[Unicode]
အပိုင်း -၁၈၈ ( အရှက်မရှိခြင်း )
အဘွားကြီးကျန်းရဲ့ အမူအရာက ပြောင်းလဲသွားတယ်။ အဘိုးကျောက်က ဒုတိယအဆင့်ရှိတဲ့ စစ်သူကြီးဖြစ်ပြီး သူ့ရဲ့သား မုဆိုးကျောက်ကလည်း စစ်တပ်မှာ လေးဆင့်မြောက် စစ်တပ်အရာရှိ နေရာကို ရခဲ့တယ်။ ဒါကြောင့် အခုဆို သူတို့မိသားစုက အကောင်ကြီးကြီးမိသားစု ဖြစ်လို့နေပြီ။ တကယ်လို့ သူမသာ ကျောက်မိသားစုကို ဆက်ပြီး အလိမ်အညာလုပ်ဇာတ်ခင်းကာ ဒေါသထွက်နေရင် နန်းတွင်းက အရာရှိကြီးတစ်ယောက်ကို စွပ်စွဲတယ်ဆိုပြီး သူမကို စီရင်ချက် ချကြလိမ့်မယ်။ အဲ့လိုသာဆို သူမ ထောင်ထဲ ဝင်ရတော့မှာ။
တကယ်တော့ အဘွားကြီးကျန်းက ဒီလိုကိစ္စတွေမှာ အရေထူနေပြီ။ အလိမ်တွေ ပေါ်သွားတာတောင် တည်တည်ငြိမ်ငြိမ် ဖြစ်အောင် နေနိုင်တုန်းပဲ။ သူမက မထီမဲ့မြင်ပုံနဲ့ မျက်လုံးကိုတောင် လှန်လိုက်ပြီး
"အိမ်မှာရှိတဲ့ ပိုက်ဆံအကုန် ညည်းဦးလေးငယ်ရဲ့ တိုင်းအဆင့် စာမေးပွဲကြေးအတွက် ပေးလိုက်ပြီ! ညည်းအဘိုးနဲ့ အကြီးဆုံးဦးလေးကလည်း အခုတလော ဘာငါးမှ မဖမ်းနိုင်ဘူး။ အဲ့တာကြောင့် အိမ်မှာ စားဖို့တောင် အနိုင်နိုင်ရယ်!! ညည်းပိုက်ဆံ သေတ္တာထဲမှာ ငွေတုံးတွေ အများကြီး ရှိတယ်မလား ငါ့ကို လျန်တစ်ရာ နှစ်ရာလောက် ပေးလိုက်စမ်းပါ!"
ယွီရှောင်ချောင်းက အဘွားဖြစ်သူရဲ့ ဓားပြတိုက်နေသလို အပြုအမူကြောင့် အလွန်ဒေါသထွက်သွားပြီး စိတ်ပျက်စွာ ရယ်လိုက်ရင်း
"အဘွားက တော်တော် ပိုက်ဆံလိုချင်နေတာပဲ! လျန်တစ်ရာ နှစ်ရာ ဟုတ်လား! အဘွားက ငှက်သိုက် သောက်ပြီး ငါးမန်းဆူးတောင် စားဖို့များ လုပ်နေတာလား? လျန်တစ်ရာ မပြောနဲ့ ဆယ်လျန်တောင် မပေးနိုင်ဘူး!"
အဘွားကြီးကျန်းက ရှောင်ချောင်းရဲ့ မွေးစားအဖေ အရာရှိကြီးကိုတော့ ကြောက်သည်။ ဒါကြောင့် သူမ ရှောင်ချောင်းကိုတော့ ဘာမှ ပြန်မလုပ်ရဲပေ။ ဒါပေမဲ့ ရှောင်ချောင်း အဖေဖြစ်တဲ့ ယွီဟိုင်နဲ့တော့ နှစ်ပေါင်း တော်တော်ကြာကြာ ဆက်ဆံလာခဲ့ရတာမို့ သူ့ရဲ့ စရိုက်ကို မခြွင်းမချန် အကုန်သိတယ်။ ဒီတော့ သူမက ရှောင်ချောင်းကို ဖယ်လိုက်ပြီး ယွီဟိုင်ဆီကို အပြေးသွားတော့တယ်။
အဘွားကြီးကျန်းရဲ့ ကြမ်းကြုတ်နေတဲ့ ပုံစံကြောင့် ယွီဟိုင်က မသိလိုက် မသိဘာသာနဲ့ ဘေးကိုတောင် ဆုတ်မိသွားတယ်။ ဘယ်ကနေ ရလာမှန်း မသိတဲ့ ခွန်အားတွေနဲ့အတူ သူမက ခြေလှမ်း အနည်းငယ်လောက်နဲ့ ယွီဟိုင်ဆီကို တဟုန်ထိုး ရောက်လာတယ်။ ပြီးနောက် သူမက ယွီဟိုင် လက်မောင်းတွေကို တင်းတင်းကြပ်ကြပ် ကိုင်ရင်း အားပါပါနဲ့ လှုပ်ခါယမ်းပစ်လိုက်တယ်။ ယွီဟိုင်မှာသာ တောင့်တင်း ထူထဲတဲ့ အသားအရေမရှိဘူးဆိုရင် သူမ ဆွဲဆောင့်နေပုံမျိုးနဲ့ လက်မှာ ပွန်းပဲ့ရာတွေတောင် ကျန်ခဲ့လောက်တယ်!
"ဒုတိယသား, ငါမင်းကို ရှစ်နှစ် ကိုးနှစ်အရွယ်တည်းကနေ လူတစ်လုံး သူတစ်လုံး ဖြစ်တဲ့အထိ စောင့်ရှောက်လာခဲ့ရတာ... နောက်ပြီး မင်းအတွက် ကောင်းမွန်တဲ့ ဇနီးကိုလည်း တောင်းပေးခဲ့တယ်လေ ပြီးခဲ့တဲ့ နှစ်တွေမှာ ငါမင်းအပေါ် မကောင်းခဲ့ဘူးဆိုရင်တောင် ငါ မင်းကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေ မင်းအပေါ် ရှိနေတုန်းပဲ! ဟုတ်တယ် မင်း အခု အိမ်ကနေ ခွဲထွက်လာပြီဆိုတာ မှန်တယ်... ဒါပေမဲ့ မင်းက အခုထိ မင်းအဖေရဲ့ သား၊ မင်းမောင်နှမတွေရဲ့ အစ်ကို ဖြစ်နေတုန်းပဲလေ! အခု ငါတို့အိမ်မှာ ခက်ခဲနေပြီ! အဲ့တာကို မင်းက သွေးအေးအေးနဲ့ ဒီတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား အာ!"
အဘွားကြီးကျန်းက တစ်ခုခု တွေးတောနေတဲ့ပုံနဲ့ ဝမ်းနည်းမှုကြောင့် စိတ်ထိခိုက်နေသူ တစ်ယောက်လို သူမ မျက်နှာအိုအိုပေါ် မျက်ရည်တွေ စီးကျလာတယ်။ သူမ မျက်နှာမှာ နှာရည်တွေ မျက်ရည်တွေ ရွှဲလို့နေတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ အဘွားကြီးကျန်းက သူမသားငယ်အပေါ် မျှော်လင့်ချက်တွေ အကုန်ထားခဲ့တယ်။ သားဖြစ်သူ မြို့မှာ အိမ်ငှားပြီး အဆင်ပြေပြေနဲ့ စာသင်နိုင်အောင် အိမ်မှာ စုထားတဲ့ ငွေတစ်ပြား တစ်ချပ်မကျန် သူမသားအတွက် သုံးစွဲခဲ့တယ်။ အိမ်ကလူတွေ စားဖို့ တွန့်ဆုတ်ရတဲ့ ဆန်ချောကို သူမသားငယ်ကတော့ အနပ်တိုင်း နီးပါး စားနိုင်ခဲ့တယ်။ သူမအိမ်မှာ ဘယ်လောက်ပဲ ကပ်စီးကုတ်ပြီး ချွေတာပါစေ သူမသားကိုတော့ ဒါမျိုး နည်းနည်းလေးမှ အဖြစ်မခံခဲ့ပေ။ သူမ မျှော်လင့်မိသမျှက "ငါ့သားကအရာရှိ" ဆိုတဲ့ ဂုဏ်ပုဒ်လေးတစ်ခုပင် ဖြစ်သည်။
ဒီနှစ်နွေဦးရဲ့ ဖေဖော်ဝါရီလမှာ သူမသားငယ် ယွီပေါ်က ခရိုင်အဆင့်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့တယ်။ အဘွားကြီးကျန်းက ဒါကို အလွန်ပီတိဖြစ်ခဲ့ပြီး တိုင်းအရာရှိစာမေးပွဲမှာလည်း သူမသားက အောင်မြင်လိမ့်မယ်လို့ အကြွင်းမဲ့မျှော်လင့်ထားခဲ့တာ။ များသောအားဖြင့် တွန့်တိုတတ်တဲ့ သူမက သူမသားရဲ့ ခရိုင်စာမေးပွဲ အောင်မြင်မှုအတွက် ရွာမှာ တစ်နေ့လုံး ဂုဏ်ပြုပွဲတောင် ကျင်းပပေးခဲ့သည်။
သို့သော်လည်း ဤသည်က သူမ အပျော်စောနေခဲ့ခြင်းသာ ဖြစ်သည်။ တိုင်းအဆင့် စာမေးပွဲတွင် ခရိုင်အဆင့်၊ စီရင်စုအဆင့်၊ တိုင်းအဆင့်ဆိုပြီး အဆင့် သုံးဆင့်ရှိသည်။ ထို့ကြောင့် ခရိုင်အဆင့် စာမေးပွဲဆိုသည်မှာ ပထမဆုံး ခြေလှမ်းမျှသာ ဖြစ်သည်။ ဧပြီလမှာတော့ အဘွားကြီးကျန်းက ကြီးမားတဲ့ မျှော်လင့်ချက်နဲ့အတူ သားဖြစ်သူကို စီရင်စုမြို့ဆီ လိုက်ပို့ပေးခဲ့သည်။ အဲ့ဒီမှာ သူမက သားဖြစ်သူကို တစ်ခါတည်း စာမေးပွဲအောင်ပြီး တိုင်းအရာရှိအနေနဲ့ အိမ်ပြန်လာခဲ့ ဟုဆိုကာ အားပေးခဲ့သည်။
သို့ပေမဲ့မျှော်လင့်ချက် မြင့်မြင့်ထားလေလေ စိတ်ပျက်မှု ကြီးမားလေလေ ဖြစ်သည်။ ယွီပေါ်က စီရင်စုအဆင့် စာမေးပွဲကျခဲ့တာကြောင့် တစ်အိမ်လုံးမှာ စိတ်တင်းကြပ်ပြီး စိတ်ဓာတ်ကျတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းသွားခဲ့ရတယ်။ အဘွားကြီးကျန်းဆို ခါးသက်စွာနဲ့ တစ်ယောက်တည်း ကြိတ်ငိုရတဲ့အထိပင်။
သို့သော်လည်း ယွီပေါ်ကတော့ စာမေးပွဲကျရတာ သူတက်တဲ့ ကျောင်းမကောင်းလို့ဆိုပြီး စာသင်ကျောင်းကို လွှဲချတယ်။ ရုံရွှမ်စာသင်ကျောင်းက ကျောင်းသားဆယ့်ရှစ်ယောက်ကတော့ စီရင်စုအဆင့် စာမေးပွဲကို ခန့်မှန်းထားသလိုပဲ အောင်မြင်ခဲ့တယ်။ အောင်ရုံတင် မကသေး အဆင့်ကောင်းကောင်းတွေပါ ရရှိခဲ့တယ်။ အခုဆို သူတို့အားလုံးက တိုင်းအဆင့် စာမေးပွဲဖြေဖို့ စောင့်နေရုံပဲ! သူတို့တွေ တိုင်းအရာရှိ တစ်ယောက်ရဲ့ တရားဝင်ရာထူးကို ရသွားရင်တောင် ဒါက အံ့ဩစရာ ဖြစ်နေမှာ မဟုတ်ပေ။
စီရင်စုအဆင့် စာမေးပွဲပြီးလို့ မကြာခင်မှာပဲ ယွီပေါ်က ရွာကို ပြန်လာပြီး တကယ်လို့ ရုံရွှမ်စာသင်ကျောင်းမှာသာ တက်ရင် နှစ်နှစ်အတွင်း တိုင်းအရာရှိ ရာထူးကို ရနိုင်တယ်ဆိုပြီး လာပြောခဲ့တယ်။ အရင်က အခွင့်အရေး မရှိခဲ့ပေမယ့် အခု သူ့အား ရုံရွှမ်ကျောင်းကို ဝင်ခွင့်ရအောင် ကူညီပေးမယ့် အံ့ဩစရာကောင်းတဲ့ မိတ်ဆွေတစ်ယောက်ကို ရခဲ့တယ်။ ဒါပေမဲ့ ငွေနည်းနည်း လောက်တော့ လိုနေတယ်။
အဘွားကြီးကျန်းက ထိုအကြံကို ချက်ချင်းပဲ စိတ်ဝင်စားသွားတယ်။ သူမလို စာမတတ် ပေမတတ် ငါးစိမ်းသည်တောင် ဒီရုံရွှမ်ကျောင်းရဲ့ ကြီးမားတဲ့ ဂုဏ်ပုဒ်တွေကို ကြားဖူးတယ်။ ရုံရွှမ်ကျောင်းဆိုတာက တော်ဝင်စာမေးပွဲမှာ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုရတဲ့ ပညာရှိတွေကိုပါ မွေးထုတ်ပေးနိုင်ခဲ့တာ!! တကယ်လို့ သူမသားသာ အဲ့ဒီကျောင်းမှာ တက်ပြီး နာမည်ကြီး ဆရာတစ်ယောက်နဲ့သာ သင်လိုက်ရင် စာမေးပွဲအောင်ဖို့ဆိုတာ လက်တစ်ကမ်းအလိုမှာပဲ! ဟားဟား... သူမကတော့ မကြာခင် အရာရှိရဲ့အမေ ဖြစ်တော့မှာပါလား!!
ဒါပေမဲ့ သူမသားပြောတဲ့ နည်းနည်းဆိုတဲ့ ငွေပမာဏကို ကြားလိုက်ရချိန်မှာတော့ အဘွားကြီးကျန်း တွန့်ဆုတ်သွားတော့တယ်။ သာမန် တံငါသည် မိသားစုလေးအတွက် လျန်ငါးရာဆိုတာ နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ။ အဘွားကြီးကျန်းရဲ့ ကော်တစ်ရာ ကပ်စီးနှဲလို အပြုအမူတွေနဲ့ မုဆိုးကျောက်ရဲ့ လျော်ကြေးငွေ လျန်သုံးရာနဲ့မှ သူတို့လက်ထဲမှာ လျန်လေးရာလောက်ပဲ ရှိတာ။ သူတို့မှာ ရှိရှိသမျှ ပေါင်နှံရောင်းချပေးရင်တောင် လျန်ငါးရာရဖို့ မဖြစ်နိုင်ဘူး!!
မနေ့ညက သူမ အကြပ်ရိုက်နေချိန်မှာပဲ အမျိုးသမီးလီက အခန်းထဲဝင်လာပြီး ယွီမိသားစုက စိုက်တဲ့ ဖရဲသီးတွေက တစ်လုံးကို ငါးလျန်နဲ့ ရောင်းနေရတဲ့အကြောင်း လာပြောတယ်။ ဒါကို ကြားလိုက်ရချိန် လမ်းပျောက်နေတဲ့ အဘွားကြီးကျန်းက အလင်းရောင်လေး မြင်လိုက်ရသလို ခံစားလိုက်ရတယ်__ သူမသားငယ်အတွက်သာဆို သူမကတော့ ဓားပြပဲတိုက်ရ တိုက်ရ ပိုက်ဆံကိုတော့ မရရအောင် ရှာမှာပဲ!!
ဒါကြောင့် သူမက ဒီမနက် မြို့တက်လာပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ ယွီဟိုင်တို့ ဖရဲသီးဆိုင်ကို စောင့်ကြည့် လေ့လာနေခဲ့တယ်။ ဖရဲသီးဆိုင်က အတော်လေး ရောင်းကောင်းတယ် ဆိုရမယ်။ မနက်ကနေ နေ့လည်အထိ ဆိုင်ရှေ့မှာ ဝယ်သူတွေ လာကြတာ ချောင်းပေါက်မတတ်ပဲ။ ဆိုင်ထဲ ဝင်သွားတဲ့ ဘယ်သူမဆို လက်ထဲ ဖရဲသီးတစ်လုံး၊ နှစ်လုံး ပိုက်ပြီး ပြန်ပြန်ထွက်လာကြတယ်။ သူမ ဒါကို ကြည့်ပြီး စိတ်ထဲမှာ တွက်ချက်နေမိတယ်။ တကယ်လို့ ဖရဲသီးတစ်လုံးကို ငါးလျန်ဆို ဒီဖရဲသီးဆိုင်ကနေ တစ်နေ့ တစ်နေ့ လျန်ရာနဲ့ချီ ရမှာ ကျိန်းသေပဲ။ ထိုအတွေးနဲ့အတူ အဘွားကြီးကျန်းက ယွီဟိုင်ဆီကနေ ပိုက်ဆံတောင်းဖို့ ပိုပြီးတော့တောင် ယုံကြည်ချက်ရှိလာတယ်။
သူမ ဘာလို့ ဒီအချိန်မှ လာခဲ့ရသလဲ... ဒါပေါ့ သူမမှာ အကြံရှိလို့လေ။ အရင်က အဖြစ်အပျက်တွေအရ အဘွားကြီးကျန်းက ယွီရှောင်ချောင်းရဲ့ အစွမ်းအစကို သိနေတယ်။ အခုဆို အဲ့ဒီ သောက်ကလေးမလေးမှာ ဩဇာညောင်းပြီး ရာထူးကြီးတဲ့ မွေးစားအဖေကလည်း ရှိနေသေးတော့ သူမကို အော်ဟစ် ရိုက်နှက်ပြီး ပိုက်ဆံတောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယွီဟိုင်ကျတော့ ထိန်းချုပ်ရလွယ်တယ်။ တကယ်လို့ သူမသာ သားသမီးဝတ္တရားတွေကို ထိုင်ရွတ်ပြလိုက်ရင် ယွီဟိုင်လိုလူက ဘယ်လိုမှ သူမတောင်းဆိုတာကို ငြင်းနိုင်မယ့်နည်းလမ်း ရှိမှာမဟုတ်ဘူး။
"ဒုတိယသား! ယွီပေါ်ဆိုတာ မင်းနဲ့ သွေးသားတော်စပ်တဲ့ ညီလေးပါ!! အခု ဒီပိုက်ဆံတွေက သူ့ဘဝကို အဆုံးအဖြတ်ပေးမှာ... မင်းဒီတိုင်းပဲ ရပ်ကြည့်နေလို့ မရဘူးလေ!!"
ဆံပင်ဖြူဖြူ ပါးရေတွန့်တွန့်နဲ့ အဘွားကြီးကျန်းက ယွီဟိုင်လက်မောင်းကို ကိုင်ကာ ဝမ်းနည်းပက်လက် ငိုကြွေးနေတယ်။ အကြောင်းမသိတဲ့ ဘေးလူတွေကတော့ ယွီဟိုင်ကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။
အဘွားကြီးကျန်းရဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ လက်ထဲက ရုန်းမထွက်နိုင်တာမို့ ယွီဟိုင်တစ်ယောက် ဇောချွေးတွေပင် ပြန်လာရတယ်။ ပြီးနောက် သူက ထစ်အအနဲ့
"ခင်...ခင်ဗျား ဘာလုပ်တာလဲ စကားပြောချင်ရင် ဒီတိုင်းပဲပြောပါ! ကျွန်တော် ကူညီနိုင်တာဆို ကူညီမယ် စိတ်ချ! "
ယွီဟိုင်က အရင်လို အဘွားကြီးကျန်း စိတ်ကျေနပ်တဲ့အထိ အနိုင်ကျင့် ထိန်းချုပ်ခံမယ့်သူမျိုး မဟုတ်တော့။ အဘွားကြီးကျန်းရဲ့ အောင့်သက်သက် အသနားခံမှုကို ရင်ဆိုင်ရာမှာ သူက သူ့စကားတွေကို မယုတ်မလွန် ဆိုထားတယ်။
အဘွားကြီးကျန်းက မျက်ရည်ကို အင်္ကျီလက်နှင့် သုတ်ကာ နှာတရှုံ့ရှုံ့လုပ်ရင်း တစ်စုံတစ်ယောက်က သူ့အပေါ် အကြွေးတင်နေတဲ့ပုံစံနဲ့
"မင်းတို့မိသားစု မြို့မှာ ဖရဲသီးရောင်းပြီး တစ်နေ့ကို လျန်ရာနဲ့ချီပြီး ရနေတာ မသိတဲ့သူ ဘယ်သူများ ရှိလို့လဲ။ ငွေလျန်ငါးရာလောက်က မင်းအတွက် အသေးအဖွဲလေးပဲ မဟုတ်လား"
ဒီစကားကို ကြားတော့ ဘေးက ကြည့်နေတဲ့ လူတွေအားလုံးရဲ့စိတ်ထဲ ဟင်ခနဲ ဖြစ်သွားကြတယ်။ ဒီလမ်းမှာရှိတဲ့ စျေးဝယ်တွေ ကုန်သည်တွေအကုန်လုံးက ပိုက်ဆံရှိတဲ့ သူတွေပါပဲ။ ဒါပေမဲ့ ဒီမိန်းမအိုကြီးက ဖရဲသီးဆိုင်ပိုင်ရှင်ဆီ အကူအညီတောင်းတဲ့အခါ သူမလို ဟောင်းနွမ်းတဲ့ အဝတ်အစားတွေ ဝတ်ထားပြီး ခက်ခက်ခဲခဲ ဘဝမျိုး ရှိပုံပေါ်တဲ့ တောသူမကြီးတစ်ယောက်က ဒီလောက်များတဲ့ ငွေပမာဏကို တောင်းလာလိမ့်မယ်လို့ သူတို့ လုံးဝထင်မထားခဲ့။
လျန်ငါးရာဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်ဘဲ! အနီးအနားက ဆိုင်တွေမှာတောင် တစ်လကို လျန်ငါးရာ ရှာနိုင်တဲ့ ဆိုင်ဆိုတာ ခပ်ရှားရှားရယ်။ ဘယ်လို အကြောင်းပြချက်ရှိလို့များ ဒီသူဆင်းရဲအမျိုးသမီးကြီးက ငွေလျန်ငါးရာကို ပက်ခနဲ တောင်းနေရတာပါလိမ့်?
ယွီဟိုင်ကလည်း ဒုက္ခတွေ့နေပုံနဲ့ မျက်မှောင်ကို ကျုံ့လိုက်တယ်။ သူပထမဆုံး တွေးမိတာက သူတို့ လျန်ငါးရာတောင် လိုတဲ့အထိ သူ့ညီက ဘာကိစ္စများဖြစ်ခဲ့လဲဆိုတာပဲ။
"အဖွား, ပါးစပ်ဖွင့်ဖွင့်ချင်း တောင်းချလိုက်တာ လျန်ငါးရာတဲ့လား! လူအများအစုအတွက် တစ်ဘဝလုံးစာ ခက်ခက်ခဲခဲ ရှာရင်တောင် လျန်ငါးရာ မရနိုင်တာ အဘွားမသိတာလား ဒီလျန်ငါးရာကို အဘွား ဘာအတွက် လိုတာလဲဆိုတာ ကျွန်မ သိချင်မိတယ်"
အစောပိုင်းက သတိလက်လွတ် ဖြစ်နေတဲ့ ရှောင်ချောင်းကို အဘွားကြီးကျန်းက တွန်းဖယ် ပစ်လိုက်တာကြောင့် လဲကျမတတ် ဖြစ်သွားတယ်။ ကံကောင်းစွာနဲ့ ဖျတ်လတ်တဲ့ လင်းလုံက ဖမ်းမိလိုက်လို့သာပဲ။ မဟုတ်ရင် သူမအသားတွေ အကုန် ပွန်းပဲ့ကုန်လောက်တယ်။
အဘွားကြီးကျန်းက ဝံပုလွေတစ်ကောင်လို ရုတ်ရင်းကြမ်းတမ်းတဲ့ အကြည့်နဲ့ ယွီရှောင်ချောင်းကို စူးခနဲ ကြည့်လိုက်တယ်။ ဒါပေမဲ့ ရှောင်ချောင်းနောက်က ခပ်ချောချော အမျိုးသမီးကို မြင်လိုက်ချိန်မှာတော့ သူမ သူငယ်အိမ်တွေ ရုတ်ချည်း ကျဉ်းမြောင်းသွားတော့တယ်။ ရှောင်ချောင်းရဲ့ မွေးစားအမေ မြို့တော်ကနေ ရောက်နေတဲ့အကြောင်း အမျိုးသမီးလီဆီကနေ သူမ ကြားပြီးသား ဖြစ်သည်။ ရှောင်ချောင်း မွေးစားအမေရဲ့ ရှောင်ချောင်းအပေါ် ထားတဲ့သဘောထားကြောင့် သူမက ကောက်ကျစ်ကြမ်းတမ်းတဲ့ စကားတချို့ကို အင်တင်တင်နဲ့ မြိုသိပ်လိုက်ရင်း
ငါ ဘာအတွက် လိုလဲဆိုတာ ညည်းသိစရာမလိုဘူး။ ဒုတိယသား, ငါ့ကို ပိုက်ဆံပေးမပေး ဆိုတာကိုပဲ ပြောစမ်းပါ!
သို့သော် ယွီဟိုင်က သူမထင်ထားသလိုမျိုး နာနာခံခံနဲ့ လက်မခံခဲ့ပေ။ အဲ့ဒီအစား သူက ရှောင်ချောင်းလို တစ်ပုံစံတည်း မေးခွန်းကို မေးလာတယ်။
"ချောင်းအာ ပြောတာမှန်တယ်။ လျန်ငါးရာဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး။ ဘယ်လို အမှုအခင်းမှာများ ရှောင်ပေါ်က ပါခဲ့လို့ ဒီလောက် ငွေအများကြီးတောင် လိုရတာလဲ သူ့ကို မလိုမုန်းထားသူတွေဆီကနေ ချောက်ချခံခဲ့ရတာတော့ မဟုတ်ပါဘူးနော်?"
"မင်းသာ တရားစွဲခံရတဲ့သူ!! ငါ့ရှောင်ပေါ်လေးက တစ်ဘဝလုံး နတ်ဘုရားတွေ ကောင်းချီးပေးတာ ခံလာရတာ။ ဒါကြောင့် အနာဂတ်မှာလည်း သူက အရာရှိတစ်ယောက် ဖြစ်လာဦးမှာ!! ဒီတစ်ကြိမ် သူ ကောင်းကောင်းမလုပ်နိုင်တာက ကျောင်းက ဆရာတွေ အသုံးမကျလို့!! သူ ရုံရွှမ်ကျောင်းကို ဝင်ပြီးတာနဲ့ သေချာပေါက် စာမေးပွဲအောင်ပြီး လာမယ့်နှစ်မှာ အရာရှိတစ်ယောက် ဖြစ်လာတော့မှာ! အဲ့အချိန်ကျရင် အကိုကြီးတစ်ယောက်အနေနဲ့ မင်းမှာလည်း အကျိုးမရှိလာနိုင်ဘူးလား"
အဘွားကြီးကျန်းဟာ သူမသားငယ်က သေချာပေါက် တိုင်းအရာရှိတစ်ယောက်ပဲ ဖြစ်တော့မလိုလို ပုံစံနဲ့ ဂုဏ်မောက်စွာ ပြောနေတယ်။
ရှောင်ချောင်းက အဘွားကြီးကျန်း စကားထဲမှာ အသေးစိတ် အချက်အလက်တွေကို ရိပ်စားမိလိုက်တာမို့ သူမက သံသယဝင်တဲ့ပုံနဲ့
"ခဏ! ဦးလေးငယ်က ရုံရွှမ်ကျောင်းကို ဝင်မယ်လို့ ပြောလိုက်တာလား ရုံရွှမ်ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲက နှစ်တိုင်း ပထမလမှာပဲ ရှိတာလေ ဒါဆို စာမေးပွဲဖြေတဲ့အချိန်က ကျော်သွားပြီ မဟုတ်ဘူးလား ဒီနှစ် ကုစားစာမေးပွဲ ရှိတယ်ဆိုပြီး ရှီထုန်ဆီက ပြောသံလည်း မကြားမိပါဘူး"
အဘွားကြီးကျန်းက သူတို့ကို ဝင့်ကြွားတဲ့ အမူအရာနဲ့ အမှန်အတိုင်း ပြောပြလိုက်ချင်ပါသည်။ သို့ပေမယ့် သူ့သားက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေရန် ဒီကိစ္စကို လွယ်လွယ်ကူကူ ထုတ်မပြောနဲ့လို့ မှာထားတာကို သတိရသွားတာကြောင့် သူမက ပါးစပ်ထဲက ထွက်ကျခါနီး စကားတွေကို မြိုသိပ်လိုက်တယ်။ ပြီးနောက် သူမက ဝိုးတိုးဝါးတားပုံစံနဲ့
"အဲ့တာ မင်းတို့အပူ မပါပါဘူး။ မင်းတို့သာ လျန်ငါးရာပေးရင် ရုံရွှမ်ကျောင်းကို ဝင်ဖို့က ပြဿနာမရှိဘူး!"
ကြည့်ရတာ စာမေးပွဲကျတဲ့ ကျောင်းသားတွေအပေါ် အမြတ်ထုတ်ပြီး နာမည်ကောင်းယူမယ့်သူ ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ လျန်ငါးရာကြီး တစ်ပြိုင်နက် တောင်းတာတော့ လွန်လွန်းမနေဘူးလား အာ!! အမှန်တရားကို အနည်းအကျဉ်း ခန့်မှန်းမိတဲ့ ယွီရှောင်ချောင်းက အဘွားကြီးကျန်းကို ကိုယ်ချင်းစာပြီး သတိပေးလိုက်တယ်။
" အဘွား, လျန်ငါးရာပေးရင် ရုံရွှမ်ကျောင်းကို ဝင်ခွင့်ရမယ်လို့ တစ်ယောက်ယောက်က ပြောလိုက်တာလား တကယ်လို့ ပိုက်ဆံသုံးရုံနဲ့ ရုံရွှမ်ကျောင်းကို ဝင်ခွင့်ရတယ်ဆိုရင် ကျွန်မတို့ ရှီထုန်ကို ကျောင်းထားဖို့ အခွင့်အရေးတောင် ရခဲ့မှာတဲ့လား လူကုံထံ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေတောင် သူတို့ သားတွေကို အဲ့ကျောင်းမှာ ထားဖို့ ငွေအများကြီး သုံးချင်နေကြတာ။ ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့ဘူး... အဲ့တာတောင် အဘွားက လျန်ငါးရာပေးရုံနဲ့ အလုပ်ဖြစ်မယ် ထင်နေတာလား အဘွားနဲ့ ဦးလေးတို့တော့ လူလိမ်နဲ့ တွေ့ခဲ့ပြီထင်တယ်"
အဘွားကြီးကျန်းရဲ့ ရင့်ရော်နေတဲ့ ခန္ဓာကိုယ်က အပေါ်ဘက်ကို သုံးပေလောက် မြင့်တက်သွားတဲ့အထိ ဆွေ့ဆွေ့ခုန် သွားတော့တယ်။ ပြီးနောက် လက်တစ်ဖက်ကို ခါးမှာထောက်ကာ နောက်တစ်ဖက်ကို ရှောင်ချောင်းဆီ လက်ညှိုးငေါက်ငေါက်ထိုးရင်း လမ်းတွေပေါ်မှာ အော်ဆဲတတ်တဲ့ မိန်းမကြမ်းကြီး တစ်ယောက်လို တံတွေးကို တဖီဖီ ထွေးကာ အော်တော့တယ်။
"နင့်လို တူမမျိုး ကမ္ဘာပေါ်မှာ ရှိသေးလား! ဘယ်သူမှ မရနိုင်တဲ့ ဒီလို အခွင့်အရေးကို ရဖို့ နင့်ဦးလေးက မနည်းကို ကြိုးစားခဲ့ရတာဟဲ့! မကူညီနိုင်တာကို ငါမပြောလိုဘူး ဒါပေမဲ့ နင်က အလိမ်ခံရတယ် ဆိုပြီးတောင် ကျိန်စာတိုက်နေသေးတယ်!! နင့်ဦးလေးငယ်က နင့်အပေါ် စိတ်ရင်းနဲ့ ကောင်းခဲ့ရှာတာပါဟဲ့! ဒါကိုတောင် နင့်စိတ်ဓာတ် ခွေးစားသွားတာလားဟမ်? နင့်လို ယုတ်မာတဲ့ ကလေးမမျိုး ငါတစ်ခါမှ မတွေ့ဖူးသေးဘူး... ဒီလို စိတ်ဓာတ်ပုတ်သိုးနေတဲ့ ဂြိုဟ်ဆိုးမကို လက်ထပ်မယ့်သူတောင် ရှိပါ့မလား စောင့်ကြည့်ကြသေးတာပေါ့ အနာဂတ်မှာ"
[Zawgyi]
အပိုင္း -၁၈၈ ( အရွက္မရွိျခင္း )
အဘြားႀကီးက်န္းရဲ႕ အမူအရာက ေျပာင္းလဲသြားတယ္။ အဘိုးေက်ာက္က ဒုတိယအဆင့္ရွိတဲ့ စစ္သူႀကီးျဖစ္ၿပီး သူ႔ရဲ႕သား မုဆိုးေက်ာက္ကလည္း စစ္တပ္မွာ ေလးဆင့္ေျမာက္ စစ္တပ္အရာရွိ ေနရာကို ရခဲ့တယ္။ ဒါေၾကာင့္ အခုဆို သူတို႔မိသားစုက အေကာင္ႀကီးႀကီးမိသားစု ျဖစ္လို႔ေနၿပီ။ တကယ္လို႔ သူမသာ ေက်ာက္မိသားစုကို ဆက္ၿပီး အလိမ္အညာလုပ္ဇာတ္ခင္းကာ ေဒါသထြက္ေနရင္ နန္းတြင္းက အရာရွိႀကီးတစ္ေယာက္ကို စြပ္စြဲတယ္ဆိုၿပီး သူမကို စီရင္ခ်က္ ခ်ၾကလိမ့္မယ္။ အဲ့လိုသာဆို သူမ ေထာင္ထဲ ဝင္ရေတာ့မွာ။
တကယ္ေတာ့ အဘြားႀကီးက်န္းက ဒီလိုကိစၥေတြမွာ အေရထူေနၿပီ။ အလိမ္ေတြ ေပၚသြားတာေတာင္ တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေအာင္ ေနႏိုင္တုန္းပဲ။ သူမက မထီမဲ့ျမင္ပုံနဲ႔ မ်က္လုံးကိုေတာင္ လွန္လိုက္ၿပီး
"အိမ္မွာရွိတဲ့ ပိုက္ဆံအကုန္ ညည္းဦးေလးငယ္ရဲ႕ တိုင္းအဆင့္ စာေမးပြဲေၾကးအတြက္ ေပးလိုက္ၿပီ! ညည္းအဘိုးနဲ႔ အႀကီးဆုံးဦးေလးကလည္း အခုတေလာ ဘာငါးမွ မဖမ္းႏိုင္ဘူး။ အဲ့တာေၾကာင့္ အိမ္မွာ စားဖို႔ေတာင္ အႏိုင္ႏိုင္ရယ္!! ညည္းပိုက္ဆံ ေသတၱာထဲမွာ ေငြတုံးေတြ အမ်ားႀကီး ရွိတယ္မလား ငါ့ကို လ်န္တစ္ရာ ႏွစ္ရာေလာက္ ေပးလိုက္စမ္းပါ!"
ယြီေရွာင္ေခ်ာင္းက အဘြားျဖစ္သူရဲ႕ ဓားျပတိုက္ေနသလို အျပဳအမူေၾကာင့္ အလြန္ေဒါသထြက္သြားၿပီး စိတ္ပ်က္စြာ ရယ္လိုက္ရင္း
"အဘြားက ေတာ္ေတာ္ ပိုက္ဆံလိုခ်င္ေနတာပဲ! လ်န္တစ္ရာ ႏွစ္ရာ ဟုတ္လား! အဘြားက ငွက္သိုက္ ေသာက္ၿပီး ငါးမန္းဆူးေတာင္ စားဖို႔မ်ား လုပ္ေနတာလား? လ်န္တစ္ရာ မေျပာနဲ႔ ဆယ္လ်န္ေတာင္ မေပးႏိုင္ဘူး!"
အဘြားႀကီးက်န္းက ေရွာင္ေခ်ာင္းရဲ႕ ေမြးစားအေဖ အရာရွိႀကီးကိုေတာ့ ေၾကာက္သည္။ ဒါေၾကာင့္ သူမ ေရွာင္ေခ်ာင္းကိုေတာ့ ဘာမွ ျပန္မလုပ္ရဲေပ။ ဒါေပမဲ့ ေရွာင္ေခ်ာင္း အေဖျဖစ္တဲ့ ယြီဟိုင္နဲ႔ေတာ့ ႏွစ္ေပါင္း ေတာ္ေတာ္ၾကာၾကာ ဆက္ဆံလာခဲ့ရတာမို႔ သူ႔ရဲ႕ စ႐ိုက္ကို မႁခြင္းမခ်န္ အကုန္သိတယ္။ ဒီေတာ့ သူမက ေရွာင္ေခ်ာင္းကို ဖယ္လိုက္ၿပီး ယြီဟိုင္ဆီကို အေျပးသြားေတာ့တယ္။
အဘြားႀကီးက်န္းရဲ႕ ၾကမ္းၾကဳတ္ေနတဲ့ ပုံစံေၾကာင့္ ယြီဟိုင္က မသိလိုက္ မသိဘာသာနဲ႔ ေဘးကိုေတာင္ ဆုတ္မိသြားတယ္။ ဘယ္ကေန ရလာမွန္း မသိတဲ့ ခြန္အားေတြနဲ႔အတူ သူမက ေျခလွမ္း အနည္းငယ္ေလာက္နဲ႔ ယြီဟိုင္ဆီကို တဟုန္ထိုး ေရာက္လာတယ္။ ၿပီးေနာက္ သူမက ယြီဟိုင္ လက္ေမာင္းေတြကို တင္းတင္းၾကပ္ၾကပ္ ကိုင္ရင္း အားပါပါနဲ႔ လႈပ္ခါယမ္းပစ္လိုက္တယ္။ ယြီဟိုင္မွာသာ ေတာင့္တင္း ထူထဲတဲ့ အသားအေရမရွိဘူးဆိုရင္ သူမ ဆြဲေဆာင့္ေနပုံမ်ိဳးနဲ႔ လက္မွာ ပြန္းပဲ့ရာေတြေတာင္ က်န္ခဲ့ေလာက္တယ္!
"ဒုတိယသား, ငါမင္းကို ရွစ္ႏွစ္ ကိုးႏွစ္အ႐ြယ္တည္းကေန လူတစ္လုံး သူတစ္လုံး ျဖစ္တဲ့အထိ ေစာင့္ေရွာက္လာခဲ့ရတာ... ေနာက္ၿပီး မင္းအတြက္ ေကာင္းမြန္တဲ့ ဇနီးကိုလည္း ေတာင္းေပးခဲ့တယ္ေလ ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ငါမင္းအေပၚ မေကာင္းခဲ့ဘူးဆိုရင္ေတာင္ ငါ မင္းကို ေကြၽးေမြးခဲ့တဲ့ ေက်းဇူးေတြ မင္းအေပၚ ရွိေနတုန္းပဲ! ဟုတ္တယ္ မင္း အခု အိမ္ကေန ခြဲထြက္လာၿပီဆိုတာ မွန္တယ္... ဒါေပမဲ့ မင္းက အခုထိ မင္းအေဖရဲ႕ သား၊ မင္းေမာင္ႏွမေတြရဲ႕ အစ္ကို ျဖစ္ေနတုန္းပဲေလ! အခု ငါတို႔အိမ္မွာ ခက္ခဲေနၿပီ! အဲ့တာကို မင္းက ေသြးေအးေအးနဲ႔ ဒီတိုင္းပဲ ထိုင္ၾကည့္ေနေတာ့မွာလား အာ!"
အဘြားႀကီးက်န္းက တစ္ခုခု ေတြးေတာေနတဲ့ပုံနဲ႔ ဝမ္းနည္းမႈေၾကာင့္ စိတ္ထိခိုက္ေနသူ တစ္ေယာက္လို သူမ မ်က္ႏွာအိုအိုေပၚ မ်က္ရည္ေတြ စီးက်လာတယ္။ သူမ မ်က္ႏွာမွာ ႏွာရည္ေတြ မ်က္ရည္ေတြ ႐ႊဲလို႔ေနတယ္။
ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ အဘြားႀကီးက်န္းက သူမသားငယ္အေပၚ ေမွ်ာ္လင့္ခ်က္ေတြ အကုန္ထားခဲ့တယ္။ သားျဖစ္သူ ၿမိဳ႕မွာ အိမ္ငွားၿပီး အဆင္ေျပေျပနဲ႔ စာသင္ႏိုင္ေအာင္ အိမ္မွာ စုထားတဲ့ ေငြတစ္ျပား တစ္ခ်ပ္မက်န္ သူမသားအတြက္ သုံးစြဲခဲ့တယ္။ အိမ္ကလူေတြ စားဖို႔ တြန႔္ဆုတ္ရတဲ့ ဆန္ေခ်ာကို သူမသားငယ္ကေတာ့ အနပ္တိုင္း နီးပါး စားႏိုင္ခဲ့တယ္။ သူမအိမ္မွာ ဘယ္ေလာက္ပဲ ကပ္စီးကုတ္ၿပီး ေခြၽတာပါေစ သူမသားကိုေတာ့ ဒါမ်ိဳး နည္းနည္းေလးမွ အျဖစ္မခံခဲ့ေပ။ သူမ ေမွ်ာ္လင့္မိသမွ်က "ငါ့သားကအရာရွိ" ဆိုတဲ့ ဂုဏ္ပုဒ္ေလးတစ္ခုပင္ ျဖစ္သည္။
ဒီႏွစ္ေႏြဦးရဲ႕ ေဖေဖာ္ဝါရီလမွာ သူမသားငယ္ ယြီေပၚက ခ႐ိုင္အဆင့္စာေမးပြဲကို ေအာင္ျမင္စြာေျဖဆိုႏိုင္ခဲ့တယ္။ အဘြားႀကီးက်န္းက ဒါကို အလြန္ပီတိျဖစ္ခဲ့ၿပီး တိုင္းအရာရွိစာေမးပြဲမွာလည္း သူမသားက ေအာင္ျမင္လိမ့္မယ္လို႔ အႂကြင္းမဲ့ေမွ်ာ္လင့္ထားခဲ့တာ။ မ်ားေသာအားျဖင့္ တြန႔္တိုတတ္တဲ့ သူမက သူမသားရဲ႕ ခ႐ိုင္စာေမးပြဲ ေအာင္ျမင္မႈအတြက္ ႐ြာမွာ တစ္ေန႔လုံး ဂုဏ္ျပဳပြဲေတာင္ က်င္းပေပးခဲ့သည္။
သို႔ေသာ္လည္း ဤသည္က သူမ အေပ်ာ္ေစာေနခဲ့ျခင္းသာ ျဖစ္သည္။ တိုင္းအဆင့္ စာေမးပြဲတြင္ ခ႐ိုင္အဆင့္၊ စီရင္စုအဆင့္၊ တိုင္းအဆင့္ဆိုၿပီး အဆင့္ သုံးဆင့္ရွိသည္။ ထို႔ေၾကာင့္ ခ႐ိုင္အဆင့္ စာေမးပြဲဆိုသည္မွာ ပထမဆုံး ေျခလွမ္းမွ်သာ ျဖစ္သည္။ ဧၿပီလမွာေတာ့ အဘြားႀကီးက်န္းက ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔အတူ သားျဖစ္သူကို စီရင္စုၿမိဳ႕ဆီ လိုက္ပို႔ေပးခဲ့သည္။ အဲ့ဒီမွာ သူမက သားျဖစ္သူကို တစ္ခါတည္း စာေမးပြဲေအာင္ၿပီး တိုင္းအရာရွိအေနနဲ႔ အိမ္ျပန္လာခဲ့ ဟုဆိုကာ အားေပးခဲ့သည္။
သို႔ေပမဲ့ေမွ်ာ္လင့္ခ်က္ ျမင့္ျမင့္ထားေလေလ စိတ္ပ်က္မႈ ႀကီးမားေလေလ ျဖစ္သည္။ ယြီေပၚက စီရင္စုအဆင့္ စာေမးပြဲက်ခဲ့တာေၾကာင့္ တစ္အိမ္လုံးမွာ စိတ္တင္းၾကပ္ၿပီး စိတ္ဓာတ္က်တဲ့ အေငြ႕အသက္ေတြ ဖုံးလႊမ္းသြားခဲ့ရတယ္။ အဘြားႀကီးက်န္းဆို ခါးသက္စြာနဲ႔ တစ္ေယာက္တည္း ႀကိတ္ငိုရတဲ့အထိပင္။
သို႔ေသာ္လည္း ယြီေပၚကေတာ့ စာေမးပြဲက်ရတာ သူတက္တဲ့ ေက်ာင္းမေကာင္းလို႔ဆိုၿပီး စာသင္ေက်ာင္းကို လႊဲခ်တယ္။ ႐ုံ႐ႊမ္စာသင္ေက်ာင္းက ေက်ာင္းသားဆယ့္ရွစ္ေယာက္ကေတာ့ စီရင္စုအဆင့္ စာေမးပြဲကို ခန႔္မွန္းထားသလိုပဲ ေအာင္ျမင္ခဲ့တယ္။ ေအာင္႐ုံတင္ မကေသး အဆင့္ေကာင္းေကာင္းေတြပါ ရရွိခဲ့တယ္။ အခုဆို သူတို႔အားလုံးက တိုင္းအဆင့္ စာေမးပြဲေျဖဖို႔ ေစာင့္ေန႐ုံပဲ! သူတို႔ေတြ တိုင္းအရာရွိ တစ္ေယာက္ရဲ႕ တရားဝင္ရာထူးကို ရသြားရင္ေတာင္ ဒါက အံ့ဩစရာ ျဖစ္ေနမွာ မဟုတ္ေပ။
စီရင္စုအဆင့္ စာေမးပြဲၿပီးလို႔ မၾကာခင္မွာပဲ ယြီေပၚက ႐ြာကို ျပန္လာၿပီး တကယ္လို႔ ႐ုံ႐ႊမ္စာသင္ေက်ာင္းမွာသာ တက္ရင္ ႏွစ္ႏွစ္အတြင္း တိုင္းအရာရွိ ရာထူးကို ရႏိုင္တယ္ဆိုၿပီး လာေျပာခဲ့တယ္။ အရင္က အခြင့္အေရး မရွိခဲ့ေပမယ့္ အခု သူ႔အား ႐ုံ႐ႊမ္ေက်ာင္းကို ဝင္ခြင့္ရေအာင္ ကူညီေပးမယ့္ အံ့ဩစရာေကာင္းတဲ့ မိတ္ေဆြတစ္ေယာက္ကို ရခဲ့တယ္။ ဒါေပမဲ့ ေငြနည္းနည္း ေလာက္ေတာ့ လိုေနတယ္။
အဘြားႀကီးက်န္းက ထိုအႀကံကို ခ်က္ခ်င္းပဲ စိတ္ဝင္စားသြားတယ္။ သူမလို စာမတတ္ ေပမတတ္ ငါးစိမ္းသည္ေတာင္ ဒီ႐ုံ႐ႊမ္ေက်ာင္းရဲ႕ ႀကီးမားတဲ့ ဂုဏ္ပုဒ္ေတြကို ၾကားဖူးတယ္။ ႐ုံ႐ႊမ္ေက်ာင္းဆိုတာက ေတာ္ဝင္စာေမးပြဲမွာ ေ႐ႊတံဆိပ္ဆု၊ ေငြတံဆိပ္ဆုရတဲ့ ပညာရွိေတြကိုပါ ေမြးထုတ္ေပးႏိုင္ခဲ့တာ!! တကယ္လို႔ သူမသားသာ အဲ့ဒီေက်ာင္းမွာ တက္ၿပီး နာမည္ႀကီး ဆရာတစ္ေယာက္နဲ႔သာ သင္လိုက္ရင္ စာေမးပြဲေအာင္ဖို႔ဆိုတာ လက္တစ္ကမ္းအလိုမွာပဲ! ဟားဟား... သူမကေတာ့ မၾကာခင္ အရာရွိရဲ႕အေမ ျဖစ္ေတာ့မွာပါလား!!
ဒါေပမဲ့ သူမသားေျပာတဲ့ နည္းနည္းဆိုတဲ့ ေငြပမာဏကို ၾကားလိုက္ရခ်ိန္မွာေတာ့ အဘြားႀကီးက်န္း တြန႔္ဆုတ္သြားေတာ့တယ္။ သာမန္ တံငါသည္ မိသားစုေလးအတြက္ လ်န္ငါးရာဆိုတာ နည္းတဲ့ ပိုက္ဆံမွ မဟုတ္တာ။ အဘြားႀကီးက်န္းရဲ႕ ေကာ္တစ္ရာ ကပ္စီးႏွဲလို အျပဳအမူေတြနဲ႔ မုဆိုးေက်ာက္ရဲ႕ ေလ်ာ္ေၾကးေငြ လ်န္သုံးရာနဲ႔မွ သူတို႔လက္ထဲမွာ လ်န္ေလးရာေလာက္ပဲ ရွိတာ။ သူတို႔မွာ ရွိရွိသမွ် ေပါင္ႏွံေရာင္းခ်ေပးရင္ေတာင္ လ်န္ငါးရာရဖို႔ မျဖစ္ႏိုင္ဘူး!!
မေန႔ညက သူမ အၾကပ္႐ိုက္ေနခ်ိန္မွာပဲ အမ်ိဳးသမီးလီက အခန္းထဲဝင္လာၿပီး ယြီမိသားစုက စိုက္တဲ့ ဖရဲသီးေတြက တစ္လုံးကို ငါးလ်န္နဲ႔ ေရာင္းေနရတဲ့အေၾကာင္း လာေျပာတယ္။ ဒါကို ၾကားလိုက္ရခ်ိန္ လမ္းေပ်ာက္ေနတဲ့ အဘြားႀကီးက်န္းက အလင္းေရာင္ေလး ျမင္လိုက္ရသလို ခံစားလိုက္ရတယ္__ သူမသားငယ္အတြက္သာဆို သူမကေတာ့ ဓားျပပဲတိုက္ရ တိုက္ရ ပိုက္ဆံကိုေတာ့ မရရေအာင္ ရွာမွာပဲ!!
ဒါေၾကာင့္ သူမက ဒီမနက္ ၿမိဳ႕တက္လာၿပီး ပုန္းလွ်ိဳးကြယ္လွ်ိဳးနဲ႔ ယြီဟိုင္တို႔ ဖရဲသီးဆိုင္ကို ေစာင့္ၾကည့္ ေလ့လာေနခဲ့တယ္။ ဖရဲသီးဆိုင္က အေတာ္ေလး ေရာင္းေကာင္းတယ္ ဆိုရမယ္။ မနက္ကေန ေန႔လည္အထိ ဆိုင္ေရွ႕မွာ ဝယ္သူေတြ လာၾကတာ ေခ်ာင္းေပါက္မတတ္ပဲ။ ဆိုင္ထဲ ဝင္သြားတဲ့ ဘယ္သူမဆို လက္ထဲ ဖရဲသီးတစ္လုံး၊ ႏွစ္လုံး ပိုက္ၿပီး ျပန္ျပန္ထြက္လာၾကတယ္။ သူမ ဒါကို ၾကည့္ၿပီး စိတ္ထဲမွာ တြက္ခ်က္ေနမိတယ္။ တကယ္လို႔ ဖရဲသီးတစ္လုံးကို ငါးလ်န္ဆို ဒီဖရဲသီးဆိုင္ကေန တစ္ေန႔ တစ္ေန႔ လ်န္ရာနဲ႔ခ်ီ ရမွာ က်ိန္းေသပဲ။ ထိုအေတြးနဲ႔အတူ အဘြားႀကီးက်န္းက ယြီဟိုင္ဆီကေန ပိုက္ဆံေတာင္းဖို႔ ပိုၿပီးေတာ့ေတာင္ ယုံၾကည္ခ်က္ရွိလာတယ္။
သူမ ဘာလို႔ ဒီအခ်ိန္မွ လာခဲ့ရသလဲ... ဒါေပါ့ သူမမွာ အႀကံရွိလို႔ေလ။ အရင္က အျဖစ္အပ်က္ေတြအရ အဘြားႀကီးက်န္းက ယြီေရွာင္ေခ်ာင္းရဲ႕ အစြမ္းအစကို သိေနတယ္။ အခုဆို အဲ့ဒီ ေသာက္ကေလးမေလးမွာ ဩဇာေညာင္းၿပီး ရာထူးႀကီးတဲ့ ေမြးစားအေဖကလည္း ရွိေနေသးေတာ့ သူမကို ေအာ္ဟစ္ ႐ိုက္ႏွက္ၿပီး ပိုက္ဆံေတာင္းဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒါေပမဲ့ ယြီဟိုင္က်ေတာ့ ထိန္းခ်ဳပ္ရလြယ္တယ္။ တကယ္လို႔ သူမသာ သားသမီးဝတၱရားေတြကို ထိုင္႐ြတ္ျပလိုက္ရင္ ယြီဟိုင္လိုလူက ဘယ္လိုမွ သူမေတာင္းဆိုတာကို ျငင္းႏိုင္မယ့္နည္းလမ္း ရွိမွာမဟုတ္ဘူး။
"ဒုတိယသား! ယြီေပၚဆိုတာ မင္းနဲ႔ ေသြးသားေတာ္စပ္တဲ့ ညီေလးပါ!! အခု ဒီပိုက္ဆံေတြက သူ႔ဘဝကို အဆုံးအျဖတ္ေပးမွာ... မင္းဒီတိုင္းပဲ ရပ္ၾကည့္ေနလို႔ မရဘူးေလ!!"
ဆံပင္ျဖဴျဖဴ ပါးေရတြန႔္တြန႔္နဲ႔ အဘြားႀကီးက်န္းက ယြီဟိုင္လက္ေမာင္းကို ကိုင္ကာ ဝမ္းနည္းပက္လက္ ငိုေႂကြးေနတယ္။ အေၾကာင္းမသိတဲ့ ေဘးလူေတြကေတာ့ ယြီဟိုင္ကို အျပစ္တင္တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ၾကတယ္။
အဘြားႀကီးက်န္းရဲ႕ တင္းၾကပ္စြာ ဆုပ္ကိုင္ထားတဲ့ လက္ထဲက ႐ုန္းမထြက္ႏိုင္တာမို႔ ယြီဟိုင္တစ္ေယာက္ ေဇာေခြၽးေတြပင္ ျပန္လာရတယ္။ ၿပီးေနာက္ သူက ထစ္အအနဲ႔
"ခင္...ခင္ဗ်ား ဘာလုပ္တာလဲ စကားေျပာခ်င္ရင္ ဒီတိုင္းပဲေျပာပါ! ကြၽန္ေတာ္ ကူညီႏိုင္တာဆို ကူညီမယ္ စိတ္ခ်! "
ယြီဟိုင္က အရင္လို အဘြားႀကီးက်န္း စိတ္ေက်နပ္တဲ့အထိ အႏိုင္က်င့္ ထိန္းခ်ဳပ္ခံမယ့္သူမ်ိဳး မဟုတ္ေတာ့။ အဘြားႀကီးက်န္းရဲ႕ ေအာင့္သက္သက္ အသနားခံမႈကို ရင္ဆိုင္ရာမွာ သူက သူ႔စကားေတြကို မယုတ္မလြန္ ဆိုထားတယ္။
အဘြားႀကီးက်န္းက မ်က္ရည္ကို အက်ႌလက္ႏွင့္ သုတ္ကာ ႏွာတရႈံ႕ရႈံ႕လုပ္ရင္း တစ္စုံတစ္ေယာက္က သူ႔အေပၚ အေႂကြးတင္ေနတဲ့ပုံစံနဲ႔
"မင္းတို႔မိသားစု ၿမိဳ႕မွာ ဖရဲသီးေရာင္းၿပီး တစ္ေန႔ကို လ်န္ရာနဲ႔ခ်ီၿပီး ရေနတာ မသိတဲ့သူ ဘယ္သူမ်ား ရွိလို႔လဲ။ ေငြလ်န္ငါးရာေလာက္က မင္းအတြက္ အေသးအဖြဲေလးပဲ မဟုတ္လား"
ဒီစကားကို ၾကားေတာ့ ေဘးက ၾကည့္ေနတဲ့ လူေတြအားလုံးရဲ႕စိတ္ထဲ ဟင္ခနဲ ျဖစ္သြားၾကတယ္။ ဒီလမ္းမွာရွိတဲ့ ေစ်းဝယ္ေတြ ကုန္သည္ေတြအကုန္လုံးက ပိုက္ဆံရွိတဲ့ သူေတြပါပဲ။ ဒါေပမဲ့ ဒီမိန္းမအိုႀကီးက ဖရဲသီးဆိုင္ပိုင္ရွင္ဆီ အကူအညီေတာင္းတဲ့အခါ သူမလို ေဟာင္းႏြမ္းတဲ့ အဝတ္အစားေတြ ဝတ္ထားၿပီး ခက္ခက္ခဲခဲ ဘဝမ်ိဳး ရွိပုံေပၚတဲ့ ေတာသူမႀကီးတစ္ေယာက္က ဒီေလာက္မ်ားတဲ့ ေငြပမာဏကို ေတာင္းလာလိမ့္မယ္လို႔ သူတို႔ လုံးဝထင္မထားခဲ့။
လ်န္ငါးရာဆိုတာ နည္းတဲ့ ပမာဏမွ မဟုတ္ဘဲ! အနီးအနားက ဆိုင္ေတြမွာေတာင္ တစ္လကို လ်န္ငါးရာ ရွာႏိုင္တဲ့ ဆိုင္ဆိုတာ ခပ္ရွားရွားရယ္။ ဘယ္လို အေၾကာင္းျပခ်က္ရွိလို႔မ်ား ဒီသူဆင္းရဲအမ်ိဳးသမီးႀကီးက ေငြလ်န္ငါးရာကို ပက္ခနဲ ေတာင္းေနရတာပါလိမ့္?
ယြီဟိုင္ကလည္း ဒုကၡေတြ႕ေနပုံနဲ႔ မ်က္ေမွာင္ကို က်ဳံ႕လိုက္တယ္။ သူပထမဆုံး ေတြးမိတာက သူတို႔ လ်န္ငါးရာေတာင္ လိုတဲ့အထိ သူ႔ညီက ဘာကိစၥမ်ားျဖစ္ခဲ့လဲဆိုတာပဲ။
"အဖြား, ပါးစပ္ဖြင့္ဖြင့္ခ်င္း ေတာင္းခ်လိုက္တာ လ်န္ငါးရာတဲ့လား! လူအမ်ားအစုအတြက္ တစ္ဘဝလုံးစာ ခက္ခက္ခဲခဲ ရွာရင္ေတာင္ လ်န္ငါးရာ မရႏိုင္တာ အဘြားမသိတာလား ဒီလ်န္ငါးရာကို အဘြား ဘာအတြက္ လိုတာလဲဆိုတာ ကြၽန္မ သိခ်င္မိတယ္"
အေစာပိုင္းက သတိလက္လြတ္ ျဖစ္ေနတဲ့ ေရွာင္ေခ်ာင္းကို အဘြားႀကီးက်န္းက တြန္းဖယ္ ပစ္လိုက္တာေၾကာင့္ လဲက်မတတ္ ျဖစ္သြားတယ္။ ကံေကာင္းစြာနဲ႔ ဖ်တ္လတ္တဲ့ လင္းလုံက ဖမ္းမိလိုက္လို႔သာပဲ။ မဟုတ္ရင္ သူမအသားေတြ အကုန္ ပြန္းပဲ့ကုန္ေလာက္တယ္။
အဘြားႀကီးက်န္းက ဝံပုေလြတစ္ေကာင္လို ႐ုတ္ရင္းၾကမ္းတမ္းတဲ့ အၾကည့္နဲ႔ ယြီေရွာင္ေခ်ာင္းကို စူးခနဲ ၾကည့္လိုက္တယ္။ ဒါေပမဲ့ ေရွာင္ေခ်ာင္းေနာက္က ခပ္ေခ်ာေခ်ာ အမ်ိဳးသမီးကို ျမင္လိုက္ခ်ိန္မွာေတာ့ သူမ သူငယ္အိမ္ေတြ ႐ုတ္ခ်ည္း က်ဥ္းေျမာင္းသြားေတာ့တယ္။ ေရွာင္ေခ်ာင္းရဲ႕ ေမြးစားအေမ ၿမိဳ႕ေတာ္ကေန ေရာက္ေနတဲ့အေၾကာင္း အမ်ိဳးသမီးလီဆီကေန သူမ ၾကားၿပီးသား ျဖစ္သည္။ ေရွာင္ေခ်ာင္း ေမြးစားအေမရဲ႕ ေရွာင္ေခ်ာင္းအေပၚ ထားတဲ့သေဘာထားေၾကာင့္ သူမက ေကာက္က်စ္ၾကမ္းတမ္းတဲ့ စကားတခ်ိဳ႕ကို အင္တင္တင္နဲ႔ ၿမိဳသိပ္လိုက္ရင္း
ငါ ဘာအတြက္ လိုလဲဆိုတာ ညည္းသိစရာမလိုဘူး။ ဒုတိယသား, ငါ့ကို ပိုက္ဆံေပးမေပး ဆိုတာကိုပဲ ေျပာစမ္းပါ!
သို႔ေသာ္ ယြီဟိုင္က သူမထင္ထားသလိုမ်ိဳး နာနာခံခံနဲ႔ လက္မခံခဲ့ေပ။ အဲ့ဒီအစား သူက ေရွာင္ေခ်ာင္းလို တစ္ပုံစံတည္း ေမးခြန္းကို ေမးလာတယ္။
"ေခ်ာင္းအာ ေျပာတာမွန္တယ္။ လ်န္ငါးရာဆိုတာ နည္းတဲ့ပမာဏ မဟုတ္ဘူး။ ဘယ္လို အမႈအခင္းမွာမ်ား ေရွာင္ေပၚက ပါခဲ့လို႔ ဒီေလာက္ ေငြအမ်ားႀကီးေတာင္ လိုရတာလဲ သူ႔ကို မလိုမုန္းထားသူေတြဆီကေန ေခ်ာက္ခ်ခံခဲ့ရတာေတာ့ မဟုတ္ပါဘူးေနာ္?"
"မင္းသာ တရားစြဲခံရတဲ့သူ!! ငါ့ေရွာင္ေပၚေလးက တစ္ဘဝလုံး နတ္ဘုရားေတြ ေကာင္းခ်ီးေပးတာ ခံလာရတာ။ ဒါေၾကာင့္ အနာဂတ္မွာလည္း သူက အရာရွိတစ္ေယာက္ ျဖစ္လာဦးမွာ!! ဒီတစ္ႀကိမ္ သူ ေကာင္းေကာင္းမလုပ္ႏိုင္တာက ေက်ာင္းက ဆရာေတြ အသုံးမက်လို႔!! သူ ႐ုံ႐ႊမ္ေက်ာင္းကို ဝင္ၿပီးတာနဲ႔ ေသခ်ာေပါက္ စာေမးပြဲေအာင္ၿပီး လာမယ့္ႏွစ္မွာ အရာရွိတစ္ေယာက္ ျဖစ္လာေတာ့မွာ! အဲ့အခ်ိန္က်ရင္ အကိုႀကီးတစ္ေယာက္အေနနဲ႔ မင္းမွာလည္း အက်ိဳးမရွိလာႏိုင္ဘူးလား"
အဘြားႀကီးက်န္းဟာ သူမသားငယ္က ေသခ်ာေပါက္ တိုင္းအရာရွိတစ္ေယာက္ပဲ ျဖစ္ေတာ့မလိုလို ပုံစံနဲ႔ ဂုဏ္ေမာက္စြာ ေျပာေနတယ္။
ေရွာင္ေခ်ာင္းက အဘြားႀကီးက်န္း စကားထဲမွာ အေသးစိတ္ အခ်က္အလက္ေတြကို ရိပ္စားမိလိုက္တာမို႔ သူမက သံသယဝင္တဲ့ပုံနဲ႔
"ခဏ! ဦးေလးငယ္က ႐ုံ႐ႊမ္ေက်ာင္းကို ဝင္မယ္လို႔ ေျပာလိုက္တာလား ႐ုံ႐ႊမ္ေက်ာင္းရဲ႕ ဝင္ခြင့္စာေမးပြဲက ႏွစ္တိုင္း ပထမလမွာပဲ ရွိတာေလ ဒါဆို စာေမးပြဲေျဖတဲ့အခ်ိန္က ေက်ာ္သြားၿပီ မဟုတ္ဘူးလား ဒီႏွစ္ ကုစားစာေမးပြဲ ရွိတယ္ဆိုၿပီး ရွီထုန္ဆီက ေျပာသံလည္း မၾကားမိပါဘူး"
အဘြားႀကီးက်န္းက သူတို႔ကို ဝင့္ႂကြားတဲ့ အမူအရာနဲ႔ အမွန္အတိုင္း ေျပာျပလိုက္ခ်င္ပါသည္။ သို႔ေပမယ့္ သူ႔သားက မလိုလားအပ္တဲ့ ျပႆနာေတြ မျဖစ္ေစရန္ ဒီကိစၥကို လြယ္လြယ္ကူကူ ထုတ္မေျပာနဲ႔လို႔ မွာထားတာကို သတိရသြားတာေၾကာင့္ သူမက ပါးစပ္ထဲက ထြက္က်ခါနီး စကားေတြကို ၿမိဳသိပ္လိုက္တယ္။ ၿပီးေနာက္ သူမက ဝိုးတိုးဝါးတားပုံစံနဲ႔
"အဲ့တာ မင္းတို႔အပူ မပါပါဘူး။ မင္းတို႔သာ လ်န္ငါးရာေပးရင္ ႐ုံ႐ႊမ္ေက်ာင္းကို ဝင္ဖို႔က ျပႆနာမရွိဘူး!"
ၾကည့္ရတာ စာေမးပြဲက်တဲ့ ေက်ာင္းသားေတြအေပၚ အျမတ္ထုတ္ၿပီး နာမည္ေကာင္းယူမယ့္သူ ရွိေနတဲ့ပုံပဲ။ ဒါေပမဲ့ လ်န္ငါးရာႀကီး တစ္ၿပိဳင္နက္ ေတာင္းတာေတာ့ လြန္လြန္းမေနဘူးလား အာ!! အမွန္တရားကို အနည္းအက်ဥ္း ခန႔္မွန္းမိတဲ့ ယြီေရွာင္ေခ်ာင္းက အဘြားႀကီးက်န္းကို ကိုယ္ခ်င္းစာၿပီး သတိေပးလိုက္တယ္။
" အဘြား, လ်န္ငါးရာေပးရင္ ႐ုံ႐ႊမ္ေက်ာင္းကို ဝင္ခြင့္ရမယ္လို႔ တစ္ေယာက္ေယာက္က ေျပာလိုက္တာလား တကယ္လို႔ ပိုက္ဆံသုံး႐ုံနဲ႔ ႐ုံ႐ႊမ္ေက်ာင္းကို ဝင္ခြင့္ရတယ္ဆိုရင္ ကြၽန္မတို႔ ရွီထုန္ကို ေက်ာင္းထားဖို႔ အခြင့္အေရးေတာင္ ရခဲ့မွာတဲ့လား လူကုံထံ စီးပြားေရး လုပ္ငန္းရွင္ႀကီးေတြေတာင္ သူတို႔ သားေတြကို အဲ့ေက်ာင္းမွာ ထားဖို႔ ေငြအမ်ားႀကီး သုံးခ်င္ေနၾကတာ။ ဒါေပမဲ့ တစ္ေယာက္မွ မေအာင္ျမင္ခဲ့ဘူး... အဲ့တာေတာင္ အဘြားက လ်န္ငါးရာေပး႐ုံနဲ႔ အလုပ္ျဖစ္မယ္ ထင္ေနတာလား အဘြားနဲ႔ ဦးေလးတို႔ေတာ့ လူလိမ္နဲ႔ ေတြ႕ခဲ့ၿပီထင္တယ္"
အဘြားႀကီးက်န္းရဲ႕ ရင့္ေရာ္ေနတဲ့ ခႏၶာကိုယ္က အေပၚဘက္ကို သုံးေပေလာက္ ျမင့္တက္သြားတဲ့အထိ ေဆြ႕ေဆြ႕ခုန္ သြားေတာ့တယ္။ ၿပီးေနာက္ လက္တစ္ဖက္ကို ခါးမွာေထာက္ကာ ေနာက္တစ္ဖက္ကို ေရွာင္ေခ်ာင္းဆီ လက္ညႇိဳးေငါက္ေငါက္ထိုးရင္း လမ္းေတြေပၚမွာ ေအာ္ဆဲတတ္တဲ့ မိန္းမၾကမ္းႀကီး တစ္ေယာက္လို တံေတြးကို တဖီဖီ ေထြးကာ ေအာ္ေတာ့တယ္။
"နင့္လို တူမမ်ိဳး ကမာၻေပၚမွာ ရွိေသးလား! ဘယ္သူမွ မရႏိုင္တဲ့ ဒီလို အခြင့္အေရးကို ရဖို႔ နင့္ဦးေလးက မနည္းကို ႀကိဳးစားခဲ့ရတာဟဲ့! မကူညီႏိုင္တာကို ငါမေျပာလိုဘူး ဒါေပမဲ့ နင္က အလိမ္ခံရတယ္ ဆိုၿပီးေတာင္ က်ိန္စာတိုက္ေနေသးတယ္!! နင့္ဦးေလးငယ္က နင့္အေပၚ စိတ္ရင္းနဲ႔ ေကာင္းခဲ့ရွာတာပါဟဲ့! ဒါကိုေတာင္ နင့္စိတ္ဓာတ္ ေခြးစားသြားတာလားဟမ္? နင့္လို ယုတ္မာတဲ့ ကေလးမမ်ိဳး ငါတစ္ခါမွ မေတြ႕ဖူးေသးဘူး... ဒီလို စိတ္ဓာတ္ပုတ္သိုးေနတဲ့ ၿဂိဳဟ္ဆိုးမကို လက္ထပ္မယ့္သူေတာင္ ရွိပါ့မလား ေစာင့္ၾကည့္ၾကေသးတာေပါ့ အနာဂတ္မွာ"