ၿပီး ႏူးညံ့တဲ့အသံနဲ႔ေျပာလာတယ္။
ဟိုင္အာ, အေမသြားရေတာ့မယ္! လူဝင္စားျခင္းက အေမ့အတြက္ အေကာင္းဆုံး အဆုံးသတ္ပဲ။ ဝမ္းမနည္းပါနဲ႔။ မင္း ေကာင္းေကာင္းေနရမယ္ေနာ္
သူမက ေရွာင္ေခ်ာင္းရဲ႕လက္ေမာင္းထဲက ေၾကာင္ေလးကိုၾကည့္လိုက္တယ္။ အံ့ဖြယ္ေက်ာက္တုံးေလးက သူမ ဆိုလိုရင္းကို သေဘာေပါက္လိုက္တယ္။ ေ႐ႊေရာင္အလင္းတစ္ခု ထိုအမ်ိဳးသမီးရဲ႕ခႏၶာကိုယ္ထဲက ျဖာထြက္လာၿပီး သူမရဲ႕ပုံရိပ္က တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့တယ္
အေမ__
ယြီဟိုင္ရဲ႕ေအာ္ဟစ္ငိုေႂကြးသံက ဆိတ္ၿငိမ္တဲ့ ေတာင္ေပၚေတာဝန္းက်င္မွာ ပိုၿပီး ေၾကကြဲစရာ ေကာင္းေနတယ္။ သို႔ေသာ္လည္း သူ႔အေမအတြက္ လူဝင္စားျခင္းကသာ အေကာင္းဆုံးေ႐ြးခ်ယ္မႈ ဆိုတာကိုလည္း သူသိတယ္။ သူမကို လႊတ္လိုက္ရမွာ တြန႔္ဆုတ္ေနခဲ့ေပမယ့္ ေနခိုင္းဖို႔ကလည္း မျဖစ္ႏိုင္ဘူးေလ။
အဘိုးယြီက မ်က္ရည္တသြင္သြင္စီးက်ကာ ခါးသီးစြာငိုေႂကြးရင္း ေရ႐ြတ္တယ္။
သူငါ့ကို အျပစ္တင္ေနတုန္း အာ, အျပစ္တင္ေနတုန္းပဲ သူငါ့ကို ခြင့္မလႊတ္ခ်င္ခဲ့ဘူး! ေခြၽ႕ယြင္, ေခြၽ႕ယြင္ ငါမင္းကို စိတ္ပ်က္ေစခဲ့ပါတယ္ အာ!!
တစ္ေယာက္က ေတာင္ေပၚလမ္းမွာ ဒူးေထာက္ေနၿပီး တစ္ေယာက္က ကိုင္းၫြတ္စြာ မတ္တပ္ရပ္ေနသည္။ ယြီဟိုင္နဲ႔ အဘိုးယြီတို႔ႏွစ္ေယာက္လုံးက ပ်ံ႕က်ဲသြားတဲ့ ထိုပုံရိပ္ လြင့္ပ်ံသြားတဲ့ အရပ္ဆီကို အခ်ိန္ၾကာျမင့္စြာ ေငးၾကည့္ေနခဲ့ၾကသည္။ ေအးျမတဲ့ ေတာင္ေပၚေလညႇင္းတစ္ခ်က္ တိုက္ခတ္ရာဝယ္ ယြီေရွာင္ေခ်ာင္းက က်ယ္ေလာင္စြာ ႏွာေခ်လိုက္သည္။
ထိုႏွာေခ်သံက ယြီဟိုင့္ကို ဝမ္းနည္းမႈထဲက ဆြဲထုတ္လိုက္သည္။ ယြီဟိုင္က သူ႔မ်က္လုံးေထာင့္ေတြကို ပြတ္သပ္ၿပီး မတ္တပ္ရပ္လိုက္သည္။ ထို႔ေနာက္ သူက အေပၚဝတ္အက်ႌကိုခြၽတ္ကာ သူ႔သမီးရဲ႕ ကိုယ္လုံးေလးမွာ ၿခဳံေပးလိုက္ၿပီး အနည္းငယ္ ကြဲအက္ေသာအသံျဖင့္
ေခ်ာင္းအာ, ဒါကို ျမန္ျမန္ဝတ္လိုက္။ အေအးမမိေစနဲ႔__ အေဖ, အေဖလည္း အိမ္ျပန္သင့္ၿပီ
သူငါ့ကိုအျပစ္တင္ေနတုန္း။ သူငါ့ကိုအျပစ္တင္ေနတုန္းပဲ အာ
စိတ္ညႇိဳ႕ခံထားရတဲ့သူလိုမ်ိဳး သူက ထိုစာေၾကာင္းကိုပဲ ထပ္တလဲလဲ ေရ႐ြတ္ေနေတာ့သည္။
ယြီဟိုင္က သက္ျပင္းခ်ၿပီး ခ်ိဳသာစြာ ေျပာလိုက္တယ္။
အေဖ, ကြၽန္ေတာ္ အေဖ့ကို အျပစ္မတင္ပါဘူး။ အေမလည္း တင္မွာမဟုတ္ပါဘူး!! အေဒၚက်န္းက တခ်ိဳ႕အရာေတြမွာေတာ့ မွန္ပါတယ္ ညီေလးနဲ႔ အငယ္ဆုံးညီမေလးတို႔က ယြီမိသားစုရဲ႕ မ်ိဳးဆက္ေတြပဲ ဆိုတာ။ လက္ဖမိုးလည္းအသားနဲ႔ပဲ လက္ဖဝါးလည္း အသားနဲ႔ပါပဲ သူတို႔က ငယ္ၾကပါေသးတယ္။ ဒါေၾကာင့္ အေဖက သူတို႔အတြက္ တာဝန္မကင္းတာ မမွားပါဘူး။ အရမ္းႀကီး စဥ္းစားမေနဘဲ ျမန္ျမန္ ျပန္လိုက္ပါေတာ့!
အဘိုးယြီက ေခါင္းေမာ့လိုက္ၿပီး ကေလးဘဝကတည္းက မစိုးရိမ္ခဲ့ရဆုံးျဖစ္တဲ့ သားကို မ်က္ရည္ေတြ ေဝဝါးေနတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္လိုက္တယ္။ အကယ္၍ သူသာ သူ႔သားအေပၚ ဒီထက္ ပိုၿပီး ဂ႐ုစိုက္ခဲ့မယ္ဆိုရင္ အမ်ိဳးသမီးက်န္းက သူ႔လုပ္ရပ္ေတြအတြက္ ႏွစ္ခါျပန္ စဥ္းစားခဲ့ေလာက္မလား? သူ႔သား နည္းနည္းပဲျဖစ္ျဖစ္ ခံစားရနည္းခဲ့ေလာက္မလား? အဲ့လိုဆို ေခြၽ႕ယြင္လည္း သူ႔ကို အျပစ္မတင္ေလာက္ဘူးမလား? ဘဝမွာ အကယ္၍ ေတြ သိပ္မမ်ားလွေပ။ လူေတြက ကိုယ့္လုပ္ရပ္ေတြအတြက္ တာဝန္ယူရမယ္!
သာ့ဟိုင္, မင္းက မိသားစုကေနလည္း ခြဲထြက္ၿပီးၿပီ။ ဒါေၾကာင့္ ငါတို႔မိသားစုထဲက အေရးကိစၥေတြကို ဘာမွ ေတြးပူမေပးနဲ႔ေတာ့။ အနာဂတ္မွာ ေကာင္းမြန္တဲ့ ဘဝမွာပဲေနပါေတာ့!!
အဘိုးယြီက ေနာက္ျပန္လွည့္ၿပီး ၾကမ္းတမ္းတဲ့ ေတာင္ေပၚလမ္းတေလ်ာက္ ဆင္းေလ်ာက္သြားတယ္။ သူ႔ေျခလွမ္းေတြက အလြန္ ေလးလံေနပုံရသည္။
ယြီဟိုင္က အရင္လို မေတာင့္ေျဖာင့္ေတာ့တဲ့ သူ႔အေဖရဲ႕ေနာက္ေက်ာကိုၾကည့္ရင္း အဆုံးမွာ သူ႔ပါးစပ္ကို ဖြင့္ဟကာ လွမ္းေအာ္လိုက္တယ္။
ကြၽန္ေတာ္ မိသားစုက ခြဲလာတယ္ဆိုရင္ေတာင္ အေဖက ကြၽန္ေတာ့္ အေဖပါပဲ! ကြၽန္ေတာ္အေဖ့အေပၚ ေက်ပြန္ရမယ့္ သားဝတၱရားေတြ အားလုံး မေလ်ာ့ပါးေစရဘူး
ဒါေပမယ့္ သူေပးစရာမလိုတဲ့ အရာေတြအတြက္ေတာ့ ေၾကးျပားတစ္ျပားေတာင္ ထုတ္မွာမဟုတ္ဘူး!
သားအဖႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ကူညီေဖးမရင္း အိမ္ကို ျပန္ေရာက္လာၾကတယ္။ ယိုင္နဲ႔ေနတဲ့ ႐ႊံ႕အုတ္အိမ္သုံးေဆာင္ကိုၾကည့္ၿပီး ယြီဟိုင္က ႐ုတ္တရက္ေျပာလာတယ္။
ေဆာင္းဦးေကာက္ရိတ္ခ်ိန္ၿပီးရင္ ငါတို႔အိမ္ကို အသစ္ျပန္ေဆာက္ၾကရေအာင္! အိမ္ေဟာင္းကို ၿဖိဳၿပီး ေဘးနားက ေျမကြက္ပါ ဝယ္ရမယ္။ ဒါမွ က်ယ္က်ယ္ဝန္းဝန္း ငါးခန္းပါ တိုက္အိမ္ႀကီး ေဆာက္ႏိုင္မွာ။ ငါတို႔ ၿခံဝင္းရဲ႕ ေရွ႕ပိုင္းေရာ ေနာက္ပိုင္းေရာခ်ဲ႕လို႔ရတယ္! ငါတို႔ေတြ ျပည့္စုံတဲ့ဘဝမွာ ေနရမယ္ ဒါမွ မင္းရဲ႕ အဖြားက စိတ္ေျဖာင့္ေျဖာင့္နဲ႔ ဘဝကူးႏိုင္မွာ
ယြီေရွာင္ေခ်ာင္းက ၿမိဳ႕ေပၚမွာပဲ အိမ္နဲ႔ဝိုင္းဝယ္ခ်င္ေပမယ့္ သူမအေဖရဲ႕စကားေတြကို ၾကားတဲ့အခါ သူ႔ကို ေထာက္ခံဖို႔ ေခါင္းညိမ့္လိုက္ရတယ္။
အမ္း! သမီးတို႔ အိမ္သစ္ေဆာက္မယ္ဆိုရင္ ႐ြာမွာ အေကာင္းဆုံးအိမ္ျဖစ္ေအာင္ ေဆာက္ၾကမယ္။ အကိုဟန္တို႔ အိမ္ကလို ဖန္ျပတင္းေပါက္ေလးေတြပါ တပ္ရမယ္။ အဲ့တာဆို အလင္းေရာင္လည္းရၿပီး အခန္းကိုလည္း အေႏြးဓာတ္ေပးမွာ
ဟုတ္ၿပီ! ဖန္ျပတင္းေပါက္ေတြပါ တပ္ၾကစို႔!
ယြီဟိုင္က အသက္ကိုျပင္းျပင္း ရႉထုတ္လိုက္ၿပီး သူ႔ရင္ဘတ္ထဲက တင္းၾကပ္မႈေတြကို ေျဖေလ်ာ့လိုက္သည္။ ဘယ္သူမဆို ကိုယ့္အေမက တစ္စုံတစ္ေယာက္ရဲ႕ သတ္ျဖတ္ျခင္းခံရတာကို သိရတဲ့အခါ သူတို႔ရဲ႕ရင္ထဲ ေနမေကာင္းျဖစ္ပါလိမ့္မည္။ ကံေကာင္းစြာပဲ သူ႔အေမက ဒီေန႔ ကိုယ္ထင္ျပလာၿပီး သူ႔ကို အျပစ္မတင္ဘူးလို႔ ေျပာခဲ့တယ္။ ၿပီးေတာ့ သူမက သူ႔ကို ေကာင္းမြန္တဲ့ ဘဝမွာ ေနထိုင္ဖို႔လည္း မွာရစ္ခဲ့တယ္
အေမ, စိတ္ခ်ပါ။ ကြၽန္ေတာ္ ေသခ်ာေပါက္ ၿပီးျပည့္စုံတဲ့ ဘဝမွာ ေနပါ့မယ္!
ေနာက္ေန႔မွာ ယြီေရွာင္ေခ်ာင္းက အိမ္မွာေနၿပီး ရွားပါးတဲ့ အားလပ္ခ်ိန္ကို ခံစားေနသည္။ ဖရဲသီးဆိုင္က အေျခတက် ျဖစ္ေနၿပီမို႔ အႀကီးဆုံးေဒၚေလးက သူမဖာသာ သူမ ကိုင္တြယ္ႏိုင္ေနၿပီ။ ဒါေၾကာင့္ ေရွာင္ေခ်ာင္းတစ္ေယာက္ သြားကူစရာမလိုဘဲ ေကာင္းေကာင္း အနားရေနတာျဖစ္သည္။
မြန္းလြဲပိုင္းေလာက္မွာ ေရွာင္ေခ်ာင္းရဲ႕ဦးေလးငယ္ ယြီေပၚက သူ႔ေနာက္မွာ တရား႐ုံးအမႈစစ္ေတြနဲ႔ မိန္းေမာေနေသာ အမူအရာနဲ႔ ျပန္ေရာက္လာသည္။
ယြီမိသားစု ၿခံဝင္းထဲကို တရား႐ုံးအမႈစစ္ေတြ ဝင္လွ်င္ဝင္ခ်င္း တစ္ညလုံး အိပ္မေပ်ာ္ခဲ့တဲ့ အဘြားႀကီးက်န္းက ေၾကာင္ကိုျမင္တဲ့ ႂကြက္တစ္ေကာင္လို ျပဳမူၿပီး အျပင္မထြက္ရဲဘဲ အေႏြးကုတင္ေပၚမွာ ပုန္းေနေတာ့တယ္။ အမ်ိဳးသမီးလီကလည္း ေၾကာက္႐ြံ႕စြာနဲ႔ ေဘာလုံးတစ္လုံးအသြင္ က်ဳံ႕ဝင္သြားၿပီး အသံနိမ့္နိမ့္ျဖင့္ ေျပာလာသည္။
သာ့ဟိုင္က တကယ့္ကို မတရားတာပဲ။ သူဒါကိုမတိုင္ဘူးလို႔ ေျပာခဲ့တယ္မလား။ အေမ, ျမန္ျမန္ ပုန္းေန။ အသက္တစ္ေခ်ာင္းဆိုလည္း အသက္တစ္ေခ်ာင္းပဲ။ ဖမ္းမိရင္ ေခါင္းျဖတ္ခံရလိမ့္မယ္!
မေန႔ညက အျဖစ္အပ်က္ေတြအၿပီးမွာ ယြီမိသားစုထဲက လူေတြအားလုံး အဘြားႀကီးက်န္း ဘာေတြလုပ္ခဲ့တာဆိုတာ မသိသူမရွိေတာ့။ အမ်ိဳးသမီးလီက သူမေယာကၡမေၾကာင့္ စိတ္ထဲကေတာ့ အရွက္ရမိေပမယ့္ ေယာကၡထီးရဲ႕ပထမဇနီးအေပၚ ဘာအထင္အျမင္မွ မရွိသည့္အျပင္ အဘြားႀကီးက်န္းက သူမေယာက်္ားရဲ႕ ေမြးသမိခင္ျဖစ္တာေၾကာင့္ သဘာဝအေလ်ာက္ပဲ စည္းအျပင္ေက်ာ္တဲ့ ကိစၥမ်ိဳးကို လုပ္မွာမဟုတ္ေပ။
အဘြားႀကီးက်န္းက တစ္ညလုံး သရဲ ရဲ႕ႏွိပ္စက္ျခင္းကို ခံခဲ့ရတာေၾကာင့္ သူမရဲ႕စိတ္အေျခအေနက အ႐ုပ္ႀကိဳးပ်က္ ျဖစ္ေနေတာ့တယ္။ အမ်ိဳးသမီးလီရဲ႕စကားေတြကို ၾကားတဲ့အခါ သူမက အခန္းထဲကို ပတ္ေလွ်ာက္ေနၿပီး ဘယ္နားပုန္းလို႔ပုန္းရမွန္း မသိေတာ့
အေမ! ကြၽန္ေတာ္တို႔ လိမ္ခံလိုက္ရၿပီ! ကြၽန္ေတာ္တို႔ လိမ္ခံလိုက္ရၿပီ!!
တံခါးဆီကို ဝင္ဝင္ခ်င္း ယြီေပၚက ထိုးေထာင္ေနတဲ့ဆံပင္ေတြနဲ႔ ျဖဴေရာ္ေနတဲ့ အဘြားႀကီးက်န္းကို ျမင္လိုက္ရတာေၾကာင့္ ပထမ ေၾကာင္အသြားၿပီးမွ ဆက္လက္ငိုေႂကြးသည္။
သူမသားငယ္ရဲ႕ငိုသံကိုၾကားတဲ့အခါ အဘြားႀကီးက်န္းက တခဏ ရပ္တန႔္သြားၿပီးေနာက္ က်ယ္ေလာင္တဲ့ ေအာ္ဟစ္သံနဲ႔ မတ္တပ္ထလာတယ္။
ေရွာင္ေပၚ, မင္းဘာေျပာလိုက္တယ္? မင္းကို ႐ုံ႐ႊမ္ေက်ာင္းဆီဝင္ခြင့္ရဖို႔ ကူညီမယ္ေျပာတဲ့သူက လူလိမ္တဲ့လား? ဒါဆိုငါမင္းကိုေပးလိုက္တဲ့ လ်န္သုံးရာကေရာ? သူ႔ကိုေပးလိုက္ၿပီလား?
ပညာတတ္တစ္ေယာက္ရဲ႕ အေငြ႕အသက္ေတြ တစ္စက္မွမရွိေတာ့ဘဲ ယြီေပၚက သုန္မႈန္တဲ့မ်က္ႏွာနဲ႔ ေျမေပၚမွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး သူ႔ေခါင္းကိုဆုပ္ကိုင္ထားသည္။
အဲ့လူက မေန႔မတိုင္ခင္က ကြၽန္ေတာ့္ဆီလာၿပီး ဝင္ခြင့္အတြက္ အခ်ိတ္အဆက္လုပ္ေပးဖို႔ဆိုၿပီး ေငြေတာင္းတယ္။ အဲ့တာနဲ႔ ကြၽန္ေတာ္လည္း လ်န္သုံးရာလုံးေပးလိုက္မိတာ။ ဒီမနက္ အမႈစစ္ေတြ ေရာက္လာၿပီးေတာ့ အဲ့ဒီလူက ေငြလိမ္တဲ့သူ သူ႔ကိုဖမ္းမိထားတယ္ဆိုၿပီး သတင္းေပးလာတာ။ မနက္ျဖန္ ကြၽန္ေတာ္တို႔ သူ႔ကို တရား႐ုံးမွာ အမႈရင္ဆိုင္ရမွာ
ဒါဆိုအဲ့အမႈစစ္ေတြက ငါ့ကိုဖမ္းဖို႔ မဟုတ္ဘူးေပါ့?
အဘြားႀကီးက်န္းက ၿခံဝင္းထဲကို လွမ္းၾကည့္ၿပီး အသံတိုးတိုးနဲ႔ေမးသည္။
ယြီေပၚက သူမကို ထူးဆန္းစြာၾကည့္လိုက္ၿပီး
အေမ့ကိုဖမ္းမယ္? ဘာအတြက္လဲ? သူတို႔က ပုံမွန္လုပ္ထုံးလုပ္နည္းေတြကို လုပ္ေနတာပါ။ မနက္ျဖန္ အေမ့ကိုတရား႐ုံးမွာ ေမးျမန္းဖို႔ ဆင့္ေခၚဖို႔လာၾကတာ။ ကြၽန္ေတာ္တို႔က အလိမ္ခံရတဲ့သူေတြေလ။ တရားမဝင္တာေတြ လုပ္ခဲ့တာမွမဟုတ္တာ
မင္းမလုပ္ခဲ့ေပမယ့္ ငါလုပ္ခဲ့တယ္ အာ!!
အဘြားႀကီးက်န္းက သူမရင္ထဲက စိတ္ဒုကၡေတြကို မေဖာ္ျပႏိုင္ေတာ့ဘူး။ မေန႔ညက ယြီဟိုင္ ထြက္သြားၿပီးေနာက္ သူတို႔ေတြ မိသားစုအစည္းအေဝးထိုင္ခဲ့ၿပီး သူမရဲ႕ အက်ည္းတန္တဲ့ အတိတ္ကို ေျမျမႇဳပ္လိုက္ဖို႔ပဲ ဆုံးျဖတ္ခဲ့ၾကတယ္။ အထူးသျဖင့္ သူတို႔ ယြီေပၚကို အသိခံလို႔မျဖစ္ဘူး။ သူ႔ပညာေရးမွာ အာ႐ုံပ်က္မွာစိုးရတယ္။
သူ႔အေမ စိတ္နဲ႔ကိုယ္နဲ႔မကပ္တာကို ေတြ႕တဲ့အခါ ယြီေပၚက ခပ္ျမန္ျမန္သတိေပးလိုက္တယ္။
အေမ, တရား႐ုံးအမႈစစ္ေတြက ခရီးေဝးႀကီးလာခဲ့ရတာ။ ကြၽန္ေတာ္တို႔ သူတို႔ကို ေသာက္စရာတစ္ခုခု အရင္ ခ်ေပးသင့္တယ္။ သူတို႔ကို ဗိုက္ေဟာင္းေလာင္းနဲ႔ေတာ့ အလုပ္လုပ္ခိုင္းလို႔မျဖစ္ဘူး။ ဒါေၾကာင့္ ေန႔လည္စာအတြက္ပါ တာဝန္ယူရမွာ! ဒုတိယမရီးနဲ႔ ေရွာင္ေခ်ာင္းက ဟင္းခ်က္ေကာင္းတယ္။ သူတို႔ကို ဟင္းပြဲေတြျပင္ဖို႔ လာကူခိုင္းၾကမလား
အဘြားႀကီးက်န္းရဲ႕ႏွလုံးသားက တ႐ုတ္ဆင္တုံးမႏြယ္ထက္ပင္ ခါးသက္သြားတယ္။ မေန႔ညကတင္ သူမက စာခ်ဳပ္မွာလက္မွတ္ထိုးၿပီး ဒုတိယခြဲမိသားစုကို ဘယ္ေတာ့မွ မေႏွာက္ယွက္ေတာ့ပါဘူးလို႔ ကတိေပးခဲ့ၿပီးၿပီ။ ဒီေန႔ သူတို႔ဆီသြားၿပီး ဟင္းလာခ်က္ေပးဖို႔သာ အကူအညီေတာင္းရင္ ကိုယ့္ပါးကိုယ္ ျပန္ခ်ေနတာနဲ႔ မတူဘူးလား ယြီဟိုင့္လက္ထဲမွာ သူမရဲ႕ျပစ္မႈအတြက္ သက္ေသအခိုင္အလုံရွိသည္။ အဲ့ဒီေကာင္ေလးက သူ႔မိန္းမကို သိပ္ခ်စ္တတ္ပုံနဲ႔ တကယ္လို႔ သူမသာ သူတို႔ဆီလာမရႈပ္ေတာ့ပါဘူးလို႔ က်ိန္ဆိုၿပီး သူ႔မိန္းမကို အလုပ္လာခိုင္းတာသာသိရင္ ေသခ်ာေပါက္ သူမရဲ႕ျပစ္မႈကို တိုင္းတရားသူႀကီးထံ တိုင္ၾကားလိမ့္မည္။
အဘြားႀကီးက်န္းက ခဏေလာက္ ေတြေဝေနၿပီးမွ ေျပာလိုက္သည္။
မင္းရဲ႕ဒုတိယအစ္ကိုမိသားစုက တစ္ေယာက္ကို ႏွစ္ကိုယ္ခြဲခ်င္ေလာက္ေအာင္ကို အလုပ္ရႈပ္ေနၾကတာ။ ဒါေၾကာင့္အခု သူတို႔ကို အေႏွာက္အယွက္ ေပးလို႔မျဖစ္ဘူး။ က်န္းခြၽမ္ရဲ႕ မိန္းမကလည္း ဟင္းခ်က္ေကာင္းပါတယ္။ သူ႔ကိုပဲ အကူအညီေတာင္းၾကတာေပါ့!
ယြီေပၚစိတ္ထဲ ပိုလို႔ပင္ အံ့အားသင့္သြားေတာ့တယ္။
ငါ့အေမ ဘယ္တုန္းကမ်ား ဒုတိယမိသားစုအေပၚ ေတြးေပးတတ္သြားပါလိမ့္? ဒီေန႔ ေန အေနာက္အရပ္ကမ်ား ထြက္လာသလား!
ဒါေပမဲ့ ဒုတိယအစ္ကိုရဲ႕ဖရဲသီးဆိုင္က အေတာ္အလုပ္ရႈပ္ေနတယ္လို႔ ၿမိဳ႕ထဲမွာ သူၾကားခဲ့တယ္။ သူ႔အေမ မွန္ပါတယ္။ ဘယ္သူ႔ကို ဟင္းခ်က္ဖို႔ အကူအညီေတာင္းတယ္ဆိုတာ အေရးမွမႀကီးတာ။
အဘြားႀကီးက်န္းက အမ်ိဳးသမီးလီကို က်န္းခြၽမ္မိန္းမဆီ အေခၚလႊတ္လိုက္ၿပီး ၿခံဝင္းထဲသြားကာ တရား႐ုံးအမႈစစ္ေတြကို ယဥ္ေက်းစြာ လိုက္ႏႈတ္ဆက္လိုက္သည္။ ထို႔ေနာက္ သူမက ၾကက္ၿခံဆီသြားၿပီး အေကာင္ႀကီးႀကီး ၾကက္တစ္ေကာင္ကို ဖမ္းၿပီးသတ္လိုက္သည္။ သူမက သူတို႔အိမ္မွာ ေမြးထားတဲ့ ၾကက္ေကာင္ေရ အနည္းငယ္ကိုေတာ့ အမွန္တကယ္ တန္ဖိုးထားတာပင္။ ႏွစ္သစ္ကူးတုန္းကေတာင္ တစ္ေကာင္ေလာက္သတ္ဖို႔ စိတ္ကူးမရွိခဲ့ဘူး။ ဒီေန႔ေတာ့ လုံးဝပလပ္ကြၽတ္သြားၿပီပဲ!
သူမက ၾကက္ဥေတြ အမ်ားႀကီးကိုထုတ္လိုက္တယ္။ ၿပီးက်မွ တစ္ခ်က္ျပန္စဥ္းစားၿပီး ျပန္ထားလိုက္တယ္။ ထို႔ေနာက္ သူမသားငယ္ကို လက္ယက္ေခၚၿပီး ေမးလိုက္တယ္။
ေရွာင္ေပၚ, ငါတို႔အလိမ္ခံရတဲ့ေငြေတြ ျပန္ရမယ္လို႔ထင္လား
ယြီေပၚက မ်က္ႏွာမသာမယာနဲ႔ ျပန္ေျပာတယ္။
အခ်က္က်က်ေျပာရရင္ ကြၽန္ေတာ္က သူ႔ကို မေန႔မတိုင္ခင္ကမွ ေပးလိုက္တာဆိုေတာ့ တစ္ရက္ပဲ ရွိေသးတာ အဲ့ေတာ့ သူဒီအခ်ိန္အတြင္း ေငြေတြအားလုံးကို သုံးပစ္ႏိုင္မွာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့
သူက အျပင္ကိုတစ္ခ်က္ၾကည့္ၿပီးမွ တီးတိုးေျပာတယ္။
လူေတြေျပာၾကတယ္ေလ ႐ုံးေတာ္ရဲ႕ ဝင္ေပါက္က ရွစ္ဂဏန္းရဲ႕ပုံစံလိုပဲ သြားဖို႔ အေၾကာင္းဖန္လာရင္ေတာင္ ေငြမပါဘဲ အထဲမဝင္သင့္ဘူး တဲ့။ ကြၽန္ေတာ့္အထင္ တကယ္လို႔ လ်န္သုံးရာလုံး ျပန္ေတြ႕တယ္ဆိုရင္ေတာင္ အမႈေၾကးအေနနဲ႔ အသိမ္းခံရဖို႔မ်ားတယ္
( ရွစ္ဂဏန္းပုံစံ -)
အဘြားႀကီးက်န္းရဲ႕ႏွလုံးသား ေသြးစိမ္းရွင္ရွင္ထြက္ေနပါၿပီ! လ်န္သုံးရာက နည္းတဲ့ေငြပမာဏမွ မဟုတ္တာ အာ! သူတို႔မိသားစု စုေဆာင္းထားတာေတြရဲ႕ ထက္ဝက္ေက်ာ္ပဲ။ ဝက္ဝံကိုက္ခံရတဲ့ ယြီဟိုင္ေၾကာင့္သာမဟုတ္ရင္ သူတို႔တသက္ ဒီလ်န္သုံးရာကို ရႏိုင္မွာမဟုတ္ဘူး။ သူမ ေျခေထာက္ေတြ ေပ်ာ့ေခြသြားၿပီး ရင္ဘက္ကိုဖိကိုင္ကာ ေျမျပင္ေပၚထိုင္ခ်လိုက္ေတာ့သည္။
အေမ! အေမ, ဘာျဖစ္လို႔လဲ? ကြၽန္ေတာ့္ကို လန႔္ေအာင္မလုပ္ပါနဲ႔!!
ယြီေပၚက အဘြားႀကီးက်န္းရဲ႕ အသက္ရႉၾကပ္ေနသလိုမ်ိဳး ရင္ဘက္ကို ဆြဲဆုပ္ထားပုံကိုၾကည့္ရင္း သူပါ ႐ုတ္တရက္ လမ္းေပ်ာက္သလို ခံစားလာရသည္။
အဘြားႀကီးက်န္းက အခ်ိန္အတန္ၾကာ အသက္ကိုခပ္ျပင္းျပင္းရႉလိုက္ၿပီး ေျမေပၚထိုင္ကာ တအိအိ ငိုေတာ့သည္။ အဲ့ဒီေန႔က ေရွာင္ေခ်ာင္းေျပာခဲ့တဲ့စကားေတြကို သူမျပန္ေတြးၾကည့္မိသည္။ ႐ုံ႐ႊမ္းေက်ာင္းက ဘယ္လိုေနရာမ်ိဳးလဲ? အဲ့ဒီေနရာက ရာထူးျမင့္လူႀကီးေတြ၊ ခ်မ္းသာတဲ့ လုပ္ငန္းရွင္ေတြ အားလုံး သူတို႔သားေတြ ဝင္ခြင့္ရဖို႔ က်ိတ္က်ိတ္တိုး လုေနၾကတဲ့ေနရာပဲ!! လ်န္ငါးရာ မေျပာနဲ႔, အဲ့ေက်ာင္းကို ဝင္ခြင့္ရဖို႔ လ်န္ငါးေထာင္ လ်န္ငါးေသာင္းေပးရမယ္ဆိုရင္ေတာင္ အဲ့ဒီ အခြင့္အေရးအတြက္ ၿပိဳင္ဆိုင္မယ့္သူေတြ ရွိေနအုံးမွာပဲ။ ကိန္းခန္းႀကီးလိုက္တာ, ဒီလိုအရာမ်ိဳးကို သူတို႔လို သာမညေတြက ရႏိုင္မတဲ့လား? ဘာလို႔မ်ား သူက အဲ့ငလိမ္ေကာင္ရဲ႕လိမ္ဆင္ေတြကို တကယ္ယုံဖို႔ ႐ူးမိုက္မိခဲ့ပါလိမ့္?
အေမ, အခုနည္းနည္း သက္သာသြားၿပီမလား ဒါေတြအားလုံး ကြၽန္ေတာ့္အမွားေတြပါ! ကြၽန္ေတာ့္ေၾကာင့္သာ မဟုတ္ရင္ ကြၽန္ေတာ္တို႔မိသားစု ဒီေလာက္ေငြေတြအမ်ားႀကီး ဆုံးရႈံးရမွာ မဟုတ္ဘူး အေမလည္း ခုလို စိတ္ဆင္းရဲရမွာမဟုတ္ဘူး!
ယြီေပၚလည္း ဒီတစ္ခါေတာ့ နက္နက္နဲနဲ ေနာင္တရမိသည္။ သူသာ အဲ့ဒီေက်ာင္းကိုဝင္ဖို႔အတြက္ ထိုမွ် စိတ္အားထက္သန္မေနခဲ့ဘူးဆိုရင္ ဒီလိုမ်ိဳး သူ႔ကို ပစ္မွတ္ထားၿပီး လွည့္စားခံရမွာမဟုတ္ဘူး။