[Unicode]
အခန်း ၁၈၆ - စဉ်းလဲတဲ့အကြံကိုလက်လွှတ်ဖို့ ငြင်းဆန်ခြင်း
ဝမ်အာ့ကုန်း သူမကို လုံးဝ အယုံအကြည်မရှိပေ။
ဖြတ်သွားဖြတ်လာ ဟုတ်လား ငါတို့ရွာက လယ်ကွက်တွေဆိုတာ ရွာပြင်မှာပဲရှိတာ... အဲ့တာကို ညကြီး အချိန်မတော် ရွာပြင်ထွက်ပြီး ဘာတွေများ လုပ်နေတာလဲ ပြီးတော့ အကိုကြီးသာ့ဟိုင်ရဲ့ ဖရဲခင်းကိုလည်း ဖြတ်သွားသေးတာပေါ့!
ဝမ်အာ့ကုန်းက လူရည်လည်တယ်။ ဒီနှစ်ရက်ထဲမှာကို ဖရဲသီးရောင်းရင် ဘယ်လောက်မြတ်လဲဆိုတာ သူ သိထားတယ်။ သူ့မှာ နှစ်ရက်တည်းနဲ့ကို သူ့တသက်နဲ့တကိုယ် တစ်ခါမှ မျှော်လင့်မထားတဲ့ ငွေတစ်ရာလျန်ကြီးများတောင် ရှာနိုင်ခဲ့တာလေ! သူ့ဇနီးရဲ့ အနည်းငယ် ပူလာပြီဖြစ်တဲ့ ဗိုက်ကလေးကို မြင်တော့ ဝမ်အာ့ကုန်းရဲ့မျက်လုံးက ပိုပြီးနူးညံ့လာပြီး ရင်ထဲမှာလည်း အဖေတစ်ယောက်ရဲ့ ပီတိနဲ့ ပြည့်နေတော့တယ်။
ဒီငွေတွေက သူကိုယ်တိုင် ရိုးရိုးသားသားရှာလို့ ရလာတဲ့ငွေ၊ သူ့ရဲ့ မွေးလာမယ့် သားငယ်လေးအတွက် စုထားတဲ့ မိသားစုပိုင်ငွေ။ သူ့သားကြီးလာရင်တော့ သူ့လို အဖြစ်မခံနိုင်ဘူး။ သူငယ်ငယ်တုန်းကဆို ပေစုတ်စုတ် အဝတ်လေးနဲ့။ စားစရာလည်း အလုံအလောက်မရှိတာမို့ တနေ့တနေ့ ဘယ်လို ခိုးရမလဲ ဆိုတာပဲ အမြဲတွေးနေခဲ့တာ
နောက်ထပ် ရက်နည်းနည်းလောက် အလုပ်လုပ်ပြီးရင် ငါးခန်းပါ အုတ်အိမ်လေးဆောက်ဖို့ လူတစ်ယောက်လောက် ငှားပြီး လယ်ကွက်လေး ဘာလေး ဝယ်မယ်လို့ သူစိတ်ကူးထားတယ်။ သူ့မိသားစုက လယ်ကွက်အားလုံးကို မစီမံနိုင်ရင်တောင် တခြားလူတွေကို ငှါးလို့ရတာပေါ့! အဲ့တာမှပဲ သူ့သားလေးအတွက် အမွေလေး ဘာလေး ပေးလို့ရမှာ။ အကယ်လို့ သူ့သားကိုယ်တိုင်က စာသင်ချင်တယ်လို့ ပူဆာခဲ့ရင် အစိုးရစာမေးပွဲတွေ ဖြေလို့ရတဲ့ ကျောင်းတော်ကြီးမှာတောင် စာသင်လွှတ်ပေးဦးမှာ။ မဟုတ်လို့ သူ့သား ဆန္ဒမရှိဘူး ဆိုရင်လည်း လယ်ကွက်လေး ငှားစားပြီး နေသွားလို့ ရတာပဲ။ နောက်ဆိုရင် ဝမ်အာ့ကုန်းဆိုတာ ခွေးရောကြောင်ပါ မလေးစားတဲ့ လူလေလူလွင့် မဟုတ်တော့ဘူး။ သူဟာ ခုဆိုရင် ခေါင်းမော့ရင်ကော့နဲ့ ဂုဏ်သရေရှိ လူကြီးတစ်ယောက် ဖြစ်လာတော့မှာ။
ဝမ်အာ့ကုန်းအတွက်တော့ ယွီဟိုင်မိသားစုပိုင် ဖရဲခင်းဟာ သူ့မိသားစုရဲ့ အနာဂတ်ပဲ။ ဒါကြောင့် ဒီခြံကို စောင့်ရှောက်ဖို့ သူ့မှာတာဝန်ရှိတယ်။ ဒါကြောင့် သူက သူဖရဲသီးတွေရောင်းပြီးလို့ ပြန်အလာ အကိုသာ့ဟိုင်တစ်ယောက် တစ်နေကုန် အလုပ်လုပ်ပြီးတာတောင် ဖရဲခင်းကို ကြည့်နေရသေးတာကို မြင်တာကြောင့် သူက ဖရဲခင်းစောင့်တဲ့တာဝန်ကို လွှဲယူလိုက်တယ်။ မထင်မှတ်ပဲ မှောင်လာတဲ့ အချိန်မှာတော့ မသမာတဲ့ အကြံရှိတဲ့ လူတစ်ယောက်ကို ဖမ်းမိပါလေရော။ ဟ! အဲ့တာကလည်း အကိုသာ့ဟိုင်ကို ခဏခဏ ဒုက္ခပေးတတ်တဲ့ သူ့ဆွေမျိုးတဲ့ဗျာ!
ဒါပေမဲ့ ဝမ်အာ့ကုန်းကတော့ သူတို့ကဆွေမျိုးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုမစိုက်။ သူ့အတွက် ဖရဲသီး ခိုးနေတဲ့လူဟာ သူ့ငွေဝင်လမ်းကို ပိတ်ပင်တဲ့ လူတစ်ယောက်လို့ပဲ သတ်မှတ်ထားတယ်။ အကိုသာ့ဟိုင်က မြေကွက်သုံးမူလောက်ပဲ ဖရဲသီးတွေ စိုက်ထားတော့ တစ်လုံးချင်း တစ်လုံးချင်း ခူးရင်းနဲ့ ဖရဲသီး အရေအတွက်က လျော့လျော့လာတာ။ တစ်လုံး အခိုးခံရရင် သူဝင်မယ့် ငွေတွေလည်း လျော့သွားတော့မှာ။ ဘာလို့ ဒီလို အဖြစ်ခံရမှာလဲ!
ဖမ်းမိခံရတဲ့ အမျိုးသမီးလီက စိတ်ထဲမှာ အကြိမ်တစ်ရာမကသာ ကျိန်ဆဲမိတော့တယ်။ တကယ်လို့ ယွီဟိုင်နဲ့ သာတိုးရင် သူမတောင်းပန်လိုက်တာနဲ့ ကိစ္စက တိုးတိုးတိတ်တိတ် ပြီးသွားမှာ။ တုန်ရှန်းလို အေးအေးဆေးဆေးရှိတဲ့ ရွာလေးမှာ သူခိုးကျင့်သူခိုးကြံ ကြံတတ်တဲ့လူတွေဆို ရွာသားတွေက တမင် ရှောင်ပြီးကို ကင်းကင်းရှင်းရှင်း နေတတ်တယ်။ ဒါပေမယ့် ဒီနေ့ကျမှ မိမယ့် မိတော့လည်း ဝမ်အာ့ကုန်းလို ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်တဲ့ လူဆီမှာ မိရတယ်လို့။ သူ့ကြောင့် ဒီသတင်းသာ ပျံ့သွားရင် သူမဘယ်လိုမျက်နှာနဲ့ တုန်ရှန်းရွာမှာ နေရတော့မလဲ?
အကိုကြီးအာ့ကုန်း... ဒီဖရဲသီးတွေက ကျွန်မရဲ့ဒုတိယမတ်လေး မိသားစုပိုင်တာလေ... အမျိုး အချင်းချင်းပဲကို သူ့ယောက်မဖြစ်တဲ့ ကျွန်မက တစ်လုံးတစ်လေလောက် ယူစားလို့ရတယ်မလား
ဝမ်အာ့ကုန်းက အကြောက်အရွံ့မရှိတဲ့ လူမျိုးမို့ သူမခမျာ ယဉ်ယဉ်ကျေးကျေးလေး ပြောနေရတယ်။
ဝမ်အာ့ကုန်း မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ရွာသားအချင်းချင်း ကိုယ့်ဆွေမျိုးရဲ့ စိုက်ခင်းကနေ ပဲလိပ်ပြာ လက်တစ်ဆုပ်စာလောက်ဖြစ်ဖြစ် ခရမ်းသီး နည်းနည်းပါးပါးဖြစ်ဖြစ် ယူတာတွေက ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ။ အဲ့လိုဆိုတော့လည်း သူမပြောတာက သဘာဝကျသား။ ဒါပေမယ့်
ယွီရှောင်ချောင်းက သူမမွေးစားအမေလက်ကို လွှတ်လိုက်ပြီး ရှေ့ကို နှစ်လှမ်းလောက်တိုးလာတယ်။ ထို့နောက် ဖျော့တော့တော့ အပြုံးနဲ့အတူ
အကြီးဆုံးအရီးက ဖရဲသီးစားချင်ရင် အကိုဟိန်ဇီကိုပြောပြီး လာယူခိုင်းလိုက်ရောပေါ့! ဘာလို့များ ညကြီး အချိန်မတော် သမီးတို့ကိုတောင် အသိမပေးဘဲ ခြံထဲလာခူးနေရတာလဲ? ကံကောင်းလို့ ခြံစောင့်ခွေး မမွေးထားတာ... မဟုတ်ရင် သူခိုးနဲ့ မှားပြီး ကိုက်ခံနေရမှဖြင့်! ခုလည်း ကြည့်လေ ဦးလေးအာ့ကုန်းလို လူကောင်းနဲ့ တိုးလို့ပေါ့... တခြားတစ်ယောက်သာဆိုရင် ရှင်းပြချိန်တောင် ရလိုက်မှာ မဟုတ်ဘူး အရိုက်ခံနေရလိုက်မယ့်ဖြစ်ခြင်း.. အဲ့လိုသာဆိုရင် အရီးပဲ ခံရမှာမလား?
အမျိုးသမီးလီကို စစ်သူကြီးဖန်း ခပ်တင်းတင်းမျက်နှာနဲ့ သတိပေးလိုက်ပြီးကတည်းက သူမက ရှောင်ချောင်းကို နည်းနည်း ကြောက်နေရတာပင်။ ခုလို မျက်နှာချင်းဆိုင် ရှောင်ချောင်း အကြည့်တွေကို ရင်ဆိုင်ရတော့ အမျိုးသမီးလီတစ်ယောက် မျက်လုံးတွေတောင် ဂနာမငြိမ်ဖြစ်လာတယ်။ သူမက ထစ်တိထစ်အနဲ့
အဲ့တာ...ငါ...ငါ...
အကြီးဆုံးအရီးကတော့ ထုံးစံအတိုင်း ဆင်ခြေဆင်လက်အပြည့်ပဲနော်...ဒါပေမဲ့ ဘေးကလူတွေက ငအတွေ မဟုတ်ဘူး... နောက်ဆို ဒီလိုအပြုအမူတွေ လျော့လုပ်သင့်တယ်... မွေးစားအမေရှေ့မှာ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခု ပြမိပြန်ပြီ
ရှောင်ချောင်းက သေးသေးကွေးကွေး မိန်းကလေးငယ်လေးဖြစ်ပေမယ့် သူမရဲ့ စကားတွေကတော့ အတော်လေး အားပါးတရ ရှိပြီး လေးနက်တယ်။ ဒါကြောင့် အမျိုးသမီးလီက သူမကို ပြန်ပြောဖို့ နေနေသာသာ ငြင်းဖို့တောင် အခွင့်မသာပေ။
သူမ ခုလို ရိုကျိုးနေတဲ့ တခြားအကြောင်းပြချက်တစ်ခုကတော့ ဘေးနားက အမျိုးကောင်း အမျိုးသမီးကို မွေးစားအမေ လို့ခေါ်လိုက်တဲ့ ရှောင်ချောင်းရဲ့ အသံကြောင့်ပဲ။ ဒါက သခင်ကြီးဖန်းရဲ့ဇနီးလို့ ဆိုလိုတာ မလား? အရပ်သားတွေက အရာရှိတွေနဲ့ ပြောဆိုဆက်ဆံဖို့ဆို သိပ်ကိုကြောက်ကြတာ။ ထိုနည်းတူပဲ အမျိုးသမီးလီကလည်း သခင်မဖန်းရှေ့ရောက်တော့ ပိုပြီးတောင် ရိုးသားတဲ့ပုံ ဖမ်းလိုက်သေးတယ်။ အကြံဆိုးတွေလည်း ထပ်မထုတ်ရဲတော့။ သူမက ဒီလို ကောင်းကောင်းမွန်မွန်နဲ့ ကိုယ့်အမှားကို နားလည်သွားတာကြောင့် ယွီရှောင်ချောင်းလည်း ပြဿနာထပ်မရှာဖို့သာ ဆုံးဖြတ်လိုက်ပြီး အမျိုးသမီးလီကို အိမ်ပြန်လွှတ်လိုက်တယ်။
ဒီလိုနဲ့ အမျိုးသမီးလီလည်း စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာခဲ့တယ်။ သူမခမျာ ဘာမှလည်း မရခဲ့တဲ့အပြင် ကိုယ့်ဟာကိုယ်လည်း အရူးက လုပ်ခဲ့ရသေးတယ်။ တွေးရင်းတွေးရင်းကို သူမစိတ်တွေ တနုံ့နုံ့ တိုနေရတယ်။ အိမ်မကြီးထဲမှာ အလင်းရောင်ရှိနေသေးတာကို တွေ့တော့ အမျိုးသမီးလီက သူမရဲ့ ကြွက်လိုမျက်လုံးတွေနဲ့ တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်ပြီး အခန်းတံခါးကို တဒေါက်ဒေါက်နဲ့ ခေါက်လိုက်တယ်။ အဲ့အချိန်မှာ အဘွားကြီးကျန်းတစ်ယောက်က သူမသားအငယ်ဆုံးအတွက် သောကတွေ ရောက်လို့နေတယ်။ အဲ့ဒီမှာ သမီးယောက္ခမနှစ်ယောက် တိုးတိုးတိတ်တိတ်နဲ့ အချိန်ကြာကြီး ဆွေးနွေးခန်း ထုတ်ကြတော့တယ်။ အမျိုးသမီးလီလည်း ထွက်သွားရော အဘွားကြီးကျန်း မျက်နှာပေါ်က စိုးရိမ်စရာတွေက ရုတ်ချည်းဆိုသလို ပျောက်သွားပြီး တခုခုလုပ်ဖို့ တွက်ချက်နေပုံ
နောက်တစ်နေ့ မနက်ခင်းမှာ ငှက်ကလေးတွေရဲ့ တေးဆိုသံနဲ့အတူ သခင်မဖန်း နိုးထလာတယ်။ အပြင်ဘက် ပြတင်းတံခါးက သစ်ရွက်ကလေးတွေရဲ့ လှုပ်ခတ်သံတွေနဲ့အတူ လေနုအေးလေးကလည်း တဖြည်းဖြည်း တိုက်ခတ်နေတယ်။ အရောင်အသွေးစုံလင်တဲ့ ငှက်တစ်ကောင်ကလည်း ပြတင်းပေါက် အပြင်ဘက်ကနေ အိမ်ထဲကို စိတ်ဝင်တစား ကြည့်နေပြီး တကျီကျီတကျာကျာ သီကြွေးနေတယ်။
လင်းလုံက သူ့သခင်မကို အဝတ်အစားပြင်ဆင်ပေးပြီး ကိုယ်လက်သန့်ရှင်းပေးနေတယ်။ ပြတင်းပေါက် တစ်ဘက်ခြမ်းက ငှက်ငယ်လေးကိုကြည့်ရင်း ဖွဖွလေးပြုံးကာ ပြောတယ်။
ဒီလို ချောင်ကျတဲ့ ရွာမျိုးမှာတောင် မှန်လုံပြတင်းပေါက်တွေရှိမယ်မှန်း မသိခဲ့မိဘူး
သခင်မဖန်းကလည်း သူမရဲ့လက်ကိုင်ပုဝါလေးကို ထုတ်ပြီး သူမမျက်နှာလေးကို သုတ်ကာ ညင်သာတဲ့ အသံနဲ့
အကြီးအကဲကျောက်က ဆွေကြီးမျိုးကြီးထဲကကိုမှ အရင်မင်းဆက်တုန်းကလည်း စစ်သူကြီး ဖြစ်ခဲ့တာလေ... သူက ဒုက္ခသည်တစ်ယောက်အနေနဲ့ နှစ်တွေ အကြာကြီး ဖြတ်သန်းခဲ့ရပေမယ့် ပိုင်ဆိုင်မှုဆိုရင် သူ့ဟာနဲ့သူ ရှိတယ်လို့ ပြောရမှာပေါ့... အကယ်လို့ သူသာ ဒီရွာငယ်လေးမှာ တအားကြီး အာရုံစိုက်မခံရရင် သေချာပေါက် တောင်ပေါ်မှာ ခြံကောင်းကောင်းလေးနဲ့ အိမ်အကောင်းစားကြီးတစ်ခု ဆောက်ပစ်လောက်တယ် မင်းသတိထားမိလား? ဒီအိမ်ရဲ့ပရိဘောဂတွေက ရိုးရှင်းတယ်ထင်ရပေမယ့် အားလုံးကို တန်ဖိုးကြီး အနီရောင်မဟော်ဂနီနဲ့ အနီရောင်စန္ဒကူးသားတွေနဲ့ လုပ်ထားတာချည်းပဲ!
ဟင်းချက်ကောင်းသူ ကျန်းကျူးဟာ မနက်စာကို ယူဆောင်လာပြီး သူမစကားကို ကြားတဲ့အခါ ပြုံးရယ်လိုက်တယ်။
စစ်သူကြီးဖန်းရဲ့မိသားစုက အရမ်းရက်ရောတာပဲ... ဒါတွေအားလုံးကို ယွီမိသားစုအတွက် ထားခဲ့တာ ဆိုတော့
လုံးဝိုင်းတဲ့ မဟော်ဂနီစားပွဲမှာ သခင်မဖန်း နေရာယူလိုက်ပြီး ရေနွေးနဲ့ သူမပါးစပ်ကို ပလုတ်ကျင်း လိုက်တယ်။ ထို့နောက်
စစ်သူကြီးလေးကျောက်နဲ့ ရှောင်ချောင်းအဖေက သိပ်ကို ရင်းနှီးတဲ့သူငယ်ချင်းတွေလေ... ရှောင်ချောင်းလေး အဖေကလည်း စစ်သူကြီးကျောက်ကို အသက်ဘေးကနေ တစ်ခါ ကယ်ခဲ့ဖူးတယ်... ဒီတော့ ဒီအိမ်ကိုပေးတယ်ဆိုတာ ဘာမှမပြောပလောက်ပါဘူး... ဒါနဲ့ ဖူရုန်ရော? ခုထိ မထသေးဘူးလား
သူ မနေ့က အရမ်း ပင်ပန်းသွားတယ်ထင်တယ်... မမလေးဖူရုန်က ခြေမွှေး မီးမလောင် လက်မွှေး မီးမလောင် ကြီးပြင်းလာခဲ့ရတော့ မနေ့က ဖြစ်ခဲ့သမျှကို ခံနိုင်ရည်မရှိဘူး ထင်ပါရဲ့!
လင်းလုံက အပြုံးလေးနဲ့ဆိုတယ်။
ကျွန်မ သွားနှိုးပေးရမလား
ရပါတယ်... ဆက်အိပ်ခိုင်းလိုက်ပါ!
သခင်မဖန်းဆိုတာ တစ်ဖက်သားကို အပူပေးတတ်တဲ့ လူမျိုးမဟုတ်။ သူမ တူကိုသာ ကောက်ကိုင်ပြီး မနက်စာစားဖို့ကိုပဲ ပြင်ဆင်လိုက်တယ်။
ဖန်းဇီကျန်းက ဒီမှာ တစ်ခါမှ ချက်ပြုတ်စားတာမဟုတ်တော့ မီးဖိုချောင်ထဲမှာ ရှောင်ချောင်း မနေ့က ဝယ်လာခဲ့တဲ့ ထမင်းဖြူ၊ ဂျုံမှုန့်နဲ့ ဟင်းရွက်အနည်းငယ်ပဲရှိတယ်။ ဒါကြောင့် စစ်သူကြီးအိမ်တော်နဲ့ ဆိုရင် ဒီကမနက်စာက တော်တော်ဆိုးတယ်ပြောရမယ် ဆန်ယာဂုတစ်ပွဲ၊ မုန့်လုံးကြီးကြော်နဲ့ အစိမ်းကြော်ပါဝင်တဲ့ ရိုးရှင်းတဲ့ မနက်စာမျိုး။ စစ်သူကြီးအိမ်တော်က ဒုတိယအဆင့် အစေခံတွေတောင် ဒီ့ထက် ဖွယ်ဖွယ်ရာရာ စားရဦးမယ်! ကျန်းကျူးလည်း ဒီလိုမနက်စာကို သူမသခင်မ သဘောမတွေ့မှာ စိုးရိမ်တော့ ခေါင်းကိုပဲ ငုံ့ထားလျက်နေနေတယ်။
သခင်မဖန်းက တူကိုမြှောက်ပြီး အစိမ်းကြော်ကို နှိုက်ကာ ဝါးလိုက်တယ်။ သူမ မျိုချဖို့လုပ်တဲ့အခါမှာ သူမရဲ့ မျက်ခုံးနှစ်ခုဟာ အလယ်ကို စုလို့သွားတယ်။ ထို့နောက် ကိုယ်ကို ကိုင်းလိုက်ပြီး ရိုးရိုးဆန်ပြုတ်ကို သောက်ဖို့လုပ်တယ်။ ဆန်ပြုတ်ထဲမှာလည်း တကယ် ဘာဆို ဘာမှမပါတော့ အရသာမရှိ ဖြစ်နေတယ်။ သူမသက်ပြင်း ဖွဖွချရင်းပဲ တူကိုချလိုက်တော့တယ်။ စည်းစိမ်ရဲ့ အရသာကိုပဲ အသားကျခဲ့တဲ့လူက ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ဖို့ မနည်းကြိုးစားယူရမယ်ဆိုတာ တကယ်ပါလား!
မွေးစားအမေ, နိုးနေပြီလား?
စာငှက်ကလေးရဲ့ တေးဆိုသံအလား ရှောင်ချောင်းရဲ့အသံစာစာလေးက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာပြီးနောက် ဂိတ်တံခါးတွေ ပွင့်လာတယ်။ သူမဟာ ဆံပင်နှစ်ဘက် အကျအနခွဲကာ ထုံးထားပြီး မြစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ရှောင်ချောင်းတစ်ယောက် သူ့အရပ်နဲ့ မလိုက်အောင် ကြီးတဲ့ စားစရာထည့်ထားတဲ့ ခြင်းတောင်းကြီးကိုယူလာပြီး အိမ်ထဲကို ခုန်ဆွခုန်ဆွနဲ့ ဝင်လာတယ်။
လင်းလုံလည်း ခပ်မြန်မြန်ပဲ ရှောင်ချောင်းလက်ထဲက ခြင်းကို ကူသယ်လိုက်တယ်။ သူမရှောင်ချောင်းကို ပြုံးပြရင်း
မမလေးချောင်းအာက ဒီနေ့တော့ စောစောရောက်တာပဲ! သခင်မလည်း ခုလေးတင် ထပြီး မနက်စာ စားနေတာ!
လခြမ်းပုံစံ မျက်လုံးလေးတွေနဲ့ ရှောင်ချောင်းက အပြုံးမျက်နှာလေးနဲ့ပြောတယ်
"ဒါဆို ကျွန်မ အချိန်မီ ရောက်လာခဲ့တာပဲ!"
သူမဧည့်ခန်းထဲလည်း ရောက်ရော စားပွဲပေါ်က မထိရသေးဘူးလို့တောင်ပြောလို့ရတဲ့ မနက်စာကို လှမ်းကြည့်လိုက်တယ်။ ရိုးရိုးဆန်ယာဂုနဲ့ အစိမ်းကြော်ကို ကြည့်လိုက်တာနဲ့တင် မွေးစားအမေလို ချမ်းချမ်းသာသာ နေလာတဲ့သူကို မဆိုနဲ့ဦး သူမလို လူတောင် စားချင်စိတ်မဖြစ်မိဘူး။
မွေးစားအမေအတွက် ဝက်မိုးခိုသားနဲ့ ဆေးဘဲဥဆန်ပြုတ်၊ ကြက်ဥအိုးကပ်ကြော်နဲ့ ပုစွန်ပါ ထည့်ပေါင်းထားတဲ့ ကြက်ဥပူတင်းတွေ လုပ်လာတယ်။ မနေ့က ကျွန်မတူးလာတဲ့ ကန်စွန်းဥနဲ့ လုပ်ထားတဲ့ ကန်စွန်းဥဘိန်းမုန့်ပါ ယူလာခဲ့သေးတယ်! ပူတုန်းလေးစားလိုက်!"
သူမ မွေးစားအမေရှေ့မှာ တည်ခင်းထားတဲ့ ရိုးရိုးဆန်ယာဂုနေရာမှာ သူမချက်လာတဲ့ သင်းပျံ့တဲ့ ဝက်မိုးခိုသား ဆေးဘဲဥဆန်ပြုတ်ကို အစားထိုးလိုက်တယ်။ ပြီးတာနဲ့ သူမယူလာတဲ့ ဟင်းလျာတွေကို စားပွဲပေါ်မှာ တစ်ခုပြီး တစ်ခု အစီအရီ နေရာချလိုက်တယ်။
စားပွဲပေါ်က မွှေးကြိုင်ပြီး စားချင်စဖွယ်ရှိတဲ့ ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေကြောင့် သခင်မဖန်း အတော်လေး စိတ်ကြည်နူးသွားရတယ်။ သူမရဲ့သမီးလေးက သူမစားဖို့ မနက်အစောကြီးထပြီး ဒါတွေကို ချက်ပေးထားတာပေါ့! သူမအနေနဲ့ သာမန်မိသားစု မနက်စာအကြောင်း သိပ်မသိပေမယ့် အဲ့တာက ရိုးရိုးရှင်းရှင်း ဟင်းလျာတွေလို့တော့ ခန့်မှန်းမိတယ်။ သူမရဲ့သမီးလေးက သူမအတွက် အထူးတလှယ်နဲ့ သွားရည်ကျချင်စရာ ဟင်းပွဲခုနစ်ပွဲ ရှစ်ပွဲလောက် ပြင်ဆင်ပေးလာတာပဲ။ ဒီလို အမေတစ်ယောက်အပေါ် သိတတ်လွန်းတဲ့ သမီးလေးကို ပိုင်ဆိုင်ရတယ်ဆိုတဲ့အတွေးကြောင့် အရမ်းပျော်ပြီး ပီတိ မျက်ရည်တွေတောင် ဝဲရတယ်။
မွေးစားအမေ... မြန်မြန်စားလိုက်! အေးရင် စားလို့မကောင်းတော့ဘူး!
ယွီရှောင်ချောင်းက ဆန်ပြုတ်ကို ပန်းကန်လုံးလေးထဲ ယောက်ချိုနဲ့ ခပ်ထည့်ပေးတယ်။ အပြင်ဘက်က ကြွပ်ရွနေကာ အထဲမှာ နူးညံ့ပြီး အရသာထူးကဲလွန်းတဲ့ ကန်စွန်းဥဘိန်းမုန့်ကိုလည်း သူမ မွေးစားအမေရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။ ပြီးနောက် အချီးမွမ်းခံရဖို့ စောင့်နေသဖွယ်ရှိတဲ့ မျက်လုံးတွေနဲ့ သူမ မွေးစားအမေစားတာကို တစိမ့်စိမ့် ကြည့်နေခဲ့တယ်။
သခင်မဖန်းဟာ သူမသမီးရဲ့ အမူအယာကိုကြည့်ပြီး ပြုံးရယ်မိတယ်။ တခြားမုန့်အချိုတွေနဲ့ မတူတာက အချိုအရသာကြွယ်ဝတဲ့ ကန်စွန်းဥဘိန်းမုန့်ဟာ သူမပါးစပ်ထဲထည့်လိုက်တာနဲ့ မုန့်လေးက တန်းကို အရည်ပျော်သွားတာပဲ။ အဲ့တာက စားပြီးရင်း စားချင်ဖြစ်အောင်ကို ဆွဲဆောင်လွန်းနေတယ်။
အမ်း..ဒီကန်စွန်းဥဘိန်းမုန့်လေးက အရသာရှိလိုက်တာ.. ဘာလို့များ ဒီလိုအရသာရှိတဲ့ ကန်စွန်းဥကို သူဆင်းရဲတွေ စားတဲ့အစာလို့ သတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပဲ!
ချိုမြိန်တဲ့ ကန်စွန်းဥဘိန်းမုန့်တစ်ကိုက်ကို စားလည်းပြီးရော ဆေးဘဲဥပါဝင်တဲ့ ဆန်ယာဂုတစ်လုတ်ကို သောက်လိုက်တယ်။ ထူးခြားပြီး အထက်တန်းဆန်လှတဲ့ အရသာကြောင့် သူမချက်ချင်းကို သဘောတွေ့ နေမိတယ်။ ကြက်ဥအိုးကပ်ကြော်.. နူးညံ့ပြီးလတ်ဆတ်တဲ့ ပုစွန်ထည့်ပေါင်းထားတဲ့ ကြက်ဥပူတင်း စားချင်စဖွယ်ကောင်းလှတဲ့ ဖက်ထုပ်ကြော် သခင်မဖန်းအတွက်တော့ ဒီမနက်စာက သူမတသက်လုံး စားခဲ့ဖူးသမျှ မနက်စာတွေထဲမှာ အကောင်းဆုံးသောမနက်စာဆိုပြီးတောင် ထင်မိတယ်။ အထူးသဖြင့် သူမဘေးနားကနေ မြိန်ရေရှက်ရေစားပြနေတဲ့ ရှောင်ချောင်းလေးကို ကြည့်တာနဲ့တင် ပိုပိုပြီး စားချင်စိတ်ကို ဖြစ်စေတယ်။
ရှောင်ချောင်းက မနက်စာအတွက် အများကြီး ပြင်ဆင်ခဲ့တာကြောင့် သားအမိနှစ်ယောက် ဗိုက်ကားအောင် စားပြီးသွားတာတောင် စားစရာတွေက အများကြီး ကျန်နေသေးတယ်။ ကျန်ရှိနေတဲ့ စားစရာတွေကိုတော့ အစေခံနှစ်ဦးကိုပဲ ဝေကျွေးလိုက်တယ်။ ကျန်းကျူးနဲ့ လင်းလုံတို့နှစ်ယောက် သူတို့သခင်မကို မနက်စာ ဆက်သနေတဲ့ အချိန်မှာကတည်းက ရှောင်ချောင်း ပြင်လာပေးတဲ့မနက်စာကို မျက်စိကျနေခဲ့တာ။ သူတို့ကို ကောင်းကောင်းကြီး လေ့ကျင့်ပေးထားတာမို့ သူတို့မျက်နှာကို ခန့်မှန်းရခက်တယ်။ ဒါပေမယ့် ရိုးရိုးသားသားပဲ ဝန်ခံရမယ်ဆိုရင် သူတို့တွေ တော်တော်ကြာကြာကို သွားရည်ယိုနေခဲ့တာ။
ရှဖူရုန်လည်း နိုးလာရော ကျန်းကျူးပြင်ဆင်ထားတဲ့ ရိုးရိုးဆန်ယာဂု၊ ဘိန်းမုန့်နဲ့ အစိမ်းကြော်ပဲ ကျန်တော့တယ်။ ဒီသခင်မလေးက ဒီလိုအစားအစာမျိုးတစ်ခါမှ မစားခဲ့ဖူးတာမို့ ဝုန်းဒိုင်းကြဲပါလေရော။ ဒါပေမယ့် မနေ့ညကလည်း ရှောင်ချောင်းနဲ့ရန်သတ်နေရတာနဲ့ ကောင်းကောင်းကို မစားခဲ့ရဘူး။ သူမဗိုက်ကတော့ တဂွီဂွီနဲ့ ဆန္ဒတွေပြနေပြီ။ သူမသာမစားရင် သူမပဲ ငတ်မှာ! သူမရဲ့အဒေါ်လည်း ဒီမနက်စာပဲ စားခဲ့မှာပဲဆိုတဲ့ အတွေးနဲ့ပဲ ဗိုက်လေး ၇၀-၈၀ ရာနှုန်းလောက် ပြည့်တဲ့အထိ စိတ်တိုတိုနဲ့ပဲ စားလိုက်တော့တယ်။
သခင်မဖန်း ဒီကိုရောက်စကတည်းက သူမမှာ ဝယ်ခြမ်းစရာတွေ အများကြီးရှိနေမှန်း သတိပြုမိတယ်။ မနက်စာစားပြီးတာနဲ့ ရှောင်ချောင်းက ဖရဲသီးဆိုင်ကို တန်းသွားရမယ်ဆိုတာ သိထားတော့ သူမသမီးနဲ့ပဲ လိုက်သွားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရှဖူရုန်ကတော့ မနေ့ကသွားခဲ့တဲ့ ကြမ်းတမ်းတဲ့ တောင်တက်လမ်းကြောင့် ခုထိကို ကြောက်နေတုန်း။ ဒါကြောင့်မို့ သူမက အိမ်မှာပဲ နေရစ်ခဲ့မယ်လို့ ဆိုလာတယ်။ သခင်မဖန်းမှာလည်း အစေခံများများစားစား ပါမလာတော့ ဟင်းချက်ကောင်းသူ ကျန်းကျူးကိုပဲ အိမ်မှာ သူမနဲ့အတူနေဖို့ ထားခဲ့လိုက်တယ်။
သူတို့တွေ မြို့ထဲကို ဖန်းမိသားစုပိုင် ရထားလုံးနဲ့ ထွက်လာတယ်။ လမ်းတွေကလည်း တော်တော်လေး တိုးတက်လာပြီမို့ သွားရလာရတာ ပိုပြီး သက်တောင့်သက်သာရှိလာတယ်။ တောင်ပေါ်လမ်းကို ကျော်လာပြီးနောက်မှာတော့ ရှောင်ချောင်းတစ်ယောက် သူမရဲ့ မွေးစားအမေလက်မောင်းကြားမှာ မျက်စိလေး မှိတ်ပြီး မှိန်းနေလိုက်တယ်။
[Zawgyi]
အခန္း ၁၈၆ - စဥ္းလဲတဲ့အႀကံကိုလက္လႊတ္ဖို႔ ျငင္းဆန္ျခင္း
ဝမ္အာ့ကုန္း သူမကို လုံးဝ အယုံအၾကည္မရွိေပ။
ျဖတ္သြားျဖတ္လာ ဟုတ္လား ငါတို႔႐ြာက လယ္ကြက္ေတြဆိုတာ ႐ြာျပင္မွာပဲရွိတာ... အဲ့တာကို ညႀကီး အခ်ိန္မေတာ္ ႐ြာျပင္ထြက္ၿပီး ဘာေတြမ်ား လုပ္ေနတာလဲ ၿပီးေတာ့ အကိုႀကီးသာ့ဟိုင္ရဲ႕ ဖရဲခင္းကိုလည္း ျဖတ္သြားေသးတာေပါ့!
ဝမ္အာ့ကုန္းက လူရည္လည္တယ္။ ဒီႏွစ္ရက္ထဲမွာကို ဖရဲသီးေရာင္းရင္ ဘယ္ေလာက္ျမတ္လဲဆိုတာ သူ သိထားတယ္။ သူ႔မွာ ႏွစ္ရက္တည္းနဲ႔ကို သူ႔တသက္နဲ႔တကိုယ္ တစ္ခါမွ ေမွ်ာ္လင့္မထားတဲ့ ေငြတစ္ရာလ်န္ႀကီးမ်ားေတာင္ ရွာႏိုင္ခဲ့တာေလ! သူ႔ဇနီးရဲ႕ အနည္းငယ္ ပူလာၿပီျဖစ္တဲ့ ဗိုက္ကေလးကို ျမင္ေတာ့ ဝမ္အာ့ကုန္းရဲ႕မ်က္လုံးက ပိုၿပီးႏူးညံ့လာၿပီး ရင္ထဲမွာလည္း အေဖတစ္ေယာက္ရဲ႕ ပီတိနဲ႔ ျပည့္ေနေတာ့တယ္။
ဒီေငြေတြက သူကိုယ္တိုင္ ႐ိုး႐ိုးသားသားရွာလို႔ ရလာတဲ့ေငြ၊ သူ႔ရဲ႕ ေမြးလာမယ့္ သားငယ္ေလးအတြက္ စုထားတဲ့ မိသားစုပိုင္ေငြ။ သူ႔သားႀကီးလာရင္ေတာ့ သူ႔လို အျဖစ္မခံႏိုင္ဘူး။ သူငယ္ငယ္တုန္းကဆို ေပစုတ္စုတ္ အဝတ္ေလးနဲ႔။ စားစရာလည္း အလုံအေလာက္မရွိတာမို႔ တေန႔တေန႔ ဘယ္လို ခိုးရမလဲ ဆိုတာပဲ အၿမဲေတြးေနခဲ့တာ
ေနာက္ထပ္ ရက္နည္းနည္းေလာက္ အလုပ္လုပ္ၿပီးရင္ ငါးခန္းပါ အုတ္အိမ္ေလးေဆာက္ဖို႔ လူတစ္ေယာက္ေလာက္ ငွားၿပီး လယ္ကြက္ေလး ဘာေလး ဝယ္မယ္လို႔ သူစိတ္ကူးထားတယ္။ သူ႔မိသားစုက လယ္ကြက္အားလုံးကို မစီမံႏိုင္ရင္ေတာင္ တျခားလူေတြကို ငွါးလို႔ရတာေပါ့! အဲ့တာမွပဲ သူ႔သားေလးအတြက္ အေမြေလး ဘာေလး ေပးလို႔ရမွာ။ အကယ္လို႔ သူ႔သားကိုယ္တိုင္က စာသင္ခ်င္တယ္လို႔ ပူဆာခဲ့ရင္ အစိုးရစာေမးပြဲေတြ ေျဖလို႔ရတဲ့ ေက်ာင္းေတာ္ႀကီးမွာေတာင္ စာသင္လႊတ္ေပးဦးမွာ။ မဟုတ္လို႔ သူ႔သား ဆႏၵမရွိဘူး ဆိုရင္လည္း လယ္ကြက္ေလး ငွားစားၿပီး ေနသြားလို႔ ရတာပဲ။ ေနာက္ဆိုရင္ ဝမ္အာ့ကုန္းဆိုတာ ေခြးေရာေၾကာင္ပါ မေလးစားတဲ့ လူေလလူလြင့္ မဟုတ္ေတာ့ဘူး။ သူဟာ ခုဆိုရင္ ေခါင္းေမာ့ရင္ေကာ့နဲ႔ ဂုဏ္သေရရွိ လူႀကီးတစ္ေယာက္ ျဖစ္လာေတာ့မွာ။
ဝမ္အာ့ကုန္းအတြက္ေတာ့ ယြီဟိုင္မိသားစုပိုင္ ဖရဲခင္းဟာ သူ႔မိသားစုရဲ႕ အနာဂတ္ပဲ။ ဒါေၾကာင့္ ဒီၿခံကို ေစာင့္ေရွာက္ဖို႔ သူ႔မွာတာဝန္ရွိတယ္။ ဒါေၾကာင့္ သူက သူဖရဲသီးေတြေရာင္းၿပီးလို႔ ျပန္အလာ အကိုသာ့ဟိုင္တစ္ေယာက္ တစ္ေနကုန္ အလုပ္လုပ္ၿပီးတာေတာင္ ဖရဲခင္းကို ၾကည့္ေနရေသးတာကို ျမင္တာေၾကာင့္ သူက ဖရဲခင္းေစာင့္တဲ့တာဝန္ကို လႊဲယူလိုက္တယ္။ မထင္မွတ္ပဲ ေမွာင္လာတဲ့ အခ်ိန္မွာေတာ့ မသမာတဲ့ အႀကံရွိတဲ့ လူတစ္ေယာက္ကို ဖမ္းမိပါေလေရာ။ ဟ! အဲ့တာကလည္း အကိုသာ့ဟိုင္ကို ခဏခဏ ဒုကၡေပးတတ္တဲ့ သူ႔ေဆြမ်ိဳးတဲ့ဗ်ာ!
ဒါေပမဲ့ ဝမ္အာ့ကုန္းကေတာ့ သူတို႔ကေဆြမ်ိဳးျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ ဂ႐ုမစိုက္။ သူ႔အတြက္ ဖရဲသီး ခိုးေနတဲ့လူဟာ သူ႔ေငြဝင္လမ္းကို ပိတ္ပင္တဲ့ လူတစ္ေယာက္လို႔ပဲ သတ္မွတ္ထားတယ္။ အကိုသာ့ဟိုင္က ေျမကြက္သုံးမူေလာက္ပဲ ဖရဲသီးေတြ စိုက္ထားေတာ့ တစ္လုံးခ်င္း တစ္လုံးခ်င္း ခူးရင္းနဲ႔ ဖရဲသီး အေရအတြက္က ေလ်ာ့ေလ်ာ့လာတာ။ တစ္လုံး အခိုးခံရရင္ သူဝင္မယ့္ ေငြေတြလည္း ေလ်ာ့သြားေတာ့မွာ။ ဘာလို႔ ဒီလို အျဖစ္ခံရမွာလဲ!
ဖမ္းမိခံရတဲ့ အမ်ိဳးသမီးလီက စိတ္ထဲမွာ အႀကိမ္တစ္ရာမကသာ က်ိန္ဆဲမိေတာ့တယ္။ တကယ္လို႔ ယြီဟိုင္နဲ႔ သာတိုးရင္ သူမေတာင္းပန္လိုက္တာနဲ႔ ကိစၥက တိုးတိုးတိတ္တိတ္ ၿပီးသြားမွာ။ တုန္ရွန္းလို ေအးေအးေဆးေဆးရွိတဲ့ ႐ြာေလးမွာ သူခိုးက်င့္သူခိုးႀကံ ႀကံတတ္တဲ့လူေတြဆို ႐ြာသားေတြက တမင္ ေရွာင္ၿပီးကို ကင္းကင္းရွင္းရွင္း ေနတတ္တယ္။ ဒါေပမယ့္ ဒီေန႔က်မွ မိမယ့္ မိေတာ့လည္း ဝမ္အာ့ကုန္းလို ဂ်ပိုးကို လိပ္ျဖစ္ေအာင္ ေျပာတတ္တဲ့ လူဆီမွာ မိရတယ္လို႔။ သူ႔ေၾကာင့္ ဒီသတင္းသာ ပ်ံ႕သြားရင္ သူမဘယ္လိုမ်က္ႏွာနဲ႔ တုန္ရွန္း႐ြာမွာ ေနရေတာ့မလဲ?
အကိုႀကီးအာ့ကုန္း... ဒီဖရဲသီးေတြက ကြၽန္မရဲ႕ဒုတိယမတ္ေလး မိသားစုပိုင္တာေလ... အမ်ိဳး အခ်င္းခ်င္းပဲကို သူ႔ေယာက္မျဖစ္တဲ့ ကြၽန္မက တစ္လုံးတစ္ေလေလာက္ ယူစားလို႔ရတယ္မလား
ဝမ္အာ့ကုန္းက အေၾကာက္အ႐ြံ႕မရွိတဲ့ လူမ်ိဳးမို႔ သူမခမ်ာ ယဥ္ယဥ္ေက်းေက်းေလး ေျပာေနရတယ္။
ဝမ္အာ့ကုန္း မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ တစ္႐ြာသားအခ်င္းခ်င္း ကိုယ့္ေဆြမ်ိဳးရဲ႕ စိုက္ခင္းကေန ပဲလိပ္ျပာ လက္တစ္ဆုပ္စာေလာက္ျဖစ္ျဖစ္ ခရမ္းသီး နည္းနည္းပါးပါးျဖစ္ျဖစ္ ယူတာေတြက ျဖစ္႐ိုးျဖစ္စဥ္ တစ္ခုပဲ။ အဲ့လိုဆိုေတာ့လည္း သူမေျပာတာက သဘာဝက်သား။ ဒါေပမယ့္
ယြီေရွာင္ေခ်ာင္းက သူမေမြးစားအေမလက္ကို လႊတ္လိုက္ၿပီး ေရွ႕ကို ႏွစ္လွမ္းေလာက္တိုးလာတယ္။ ထို႔ေနာက္ ေဖ်ာ့ေတာ့ေတာ့ အၿပဳံးနဲ႔အတူ
အႀကီးဆုံးအရီးက ဖရဲသီးစားခ်င္ရင္ အကိုဟိန္ဇီကိုေျပာၿပီး လာယူခိုင္းလိုက္ေရာေပါ့! ဘာလို႔မ်ား ညႀကီး အခ်ိန္မေတာ္ သမီးတို႔ကိုေတာင္ အသိမေပးဘဲ ၿခံထဲလာခူးေနရတာလဲ? ကံေကာင္းလို႔ ၿခံေစာင့္ေခြး မေမြးထားတာ... မဟုတ္ရင္ သူခိုးနဲ႔ မွားၿပီး ကိုက္ခံေနရမွျဖင့္! ခုလည္း ၾကည့္ေလ ဦးေလးအာ့ကုန္းလို လူေကာင္းနဲ႔ တိုးလို႔ေပါ့... တျခားတစ္ေယာက္သာဆိုရင္ ရွင္းျပခ်ိန္ေတာင္ ရလိုက္မွာ မဟုတ္ဘူး အ႐ိုက္ခံေနရလိုက္မယ့္ျဖစ္ျခင္း.. အဲ့လိုသာဆိုရင္ အရီးပဲ ခံရမွာမလား?
အမ်ိဳးသမီးလီကို စစ္သူႀကီးဖန္း ခပ္တင္းတင္းမ်က္ႏွာနဲ႔ သတိေပးလိုက္ၿပီးကတည္းက သူမက ေရွာင္ေခ်ာင္းကို နည္းနည္း ေၾကာက္ေနရတာပင္။ ခုလို မ်က္ႏွာခ်င္းဆိုင္ ေရွာင္ေခ်ာင္း အၾကည့္ေတြကို ရင္ဆိုင္ရေတာ့ အမ်ိဳးသမီးလီတစ္ေယာက္ မ်က္လုံးေတြေတာင္ ဂနာမၿငိမ္ျဖစ္လာတယ္။ သူမက ထစ္တိထစ္အနဲ႔
အဲ့တာ...ငါ...ငါ...
အႀကီးဆုံးအရီးကေတာ့ ထုံးစံအတိုင္း ဆင္ေျခဆင္လက္အျပည့္ပဲေနာ္...ဒါေပမဲ့ ေဘးကလူေတြက ငအေတြ မဟုတ္ဘူး... ေနာက္ဆို ဒီလိုအျပဳအမူေတြ ေလ်ာ့လုပ္သင့္တယ္... ေမြးစားအေမေရွ႕မွာ ရွက္စရာေကာင္းတဲ့ ကိစၥတစ္ခု ျပမိျပန္ၿပီ
ေရွာင္ေခ်ာင္းက ေသးေသးေကြးေကြး မိန္းကေလးငယ္ေလးျဖစ္ေပမယ့္ သူမရဲ႕ စကားေတြကေတာ့ အေတာ္ေလး အားပါးတရ ရွိၿပီး ေလးနက္တယ္။ ဒါေၾကာင့္ အမ်ိဳးသမီးလီက သူမကို ျပန္ေျပာဖို႔ ေနေနသာသာ ျငင္းဖို႔ေတာင္ အခြင့္မသာေပ။
သူမ ခုလို ႐ိုက်ိဳးေနတဲ့ တျခားအေၾကာင္းျပခ်က္တစ္ခုကေတာ့ ေဘးနားက အမ်ိဳးေကာင္း အမ်ိဳးသမီးကို ေမြးစားအေမ လို႔ေခၚလိုက္တဲ့ ေရွာင္ေခ်ာင္းရဲ႕ အသံေၾကာင့္ပဲ။ ဒါက သခင္ႀကီးဖန္းရဲ႕ဇနီးလို႔ ဆိုလိုတာ မလား? အရပ္သားေတြက အရာရွိေတြနဲ႔ ေျပာဆိုဆက္ဆံဖို႔ဆို သိပ္ကိုေၾကာက္ၾကတာ။ ထိုနည္းတူပဲ အမ်ိဳးသမီးလီကလည္း သခင္မဖန္းေရွ႕ေရာက္ေတာ့ ပိုၿပီးေတာင္ ႐ိုးသားတဲ့ပုံ ဖမ္းလိုက္ေသးတယ္။ အႀကံဆိုးေတြလည္း ထပ္မထုတ္ရဲေတာ့။ သူမက ဒီလို ေကာင္းေကာင္းမြန္မြန္နဲ႔ ကိုယ့္အမွားကို နားလည္သြားတာေၾကာင့္ ယြီေရွာင္ေခ်ာင္းလည္း ျပႆနာထပ္မရွာဖို႔သာ ဆုံးျဖတ္လိုက္ၿပီး အမ်ိဳးသမီးလီကို အိမ္ျပန္လႊတ္လိုက္တယ္။
ဒီလိုနဲ႔ အမ်ိဳးသမီးလီလည္း စိတ္ညစ္ညစ္နဲ႔ အိမ္ျပန္လာခဲ့တယ္။ သူမခမ်ာ ဘာမွလည္း မရခဲ့တဲ့အျပင္ ကိုယ့္ဟာကိုယ္လည္း အ႐ူးက လုပ္ခဲ့ရေသးတယ္။ ေတြးရင္းေတြးရင္းကို သူမစိတ္ေတြ တႏုံ႔ႏုံ႔ တိုေနရတယ္။ အိမ္မႀကီးထဲမွာ အလင္းေရာင္ရွိေနေသးတာကို ေတြ႕ေတာ့ အမ်ိဳးသမီးလီက သူမရဲ႕ ႂကြက္လိုမ်က္လုံးေတြနဲ႔ ေတာင္ၾကည့္ေျမာက္ၾကည့္ ၾကည့္လိုက္ၿပီး အခန္းတံခါးကို တေဒါက္ေဒါက္နဲ႔ ေခါက္လိုက္တယ္။ အဲ့အခ်ိန္မွာ အဘြားႀကီးက်န္းတစ္ေယာက္က သူမသားအငယ္ဆုံးအတြက္ ေသာကေတြ ေရာက္လို႔ေနတယ္။ အဲ့ဒီမွာ သမီးေယာကၡမႏွစ္ေယာက္ တိုးတိုးတိတ္တိတ္နဲ႔ အခ်ိန္ၾကာႀကီး ေဆြးေႏြးခန္း ထုတ္ၾကေတာ့တယ္။ အမ်ိဳးသမီးလီလည္း ထြက္သြားေရာ အဘြားႀကီးက်န္း မ်က္ႏွာေပၚက စိုးရိမ္စရာေတြက ႐ုတ္ခ်ည္းဆိုသလို ေပ်ာက္သြားၿပီး တခုခုလုပ္ဖို႔ တြက္ခ်က္ေနပုံ
ေနာက္တစ္ေန႔ မနက္ခင္းမွာ ငွက္ကေလးေတြရဲ႕ ေတးဆိုသံနဲ႔အတူ သခင္မဖန္း ႏိုးထလာတယ္။ အျပင္ဘက္ ျပတင္းတံခါးက သစ္႐ြက္ကေလးေတြရဲ႕ လႈပ္ခတ္သံေတြနဲ႔အတူ ေလႏုေအးေလးကလည္း တျဖည္းျဖည္း တိုက္ခတ္ေနတယ္။ အေရာင္အေသြးစုံလင္တဲ့ ငွက္တစ္ေကာင္ကလည္း ျပတင္းေပါက္ အျပင္ဘက္ကေန အိမ္ထဲကို စိတ္ဝင္တစား ၾကည့္ေနၿပီး တက်ီက်ီတက်ာက်ာ သီေႂကြးေနတယ္။
လင္းလုံက သူ႔သခင္မကို အဝတ္အစားျပင္ဆင္ေပးၿပီး ကိုယ္လက္သန္႔ရွင္းေပးေနတယ္။ ျပတင္းေပါက္ တစ္ဘက္ျခမ္းက ငွက္ငယ္ေလးကိုၾကည့္ရင္း ဖြဖြေလးၿပဳံးကာ ေျပာတယ္။
ဒီလို ေခ်ာင္က်တဲ့ ႐ြာမ်ိဳးမွာေတာင္ မွန္လုံျပတင္းေပါက္ေတြရွိမယ္မွန္း မသိခဲ့မိဘူး
သခင္မဖန္းကလည္း သူမရဲ႕လက္ကိုင္ပုဝါေလးကို ထုတ္ၿပီး သူမမ်က္ႏွာေလးကို သုတ္ကာ ညင္သာတဲ့ အသံနဲ႔
အႀကီးအကဲေက်ာက္က ေဆြႀကီးမ်ိဳးႀကီးထဲကကိုမွ အရင္မင္းဆက္တုန္းကလည္း စစ္သူႀကီး ျဖစ္ခဲ့တာေလ... သူက ဒုကၡသည္တစ္ေယာက္အေနနဲ႔ ႏွစ္ေတြ အၾကာႀကီး ျဖတ္သန္းခဲ့ရေပမယ့္ ပိုင္ဆိုင္မႈဆိုရင္ သူ႔ဟာနဲ႔သူ ရွိတယ္လို႔ ေျပာရမွာေပါ့... အကယ္လို႔ သူသာ ဒီ႐ြာငယ္ေလးမွာ တအားႀကီး အာ႐ုံစိုက္မခံရရင္ ေသခ်ာေပါက္ ေတာင္ေပၚမွာ ၿခံေကာင္းေကာင္းေလးနဲ႔ အိမ္အေကာင္းစားႀကီးတစ္ခု ေဆာက္ပစ္ေလာက္တယ္ မင္းသတိထားမိလား? ဒီအိမ္ရဲ႕ပရိေဘာဂေတြက ႐ိုးရွင္းတယ္ထင္ရေပမယ့္ အားလုံးကို တန္ဖိုးႀကီး အနီေရာင္မေဟာ္ဂနီနဲ႔ အနီေရာင္စႏၵကူးသားေတြနဲ႔ လုပ္ထားတာခ်ည္းပဲ!
ဟင္းခ်က္ေကာင္းသူ က်န္းက်ဴးဟာ မနက္စာကို ယူေဆာင္လာၿပီး သူမစကားကို ၾကားတဲ့အခါ ၿပဳံးရယ္လိုက္တယ္။
စစ္သူႀကီးဖန္းရဲ႕မိသားစုက အရမ္းရက္ေရာတာပဲ... ဒါေတြအားလုံးကို ယြီမိသားစုအတြက္ ထားခဲ့တာ ဆိုေတာ့
လုံးဝိုင္းတဲ့ မေဟာ္ဂနီစားပြဲမွာ သခင္မဖန္း ေနရာယူလိုက္ၿပီး ေရေႏြးနဲ႔ သူမပါးစပ္ကို ပလုတ္က်င္း လိုက္တယ္။ ထို႔ေနာက္
စစ္သူႀကီးေလးေက်ာက္နဲ႔ ေရွာင္ေခ်ာင္းအေဖက သိပ္ကို ရင္းႏွီးတဲ့သူငယ္ခ်င္းေတြေလ... ေရွာင္ေခ်ာင္းေလး အေဖကလည္း စစ္သူႀကီးေက်ာက္ကို အသက္ေဘးကေန တစ္ခါ ကယ္ခဲ့ဖူးတယ္... ဒီေတာ့ ဒီအိမ္ကိုေပးတယ္ဆိုတာ ဘာမွမေျပာပေလာက္ပါဘူး... ဒါနဲ႔ ဖူ႐ုန္ေရာ? ခုထိ မထေသးဘူးလား
သူ မေန႔က အရမ္း ပင္ပန္းသြားတယ္ထင္တယ္... မမေလးဖူ႐ုန္က ေျခေမႊး မီးမေလာင္ လက္ေမႊး မီးမေလာင္ ႀကီးျပင္းလာခဲ့ရေတာ့ မေန႔က ျဖစ္ခဲ့သမွ်ကို ခံႏိုင္ရည္မရွိဘူး ထင္ပါရဲ႕!
လင္းလုံက အၿပဳံးေလးနဲ႔ဆိုတယ္။
ကြၽန္မ သြားႏႈိးေပးရမလား
ရပါတယ္... ဆက္အိပ္ခိုင္းလိုက္ပါ!
သခင္မဖန္းဆိုတာ တစ္ဖက္သားကို အပူေပးတတ္တဲ့ လူမ်ိဳးမဟုတ္။ သူမ တူကိုသာ ေကာက္ကိုင္ၿပီး မနက္စာစားဖို႔ကိုပဲ ျပင္ဆင္လိုက္တယ္။
ဖန္းဇီက်န္းက ဒီမွာ တစ္ခါမွ ခ်က္ျပဳတ္စားတာမဟုတ္ေတာ့ မီးဖိုေခ်ာင္ထဲမွာ ေရွာင္ေခ်ာင္း မေန႔က ဝယ္လာခဲ့တဲ့ ထမင္းျဖဴ၊ ဂ်ဳံမႈန္႔နဲ႔ ဟင္း႐ြက္အနည္းငယ္ပဲရွိတယ္။ ဒါေၾကာင့္ စစ္သူႀကီးအိမ္ေတာ္နဲ႔ ဆိုရင္ ဒီကမနက္စာက ေတာ္ေတာ္ဆိုးတယ္ေျပာရမယ္ ဆန္ယာဂုတစ္ပြဲ၊ မုန္႔လုံးႀကီးေၾကာ္နဲ႔ အစိမ္းေၾကာ္ပါဝင္တဲ့ ႐ိုးရွင္းတဲ့ မနက္စာမ်ိဳး။ စစ္သူႀကီးအိမ္ေတာ္က ဒုတိယအဆင့္ အေစခံေတြေတာင္ ဒီ့ထက္ ဖြယ္ဖြယ္ရာရာ စားရဦးမယ္! က်န္းက်ဴးလည္း ဒီလိုမနက္စာကို သူမသခင္မ သေဘာမေတြ႕မွာ စိုးရိမ္ေတာ့ ေခါင္းကိုပဲ ငုံ႔ထားလ်က္ေနေနတယ္။
သခင္မဖန္းက တူကိုေျမႇာက္ၿပီး အစိမ္းေၾကာ္ကို ႏႈိက္ကာ ဝါးလိုက္တယ္။ သူမ မ်ိဳခ်ဖို႔လုပ္တဲ့အခါမွာ သူမရဲ႕ မ်က္ခုံးႏွစ္ခုဟာ အလယ္ကို စုလို႔သြားတယ္။ ထို႔ေနာက္ ကိုယ္ကို ကိုင္းလိုက္ၿပီး ႐ိုး႐ိုးဆန္ျပဳတ္ကို ေသာက္ဖို႔လုပ္တယ္။ ဆန္ျပဳတ္ထဲမွာလည္း တကယ္ ဘာဆို ဘာမွမပါေတာ့ အရသာမရွိ ျဖစ္ေနတယ္။ သူမသက္ျပင္း ဖြဖြခ်ရင္းပဲ တူကိုခ်လိုက္ေတာ့တယ္။ စည္းစိမ္ရဲ႕ အရသာကိုပဲ အသားက်ခဲ့တဲ့လူက ဆင္းရဲတဲ့ ဒဏ္ကို ခံႏိုင္ဖို႔ မနည္းႀကိဳးစားယူရမယ္ဆိုတာ တကယ္ပါလား!
ေမြးစားအေမ, ႏိုးေနၿပီလား?
စာငွက္ကေလးရဲ႕ ေတးဆိုသံအလား ေရွာင္ေခ်ာင္းရဲ႕အသံစာစာေလးက တံခါးအျပင္ဘက္ကေန ထြက္ေပၚလာၿပီးေနာက္ ဂိတ္တံခါးေတြ ပြင့္လာတယ္။ သူမဟာ ဆံပင္ႏွစ္ဘက္ အက်အနခြဲကာ ထုံးထားၿပီး ျမစိမ္းေရာင္ဝတ္စုံကို ဝတ္ဆင္ထားတယ္။ ေရွာင္ေခ်ာင္းတစ္ေယာက္ သူ႔အရပ္နဲ႔ မလိုက္ေအာင္ ႀကီးတဲ့ စားစရာထည့္ထားတဲ့ ျခင္းေတာင္းႀကီးကိုယူလာၿပီး အိမ္ထဲကို ခုန္ဆြခုန္ဆြနဲ႔ ဝင္လာတယ္။
လင္းလုံလည္း ခပ္ျမန္ျမန္ပဲ ေရွာင္ေခ်ာင္းလက္ထဲက ျခင္းကို ကူသယ္လိုက္တယ္။ သူမေရွာင္ေခ်ာင္းကို ၿပဳံးျပရင္း
မမေလးေခ်ာင္းအာက ဒီေန႔ေတာ့ ေစာေစာေရာက္တာပဲ! သခင္မလည္း ခုေလးတင္ ထၿပီး မနက္စာ စားေနတာ!
လျခမ္းပုံစံ မ်က္လုံးေလးေတြနဲ႔ ေရွာင္ေခ်ာင္းက အၿပဳံးမ်က္ႏွာေလးနဲ႔ေျပာတယ္
"ဒါဆို ကြၽန္မ အခ်ိန္မီ ေရာက္လာခဲ့တာပဲ!"
သူမဧည့္ခန္းထဲလည္း ေရာက္ေရာ စားပြဲေပၚက မထိရေသးဘူးလို႔ေတာင္ေျပာလို႔ရတဲ့ မနက္စာကို လွမ္းၾကည့္လိုက္တယ္။ ႐ိုး႐ိုးဆန္ယာဂုနဲ႔ အစိမ္းေၾကာ္ကို ၾကည့္လိုက္တာနဲ႔တင္ ေမြးစားအေမလို ခ်မ္းခ်မ္းသာသာ ေနလာတဲ့သူကို မဆိုနဲ႔ဦး သူမလို လူေတာင္ စားခ်င္စိတ္မျဖစ္မိဘူး။
ေမြးစားအေမအတြက္ ဝက္မိုးခိုသားနဲ႔ ေဆးဘဲဥဆန္ျပဳတ္၊ ၾကက္ဥအိုးကပ္ေၾကာ္နဲ႔ ပုစြန္ပါ ထည့္ေပါင္းထားတဲ့ ၾကက္ဥပူတင္းေတြ လုပ္လာတယ္။ မေန႔က ကြၽန္မတူးလာတဲ့ ကန္စြန္းဥနဲ႔ လုပ္ထားတဲ့ ကန္စြန္းဥဘိန္းမုန႔္ပါ ယူလာခဲ့ေသးတယ္! ပူတုန္းေလးစားလိုက္!"
သူမ ေမြးစားအေမေရွ႕မွာ တည္ခင္းထားတဲ့ ႐ိုး႐ိုးဆန္ယာဂုေနရာမွာ သူမခ်က္လာတဲ့ သင္းပ်ံ႕တဲ့ ဝက္မိုးခိုသား ေဆးဘဲဥဆန္ျပဳတ္ကို အစားထိုးလိုက္တယ္။ ၿပီးတာနဲ႔ သူမယူလာတဲ့ ဟင္းလ်ာေတြကို စားပြဲေပၚမွာ တစ္ခုၿပီး တစ္ခု အစီအရီ ေနရာခ်လိုက္တယ္။
စားပြဲေပၚက ေမႊးႀကိဳင္ၿပီး စားခ်င္စဖြယ္ရွိတဲ့ ဖြယ္ဖြယ္ရာရာ ဟင္းလ်ာေတြေၾကာင့္ သခင္မဖန္း အေတာ္ေလး စိတ္ၾကည္ႏူးသြားရတယ္။ သူမရဲ႕သမီးေလးက သူမစားဖို႔ မနက္အေစာႀကီးထၿပီး ဒါေတြကို ခ်က္ေပးထားတာေပါ့! သူမအေနနဲ႔ သာမန္မိသားစု မနက္စာအေၾကာင္း သိပ္မသိေပမယ့္ အဲ့တာက ႐ိုး႐ိုးရွင္းရွင္း ဟင္းလ်ာေတြလို႔ေတာ့ ခန္႔မွန္းမိတယ္။ သူမရဲ႕သမီးေလးက သူမအတြက္ အထူးတလွယ္နဲ႔ သြားရည္က်ခ်င္စရာ ဟင္းပြဲခုနစ္ပြဲ ရွစ္ပြဲေလာက္ ျပင္ဆင္ေပးလာတာပဲ။ ဒီလို အေမတစ္ေယာက္အေပၚ သိတတ္လြန္းတဲ့ သမီးေလးကို ပိုင္ဆိုင္ရတယ္ဆိုတဲ့အေတြးေၾကာင့္ အရမ္းေပ်ာ္ၿပီး ပီတိ မ်က္ရည္ေတြေတာင္ ဝဲရတယ္။
ေမြးစားအေမ... ျမန္ျမန္စားလိုက္! ေအးရင္ စားလို႔မေကာင္းေတာ့ဘူး!
ယြီေရွာင္ေခ်ာင္းက ဆန္ျပဳတ္ကို ပန္းကန္လုံးေလးထဲ ေယာက္ခ်ိဳနဲ႔ ခပ္ထည့္ေပးတယ္။ အျပင္ဘက္က ႂကြပ္႐ြေနကာ အထဲမွာ ႏူးညံ့ၿပီး အရသာထူးကဲလြန္းတဲ့ ကန္စြန္းဥဘိန္းမုန႔္ကိုလည္း သူမ ေမြးစားအေမရဲ႕ ပန္းကန္ထဲ ထည့္ေပးလိုက္တယ္။ ၿပီးေနာက္ အခ်ီးမြမ္းခံရဖို႔ ေစာင့္ေနသဖြယ္ရွိတဲ့ မ်က္လုံးေတြနဲ႔ သူမ ေမြးစားအေမစားတာကို တစိမ့္စိမ့္ ၾကည့္ေနခဲ့တယ္။
သခင္မဖန္းဟာ သူမသမီးရဲ႕ အမူအယာကိုၾကည့္ၿပီး ၿပဳံးရယ္မိတယ္။ တျခားမုန္႔အခ်ိဳေတြနဲ႔ မတူတာက အခ်ိဳအရသာႂကြယ္ဝတဲ့ ကန္စြန္းဥဘိန္းမုန႔္ဟာ သူမပါးစပ္ထဲထည့္လိုက္တာနဲ႔ မုန္႔ေလးက တန္းကို အရည္ေပ်ာ္သြားတာပဲ။ အဲ့တာက စားၿပီးရင္း စားခ်င္ျဖစ္ေအာင္ကို ဆြဲေဆာင္လြန္းေနတယ္။
အမ္း..ဒီကန္စြန္းဥဘိန္းမုန႔္ေလးက အရသာရွိလိုက္တာ.. ဘာလို႔မ်ား ဒီလိုအရသာရွိတဲ့ ကန္စြန္းဥကို သူဆင္းရဲေတြ စားတဲ့အစာလို႔ သတ္မွတ္ၾကသလဲဆိုတာ စဥ္းစားစရာပဲ!
ခ်ိဳၿမိန္တဲ့ ကန္စြန္းဥဘိန္းမုန႔္တစ္ကိုက္ကို စားလည္းၿပီးေရာ ေဆးဘဲဥပါဝင္တဲ့ ဆန္ယာဂုတစ္လုတ္ကို ေသာက္လိုက္တယ္။ ထူးျခားၿပီး အထက္တန္းဆန္လွတဲ့ အရသာေၾကာင့္ သူမခ်က္ခ်င္းကို သေဘာေတြ႕ ေနမိတယ္။ ၾကက္ဥအိုးကပ္ေၾကာ္.. ႏူးညံ့ၿပီးလတ္ဆတ္တဲ့ ပုစြန္ထည့္ေပါင္းထားတဲ့ ၾကက္ဥပူတင္း စားခ်င္စဖြယ္ေကာင္းလွတဲ့ ဖက္ထုပ္ေၾကာ္ သခင္မဖန္းအတြက္ေတာ့ ဒီမနက္စာက သူမတသက္လုံး စားခဲ့ဖူးသမွ် မနက္စာေတြထဲမွာ အေကာင္းဆုံးေသာမနက္စာဆိုၿပီးေတာင္ ထင္မိတယ္။ အထူးသျဖင့္ သူမေဘးနားကေန ၿမိန္ေရရွက္ေရစားျပေနတဲ့ ေရွာင္ေခ်ာင္းေလးကို ၾကည့္တာနဲ႔တင္ ပိုပိုၿပီး စားခ်င္စိတ္ကို ျဖစ္ေစတယ္။
ေရွာင္ေခ်ာင္းက မနက္စာအတြက္ အမ်ားႀကီး ျပင္ဆင္ခဲ့တာေၾကာင့္ သားအမိႏွစ္ေယာက္ ဗိုက္ကားေအာင္ စားၿပီးသြားတာေတာင္ စားစရာေတြက အမ်ားႀကီး က်န္ေနေသးတယ္။ က်န္ရွိေနတဲ့ စားစရာေတြကိုေတာ့ အေစခံႏွစ္ဦးကိုပဲ ေဝေကြၽးလိုက္တယ္။ က်န္းက်ဴးနဲ႔ လင္းလုံတို႔ႏွစ္ေယာက္ သူတို႔သခင္မကို မနက္စာ ဆက္သေနတဲ့ အခ်ိန္မွာကတည္းက ေရွာင္ေခ်ာင္း ျပင္လာေပးတဲ့မနက္စာကို မ်က္စိက်ေနခဲ့တာ။ သူတို႔ကို ေကာင္းေကာင္းႀကီး ေလ့က်င့္ေပးထားတာမို႔ သူတို႔မ်က္ႏွာကို ခန္႔မွန္းရခက္တယ္။ ဒါေပမယ့္ ႐ိုး႐ိုးသားသားပဲ ဝန္ခံရမယ္ဆိုရင္ သူတို႔ေတြ ေတာ္ေတာ္ၾကာၾကာကို သြားရည္ယိုေနခဲ့တာ။
ရွဖူ႐ုန္လည္း ႏိုးလာေရာ က်န္းက်ဴးျပင္ဆင္ထားတဲ့ ႐ိုး႐ိုးဆန္ယာဂု၊ ဘိန္းမုန္႔နဲ႔ အစိမ္းေၾကာ္ပဲ က်န္ေတာ့တယ္။ ဒီသခင္မေလးက ဒီလိုအစားအစာမ်ိဳးတစ္ခါမွ မစားခဲ့ဖူးတာမို႔ ဝုန္းဒိုင္းႀကဲပါေလေရာ။ ဒါေပမယ့္ မေန႔ညကလည္း ေရွာင္ေခ်ာင္းနဲ႔ရန္သတ္ေနရတာနဲ႔ ေကာင္းေကာင္းကို မစားခဲ့ရဘူး။ သူမဗိုက္ကေတာ့ တဂြီဂြီနဲ႔ ဆႏၵေတြျပေနၿပီ။ သူမသာမစားရင္ သူမပဲ ငတ္မွာ! သူမရဲ႕အေဒၚလည္း ဒီမနက္စာပဲ စားခဲ့မွာပဲဆိုတဲ့ အေတြးနဲ႔ပဲ ဗိုက္ေလး ၇၀-၈၀ ရာႏႈန္းေလာက္ ျပည့္တဲ့အထိ စိတ္တိုတိုနဲ႔ပဲ စားလိုက္ေတာ့တယ္။
သခင္မဖန္း ဒီကိုေရာက္စကတည္းက သူမမွာ ဝယ္ျခမ္းစရာေတြ အမ်ားႀကီးရွိေနမွန္း သတိျပဳမိတယ္။ မနက္စာစားၿပီးတာနဲ႔ ေရွာင္ေခ်ာင္းက ဖရဲသီးဆိုင္ကို တန္းသြားရမယ္ဆိုတာ သိထားေတာ့ သူမသမီးနဲ႔ပဲ လိုက္သြားလိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ရွဖူ႐ုန္ကေတာ့ မေန႔ကသြားခဲ့တဲ့ ၾကမ္းတမ္းတဲ့ ေတာင္တက္လမ္းေၾကာင့္ ခုထိကို ေၾကာက္ေနတုန္း။ ဒါေၾကာင့္မို႔ သူမက အိမ္မွာပဲ ေနရစ္ခဲ့မယ္လို႔ ဆိုလာတယ္။ သခင္မဖန္းမွာလည္း အေစခံမ်ားမ်ားစားစား ပါမလာေတာ့ ဟင္းခ်က္ေကာင္းသူ က်န္းက်ဴးကိုပဲ အိမ္မွာ သူမနဲ႔အတူေနဖို႔ ထားခဲ့လိုက္တယ္။
သူတို႔ေတြ ၿမိဳ႕ထဲကို ဖန္းမိသားစုပိုင္ ရထားလုံးနဲ႔ ထြက္လာတယ္။ လမ္းေတြကလည္း ေတာ္ေတာ္ေလး တိုးတက္လာၿပီမို႔ သြားရလာရတာ ပိုၿပီး သက္ေတာင့္သက္သာရွိလာတယ္။ ေတာင္ေပၚလမ္းကို ေက်ာ္လာၿပီးေနာက္မွာေတာ့ ေရွာင္ေခ်ာင္းတစ္ေယာက္ သူမရဲ႕ ေမြးစားအေမလက္ေမာင္းၾကားမွာ မ်က္စိေလး မွိတ္ၿပီး မွိန္းေနလိုက္တယ္။